Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Sīlakkhandhavaggaṭṭhakathā
(DN) Sīlakkhandhavaggaṭṭhakathā

Vipassanāñāṇakathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

သော၊ ပေ၊ အာနဉ္ဇပ္ပတ္တေတိ၊ ဟူသော ပါဌ်ဖြင့်။ (ဒဿတိ၌ စပ်။) စုဒ္ဒသဟိ၊ ကုန်သော။ အာကာရေဟိ၊ တို့ဖြင့်။ အဋ္ဌသု၊ ကုန်သော။ သမာပတ္တိသု၊ တို့၌။ စိဏ္ဏဝသီဘာဝေါ၊ လေ့လာအပ်ပြီးသော ဝသီဘော်ရှိသော။ သော ဘိက္ခု၊ ထိုရဟန်းသည်။ (အဘိနီဟရတိ, အဘိနိန္နာမေတိတို့၌ စပ်။) ဣတိ၊ ဤအနက်ကို။ ဒဿတိ၊ ပြတော်မူ၏။သော၊ ပေ၊ ဒဿေတိ။ ။ "သော ဧဝံ သမာဟိတေ" ၌သောဖြင့် အဘယ်ပုဂ္ဂိုလ်ကိုပြပါသနည်း-ဟု မေးဖွယ်ရှိသောကြောင့် "စုဒ္ဒသဟာကာရေဟိ ၊ပေ၊ ဘိက္ခု" ဟု မိန့်သည်၊ သမာပတ်ရှစ်ပါးတွင် ရှေ့ ၄ ပါးကို နီတတ္ထ ယထာရုတနည်းအားဖြင့်ဟောတော်မူ၏၊ နောက် အရူပသမာပတ် လေးပါးကိုကား နေယျတ္ထနည်းအားဖြင့် ယူရသည်၊ ထိုသမာပတ်ရှစ်ပါးတို့၌ တစ်ဆယ့်လေးပါးသောအခြင်းအရာတို့ဖြင့် ဝသီဘော် အလေ့အလာရပြီးသော ဘိက္ခုကို"သော" ဟု ပြန်၍ ညွှန်းသည်-ဟူလို။
ဧတ္ထ၊ ဤသော ဧဝံ သမာဟိတေ အစရှိသော ပါဌ်၌။ သေသံ (အတ္ထဇာတံ)၊ ကြွင်းသောအနက်ကို။ (သော၏ အနက်မှ ကြွင်းသော ဧဝံ သမာဟိတေ စိတ္တေအစရှိသော ပုဒ်တို့၏ အနက်ကို။) ဝိသုဒ္ဓိမဂ္ဂေ၊ ဝိသုဒ္ဓိမဂ်၌။ ဝုတ္တနယေန၊ ဆိုအပ်ပြီးသောနည်းဖြင့်။ ဝေဒိတဗ္ဗံ၊ ၏။
**ဉာဏဒဿနာယ စိတ္တံ အဘိနီဟရတီ**တိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ မဂ္ဂညာဏမ္ပိ၊ မဂ်ဉာဏ်ကိုလည်းကောင်း။ ဖလညာဏမ္ပိ၊ ဖိုလ်ဉာဏ်ကိုလည်းကောင်း။ သဗ္ဗညုတညာဏမ္ပိ၊ သဗ္ဗညုတာဉာဏ်ကိုလည်းကောင်း။ ပစ္စဝေက္ခဏညာဏမ္ပိ၊ ပစ္စဝေက္ခဏာဉာဏ်ကိုလည်းကောင်း။ ဝိပဿနာညာဏမ္ပိ၊ ဝိပဿနာဉာဏ်ကိုလည်းကောင်း။ ဉာဏဒဿနန္တိ၊ ဉာဏဒဿနံဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။မှတ်ချက်။ ။ ပါဠိတော် ရှေးစာအုပ်များ၌ "ပုနစ ပရံ မဟာရာဇ ဘိက္ခု သော ဧဝံ သမာဟိတေ စိတ္တေ" ဟုရှိ၏၊ "ဘိက္ခု" ဟုရှိပြီးမှ "သော" ဟု နောက်က ထားရိုး မရှိသောကြောင့် စဉ်းစားပါ၊ ဋီကာသစ်၌ကား ထိုပါဌ်ကိုပင် အတည်ယူ၍ "ပုနစ ပရံ မဟာရာဇ ဘိက္ခူတိ ဝတွာပိ ကိမတ္ထံ ဒဿေတုံ သောတိ ပဒံ ပုန ဝုတ္တန္တိ စောဒနာယ အာဟသောပေ၊ ဒဿတီတိ" ဟု ဖွင့်သေးသည်၊ နောက်ပြင်စာအုပ်များ၌ကား "ပုနစ ပရံ မဟာရာဇ ဘိက္ခု" ပုဒ်အားလုံးကိုပင် ပယ်ထားသည်။
မိမိအယူ။ ။ မိမိကား "ပုနစ ပရံ မဟာရာဇ သော ဧဝံ သမာဟိတေ" ဟုရှိစေလို၏၊ ဘာ့ကြောင့်နည်း-ဤသုတ်သည် သာမညဖလတို့ကို တစ်ပါးပြီးတစ်ပါး အဆင့်ဆင့်မြင့်ပုံကို မဟာရာဇာအား ဟောတော်မူရာဖြစ်၏၊ ထို့ကြောင့် "ပုနစ ပရံ မဟာရာဇ"ပုဒ်တို့သည် ဧကန်ပါရမည့်ပုဒ်များဖြစ်၏၊ ဘိက္ခုပုဒ်ကား ပါဖွယ် မလိုပါ၊ ထိုသို့အစအစ၌ အချီ စကားပါလာသောကြောင့်ပင် အာသဝက္ခယအဘိညာဉ်တိုင်အောင် သာမညဖလ တစ်ပါးတစ်ပါးအဆုံး၌ "ဣဒံပိ ခေါ မဟာရာဇ သန္ဒိဋ္ဌိကံ သာမညဖလံ" စသည်ဖြင့်နိဂုံးထည့်တော်မူသည်။ ["ဧဝမေဝ ခေါ မဟာရာဇ ဘိက္ခု" ဟူသောဥပမာနိဂုံးစကား၌ကား "သော" အစား "ဘိက္ခု" ဟုရှိခြင်းသည်-ကောင်းပါ၏။]
သေသမေတ္ထ ၊ပေ၊ ဝေဒိတဗ္ဗံ။ ။ သေသ၏ အပါဒါန်ကိုသော၌ ဆိုအပ်ပြီးသောအနက်ကိုခံ၍ ထိုအနက်မှ ကြွင်းသော"ဧဝံ သမာဟိတေ စိတ္တေ" စသောပုဒ်များတို့၌ ဆိုထိုက်သောအနက်များကို"သေသ" အရ ယူပါ၊ သေသန္တိ ဧဝံ သမာဟိတေ စိတ္တေတိ အာဒီသု ဝတ္တဗ္ဗံ၊-ဋီကာ၊ [ဋီကာသစ်၌ "သေသံ" ဟူသောနပုလ္လိန်နှင့် လိုက်အောင် "ဝတ္တဗ္ဗံ သာဓိပ္ပာယံ အတ္ထဇာတံ" ဟု အပိုထည့်သည်။]
ဉာဏဒဿနံ။ ။ ဉာဏဒဿနပုဒ်သည် ဤဝိပဿနာဉာဏ်မှ တစ်ပါးသောအခြားဉာဏ်တို့၌လည်းထင်ရှားသောအထင်ရုဠှီပုဒ်တည်း၊ ထို့ကြောင့် ထိုအခြားဉာဏ်တို့ကိုပါအတ္ထုဒ္ဓါရအဖြစ်ဖြင့် ပြလိုသောကြောင့် "ဉာဏဒဿနန္တိ မဂ္ဂဉာဏံပိ ဝုစ္စတိ" စသည်ကိုမိန့်သည်။[ညေယျံ-သိထိုက်သောတရားတို့ကို၊ ဇာနာတိ၊ ဣတိ ဉာဏံ၊ တံ ညေယျံ-ထိုသိထိုက်သောတရားကို၊ ပစ္စက္ခံ ကတွာ-မျက်မှောက်ပြု၍ (မျက်စိအောက်၌ ရောက်နေသကဲ့သို့ဖြစ် အောင်ပြု၍)၊ ပဿတိ-မြင်တတ်၏၊ ဣတိ ဒဿနံ၊ ဉာဏံစ + တံ + ဒဿနံစာတိ ဉာဏ ဒဿနံ-သိတတ် မျက်မှောက်ပြု၍ မြင်တတ်သောဉာဏ်။]
ဟိ၊ ချဲ့။ [အာဝုသော၊ ငါ့ရှင်။ ကိံနုခေါ၊ အဘယ်သို့ပါနည်း။ ဉာဏဒဿန ဝိသုဒ္ဓတ္ထံ၊ သိမြင်တတ်သော မဂ်ဉာဏ်၏ စင်ကြယ်ခြင်းအကျိုးငှာ။ ဘဂဝတိ၊ မြတ်စွာဘုရား၌။ (ဘုရားအထံတော်၌။) ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။ ဝုဿတိ၊ ကျင့်သုံးအပ်ပါသလော။ (မဇ္ဈိမနိကာယ်, မူလပံ, ၃- ဝဂ်, ၄- သုတ်။] ဣတိ ဧတ္ထ၊ ဤပါဠိရပ်၌။ မဂ္ဂဉာဏံ၊ ကို။ ဉာဏဒဿနန္တိ၊ ဟူ၍။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
[အညော၊ အခြားသော။ အလမရိယဉာဏဒဿနဝိသေသော၊ ကိလေသာကို ဖျက်ဆီးခြင်း၌ စွမ်းနိုင်သော စင်ကြယ်သော ဉာဏ်အမြင်အထူးရှိသော။ အဓိဂတော၊ သိအပ် ရအပ်သော။ ဖာသုဝိဟာရော၊ ချမ်းသာစွာနေရကြောင်းဖြစ်သော။ ဥတ္တရိမနုဿဓမ္မော၊ မြတ်သော ဈာယီအရိယာလူတို့၏ တရားဟူသည်။ အယံ၊ ဤဖိုလ်တရားပင်တည်း။ (မဇ္ဈိမနိကာယ်, မူလပံ, ၄- ဝဂ်, ၁- သုတ်။] ဣတိ ဧတ္ထ၊ ၌။ ဖလဉာဏံ၊ ကို။ (ဉာဏဒဿနန္တိ ဝုတ္တံ)။
[ကာလာမော၊ ကာလာမအနွယ်ဖြစ်သော။ အာဠာရော၊ အာဠာရရသေ့သည်။ သတ္တာဟကာလင်္ကတော၊ ကွယ်လွန်ပြီး၍ ၇ ရက် ရှိပြီ။ ဝါ၊ ၇ ရက်လောက်က ကွယ်လွန်ပြီ။ ဣတိ၊ သို့။ ဘဂဝတောပိ၊ ၏လည်း။ ဉာဏဒဿနံ၊ ဉာဏ်အမြင်သည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်တော်မူပြီ။ (ပိဖြင့် နတ်ကိုဆည်း လာလျှောက်သော နတ်၌သာဖြစ်သည်မဟုတ်။ မြတ်စွာဘုရားမှာလည်းဖြစ်တော်မူသည်-ဟူလို (ဝိနည်းမဟာဝဂ္ဂ, ပဉ္စဝဂ္ဂိယကထာ)။] ဣတိ ဧတ္ထ၊ ၌။ သဗ္ဗညုတာညာဏံ၊ ကို။ (ဉာဏဒဿနန္တိ ဝုတ္တံ)။
[မေ၊ ငါ၏။ ဉာဏဉ္စ၊ သိလည်း သိတတ်သော။ ဒဿနံ၊ မြင်လည်း မြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်သည်။ ဥဒပါဒိ၊ ပြီ။ (ကိံ)။ မေ၊ ၏။ စေတောဝိမုတ္တိ၊ စိတ်၏ ကိလေသာတို့မှ လွတ်ကြောင်းဖြစ်သော အရဟတ္တဖိုလ်သည်။ (ပါဠိတော်များ၌ "စေတော" မပါ။) အကုပ္ပာ၊ မပျက်စီးနိုင်တော့။ အယံ၊ ဤဇာတိသည်။ အန္တိမာ၊ အဆုံး၌ဖြစ်သော။ ဇာတိ၊ ဇာတိတည်း။ ဣတိ၊ သို့။ (ဥဒပါဒိ။) (ဝိနည်းမဟာဝဂ္ဂ, ပဉ္စဝဂ္ဂိယကထာ)။] ဣတိ ဧတ္ထ၊ ၌။ ပစ္စဝေက္ခဏညာဏံ၊ ကို။ (ဉာဏဒဿနန္တိ ဝုတ္တံ။) ပန၊ အတ္ထဒ္ဓါရသာမညမှတစ်ပါး အတ္ထုဒ္ဒေသဝိသေသကား။ ဣဓ၊ ဤသာမညဖလသုတ်၌။ ဉာဏ ဒဿနာယ စိတ္တန္တိ (ဧတ္ထ)၊ ဟူသော ဤပါဌ်၌။ ဣဒံ ဝိပဿနာဉာဏံ၊ ကို။ ဉာဏ ဒဿနန္တိ၊ ဟူ၍။ ဝုတ္တံ၊ ပြီ။ ဣတိ၊ ဤသို့မှတ်အပ်၏။ [ဝိပဿနာဉာဏ်ခန်းဖြစ်၍ "ဣဒံ"ဟု ထည့်ဟန်တူသည်။]ဝိပဿနာဉာဏံ။ ။ ဝိပဿနာဉာဏံ ဉေယျသင်္ခါတေ တေဘူမကသင်္ခါရေ (တို့ကို) အနိစ္စာဒိတော ဇာနာတိ (ထို့ကြောင့် ဉာဏမည်၏၊) ဘင်္ဂါနုပဿနတော စ ပဋ္ဌာယ တေ (ထိုတေဘူမကသင်္ခါရတို့ကို) ပဿတိ၊ တသ္မာ ယထာဝုတ္တဋ္ဌန ဉာဏဒဿနံနာမ ဇာတန္တိ ဒဿေတိ ဣဓပနာတိ အာဒိနာ။
**အဘိနီဟရတီ**တိ၊ ကား။ ဝိပဿနာဉာဏဿ၊ ဝိပဿနာဉာဏ်၏။ နိဗ္ဗတ္တ နတ္ထာယ၊ ဖြစ်ခြင်းအကျိုးငှာ။ (စိတ္တံ၊ ကို။) တန္နိန္န၊ ထိုဝိပဿနာဉာဏ်သို့ ညွတ်နေသည်ကို။ တပ္ပေါဏံ၊ ထိုဝိဿနာဉာဏ်သို့ကိုင်းနေသည်ကို။ တပ္ပဗ္ဘာရံ၊ ထိုဝိပဿနာဉာဏ်သို့နှိုင်းနေသည်ကို။ ကရောတိ၊ ပြု၏။
**ရူပီ**တိအာဒီနံ၊ ရူပီအစရှိသော ပုဒ်တို့၏။ အတ္ထော၊ ကို။ ဝုတ္တောယေဝ၊ ဆိုအပ်ပြီးသည်။ (ဗြဟ္မဇာလသုတ်, ဥစ္ဆေဒဝါဒအဖွင့်၌ ဆိုအပ်ပြီးသည်သာ။)
**ဩဒနကုမ္မာသူပစယော**တိ၊ ကား။ ဩဒနေနစေဝ၊ ထမင်းသည်လည်းကောင်း။ ကုမ္မာသေနစ၊ မုယောမုန့်သည်လည်းကောင်း။ ဥပစိတော၊ ကပ်၍စီအပ်ပြီ။ ဝါ၊ ဆည်းပူးအပ်ပြီ။ ဝဍ္ဎိတော၊ တိုးပွားစေအပ်ပြီ။ ["ဩဒနေနစေဝ၊ ဖြင့်လည်းကောင်း။ ကုမ္မာသေနစ၊ ဖြင့်လည်ကောင်း"ဟု ပေးလျှင် "ကမ္မန- ကံသည်"ဟု ထည့်ပါ။]
**အနိစ္စစ္ဆာဒန၊ ပေ၊ ဓမ္မော**တိ (ဧတ္ထ)၊ ၌။ ဟုတွာ၊ ဖြစ်ပြီး၍။ အဘာဝဋ္ဌေန၊ မရှိခြင်းဟူသော အနက်ကြောင့်။ အနိစ္စဓမ္မော၊ မမြဲသည်၏အဖြစ်ဟူသောသဘောရှိ၏။အဘိနီဟရတိ။ ။ "စိတ်ကိုရှေးရှုဆောင်" ဟူသည် ဝိပဿနာဉာဏ်ဖြစ်ဖို့ရန် စိတ်ကို ထိုဉာဏ်သို့ ညွတ်နေ,ကိုင်းနေ,ရှိုင်းမနေအောင် ပြုခြင်းတည်း၊ ယခုအခါ စာအဓိပ္ပာယ်စသော တစ်စုံတစ်ခုသောအာရုံကိုသိလိုလျှင် မသိမီ ထိုအဓိပ္ပာယ်သို့ စိတ်ကိုညွတ်နေကိုင်းနေရှိုင်းနေအောင်ပြုရခြင်းမျိုးတည်း။
ဩဒန၊ ပေ၊ စယော။ ။ တစ်ဝက် ကျက်ရုံ ပြုတ်အပ်သောဘောဇဉ်တစ်မျိုးကို "ကုမ္မာသ" ဟု ခေါ်ကြောင်းကိုပါစိတ်, ဘောဇနဝဂ် ပဌမပဝါရဏာသိက္ခာပုဒ် ကင်္ခါဘာသာ ဋီကာ၌ ပြခဲ့ပြီ။] "ဥပစိတော ဝဍ္ဎိတော" ကိုကြည့်၍ "ဥပစီယတေတိ ဥပစယော-ကပ်၍ စီအပ်" ဟု သဒ္ဒတ္ထဖြစ်၏၊ ကြီးပွားစေအပ်ကား အဓိပ္ပာယတ္ထတည်း၊ ဩဒနကုမ္မာသကို စားသောအခါ အာဟာရဇရုပ်တွေဖြစ်၏၊ ထိုဟာရဇရုပ်တို့ကိုမူလရှိပြီးရုပ်များ၌ ကပ်၍ကပ်၍ စီအပ်သောအခါ ရုပ်ခန္ဓာကိုယ်၏ ကြီး၍ကြီး၍လာခြင်းကို"ဩဒန ကုမ္မာသ+ဥပစယ" ဟု ဆိုသည်။
မှတ်ချက်။ ။ ဩဒနကုမ္မာသကို ပဓာနနည်းအားဖြင့်ဆိုသည်၊ အခြားအာဟာရ အားလုံးလည်း ခန္ဓာကိုယ်ကိုကြီးပွားစေနိုင်သည်သာ။ [ဩဒနကုမ္မာသေဟိ+ဥပစယော ဩဒန ကုမ္မာသူပစယော၊ ဝဍ္ဎာပီယတေတိ ဝဍ္ဎိတော၊ ကာရိတ်ကြေ၊ ဋီကာသစ်၌ "ဥပစယတိ ဝါ ဝဍ္ဎတီတိ" ဟု ကတ္တုရုပ်ဖွင့်သေးသည်ကား ကောင်းမည်မထင်၊ ဘာကြောင့်နည်း-ကာယက မစီတတ်, မတိုးပွားတတ်သောကြောင့်တည်း။]
အနိစ္စုစ္ဆာဒန၊ ပေ၊ ဓမ္မော။ ။ဒွန်၏နောက်၌ရှိသော ဓမ္မသဒ္ဒါသည် အနိစ္စ+ဥစ္စာ ဒနစသော ရှေ့ပုဒ်တိုင်း၌ ယှဉ်စပ်နိုင်သောကြောင့် "အနိစ္စဓမ္မော ၊ပေ၊ ပရိမဒ္ဒန ဓမ္မော" ဟု ဖွင့်၏၊ ထို ဓမ္မသဒ္ဒါလည်း သဘာဝအနက်ဟောဟု သိစေလိုသောကြောင့် ဋီကာ၌ "အဒ္ဓုဝသဘာဝေါ" စသည်ဖြင့်ဖွင့်သည်။
အနိစ္စဓမ္မော။ ။ အနိစ္စ၏သဘောကို "ဟုတွာ-ဥပါဒ်အဖြစ်ဖြင့်ဖြစ်ပြီး၍+အဘာဝ မရှိတော့ခြင်း" ဟု ပြသည်၊ဖြစ်ပြီးလျှင် တည်မြဲမနေဘဲ ပျက်သောကြောင့် မမြဲကြောင်း ထင်ရှားသည်-ဟူလို။ [ဤနေရာ၌ အနိစ္စသဒ္ဒါသည်မမြဲသောကာယကိုဟော၏၊ ဓမ္မသဒ္ဒါကားမမြဲခြင်းသဘောကိုဟော၏၊ ထို့ကြောင့် "အနိစ္စဘာဝ" ဟု ဆိုလိုလျက် ဘာဝပုဒ် အကြေကြံ ပါ၊ "မမြဲသောကာယ၏´ဖြစ်ကြောင်းဖြစ်ရာ မမြဲခြင်းသဘော" ဟူလို၊ အနိစ္စော+ဓမ္မော ယဿာတိ အနိစ္စဓမ္မော၊ ပဘင်္ဂုရကာယ-အပြားအားဖြင့်ပျက်စီးတတ်သည်၏အဖြစ်ကြောင့်၊ အဒ္ဓုဝသဘာဝေါ၊-ဋီကာ၊ စာအုပ်တို့၌ "ပဘင်္ဂု" ဟုရှိ၏၊ ထောမနိဓိ၌ ပပုဗ္ဗ+ဘန္ဇဓာတ်, ယုရစ်ပစ္စည်းဖြင့်"ပဘင်္ဂုရ" ဟုရှိသည်။]
ဒုဂ္ဂန္ဓဝိဃာတတ္ထာယ၊ မကောင်းသောအနံ့ကို ပယ်ဖျောက်ခြင်းအကျိုးငှာ။ တနုဝိလေပနေန၊ ပါးပါး လိမ်းကျံခြင်းအားဖြင့်။ ဥစ္စာဒနဓမ္မော၊ အထက်၌ ဖုံးလွှမ်းရခြင်းသဘော ရှိ၏။
အင်္ဂပစ္စင်္ဂါဗာဓဝိနောဒနတ္ထာယ၊ အင်္ဂါကြီးငယ်တို့၏ ညောင်းညာကိုက်ခဲခြင်းကို ပယ်ဖျောက်ခြင်းအကျိုးငှာ။ ခုဒ္ဒကသမ္ဗာဟနေန၊ ငယ်သော ဆုပ်နယ်ခြင်းအားဖြင့်။ (သာသာယာယာ ဆုပ်နယ်ခြင်းအားဖြင့်။) ပရိမဒ္ဒနဓမ္မော၊ ထက်ဝန်းကျင်ဆုတ်နယ်ရခြင်းသဘောရှိ၏။ဥစ္ဆာဒနဓမ္မော။ ။စုရာဒိ ဆဒ (ဆဒိ) ဓာတ်သည်သံဝရဏ (စောင့်ရှောက်ဖုံးအုပ်ခြင်း) အနက်ကိုဟော၏၊ ဥစ္စာဒနံ-အထက်၌ လိမ်းကျံသောအားဖြင့်ဖုံးအုပ်ရခြင်းဟူသော+ဓမ္မော ယဿာတိ ဥစ္ဆာဒနဓမ္မော၊ ဖုံးအုပ်ခံရပုံ ထင်ရှားအောင် ဋီကာ၌ "ဥစ္စာဒေ တဗ္ဗတာ (ဖုံးအုပ်ထိုက်သည်၏ဟူသော)+ သဘာဝေါ တဗ္ဗပစ္စည်း တာပစ္စည်းဖြင့်အဓိပ္ပာယတ္ထ ဖွင့်သည်၊ နထိုဖုံးထိုက်သည်၏ အဖြစ်ဟူသည်ဖုံးအုပ်ခံရခြင်းကြိယာပင်တည်း၊ ဤသို့ နံ့သာရေကျဲကလေးဖြင့်အသားအရေအပေါ်၌ ခပ်ပါးပါး ဖုံးထားခြင်းကိုပင် "လိမ်းကျံခြင်း" ဟု ဝေါဟာရတ္ထအားဖြင့်ခေါ်ရသည်၊ ထိုသို့ လိမ်းကျံပေးသောအခါ မကောင်းသောကိုယ်နံ့ပျောက်သွားသောကြောင့် "ဒုဂ္ဂန္ဓဝိယာတတ္ထာယ" ဟု ထည့်သည်။
ဋီကာသစ်။ ။ ဣမဿ ပူတိကာယဿ ဒုဂ္ဂန္ဓဘာဝတော ဂန္ဓောဒကာဒီဟိ ဥဗ္ဗဋ္ဋဇာတိကော (ပွတ်တိုက်ပေးရခြင်း) ဝိလိမ္ပန (လိမ်းကျံပေးရခြင်း) သဘောရှိ၏၊ ဣတိ အတ္ထော၊ ဥစ္ဆာဒနေန ဟိ ပူတိကာယေ သေဒဝါတ ပိတ္တ သေမှာဒီဟိ (တို့ကြောင့်) ဂရုဘာဝ ဒုဂ္ဂန္ဓာနံ (လေးလံသည်၏အဖြစ်, မကောင်းသောအနံ့တို့၏) အပဂမော ဟောတိ။ [ဤဋီကာ၌ "ဥဗ္ဗဋ္ဋန"ကိုကြည့်၍ "ဥစ္ဆာဒနဓမ္မော-ပွတ်တိုက်ရခြင်းသဘောရှိ၏" ဟု ပေးကြ၏။ တနုဝိလေပနသည် ပွတ်တိုက်ဖို့ရန် မဟုတ်, အသားအရေ၏အပေါ်၌ ဖုံးသောအားဖြင့်လိမ်းကျံဖို့ရန်သာဖြစ်သောကြောင့် ထိုအနက်ကိုအဓိပ္ပာယ်အားဖြင့်လည်းကောင်း ဆဒ (ဆဒိ) ဓာတ်၏ အနက် အားဖြင့်လည်းကောင်း စဉ်းစားပါ။]
ပရိမဒ္ဒနဓမ္မော။ ။ မဒ္ဒဓာတ်သည် ကြိတ်ချေဆုပ်နယ်-နင်းနှိပ်ခြင်းအနက်ကိုဟော၏၊ အကြီးအကျယ် ပြင်းပြင်းထန်ထန် ဆုပ်နယ်ခြင်းသည်လက်ဝှေ့သမားတို့၏ လက်ရုံးတိုးပွားခြင်း အကျိုးငှာဖြစ်၏၊ ဤ၌ကားကိုယ်, လက်, အင်္ဂါကြီးငယ်တို့၏ အညောင်းပြေရုံ ဆုပ်နယ်ခြင်းဖြစ်သောကြောင့် "ခုဒ္ဒက သမ္ဗာဟနေန" ဟု ဝိသေသနပြုသည်။ [ပရိမဒ္ဒန ဓမ္မောတိ ပရိမဒ္ဒိတဗ္ဗတာ သဘာဝေါ၊-ဋီကာသစ်။]
ဝါ၊ တစ်နည်း။ ဒဟရကာလေ၊ ငယ်ရွယ်သူ၏အခါ၌။ ဝါ၊ ငယ်ရွယ်စဉ်အခါ၌။ ဥရုသု၊ ပေါင်တို့၌။ သယာပေတွာ၊ အိပ်စေပြီး၍။ ဂဗ္ဘာဝါသေန၊ အမိဝမ်း၌ နေခဲ့ရခြင်းကြောင့်။ (အမိဝမ်း၌ ကုပ်ကုပ်ကလေး နေခဲ့ရခြင်းကြောင့်။) ဒုဿဏ္ဌိတာနံ၊ မကောင်းသောသဏ္ဌာန်ရှိကုန်သော။ (ပုံပန်းမလှ, အချိုးမကျကုန်သော။) တေသံတေသံ အင်္ဂါနံ၊ ထိုထိုအင်္ဂါတို့၏။ သဏ္ဌာနသမ္ပာဒနတ္ထံ၊ သဏ္ဌာန်ကို ကောင်းစွာဖြစ်စေခြင်းအကျိုးငှာ။ အဉ္ဆနပီဠနာဒိဝသေန၊ ဆွဲငင်ခြင်း, ဖိနှိပ်ခြင်း အစရှိသည်တို့၏အစွမ်းအားဖြင့်။ ပရိမဒ္ဒနဓမ္မော၊ ထက်ဝန်းကျင် နှိပ်နယ်ရခြင်းသဘောရှိ၏။
ဧဝံ၊ ဤသို့။ ဝါ၊ သို့ကလောက်။ ပရိဟရိတော၊ ရွက်ဆောင်တပ်သည်။ (သမာနော)ပိ၊ ဖြစ်ပါသော်လည်း။ ဘေဒနဝိဒ္ဓံသနဓမ္မော၊ ပျက်စီးခြင်း, ဖရိုဖရဲပြန့်ကြဲသောအားဖြင့် ပျက်စီးခြင်းသဘောရှိသည်။ (ဟုတွာ)။ဒဟရကာလေ။ ။ ဧဝံ အနိယမိတကာလဝသေန (မည်သည့်အချိန်အရွယ်၌ ပရိမဒ္ဒနအမှုကိုပြုရသည်ဟု ကာလသတ်မှတ်မှုမရှိပဲ) အတ္ထံ ဝတွာ ဣဒါနိ နိယမိတကာလ ဝသေန ("ဖွားပြီးစ သူငယ်အရွယ်" ဟု အချိန်အရွယ်ကာလကိုသတ်မှတ်ခြင်း၏အစွမ်းဖြင့်) အတ္ထံ ဝဒတိ ဒဟရကာလေတိ အာဒိနာ၊ ဤအလို "ဒဟရကာလေ" စသောစကားကိုပရိမဒ္ဒန ဓမ္မအတွက် တစ်နည်း အနက်ဖွင့်ဟု မှတ်ပါ၊ ဝါသဒ္ဒါကိုကား တစ်နည်းအနက်ဖွင့်ဖြစ်ကြောင်း သိလောက်သောကြောင့် မထည့်တော့ဟုလည်းကောင်း, (တစ်နည်း) ဝါသဒ္ဒါ ကြေသည်ဟုလည်းကောင်း ဋီကာသစ်ဆို၏၊ ယခုစာအုပ်များ၌ကား တိုက်ရိုက်ပါနေသည်။
ဆက်ဦးအံ့။ ။ ဖွားပြီး၍ မကြာသေးသော် ကလေးတို့၏ ကိုယ်, လက်စသော ပုံသဏ္ဌာန်တို့သည် အမိဝမ်း၌ ကိန်းအောင်းခဲ့ရသောကြောင့် မလှမပ အချိုးမကြပဲဖြစ်နေတတ်ကြ၏၊ ထို့ကြောင့် နားလည်သောမိခင်တို့သည်မွေးဖွားပြီး၍ အလွန်မကြာသေးသောကာလ၌ (ကလေးများ၏ လက်, ခြေ စသည်ကိုပြုပြင်၍ ရလောက်ရာ အချိန်အခါ၌) ကလေးငယ်ကိုမိမိ၏ ခြေဆင်းထားသောပေါင်ပေါ်ဝယ်အိပ်စေ၍ နှာခေါင်းကလေးက ပုနေလျှင် နှာခေါင်း ကလေးကိုဆွဲ၍ ဆွဲ၍ ပေးခြင်း, မဖြောင့်လျှင် ဖြောင့်အောင် (သွယ်တန်းနေအောင်) ပြုပြင် ပေးခြင်း, လက် ခြေတို့ကိုဖြောင့်အောင် ပြုပြင်ပေးခြင်း, နဖူး, နှာရောင်, နောက်စေ့တို့ကိုမောက်နေ ကောက်နေလျှင် သာသာယာယာဖိပေးခြင်း စသည်တို့ဖြင့်ပြုပြင်ပေးကြ၏၊ ထိုသို့ ပြုပြင်ရခြင်းသဘောရှိသည်ကို"အဉ္ဆနပီဠနာဒိဝသေန ပရိမဒ္ဒနဓမ္မော" ဟု ဆိုသည်။ [အဉ္ဆနဉ္စေတ္ထ အာကဍ္ဎနံ, ပီဠနံ သမ္ဗာဟနံ (ဆုပ်နယ်ခြင်း) ။]
မှတ်ချက်။ ။ ရှေးစာအုပ်တို့၌ ဒုဿဏ္ဌိတာနံနောက်ဝယ် "ဝိနာမိတာနံ-ဖေါက်ဖေါက်ပြန်ပြန် ညွတ်စေအပ်ကုန်သော" ဟုရှိ၏၊ နောက်ပြင်စာအုပ်တို့၌ ထိုပါဌ် မရှိ၊ ဋီကာသစ်၌ "မိတန္တိ ဘာဝနပုံသကနိဒ္ဒေသော၊ တေန ယထာပမာဏံ (ပမာဏအားလျော်ရုံ) မန္ဒံဝါ (တစ်နည်း- သာသာယာယာ)" ဟု တွေ့ရ၏၊ ထို မိတံပါဌ်လည်းယခုစာအုပ်တို့၌ မပါ၊ "မိတံ အဉ္ဆနပီဠနာဒိဝသေန" ဟုရှိသင့်သည်၊ ပီဠနာဒိ၌ အာဒိဖြင့်သမဉ္ဆန (ကွေးပေးခြင်း), ဥဂ္ဂမန (မြှောက်ပေးခြင်း) ပြုပြင်ဖွယ်များကိုယူပါ။
ဘိဇ္ဇတိစေဝ၊ ပျက်လည်းပျက်စီး၏။ ဝိကိရတိစ၊ ဖရိုဖရဲလည်း ပြန့်ကြဲ၏။ ဧဝံ သဘာဝေါ၊ ဤသို့ ပျက်စီးခြင်း, ဖရိုဖရဲ ပြန့်ကြဲခြင်းသဘောရှိ၏။ ဣတိ အတ္ထော၊ နက်။
တတ္ထ (တေသု ရူပီ စာတုမဟာဘူတိကော အာဒီသု)၊ ထို ရူပီ စာတုမဟာဘူတိကော အစရှိသောပုဒ်တို့တွင်။ ဆဟိ၊ ၆ ပါးကုန်သော။ ပဒေဟိ၊ ပုဒ်တို့ဖြင့်။ သမုဒယော၊ ဖြစ်ခြင်းကို။ ကထိတော၊ ဟောတော်မူအပ်ပြီ။ဘိဇ္ဇတိစေဝ ဝိတီရတိစ။ ။ ဘေဒနကို"ဘိဇ္ဇတိ" ဟု ဖွင့်၏၊ ဥစ္ဆာဒန ပရိမဒ္ဒနအမှုတို့ဖြင့်ရွက်ဆောင်အပ် (ကြီးပွားစေအပ်) စေကာမူ, ပျက်ချိန်တန်လျှင် ပျက်တတ်၏။ ["ကာယဿ ဘေဒါ" ဟု အခြားနေရာ၌ လာသောကြောင့် ဘိဇ္ဇန (ပျက်ခြင်း) ဟု အနက်မှတ်ပါ။ ဤသို့ပျက်ပြီးနောက် တစ်စုံတစ်ခုမျှ အသုံးမကျတော့သည်ကို"ဝိတီရတိ-ဖရိုဖရဲ ပြန့်ကြဲ၏" ဟု ဆိုသည်၊ ဤဝိတီရတိသည် ဝိဒ္ဓံသန၏ အနက်ဖွင့်တည်း။ [ဝိ+မံသဓာတ်သည်ဝိဒ္ဓံသနအနက်ကိုဟော၏၊ "ဖျက်ဆီး" ဟု သကမ္မကဖြစ်သော်လည်းဤနေရာ၌ "ဖရိုဖရဲကြဲသောအားဖြင့် ပျက်စီး" ဟုအကမ္မကအနက်သာဖြစ်သင့်သည်။
တတ္ထ။ ။ ဤအခန်းသည်ဝိပဿနာဉာဏ်ကိုပြရာအခန်းတည်း၊ ဝိပဿနာဉာဏ်ဆိုလျှင် ဥဒယဗ္ဗယကိုရှုရ၏၊ ဥစ္ဆာဒန ပရိမဒ္ဒနစသည်တို့ကိုရှုခြင်းသည်အဘယ်နည်းဖြင့်ဥဒယဝယတွင် ပါဝင်နိုင်ပါသနည်း-ဟု မေးဖွယ်ရှိသောကြောင့် ဥဒယဝယကိုရှုခြင်းဖြစ်ကြောင်းကိုထင်ရှားစေခြင်းငှာ "တတ္ထ" စသည်ကိုမိန့်သည်။
ရူပီ စာတုမဟာဘူတိကောတိ အာဒီသု။ ။ "တတ္ထ" အရ နောက်၌ အစိတ်ထုတ်အပ်သော "ရူပီ စာတုမဟာဘူတိကော" စသော၉ ပုဒ်ကိုပင် စွဲရ၏။ [တတ္ထ အစွဲ စိတ်မရဲမူ, နောက်လွှဲအစု, အစိတ်ရှု, ရောယူပေါင်း၍စွဲ။] "ရူပီ စာတုမဟာဘူတိကောတိ အာဒီသု" အရလည်းထို ၉ ပုဒ်ပင်ရ၏၊ ထို့ကြောင့် "ရူပီ စာတုမဟာဘူတိကောတိ အာဒီသု" ပါဌ်သည်ရှေးနိဿယတို့၌ ထည့်၍စွဲအပ်သောအစွဲမှ ယူထားအပ်သောအပိုသာဖြစ်သင့်သည်။
ဆဟိ ပဒေဟိ။ ။ ရူပီ, စာတုမဟာဘူတိကော, မာကာပေတ္တိကသမ္ဘဝေါ, ဩဒန ကုမ္မာသူပစယော, ဥစ္ဆာဒနဓမ္မော, ပရိမဒ္ဒနဓမ္မော ပုဒ်တို့တည်း၊ ထိုတွင် စာတုမဟာဘူတိကော စသော၃ ပုဒ်သည်အဖြစ် ဥဒယကိုပြသောပုဒ်များဖြစ်ကြောင်းထင်ရှား၏၊ ရူပီ, ဥစ္ဆာဒန ဓမ္မော, ပရိမဒ္ဒနဓမ္မေတို့ကား အဘယ်နည်းဖြင့်ဥဒယကိုပြပါသနည်း-ဟု မေးဖွယ်ရှိ၏။
အဖြေကား။ ။ "ရူပီ" ဟု ဆိုလျှင် "ရုပ်ရှိ၏" ဟု သာမည အနက်ကိုသာ မယူဘဲ ရုပ်ဖြစ်ခြင်း၏ အကြောင်းဖြစ်သော ဥတု-အာဟာရရုပ်တို့ကိုလည်းယူနိုင်၏၊ ထိုဥတုအာဟာရ ရုပ်အားဖြင့်"ရုပ်ရှိ၏" ဟု ဆိုလျှင် ဥတုကြောင့်ဖြစ်၏, အာဟာရကြောင့်ဖြစ်၏ ဟူသောအကြောင်းသမုဒယကိုလည်း ရူပီသဒ္ဒါက ပြရာရောက်တော့သည်။ [ရူပီ၌ ဤပစ္စည်းသည်"ပဟူတေစ ပသံသာယံ" စသောအနက်တို့တွင် သံသဂ္ဂ (အကြောင်းနှင့်ရောနှောခြင်း) အနက်ထူးရှိသောအဿတ္ထိအနက်ဟော ဟု မှတ်ပါ။] ဥစ္စာဒန ပရိမဒ္ဒန ဟူသော၂ ပုဒ်လည်းထိုသို့ တနုဝိလေပနဖြင့်ပွတ်ခြင်း နှိပ်နယ်ခြင်းကြောင့် ကောင်းသောသဏ္ဌာန်ရှိသောရုပ်တို့၏ဖြစ်ခြင်း (ဥဒယ)ကိုပင် ပြသည်။
အနိစ္စပဒေန၊ အနိစ္စပုဒ်နှင့်။ သဒ္ဓိံ၊ တကွ။ ပစ္ဆိမေဟိ၊ နောက်၌ဖြစ်ကုန်သော။ ဒွိဟိ၊ ၂ ပုဒ်တို့ဖြင့်။ အတ္ထင်္ဂမော၊ ချုပ်ခြင်းကို။ (ကထိတော၊ မူအပ်ပြီ)။
**ဧတ္ထ သိတံ ဧတ္ထ ပဋိဗဒ္ဓံ**တိ၊ ကား။ စာတုမဟာဘူတိ ကေ၊ ၄ ပါးသော မဟာဘုတ်အတိပြီးသော။ ဝါ၊ ၄ ပါးသော မဟာဘုတ်ကြောင့်ဖြစ်သော။ ဧတ္ထကာယေ၊ ဤကိုယ်၌။ နိဿိတဉ္စ၊ မှီသည်လည်းကောင်း။ ပဋိဗဒ္ဓဉ္စ၊ စပ်သည်လည်းကောင်း။ (ဟောတိ)။
**သုဘော**တိ၊ ကား။ သုန္ဒရော၊ ကောင်းသော။
**ဇာတိမာ**တိ၊ ကား။ ပရိသုဒ္ဓါကရသမုဋ္ဌိတော၊ ထက်ဝန်းကျင်စင်ကြယ်သော ပတ္တမြားထွက်ရာအရပ်မှ ကောင်းစွာထွက်သော။အနိစ္စ ပေ၊ အတ္ထင်္ဂမော။ ။ အနိစ္စဟူသည်ကာယ၌ပါသောရုပ်တို့၏ ဘင်ခဏ၌ ပျက်ခြင်းတည်း။ ဘေဒနဟူသည် ကာယဿ ဘေဒါအရ မရဏအခါ၌ ခန္ဓာကိုယ်၏ ပျက်စီးခြင်းတည်း၊ ဝိဒ္ဓံသနကား အသုံးမကျအောင် ပျက်ခြင်းတည်း၊ [ဤ ၃ ပုဒ်ဖြင့်အတ္ထင်္ဂမ (ဝယ) လက္ခဏာကိုပြသည်။
သိတံ, ပဋိဗဒ္ဓံ။ ။ ပါဠိတော်၌ "ဣဒဉ္စ ပန မေ ဝိညာဏံ" အရ ဝိညာဉ်ဟူသည်ဝိပဿနာစိတ်တည်း။ ["ဣဒံ" ဟူသောအနီးဟော သဒ္ဒါဖြင့်ထိုအချိန်၌ဖြစ်နေသောဝိပဿနာစိတ်ကိုညွှန်ပြသည်။] ထိုဝိပဿနာဝိညာဉ်သည်ခန္ဓာကိုယ်တွင် ပါဝင်သောဟဒယ ဝတ္ထု၌ မှီသောကြောင့် "ဧတ္ထ သိတံ-ဤကိုယ်၌ မှီ၏" ဟုလည်းကောင်း, ထိုကာယနှင့်ကင်း၍ မဖြစ်နိုင်သည့်အပြင် ထိုကာယ၌ရှိသောရုပ်တို့ကိုအာရုံပြုသောကြောင့် "ဧတ္ထ ပဋိဗဒ္ဓံ-ဤကိုယ်၌စပ်၏" ဟုလည်းကောင်း မိန့်တော်မူသည်၊ ကာယ၌ မှီ၍ ကာယနှင့်စပ်နေရသောကြောင့် ကာယကဲ့သို့ သမုဒယအတ္ထင်္ဂမ သဘောရှိသည်-ဟူလို။
သုဘော။ ။ သုဋ္ဌု-လွန်စွာ+ဘာတိ-တောက်ပ၏၊ ဣတိ သုဘော၊ သု+ဘာဓာတ်, အပစ္စည်း၊ မဏိ၏ ကောင်းသောဂုဏ်တို့တွင် အရောင်တောက်ခြင်း ဂုဏ်သည်လည်းတစ်ပါးပင်ဖြစ်၏၊ ထို့ကြောင့် "သုန္ဒရောသည်သဒ္ဒတ္ထမဟုတ်၊ ဂုဏ်အနက်မျှကိုသာ ဖွင့်သောပုဒ်တည်း" ဟု မှတ်ပါ။ ["သုဘော-လွန်စွာတောက်ပသော၊ ဝါ-လွန်စွာတောက်ပသည့်အတွက် ကောင်းသော" ´ ဟု ပါဠိတော်၌ အနက်ပေးပါ။]
**ဇာတိမာ။ ဇာတိ+အဿ အတ္တီတိ ဇာတိမာ၊ ပသံသာ အနက်ထူးရှိသော အဿတ္ထိအနက်၌ မန္တုပစ္စည်းသက်၊ "ကောင်းသောဇာတ်ရှိသော၊ ဝါ-အမျိုးကောင်းသော"ဟု ပါဠိတော်၌ ပေးပါ၊ ထိုသို့ အမျိုးကောင်းခြင်းလည်းသန့်ရှင်းသောပတ္တမြားကျောက်မြေမှ ထွက်ခြင်းကြောင့်တည်း၊ ထို့ကြောင့် "ပရိသုဒ္ဓါကရသမုဋ္ဌိတော"သည်ဇာတိမန္တဖြစ်ခြင်း၏ အကြောင်းရင်းကိုပြသောပုဒ်တည်း။ [အာကရသဒ္ဒါသည်သတ္တုအမျိုးမျိုး ကျောက်အမျိုးမျိုး ထွက်ရာအရပ်ကိုဟော၏။ အဋ္ဌသာလိနီ-စိတ္တုပ္ပာဒကဏ္ဍ, နိဒ္ဒေသဝါရ, မနာယတန ပုဒ်အဖွင့် ဘာသာဋီကာ၌ ရှုပါ။
ဋီကာ။ ။ ကုရုဝိန္ဒကဇာတိအာဒိ ဇာတိဝိသေသောပိ-ပတ္တမြားနီ အစရှိသောအမျိုးဇာတ် အထူးသည်လည်း၊ မဏိနော-၏၊ အာကာရပရိသုဒ္ဓိမူလကောဝ-ထွက်ရာ ကျောက်မြေ၏ စင်ကြယ်ခြင်းလျှင် အရင်းခံရှိသည်သာ၊ ဣတိ အာဟ - ပရိသုဒ္ဓါရသမုဋ္ဌိတောတိ။ [ကုရူဝိန္ဒသဒ္ဒါသည်ဤနေရာ၌ ပဒုမရာဂ-ရတ္တမဏိ (ပတ္တမြားနီ) အနက်ကိုဟော၏၊ ထိုမဏိ၏ ဝေဠုရိယဖြစ်ကြောင်းကိုပါဠိတော်၌ ပြ၏၊ ဝေဠုရိယ၏ အဓိပ္ပာယ်ကိုကား ဆရ တော်၏ အဘိဓာန်နိဿယ (၄၉၁) ဂါထာ၌ ရှုပါ။]
**သုပရိကမ္မကတောတိ၊ ကား။ သုဋ္ဌု၊ ကောင်းစွာ။ ကတပရိကမ္မော၊ ပြုအပ်ပြီးသောပရိကမ်ရှိသော။ အပနီတ ပါသာဏသက္ခရော၊ ပယ်ရှားအပ်ပြီးသော ကျောက်ခဲကျောက်စရစ်ရှိသော။
**အစ္ဆော**တိ၊ ကား။ တနုစ္ဆဝိ၊ ပါးသောအရေရှိသော။
**ဝိပ္ပသန္နော**တိ၊ ကား။ သုဋ္ဌု၊ လွန်စွာ။ ပသန္နော၊ ကြည်လင်သော။
**သဗ္ဗာကာရသမ္ပန္နော**တိ၊ ကား။ ဓောဝန ဝေဓနာဒီဟိ၊ ဆေးကြောခြင်း, ဖောက်ထွင်းခြင်း အစရှိကုန်သော။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ အာကာရေဟိ၊ အခြင်းအရာတို့နှင့်။ သမ္ပန္နော၊ ပြည့်စုံသော။ (မဏိ, ဝေဠုရိယောတို့၌စပ်။)သုပရိကမ္မကတော။ ။ ပရိကမ္မဟူသည်တစ်ကြိမ်ဖြင့်မပြီးဘဲ အဖန်ဖန်ပြုအပ်သောအမှုတည်း၊ ပတ္တမြား၌ လုံးထွေး၍ ကပ်၍ပါနေသောကျောက်ခဲ ကျောက်စရစ် စသော အပြစ်တို့ကိုဖယ်ရှားခြင်းကိစ္စသည်အထပ်ထပ်ပြုအပ်သောကိစ္စတည်း၊ ထို့ကြောင့် "သုဋ္ဌုကတပရိ ကမ္မော" ဟု သဒ္ဒတ္ထဖွင့်ပြီးနောက် " အပနီတပါသာဏ သက္ခရော " ဟု အဓိပ္ပာယတ္ထဖွင့်သည်။ [သုကိုသုဋ္ဌုဟုလည်းကောင်း, ပရိကမ္မကတောကိုရှေ့နောက်ပြန်၍ "ကတပရိကမ္မော" ဟုလည်းကောင်း ဖွင့်သောကြောင့် သုကိုကတ၌ စပ်ရကြောင်း ထင်ရှား၏၊ ကတံ+ပရိကမ္မံ ယဿာတိ ပရိကမ္မကတော၊ သုဋ္ဌု+ပရိကမ္မကတော သုပရိကမ္မကတော။]
အစ္ဆော။ ။ ဒဿနံ-ကြည့်ရှုခြင်းကို၊ န+ဆိန္ဒတိ-မဖြတ်တတ်၊ ဣတိ အစ္ဆော၊ ကြည်လင်သောကြောင့် ကြည့်ရှုခြင်းကိုမဖြတ်သော (မပြတ်ကြည့်ရှုရသော) ပတ္တမြားစသည်ကို"အစ္ဆ" ဟု ခေါ်၏၊ န+ဆိဓာတ်, ကပစ္စည်း၊ ကအနုဗန်ချေ၊ မပြတ်ကြည့်ရလောက်အောင် အကြည့်ခံနိုင်ခြင်းမှာလည်းအရေပါးသောကြောင့်ဖြစ်ရကား "တနုစ္ဆဝိ" ဟု အကြောင်းကိုဖွင့်သည်။ [ဆဝိယာ သဏှဘာဝေန အဿ အစ္ဆတာ၊ နသင်္ဃာတဿ-ကျောက်တစ်ခုလုံး၏ သိမ့်မွေ့သောကြောင့် မဟုတ်၊-ဋီကာ။]
ဝိပ္ပသန္နော။ ။ဝိကိုသုဋ္ဌုဟု အဓိပ္ပာယ်ဖွင့်သည်၊ သဒ္ဒတ္ထမှာ ဝိသေသနအနက်သာတည်း၊ အထူးကြည်လင်ခြင်းမှာလည်းတနုစ္ဆဝိဖြစ်သောကြောင့်ပင်ဖြစ်၏၊ ထို့ကြောင့် အစ္ဆော၏ နောက်၌ ဝိပ္ပသန္နော ဟု အဓိပ္ပာယ်ပေါ်အောင် ထပ်၍ ဟောတော်မူသည်။[တတောယေဝ (ထိုသို့တနုစ္ဆဝိဖြစ်ခြင်းကြောင့်ပင်) ဝိသေသန ပသန္နောတိ ဒဿေတုံ သုဋ္ဌု ပသန္နောတိ ဝုတ္တံ၊ ဋီကာသစ်။]
သဗ္ဗာကာရသမ္ပန္နော။ ။ အသုံးပြုဖို့ရန် ထိုက်တန်သောပတ္တမြားရတနာ၏ အခြင်းအရာဟူသည် ပတ္တမြား၌ကပ်နေသော ကျောက်မှုန့်များကို ဆေးကြောသုတ်သင်၍ပြီးခြင်း, အမဲစက်စသည်ကိုပယ်ရှားခြင်း အကျိုးငှာလည်းကောင်း, ချည်ဖြင့်သီဖို့အကျိုးငှာလည်းကောင်း ထိုးထိုက် ဖေါက်ထိုက်သောဌာနတို့ကိုထိုးပြီးထွင်းပြီးဖြစ်ခြင်းတည်း၊ ထို့ကြောင့် "ဓောဝန ၊ပေ၊ သမ္ပန္နော" ဟု ဖွင့်သည်။ ပါသာဏာဒီသု ဓောတတာ ဓောဝန်, ကာဠကာဒိ အပဟရဏတ္ထာယစေဝ သုတ္တေန အာဝုနနတ္ထာယစ ဝိဇ္ဈိတဗ္ဗတာ ဝေဓနံ၊ အာဒိသဒ္ဒေန တာပ (မီးကင်ခြင်း) သဏှကရဏာဒီနံ (သိမ်မွေ့အောင်ပြုခြင်း အစရှိသည်တို့ကို) သင်္ဂဟော -ဋီကာသစ်။]
**နီလံ**တိအာဒီဟိ၊ နီလံအစရှိသော ၃ ပုဒ်တို့ဖြင့်။ ဝဏ္ဏသမ္ပတ္တိံ၊ အဆင်း၏ပြည့်စုံခြင်းကို။ ဒဿေတိ၊ ပြတော်မူ၏။ [အာဝုနိတသုတ္တဿ ဝဏ္ဏသမ္ပတ္တိံ။]
ဟိ၊ မှန်။ (တစ်နည်း) (ကသ္မာ၊ ကြောင့်။ နီလံတိအာဒီဟိ ဝဏ္ဏသမ္ပတ္တိံ ဒဿတိ၊ နည်း။) ဟိ (ယသ္မာ)၊ ကြောင့်။ တာဒိသံ၊ ထိုကဲ့သို့ရှုအပ်သော ချည်သည်။ ဝါ၊ ကို။ (အဆင်းနှင့်ပြည့်စုံသော ချည်သည်။ ဝါ၊ ကို။) အာဝုတံ၊ ထိုးသီအပ်သည်။ (သမာနံ၊ သော်။) ပါကဋံ၊ ထင်ရှားသည်။ ဟောတိ။ (တသ္မာ နီလံတိအာဒီဟိ ဝဏ္ဏသမ္ပတ္တိံ ဒဿေတိ။) [လည်းပင်း စသည်၌ဆွဲဖို့ရန် ကြိုးသွင်းသောအခါ အရောင်ရှိသောကြိုးကို သွင်းလိုက်မှ ထိုကြိုးကိုထင်ထင်ရှားရှားမြင်ရသည်၊ဟူလို။]
**ဧဝမေဝ ခေါ**တိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ ဧဝံ၊ ဤဆိုအပ်လတံ့သောနည်းဖြင့်။ ဥပမာသမ္ပာဒနံ၊ ဥပမာကိုပြီးစေခြင်းကို။ (တစ်နည်း) ဥပမာသံသန္ဒနံ၊ ဥပမာကို ဥပမေယျနှင့်နှီးနှောခြင်းကို။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။
ဟိ၊ ချဲ့။ မဏိ၊ ပတ္တမြားကို။ (ဒဋ္ဌဗ္ဗော) ဝိယ၊ မှတ်ထိုက်သကဲ့သို့။ (တထာ၊ ထို့အတူ။) ကရဇကာယော၊ ကရဇကာယကို။ (ဒဋ္ဌဗ္ဗော၊ ၏။)
အာဝုတသုတ္တံ၊ ထိုသီအပ်သောချည်ကို။ (ဒဋ္ဌဗ္ဗံ) ဝိယ၊ သို့။ (တထာ)။ ဝိပဿနာညာဏံ၊ ဝိပဿနာဉာဏ်ကို။ (ဒဋ္ဌဗ္ဗံ၊ ၏။)
စက္ခုမာ၊ ကောင်းသောမျက်စိရှိသော။ ပုရိသော၊ ကို။ (ဒဋ္ဌဗ္ဗော) ဝိယ၊ သို့။ (တထာ)။ ဝိပဿနာ လာဘီ၊ ဝိပဿနာဉာဏ်ကိုရခြင်းရှိသော။ ဘိက္ခု၊ ကို။ (ဒဋ္ဌဗ္ဗော၊ ၏။) ဟတ္ထေ၊ လက်၌။ ကရိတွာ၊ ပြု၍။ ဝါ၊ ထား၍။ ပစ္စဝေက္ခတော၊ ဆင်ခြင်သော ယောက်ျားအား။ အယံ ခေါ မဏီတိ၊ အယံ ခေါ မဏိ အစရှိသည်ဖြင့်။ မဏိနော၊ ပတ္တမြား၏။ အာဝိဘူတကာလော၊ ထင်ရှားဖြစ်ရာအခါကို။ (ဒဋ္ဌဗ္ဗော) ဝိယ၊ သို့။ (တထာ)။ ဝိပဿနာညာဏံ၊ ကို။ အဘိနီဟရိတွာ၊ (ကာယသို့) ရှေးရှုဆောင်ပြီး၍။ နိသိန္နဿ၊ နေသော။ ဘိက္ခုနော၊ အား။ စာတုမဟာဘူတိကကာယဿ၊ ၄ ပါးသောမဟာဘုတ်တို့ကြောင့်ဖြစ်သောကိုယ်၏။ အာဝိဘူတကာလော၊ ကို။ (ဒဋ္ဌဗ္ဗော။) တတြိဒံ သုတ္တံ အာဝုတန္တိ၊ တတြိဒံ သုတ္တံ အာဝုတံအစရှိသည်ဖြင့်။ သုတ္တဿ၊ ချည်၏။ အာဝိဘူတ ကာလော၊ ကို။ (ဒဋ္ဌဗ္ဗာ) ဝိယ၊ သို့။ (တထာ)။ ဝိပဿနာညာဏံ၊ ကို။ အဘိနီဟရိတွာ၊ ၍။ဥပမာသမ္ပာဒနံ။ ။ ဋီကာသစ်၌ "အယမေတ္ထ ဥပမာသမ္ဗာဒနေ (ဥပမာကိုပြီးစေခြင်း၌) ကာရဏဝိဘာဝနာ (အကြောင်းကိုထင်စွာပြခြင်းတည်း) ဟု နောက်၌ဖွင့်ထားသောကြောင့် ဥပမာနနှင့် ဥပမေယျကိုနှီးနှော၍ ပြခြင်းကိုပင် "ဥပမာသမ္ပာဒန" ဟု ဆိုလိုသည်။ [ပြင်ထားသောစာအုပ်များ၌ "ဥပမာသံသန္ဒနံ" ဟုရှိ၏၊ အဓိပ္ပာယ်မှာ သဘောတူပင်တည်း၊ တချို့နေရာ၌ "ဥပမာ သမ္ပဋိပါဒန-ဥပမာနကို ဥပမေယျနှင့် ကောင်းစွာဆက်စပ်စေခြင်း" ဟုလည်းသုံးစွဲလေ့ရှိသည်။] နိသိန္နဿ၊ သော။ ဘိက္ခုနော၊ အား။ တဒါရမဏာနံ၊ ထိုကရဇကာယ ဟူသောအာရုံ ရှိကုန်သော။ ဖဿပဉ္စမကာနံဝါ၊ ဖဿလျှင် ငါးပါးမြောက်ရှိကုန်သောတရားတို့၏လည်းကောင်း။ သဗ္ဗစိတ္တစေတသိကာနံဝါ၊ အလုံးစုံသော စိတ်စေတသိတ်တို့၏လည်းကောင်း။ (တဒါရမဏဿ၊ ထိုကရဇကာယဟူသော အာရုံရှိသော။) ဝိပဿနာညာဏဝဝါ၊ ၏သာလျှင်လည်းကောင်း။ အာဝိဘူတ ကာလော၊ ကို။ (ဒဋ္ဌဗော)။ ဣတိ၊ သို့။ (ဥပမာသမ္ပာဒနံ၊ ကို။ (တစ်နည်း။) ဥပမာ သံသန္ဒနံ၊ ကို။ ဝေဒိတဗ္ဗံ၊ ၏)။
စ၊ ဆက်။ ဣဒံဝိပဿနာဉာဏံ၊ ဤဝိပဿနာဉာဏ်သည်။ မဂ္ဂညာဏာနန္တရံ၊ မဂ်ဉာဏ်၏ အနန္တရပစ္စည်းသည်။ (ဟောတိ)။တဒါရမဏာနံ။ ။ တဒါရမဏာနန္တိ ကာယသည်တ ရူပဓမ္မာရမဏာနံ (ကရဇ ကာယဟုခေါ်အပ်သောရုပ်တရားလျှင် အာရုံရှိကုန်သော၊) ဤပုဒ်ကိုဖဿပဉ္စမကာနံ, စိတ္တ စေတသိကာနံ, ဝိပဿနာညာဏဿဝ ၃ ပုဒ်၌ ဝိသေသနစပ်။
မှတ်ချက်။ ။ ဓမ္မသင်္ဂဏီပါဠိတော်၌ လာသည့်အတိုင်း ရှေးဦးစွာ "ဖဿ, ဝေဒနာ, သညာ, စေတနာ, စိတ်" ဟူသော ဖဿပဉ္စမကတရားကိုပြ၏၊ ထို့နောက် ဝိပဿနာဉာဏ်နှင့်ယှဉ်ဘက် စိတ် စေတသိတ်အားလုံးကိုဒုတိယပြ၏၊ [ဖဿပဉ္စမကလည်းဝိပဿနာဉာဏ်နှင့် ယှဉ်ဘက်သာဖြစ်ရမည်။ ထို့နောက် ပဓာနဖြစ်သောဝိပဿနာဉာဏ်ကိုပြ၏၊ ပဓာနဖြစ်ကြောင်း ထင်ရှားစေလို၍ "ဝိပဿနာဉာဏဿဝ" ဟု ဧဝဖြင့်ဆိုသည်၊ ဉာဏဿနေရာ၌ ဝိညာဏဿရှိလျှင် "ဣဒဉ္စ ပန မေ ဝိညာဏံ" ဟူသောပါဠိတော်နှင့် သာ၍ ထပ်မိ၏၊ ထို့ကြောင့် ဋီကာသစ်၌ "ဝိညာဏဝ" ဟုရှိသည်။]
ဣဒံ ဝိပဿနာဉာဏံ။ ။ ဝိပဿနာဉာဏ်တွင် အထွဋ်အထိပ်ဖြစ်သော ဂေါတြဘု ဉာဏ်ကိုရည်ရွယ်၍ "မဂ္ဂဉာဏနန္တရံ" ဟု ဆိုသည်၊ ထို ဂေါတြဘုဉာဏ်ကိုယူလိုက်သဖြင့်ဝိပဿနာဉာဏ်အားလုံးကိုလည်းယူပြီးဖြစ်တော့၏။ [တတ္ထ မဂ္ဂဉာဏာနန္တရံတိ သိခါပတ္တ ဝိပဿနာဘူတံ ဂေါတြဘုညာဏံ သန္ဓာယ ဝုတ္တံ၊ တဒေဝ ဟိ အရဟတ္တမဂ္ဂဿ သဗ္ဗေသံဝါမဂ္ဂဖလာန မနန္တရံ ဟောတိ၊ ပဓာနတော ပန တဗ္ဗဝနေနေဝ သဗ္ဗဿာပိ ဝိပဿနာဉာဏဿ ဂဟဏံ ဒဋ္ဌဗ္ဗံ၊ အဝိသေသတော (အခြား ဝိပဿနာဉာဏ် ဂေါတြဘုဉာဏ်ဟု အထူးမပြုသောအားဖြင့်) တဿ ဣဓ ဝုတ္တတ္တာ-ဋီကာသစ်။]
မဂ္ဂညာဏာနန္တရံ။ ။ဝိပဿနာဉာဏ်သည်မဂ်ဉာဏ်အား အနန္တရသတ္တိဖြင့်ကျေးဇူးပြုနိုင်သောကြောင့် "မဂ္ဂညာဏာနန္တရံ" ဟု ဆိုသည်၊ ထို့ကြောင့် "မဂ္ဂညာဏာနန္တရံ မဂ်ဉာဏ်၏ အခြားမဲ့ဖြစ်၏" ဟု မပေးရ၊ "မဂ်ဉာဏ်၏ အနန္တရပစ္စည်း (မဂ်ဉာဏ်အား အနန္တရ သတ္တိဖြင့်ကျေးဇူးသောပြုသောတရား) "ဟု ပေးရသည်။ ["အနန္တရ-အကြားမရှိ" ဟူရာ၌ ရှေ့ဖြစ်သောအနန္တရလည်းရှိ၏၊ "တဿာ နန္တရမေဝ" စသည်ဖြင့်လာရာ၌ နောက်ဖြစ်သောအနန္တရလည်းရှိ၏။ ဤ၌ ရှေ့ဖြစ်သောအနန္တရကိုယူပါ။]
မှတ်ချက်။ ။ မဂ္ဂညာဏာနန္တရံ၌ မဂ္ဂအရ မဂ် ၄ ပါးလုံးကိုလည်းကောင်း, အရဟတ္တမဂ်ကိုသာလည်းကောင်း ဖွင့်ကြ၏၊ ထိုတွင် အဘိညာဉ် ၆ ပါးနှင့်စပ်၍ ပြအပ်သောစကားဖြစ်သောကြောင့် အာသဝက္ခယ အဘိညာဉ်ဖြစ်သော အရဟတ္တမဂ်ကိုယူမှ ပကရဏ အားလျော်သည်ဟုမှတ်ပါ။
ဧဝံ သန္နေပိ၊ ဤသို့ဖြစ်ပါသော်လည်း။ ယသ္မာ၊ ကြောင့်။ အဘိညာဝါရေ၊ အဘိညာဉ် ၆ ပါး၏ ဝါရကို။ အာရဒ္ဓေ၊ အားထုတ်အပ်ပြီးလသော်။ ဧတဿ၊ ဤဝိဿနာဉာဏ်၏။ အနန္တရာ၊ အဘိညာဉ် ၆ ပါးတို့၏ အကြား၌။ ဝါရော၊ အလှည့်အကြိမ်သည်။ နတ္ထိ၊ မရှိတော့။ [လောကီအဘိညာဉ်ကို ပြပြီးသည့်အခါ အာသဝက္ခယ အဘိညာဉ်ကိုဆက်၍ အာကင်္ခေယျသုတ်စသည်၌ ပြလေ့ရှိ၏။ ထိုအတိုင်းဆက်၍ ပြသောအခါ ဝိပဿနာဉာဏဝါရ အခွင့်မရတော့- ဟူလို။] တသ္မာ၊ ကြောင့်။ ဣဓေဝ၊ အဘိညာဉ် ၆ ပါးတို့၏ ရှေ့ဖြစ်သော ဤအရာ၌ပင်။ ဒဿိတံ၊ ပြတော်မူအပ်ပြီ။
စ၊ သည်သာမကသေး။ ယသ္မာ၊ အကြင့်ကြောင့်။ အနိစ္စာဒိဝသေန၊ အနိစ္စအစရှိသည်တို့၏ အစွမ်းဖြင့်။ အကတသမ္မသနဿ၊ ပြုအပ်ပြီးသောသမ္မသနဉာဏ်မရှိသောယောဂီပုဂ္ဂိုလ်၏။ ဝါ၊ သည်။ ဒိဗ္ဗာယသောတဓာတုယာ၊ ဒိဗ္ဗံသောတ အဘိဉာဏ်ဖြင့်။ဧဝံ သန္တေပိ။ ။ ဤပုဒ်သည်ပန (တထာပိ) ကဲ့သို့ စောဒက၏ အာဘောဂကို လက္ခဏ အရုစိတင်သော(စောဒက၏ အာဘောဂကိုမနှစ်သက်ကြောင်းပြသော) နိပါတ် ၂ ခုအပေါင်းတည်း၊ ထို့ကြောင့် ပန (တထာပိ) ရှေ့က ကိဉ္စာပိဝါကျရှိသကဲ့သို့ ဤဝါကျ၏ ရှေ့ကဝါကျ၌ ကိဉ္စာပိထည့်လျှင် "ကိဉ္စာပိ ဝိပဿနာညာဏံ မဂ္ဂညာဏာနန္တရံ" ဟု စောဒကာ ဘောဂကိုချီးမြောက်သောဝါကျဖြစ်နိုင်၏၊ ဧဝံသန္တေပိကိုလည်း တသ္မာ ၃ ချက်၏နောက်၌ရှိသော"ဣဓေဝ (ဣဓ အာဒိတောဝ) ဒဿိတံ" ၃ ချက်၌ စပ်ပါ၊ ထိုစပ်ရာပုဒ်ကိုကြည့်၍ အောက်ပါစောဒနာဝါကျဖြစ်နိုင်သည်။
အာစရိယ နနု ဝိပဿနာညာဏံ မဂညာဏာ နန္တရံ၊ အထ ကသ္မာ ဣဓေဝ (အဘိညာဉ် ၆ ပါးတို့၏ ရှေ့ဖြစ်သောဤအရာ၌ပင်) ဒဿိတံ၊ ဤသို့ဖြစ်နိုင်သောကြောင့် ဋီကာသစ်၌ "ယသ္မာ ပနိဒံ ဝိပဿနာညာဏံ မဂ္ဂညာဏာနန္တရံ ဟောတိ ၊ပေ၊ စောဒနာလေသံ ဒဿေတွာ ပရိဟရန္တော ဣဒဉ္စ ဝိပဿနာညာဏံတိ အာဒိမာဟ" ဟု မိန့်သည်။
အန္တရာဝါရော။ ။ အဘိညာဉ်တို့ကိုစ၍ အားထုတ်သောအခါ ဤဝိပဿနာ ဉာဏ်သည်အဘိညာဉ်၏လက္ခဏာ မရှိသောကြောင့် လောကီအဘိညာဉ် ငါးပါး၏အပြီး အာသဝက္ခယအဘိညာဉ်၏ ရှေ့၌ ဝင်ဖို့ရန် အလှည့်အကြိမ်မရနိုင်၊ ထို့ကြောင့် ထိုအဘိညာဉ်တို့၏အကြား၌ ဝင်ခွင့်မရသည့်အတွက် ဤစတုတ္ထဈာန်၏ အခြားမဲ့၌ ဟောတော်မူရသည်။ ယသ္မာ စ။ ။ စသဒ္ဒါသည် သမုစ္စည်းအနက်ရှိ၏၊ "ဝိပဿနာဉာဏ်ကို ဤနေရာဝယ် ပြရခြင်း၌ ထိုဆိုအပ်ပြီးသောအကြောင်းသာမက အခြားအကြောင်းလည်းရှိသေး၏" ဟု ဆည်းသည်၊ စ သဒ္ဒါကိုအတ္ထန္တရဝိကပ္ပန (အနက်တစ်မျိုးကိုသီးခြားစီရင်သောဝိကပ်) အနက်ဟော" ဟုလည်းဆိုကြသေးသတတ်၊ ထို့ကြောင့် ဋီကာသစ်၌ "အတ္ထန္တရဒဿနမှိ, စ သဒ္ဓေါ ယဒိ ဒိဿတိ၊ သမုစ္စယေ ဝိကပ္ပေ သော, ဂဟေတဗ္ဗော ဝိဘာဝိနာ" ဟု မိန့်သည်။
ဘေရဝံ၊ ကြောက်တတ်သူ၏ ဥစ္စာဖြစ်သော။ ဝါ၊ ကြောက်မက်ဖွယ်ကောင်းသော။ သဒ္ဒံ၊ အသံကို။ သုဏတော၊ ကြားရသော်လည်းကောင်း။ ပုဗ္ဗေနိဝါသာနုဿတိယာ၊ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ဖြင့်။ ဘေရဝေ၊ ကုန်သော။ ဝါ၊ ကုန်သော။ ခန္ဓေ၊ ခန္ဓာတို့ကို။ အနုဿရတော၊ အစဉ်လျှောက်၍ အောက်မေ့ရသော်လည်းကောင်း။ ဒိဗ္ဗေန စက္ခုနာ၊ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်။ ဘေရဝံ၊ သော။ ဝါ၊ သော။ ရူပံပိ၊ အဆင်းကိုလည်း။ ပဿတော၊ မြင်ရသော်လည်းကောင်း။ ဘယသန္တာသော၊ ကြောက်ခြင်း, ထိတ်လန့်ခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်တတ်၏။ အနိစ္စာဒိဝသေန၊ ဖြင့်။ ကတသမ္မသနဿ၊ ပြုအပ်ပြီးသော သမ္မသနဉာဏ်ရှိသော ယောဂီပုဂ္ဂိုလ်၏။ (ဘယသန္တာသော၊ သည်။) န (ဥပ္ပဇ္ဇတိ)၊ မဖြစ်။ တသ္မာ၊ ထို့ကြောင့်။ (ယသ္မာအတွင်းရှိ ၃ ဝါကျကို အကျယ်ပြန်၍စွဲ။) အဘိညံ၊ အဘိညာဉ်သို့။ ပတ္တဿ၊ ရောက်သော ယောဂီပုဂ္ဂိုလ်၏။ ဘယဝိနောဒနဟေတုသမ္ပာဒနတ္တမ္ပိ၊ ဘေးကိုပယ်ဖျောက်ခြင်း၏ အကြောင်းဖြစ်သော ဝိပဿနာဉာဏ်ကို ပြီးစီးစေခြင်း အကျိုးငှာလည်း။ ဣဒံ၊ ဤဝိပဿနာဉာဏ်ကို။ ဣမေဝ၊ အဘိညာဉ် ၆ ပါးတို့၏ရှေ့ဖြစ်သော ဤအရာ၌ပင်။ ဒဿိတံ၊ ပြီ။
အပိစ၊ ရှေ့နည်းသာ မကသေး။ ယသ္မာ၊ ကြောင့်။ ဧတံ ဝိပဿနာသုခံနာမ၊ ဤဝိပဿနာချမ်းသာမည်သည်။ မဂ္ဂဖလသုခသမ္ပာဒကံ၊ မဂ်ချမ်းသာ ဖိုလ်ချမ်းသာကို ပြီးစေတတ်သော။ ပါဋိယေက္ကံ၊ အသီးအခြားတစ်ပါးသော။ သန္ဒိဋ္ဌိကံ၊ ကိုယ်တိုင်တွေ့မြင်ခြင်းကိုထိုက်သော။ သာမညဖလံ၊ ရဟန်းအဖြစ်၏အကျိုးတည်း။ တသ္မာပိ၊ ထို့ကြောင့်လည်း။ အာဒိတောဝ၊ အဘိညာဉ် ၆ ပါးတို့၏အစ၌ပင်။ ဣဒံ၊ ဤဝိပဿနာဉာဏ်ကို။ ["အာဒိတောဝ"ဟု ပါပြီးဖြစ်၍ "ဣဓ"အပို။] ဒဿိတံ။ ဣတိ ဝေဒိတဗ္ဗံ။ဘေရဝံ။ ။ ဘီရုနော+ဣဒံ ဘေရဝံ (ကြောက်တတ်သူ၏ ဥစ္စာ၊) "ကြောက်တတ်သူ၏+ဥစ္စာ"ဟူသည်ကြောက်စရာကောင်းသောအာရုံတည်း၊ ထို့ကြောင့် "ကြောက်မက်ဖွယ် အာရုံ"ဟု ပေးကြသည်။[ဘီဓာတ် ကြု ပစ္စည်းဖြင့်(က်),အနုဗန်ချေ၍ "ဘီရု"ဟုဖြစ်၏၊ ဘယံ+သီလံ ယဿာတိ ဘီရု။]
အပိစ။ ။ ပါဠိတော်အစဉ်ရှိသည့်အတိုင်း အသင့်ဆုံးတစ်နည်း ပြလို၍ "အပိစ" စသည်ကိုမိန့်သည်၊ ဝိပဿနာဉာဏ်ကြောင့် ပါမောဇ္ဇ ပီတိ ပဿဒ္ဓိတို့ အစဉ်အတိုင်းဖြစ်ပြီးသောအခါဖြစ်ပေါ်လာသောသုခကို"ဝိပဿနာသုခ"ဟု ခေါ်၏၊ ထိုဝိပဿနာသုခသည်မဂ္ဂဖလသုခကို ဖြစ်စေနိုင်သော သန္ဒိဋ္ဌိက သာမညဖလတည်း၊ ထိုသို့ သီးခြားသာမညဖလဖြစ်သောကြောင့် အဘိညာဉ်တို့၏အစ၌ သီးခြားပြတော်မူသည်။ ဤနည်းသည် ပါဠိတော်အစဉ်နှင့် နှီးနှောမိသောကြောင့် အသင့်ဆုံးနည်း ဟု ဆိုကြသတတ်။]