Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Sīlakkhandhavaggaṭṭhakathā
(DN) Sīlakkhandhavaggaṭṭhakathā

4. Soṇadaṇḍasuttavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဧဝံ မေ သုတံ ၊ ပေ၊ အင်္ဂေသူတိ၊ ဧဝံ မေ သုတံ ၊ ပေ၊ အင်္ဂေသုဟူသော ဤသုတ်သည်။ ဝါ၊ ဧဝံ မေ သုတံ ၊ ပေ၊ အင်္ဂေသု အစအပိုင်းအခြားရှိသော ဤသုတ်သည်။ **သောဏဒဏ္ဍသုတ္တံ**၊ သောဏဒဏ္ဍသုတ်တည်း။ [အင်္ဂေသူတိ သောဏဒဏ္ဍသုတ္တံ၏ အဓိပ္ပာယ်ကို "ကောသလေသူတိ အမ္ဗဋ္ဌသုတ္တံ" တုန်းကအတိုင်းသိပါ။]
တတြ၊ ထိုသောဏဒဏ္ဍသုတ်၌။ အယံ၊ ဤဆိုအပ်လတံ့ကား။ အပုဗ္ဗပဒဝဏ္ဏနာ၊ ရှေးမဟုတ်သောပုဒ်တို့၏ အဖွင့်တည်း။
ဝါ၊ အသစ်ဖြစ်သောပုဒ်တို့၏ အဖွင့်တည်း။ **အင်္ဂေသူ**တိ(ဧတ္ထ)၊ ပါဌ်၌။ အင်္ဂါနာမ၊ အင်္ဂါတို့မည်သည်။ အင်္ဂပါသာဒိကတာယ၊ လက်, ခြေစသော အင်္ဂါတို့၏ ကြည်လင်ခြင်းကို ဖြစ်စေတတ်ကုန်သည်၏အဖြစ်ကြောင့်။ ဧဝံ၊ ဤသို့ အင်္ဂါတို့ဟူ၍။ လဒ္ဓဝေါဟာရာ၊ ရအပ်သော အခေါ်အဝေါ် ရှိကုန်သော။ ဇနပဒိနော၊ ဇနပုဒ်ရှိကုန်သော။ ဝါ၊ ဇနပုဒ်၏ အစိုးရဖြစ်ကုန်သော။ ရာဇကုမာရာ၊ မင်းသားတို့တည်း။ တေသံ၊ ထိုမင်းသားတို့၏။ နိဝါသော၊ နေရာဖြစ်သော။ ဧကောပိ ဇနပဒေါ၊ ဇနပုဒ်တစ်ခုတည်းကိုလည်း။ [တစ်နည်း ဧကော၊ သည်။ (သမာနော)ပိ၊ ဖြစ်ပါသော်လည်း။ ဇနပဒေါ၊ ကို။] ရုဠှီသဒ္ဒေန၊ အတင်ရဠှီသဒ္ဒါအားဖြင့်။ ဝါ၊ အတင်ရုဠှီသဒ္ဒါ၏ အဖြစ်ကြောင့်။ အင်္ဂါတိ၊ အင်္ဂါဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ အင်္ဂေသု၊ အင်္ဂါဟု ဗဟုဝုစ်အမည်ရသော။ တသ္မိံ ဇနပဒေ၊ ထိုဇနပုဒ်၌။ ("စာရိကံ စရမာနော" ဟု ပါဠိတော်၌စပ်)။အင်္ဂါနာမ ၊ပေ၊ ရာဇကုမာရာ။ ။ အင်္ဂီယတေ ဉာယတေ သမုဒါယော ဧတေနာတိ အင်္ဂံ-အပေါင်း (တစ်ကိုယ်လုံး) ကို သိကြောင်းဖြစ်သောကြောင့် ကိုယ်အင်္ဂါအစိတ်သည်အင်္ဂမည်၏။ [အင်္ဂ-ဂမနေဓာတ်, အပစ္စည်း။] ထိုထိုကိုယ်အင်္ဂါတို့က ထူးထူးခြားခြား လှပသောကြောင့် "အင်္ဂါနိ (လှပသော အင်္ဂါတို့သည်) + ဧတေသံ + အတ္ထိ" အရ မင်းသားတို့ကို "အင်္ဂါ" ဟု ခေါ်ရသည်။ အဿတ္ထိအနက်၌ဏပစ္စည်း။
မှန်၏ - အဿတ္ထိဟူသည်ရှိကာမတ္တ (ရှိရုံမျှ) မဟုတ်။ "ပဟူတေ စ ပသံသာယံ" စသည်နှင့် အညီ ပဟူတအနက် ဖြစ်စေ, ပသံသာအနက်စသော အနက်ဖြစ်စေ အနက်အပိုပါဝင်ရသေး၏။ ဤ၌အတိသယ (သူများထက် သာလွန်သော) အနက်အပိုဝင်သော အဿတ္ထိ အနက်၌ဏပစ္စည်းသက်ထားသည်။ [သုန္ဒရဘာဝေန သာတိသယာနိ အင်္ဂါနိ ဧတေသံ အတ္ထီတိ အင်္ဂါ-ဋီကာ။]
တေသံ နိဝါသော။ ။ ထိုမင်းသားတို့၏ နေရာဇနပုဒ်ကိုလည်း (တစ်ခုတည်း) ဖြစ်စေကာမူ) မင်းသားတို့၏ အင်္ဂါဟူသော ဗဟုဝုစ်နာမည်ကို တင်စားသော အတင်ရုဠီအားဖြင့် "အင်္ဂါ" ဟု ဗဟုဝုစ်နာမည်ဖြင့် ခေါ်ရသည်။ ဥပစာရအားဖြင့်ကား ဌာနီမင်းသားတို့၏ အမည်ကို ဌာနဇနပုဒ်၌တင်စားအပ်သော ဌာနျူပစာရတည်း။ [အကျယ်အဓိပ္ပာယ်ကို အမ္ဗဋ္ဌ သုတ်အစ ကောသလေသု ဇနပဒေ အဖွင့်၌ရှုပါ။]
**စာရိကန္တိ**၊ ကား။ ဣဓာပိ၊ ဤသောဏဒဏ္ဍသုတ်၌လည်း။ အတုရိတစာရိကာစေဝ၊ အလျင်အမြန်မဟုတ်သော ကြွချီတော်မူခြင်းကိုလည်းကောင်း။ အနိဗဒ္ဓစာရိကာစ၊ တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်နှင့် မစပ်ဖွဲ့သော ကြွတော်မူခြင်းကိုလည်းကောင်း။ အဓိပ္ပေတာ၊ အလိုရှိအပ်၏။ [အပိဖြင့် အမ္ဗဋ္ဌသုတ် အဋ္ဌကထာ၌ပြခဲ့သော အတုရိတစာရိကာ, အနိဗဒ္ဓစာရိကာကိုပေါင်း။ ဣဓာပိ အဓိပ္ပေတာ။ န အမ္ဗဋ္ဌသုတ္တေ ဧဝ။- ဋီကာသစ်။]
ကိရ၊ ချဲ့။ တဒါ၊ ထိုအခါ၌။ ဘဂဝတော၊ ၏။ ဝါ၊ သည်။ ဒသသဟဿိလောကဓာတုံ၊ တစ်သောင်းအတိုင်းအရှည်ရှိသော လောကဓာတ်ကို။ ဩလောကေန္တဿ၊ ကြည့်တော်မူလတ်သော်။ သောဏဒဏ္ဍော၊ သောဏဒဏ္ဍမည်သော။ ဗြာဟ္မဏော၊ သည်။ ဉာဏဇာလဿ၊ သဗ္ဗညုတာဉာဏ် တည်းဟူသော ကွန်ယှက်၏။ အန္တော၊ အတွင်း၌။ ပညာယိတ္ထ၊ ထင်ရှားပြီ။
အထ၊ ထင်ရှားရာထိုအခါ၌။ ဘဂဝါ၊ သည်။ အယံ ဗြာဟ္မဏော၊ သည်။ မယုံ၊ ငါ၏။ ဉာဏဇာလေ၊ ၌။ ပညာယတိ၊ ၏။
အဿ၊ ထိုပုဏ္ဏား၏။ ဥပနိဿယော၊ အားကြီးသောမှီရာအကြောင်းသည်။ အတ္ထိ နုခေါ၊ ရှိလေသလော။ ဣတိ၊ သို့။ ဝီမံသန္တော၊ စူးစမ်း တော်မူလတ်သော်။ အဒ္ဒသ၊ မြင်တော်မူပြီ။
(ကိံ၊ အဘယ်သို့ မြင်တော်မူသနည်း။) မယိ၊ ငါဘုရားသည်။ တတ္ထ၊ ထိုဇနပုဒ်သို့။ ဂတေ၊ ကြွတော်မူလတ်သော်။ ဧတဿ၊ ဤပုဏ္ဏား၏။ အန္တေဝါသိနော၊ အနီးနေတပည့်တို့သည်။ ဒွါဒသဟိ၊ ၁၂ ပါးကုန်သော။ အာကာရေဟိ၊ အကြောင်းအရာတို့ဖြင့်။ ဗြာဟ္မဏဿ၊ ၏။ ဝဏ္ဏံ၊ ဂုဏ်ကို။ ဘာသိတွာ၊ ပြော၍။ မမ၊ ငါဘုရား၏။ သန္တိကေ၊ အထံသို့။ အာဂန္တုံ၊ လာခြင်းငှာ။ ဝါ၊ လာခွင့်ကို။ န ဒဿန္တိ၊ မပေးကြကုန်လတံ့။ [လာခြင်း၌အပြစ်ကိုပြ၍ တားမြစ်သောအားဖြင့် လာခွင့်ပေးကြလိမ့်မည်မဟုတ်။]
ပန၊ ထိုသို့ပင်မပေးကြပါသော်လည်း။ သော၊ ထိုပုဏ္ဏားသည်။ တေသံ၊ ထိုအနီးနေတပည့်တို့၏။ ဝါဒံ၊ ဝါဒကို။ (ရှင်ဂေါတမထံ မသွားထိုက်ဟူသော ဝါဒကို။) ဘိန္ဒိတွာ၊ ဖျက်၍။ ဧကူနတိံသာယ၊ တစ်ခုယုတ် သုံးဆယ်သော။ အာကာရေဟိ၊ အကြောင်းအရာတို့ဖြင့်။ မမ၊ ငါ၏။ ဝဏ္ဏံ၊ ဂုဏ်ကို။ ဘာသိတွာ၊ ၍။ မံ၊ ငါဘုရားကို။ ဝါ၊ သို့။ ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။ ပဉှံ၊ ပြဿနာကို။ ပုစ္ဆိဿတိ၊ မေးလတံ့။
သော၊ ထိုပုဏ္ဏားသည်။ ပဉှဝိသဇ္ဇနပရိယောသာနေ၊ ပြဿနာ ဖြေဆိုခြင်း၏ အဆုံး၌။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂမိဿတိ၊ ဆည်းကပ်လတ္တံ့။ ဣတိ၊ ဤသို့မြင်တော်မူပြီ။ ဒိသွာ၊ ၍။ [စာအုပ်တို့၌"ဒိသွာ" တိုက်ရိုက်ပါ၏။ မပါသော်လည်း အပိုထည့်နိုင်သည်။] ပဉ္စသတဘိက္ခုပရိဝါရော၊ ငါးရာသော ရဟန်းအခြံအရံရှိတော်မူသည်။ (ဟုတွာ။) တံဇနပဒံ၊ ထိုအင်္ဂါဇနပုဒ်သို့။ ပဋိပန္နော၊ ကြွတော်မူပြီ။
တေန၊ ထိုကြောင့်။ အင်္ဂေသု ၊ ပေ၊ တဒဝသရီတိ၊ ဟူ၍။ (အာယသ္မတာဘာနန္ဒတ္ထေရေန။) ဝုတ္တံ၊ လျှောက်အပ်ပြီ။
**ဂဂ္ဂရာယ ၊ ပေ၊ တီရေ**တိ၊ ကား။ တဿ စမ္ပာနဂရဿ၊ ထိုစမ္ပာမြို့၏။ အဝိဒူရေ၊ အနီး၌။ ဂဂ္ဂရာယနာမ၊ ဂဂ္ဂရာမည်သော။ ရာဇဂ္ဂမဟေသိယာ၊ မင်း၏မြတ်သော မိဖုရားသည်။ ဝါ၊ မင်း၏ မိဖုရားခေါင်သည်။ ခဏိတတ္တာ၊ တူးအပ်သည်၏အဖြစ်ကြောင့်။ ဂဂ္ဂရာတိ၊ ဂဂ္ဂရာဟူ၍။ လဒ္ဓဝေါဟာရာ၊ ရအပ်သော အ‌ခေါ်အဝေါ်ရှိသော။ ပေါက္ခရဏီ၊ ရေကန်သည်။ အတ္ထိ၊ ရှိ၏။ [အကြောင်း မိဖုရား၏ အမည်ကို အကျိုးရေကန်၌တင်စားသော ကာရဏူပစာအမည်တည်း။
တဿာ၊ ထိုရေကန်၏။ တီရေ၊ ကမ်းနား၌။ သမန္တတော၊ ပတ်ဝန်းကျင်၌။ နီလာဒိပဉ္စဝဏ္ဏကုသုမပဋိမဏ္ဍိတံ၊ အညိုအစရှိသော ၅ မျိုးသောအဆင်းရှိသော ပန်းတို့ဖြင့် တန်ဆာဆင်အပ်သော။ မဟန္တံ၊ ကြီးသော။ စမ္ပကဝနံ၊ စကားတောသည်။ (အတ္ထိ။)
ဘဂဝါ၊ သည်။ ကုသုမဂန္ဓသုဂန္ဓေ၊ ပန်းရနံ့တို့ဖြင့် ကောင်းသောနံ့ရှိသော။ တသ္မိံ စမ္ပပကဝနေ၊ ထိုစကားတော၌။ ဝိဟရတိ၊ သီတင်းသုံးတော်မူ၏။
တံ၊ ထိုစကားတောကို။ သန္ဓာယ၊ ရည်ရွယ်၍။ ဂဂ္ဂရာယ ၊ ပေ၊ တီရေတိ၊ ဟူ၍။ (အာယသ္မတာ အာနန္ဒတ္ထေရေန။) ဝုတ္တံ။
**မာဂဓေန ၊ ပေ၊ သာရေနာ**တိ ဧတ္ထ၊ ပါဌ်၌။ (အဝယဝတ္ထော၊ အစိတ်ဖြစ်သော အနက်ကို။ ဧဝံ ဝေဒိတဗ္ဗော။) သော ရာဇာ၊ သည်။ မဂဓာနံ၊ မဂဓာဟု ဗဟုဝုစ်အမည်ရသော ဇနပုဒ်၏။ ဣဿရတ္တာ၊ အစိုးရသည်၏ အဖြစ်ကြောင့်။ **မာဂဓော**၊ မာဂဓမည်၏။ ["မာဂဓေန- မဂဓဟု ဗဟုဝုစ်အမည်ရသော ဇနပုဒ်၏အစိုးအရဖြစ်သော" ဟု ပါဠိတော်၌ပေးပါ။]နီလာဒိပဉ္စဝဏ္ဏကုသုမ။ ။ အမရကောသ၌ "စမ္ပကော ဟေမပုပ္ဖကော-ရွှေ အဆင်းရှိသော ပန်း၊ ဝါ-စကားဝါပန်း" ဟု ရှိ၏။ ထိုမြို့ကိုတည်စဉ်က စမ္ပကပန်းပင်တွေများစွာရှိသောကြောင့် "စမ္ပာမြို့" ဟု မှည့်ခဲ့ကြ၏။ [ဌာနီစမ္ပကတို့၏ အမည်ကို ဌာနမြို့၌တင်စား၍ ဌာနျူပစာရအားဖြင့် မှည့်ခဲ့ကြသည်-ဟူလို။] ဤနေရာ၌အဝါသာမကဘဲ အဘယ့်ကြောင့် "ပဉ္စဝဏ္ဏကုသုမ" ဟု ဆိုရပါသနည်းဟု မေးဖွယ်ရှိသောကြောင့် ဋီကာ၌ "နီလာသောက (အသောက-အညို) ကဏိကာရ (မဟာလှေကား) ကောဝိဠာရ (ပင်လယ်ကသစ်ပန်း) ကုန္ဒ (သင်းခွေပန်း) ရာဇရုက္ခေဟိ (ငုပန်းတို့ဖြင့်) သမ္ပိဿတာယ တံ စမ္ပကဝနံ နီလာဒိပဉ္စဝဏ္ဏကုသုမပဋမဏ္ဍိတံ ဒဋ္ဌဗ္ဗံ"ဟု အကြောင်းပြသည်။ ဋီကာသစ်၌ကား ထိုနည်းအပြင် စကားပန်းသည်စကားပွင့်ညို, စကားစိမ်း, စကားနီ, စကားဖြူ စကားဝါဟု ၅ မျိုးသောကြောင့် "နိလာဒိ ပဉ္စဝဏ္ဏကုသုမ" ဆိုသည်ဟု တစ်နည်းဖွင့်သေး၏။ သို့သော် "နီလာဒိ ပဉ္စဝဏ္ဏစမ္ပက" ဟု မဆိုဘဲ "ကုသုမ"ဟု ပန်းသာမည ဆိုသောကြောင့် ထိုနည်းကို စဉ်းစားပါ။
ဘဂဝါ ၊ပေ၊ ဝိဟရတိ။ ။ မြို့တည်တုန်းက များစွာပေါက်လျက်ရှိသော စမ္ပကပန်းပင်တို့သည် နောက်အခါလည်း (ဘုရားရှင် ကြွလာတော်မူချိန်တိုင်အောင်) မျိုးအဆက်ဆက် ဆက်၍ပေါက်လျက်ရှိနေကြသေးသောကြောင့် "ဘဂဝါ ကုသုမဂန္ဓသုဂန္ဓေ" စသည်ကို အဋ္ဌကထာ မိန့်သည်။ [ဘဂဝါ ကုသုမဂန္ဓံ သုဂန္ဓေ စမ္ပကဝနေ ဝိဟရတီတိ ဣမိနာန မာပနကာလေဧဝ တသ္မိံ နဂရေ စမ္ပကရုက္ခာ ဥဿန္နာ၊ (မြို့တည်စဉ်ကသာ များသည်မဟုတ်သေး။) အထခေါ အပရဘာဂေပီတိ ဒဿေတိ၊-ဋီကာ။]
မဟတိယာစ၊ များစွာသော။ သေနာယ၊ စစ်တပ်နှင့်။ သမန္နာဂတ္တာ၊ ပြည့်စုံသည်၏အဖြစ်ကြောင့်။ သေနိယော၊ မည်၏။ ["သေနိယေန၊ များသောစစ်တပ်ရှိသော" ဟု ပေးပါ။]
သုဝဏ္ဏံ၊ ရွှေသည်။ ဗိမ္ဗိတိ၊ ဗိမ္ဗီမည်၏။
တသ္မာ သာရသုဝဏ္ဏ သဒိသဝဏ္ဏတာယ၊ ထိုသို့ကောင်းမြတ်သော ရွှေအဆင်းနှင့်တူသော အဆင်းရှိသည်၏ အဖြစ်ကြောင့်။ ဗိမ္ဗိသာရောတိ၊ ဗိမ္ဗိသာရဟူ၍။ ဝုစ္စတိ၊ ၏။မာဂဓော။ ။ ဤပုဒ်နှင့်စပ်၍ မှတ်ဖွယ်ကို သာမညဖလသုတ် ရာဇမစ္စကထာအဖွင့်၌ပြခဲ့ပြီ။ ရှေးဆရာတို့ကား "မဂဓာနံ-မဂဓတိုင်းသူ၊ တိုင်းသားတို့ကို။ ဣဿရော-အစိုးရသူတည်း" ဟု ပေးကြ၏။ မဂဓာနံကို ပုဂ္ဂိုလ်ရအောင်ပေးခြင်းသည်သဗ္ဗော ဂါမော အာဂတောကဲ့သို့ အဘေဒေါပစာကြံ၍ ပေးခြင်းတည်း။ ဣဿရ၏ ယှဉ်ရာ၌ဆဋ္ဌီကံရှိရမည်ဟု မဆိုသောကြောင့် ထိုအနက်ပေးနည်းကို စဉ်းစားပါ။ စူဠဒုက္ခက္ခန္ဓသုတ် အဋ္ဌကထာ၌ကား "မဂဓရဋ္ဌဿဣဿရော" ဟုလည်း ဖွင့်၏။ ရဋ္ဌနှင့် တွဲသောအခါ ရဋ္ဌသဒ္ဒါက ဧကဝုစ်ဖြစ်သောကြောင့် သင့်ပါ၏။
သေနိယော။ ။ "သေနာ (စစ်တပ်) + ယဿ+အတ္ထီတိ သေနိကော" ဟု ဣက ပစ္စည်းဖြင့် မူရင်းတည်း။ ကကို ယပြု၍ "သေနိယော" ဟု ဖြစ်ရသည်။ "စစ်တပ်ရှိ" ဟူရာ၌အနည်းငယ်မျှရှိခြင်းကို မဆိုလို။ "များစွာရှိသောအရှိ" ကို ဆိုလိုသည်ဟု ပြလို၍ "မဟတိယာ" ဟု ဝိသေသနပြုသည်။ "ပဟူတေစ ပသံသာယံ" စသောဂါထာနှင့်အညီ ပဟူတအနက် အထူးရှိသော အဿတ္တိအနက်၌ဣကပစ္စည်းဟု ဆိုလိုသည်။ [အတ္ထိကာ စေတ္ထ ဗဟုဘာဝ ဝိသိဋ္ဌာတိဝုတ္တံ မဟတိယာ သေနာယ သမန္နာဂတတ္တာတိ၊-ဋီကာ။]
ဗိမ္ဗီ။ ။ ဝီဓာတ်သည်ကန္တိ (နှစ်သက်ခြင်း) အနက်ကိုလည်း ဟော၏။ ဝီယတေ- နှစ်သက်အပ်၏။ ဣတိ ဗိမ္ဗံ၊ ဂီဓာတ်နှောင် ဝန်ပစ္စည်း, မုမ်အက္ခရာလာ၊ မန်+ဥ+မ် အနုဗန်တို့ကိုချေ။ "ဝီမ်ဝ ဟု ဖြစ်၏။ ဝတို့ကို ဗပြု။ (ဤ) ကို ရဿပြု၍ "ဗိမ္ဗံ-နှစ်သက်ဖွယ်" ဟု ဖြစ်၏။ "ဗိမ္ဗံ+ယဿာတိ ဗိမ္ဗာ, ဗိမ္ဗီ၊" (ဣတ္ထိဇောတက အာပစ္စည်း, ဤပစ္စည်း) ဟု ထောမနိဓိဆို၏။ ဤနည်းအရ နှစ်သက်ဖွယ်ရှိသောရွှေကို "ဗိမ္ဗီ" ဟု ခေါ်သောကြောင့် "ဗိမ္ဗီတိ သုဝဏ္ဏံ" ဟုဖွင့်သည်။"
ဗိမ္ဗိသာရော**။ ။ သာရော ဗလေ ထိရံသေစ, ဥတ္တမေ သော တိလိင်္ဂိကော၊ အဘိဓာန် (၉၃၃) နှင့်အညီ ဤ၌သာရသဒ္ဒါသည်ဥတ္တမ အနက်ဟောတည်း။ ဗိမ္ဗီစ+သာ+သာရောစာတိ ဗိမ္ဗိသာရော-ကောင်းမြတ်သောရွှေ။ ဝိသေသနပရပဒကမ္မဓာရည်း, မဇ္ဈေရဿ၊ ထိုရွှေအဆင်းနှင့်တူသော အဆင်းရှိသောကြောင့် "ဗိမ္ဗိသာရော ဝိယာတိ ဗိမ္ဗိသာရော" ဟုပြု၍ ထိုမင်းကို ဗိမ္ဗိသာရ" ဟု ခေါ်၏။ ထို့ကြောင့် "သာရသုဝဏ္ဏသဒိသဝဏ္ဏတာယ ၊ ပေ၊ ဝုစ္စတိ" ဟု ဖွင့်သည်။ [မူလပံ, စူဠဒုက္ခက္ခန္ဓသုတ် အဋ္ဌကထာ၌အတ္တဘောကို "ဗိမ္ဗီ" ဟု ဖွင့်၍ ကောင်းမြတ်သောအတ္တဘော ရှိသောကြောင့် "ဗိမ္ဗိသာရ" ခေါ်ကြောင်းကို တစ်နည်းဖွင့်သေး၏။]
(ယေ၊ အကြင်ဗြာဟ္မဏ, ဂဟပတိကတို့ကို။) ဗဟူ၊ များကုန်သည်။ [အချို့ စာအုပ်၌ "ဗဟူဗဟူ၊ များကုန် များကုန်သည်" ဟု ရှိ၏။] ဟုတွာ၊ ၍။ သံဟတာ၊ ပေါင်းစုအပ်ကုန်၏။ ဣတိ၊ ကြောင့်။ (တေ၊ တို့သည်။) သံဃာ၊ သံဃာတို့မည်၏။
ဧတေသံ၊ ဤဗြာဟ္မဏ ဂဟပတိကတို့၏။ ဧကေကိဿာယ၊ တစ်ခုတစ်ခုသော။ ဒိသာယ၊ အရပ်၌။ သံဃာ၊ အစုအဝေးတို့သည်။ ["သံဃော" ဟု ဧကဝုစ်လည်း ရှိ၏။] အတ္ထိ။ ဣတိ၊ ကြောင့်။ (တေ) သင်္ဃီ၊ သင်္ဃီတို့မည်၏။ ["သင်္ဃသင်္ဃီ၊ လူစုလူဝေးဟူသော အစုအပေါင်းရှိကုန်သည်" ဟု ပါဠိတော်၌ပေးပါ။] (ယေ၊ အကြင် ဗြာဟ္မဏ, ဂဟပတိကတို့သည်။)
ပုဗ္ဗေ၊ မြို့မှမထွက်မီရှေး၌။ နဂရဿ၊ ၏။ အန္တော၊ အတွင်း၌။ (အတွင်းတုန်းက။) အဂဏာ၊ အပေါင်းအစု မဟုတ်ကုန်သည်။ (ဟုတွာ)။ ဗဟိ၊ မြို့ပြင်ဘက်သို့။ နိက္ခမိတွာ၊ ထွက်ပြီး၍။ ဂဏတံ၊ အပေါင်းအစု၏အဖြစ်သို့။ ပတ္တာ၊ ရောက်ကုန်ပြီ။ ဣတိ၊ ကြောင့်။ (တေ၊ တို့သည်။) **ဂဏီဘူတာ**၊ ဂဏီဘူတတို့မည်၏။ ["ဂဏီဘူတာ၊ ရှေ့၌အပေါင်းအစု မဟုတ်ကုန်သော်လည်း အပေါင်းအစု ဖြစ်၍ ဖြစ်ကုန်သည်" ဟု ပေးပါ။]ဗဟူ ၊ ပေ၊ သံဃာ။ ။ သံဟတာဖြင့် သံပုဗ္ဗ ဟနဓာတ်, ရပစ္စည်း, ဟနကို ဃပြု၍ပြီးသော သံဃသဒ္ဒါဖြစ်ကြောင်းကို သိစေ၏။ ["သံဟနညာယဝါရောယော" ဟူသော ကစ္စည်းသုတ်အတိုင်းပင်တည်း။] သံဟညန္တေ-ပေါင်းစုအပ်ကုန်၏။ ဣတိ သံဃာ၊ ထိုအပေါင်းဟူသည်အနည်းငယ်သော လူအပေါင်းမဟုတ်, များစွာသောလူတို့၏အပေါင်းဟု သိစေလို၍ "ဗဟူ ဟုတွာ-အများတို့ဖြစ်၍, အများအဖြစ်ဖြင့်" ဟု ဝိသေသနပြုသည်။ "အပေါင်း" ဟူသည်လည်း အမြဲရှိနေသော သံဃာအပေါင်းမျိုးမဟုတ်, "ယခုမှ စုဝေးမိသော လူစုလူဝေး" ဟု သိစေလို၍ "သံဟတာတိ သန္နိပတနဝသေန သံဃဋိတာ" ဟု ဋီကာသစ်ဖွင့်သည်။
ဧကေကိဿာယ ဒိသာယ။ ။ ဤစကားအရ "အရပ် ၄ မျက်နှာ၌လူစုလူဝေး ရှိကြသည်" ဟု ထင်ဖွယ်ရှိ၏။ သို့သော် ထိုလူစုလူဝေးသည်မြို့မှထွက်၍ ဘုရားရှင်သီတင်းသုံးရာဘက်သို့ ရှေးရှုသွားနေကြသောကြောင့် အရပ် ၄ မျက်နှာ၌စုမိသည်မဟုတ်။ သွားနေကြသော လူစုလူဝေးသည်အားလုံးတစ်ပေါင်းတည်း မဟုတ်ဘဲ "ရှေ့တစ်စု, နောက်တစ်စု, အလယ်တစ်စု" စသည်ဖြင့် အစုအစုဖြစ်သောကြောင့် "ဧကေကိဿာယဒိသာယ" ကို "ဧကေကာယ ပဒေသဘူတာယ (အစိတ်အပိုင်းဖြစ်၍ဖြစ်သော) ဒိသာယ" ဟု ဋီကာသစ်ဖွင့်သည်။
သံဃီ။ ။ ထိုလူစုလူဝေးဟူသော အပေါင်းရှိသောကြောင့် ထိုလူတို့ကို "သံဃီ" ဟု ခေါ်၏။ သံဃီ၌(ဒဏ္ဍိနော-ဒဏ္ဍီကဲ့သို့) ဗဟုဝစနန္တ ဟု မှတ်ပါ။ ဋီကာ၌သံဃီဝယ် "ပုထုတ္ထေ ဧကဝစနံ-ဗဟုဝုစ်အနက်၌ဧကဝုစ်ဝိဘတ်သက်ထား၏" ဟူသောစကားကို ဋီကာသစ်က မနှစ်သက်ပါ။
ဂဏီဘူတာ။ ။ "အဘူတတဗ္ဘာဝေ ကရာသဘူယောဂေ ဝိကာရာ စီ" ဟူသော မောဂ္ဂလ္လာန်, ၄ ကဏ္ဍ (၁၁၉) သုတ်ဖြင့် အဘူတ (ရှေးကမဖြစ်ဘဲ) တဗ္ဘာဝ (ယခုမှထိုအဖြစ်မျိုးဖြင့်ဖြစ်ခြင်း) ဟူသော အနက်၌စီ (စ်အနုဗန်ရှိသော ဤ) ပစ္စည်းသက်ထားသောကြောင့် "ဂဏီ" ဟု ဖြစ်၏။ မှန်၏"ပုဗ္ဗေ နဂရဿ အန္တော အဂဏာ" ဖြင့် အဘူတ (ရှေးကမဖြစ်ခြင်း) အနက်ကို ပြ၏။ "ဗဟိ နိက္ခမိတွာ ဂုဏတံ ပတ္တာ" ဖြင့် တဗ္ဘာဝ (ထိုအပေါင်းအနက်၏အဖြစ်) အနက်ကိုပြသည်ဟု မှတ်ပါ။ မြို့တွင်းတုန်းက ကိုယ့်အိမ်၌ကိုယ်နေကြသောကြောင့် အပေါင်းအစု (ဂဏ) မဟုတ်ကြသော်လည်း မြို့ပြင်ရောက်သောအခါ အပေါင်းအစု (ဂဏ) ဖြစ်ကြသည်-ဟူလို။
ခတ္တံ အာမန္တေသီတိ (ဧတ္ထ)၊ ပါဌ်၌။
ပုစ္ဆိတပဉှေ၊ မေးအပ်သော ပြဿနာတို့ကို။ ဗျာကရဏသမတ္ထော၊ ဖြေဆိုခြင်း၌စွမ်းနိုင်သော။ (ဖြေဆိုခြင်းငှာ စွမ်းနိုင်သော။) မဟာမတ္တော၊ အမတ်ကြီးကို။ ခတ္တာ၊ ခတ္တာဟူ၍။ ဝုစ္စတိ၊ ၏။ တံ၊ ထိုအမတ်ကြီးကို။ အာမန္တေသိ၊ ခေါ်၍မေးပြီ။ **အာဂမေန္တူ**တိ၊ ကား။ မုဟုတ္တံ၊ တမုဟုတ်မျှ။ ပဋိမာနေန္တု၊ ဆိုင်းငံ့ကြပါကုန်ဦးလော့။ မာဂစ္ဆန္တု၊ မသွားနှင့် ကြပါကုန်လင့်။ ဣတိ ဝုတ္တံ ဟောတိ။ဝိဂ္ဂဟ။ ။ "အဂဏာပိ+ဂဏာ ဟုတွာ ဘူတာ ဂဏီဘူတာ" ဟု ပြုပါ။ ဋီကာသစ်၌"အဂဏာပိ ဂဏံ ဘူတာ ပတ္တာတိ ဂဏီဘူတာ" ဟုပြု၏။ အဋ္ဌကထာနှင့်ညီသကဲ့သို့ထင်ရသော်လည်း အဘူတနှင့် တဗ္ဘာဝပုဒ်တို့သည် ဝိဘတ်တူရိုး ဖြစ်သောကြောင့် သဒ္ဒါကျမ်းတို့နှင့် မညီပါ။ အဋ္ဌကထာဖွင့်ကိုလည်း အဓိပ္ပာယတ္ထဖွင့် ဟုသာ ယူသင့်ပါသည်။
ခတ္တံ။ ။ ရာဇ ရာဇညာဒီနံ ဘဏ္ဍဓရာ ပုရိသာ ခတာ (မင်း-မင်းမျိုး စသူတို့၏ ဘဏ္ဍာတို့ကို ဖျက်ဆီးဆောင်ယူတတ်သော ယောက်ျားတို့သည်ခတတို့မည်၏။) ခဏုဓာတ်, တပစ္စည်း၊ နေသံ တာယနတော ခတ္တာ (ထိုမင်းဘဏ္ဍာကို ဖျက်ဆီးတတ်သောယောက်ျားတို့ကို စောင့်ရှောက်တတ်သောကြောင့် ခတ္တာမည်၏။) ဋီကာ၊ ခတ သဒ္ဒူပပဒ တာဓာတ်, ကပစ္စည်း(က်အနုဗန်ရှိသော အပစ္စည်း) ဟု ထောမနိဓိဆို၏။ "ခတ္တော" ဟု ဖြစ်သင့်လျက် "ခတ္တာ" ဟု အာကာရန္တပုံလိန် ဖြစ်ရသည်မှာ နိရုတ္တိနည်းတည်း။ [အာလုပ်အရာ၌ ဂ သိကို ဧပြု၍ "ဘော ဗြဟ္မေ" ကဲ့သို့ "ဘော ခတ္တေ" ဟုလည်း ရှိနိုင်၏။ ဧ မပြုဘဲ "ဘော ခတ္တာ" ဟုလည်း ရှိ၏။]
မဟာမတ္တော။ ။ ထိုခတ္တမည်သူသည်အခြားသောမင်းတို့က (စုံစမ်းထောက်လှန်းသောအားဖြင့်) မေးအပ်သော ပြဿနာကို မိမိရှင်ဘုရင်မှာ အပြစ်မရှိအောင် ဖြေစွမ်းနိုင်သောပညာရှိအမတ်ကြီးတည်း။ ထို့ကြောင့် "ပုစ္ဆိ တပဉှေ ဗျကရဏသမတ္ထော မဟာမတ္တော" ဟု အဋ္ဌကထာဖွင့်၍, ဋီကာ၌လည်း "သော ဟိ ယတ္ထ ပေသိတော (အကြင်သူ့ထံသို့ စေလွှတ်အပ်၏။) တတ္ထ ဒေါသံ ပရိဟရန္တော-(အပြစ်ကိုရှောင်လျက်။) ယုတ္တပတ္တဝသေန (သင့်လျော်လျောက်ပတ်သည့် အနေအားဖြင့်။) ပုစ္ဆိတမတ္ထံ (မေးအပ်သမျှအကြောင်းအရာကို။) ဗျာကရဏ သမတ္ထော" ဟု ဖွင့်သည်။ [ကုလာပဒေသာဒိဝသေန (ညွှန်ပြကြောင်း အမျိုးစသည်တို့၏ အစွမ်းဖြင့်။ အာဒိဖြင့် အနွယ်စီးစိမ် ဥစ္စာ ရာထူးဌာနန္တရတို့ကို ယူပါ။) မဟတီ+မတ္တာ ဧတဿာတိ မဟာမတ္တော (ကြီးကျယ်သော အတိုင်းအရှည်ရှိသောအမတ်ကြီး)။]
**နာနာဝေရဇ္ဇကာနန္တိ**၊ ကား။ နာနာဝိဓေသု၊ အထူးထူးသော အပြားရှိ ကုန်သော။ ဝိရဇ္ဇေသု၊ စမ္ပာပြည်မှ အတူထူးခြားသော တိုင်းပြည်တို့၌။ [စာအုပ်တို့၌ "ရဇ္ဇေသု" ဟု ရှိ၏။ ဝိသဒ္ဒါ မပါသောကြောင့်မကောင်း။] အညေသု၊ စမ္ပာပြည်မှအခြားကုန်သော။ [အချို့စာအုပ်တို့၌ "အညေသု အညေသု" ဟု ဝိစ္ဆာရှိ၏။ ဗဟုဝုစ်ဖြင့် "အညေသု" ဆိုလျှင် ပြီးနိုင်သောကြောင့် ဝိစ္ဆာမလိုပါ။] ကာသိကောသလာဒီသု၊ ကာသိတိုင်း, ကောသလတိုင်း အစရှိကုန်သော။ ရဇ္ဇေသု၊ တိုင်းပြည်တို့၌။ ဇာတာ၊ မွေးဖွားသော ပုဏ္ဏားတို့တည်း။ ဝါ၊ တစ်နည်း။ တေသံ၊ ထိုပုဏ္ဏားတို့၏။ တာနိ၊ ထို အထူးထူးအပြားပြား, မတူထူးခြားသော တိုင်းပြည်ဟူကုန်သော။ နိဝါသာ၊ နေရာတို့သည်။ (သန္တိ၊ ကုန်၏။) ဝါ၊ တစ်နည်း။ တတော၊ ထိုအထူးထူးအပြားပြား များသော မတူထူးခြားသော တိုင်းပြည်တို့မှ။ အာဂတာ၊ လာသောပုဏ္ဏားတို့တည်း။ ဣတိ၊ ကြောင့်။ နာနာဝေရဇ္ဇကာ၊ နာနာဝေရဇ္ဇကတို့ မည်၏။ နာနာဝေရဇ္ဇကာနံ၊ အထူးထူး အပြားပြားများသော မတူထူးခြားသော တိုင်းပြည် တို့၌မွေးဖွားကုန်သော။
ဝါ၊ တိုင်းပြည်ဟူသော နေရာရှိကုန်သော။ ဝါ၊ တိုင်းပြည်တို့မှလာကုန်သော။ တေသံ (ဗြာဟ္မဏာနံ)၊ တို့၏ ("ပဉ္စမတ္တာနိ ဗြာဟ္မဏသတာနိ" ဟူသော ပါဠိတော်၌စပ်။) ကေနစိ ဒေဝ ကရဏီယေနာတိ (ဧတ္ထ)၊ ဤပါဌ်၌။ (ဂုဠှတ္ထံ) ကိရ (ဥဒ္ဓရိတွာဒဿေမိ။) တသ္မိံ နဂရေ၊ ၌။ ယညာနုဘဝနတ္ထံဝါ၊ ယဇ်ကို ခံစားခြင်းအကျိုးငှာသော်လည်းကောင်း။ မန္တသဇ္ဈယနတ္ထံဝါ၊ မန္တန်ကိုသရဇ္ဈာယ်ခြင်း အကျိုးငှာသော်လည်းကောင်း။ ဒွီဟိ၊ ၂ ပါးကုန်သော။ ကရဏီယေဟိ၊ ပြုဖွယ်ကိစ္စတို့ကြောင့်။ ဗြာဟ္မဏာ၊ တို့သည်။ သန္နိပတန္တိ၊ စည်းဝေးတတ်ကြကုန်၏။ ["ယညာနုဘဝန" ဟူရာ၌ယဇ်ပူဇော်ရာဝယ် တစ်စုံတစ်ခုသောလာဘ်, သို့မဟုတ် စားသောက်ရခြင်းကို ဆိုဟန်တူသည်။]နာနာဝေရဇ္ဇကာ။ ။ နာနာကို "နာနာဝိဓေသု" ဟု ဖွင့်၏။ တစ်ပြည်နှင့် တစ်ပြည် ကွဲပြားသည်ကို "နာနာ" ဟု ဆိုသည်။ ထိုပြည်အားလုံးသည်ပင် ဝိသိဋ္ဌာနိ-ဤစမ္ပာပြည်မှမတူထူးခြား ကွဲပြားကုန်သော+ရဇ္ဇာနိ" တို့မည်၏။ ဝိရဇ္ဇာနိ ဧဝ (သွတ္ထ၌ ဏပစ္စည်းသက်၍) ဝေရဇ္ဇာနိ [ရှင်ဘုရင် တစ်ယောက်၏ အာဏာပြန့်နှံ့ရာ တိုင်းပြည်တစ်ခုကို ရဇ္ဇဟု ခေါ်၏။ "ရညော+ဣဒံ ရဇ္ဇံ" ဟုပြု။] ဝေရဇ္ဇအရ "အညေသု ကာသိကောသလာဒီသု" ဟု သရုပ်ဖေါ်သည်။ အညေသုဖြင့် ဝိ၏ အနက်ကို ပြ၏။ သဒ္ဒတ္ထအားဖြင့် "ဤစမ္ပာပြည်မှ မတူထူးခြားကွဲပြားသော" ဟု ဖြစ်၏။
ဇာတ,နိဝါသ,အာဂတ။ ။ ထိုနောက် မွေးဖွားသူဟူသော ဇာတအနက်, ဇာတိ မဟုတ်သော်လည်း နောက်မှ ပြောင်းရွှေ့၍ အမြဲနေသူဟူသော နိဝါသအနက်, ထိုထိုတိုင်းပြည်တို့မှ ဤစမ္ပာပြည်သို့ လာကြသူဟူသော အာဂတအနက်, ဤ ၃ နက်တို့၌ကပစ္စည်းသက်၍ "နာနာဝေရဇ္ဇကာ" ဖြစ်သည်-ဟု ပြလို့သောကြောင့် "နာနာဝိဓေသု ၊ပေ၊ နာနာဝေရဇ္ဇကာ" ဟု မိန့်သည်။ အဋ္ဌကထာအတိုင်း ဝိဂြိုဟ်သုံးနည်း ပြုပါ။
စ၊ ဆက်။ တဒါ၊ ၌။ တသ္မိံ နဂရေ၊ ထိုစမ္ပာမြို့၌။ ယညော၊ ယဇ်သည်။ နတ္ထိ။
ပန၊ အနွယ။ သောဏဒဏ္ဍဿ၊ သောဏဒဏ္ဍပုဏ္ဏား၏။ သန္တိကေ၊ အထံ၌။ မန္တသဇ္ဈာယနတ္ထံ၊ ငှာ။ ဧတေ၊ ဤပုဏ္ဏားတို့သည်။ သန္နိပတိတာ၊ စည်းဝေးကြကုန်ပြီ။
တံ၊ ထိုမန္တသဇ္ဈယန ကိစ္စကို။ သန္ဓာယ၊ ရည်ရွယ်၍။ ကေနစိဒေဝကရဏီယေနာတိ၊ ဟူ၍။ (သံဂီတိ ကာရေဟိ) ဝုတ္တံ။
တေ၊ ထိုပုဏ္ဏားတို့သည်။ တဿ၊ ထိုသောဏဒဏ္ဍပုဏ္ဏား၏။ ဂမနံ၊ သွားခြင်းကို။(သွားမည့်အကြောင်းကို) သုတွာ၊ ကြားရ၍။ စိန္တေသုံ၊ ကြံကြကုန်ပြီ။ (ကိံ၊ နည်း။)
အယံ သောဏဒဏ္ဍော၊ သည်။ ဥတ္တမဗြာဟ္မဏော၊ သာ၍ကျော်ဇော ထင်ရှားသော ပုဏ္ဏားတည်း။ ဝါ၊ မြတ်သော ပုဏ္ဏားတည်း။ စ၊ သည်သာမကသေး။ ယေဘုယျေန၊ များသောအားဖြင့်။ အညေ၊ သောဏဒဏ္ဍပုဏ္ဏားမှ အခြားကုန်သော။ ဗြာဟ္မဏာ၊ တို့သည်။ သမဏံ ဂေါတမံ၊ ရဟန်းဂေါတမကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတာ၊ ဆည်းကပ်ကြကုန်ပြီ။ အယမေဝ၊ ဤသောဏဒဏ္ဍပုဏ္ဏားသည်သာ။ (သရဏံ)။ န ဂတော၊ မဆည်းကပ်သေး။
သွာယံ၊ ထိုသောဏဒဏ္ဍပုဏ္ဏားသည်။ တတ္ထ၊ ထို ရဟန်းဂေါတမ အထံသို့။ သစေ ဂမိဿတိ၊ အကယ်၍သွားအံ့။ (ဧဝံသတိ)။ အဒ္ဓါ၊ မချွတ်ဧကန်။ သမဏဿဂေါတမဿ၊ ၏။ အာဝဋ္ဋနိယာ၊ လှည့်ပတ်ကြောင်းဖြစ်သော။ မာယာယ၊ မာယာဖြင့်။ အာဝဋ္ဋိတော၊ လှည့်ပတ်အပ်သည်။ (ဟုတွာ)။ သရဏံ၊ ဟူ၍။ ဂမိဿတိ၊ ဆည်းကပ်လတံ့။
တတော၊ ထိုသို့ဆည်းကပ်ခြင်းကြောင့်။ ဧတဿာပိ၊ ဤသောဏဒဏ္ဍပုဏ္ဏား၏လည်း။ ဂေဟဒွါရေ၊ အိမ်တံခါးပေါက်အနီး၌။ ဗြာဟ္မဏာနံ၊ တို့၏။ အသန္နိပါတော၊ မစည်းဝေးခြင်းသည်။ဥတ္တမ ဗြာဟ္မဏော။ ။ အဘိဇန သမ္ပတ္တိယာ-မြတ်သောအမျိုး၌မွေးဖွားခြင်း ဟူသော အဘိဇန၏ ပြည့်စုံခြင်းအားဖြင့်လည်းကောင်း, ဝိတ္တသမ္ပတ္တိယာ-စည်းစိမ် ဥစ္စာ၏ ပြည့်စုံခြင်းအားဖြင့်လည်းကောင်း, ဝိဇ္ဇာသမ္ပတ္တိယာ-ဝေဒကျမ်းတတ်ခြင်း၏ ပြည့်စုံခြင်းအားဖြင့် လည်းကောင်း။ ဥဂ္ဂတတရော-သာ၍ ထင်ရှားသော။ [ဥတ္တမော၌ဥကို ဥဂ္ဂတ, တမောကို တရဟု ဖွင့်သည်။ ဤနည်း၌"ဥဂ္ဂတတမ" ဟု ဆိုလိုလျက် ဂတချေထားသည်။] ဥဠာရောဝါ-(တစ်နည်း) မြတ်သော။ [ဥတ္တမသဒ္ဒါ ဥဠာရ အနက်ဟော၊] ဗြာဟ္မဏော။
အသန္နိပါတော။ ။ လာဘမစ္ဆေရေန-ဘုရားရှင်အားလှူဒါန်း၍ သူတို့အားမပေးကမ်းခြင်းကြောင့် ဖြစ်သောလာဘ်၌ဝန်တိုမှုသည်။ နိပ္ပီဠိတတာယ-ပြင်းစွာနှိပ်စက်အပ်ကုန်သည်၏ အဖြစ်ကြောင့်။ အသန္နိပါတော ဘဝိဿတိ-အစည်းအဝေးမဖြစ်ဘဲ (မစုမိဘဲ) ဖြစ်လိမ့်မည်။-ဟူလို။- ဋီကာ၊ ယခုအခါ မိမိတို့ကို ကိုးကွယ်နေကျဒါယကာက အခြားပုဂ္ဂိုလ်ကို ကိုးကွယ်သွားသောအခါ ထိုဒါယကာအိမ်သို့ မဝင်မထွက်ဘဲ ရှောင်လွဲကြသကဲ့သို့တည်း။
ဘဝိဿတိ၊ လတံ့။ [သန္နိပါတော၊ စည်းဝေးခြင်းသည်။ န ဘဝိဿတိ၊ မဖြစ်လတံ့။ ဤသို့လည်း မူကွဲရှိ၏။] ဣတိ၊ သို့။ (စိန္တေသုံ၊ ကုန်ပြီ။ ဣတိ၊ ဤသို့ ကြံပြီး၍)
ဟန္ဒ၊ ယခု။ အဿ၊ ထိုပုဏ္ဏား၏။ ဂမနန္တရာယံ၊ သွားခြင်း၏အန္တရာယ်ကို။ ကရောမ၊ ပြုကြကုန်စို့။ ဣတိ၊ သို့။ သမ္မန္တယိတွာ၊ သဘောတူတိုင်ပင်ပြီး၍။ တတ္ထ၊ ထိုသောဏဒဏ္ဍပုဏ္ဏားအထံသို့။ အဂမံသု၊ သွားကြကုန်ပြီ။
တံ၊ ထိုသွားခြင်းကို။ သန္ဓာယ၊ ၍။ အထ ခေါ တေ ဗြာဟ္မဏာတိ အာဒိ၊ အစရှိသော စကားကို။ ဝုတ္တံ၊ ပြီ။
တတ္ထ၊ ထိုအထခေါ တေ ဗြာဟ္မဏာ အစရှိသော စကားရပ်၌။ **ဣမိနာ ပင်္ဂေနာ**တိ၊ ကား။ ဣမိနာပိ ကာရဏေန၊ ဤအကြောင်းလည်း။ (န အရဟတိ၊ ၌စပ်။)
ဧဝံ၊ သို့။ ဧတံကာရဏံ၊ ဤအကြောင်းကို။ ဝတွာ၊ ပြောဆိုပြီး၍။ ပုန၊ တစ်ဖန်။
အတ္တနော၊ ၏။ ဝဏ္ဏေ၊ ဂုဏ်ကို။ ဘညမာနေ၊ ပြောဆိုအပ်သော်။ အတုဿနကသတ္တောနာမ၊ မနှစ်သက်သော သတွာမည်သည်။ နတ္ထိ၊ မရှိ။
ယန္ဒ၊ ယခု။ အဿ၊ ထိုသောဏဒဏ္ဍပုဏ္ဏား၏။ ဝဏ္ဏံ၊ ဂုဏ်ကို။ ဘဏမာနာ၊ ပြောဆိုကုန်လျက်။ ["ဘဏနေန" ဟု မူကွဲရှိ၏ မကောင်း။] ဂမနံ၊ သွားခြင်းကို။ နိဝါရေဿာမ၊ တားမြစ်ကုန်အံ့။ ဣတိ၊ ဤသို့။ စိန္တေတွာ၊ ၍။ ဘဝံ ဟိ ၊ ပေ၊ သုဇာတောတိ အာဒီနိ၊ အစရှိကုန်သော။ ကာရဏာနိ၊ အကြောင်းတို့ကို။ အာဟံသု၊ ပြောကြကုန်ပြီ။
**ဥဘတော**တိ၊ ကား။ ဒွီဟိ၊ ၂ ဖို့ကုန်သော။ ပက္ခေဟိ၊ အဖို့တို့မှ။ (သုဇာတော၊ ၌စပ်။)
**မာတိတောစ ပိတိတော စာ**တိ၊ ကား။ ဘောတော၊ အရှင်၏။ မာတာ၊ အမိသည်။ ဗြာဟ္မဏီ၊ ပုဏ္ဏေးမအစစ်ပါတည်း။ မာတု၊ အမိ၏။ မာတာ၊ အမိသည်။ ဝါ၊ အဖွားသည်။ ဗြာဟ္မဏီ၊ တည်း။ တဿာပိ၊ ထိုအဖွား၏လည်း။ မာတာ၊ အမိသည်။ ဝါ၊ ဘေးမသည်။ ဗြာဟ္မဏီ၊ တည်း။ ပိတာ၊ အဘသည်။ ဗြာဟ္မဏော၊ ပုဏ္ဏားအစစ်ပါတည်း။ဣမိနာပင်္ဂေန။ ။ အဂိဓာတ် (အင်္ဂဓာတ်)သည် ဂမန (ဉာဏဂမန-ဉာဏ်ဖြင့် သိခြင်း) အနက်ကို ဟော၏။ "အင်္ဂေတိ ဂမေတိ ဉာပေတိ-သိစေတတ်၏။ ဣတိ အင်္ဂံ" ဟုပြု၍ အကျိုးကို သိစေတတ်သော အကြောင်းကို အင်္ဂဟု ခေါ်ရကာ "ဣမိနာပိ ကာရဏေန" ဟုဖွင့်သည်။ "အင်္ဂေါ ဒေသေ ဝပုမှင်္ဂံ, တထာဝယဝဟေတုသု" ဟူသော အဘိဓာန် (၉၅၆) လာ အနက်တို့တွင် ဟေတုအနက်ဟောတည်း။
ဥဘတော ၊ပေ၊ ပိတိတောစ။ ။ "ဥဘတော သုဇာတော" ဟုသာ ဆိုလျှင် မည့်သည့် ၂ ဖို့မှန်း မသိနိုင်, သုဇာတသဒ္ဒါကလည်း "သုဇာတော စာရုဒဿနော" စသော ပါဠိရပ်တို့၌ အရပ်အမောင်း၏ ကောင်းခြင်းကိုလည်းဟော၏။ ထို့ကြောင့် မိဘက် ဖဘက် ၂ ဘက်ကို "ဥဘတော" ဟု သိစေလိုသောကြောင့်လည်းကောင်း, အမျိုးဇာတ်အားဖြင့် သုဇာတဖြစ်ကြောင်းကို ထင်ရှားစေလိုသောကြောင့်လည်းကောင်း "မာတိတောစ ပိတ်တောစ" ဟု ဆက်၍ပြောကြသည်။
ပိတု၊ အဘ၏။ ပိတာ၊ အဘသည်။ ဝါ၊ အဘိုးသည်။ ဗြာဟ္မဏော၊ တည်း။ တဿာပိ၊ ထိုအဘိုး၏လည်း။ ပိတာ၊ အဘသည်။ ဝါ၊ ဘေးသည်။ ဗြာဟ္မဏော၊ တည်း။ ဣတိဧဝံ၊ သို့။ မာတိတောစ၊ အမိဘက်မှလည်းကောင်း။ ပိတိတောစ၊ အဘဘက်မှလည်းကောင်း။ ဥဘတော၊ ၂ ဘက်တို့မှ။ သုဇာတော၊ ကောင်းစွာဖြစ်သူပါတည်း။
**သံသုဒ္ဓဂဟဏိတော**တိ၊ ကား။ တေ၊ အရှင်၏။ မာတု၊ အမိ၏။ ဂဟဏီ၊ ဝမ်းတိုက်သည်။ သံသုဒ္ဓါ၊ စင်ကြယ်ပါ၏။ ကုစ္ဆိ၊ ဝမ်းတိုက်သည်။ (သံသုဒ္ဓါ၊ ၏။) ဣတိအတ္ထော၊ နက်။
ပန၊ အမှာစကားချပ်,ညှပ်လိုက်ဦးအံ့။ သမဝေပါကိနိယာ ဂဟဏိယာတိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ (မဟာသုဒဿနသုတ် ပါဠိတော်၌။) ကမ္မဇတေဇောဓာတု၊ ကံကြောင့်ဖြစ်သော တေဇောဓာတ်ကို။ ဝါ၊ ဝမ်းမီးကို။ ဂဟဏီတိ၊ ဂဟဏီဟူ၍။ ဝုစ္စတိ၊ ၏။ ["သမဝေပါကိနိယာ၊ အညီအမျှ ကျက်စေနိုင်သော သတ္တိရှိသော။ ဂဟဏိယာ၊ ဝမ်းမီးနှင့်။ သမန္နာဂတော၊ ပြည့်စုံ၏" ဟု ပေးပါ။]
**ယာဝ သတ္တမာ ပိတာမဟယုဂါ**တိ ဧတ္ထ၊ ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) ပိတု၊ အဘ၏။ ပိတာ၊ အဘသည်။ ပိတာမဟော၊ ဟ မည်၏။ (အဘိုးမည်၏။) ပိတာမဟဿ၊ အဘိုး၏။ ယုဂံ၊ အသက် အပိုင်းအခြားတည်း။ ပိတာမဟယုဂံ၊ အဘိုး၏အသက်ပိုင်းအခြား။
အာယုပ္ပမာဏံ၊ အသက်အတိုင်းအရှည် (အပိုင်းအခြား) ကို။ **ယုဂန္တိ**၊ ယုဂဟူ၍။ ဝုစ္စတိ။
စ၊ ဆက်။ ဧတံ၊ ဤပိတာမဟယုဂ သဒ္ဒါသည်။ အဘိလာပမတ္တမေဝ၊ ပြောဆိုအပ်ရိုးဖြစ်သော သဒ္ဒါမျှသာတည်း။သံသုဒ္ဓဂဟဏိကော။ ။ ဂဗ္ဘံ ဂဏှာတိ ဓာရေတီတိ ဂဟဏီ-ကိုယ်ဝန်ကိုယူတတ်သော အမိဝမ်းတိုက် (သားအိမ်)။ သံသုဒ္ဓါ+ဂဟဏီ ယဿာတိ သံသုဒ္ဓဂဟဏိကော-စင်ကြယ်သော အမိဝမ်းတိုက်ရှိသူ။ "စင်ကြယ်" ဟူသည်အခြားယောက်ျားတို့ သွားလာမှု၏ မရှိခြင်းတည်း။ [သံသုဒ္ဓါတိ အနညပုရိသသာဓာရဏာတိ အတ္ထော၊-ဋီကာ။] "သံသုဒ္ဓဂဟဏိကော" ဟူသောပါဌ်ဖြင့် "မာတိတော ပိတိတော" အရ မွေးစားသော မိဘမဟုတ်, အမိရင်း အဘရင်းဖြစ်ကြောင်းကို ပြသည်။
သမဝေပါကိနိယာ ဂဟဏိယာ။ ။ ဝိပါစနံ-အထူးသဖြင့် ကျက်စေခြင်း။ ဝါ-အထူးသဖြင့် ချက်ခြင်း။ ဝိပါကော-ခြင်း။ ဝိပါကောယေဝ ဝေပါကော၊ သမံ+ဝေပါကောသမဝေပါကော။ သမဝေပါကော ယဿာ ဂဟဏိယာတိ သမဝေပါကိနီ(ဂဟဏီ)-အညီအမျှ အထူးကျက်စေခြင်းသတ္တိရှိသော ဝမ်းမီး၊ ယထာဘုတ္တံ အာဟာရံ ဂဏှာတိ-စားအပ်တိုင်း သော အာဟာရကို ယူတတ်၏။ (မချက်နိုင်၍ စွန့်ပစ်မှုကို မပြုတတ်။) ဣတိ ဂဟဏီ၊ ကံကြောင့်ဖြစ်သော ဝမ်းမီးတည်း။ [ဤပါဠိတော်ကား ဂဟဏီသဒ္ဒါနှင့်စပ်၍ ဗဟုဿုတအလို့ငှာ အတ္ထုဒ္ဓါရအဖြစ်ဖြင့် ပြအပ်သော ပါဠိသာတည်း။]
ပိတာမဟယုဂါ။ ။ ပိတု သဒ္ဒါနောင် ပိတု အနက်၌အာမဟပစ္စည်းသက်၍ "ပိတာမဟ" ဟု ဖြစ်၏။ "ပိတု+ပိတာ ပိတာမဟော" ဟု ပြုစေလိုသည်။ "တံတဒတ္တေ-ထိုထိုအနက်၌။ ယုဇ္ဇိတဗ္ဗံ-ယှဉ်အပ် ယှဉ်နိုင်၏။ ဣတိ ယုဂံ" အရ လူ၏ အသက်ရှည်ရာကာလ, ဘုရားပွင့်တော်မူရာကာလ စသည်ဖြင့် ထိုထိုအနက်၌ယှဉ်စပ်၍ သုံးစွဲနိုင်သောကြောင့်ကာလအထူး ဟူသောအနက်ကို ယုဂသဒ္ဒါ ဟော၏။ ထိုကာလအထူးဟူသည်လည်း ဤနေရာ၌အသက်ရှည်ရာကာလ ဟူသော အာယုပ္ပမာဏတည်း။ ထို့ကြောင့် "ယုဂန္တိ အာယုပ္ပမာဏံဝုစ္စတိ" ဟု ဖွင့်သည်။
အတ္ထတော ပန၊ အနက်အရကောက်အားဖြင့်ကား။ ပိတာမဟောယေဝ၊ အဘိုးသည်ပင်။ ပိတာမဟယုဂံ၊ ဂမည်၏။
တတော၊ ထိုအဘိုးမှ။ ဥဒ္ဓံ၊ အထက်၌။ သဗ္ဗေပိ၊ န်သော။ ပုဗ္ဗပုရိသာ၊ ရှေး၌ဖြစ်သော ယောက်ျားတို့ကို။ ပိတာမဟဂ္ဂဏေနေဝ၊ ပိတာမဟသဒ္ဒါဖြင့်ပင်။ ဂဟိတာ၊ ယူအပ်ကုန်ပြီ။
ဧဝံ၊ သို့။ (ဤနည်းအားဖြင့်။) ("သံသုဒ္ဓဂဟဏိကော"၌စပ်။)အဘိလာပမတ္တမေဝ စေတံ။ ။ ပိတာမဟယုဂဟူသော သဒ္ဒါသည်ထိုခေတ်ကသုံးစွဲရိုး (ပြောရိုး-ဆိုရိုး) အတိုင်း ပြောအပ်သောသဒ္ဒါမျှသာ ဖြစ်၏။ ယခုခေတ်၌ကား ယုဂသဒ္ဒါထည့်၍ သုံးစွဲလေ့မရှိကြ။ ဘာကြောင့်နည်း-အနက်အရကောက်မှာ ယုဂအနက်မပါဘဲ "အဖိုး" ဟူသော ပိတာမဟအနက်ကိုသာ ဆိုလိုသောကြောင့်တည်း။ "ယာဝသတ္တမာ ပိတာမဟယုဂါ- အဖိုး ၇ ဆက်တိုင်အောင်" ဟူလို။ ထို့ကြောင့် "အတ္ထတော ပန ပိတာမတောယေဝ ပိတာမဟ ယုဂံ" ဟု မိန့်သည်။ [အဘိလပ္ပတိ-အနက်သို့ ရှေးရှုပြောဆိုအပ်၏။ ဣတိ အဘိလာပေါ၊ အဘိလာပေါ-ပြောဆိုအပ်ရိုးသဒ္ဒါ ဟူသော+မတ္တံ-မျှတည်း။ အဘိလာပမတ္တံ၊ မတ္တသဒ္ဒါသည်သာမညအနက်ကိုဟော၏။ ထို့ကြောင့် "မျှ" ဟု ပေးရသည်။ ဧဝကား သန္နိဋ္ဌာနာဝဓာရဏတည်း။]
ဋီကာသစ်။ ။ ဧတံ ယုဂသဒ္ဒေန အာယုပ္ပမာဏဝစနံ (ယုဂသဒ္ဒါဖြင့် ဤ အာယု ပ္ပမာဏကိုဟောခြင်းသည်) ဟု စွဲ၏။ ထို့သို့ စွဲရိုးမရှိပါ။ ယုဂ သဒ္ဒါက အာယုပ္ပမာဏဟောခြင်းကိုပြောရိုး အဘိလာပမတ္တဟု ဆိုလိုသည်မဟုတ်။ ပိတာမဟယုဂံဟု ယုဂသဒ္ဒါထည့်၍ ဆိုခြင်းကိုသာ ပြောရိုးဆိုစဉ်စကား ဟု ဆိုလိုပါသည်။ ["အဘိလာပမတ္တဘေဒေါ စေသ" ဟူသော ပါရာဇိကဋ္ဌကထာ "တေန သမယေန" အဖွင့်၌ ဧသဖြင့် "ဧကံ သမယံ ယသ္မိံသမယေ, တေနသမယေန" တို့ကို စွဲရပုံကို-သတိပြုပါ။ ထို၌ဧဝမပါသောကြောင့် မတ္တသဒ္ဒါသည်ပင် ဧဝအနက် ကိုဟောရသည်။]
တတော ဥဒ္ဓံ ၊ပေ၊ ဂဟိတာ။ ။ "သတ္တမာ ပိတာမဟယုဂါ" ဟု ဆိုသောကြောင့် ပိတာသည်ပဌမအဆက်, ပိတာမဟသည်ဒုတိယအဆက်, ဤသို့ ၂ ဆက်သာရသေး၏။ လွန်ပြီးသော အထက်ငါးဆက်ကို အဘယ်သဒ္ဒါဖြင့် ယူရမည်နည်းဟု မေးဖွယ်ရှိသောကြောင့် "တတော ဥဒ္ဓံ" စသည်ကို မိန့်သည်။ လွန်ပြီးသော အထက် ၅ ဆက်ကိုလည်း ပိတာမဟသဒ္ဒါ ဖြင့်ပင်ယူပါ-ဟူလို။ [အဖိုး၏ အဘဖြစ်သော ဘေးကို ဖလူပစာရအားဖြင့် ပိတာမဟသဒ္ဒါသည်ဟော၏။ ထိုဘေး၏ အဘဖြစ်သော ဘီကို ပရမ္ပရူပစာရအားဖြင့် ပိတာမဟသဒ္ဒါသည်ဟော၏။ ထိုမှအထက် ဘင်-ဘောင်-ဘောတို့ကိုလည်း ပရမ္ပရူပစာရအားဖြင့်ချည်း ပိတာမဟသဒ္ဒါက ဟောနိုင်၏ဟု ဆိုလိုဟန်တူသည်။ ဋီကာသစ်ဝယ် "တဒဝသေသာ ပုဗ္ဗကာ ဆ ပုရိသာ" ဟု တွေ့ရ၏။ အဘ အဘိုးဟု ၂ ဆက်ရပြီးဖြစ်သောကြောင့် အထက်၌ ၆ဆက်မလို, ၅ ဆက်သာလိုသည်။]
ယာဝ၊ အကြင်မျှလောက်။ သတ္တမော၊ ၇ ဆက်တို့၏ ပြည့်ကြောင်းဖြစ်သော။ ပုရိသော၊ သည်။ (အတ္ထိ)။ တာဝ၊ ထို ၇ ဆက်မြောက် ယောက်ျားတိုင်အောင်။ သံသုဒ္ဓဂဟဏိကော၊ ကောင်းစွာ စင်ကြယ်သောအမိဝမ်းတိုက် ရှိပါ၏။
အထဝါ၊ ထို့ပြင်တစ်နည်းကား။ (ယာဝ၊ လောက်။ သတ္တမော၊ ၇ ယောက်မြောက်ဖြစ်သော။ ပုရိသော၊ သည်။ အတ္ထိ။ တာဝ၊ ထို ၇ ယောက်မြောက်ယောက်ျားတိုင်အောင်။) ဇာတိဝါဒေန၊ ဇာတ်ကိုစွဲ၍ ပြောဆိုကြောင်းစကားကြောင့်။ အက္ခိတ္တော၊ မပယ်မြစ်အပ်ပါ။ ဝါ၊ အပယ်မခံခဲ့ရပါ။ အနုပကုဋ္ဌော၊ မဆဲရေးအပ်ပါ။ ဝါ၊ အဆဲမခံခဲ့ရပါ။ ဣတိ၊ ဤအနက်အဓိပ္ပာယ်ကို။ (ဒဿေန္တိ၊ န်၏။) [ရှေးစာအုပ်တို့၌ "ဒဿေတိ" ဟုရှိ၏။ "ဗြာဟ္မဏာ" ဟု ကတ္တားထည့်ရမည် ဖြစ်သောကြောင့် ဗဟုဝုစ်ရှိမှ ကောင်းမည်။]သတ္တမော ပုရိသော။ ။ ပိတာမဟအရ ယောက်ျားဖြစ်သော အဖိုးကိုသာ ယူသောကြောင့် "ယာဝ သတ္တမော ပုရိသော" ဟုဆိုသည်။ ထို့သို့ဆိုရာ၌ဥက္ကဋ္ဌနိဒ္ဒေသ (မြတ်သောယောက်ျားကို ညွှန်ပြသော) နည်းဟု မှတ်၍ အမိ-အဖွား-ဘေးမ-ဘီမ-ဘင်မ-ဘောင်မ-ဘောမဟူသော ၇ ဆက်ကိုလည်း ယူပါ။ ဤသို့ အမိဘက်ပါယူမှလည်း "ဥဘတော သုဇာတော မာတိတောစ ပိတိတောစ" ဟူသော ပါဠိတော်ကိုလည်း ပြီးစေရာ (ထောက်ခံရာ) ရောက်သည်။ [ပုရိသဂ္ဂဟဏံ စေတ္ထ (ပိတာမဟယုဂါ၌ပိတာမဟသဒ္ဒါကို) ဥက္ကဋ္ဌနိဒ္ဒေသေန ကတံတိ ဒဋ္ဌဗ္ဗံ၊ ဧဝံ ဟိ မာတိတောတိ ပါဠိဝစနံ သမတ္ထိတံ ဟောတိ၊-ဋီကာသစ်။]
အဋ္ဌကထာမှ အလွတ်နည်း။ ။ အဋ္ဌကထာ၌ပုရိသကိုသာ ဖွင့်ထားသောကြောင့် မိန်းမဘက်ကိုယူနိုင်အောင် ဥက္ကဋ္ဌနည်းဟု ဆိုရသည်။ "မာတာစ+ပိတာစ ပိတရော" ဟု ဝိရူပေကသေသိပြုလျှင်ကား ပိတုအရ အမိပါရ၍, ပိတာမဟတို့အရ ပိတာမဟီ (အဖွား) စသူတို့ကိုပါရသောကြောင့် ဥက္ကဋ္ဌနည်း ကြံဖွယ်မလိုတော့။ ဤနည်း၌ယုဂသဒ္ဒါလည်း "အစုံ" အနက်ဟောတည်း။ တစ်စုံမက, ၇ စုံလုံးရအောင် "ယုဂံစ+ယုဂံစ ယုဂံ" ဟု ဧကသေသ်ပြု၊ [အဘိဓာန် (၈၈၂)၌"ကပ္ပန္တုယုဂလေ ယုဂံ" ဟု နပုလ္လိန်ရှိ၏။ အဋ္ဌကထာ၌လည်း "ယုဂံတိ ၊ပေ၊ ပိတာမဟယုဂံ" ဟု နပုလ္လိန်ရှိ၏။ ဋီကာတို့၌"ယုဂေါ" ဟု ပုလ္လိန်တွေ့ရ၏။ ဤနည်းအလိုအားဖြင့် "သတ္တမာ-၇ ဆက်မြောက်ဖြစ်သော။ ယာဝပိတာမဟယုဂါ-ဘိုး, ဘွား အစုံတိုင်အောင်" ဟု အနက်ပေးပါ။]
ဧဝံ ၊ပေ၊ ဇာတိဝါဒေန။ ။ "ယာဝ သတ္တမော ပုရိသော, တာဝ" ဖြင့် သတ္တမာ၌သ္မာဝိဘတ်၏ အဘိဝိဓိ အဝဓိအနက်ကို ပြ၏။ ပိတာမဟယုဂါ၌လည်း ယုဂါအတွက် အနက်မှာလိုရင်းမဟုတ်။ ပိတာမဟ (ယောက်ျား) အနက်သာ ပဓာနဟု ပြသည်။ ယောက်ျား ၇ ဆက် တိုင်အောင်, "ယောက်ျား ၇ ဆက်ကိုအတွင်းပြု၍" ဟူလို။ ဤပုဒ်ကို သံသုဒ္ဓ ဂဟဏိကောနှင့်စပ်ပုံကို ပဌမပြ၍, အထဝါဖြင့် "အက္ခိတ္တော အနုပကုဋ္ဌော"၌စပ်ပုံကို ဒုတိယပြ၏။ ထိုသို့ပြ သဖြင့် "ယာဝ သတ္တမာ ပိတာမဟယုဂါ"သည်ရှေ့ကိုလည်းကောင်း, နောက်ကိုလည်းကောင်း ၂ ဖက်ငဲ့သော "ကာကောလောကနည်း" ဟု ပြသည်။ [ဣဒံ ကာကာပေက္ခနမိဝ ဥဘယတ္ထ သမ္ဗန္ဓံ ဂတန္တိ အာဟ ဧဝံတိ အာဒိ-ဋီကာသစ်။]
**အက္ခိတ္တော**တိ၊ ကား။
ဧတံ၊ ဤသူကို။ အပနေထ၊ ပယ်ကြကုန်။ ဣမိနာ၊ ဤသူဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ ဣတိဧဝံ၊ သို့။ အက္ခိတ္တော၊ မပယ်မြစ်အပ်ပါ။ အနဝက္ခိတ္တော၊ အောက်၌မချအပ်ပါ။
**အနုပကုဋ္ဌော**တိ၊ ကား။ န ဥပကုဋ္ဌော၊ မဆဲရေးအပ်ပါ။ အက္ကောသံဝါ၊ ဆဲရေးခြင်းကိုလည်းကောင်း။ နိန္ဒဝါ၊ ကဲ့ရဲ့ခြင်းကိုလည်းကောင်း။ န လဒ္ဓပုဗ္ဗော၊ ရှေး၌မရအပ်ပါ။
ဝါ၊ မရအပ်ဘူးပါ။ ကေနကာရဏေန၊ အဘယ်အကြောင်းကြောင့်။ (အက္ခိတ္တော၊ နည်း။ အနုပကုဋ္ဌော၊ နည်း။) ဣတိ၊ ဤကား အမေးတည်း။
ဇာတိဝါဒေန၊ ဇာတ်ကို ပြောဆိုကြောင်းစကားကြောင့်။ (အက္ခိတ္တော၊ အပ်ပါ။ အနုပကုဋ္ဌော၊ အပ်ပါ။ ဣတိ၊ ဤကားအဖြေတည်း။)အက္ခိတ္တော။ ။ ခိပဓာတ်သည် ပစ်ပယ်ခြင်းအနက်ကိုဟော၏။ ခိပိယိတ္ထာတိခိတ္တော၊ န+ခိတ္တော အတ္ထိတ္တော၊ "အပနေထ ဧတံ, ကိံ ဣမိနာ" ကား ပစ်ပယ်ပုံအခြင်းအရာကိုပြသောအာကာရဝါကျတည်း။ [သဒ္ဓထာလိပါကာဒီသု-ကုဗ္ဗီးထမင်းပွဲ, အိုးကြီးအိုးငယ်တို့ဖြင့် ချက်၍ ကျွေးရာ မင်္ဂလာထမင်းစားပွဲ စသည်တို့၌။ န အဝက္ခိတ္တော-အောက်၌ချမထားအပ်။ န ဆဋ္ဋိတော-မစွန့်ပယ်အပ်။ -ဋီကာ။ သဒ္ဓထာလိပါကတို့၏ အဓိပ္ပာယ်ကို အမ္ဗဋ္ဌသုတ် ခတ္တိယသေဋ္ဌ ဘာဝ အဖွင့်၌ပြခဲ့ပြီ။]
အနုပက္ကုဋ္ဌော။ ။ ဥပ+ကုသဓာတ်သည်ဆဲရေးခြင်းအနက်ကိုဟော၏။ ဥပက္ကော သီယိတ္ထာတိ ဥပက္ကုဋ္ဌော န+ဥပက္ကုဋ္ဌော အနုပက္ကုဋ္ဌော၊ " န အက္ကောသံဝါ နိန္ဒံဝါ လဒ္ဓပုဗ္ဗော" ကား အဓိပ္ပာယ်ဖွင့်တည်း။
ဇာတိဝါဒေန။ ။ နာဝိဘတ်သည်ဟိတ်အနက်၌သက်၏။ ထို့ကြောင့် "ကေန ကာရဏေန-ဘာ့ကြောင့် အက္ခိတ္တ အနုပက္ကုဋ္ဌဖြစ်သနည်း" ဟု ပုစ္ဆာထုတ်သည်။ ဤသူသည်ဟီနဇာတ်ရှိသူတည်း။ ဤထမင်းစားပွဲ၌ထိုသူကို မပါစေနှင့်။ ထိုသူပါလျှင် ငါတို့မလိုက်နိုင်။ ဤသို့ဇာတ်နှင့်စပ်သောဝါဒကြောင့် အပယ်မခံရ ရန်ဖြစ်သောအခါလည်း အဆဲမခံရ-ဟူလို။ [ဇာတိ ဝါဒေနာတိ ဟေတုမှိ ကရဏဝစနန္တိ ဒဿေတုံ ကေနကာရဏေနာတိအာဒိ ဝုတ္တံ၊ ဋီကာ။]
မှတ်ချက်။ ။ ဧတ္ထ စ ဥဘတော ၊ပေ၊ ပိတာမဟယုဂါတိ ဧတေန ဗြာဟ္မဏဿ ယောနိဒေါသာဘာဝေါ (အမိယောနိ၏ အပြစ်မရှိကြောင်းကို) ဒဿိတော၊ (ဘာ့ကြောင့်နည်း။) သံသုဒ္ဓဂဟဏိကဘာဝဒဿနတော (စင်ကြယ်သော အမိဝမ်း (သားအိမ်) ရှိကြောင်းကို ပြခြင်းကြောင့်တည်း။) [ထိုသားအိမ်၌အဘ၏ သုက်သွေးမှတစ်ပါး အခြားလင်ငယ်၏ သုက်သွေးနှင့် မရောစပ်သည်ကို "စင်ကြယ်သော သားအိမ်" ဟု ဆိုသည်။] အက္ခိတ္တောတိ ဣမိနာ ကြိယာ ပရာဓာဘာဝေါ (ကိုယ်မှု နှုတ်မှု အပြစ်မရှိကြောင်းကို။) ဒဿိတော၊ (ဘာ့ကြောင့်နည်း) ကြိယာပရာဓေန ဟိ သတ္တာ ခေပံ (ပစ်ပယ်ခံရခြင်းသို့) ပါပုဏန္တိ၊ (ထို့ကြောင့်တည်း။) အနုပက္ကုဋ္ဌောတိဣမိနာ အယုတ္တသံသဂ္ဂါဘာဝေါ (မသင့်တော်သူတို့နှင့် အပေါင်းအသင်း မရှိကြောင်းကို) ဒဿိတော၊ အယုတ္တသံသဂ္ဂံ ဟိ ပဋိစ္စ သတ္တာ အက္ကောသံ လဘန္တိ-ဋီကာ။
ဣတိပိ၊ ဤအကြောင်းကြောင့်လည်း။
ဧသော၊ ဤသူသည်။ ဟီနဇာတိကော၊ ယုတ်ညံ့သောဇာတ်ရှိ၏။ ဣတိ ဧဝရူပေန၊ ဤသို့သဘောရှိသော။ ဝစနေန၊ စကားကြောင့်။ (အက္ခိတ္တော, အနုပကုဋ္ဌော။) ဣတိ အတ္ထော။
**အဍ္ဎော**တိ၊ ကား။ ဣဿရော၊ သူတစ်ပါးကို လွှမ်းမိုးအုပ်စိုးနိုင်ပါ၏။
**မဟဒ္ဓနော**တိ၊ ကား။ မဟတာ၊ များစွာသော။ ဓနေန၊ ဥစ္စာနှင့်။ သမန္နာဂတော၊ ပြည့်စုံပါ၏။ (ဗဟုဗွီဟိသမာသ်ကို ပြသည်။)
ဟိ၊ မှန်။ ဘဝတော၊ အရှင်၏။ ဂေဟေ၊ အိမ်၌။ ပထဝိယံ၊ မြေ၌။ ပံသုဝါလိကာဝိယ၊ မြေမှုန့် သဲတို့ကဲ့သို့။ ဓနံ၊ သည်။ ဗဟု၊ များပါ၏။ ပန၊ ဗျတိရိက်ကား။ သမဏော ဂေါတမော၊ သည်။ အဓနော၊ ဥစ္စာမရှိသည်။ (ဟုတွာ)။ ဘိက္ခာယ၊ ထမင်းတောင်းခြင်းအားဖြင့်။ ဥဒရံ၊ ဝမ်းကို။ ပူရေတွာ၊ ပြည့်စေ၍။ ယာပေတိ၊ မျှတရှာ၏။ ဣတိ၊ ဤအနက်ကို။ ဒဿေန္တိ၊ ပြကြကုန်၏။
**မဟာဘောဂေါ**တိ၊ ကား။ ပဉ္စကာမဂုဏဝသေန၊ ၅ ပါးသော ကာမဂုဏ်တို့၏ အစွမ်းဖြင့်။ မဟာဥပဘောဂေါ၊ များစွာသောအသုံးအဆောင်ရှိပါ၏။
ဧဝံ၊ သို့။ ယံယံဂုဏံ၊ အကြင်အကြင် ဂုဏ်ကို။ ဝဒန္တိ၊ န်၏။ တဿတဿ၊ ထိုထိုဂုဏ်၏။ ပဋိပက္ခဝသေန၊ ဆန့်ကျင်ဘက်၏အစွမ်းဖြင့်။ ဘဂဝတော၊ ၏။ အဂုဏံယေဝ၊ ဂုဏ်၏ဆန့်ကျင်ဘက်ကိုသာ။ ဒဿေမ၊ ပြကြကုန်၏။ ဝါ၊ ပြရာရောက်ကုန်၏။ ဣတိ၊ သို့။ မညမာနာ၊ မှတ်ထင်ကုန်သည်။ (ဟုတွာ)။ ဝဒန္တိ၊ န်၏။
**အဘိရူပေါ**တိ၊ ကား။ အညေဟိ၊ ကုန်သော။ မနုဿေဟိ၊ လူတို့ထက်။ အဘိရူပေါ အဓိကရူပေါ၊ လွန်ကဲသော အဆင်းရှိပါ၏။
**ဒဿနီယော**တိ၊ ကား။ ဒိဝသမ္ပိ၊ တစ်နေ့ပတ်လုံးလည်း။ ပဿန္တာနံ၊ ကြည့်ရှုသူတို့၏။ (တိတ္တိ၊ ၌စပ်။) အတိတ္တိကရဏတော၊ တင်းတိမ်ခြင်းကို မပြုတတ်သည်၏အဖြစ်ကြောင့်။အဍ္ဎော ဣဿရော။ ။ လောက၌ဣဿရ (အစိုးရ) ဖြစ်သူသည်အဍ္ဎ-ပစ္စည်းဥစ္စာလည်း ပေါများ၏။ ထိုသို့ပေါများမှလည်း သူတစ်ပါးအပေါ်၌လွှမ်းမိုးအုပ်စိုးနိုင်၏။ ထို့ကြောင့် အဍ္ဎကို "ဣဿရ" ဟု ပရိယာယ်အဖြစ်ဖြင့် ဖွင့်သည်။ [ဣဿရောတိ အာဓိပတေယျ သံဝတ္တနိယ ကမ္မဗလေန (အစိုးရသူ၏အဖြစ်ကိုဖြစ်စေတတ်သော ကံ၏အစွမ်းကြောင့်) ဤသနသီလော-လွှမ်းမိုးအုပ်စိုးခြင်း အလေ့ရှိသူတည်း။ ထိုထိုကံက အစိုးရအောင် ဖြစ်စေနိုင်လျှင် ပစ္စည်းဥစ္စာပေါအောင်လည်း ဖြစ်စေနိုင်မည်သာတည်း။ သာပနဿ ဣဿရတာ ဝိဘဝသမ္ပတ္တိပစ္စယာ (ကြောင့်) ပါကဋာ ဇာတာတိ အဍ္ဎတာပရိယာယဘာဝေနေဝ ဂဒန္တော အဍ္ဎောတိ ဣဿရောတိ အာဟ၊-ဋီကာ။]
အဘိရူပေါ ၊ပေ၊ ပါသာဒိကော။ ။ အဘိကို "အဓိက" ဟု ဖွင့်သည်။ "အဓိကံ+ ရူပံ ယဿာတိ အဘိရူပေါ" ဟု ပြု။ ဒဿနီယော၌ဒိသဓာတ်, အနီယပစ္စည်းတည်း။ အနီယပစ္စည်းသည်အရဟအနက် ယောဂ္ဂအနက်ကို ဟော၏-ဟု ပြလို၍ "ဒဿနုယောဂ္ဂေါ" ဟု ဖွင့်သည်။ "ပဿိတဗ္ဗောတိ ဒဿနီယော" ဟုပြု။ ဋီကာ၌"ဒဿနံ အရဟတိ" ကား အနီယပစ္စည်း၏ အနက်ပြတည်း။ (တစ်နည်း) အရဟတိအနက်၌ဣယပစ္စည်းသက်၍ တဒ္ဓိတ်ပုဒ်ဖြစ်သည်-ဟု တစ်နည်းပြသည်။ ထိုအလို "ဒဿနံ အရဟတီတိ ဒဿနိယော" ဟု ပြုပါ။ နိ၌လည်း ရဿရှိပါစေ။ ပသာဒဇနနတောကိုကြည့်၍ "ပသာဒံဇနေတီတိ ပါသာဒိကော" ဟု ဇနေတိတဒ္ဓိတ် ဏိကပစ္စည်း-ဟု ကြံသင့်သော်လည်း ဋီကာ၌"ပသာဒံ အာဝဟတီတိ ပါသာဒိကော" ဟု ပြု၏။ "သူတစ်ပါး၏ကြည်ညိုခြင်းကို မိမိအပေါ်သို့ အာရုံပြုသောအားဖြင့် ရောက်လာအောင် ဆွဲဆောင်နိုင်သည်" ဟူလို။
ဝါ၊ မတင်းတိမ်ခြင်းကို ပြုတတ်သည်၏ အဖြစ်ကြောင့်။ ဒဿနယောဂ္ဂေါ၊ ကြည့်ရှုခြင်းကို ထိုက်၏။
ဒဿနေနေဝ၊ မြင်ရခြင်းဖြင့်ပင်။ စိတ္တပသာဒဇနနတော၊ စိတ်၏ ကြည်လင်ခြင်းကိုဖြစ်စေတတ်သည်၏ အဖြစ်ကြောင့်။ **ပါသာဒိကော**၊ စိတ်၏ ကြည်လင်ခြင်းကိုဖြစ်စေနိုင်ပါ၏။
သုန္ဒရဘာဝေါ၊ ကောင်းသည်၏အဖြစ်ကို။ ပေါက္ခရတာ၊ ပေါက္ခရတာဟူ၍။ ဝုစ္စတိ။ ဝဏ္ဏဿ၊ အဆင်း၏။ ပေါက္ခရတာ၊ ကောင်းသည်၏အဖြစ်တည်း။ ဝါ၊ လှခြင်းတည်း။ ဝဏ္ဏပေါက္ခရတာ၊ အဆင်း၏ ကောင်းသည်၏အဖြစ်။ (အဆင်းလှခြင်း။) တာယ ဝဏ္ဏသမ္ပတ္တိယာ၊ ထိုအဆင်း၏ သမ္ပတ္တိနှင့်။ ယုတ္တော၊ ယှဉ်ပါ၏။ ဣတိ အတ္ထော။
ပန၊ ဝါဒန္တရဝိသေသကား။ ပေါရာဏာ၊ ရှေးအဋ္ဌကထာဆရာ တို့သည်။ အာဟု၊ ဆိုကြကုန်ပြီ။ (ကိံ၊ ကုန်သနည်း။)
သရီရံ၊ ကိုယ်ကို။ ပေါက္ခရန္တိ၊ ပေါက္ခရဟူ၍။ ဝဒန္တိ၊ ဆိုကြကုန်၏။ ဝဏ္ဏမေဝ၊ အဆင်းကိုပင်။ ဝဏ္ဏံ (တိ)၊ ဟူ၍။ (ဝဒန္တိ)။ ဣတိ (အာဟု၊ န်ပြီ။)
တေသံ၊ ထိုရှေးအဋ္ဌကထာဆရာတို့၏။ မတေန၊ အလိုအားဖြင့်။ ဝဏ္ဏောစ၊ အဆင်းလည်း။ ပေါက္ခရဉ္စ၊ ကိုယ်လည်း။ ဝဏ္ဏပေါက္ခရာနိ၊ အဆင်း, ကိုယ်တို့၏။
တေသံ၊ ထိုအဆင်း, ကိုယ်တို့၏။ ဘာဝေါ၊ ဖြစ်ကြောင်းဖြစ်ရာသန့်ရှင်းခြင်း, သဏ္ဌာနသမ္ပတ္တိဖြစ်ခြင်းတည်း။ ဝဏ္ဏပေါက္ခရတာ၊ အဆင်း, ကိုယ်တို့ ၏ဖြစ်ကြောင်းဖြစ်ရာ သန့်ရှင်းခြင်း, သဏ္ဌာန သမ္ပတ္တိဖြစ်ခြင်း။ဝဏ္ဏပေါက္ခရတာ။ ။ပေါက္ခရံ ပဒုမေ ဒေဟေ" စသော အဘိဓာန် (၈၂၇) လာအနက်တို့တွင် ပေါက္ခရသဒ္ဒါသည်သုန္ဒရတ္တ အနက်၌ထင်ရှားသော အထင်ရုဠှီသဒ္ဒါတည်း။ ထို့ကြောင့် "ပေါက္ခရတာ ဝုစ္စတိ သုန္ဒရဘာဝေါ" ဟု ဝုစ္စတိသဒ္ဒါဖြင့်ဖွင့်သည်။ ထို့နောက်အဋ္ဌကထာအတိုင်း ဝဏ္ဏနှင့်တွဲ၍ "အဆင်း၏ သမ္ပတ္တိ (လှပခြင်း)" ဟု အနက်မှတ်ပါ။ အဋ္ဌ ကထာ၌ယုတ္တောကား သမန္နာဂတော၏ အဓိပ္ပာယ်ဖွင့်တည်း။
ပေါရာဏာ ပန။ ။ ဤနည်း၌ကား ပေါက္ခရသဒ္ဒါသည်"ကိုယ်" ဟူသောအနက်၌ထင်ရှားသော အထင်ရုဠှီသဒ္ဒါတည်း။ [ပုသ-ပေါသနေဟူသော ဓာတ်, ခရပစ္စည်းဖြင့် သကို ကပြု, ဥကို ဩပြု၍ "ပေါက္ခရ" ဟု ပြီးစေကြ၏။ ပေါသီယတီတိ ပေါက္ခရံ-မွေးမြူအပ်သော ကိုယ်။] ဝဏ္ဏ၌ပေါက္ခရသဒ္ဒါနှင့် ဆက်သွယ်သော သမ္ဗန်အနက်ကို တားမြစ်လို၍ "ဝဏ္ဏံဝဏ္ဏမေဝ" ဟု ဖွင့်ဟန်တူသည်။ ["ဝဏ္ဏံစ ပေါက္ခရဉ္စ" ဟု အချို့စာအုပ်၌ရှိ၏။ ဝဏ္ဏသဒ္ဒါ အဘိဓာန်၌ပုံလိန်ရှိသည်။]
ဣတိ၊ ဤသို့လျှင်။ **ပရမာယ ဝဏ္ဏပေါက္ခရတာယာ**တိ (ပဒဿ)၊ ၏။ ဥတ္တမေန၊ မြတ်သော။ ပရိသုဒ္ဓေန၊ ထက်ဝန်းကျင် စင်ကြယ်သော။ ဝဏ္ဏနစေဝ၊ နှင့်လည်းကောင်း။ (ဥတ္တမာယ၊ သော။) သရီရသဏ္ဌာန သမ္ပတ္တိယာစ၊ ကိုယ်သဏ္ဌာန်၏ သမ္ပတ္တိဖြစ်ခြင်းနှင့်လည်းကောင်း။ ("သမန္နာဂတော" ဟု ပါဠိတော်၌စပ်။) ဣတိ အတ္ထော။
**ဗြဟ္မဝဏ္ဏီ**တိ၊ ကား။ သေဋ္ဌဝဏ္ဏီ၊ မြတ်သောအဆင်းရှိပါ၏။
ပရိသုဒ္ဓဝဏ္ဏေသုပိ၊ ထက်ဝန်းကျင် စင်ကြယ်သော အဆင်းရှိသူတို့တွင်လည်း။ သေဋ္ဌေန၊ မြတ်သော။ သုဝဏ္ဏဝဏ္ဏေန၊ ရွှေအဆင်းနှင့် တူသောအဆင်းနှင့်။ သမန္နာဂတော၊ ပြည့်စုံပါ၏။ ဣတိ အတ္ထော။
**ဗြဟ္မဝစ္ဆသီ**တိ၊ ကား။ မဟာဗြဟ္မုနော၊ မဟာဗြဟ္မာ၏။ သရီရသဒိသေနေဝ၊ ကိုယ်ရောင်နှင့် တူသည်သာလျှင်ဖြစ်သော။ သရီရေန၊ ကိုယ်ရောင်နှင့်။ သမန္နာဂတော၊ ပါ၏။ပရိသုဒ္ဓေန ဝဏ္ဏေန။ ။ ဘာဝသဒ္ဒါသည်(သဒ္ဒထုံးစံအတိုင်း) သဒ္ဒပဝတ္တိနိမိတ်အနက်ကို ဟော၏။ ဝဏ္ဏ-ပကာသနေ (ထင်ရှားပြခြင်း) အနက်၌ဖြစ်၏။ မှန်၏။-အဆင်းသည်တည်ရာဒြဗိကို ထင်ရှားပြစွမ်းနိုင်သောသတ္တိ (သဒ္ဒပဝတ္တိနိမိတ်) ရှိ၏။ ထိုသတ္တိကား သန့်ရှင်းစင်ကြယ်သောဂုဏ်တည်း။ ထို့ကြောင့် ဝဏ္ဏတာအရ "ပရိသုဒ္ဓေနဝဏ္ဏေန" ဟု ဖွင့်သည်။ ဥတ္တမေနကား ပရမာယ၏ အဖွင့်တည်း။ ဤအလို "ဝဏ္ဏတာ-အဆင်း၏ဖြစ်ကြောင်းဖြစ်ရာ သန့်ရှင်းစင်ကြယ်သောဂုဏ်တည်း" ဟု အနက်မှတ်ပါ။
သရီရသဏ္ဌာနသမ္ပတ္တိယာ။ ။ ပေါက္ခရ (ကိုယ်) ဟူသည်မျက်စေ့-နား-နှာ အင်္ဂါလက်-ခြေတို့ကို ပေါင်းစပ်ထားအပ်သော အပေါင်းတည်း။ ထိုအပေါင်း တစ်ကိုယ်လုံး၏ဖြစ်ကြောင်းဖြစ်ရာ ကိုယ်ဟု ဆိုအပ်လောက်အောင် ကောင်းသော ဂုဏ်အင်္ဂါကား ထိုလက်ခြေစသော ပုံသဏ္ဌာန်တို့၏ သမ္ပတ္တိဖြစ်ခြင်း (လှပခြင်း) တည်း။ ထို့ကြောင့် ပေါက္ခရတာကို "သရီရသဏ္ဌာနသမ္ပတ္တိ" ဟု တာပစ္စည်း၏ သဒ္ဒပဝတ္တိနိမိတ်အနက်ကိုဖွင့်သည်။ ဤ၌လည်း "ဥတ္တမာယ" ဟု လိန်ပြင်၍ လိုက်ပါစေ။ [သမ္ပတ္တိယာကို နောက်သမန္နာဂတော၌စပ်ရမည် ဖြစ်၍ "သမ္ပတ္တိ-ပြည့်စုံခြင်း" ဟု မပေးရ။ လှပခြင်းကို သမ္ပတ္တိဟု ဆိုလိုသည်။]
ဗြဟ္မဝတ္တီ။ ။ ဗြဟ္မသဒ္ဒါသည် သေဋ္ဌ အနက်ဟောတည်း။ အဆင်းတို့တွင်လည်း ရွှေအဆင်းသည်အသာဆုံးဖြစ်၏။ ဘုရားရှင်-စကြာမင်းတို့သည် ရွှေအဆင်းရှိကြ၏။ ထို့ကြောင့် သေဋ္ဌေနကို "သုဝဏ္ဏဝဏ္ဏေန" ဟု သရုပ်ဖေါ်သည်။ "ပရိသုဒ္ဓဝဏ္ဏေသုပိ" ကား "ဝဏ္ဏပေါက္ခရတာယ သမန္နာဂတော" တုန်းက "ဝဏ္ဏတာ" အရ ပရိသုဒ္ဓဝဏ္ဏနှင့် ပြည့်စုံကြောင်းကို ပြခဲ့ပြီဖြစ်၍ "ပရိသုဒ္ဓဝဏ္ဏေသုပိ" ဟု ထို စကားကို ပြန်၍ ညွှန်းသည်။
ဗြဟ္မဝစ္ဆသီ။ ။ ဝစ္ဆသ သဒ္ဒသည်ကိုယ်၏ အရောင်အနက်ဟောဟု ဖွင့်ကြ၏။ [ယသ္မာ ပန ဝစ္ဆသသဒ္ဒေါ သရီရာဘေ ပဝတ္တတိ၊ တသ္မာ ဗြဟ္မဝစ္ဆသီတိ ဥတ္တမသရီရာဘော မြတ်သော ကိုယ်ရောင်ရှိ၏။ သုဝဏ္ဏာဘော ဣစ္စေဝ အတ္ထော၊ (ရှေ့ဗြဟ္မဝဏ္ဏီပုဒ်၏ အနက်အတိုင်းပင်) ရွှေရောင်ရှိ၏ဟု ဆိုလိုသည်။ ဤအဖွင့်အတိုင်း "ဗြဟ္မဝစ္ဆသီ-မြတ်သော ကိုယ်ရောင်ရှိသူ" ဟု ပေးရလိမ့်မည်။ ဗြဟ္မဝဏ္ဏီတုန်းက မြတ်သော အဆင်းရှိပုံကိုသာ ပြခဲ့၏။ အရောင်ထွက်ပုံကို မပြသေး။ ဤဗြဟ္မဝစ္ဆသီဖြင့် မြတ်သော ရွှေရောင်ထွက်နေပုံကို ပြသည်။ အဋ္ဌကထာ၌"မဟာဗြဟ္မနော ၊ပေ၊ သမန္နာဂတော"သည်အဓိပ္ပာယ်ဖွင့်တည်း။ "ဗြဟ္မာ၏ ကိုယ်သည်ရွှေရောင်ရှိသကဲ့သို့ ရွှေရောင်ရှိ၏" ဟု ဆိုလို၏။ "ဗြဟ္မာ၏ကိုယ်သည်ဖြောင့်မတ်စွာ အထက်သို့တက်သကဲ့သို့ ဖြောင့်မတ်စွာတက်သော ကိုယ်ရှိသည်" ဟု ဆိုလိုသည်မဟုတ်။
**အခုဒ္ဒါဝကာသော ဒဿနာယာ**တိ၊ ပါဌ်ဖြင့်။ (ဒီပေန္တိ၊ ၌စပ်။) ဘောတော၊ အရှင်၏။ သရီရေ၊ ကိုယ်၌။ ဒဿနာယ၊ ကြည့်ရှုခြင်းငှာ။ ဝါ၊ ကြည့်ရှုဘို့ရာ။ ["အချို့စာအုပ်၌ "ဒဿနဿ" ဟု ပြင်ထား၏။ ပါဠိတော်အတိုင်း "ဒဿနာယ" က ရှင်းပါသည်။] ဩကာသော၊ အရပ်သည်။ န ခုဒ္ဒကော၊ မသေးသိမ်ပါ။ မဟာ၊ ကြီးကျယ်ပါ၏။ တေ၊ အရှင်၏။ သဗ္ဗာနေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။ အင်္ဂပစ္စင်္ဂါနိ၊ အင်္ဂါကြီးငယ်တို့သည်။ ဒဿနီယာနေဝ၊ ရှုချင့်စဖွယ် တင့်တယ်ကုန်သည်သာ။ တာနိစာပိ၊ ထိုရှုချင့်စဖွယ် အင်္ဂါကြီးငယ်တို့သည်လည်း။ မဟန္တာနေဝ၊ ကြီးကျယ်ပါကုန်သည်သာ။ ဣတိ၊ သို့။ ဒီပေန္တိ၊ ပြကြကုန်၏။
အဿ၊ ထိုပုဏ္ဏား၏။ သီလံ၊ သီလသည်။ အတ္ထိ၊ ၏။ ဣတိ၊ ထို့ကြောင့်။ **သီလဝါ**၊ မည်၏။
အဿ၊ ထိုပုဏ္ဏား၏။ ဝုဒ္ဓံ, ဝဒ္ဓိတံ၊ ကြီးပွားပြီးသော။ သီလံ၊ သည်။ (အတ္ထိ)။ ဣတိ, **ဝုဒ္ဓသီလီ**၊ မည်၏။
**ဝုဒ္ဓသီလေနာ**တိ၊ ကား။ ဝုဒ္ဓေန ဝဒ္ဓိတေန၊ ကြီးပွားပြီးသော။ သီလေန၊ နှင့်။
**သမန္နာဂတော**၊ ပြည့်စုံပါ၏။ ဣတိ၊ ဤဝဒ္ဓိတေန သီလေနသမန္နာဂတောဟူသော ပုဒ်အပေါင်းသည်။
ဝုဒ္ဓသီလီပဒဿေဝ၊ ဗုဒ္ဓသီလီပုဒ်၏ပင်။ ဝေဝစနံ၊ ဝေဝုစ် ပရိယာယ် စကားလှယ်တည်း။
သဗ္ဗံ၊ အလုံးစုံသော။ ဧတံ၊ ဤသီလဝါအစရှိသော ၃ပုဒ်အပေါင်းကို။အခုဒ္ဒါဝကာသော။ ။ ခုဒ္ဒေါ-သေးငယ်သော+အဝကာသော-ကြည့်စရာအရပ်သည်။ ယဿ အတ္တီတိ ခုဒ္ဒါဝကာသော၊ န+ခုဒ္ဒါဝကာသော အခုဒ္ဒါဝကာသော၊ တစ်ချို့သည်မျက်လုံးသာ လှ၏။ ထို့ကြောင့် ကြည့်စရာ အရပ်သည်မျက်လုံးဟူသော အနည်းငယ်သာရှိ၏။ ဤသို့စသည်ဖြင့် ကိုယ်၏ အင်္ဂါတစ်ချို့ သာလှသူသည်ခုဒ္ဒါဝကာသမည်၏။ အရှင်ပုဏ္ဏားကား တစ်ကိုယ်လုံး အင်္ဂါကြီးငယ်တွေ ကြည့်စရာချည်း ဖြစ်လောက်အောင် လှပနေသောကြောင့် "အခုဒ္ဒါဝကာသ" ဖြစ်ပါသည်-ဟူလို။ ["မဟန္တာနေဝ" ဟူရာ၌အရာဝတ္ထု ကြီးကျယ်သည်ကို မဆိုလို။ "ထယ်ထယ်ဝါဝါရှိသည်-ကြီးကျယ်ခမ်းနားသည်" ဟု ဆိုလိုသည်။]
ဝုဒ္ဓသီလီ။ ။ "သီလဝါ-သီလရှိ" ဟု ဆိုရာ၌မကြာမီသော ကာလကမှ စ၍ ဆောက်တည်အပ်သော သီလဖြစ်လျှင် ထိုသီလသည်နုသေး၏, ငယ်သေး၏။ နုသောကြောင့် မခိုင်မြဲ, ပျက်လွယ်၏။ ကြီးရင့်သော သီလကား ရင့်ပြီးသော သစ်သီးကဲ့သို့ မပျက်လွယ်။ ထို့ကြောင့် "ဝုဒ္ဓသီလီ" ဟု ထပ်ဆင့်၍ ဂုဏ်တင်ပြန်သည်။ "ငါးပါးသီလစောင့်ခဲ့သည်မှာ ကာလကြာပြီး ဖြစ်သောကြောင့် ကြီးပွားပြီး (ရင့်ပြီး) သော သီလရှိသည်" ဟူလို။ [ဝုဒ္ဓံကို "ဝဒ္ဓိတံ"ဟုဖွင့်၏။ [၂ ပုဒ်လုံးပင် တိုးပွားခြင်း ကြီးပွားခြင်းအနက်ကိုဟောသော ဝဒ္ဓ ဓာတ်,တပစ္စည်းတည်း။ ဝုဒ္ဓ၌ တပစ္စည်း မထင်ရှားသောကြောင့် ထင်ရှားအောင် ဝဒ္ဓိတံ ဟုဖွင့်သည်။]
ပဉ္စသီလမတ္တမေဝ၊ ၅ ပါးသီလမျှကိုသာ။ သန္ဓာယ၊ ၍။ ဝဒန္တိ၊ ပြောဆိုကြကုန်၏။ [ထိုပုဏ္ဏားတို့မှာ ပဉ္စသီလထက် လွန်သောသီလ မရှိသောကြောင့်လည်းကောင်း, အခြားသီလများကို မသိသောကြောင့်လည်းကောင်း, ၅ ပါးသီလကို ရည်ရွယ်၍ ပြောကြသည်။]
ကလျာဏပါစောတိ အာဒီသု၊ စော အစရှိသောပါဠိရပ်တို့၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) အဿ၊ ထိုအရှင်၏။ ကလျာဏာ သုန္ဒရာ၊ ကောင်းသော။ ပရိမဏ္ဍလပဒဗျဉ္ဇနာ၊ ထက်ဝန်းကျင်ဝန်းဝိုင်းသောပုဒ်, ဗျည်း အက္ခရာဟူသော။ ဝါ၊ ထက်ဝန်းကျင် ဝန်းဝိုင်းသောဝိဘတျန္တပုဒ်, ဝါကျဟူသော။ ဝါစာ၊ စကားသည်။ (အတ္ထိ)။ ဣတိ၊ ကြောင့်။ (သော၊ ထိုအရှင်သည်။) ကလျာဏဝါစော၊ ကလျာဏဝါစမည်၏။ဋီကာသစ်။ ။ သီလန္တိ ယမနိယမလက္ခဏံ-အမြဲ စောင့်သုံးအပ်သည်၏အဖြစ် ဟူသောယမ, အာဂန္တုက စောင့်သုံးအပ်သည်၏အဖြစ်ဟူသောနိယမလက္ခဏာရှိသော။ သီလံ-သီလတည်း။ တံ ပနဿ ရတ္တညုတာယ (ကြာမြင့်စွာသောစောင့်သုံးရာညဉ့်ကို သိသူ၏အဖြစ်အားဖြင့်) ဝုဒ္ဓံ ဝဒ္ဓိတံ ဝိသေသတော ဝုဒ္ဓသီလီတိ ဝုတ္တံ၊ ဝုဒ္ဓသီလေနာတိ သဗ္ဗဒါ သမ္မာယောဂတော (ကောင်းစွာအားထုတ်ခြင်းကြောင့်။) ဝုဒ္ဓေန ဗုဒ္ဓသီလေန။[ယမ နိယမ အဓိပ္ပာယ်ကို အဘိဓာန် (၄၄၄) ၌ ရှုပါ။]
ကလျာဏဝါစော။ ။ ကလျာဏာကို "သုန္ဒရာ" ဟု ဖွင့်၍သုဒ္ဒရာကို "ပရိမဏ္ဍလပဒဗျဉ္ဇနာ" ဟု ဖွင့်သည်။ ပရိမဏ္ဍလပဒဗျဉ္ဇနဖြစ်ခြင်းကိုပင် "အကောင်း" ဟု ဆိုလိုသည်။ ဌနကရဏသမ္ပတ္တိယာ-ဌာန်, ကရိုဏ်းတို့၏ပြည့်စုံခြင်း (ပြည့်စုံအောင်ဌာန်, ကရိုဏ်းကျကျရွတ်ဆိုခြင်း) ကြောင့်လည်းကောင်း။ သိက္ခာသမ္ပတ္တိယာစ-သိက္ခာကျမ်းအရ သင်ပြအပ်သောရွတ်ဆိုနည်း၏ပြည့်စုံခြင်းကြောင့်လည်းကောင်း၊ ("အနူန" ၌စပ်။) ကတ္ထစိပိ-တစ်စုံတစ်ခုသောအရာဌာန၌လည်း။ အနူနတာယ-မယုတ်လျော့သည့်အတွက်။ ("ပရိမဏ္ဍလ"၌စပ်။) ပရိမဏ္ဍလာနို-ထက်ဝန်းကျင် ဝန်းဝိုင်းကုန်သော။ ပဒါနိ-ပဒလည်းမည်ကုန်သော။ ဗျဉ္ဇနာနိ-ဗျဉ္ဇနလည်းမည်ကုန်သော။ အက္ခရာနိ-တို့သည်။ ဧတိဿာတိ ပရိမဏ္ဍလ ပဒဗျဉ္ဇနာ (ဝါစာ)၊-ဋီကာ။
မှတ်ချက်။ ။ ဤနည်း၌ အက္ခရာတို့ကိုပင် အနက်ကိုသိကြောင်း ဖြစ်သောကြောင့် "ပဒ" ဟုလည်းကောင်း, အနက်ကို ထင်ရှားပြတတ်သောကြောင့် "ဗျဉ္ဇန" ဟုလည်းကောင်းဆိုလို၏။ ထို့ကြောင့် စ သဒ္ဒါမပါဘဲ "ပဒါနိ ဗျဉ္ဇနာနိ အက္ခရာနိ" ဟု ဆိုသည်။ ထို့နောက်အဋ္ဌကထာအတိုင်း ဗဟုဗွီဟိတွဲ၍"ကလျာဏဝါစော" ဟု ဖြစ်သည်။
အထဝါ။ ။ ပဇ္ဇတိ အတ္ထော ဧတေနာတိ ပဒံ-အနက်ကိုသိအပ်ကြောင်းဖြစ်သောကြောင့် ပုဒ်မည်၏။ နာမာဒိ-နာမ်, အာချာတ်, ဥပသာရ, နိပါတ်ဟူသောပုဒ် ၄ မျိုးတည်း။ ယထာဓိပေတံ အတ္ထံ ဗျဉ္ဇေတီတိ ဗျဉ္ဇနံ-ဆိုလိုအပ်သောအနက်ကို ထင်ရှားပြတတ်သောကြောင့်ဗျဉ္ဇနမည်၏။ ဝါကျံ-ဝါကျတည်း။ တေသံ-ထိုပုဒ် (ပုဒ်အပေါင်းဖြစ်သော) ဝါကျတို့၏။ ပရိပုဏ္ဏ တာယ-အပြည့်အစုံ ပါရှိသည်၏အဖြစ်ကြောင့်။ ပရိမဏ္ဍလ ပဒဗျဉ္ဇနာ-ထက်ဝန်းကျင် ဝန်းဝိုင်းသောပုဒ်-ဗျည်းရှိသောစကား မည်၏။
အဿ၊ ထိုအရှင်၏။ ကလျာဏံ၊ ကောင်းသော။ မဓုရံ၊ ချိုမြိန်သောအရသာနှင့်တူသော။ ဝါက္ကရဏံ၊ စကားသံသည်။ (အတ္ထိ)။ ဣတိ၊ ကြောင့်။ (သော)။ **ကလျာဏဝါက္ကရဏော**၊ မည်၏။
**ဝါက္ကရဏန္တိ**၊ ကား။ ဥဒါဟာရဃောသော၊ မြွက်ဆိုအပ်သောအသံတည်း။ (ယာ ဝါစာသည်။)
ဂုဏပရိပုဏ္ဏဘာဝေန၊ ဂုဏ်တို့ဖြင့် ပြည့်စုံသည်၏အဖြစ်ကြောင့်။ ပူရေ၊ ဂုဏ်တို့ဖြင့် ပြည့်ဖြိုးသည်၏အဖြစ်၌။ ဘဝါ၊ ဖြစ်၏။ ဣတိ၊ ကြောင့်။ (သာ ဝါစာသည်။) ပေါရီ၊ ပေါရီမည်၏။
ဝါ၊ နည်း။ ပုရေ၊ မြို့ကြီးပြည်ကြီး၌။ ဘဝတ္တာ၊ ဖြစ်ရသည်၏အဖြစ်ကြောင့်။ ပေါရီ၊ မည်၏။ (မြို့သူတည်း။) (ယာဝါစာ၊ သည်။)ကလျာဏ ဝါက္ကရဏော။ ။ ကလျာဏံကို (အသံ သဒ္ဒနှင့်ဆိုင်အောင်) "မဓုရံ"ဟု ဖွင့်၏။ ဝါက္ကရဏ၌ "ဝါစာ+ကရဏ" ဟု ဆိုလိုလျက် စကို ကပြု နောက်ကသို့ ကပ်၍"ဝါက္ကရဏ" ဟု ဖြစ်၏။ ကရီယတေ-ရွတ်ဆိုအပ်၏။ ဣတိ ကရဏံ၊ ဝါစာဝ-စကားသည်ပင်+ကရဏံ-ရွတ်ဆိုအပ်သောအသံတည်း။ ဝါက္ကရဏံ-သံ၊ ထို့ကြောင့် "ဝါက္ကရဏန္တိ ဥဒါဟာရယောသော" ဟု ဖွင့်သည်။ ထို့နောက် အဋ္ဌကထာအတိုင်း ဗဟုဗ္ဗဟိတွဲပါ။ [ဥဒါဟရီယတေ-မြွက်ဆိုအပ်၏။ ဣတိ ဥဒါဟာရော၊ ဥဒါဟာရောစ+သော+ဃောသောစာတိ ဥဒါဟာရဃောသော။]
ပေါရီ။ ။ "ပူရေ+ဘဝါ ပေါရီ" ဟု ပြုစေလို၏။ "ပူရေ" အရ "ဂုဏ်အားဖြင့်+ ပြည့်" ဟု အနက်မှတ်စေလို၍"ဂုဏပရိပုဏ္ဏတာယ" ဟု ဟိတ်ထည့်သည်။ အလင်္ကာကျမ်း၌လာသောပဒဒေါသ, ဝါကျဒေါသ, ဝါကျတ္ထဒေါသတို့မှ ကင်း၍သဒ္ဒါလင်္ကာရဂုဏ်, အတ္ထာ လင်္ကာရဂုဏ်တို့နှင့် ပြည့်စုံခြင်းကို "ဂုဏပရိပုဏ္ဏ" ဟု ဆိုသည်။ ဤနည်းအလို ပြည့်စုံခြင်းအနက်ကိုဟောသော"ပူရ" ဓာတ်ဖြင့် "ပူရေ" ဟုရှိရသည်။ "ဂုဏပရိပုဏ္ဏတာယ" ဟု တာ ပစ္စည်းဖြင့်ဆိုသောကြောင့် ပူရေ၌လည်း ဘာဝပ္ပမာန (တစ်နည်း) ဘာဝလောပကြံစေလိုသည်။ [ပူရေ ဂုဏေဟိ ပရိပုဏ္ဏဘာဝေ၊-ဋီကာသစ်၊ ဋီကာဟောင်း၌ ပါဌ်ပျက်နေဟန်တူသည်။]
ပုရေဝါ ဘဝတ္တာ။ ။ ဤ ဒုတိယနည်း၌ကား "ပုရေ" ဟု ပု၌ ရဿရှိစေ၍"မြို" ဟု အနက်ယူစေလိုသောကြောင့်လည်းကောင်း, "ပေါရီ" အရမြို့၌ဖြစ်သူ (မြို့သူ) အနက်ကိုယူစေလိုသောကြောင့်လည်းကောင်း, သဒိသူပစာ (တစ်နည်း) "ပေါရီဝိယာတိ ပေါရီ" ဟု ဥပမာတဒ္ဓိတ်ဆင့်စေလိုသောကြောင့်လည်းကောင်း, "နာဂရိကိတ္ထိယာ သဒိသာတိ ပေါရီ" ဟု ဖွင့်သည်။ ထို့နောက် စကား၏မြို့ကြီးပြည်ကြီးသူနှင့်တူပုံကို ပြလို၍"သုခုမာလတ္တနေန" ဟုဝိသေသနထည့်သည်။ "သိမ်မွေ့ချင်းတူသည်" ဟူလို။ မြို့ကြီး ပြည်ကြီးသူသည် နုညံ့သကဲ့သို့သောဏဒဏ္ဍပုဏ္ဏား၏ပြောဆိုအပ်သောစကားလည်း သိမ်သိမ်မွေ့မွေ့ နုနုညံ့ညံ့ရှိသည်- ဟူလို။ [ရှေ့ စူဠသီလခန်း၌ "ပုရဿ ဧသာ" ဟုလည်း အခြားတစ်နည်း ဖွင့်ခဲ့သေး၏။]
ပေါရိယာ၊ မြို့ကြီး ပြည်ကြီးသူနှင့်။ နာဂရိကိတ္ထိယာ၊ မြို့ကြီး ပြည်ကြီး၌ ဖြစ်သော၊ မိန်းမနှင့်။ [ပေါရိယာပင် ထပ်ဖွင့်သည်။] သုခုမာလတ္တနေန၊ သိမ်မွေ့သည်၏အဖြစ်အားဖြင့်။ သဒိသာ၊ တူ၏။ ဣတိပိ၊ ကြောင့်လည်း။ (သာဝါစာ)။ ပေါရီ၊ ပေါရီမည်၏။ **ပေါရိယာ**၊ ဂုဏ်တို့ဖြင့်ပြည့်ဖြိုးသည်၏အဖြစ်၌ဖြစ်သော။ ဝါ၊ မြို့ကြီးသူပြည်ကြီးသူသဖွယ်, နုနယ်သော။ တာယ (ဝါစာယ)၊ နှင့်။ ("သမန္နာဂတော" ဟု ပါဠိတော်၌စပ်။)
**ဝိသဋ္ဌာယာ**တိ၊ ကား။ အပလိဗုဒ္ဓါယ၊ သလိပ်,သည်းခြေ စသည်တို့သည် မမြှေးယှက်အပ်သော။ သန္နိဋ္ဌ ဝိလမ္ဗိတာဒိ ဒေါသရဟိတာယ၊ တစ်စိတ်တစ်ပိုင်းကို ရွတ်ဆိုခြင်း, လေးတွဲ့ ဖင့်နှေးခြင်းအစရှိသောအပြစ်တို့မှကင်းသော။(ဝါစာယ ၌စပ်။)ဝိသဋ္ဌာယ။ ။ "သည်းခြေ သလိပ် အစရှိသောအပြစ်, သန္ဒိဒ္ဓစသောအပြစ်တို့ စွန့်လွှတ်အပ်" ဟု သဒ္ဒတ္ထဖြစ်၏။ ထိုသို့ အပြစ်တို့သည် စွန့်လွှတ်အပ်သောအသံသည် ထိုအပြစ်တို့သည် မမြှေးယှက်အပ်သော, သန္ဒိဒ္ဓစသောအပြစ်တို့မှ ကင်းသောအသံဖြစ်၏။ ထို့ကြောင့် "အပလိဗုဒ္ဓါယ ၊ပေ၊ ရဟိတာယ" ဟု အဓိပ္ပာယတ္ထဖွင့်သည်။
ဋီကာသစ်။ ။ အပရိဗုဒ္ဓါယာတိ ပိတ္တသေမှာဒီဟိ အပရိယောနဒ္ဓါယ၊ ဟေတုဂဗ္ဘ မေတံ (ဟိတ်အတွင်းငုတ်သောပုဒ်ဖြစ်၏။) တတော ဧဝ ဟိ ယထာဝုတ္တ ဒေါသာဘာဝါ (ထိုသို့သလိပ်သည်းခြေ စသည်တို့ မမြှေးယှက်အပ်သောကြောင့်ပင် အဋ္ဌကထာ၌ဆိုအပ်သောသန္ဒိဒ္ဓစသောအပြစ်၏မရှိခြင်းဖြစ်၏။) ထိုသို့ ဋီကာသစ်ဖွင့်သော်လည်း အပရိဗုဒ္ဓါယသည် သန္ဒိဒ္ဓစသောနောက်အပြစ်များ၏ဟိတ်မဖြစ်နိုင်ပါ။
သန္နိဋ္ဌ။ ။ သန္နိဋ္ဌံ သဗ္ဗံ ဒဿေတွာဝိယ ဧကဒေသကထနံ-အားလုံးကို ပြောတော့ မလိုလိုနှင့် တစ်စိတ်တစ်ပိုင်းကိုသာ ပြောခြင်းသည် သန္နိဋ္ဌမည်၏။ ဤအလို "သံ+နိ+ဌာဓာတ်,အ ပစ္စည်း" ဟု ကြံပါ။ [သံ-အကျဉ်းအားဖြင့်+နိဋ္ဌ-ပြီးဆုံးခြင်း၊]
သန္နိန္ဓ။ ။ ဤသို့လည်း ပါဌ်တစ်မျိုးရှိ၏။ ဤနည်း၌ "သံ+ဒိဟဓာတ်သည် ယုံမှားခြင်းအနက်ကိုဟော၏။ တပစ္စည်းတည်း။ သိန္ဒိန္ဓံ သံန္ဒေဟဇနကံ၊-ဋီကာ။ ပြောဆိုအပ်သောစကား၌ အဓိပ္ပာယ် ၂ မျိုး ၃ မျိုးရနိုင်သောကြောင့် ယုံမှားစရာဖြစ်သောအပြစ်တည်း။
ဝိလမ္ဗိတ။ ။ နှေးခြင်းကို ဝိလမ္ဗိတ, လျင်မြန်ခြင်းကို "ဒြုတ" ဟု အမရကောသအဘိဓာန်၌ဆို၏။ [ဒြုသည် ပါဠိ၌ ဒီဃဖြင့် "ဒူ" ဟု ဖြစ်၏။] ထို့ကြောင့် စကားပြောရာ၌ အသံသည် တွဲရရွဲဆွဲနေသကဲ့သို့ နှေးလွန်းသောအပြစ်ကို "ဝိလမ္ဗိတ" ဟု ဆိုသည်။ [ဝိလမ္ဗိတံသဏိကံ (ဖြေးဖြေး နှေးနှေး) စိရာယိတွာ ကထနံ၊-ဋီကာ။]
အာဒိဖြင့် ယူဖွယ်။ ။ အာဒိသဒ္ဒေန ဒူတ (မြန်လွန်းခြင်း) ခလိတ (ဟင်-ဟုတ်ပေါင်စသည်ဖြင့် ပြင်၍ပြောရလောက်အောင် ချွတ်ချော်မှားယွင်းခြင်း) အနုကဍ္ဎိတာဒိံ (အီး-အဲစသည်ဖြင့် ဒရွတ်ဆွဲသကဲ့သို့ မမ်းစွဲသူတို့၏ပြောဆိုခြင်းမျိုး စသည်ကို) သင်္ဂဏှာတိ၊-ဋီကာ။ ["ဒူတခလိတ" နေရာ၌ "ဒုက္ခလိတ" ဟု ပါဌ်ပျက်သည်။]
**အနေလဂဠာယာ**တိ၊ ကား။ ဧဠဂလေန၊ လျှောကျသောတံထွေးရည် တံထွေးပေါက်မှ။ ဝိရဟိတာယ၊ ကင်းသော။ (ဝါစာယ ၌စပ်။)
ဟိ၊ ချဲ့။ ယဿကဿစိ၊ အမှတ်မရှိ တစ်စုံတစ်ယောက်သည်။ ကထေန္တဿ၊ စကားပြောဆိုလတ်သော်။ ဧဠာ၊ တံထွေးရည် တံထွေးပေါက်တို့သည်။ ဂလန္တိ၊ လျှောကျတတ်ကုန်၏။ လာလာဝါ၊ တံထွေးရည် လျှာရည်တို့သည်သော်လည်း။ ပဂ္ဃရန္တိ၊ ယိုစီးတတ်ကုန်၏။ ခေဠဖုသိတာနိဝါ၊ တံထွေးပေါက်တို့သည်သော်လည်း။ နိက္ခမန္တိ၊ ထွက်တတ်ကုန်၏။ တဿ၊ ထိုပုဂ္ဂိုလ်၏။ ဝါစာ၊ စကားသည်။ ဧဠဂလာနာမ၊ ဧဠဂလာမည်သည်။ ဟောတိ။ တဗ္ဗိပရိတာယ၊ ထိုဧဠဂလာ၏ပြောင်းပြန်ဖြစ်သော။ (ဝါစာယ ၌စပ်။) ဣတိ အတ္ထော။
**အတ္ထဿ ဝိညာပနိယာ**တိ၊ ကား။ အာဒိမဇ္ဈ ပရိယောသာနံ၊ အစ, အလယ်,အဆုံးကို။ ပါကဋံ၊ ထင်ရှားသည်ကို။ ကတွာ၊ ၍။ ဘာသိတတ္ထဿ၊ ပြောဆိုအပ်သောအနက်အဓိပ္ပာယ်ကို။ ဝိညာပနသမတ္ထာယ၊ သိစေခြင်း၌ စွမ်းနိုင်သော။ ("ဝါစာယ" ၌စပ်။)
**ဇိဏ္ဏော**တိ၊ ကား။ ဇရာဇိဏ္ဏတာယ၊ ဇရာကြောင့် အိုမင်းသည်၏အဖြစ်အားဖြင့်။ ဇိဏ္ဏော၊ အိုမင်းပါပြီ။
**ဝုဒ္ဓေါ**တိ၊ ကား။ အင်္ဂပစ္စင်္ဂါနံ၊ အင်္ဂါကြီးငယ်တို့၏။ ဝုဒ္ဓိမရိယာဒပ္ပတ္တော၊ ကြီးရင့်ခြင်း၏အဆုံးအပိုင်းအခြားသို့ ရောက်ပါပြီ။အနေဠဂလာယ။ ။ အဘိဓာန် (၂၈၁) ၌ "လာလာ ခေဠော ဧဠာ ဘဝေ"ဟု လာလာ, ခေဠ, ဧဠာ ၃ ပုဒ်ကို အနက်တူဟု ဆိုထား၏။ ဤ၌ ဧဠာ ဂလန္တိကိုပင် "လာလာ ၊ပေ၊ နိက္ခမန္တိ" ဟု ထပ်၍ဖွင့်သောကြောင့် "လာလာ" အရ တံထွေးအရည် (လျှာရည်)ကိုယူ၍"ခေဠ" အရ တံထွေးပေါက် ယူပါ။ ဂလန္တိ-လျှောကျ, ထွက်လာတတ်ကုန်၏။ ဣတိ ဂလာ၊ ဧဠာစ + တာ + ဂလာစာတိ ဧဠဂလာ၊ နတ္ထိ+ဧဠာဂလာယဿာတိ အနေဠဂလာ၊ (ဝါစာ)။ [ဋီကာသစ်၌ အဋ္ဌကထာမှ တစ်နည်းဖွင့်သေး၏။]
အတ္ထဿ ဝိညာပနိယာ။ ။ "အတ္ထ" အရ အကျိုးကို ယူမည်စိုးသောကြောင့် "ဘာသိတတ္ထ-ပြောဆိုအပ်သောသဒ္ဒါ၏+အနက်အဓိပ္ပာယ်" ဟု ဖွင့်သည်။ ဝိညာပေတိ-သိစေတတ် (သိစေနိုင်)၏။ ဣတိ ဝိညာပနီ၊ [ဝိ+ဉာ+ဏာပေပစ္စည်း+ယု, ဣတ္တိဇောတက ဤပစ္စည်း။] ဝိညာပနသမတ္ထာယဖြင့် ယုပစ္စည်း၏ကတ္တုသတ္တိကို ပြသည်။ အနက်အဓိပ္ပာယ်ကို သိစေနိုင် ခြင်း၏အကြောင်းကို ပြလို၍"အာဒိ ၊ပေ၊ ကတွာ" ဟု မိန့်သည်။ အစ အလယ် အဆုံး ၃ ပါးလုံးကိုပင် ပေါ်လွင်ထင်ရှားအောင် ပြောသောကြောင့် အနက်ဓိပ္ပာယ်ကို သိစေနိုင်သည် ဟူလို။
စိဏ္ဏော စသည်။ ။ ရောဂါကြောင့်လည်း အိုတတ်၏။ ထိုသို့ ရောဂဇိဏ္ဏအနက်ကိုယူမည်စိုး၍"ဇရာဇိဏ္ဏတာယ" ဟု ဝိသေသနထည့်သည်။ "ဇရာကြောင့် အိုမင်းပါပြီ" ဟူလို။ [ဇရဓာတ်+အတိတ်ဟောတပစ္စည်း၊ အဇိရီတိ ဇိဏ္ဏော။] ဤဇိဏ္ဏောပုဒ်၏အဖွင့်မှတစ်ပါးနောက်ပုဒ်များ၏အဖွင့်သည် ပါရာဇိကဏ်ဝေရဉ္ဇကဏ္ဍအဋ္ဌကထာနှင့်တူ၏။ ထို၌ ဗဟုဝစနန္တဖြစ်ခြင်း, ဤ၌ ဧကဝစနန္တဖြစ်ခြင်းသာ ထူးပါသည်။
**မဟလ္လကော**တိ၊ ကား။ ဇာတိမဟလ္လကတာယ၊ မွေးဖွားခြင်းအားဖြင့် ကြီးသည်၏အဖြစ်နှင့်။ [မဟတ္တံ+လာတိ ဂဏှာတီတိ မဟလ္လကော၊ "ကြီးသည်အဖြစ်ကိုယူတတ်သည်၏အဖြစ်နှင့်" ဟုလည်း သဒ္ဓတ္ထပေးပါ။] သမန္နာဂတော၊ ပြည့်စုံပါပြီ။
စိရကာလပ္ပသုတော၊ မွေးဖွားပြီးသောအရှင်၏ကြာမြင့်သောကာလရှိပါပြီ။ ဣတိဝုတ္တံ ဟောတိ။
**အဒ္ဓဂတော**တိ၊ ကား။ အဒ္ဓါနံ၊ ရှည်သောအဓွန့်သို့။ ဂတော၊ ရောက်ပါပြီ။ ဒွတ္တယော၊ ၂ ဆက် ၃ ဆက်ကုန်သော။ ရာဇပရိဝဋ္ဋေ၊ မင်းတို့၏ပြောင်းလွှဲခြင်းတို့ကို။ (မင်းအဆက်ဆက်တို့ကို။) အတီတော၊ လွန်ပါပြီ။ ဣတိ၊ ကား။ အဓိပ္ပာယော၊ ပုဏ္ဏားတို့၏အလိုတည်း။
**ဝယောအနုပ္ပတ္တော**တိ၊ ကား။ ပစ္ဆိမဝယံ၊ နောက်ဆုံးအရွယ်သို့။ သမ္ပတ္တော၊ ရောက်ပါပြီ။ ပစ္ဆိမဝယောနာမ၊ မည်သည်။ ဝဿသတဿ၊ အနှစ်တစ်ရာ၏။ ပစ္ဆိမော၊ သော။ တတိယဘာဂေါ၊ သုံးခုမြောက်အဖို့တည်း။ [၆၇ နှစ်လွန်ပါပြီ၊ ဟူလို။]
အပိစ၊ တစ်နည်းကား။ **ဇိဏ္ဏော**တိ၊ ကား။ ပေါရာဏော၊ ရှေး၌ဖြစ်ပါ၏။ စိရကာလပ္ပဝတ္တကုလနွယော၊ ကြာမြင့်စွာသောကာလ၌ဖြစ်ခဲ့သောအမျိုးအနွယ်ရှိပါ၏။ ဣတိ ဝုတ္တံ ဟောတိ။ [ကုလနွယောနေရာဝယ် ကုလ+အနွယ ၂ ပုဒ်စပ်ထားသောကြောင့် "ကုလာနွယော" ဟု ရှိလျှင်ကောင်း၏။]
**ဝုဒ္ဓေါ**တိ၊ ကား။ သီလာစာရာဒိဂုဏဝုဏဒ္ဓိယာ၊ သီလ, အာစာရအစရှိသောဂုဏ်တို့၏ကြီးမြတ်ခြင်းနှင့်။ ယုတ္တော၊ ယှဉ်ပါ၏။
**မဟလ္လကော**တိ၊ ကား။ ဝိဘဝမန္တတာယ၊ စည်းစိမ်၏များသည်၏အဖြစ်နှင့်။ သမန္နာဂတော၊ ပါ၏။
**အဒ္ဓဂတော**တိ၊ ကား။ မဂ္ဂပ္ပဋိပန္နော၊ ပုဏ္ဏားတို့၏ကျင့်စဉ်လမ်းကို သွားတတ်ပါ၏။ ဗြာဟ္မဏာနံ၊ တို့၏။ ဝတစရိယာဒိမရိယာဒံ၊ အကျင့်ကိုကျင့်ခြင်းစသောအပိုင်းအခြားကို။ အဝီတိက္ကမ္မ၊ မလွန်ကြူးမူ၍။ စရဏသီလော၊ ကျင့်ခြင်းအလေ့ရှိပါ၏။
**ဝယော အနုပ္ပတ္တော**တိ၊ ကား။ ဇာတိဝုဒ္ဓဘာဝံ၊ မွေးဖွားခြင်းအားဖြင့် ကြီးရင့်သူ၏အဖြစ်ဟူသော။ အန္တိမဝယံပိ၊ နောက်ဆုံးအရွယ်သို့လည်း။ အနုပ္ပတ္တော၊ ရောက်ပါပြီ။အပိစ။ ။ ရှေးနည်း၌ "မွေးဖွားခြင်းအားဖြင့် ကြီးရင့်ခြင်း" ဟူသောဇာတိဝုဒ္ဓကိုသာပြခဲ့၏။ အမျိုး၏ကြီးကျယ်ခြင်းစသောဂုဏ်များ မပါသေး။ ထို့ကြောင့် အမျိုးဂုဏ်စသည်နှင့်တကွ ဇာတိဝုဒ္ဓအဖြစ်ကို ဖွင့်ပြလိုသောကြောင့် "အပိစ" စသည် မိန့်သည်။
မှတ်ချက်။ ။ ပါဠိတော်၌ "ပုဏ္ဏားအတွက် အသက်အရွယ်ကြီးရင့်ခြင်း, ဘုရားရှင် အတွက် ထို၏ပြောင်းပြန်ဖြစ်သောအသက်အရွယ် နုနယ်ခြင်း, ငယ်သည်ဖြစ်၍ရဟန်းပြုခြင်း" ဟူသောအပြစ်များကို ပြောဆိုနိုင်ကြ၏။ စိရကာလပ္ပဝတ္တကုလာနွယစသည်၏ပြောင်းပြန်အပြစ်ကို မပြောနိုင်ကြ။ ထို့ကြောင့် "အပိစ" စသောအဖွင့်သည် ဤသုတ်နှင့် မဆိုင် ပါ။ ပါရာဇိကဋ္ဌကထာစသည်မှ ယူထားကြဟန်တူပါသည်။
**ဧဝံ ဝုတ္တေ**တိ၊ ကား။ ဧဝံ၊ သို့။ (မာ ဘဝံ သောဏဒဏ္ဍော စသည်ဖြင့် ပါဠိတော်၌ ညွှန်ပြအပ်သည့်အတိုင်း။) တေဟိ ဗြာဟ္မဏေဟိ၊ တို့သည်။ ဝုတ္တေ၊ ပြောဆိုအပ်သော်။ ("သောဏဒဏ္ဍော ဗြာဟ္မဏော အဝေါစ" ဟု ပါဠိတော်၌စပ်။) [ဝုတ္တေ နေရာဝယ် "ဧဝံ ဝုတ္တော ၊ ပေ၊ ဝုတ္တော" ဟု ရှိလျှင်ကောင်း၏]
သောဏဒဏ္ဍော၊ သောဏဒဏ္ဍပုဏ္ဏားသည်။ ("စိန္တေတွာ အာဟ" ၌စပ်။)
ဣမေ ဗြာဟ္မဏာ၊ တို့သည်။ ဇာတိအာဒီဟိ၊ ဇာတ်အစရှိသည်တို့ဖြင့်။ မေ၊ ငါ၏။ ဝဏ္ဏံ၊ ဂုဏ်ကို။ ဝဒန္တိ၊ ပြောကြကုန်၏။ ပန၊ ထိုသို့ပင်ပြောကြပါသော်လည်း။ အတ္တနော၊ မိမိ၏။ ဝဏ္ဏေ၊ ၌။ (ယံ) ရဇ္ဇိတုံ၊ အကြင်တပ်မက်ခြင်းသည်။ (အတ္ထိ)။ [ရဇ္ဇိတုံနောင် ပဌမာသိကျေ။]
ဧတံ၊ ဤမိမိဂုဏ်၌ တပ်မက်ခြင်းသည်။ မေ၊ အား။ နယုတ္တံ၊ မသင့်။ ဟန္ဒ၊ ယခု။ အဟံ၊ သည်။ ဧတေသံ၊ ဤပုဏ္ဏားတို့၏။ ဝါဒံ၊ ဝါဒကို။ ဘိန္ဒိတွာ၊ ဖျက်၍။ သမဏဿ ဂေါတမဿ၊ ၏။ မဟန္တဘာဝံ၊ မြင့်မြတ်သည်၏အဖြစ်ကို။ ဉာပေတွာ၊ သိစေပြီး၍။ (ဧတေသံ၊ ဤပုဏ္ဏားတို့၏။) တတ္ထ၊ ထိုရဟန်းဂေါတမအထံသို့။ ဂမနံ၊ သွားခြင်းကို။ ကရောမိ၊ ပြုအံ့။ ဣတိ၊ သို့။ စိန္တေတွာ၊ ကြံပြီး၍။ တေနဟိ၊ ပေ၊ သုဏာထာတိအာဒိံ၊ အစရှိသောစကားကို။ အာဟ၊ ပြောဆိုပြီ။ [ဉာပေတွာ၏နောက်၌ "ဧတေသံ" ဟု တွေ့ရ၏။ တစ်ဝါကျတည်း၌ ဧတေသံပုဒ် ၂ ထပ် မပါသင့်သောကြောင့်လည်းကောင်း, ထိုပုဏ္ဏားတို့၏ဘုရားအထံသွားခြင်းမှာ လိုရင်းမဟုတ်, မိမိ၏သွားခြင်းသာ လိုရင်းဖြစ်သောကြောင့်လည်းကောင်း, ထိုဧတေသံမပါခြင်းသာ ကောင်းမည်ထင်သည်။]
တတ္ထ၊ ထို "တေနဟိ ၊ ပေ၊ သုဏာထ" ဟူသောစကားရပ်၌။ ဥဘတောသုဇာတောတိ အာဒယော။ အတ္တနော၊ မိမိ၏။ ဂုဏေဟိ၊ ဂုဏ်တို့နှင့်။ သဒိသာ၊ တူကုန်သော။ ယေပိ ဂုဏာ၊ အကြင်ဂုဏ်တို့သည်လည်း။ (သန္တိ)။ တေပိ၊ ထိုဂုဏ်တို့ကိုသော်မှလည်း။ ("ဥတ္တရိတရံယေဝ မညမာနောပကာသေတိ"၌စပ်။) အဟံ၊ ကျွန်ုပ်သည်။ ကော၊ အဘယ်သူသည်။ (ဘယ်လိုလူသည်။) (ဟုတွာ)စ၊ ဖြစ်၍လည်း။ (သဒိသော၊ ရဟန်းဂေါတမနှင့် တူသူသည်။ ဘဝိဿာမိ၊ ဖြစ်နိုင်အံ့နည်း။) သမဏဿ ဂေါတမဿ၊ ၏။ ဇာတိသမ္ပတ္တိအာဒယော၊ ဇာတ်၏ပြည့်စုံခြင်းအစရှိကုန်သော။ယေပိ ၊ပေ၊ တေပိ။ ။ "ဥဘတော သုဇာတော" စသောအချို့ဂုဏ်တို့သည် မိမိ (သောဏဒဏ္ဍပုဏ္ဏား)၏ဂုဏ်တို့နှင့် တူကြ၏။ ("တူ" ဟူရာ၌ သာမညအားဖြင့်သာ တူခြင်းတည်း။ ဘုရားရှင်သည် ဥဘတော သုဇာတ ဖြစ်သလောက် ပုဏ္ဏားလည်း ဥဘတော သုဇာတဖြစ်သည်။-ဟုကား ထပ်တူထပ်မျှ မတူနိုင်။) ထိုသို့ "တူသည်" ဟု ဆိုရသောဂုဏ်တို့ကိုသော်မှလည်း မိမိ၏ဂုဏ်တို့ထက် သာလွန်၏-ဟု သိသည်ဖြစ်၍ထင်ရှားပြသည်-ဟူလို။ ဂုဏာ၊ ဂုဏ်တို့သည်။ ကေ၊ အဘယ်တို့သည်။ (ဟုတွာ)စ၊ ဖြစ်၍လည်း။ (မမ၊ အကျွန်ုပ်၏။ ဂုဏေဟိ၊ တို့နှင့်။ သဒိသာ၊ တူကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်နိုင်ကုန်လတံ့နည်း။) ဣတိ၊ သို့။ အတ္တနော၊ ၏။ ဂုဏေဟိ၊ တို့ထက်။ ဥတ္တရိတရံယေဝ၊ သာလွန်၏ဟူ၍သာ။ မညမာနော၊ မှတ်ထင်သည်။ (ဟုတွာ, ပကာသေတိ၊ ထင်ရှားပြ၏။) ဣတရေ ပန၊ အခြားဂုဏ်တို့ကိုကား။ ဧကန္တေနေဝ၊ စင်စစ်အားဖြင့်သာ။ ဘဂဝတော၊ ၏။ မဟန္တဘာဝဒီပနတ္ထံ၊ မြင့်မြတ်တော်မူသည်၏အဖြစ်ကိုပြခြင်းအကျိုးငှာ။ ပကာသေတိ၊ ၏။
**မယမေဝ အရဟာမာ**တိဧတ္ထ၊ ၌။ ဧဝံ၊ ဤသို့ မယမေဝဟူ၍။ နိယမေန္တောဝ၊ ဧဝဖြင့် ပိုင်းခြားသတ်မှတ် ဆုံးဖြတ်ရင်းပင်။ ဝါ၊ ပိုင်းခြားသတ်မှတ် ဆုံးဖြတ်သည် သာလျှင် ဖြစ်သော။ (ဗြာဟ္မဏော၊ သောဏဒဏ္ဍပုဏ္ဏားသည်။) ဣဒံ၊ ဤအနက်အဓိပ္ပာယ်ကို။ ဒီပေတိ၊ ပြ၏။ (ကိံ, ဒီပေတိ)။
ဂုဏမဟန္တတာယ၊ ဂုဏ်အားဖြင့် မြင့်မြတ်သည်၏အဖြစ်ကြောင့်။ ဥပသင်္ကမိတဗ္ဗောနာမ၊ ချဉ်းကပ်ထိုက်သူမည်သည်။ ယဒိဟောတိ၊ အကယ်၍ဖြစ်အံ့။ (ဧဝံသတိ၊ သော်။ မယမေဝ အရဟာမ၊ ၌စပ်။)
ဟိ၊ ထင်ရှားအောင်ပြဦးအံ့။ (တစ်နည်း) ဟိ (ယသ္မာ၊ ကြောင့်။ (နောက်၌ "တသ္မာ" ရှိသည်။) သိနေရုံ၊ မြင့်မိုရ်တောင်ကို။ ဥပနိဓာယ၊ ထောက်စာ၍။ သာသပေါ၊ မုန့်ညှင်းစေ့သည်။ (ပရိတ္တော) ယထာ၊ သေးငယ်သကဲ့သို့လည်းကောင်း။ဧကာစာဟံ,ကေစ။ ။ ဤစကားသည် "မနှိုင်းယှဉ်အပ်, မနှိုင်းယှဉ်ထိုက်, မနှိုင်း ယှဉ်နိုင်"ဟူသောအဓိပ္ပာယ်ကို ပြသောထိုခေတ်၌ ပြောဆိုရိုးစကားတည်း။ ကျွန်ုပ်က ဘာမို့လို့အရှင်ဂေါတမနှင့် တူနိုင်မှာလဲ,အရှင်ဂေါတမ၏ဂုဏ်တော်များကကော ဘာမို့လို့ ကျွန်ုပ်ဂုဏ်တို့နှင့် တူနိုင်မှာလဲ-ဟူလို။ [ကောစာဟံတိ အာဒိ ဥတ္တရိတရာ ဟုတွာ သဒိသောဘဝိဿာမိ၊ သမဏဿ ၊ပေ၊ ဂုဏာစ ကီဒိသာ ဟုတွာ သဒိသာ ဘဝိဿန္တီတိ သာဓိပ္ပာယယောဇနာ။-ဋီကာသစ်။]
ဥတ္တရိတရံ (တရေ)။ ။ ပါဌ် ၂ မျိုးရှိ၏။ ဥတ္တရိတရေကို အမှန်-ဟု ယူသောဆရာတို့သည် တေပိနှင့် အရတူသောကြောင့် "ဥတ္တရိတရေ" ရှိရမည်-ဟု ယူဆကြ၏။ သို့သော် "တေပိ-ထိုဂုဏ်တို့ကိုလည်း။ ဥတ္တရိတရေယေဝ-သာလွန်သောဂုဏ်တို့ကိုသာ" ဟု အနက်ဖြစ်နိုင်။ "ဥတ္တရိတရံယေဝါတိ" ဟု ဣတိအကြေကြံ၍နိဿယအတိုင်းသာ ပေးနိုင်၏။ ဣတိ အကြေကြံလျှင် ဥတ္တရိတရံကို -ဣတိ၌သာ စပ်ရမည်ဖြစ်သောကြောင့်လည်းကောင်း, သာလွန်ခြင်းဂုဏ်၏သာမညဖြစ်သောကြောင့်လည်းကောင်း "ဥတ္တရိတရံယေဝ" ဟူသောဧကဝစနန္တ ပါဌ်ကိုသာ ပါဌ်မှန်-ဟု ယူလိုပါသည်။
ဣတရေ ပန ဧကန္တေနေဝ။ ။ မိမိဂုဏ်နှင့် လုံးလုံးမတူသောဂုဏ်တော်များကို "ဣတရေ" ဟု ဆိုသည်။ ထိုဂုဏ်တို့မှာ မိမိဂုဏ်နှင့် တူလေသလား-ဟု ယုံမှားဖွယ်ပင် မရှိသောကြောင့် "ဧကန္တေနေဝ" ဟု ဆိုသည်။ မဟန္တဘာဝ၌စပ်။ "အခြားဂုဏ်တို့ကတော့ ဧကန်ပင် မိမိဂုဏ်ထက် သာလွန်မြင့်မြတ်ပုံကို ပြခြင်းငှာ" ဟူလို။
(လာမကော) ယထာ၊ ယုတ်ညံ့သကဲ့သို့လည်းကောင်း။ မဟာသမုဒ္ဒံ၊ မဟာသမုဒြာကို။ ဥပနိဓာယ၊ ၍။ ဂေါပဒကံ၊ နွားခြေရာခွက်၌တည်သောရေသည်။ [ဂါဝိယာ+ပဒံဂေါပဒံ။ ဂေါပဒေ+ဌိတံ ဂေါပဒကံ။ ဂါဝိယာ ခုရဋ္ဌာနေ ဌိတဥဒကံ။ ဋီကာသစ်။] (ပရိတ္တံ ယထာ၊ လည်းကောင်း။ လာမကံယထာ၊ လည်းကောင်း။) သတ္တသုမဟာ သရေသု၊ အိုင်ကြီး ၇ အိုင်တို့၌။ ဥဒကံ၊ ကို။ ဥပနိဓာယ၊ ၍။ ဥဿာဝဗိန္ဒု၊ ဆီးနှင်းပေါက်သည်။ ပရိတ္တော ယထာ၊ သို့လည်းကောင်း။ လာမကောယထာ၊ သို့လည်းကောင်း။
ဧဝမေဝ၊ ဤအတူသာလျှင်။ သမဏဿ ဂေါတမဿ၊ ၏။ ဇာတိသမ္ပတ္တိအာဒယော၊ ဇာတိသမ္ပတ္တိ အစရှိကုန်သော။ ဂုဏေပိ၊ ဂုဏ်တို့ကိုလည်း။ ဥပနိဓာယ၊ ၍။ အမှာကံ၊ ငါတို့၏။ ဂုဏာ၊ တို့သည်။ ပရိတ္တာ၊ သေးငယ်ကုန်၏။ လာမကာ၊ ယုတ်ညံ့ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ မယမေဝ၊ ငါတို့သည်သာ။ တံ ဘဝန္တံ ဂေါတမံ၊ ကို။ ဒဿနာယ၊ ဖူးမြင်ခြင်းငှာ။ ဥပသင်္ကမိတုံ၊ ငှာ။ အရဟာမ၊ ထိုက်ကုန်၏။ ဣတိ၊ ဤအနက်အဓိပ္ပာယ်ကို။ (ဒီပေတိ)။
**မဟန္တံ ဉာတိ သံဃံ ဩဟာယာ**တိ၊ ကား။ မာတိပက္ခေ၊ မယ်တော်၏ဘက်၌။ အသီတိ ကုလသဟဿာနိ၊ ရှစ်သောင်းသောဆွေတော်တို့လည်းကောင်း။ ပိတိ ပက္ခေ၊ ခမည်းတော်ဘက်၌။ အသီတိကုလသဟဿာနိ၊ ရှစ်သောင်းသောမျိုးတော်တို့လည်းကောင်း။ ဣတိ ဧဝံ၊ ဤသို့။ သဋ္ဌိကုလသတသဟဿံ၊ တစ်သိန်းခြောက်သောင်းသောဆွေတော်မျိုးတော်အပေါင်းကို။ ဩဟာယ၊ ပယ်စွန့်၍။ ပဗ္ဗဇိတော၊ ရှင်ရဟန်းအဖြစ်သို့ ကပ်ရောက်ခဲ့၏။
**ဘူမိဂတဉ္စ ဝေဟာသဋ္ဌဉ္စာ**တိ ဧတ္ထ၊ ၌။ ရာဇင်္ဂဏေ စေဝ၊ မင်းယင်ပြင်၌လည်းကောင်း။ ဥယျာနေစ၊ ဥယျာဉ်၌လည်းကောင်း။ သုဓာမဋ္ဌပေါက္ခဏိယော၊ အင်္ဂတေတို့ဖြင့် အပြေပြစ်ပြုအပ်သောကံတို့ကို။ သတ္တရတနာနံ၊ ရတနာ ၇ ပါးတို့ဖြင့်။ ပူရေတွာ၊ ပြည့်စေ၍။ ဘူမိယံ၊ မြေ၌။ ထပိတံ၊ ထားအပ်သော။ ဓနံ၊ ဥစ္စာတွေသည်။ ဘူမိဂတံနာမ၊ ဘူမိဂတမည်၏။
ပါသာဒနိယူဟာဒယော၊ အထက်ပြသာဒ်၏ထုပ်လျောက်စွန်း အစရှိသည်တို့ကို။ (သတ္တရတနာနံ၊ တို့ဖြင့်။) ပရိပူရေတွာ၊ ပြည့်စေ၍။ ထပိတံ၊ သော။ (ဓနံသည်။) ဝေဟာသဋ္ဌံနာမ၊ ဝေဟာသဋ္ဌမည်၏။
တာဝ၊ ဇာတဒိဝသ၌ ဖြစ်သောဥစ္စာမှ ရှေးဦးစွာ။ နိဒ္ဒိဋ္ဌိ၊ ညွှန်ပြအပ်သော။ ဧတံ၊ ဤဥစ္စာသည်။ ကုလပရိယာယေန၊ အမျိုးအစဉ် အဆက်အားဖြင့်။ [သုဒ္ဓေါဒန မဟာရာဇဿ အသမ္ဘိန္နခတ္တိယကုလာနုက္ကမေန ဋီကာသစ်။] အာဂတံ၊ လာသောဥစ္စာတည်း။
ပန၊ ကား။ တထာဂတဿ၊ ၏။ ဇာတဒိဝသေယေဝ၊ ဖွားမြင်တော်မူရာ နေ့၌ပင်။ သင်္ခေါ၊ သင်္ခမည်သောရွှေအိုးလည်းကောင်း။ ဧလော၊ ဧလမည်သောရွှေအိုးလည်းကောင်း။ ဥပ္ပလော၊ ဥပ္ပလမည်သောရွှေအိုးလည်းကောင်း။ ပုဏ္ဍရီကော၊ ပုဏ္ဍရီကမည်သောရွှေအိုးလည်းကောင်း။ ဣတိ၊ သို့။ စတ္တာရော၊ ၄ လုံးကုန်သော။ နိဓယော၊ ရွှေအိုးတို့သည်။ ဥဂ္ဂတာ၊ မြေမှ ပေါ်ထွက်ကုန်ပြီ။
တေသု၊ ထိုရွှေအိုး ၄လုံးတို့တွင်။ သင်္ခေါ၊ သင်္ခမည်သောရွှေအိုးသည်။ ဂါဝုတိကော၊ တစ်ဂါဝုစ်ရှိ၏။ ဧလော၊ သည်။ အဍ္ဎယောဇနိကော၊ ယူဇနာဝက်ရှိ၏။ ဥပ္ပလော၊ သည်။ တိဂါဝုတိကော၊ ၃ ဂါဝုစ်ရှိ၏။ ပုဏ္ဍရီကော၊ သည်။ ယောဇနိကော၊ တစ်ယူဇနာရှိ၏။
တေသုပိ၊ ထိုရွှေအိုးတို့၌လည်း။ ဂဟိတံ ဂဟိတံ၊ ယူအပ် ယူအပ်သောရတနာသည်။ ပူရတိယေဝ၊ ပြည့်မြဲ ပြည့်သည်သာ။ ဣတိ၊ သို့လျှင်။ ဘဂဝါ၊ သည်။ ပဟူတံ၊ များစွာသော။ ဟိရညသုဝဏ္ဏံ၊ ငွေရွှေကို။ ဩဟာယ၊ ၍။ ပဗ္ဗဇိတော၊ ပြီ။ ဣတိ ဝေဒိတဗ္ဗော။
**ဒဟရောဝ သမာနော**တိ၊ ကား။ တရုဏောဝ၊ ငယ်သည်သာလျှင်။ သမာနော၊ ဖြစ်ပါလျက်။
**သုကာဠကေသော**တိ၊ ကား။ သုဋ္ဌု၊ လွန်စွာ။ ကာဠကေသော၊ မည်းနက်သောဆံပင်ရှိသည်။ အဉ္ဇနဝဏ္ဏသဒိသကေသော၊ မျက်စဉ်းအဆင်းနှင့် တူသောဆံပင်ရှိသည်။ ဟုတွာဝ၊ သာလျှင်။ ဣတိ အတ္ထော၊ နက်။ [ရှေးစာအုပ် တို့၌ "သုကာဠကေသော" ဟု သုတစ်လုံးသာရှိ၏။ ထိုသုကို "သုဋ္ဌု" ဟု ဖွင့်သောကြောင့် သု ၂ လုံး လိုမည်မထင်။]
**ဘဒြေနာ**တိ၊ ကား။ ဘဒ္ဒကေန၊ ကောင်းသော။
**ပဌမေန ဝယသာ**တိ၊ ကား။ တိဏ္ဏံ၊ ၃ ပါးကုန်သော။ ဝယာနံ၊ အရွယ်တို့တွင်။ ပဌမဝယနေ၊ ပဌမအရွယ်နှင့်။ ("သမန္နာဂတော"ဟု ပါဠိတော်၌ စပ်။)
**အကာမကာနံ**တိ၊ ကား။ အနိစ္ဆမာနာနံ၊ အလိုမရှိကုန်သည်ဖြစ်၍။ ("ရုဒန္တာနံ၊ ငိုနေကုန်စဉ်" ၌စပ်။) (ဧတံ၊ ဤအကာမကာနံ အစရှိသောသဒ္ဒါသည်။)
အနာဒရတ္ထေ၊ အနာဒရအနက်၌။ (အနာဒရနှင့် ယှဉ်သောအနက်၌။) သာမိဝစနံ၊ သာမီဝိဘတ်ရှိသောသဒ္ဒါတည်း။
ဧတေသံ၊ ဤမယ်တော်ခမည်းတော်တို့၏။ မုခေ၊ မျက်နှာ၌။ အဿူနိ၊ မျက်ရည်တို့သည်။ (သန္တိ)။ ဣတိ၊ ကြောင့်။ (ထိုသို့မျက်နှာ၌ မျက်ရည်ရှိကုန်သည်၏အဖြစ်ကြောင့်။ တေ၊ တို့သည်။) **အဿုမုခါ**၊ အဿုမုခတို့မည်၏။ တေသံ၊ ထိုမယ်တော် ခမည်းတော်တို့သည်။ အဿုမုခါနံ၊ မျက်နှာ၌ မျက်ရည်ရှိကုန်သည်ဖြစ်၍။ အဿူဟိ၊ မျက်ရည်တို့ဖြင့်။ ကိလိန္နမုခါနံ၊ စိုစွပ်သောမျက်နှာရှိကုန်သည် ဖြစ်၍။ ("ရုဒန္တာနံ" ၌စပ်။) ဣတိအတ္ထော။
**ရုဒန္တာနန္တိ**၊ ကား။ ကန္ဒိတွာ၊ မြည်တမ်း၍။ ရောဒမာနာနံ၊ ငိုနေကုန်စဉ်။ ("ပဗ္ဗဇိတော" ဟု ပါဠိတော်၌စပ်။) [ကန္ဒိတွာတိ ကဟံဧကပုတ္တကာတိ အာဒိနာ ပရိဒေဝိတွာ။ ဋီကာ။]အနာဒရတ္ထေ သာမိဝစနံ။ ။ မယ်တော် ခမည်းတော်တို့၏ရဟန်းပြုဖို့ရန် အလိုမတူဘဲ ရဟန်းပြုခြင်းသည် ထိုအလိုဆန္ဒကို မလေးစားရာ-ဂရုမစိုက်ရာ ရောက်သောကြောင့် ပဗ္ဗဇိတောသည် အနာဒရတည်း။ ထို အနာဒရနှင့်ယှဉ်သောအနက်ကို "အနာဒရတ္ထ" ဟုဆိုသည်။ [မာတာပိတူနံ အနိစ္ဆာယ ပဗ္ဗဇ္ဇာဝ အနာဒရော၊ တေန ယုတ္ထေ အတ္ထေ သာမီဝစနံတိဝုတ္တံ ဟောတိ၊-ဋီကာသစ်။] သဒ္ဒါကျမ်းတို့၌ "အနာဒရေ ဂမျမာနေ အနာဒရိယလိင်္ဂတောဆဋ္ဌီ သတ္တမီစ ဟောန္တိ" ဟု ဝုတ္တိဖွင့်ခြင်းနှင့် သဘောတူပင်တည်း။
**အခုဒ္ဒါဝကာသော**တိ ဧတ္ထ၊ ပါဌ်၌။ ဘဂဝတော၊ ၏။ ဝါ၊ ကို။ ဒဿနာယ၊ ဖူးမြင်ခြင်းငှာ။ ဩကာသော၊ အရပ်သည်။ အပရိမာဏောယေဝ၊ အတိုင်းအရှည် မရှိသည်သာ။ ဣတိ၊ သို့။ ဝေဒိတဗ္ဗော၊ ထိုက်၏။ [မသေးငယ်ရုံသာမက အတိုင်းအရှည်ပင်မရှိ၊ ဟူလို။]
တတြ၊ ထိုအတိုင်းအရှည်မရှိသည်၏အဖြစ်၌။ ဣဒံ၊ ဤဆိုအပ်လတံ့ကား။ ဝတ္ထု၊ ဝတ္ထုတည်း။ ကိရ၊ ချဲ့။ ရာဇဂဟေ၊ ရာဇဂြိုဟ်မြို့၌။ အညတရော၊ အမျိုးအမည်အားဖြင့် မထင်ရှားသော။ ဝါ၊ အမှတ်မရှိ တစ်ယောက်သော။ ဗြာဟ္မဏော၊ သည်။ သမဏဿ ဂေါတမဿ၊ ၏။ ပမာဏံ၊ အတိုင်းအရှည်ကို။ ဂဟေတုံ၊ ယူခြင်းငှာ။ နသက္ကောတိ၊ မစွမ်းနိုင်။ ဣတိ၊ သို့။ သုတွာ၊ ကြားရ၍။ ဘဂဝတော၊ ၏။ ပိဏ္ဍာယ၊ ဆွမ်းအလို့ငှာ။ ပဝိသနကာလေ၊ ဝင်တော်မူရာအခါ၌။ သဋ္ဌိဟတ္ထံ၊ အတောင်ခြောက်ဆယ်ရှိသော။ ဝေဠုံ၊ ဝါးကို။ ဂဟေတွာ၊ ယူပြီး၍။ နဂရဒွါရဿ၊ မြို့တံခါး၏။ ဗဟိ၊ ပြင်ဘက်၌။ ဌတွာ၊ ရပ်၍။ ဘဂဝတိ၊ သည်။ သမ္ပတ္တေ၊ ရောက်တော်မူလတ်သော်။ ဝေဠုံ၊ ကို။ ဂဟေတွာ၊ ၍။ သမီပေ၊ အနီး၌။ အဋ္ဌာသိ၊ တည်ပြီ။
ဝေဠု၊ သည်။ ဘဂဝတော၊ ၏။ ဇာဏုကမတ္တံ၊ ပုဆစ်ဒူးတော်မျှသို့။ ပါပုဏိ၊ ရောက်ပြီ။
ပုန ဒိဝသေ၊ နောက်တစ်နေ့၌။ ဒွေ၊ ၂ လုံးကုန်သော။ ဝေဠူ၊ ဝါ၊ တို့ကို။ ဃဋေတွာ၊ ဆက်စပ်ပြီး၍။ သမီပေ၊ ၌။ အဋ္ဌာသိ၊ တည်ပြန်ပြီ။
ဘဂဝါပိ၊ သည်လည်း။ ဒွိန္နံ၊ န်သော။ ဝေဠူနံ၊ တို့၏။ ဥပရိ၊ အထက်၌။ ကဋိမတ္တမေဝ၊ ခါးလောက်မျှကိုသာ။ ပညာပယမာနော၊ ထင်ရှားစေတော်မူလျက်။
ဗြာဟ္မဏ၊ ဏ္ဏား။ ကိံ၊ အဘယ်ကို။ ကရောသိ၊ ပြုသနည်း။ ဣတိ၊ သို့။ အာဟ၊ မေးတော်မူပြီ။
တုမှာကံ၊ အရှင်တို့၏။ ပမာဏံ၊ အတိုင်းအရှည်ကို။ ဂဏှာမိ၊ ယူပါ၏။ ဣတိ၊ ဤသို့လျှောက်ပြီ။
ဗြာဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သည်။ သကလစက္ကဝါဠေဂမ္ဘံ၊ အလုံးစုံသောစကြဝဠာတိုက်ကို။ ပူရေတွာ၊ ပြည့်စေ၍။ ဌိတေ၊ တည်ကုန်သော။ ဝေဠု၊ ဝါးတို့ကို။ ဃဋေတွာ၊ ဆက်စပ်၍။ သစေပိ အာဂမိဿသိ၊ အကယ်၍မူလည်း လာလတံ့ဥူးတော့။ [နောက်နောက်ရက်များ၌ လာစေကာမူ၊ ဟူလို။] (ဧဝံသတိ၊ သော်။) မေ၊ ငါ၏။ ပမာဏံ၊ အတိုင်းအရှည်ကို။ ဂဟေတုံ၊ ငှာ။ နေဝ သက္ခိဿသိ၊ စွမ်းနိုင်လိမ့်မည်မဟုတ်။
ဟိ၊ မှန်၏။ မယာ၊ ငါဘုရားသည်။ စတ္တာရိ အသင်္ချေယျာနံ၊ လေးအသင်္ချေ တို့ပတ်လုံးလည်းကောင်း။ ကပ္ပသတ သဟဿဉ္စ၊ ကမ္ဘာတစ်သိန်းပတ်လုံးလည်းကောင်း။ ယထာ၊ အကြင် အခြင်းအရာအားဖြင့် ပါရမီဖြည့်လသော်။ ပရော၊ တစ်ပါးသောပုဂ္ဂိုလ်သည်။ မေ၊ ငါ၏။ ပမာဏံ၊ ကို။ ဂဏှေယျ၊ ယူနိုင်ရာ၏။ တထာ၊ ထိုပမာဏကိုယူနိုင်လောက်အောင်သောအခြင်းအရာအားဖြင့်။ ပါရမီယော၊ ပါရမီတော်တို့ကို။ န ပူရိတာ၊ ဖြည့်အပ်ကုန်သည်မဟုတ်။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တထာဂတော၊ သည်။ အတုလော၊ အတူမရှိ။ (တထာဂတော၊ ကို။) အပ္ပမေယျော၊ မနှိုင်းယှဉ်အပ် အနှိုင်းမယှဉ်နိုင်။ [ပမိတဗ္ဗောတိ ပမေယျော။ ပပုဗ္ဗ, မာဓာတ် ဏျပစ္စည်း။ န+ပမေယျော- အပ္ပမေယျော။ "ဝါးလုံးစသည်ဖြင့် နှိုင်းယှဉ်တိုင်းတာ၍မရနိုင်" ဟူလို။] ဣတိ၊ သို့။ ဝတွာ၊ မိန့်တော်မူပြီး၍။ ဓမ္မပဒေ၊ ဓမ္မပဒ၌။ (ဓမ္မပဒထည်းက) တေ တာဒိသေ ၊ ပေ၊ ဣမေတ္တမပိ ကေနစီတိ၊ ကေနစိဟူသော။ ဂါထံ၊ ဂါထာကို။ အာဟ၊ မိန့်တော်မူပြီ။
ဂါထာနက်။ ။ တာဒိသေ၊ ထိုပုဂ္ဂိုလ်တို့ကဲ့သို့ ရှုအပ်ကုန်သော။ နိဗ္ဗုတေ၊ ရာဂစသောကိလေသာတို့မှ ငြိမ်းအေးပြီးကုန်သော။ အကုတောဘယေ၊ တစ်စုံတစ်ခုသောဘဝ, တစ်စုံတစ်ခုသောအာရုံမှ ကြောက်ရခြင်းရှိတော်မမူကြကုန်သော။ တေ၊ ထိုဘုရား, ပစ္စေကာ, အရိယာသာဝကတို့ကို။ ပူဇယတော၊ ပူဇော်သောပုဂ္ဂိုလ်၏။ ပုညံ၊ ကောင်းမှု၏အကျိုးကို။ ဣမံ၊ ဤကောင်းမှု၏အကျိုးသည်။ ဧတ္တကံ၊ ဤမျှအတိုင်းအရှည်ရှိ၏။ ဣတိ၊ သို့။ ကေနစိ အပိ၊ တစ်စုံတစ်ယောက်သောဗြဟ္မာစသူသော်မှလည်း။ ဝါ၊ တစ်စုံတစ်ခုသောချင့်နည်းဖြင့်သော်မှလည်း။ သင်္ခါတုံ၊ ရေတွက်ခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။ ဂါထာ ပရိယောသာနေ၊ ဂါထာ၏အဆုံး၌။ စတုရာသီတိပါဏသဟဿာနိ၊ ရှစ်သောင်းလေးထောင်သောသတ္တဝါ တို့သည်။ အမတံ၊ အမြိုက်ရေစင်ကို။ ပိဝိံသု၊ သောက်ကြရကုန်ပြီ။ဓမ္မပဒေ။ ။ "ဓမ္မပဒထည်းက ဂါထာ" ဟု ဆိုသော်လည်း ဤဂါထာသည် ဓမ္မပဒ၌ မပါဟု ဋီကာသစ်၌ ဆိုထား၏။ သို့သော် မြန်မာမှု၌မပါသော်လည်း သီဟိုဠ်မူ၌ကား ဓမ္မပဒ အဋ္ဌကထာ-ဗုဒ္ဓဝဂ် ၉ ခုမြောက်ဝတ္ထုဝယ် ဤဂထာပါရှိ၏။ ယခု ဆဋ္ဌသံဂါယနာတင်စာအုပ်များ၌လည်း ထိုမှ ယူထားသောကြောင့် ပါရှိပြီ။
ဓမ္မပဒဋ္ဌကထာ။ ။ [လိုရာကိုယူအပ်သောအဖွင့်။] တေတိ ဗုဒ္ဓါဒယော၊ တာဒိ သေတိ ဝုတ္တဂဟဏေဝသေန (၂ ဂါထာဆက်၍ဟောတော်မူအပ်ရာဝယ် ပဌမဂါထာ၌ ဗုဒ္ဓ-ပစ္စေကဗုဒ္ဓ-ဗုဒ္ဓသာဝကတို့ကို ယူခဲ့၏။ ထိုသို့ ဆိုအပ်ပြီးသောယူခြင်း၏အစွမ်းကို "တာဒိသ" ဟု ဆိုလိုသည်။) နိဗ္ဗုတေတိ ရာဂါဒိ နိဗ္ဗုတိယာ၊ (ရာဂ အစရှိသောကိလေသာအပူတို့၏ငြိမ်းအေးခြင်းအားဖြင့် နိဗ္ဗုတဖြစ်ကြကုန်သော-ဟူလို။)
အကုတောဘယေ။ ။ နတ္ထိ ကုတောစိ ဘဝတောဝါ အာရမဏတောဝါ ဧတေသံ ဘယန္တိ အကုတောဘယာ။ [ကုတော-တစ်စုံတစ်ခုသောအပါယ်ဘဝဘေး, ကြောက်ဖွယ်အာရုံဘေးမှ+ဘယံ-ကြောက်ရခြင်းတည်း။ ကုတောဘယံ-ခြင်း။ နတ္ထိ+ကုတောဘယံ ဧတေသံတိအကုတောဘယာ။]
န သက္ကာ ။ပေ၊ ကေနစိ။ ။ ဣမံ ဧတ္တကံ ဣမံ ဧတ္တကံတိ (ဤကောင်းမှု၏အကျိုးသည် ဤမျှ အတိုင်းအရှည်ရှိ၏။ ဤကောင်းမှု၏အကျိုးကား ဤမျှ အတိုင်းအရှည်ရှိ၏။) ["ဣမေတ္တကမပိ" ဟု ဆိုလိုလျက် (က) ကြေသည်ဟု ကြံပါ။] ကေနစိ ပုဂ္ဂလေန မာနေနဝါ (တစ်စုံတစ်ယောက်သောဗြဟ္မာစသောပုဂ္ဂိုလ်, တစ်နည်း-တစ်စုံတစ်ခုသောချင့်နည်းအားဖြင့်။) [ချင့်နည်း ၃ မျိုးရှိ၏။ ဉာဏ်ဖြင့်မှန်းဆသောတီရဏချင့်နည်း, ချိန်ခွင့်ဖြင့် ချိန်ဆရသောဓာရဏချင့်နည်း, စလယ်တောင်းစသောချင့်ခွက်ဖြင့် ချင့်ရသောမာနချင့်နည်းတည်း။]
(ဣဒံ၊ ဤဆိုအပ်လတံ့ကား။) အပရမ္ပိ၊ အခြားလည်းဖြစ်သော။ [ရှေးစာအုပ်များ၌ ပိသဒ္ဒါ မပါ။] ဝတ္ထု၊ ဝတ္ထုတည်း။ ကိရ၊ ချဲ့။ ရာဟု၊ ရာဟုမည်သော။ အသုရိန္ဒော၊ အသုရိန်သည်။ စတ္တာရိယောဇနသဟဿာနိ၊ ယူဇနာ လေးထောင်တို့ တိုင်တိုင်လည်းကောင်း။ အဋ္ဌစ ယောဇနသတာနိ၊ ယူဇနာရှစ်ရာတို့တိုင်တိုင်လည်းကောင်း။ ဥစ္စော၊ မြင့်၏။
အဿ၊ ထိုရာဟုအသုရိန်၏။ ဗာဟန္တရံ၊ လက်မောင်း ၂ ခုတို့၏အကြားသည်။ ဒွါဒသယောဇနသတာနိ၊ တစ်ဆယ့်နှစ်ယူဇနာ အလွန်ရှိသောယူဇနာတစ်ရာတို့သည်။ (ဟောန္တိ၊ ကုန်၏။) [ဗာဟန္တရံတိ ဒွိန္နံ ဗာဟူနံအန္တရံ။ ဒွါဒသယောဇနသတာနီတိ ဒွါဒသာဓိကာနိ ယောဇနသတာနိ၊ ဋီကာသစ်။]
ဗဟလန္တရေန၊ ကိုယ်လုံး၏အလယ်အတိုင်းအရှည်အားဖြင့်။ ဆယောဇနသတာနိ၊ ယူဇနာ ခြောက်ရာတို့သည်။ (ဟောန္တိ) ။
ဟတ္ထတလပါဒတလာနံ၊ လက်ဖဝါးအပြင်, ခြေဖဝါးအပြင်တို့၏။ ပုထုလတော၊ အပြန့်အကျယ်အားဖြင့်။ တီဏိ ယောဇနသတာနိ၊ ယူဇနာသုံးရာတို့သည်။ (ဟောန္တိ။)
အင်္ဂုလိပဗ္ဗာနိ၊ လက်ဆစ်, ခြေဆစ် တို့သည်။ ပဏ္ဏာသယောဇနာနိ၊ ယူဇနာငါးဆယ်ရှိကုန်၏။ [အင်္ဂုလိပဗ္ဗာနီတိ ဧကေကာနိ (တစ်ဆစ် တစ်ဆစ်ကုန်သော။) အင်္ဂုလိပဗ္ဗာနိ။ ဋီကာသစ်။ အင်္ဂုလိပဗ္ဗာနံ၊ တို့၏။ ပဏ္ဏာသယောဇနာနိ၊ တို့သည်။ (ဟောန္တိ။) ဤသို့လည်း ရှိ၏။]
ဘမုကန္တရံ၊ မျက်ခုံး ၂ ဖက်တို့၏အကြားသည်။ ပဏ္ဏာသယောဇနံ၊ ယူဇနာငါးဆယ်ရှိ၏။
မုခံ၊ ခံတွင်းသည်။ (ပါးစပ်သည်။) ဒွိယောဇနသတံ၊ အကျယ်အားဖြင့် ယူဇနာ နှစ်ရာရှိ၏။ [မုခံ ဝိတ္ထာရတော (ပါးစပ်အဝ အကျယ်အားဖြင့်။) ဒွိယောဇန သတံ။] တိယောဇနသတဂမ္ဘီရံ၊ ယူဇနာသုံးရာ အစောက်ရှိ၏။ တိယောဇန သတပရိမဏ္ဍလံ၊ ယူဇနာသုံးရာ အဝန်းအဝိုင်းရှိ၏။
ဂီဝါ၊ လည်ပင်းသည်။ တိယောဇနသတာ၊ ယူဇနာသုံးရာရှိ၏။
နလာဋံ၊ နဖူးပြင်သည်။ တိယောဇနသတံ၊ ယူဇနာ သုံးရာရှိ၏။
သီသံ၊ ဦးခေါင်းသည်။ နဝယောဇနသတံ၊ ယူဇနာကိုးရာရှိ၏။
သော၊ ထိုရာဟုအသူရိန်သည်။ (" နာဂစ္ဆိ " ၌စပ်။) အဟံ၊ ငါသည်။ ဥစ္စော၊ မြင့်သည်။ အသ္မိ၊ ဖြစ်၏။ သတ္ထာရံ၊ နိမ့်သောဘုရားကို။ ဩနမိတွာ၊ အောက်သို့ ညွတ်၍။ (ငုံ့၍။) ဩလောကေတုံ၊ ကြည့်ခြင်းငှာ။ န သက္ခိဿာမိ၊ မစွမ်းနိုင်လတံ့။ ဣတိ၊ သို့။ စိန္တေတွာ၊ ၍။ နာဂစ္ဆိ၊ မလာခဲ့။
သော၊ ထိုရာဟုအသုရိန်သည်။ ဧကဒိဝသံ၊ တစ်နေ့သ၌။ ဘဂဝတော၊ ၏။ ဝဏ္ဏ၊ ဂုဏ်တော်ကို။ သုတွာ၊ ကြားရ၍။ဗဟလန္တရေန။ ။ သမန္တာ သရီရပရိဏာဟပ္ပမာဏေန-ပတ်ဝန်းကျင်ကိုယ်၏လုံးပတ် ပမာဏအားဖြင့်။-ဋီကာသစ်။ "ဗဟလ-အထု-အထူ" ဟု အခြားနေရာ၌ သုံးစွဲ၏။ ဤ၌ကိုယ်၏လုံးပတ်ကိုပင် "ဗဟလ" ဟု ဆိုသည်။ [ရှေးရိုက်စာအုပ်များ၌ "ထနန္တရေန- သားမြတ် ၂ ခုတို့၏အကြား၌" ဟု ရှိ၏။]
ယထာကထဉ္စိ၊ အမှတ်မထား တစ်ပါးပါးသောနည်းဖြင့်။ ဩလောကေဿာမိ၊ ဖူးမြင်ရတော့အံ့။ ဣတိ၊ ဤသို့ကြံ၍။ အာဂတော၊ လာပြီ။
အထ၊ ရာဟုအသုရိန်လာရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ တဿ၊ ထိုရာဟုအသုရိန်၏။ အဇ္ဈာသယံ၊ အလိုကို။ ဝိဒိတွာ၊ သိတော်မူ၍။
စတူသု၊ ၄ ပါးကုန်သော။ ဣရိယာ ပထေသု၊ ဣရိယာပုထ်တို့တွင်။ ကတရေန၊ အဘယ်မည်သောဣရိယာပုထတ်ဖြင့်။ ဒဿေဿာမိ၊ ပြရပါအံ့နည်း။ ဣတိ၊ သို့။ စိန္တေတွာ၊ ကြံတော်မူပြီး၍။ ဌိတကောနာမ၊ ရပ်သူမည်သည်။ နီစော၊ နိမ့်သည်။ (သမာနော) ပိ၊ သော်လည်း။ ဥစ္စောဝိယ၊ မြင့်သူကဲ့သို့။ ပညာယတိ၊ ထင်ရှား၏။
နိပန္နောဝ၊ လျောင်းတော်မူလျက်သာ။ အဿ၊ ထိုရာဟုအသုရိန်အား။ အတ္တာနံ၊ ကိုယ်တော်ကို။ ဒဿေဿာမိ၊ ပြရတော့အံ့။ ဣတိ၊ ဤသို့ကြံတော်မူ၍။ အာနန္ဒ၊ န္ဒာ။ ဂန္ဓကုဋိပရိဝေဏေ၊ ဂန္ဓကုဋိပရိဝုဏ်၌။ [ဂန္ဓကုဋိကျောင်းတော်၏အပြင်ပတ်ဝန်းကျင် ကာရံအပ်သောဝင်း၏အတွင်းအရပ်ကို ဆိုသည်။] မဉ္စကံ၊ ညောင်စောင်းငယ်ကို။ ပညပေဟိ၊ ခင်းလိုက်လော့။ ဣတိ၊ သို့။ ဝတွာ၊ မန့်တော်မူပြီး၍။ တတ္ထ၊ ထိုညောင်စောင်းငယ်၌။ သီဟသေယျံ၊ မြတ်သောလျောင်းတော်မူခြင်းကို။ ကပ္ပေသိ၊ ပြုတော်မူပြီ။ [ခြင်္သေ့အိပ်သလို မှောက်၍ အိပ်သည် မဟုတ်။ စောင်း၍ လျောင်းတော်မူသည်။ ထို့ကြောင့် သီဟသဒ္ဒါ အမြတ်အနက် ဟော။]
ရာဟု၊ ရာဟုအသုရိန်သည်။ အာဂန္တွာ၊ လာ၍။ နိပန္နံ၊ လျောင်းတော်မူသော။ ဘဂဝန္တံ၊ ကို။ ဂီဝံ၊ လည်ပင်းကို။ ဥန္နာမေတွာ၊ အထက်သို့ ညွတ်စေ၍။ ဝါ၊ မော်၍။ နဘမဇ္ဈေ၊ ကောင်းကင်အလယ်၌။ ပုဏ္ဏစန္ဒံ ဝိယ၊ လပြည့်ဝန်းကိုကဲ့သို့။ ဥလ္လောကေသိ၊ မော်၍ ဖူးမျှော်ရပြီ။
အသုရိန္ဒ၊ အသုရိန်။ ဣဒံ၊ ဤမော်၍ နေခြင်းသည်။ယထာကထဉ္စိ။ ။ ဤပုဒ်ကို "ယေန ကေနစိ" ဟု ဖွင့်လေ့ရှိသောကြောင့် "အမှတ်မထား တစ်ပါးပါးသောနည်းဖြင့် (သင့်တော်သလိုနည်းဖြင့်။) ဩလောကေဿာမိ-ကြည့်ရတော့အံ့" ဟု အဓိပ္ပာယ်ရ၏။ "ယထာကထဉ္စိ" ဟုရှိသောသီဟိုဠ်မူသာကောင်း၏။ ဋီကာသစ်၌ကား "ယထာကထံ-သူတစ်ပါးတို့ ပြောအပ်သောစကားအားလျော်စွာ" ဟု ဖွင့်၍"အာဂတော" ၌ စပ်၏။ "ယထာကထံတိ ဝါ ကီဒိသံ-အဘယ်သို့။ (ဘယ်ပုံဘယ်နည်း)။ ဩလောကေဿာမိ ကြည့်ရပါအံ့နည်း" ဟု တစ်နည်းလည်း ဖွင့်သေး၏။ ထိုအဖွင့်များအလို ကထဉ္စ၌ စသဒ္ဒါအနက် မရှိတော့။ သဘာဝလည်း မကျပါ။
သီဟသေယျံ ကပွေသိ။ ။ "ရာဟုအသူရိန်သည် အလျား အနံ အမြင့်အားဖြင့် ဘုရားရှင်၏ပမာဏကို မယူနိုင်လောက်အောင် တန်ခိုးဖြင့် ဖန်ဆင်း၍လျောင်းတော်မူခြင်းကိုပြုပြီ" ဟုလည်းကောင်း, "တမင်္ဂလာ တန်ခိုးဖန်ဆင်းဖွယ် မလိုပါ, ပါရမီတော်၏တန်ခိုးကြောင့်ဘုရားရှင်၏ပမာဏတော်ကို မယူနိုင်ခြင်းဖြစ်ပါသည်။ (ဥပမာ-အမ္ဗဋ္ဌလုလင် လာရာအခါ၌ဂန္ဓကုဋိတံခါးတော်သည် အလိုလို ပွင့်ရသကဲ့သို့တည်း)" ဟုလည်းကောင်း ၂ ဝါဒရှိ၏။
ကိံ၊ အဘယ်နည်း။ ဣတိစ၊ ဤသို့လည်း။ ဝုတ္တေ၊ မိန့်တော်အပ်သော်။
ဘဂဝါ၊ မြတ်စွာဘုရား။ ဩနမိတွာ၊ အောက်သို့ညွတ်၍။ ဝါ၊ ငုံ့၍။ ဩလောကေတုံ၊ ကြည့်ခြင်းငှာ။ န သက္ခိဿာမိ၊ စွမ်းနိုင်လိမ့်မည်မဟုတ်။ ဣတိ၊ ဤသို့ နှလုံးသွင်း၍။ နာဂစ္ဆိံ၊ မလာမိခဲ့ပါ။ ဣတိ၊ ဤသို့လျှောက်ပြီ။ အသုရိန္ဒ၊ အသုရိန်။
မယာ၊ ငါသည်။ အဓောမုခေန၊ အောက်၌ မျက်နှာရှိသည်။ (ဟုတွာ။) ပါရမိယော၊ ပါရမီတော်တို့ကို။ ပူရိတာ၊ ဖြည့်တော်မူအပ်ကုန်သည်။
န၊ မဟုတ်။ ဥဒ္ဓမေဝ၊ အထက်၌ အဖျားရှိသည်ကိုသာလျှင်။ ကတွာ၊ ၍။ ဒါနံ၊ ကို။ ဒိန္နံ၊ ပေးလှူအပ်ခဲ့ပြီ။ ဣတိ၊ ဤသို့ မိန့်တော်မူပြီ။
တံ ဒိဝသံ၊ ထိုနေ့၌။ ရာဟု၊ ရာဟု အသုရိန်သည်။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ အဂမာသိ၊ ဆည်းကပ်ပြီ။ (ဣဒံ၊ ဤဆိုအပ်ပြီးကား။ အပရံပိ၊ သော။ ဝတ္ထု၊ တည်း။)
ဧဝံ၊ သို့လျှင်။ ဘဂဝါ၊ သည်။ ဒဿနာယ၊ ဖူးမြင်ခြင်းငှာ။ ဝါ၊ ဖူးမြင်ဖို့ရာ။ အခုဒ္ဒါဝကာသော၊ မငယ်သောအရာ ရှိတော်မူ၏။ [ပါရမီ ဖြည့်တော်မူရာအခါ၌ ဝီရိယ လျော့ခြင်းကို "အဓောမုခေန" ဟုလည်းကောင်း, ဝီရိယမလျော့ခြင်းကို "ဥဒ္ဓဂ္ဂံ" ဟုလည်းကောင်း တင်စား၍ဆိုသည်။]
စတုပါရိသုဒ္ဓိသီလေန၊ လေးပါးသောထက်ဝန်းကျင်စင်ကြယ်သောသီလအားဖြင့်။ သီလဝါ၊ သီလရှိတော်မူ၏။ ပန၊ ဆက်ဥုးအံ့။ တံသီလံ၊ ထိုစတုပါရိသုဒ္ဓိသီလသည်။ အရိယံ၊ ကိလေသာတို့မှ ဝေးကွာ၏။ ဥတ္တမံ၊ မြတ်၏။ ပရိသုဒ္ဓံ၊ ထက်ဝန်းကျင်စင်ကြယ်၏။
တေန၊ ထို့ကြောင့်။ အရိယသီလီတိ၊ ဟူ၍။ အာဟ၊ ပြောပြီ။
တဒေတံ၊ ထိုစတုပါရိသုဒ္ဓိသီလသည်။ အနဝဇ္ဇဋ္ဌေန၊ အပြစ်မရှိသည်၏အဖြစ်ဟူသောအနက်ကြောင့်။ ကုသလံ၊ ကုသလမည်၏။
တေန၊ ကြောင့်။ ကုသလသီလီတိ၊ ဟူ၍။ အာဟ။
**ကုသလသီလေနာ**တိ၊ ဟူသော။ ဣဒံ၊ ဤပုဒ်သည်။ အဿ၊ ထိုကုသလသီလီဟူသောပုဒ်၏။ ဝေဝစနံ၊ ဝေဝုစ်ပရိယာယ်စကားလှယ်တည်း။ ["ကုသလသီလေန သမန္နာဂတော" ဟု သမန္နာဂတောပါမှ ကုသလ သီလီနှင့် အဓိပ္ပာယ်တူသည်။]အရိယသီလီ။ ။ ကိလေသာတို့မှ ဝေးကွာသည်ကို "အာရကာ" ဟု ခေါ်၏။ ထို အာရကာပုဒ်သည်ပင် နိရုတ္တိနည်းအားဖြင့် "အရိယ" ဟု ဖြစ်၏။ [အာကို ရဿ, ရ၏အကို ဣ, ကကို ယပြု၍ကာ၌ အာကို ရဿပြုပါ-ဟူလို။] ထိုသို့ ကိလေသာတို့မှ ဝေးကွာသောသီလသည် မြတ်လည်း မြတ်၏။ စင်လည်း စင်ကြယ်၏။ ထို့ကြောင့် အရိယံကို "ဥတ္တမံ ပရိသုဒ္ဓံ" ဟု အဓိပ္ပာယတ္ထဖွင့်သည်။ အရိယံ+သီလံ အရိယသီလံ၊ အရိယသီလံ+ ယဿ အတ္တီတိ အရိယ သီလီ။
ကုသလသီလီ။ ။ ဘုရားများ၌ရှိသောသီလသည် ကုသိုလ်မဟုတ်, အပြစ်မရှိသော(ကြိယာ စိတ္တုပ္ပာဒ်) သာတည်း။ ထို့ကြောင့် ကုသလသဒ္ဒါ၏အနက်တို့တွင် အနဝဇ္ဇအနက်ကိုယူစေလို၍"အနဝဇ္ဇဋ္ဌေန ကုသလံ" ဟု ဖွင့်သည်။
**ဗဟူနံ အာစရိယ ပါစရိယော**တိ၊ ကား။ ဘဂဝတော၊ ၏။ ဧကေကာယ၊ တစ်ကြိမ် တစ်ကြိမ်သော။ ဓမ္မဒေသနာယ၊ တရားဒေသနာတော်၌။ စတုရာသီတိပါဏသဟဿာနိ၊ ရှစ်သောင်းလေးထောင်သောသတ္တဝါတို့သည်လည်းကောင်း။ အပရိမာဏာ၊ အတိုင်းအရှည် မရှိကုန်သော။ ဒေဝမနုဿာပိ၊ နတ်လူတို့သည်လည်းကောင်း။ မဂ္ဂဖလာမတံ၊ မဂ်ဖိုလ်တည်းဟူသောအမြိုက်ရေစင်ကို။ ပိဝိံသု၊ သောက်ကြရကုန်ပြီ။ တသ္မာ၊ ကြောင့်။ ဗဟူနံ၊ များစွာသောသတ္တဝါတို့၏။ အာစရိယော၊ ဆရာဖြစ်တော်မူ၏။
ပန၊ အဖို့တစ်ပါးကား။ သာဝကဝေနေယျာနံ၊ သာဝကတို့ဆုံးမထိုက်သောသတ္တဝါတို့၏။ ပါစရိယော၊ ပဓာနဆရာဖြစ်တော်မူ၏။ ဝါ၊ ဆရာကြီးဖြစ်တော်မူ၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။ [တသ္မာ ဘဂဝါဝ တေသံပဓာနော အာစရိယောတိ။ ပါစရိယ၌ "ပ"ကို "ပဓာန" ဟု ဋီကာသစ်ဖွင့်သည်။]
**ခီဏကာမရာဂေါ**တိ ဧတ္ထ၊ ဟူသောဤပါဌ်၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) ဘဂဝတော၊ ၏။ သဗ္ဗေပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။ ကိလေသာ၊ ကိလေသာတို့သည်။ ကာမံ ခီဏာ၊ အကယ်၍ကား ကုန်ပါပေကုန်ပြီ။
ပန၊ ထိုသို့ပင်ကိလေသာအားလုံး ကုန်ပြီးပါကုန်သော်လည်း။ (ယသ္မာ။) ဗြာဟ္မဏော၊ သည်။ တေ၊ ထိုကာမရာဂမှ တစ်ပါးသောကိလေသာတို့ကို။ န ဇာနာတိ၊ မသိ။
(တသ္မာ။) အတ္တနော၊ မိမိ၏။ ဇာနနဋ္ဌာနေယေဝ၊ သိရာဌာန၌သာ။ (ကာမရာဂကုန်သည်၏အဖြစ်၌သာ။) ဂုဏံ၊ ဂုဏ်ကို။ ကထေတိ၊ ပြော၏။
**ဝိဂတစာပလ္လော**တိ၊ ကား။
ပတ္တမဏ္ဍနာ၊ သပိတ်ကို တန်ဆာဆင်ခြင်းသည်လည်းကောင်း။ခီဏကာမရာဂေါ။ ။ ဘုရားရှင်၏သန္တာန်တော်၌ ကာမရာဂသာမက, ဘဝရာဂနှင့်တကွ, ဒေါသ မောဟ မာနစသောကိလေသာအားလုံးပင် ကုန်ပြီးမဟုတ်ပါလော,အဘယ်ကြောင့် "ခီဏကာမရာဂေါ" ဟု ဆိုရပါသနည်း-ဟု မေးဖွယ်ရှိသောကြောင့် "ကာမံ" စသည်ကို မိန့်သည်။ ကိလေသာအားလုံး ကုန်ပြီးသည်ကား မှန်၏။ သို့သော် ကာမရာဂမှ တစ်ပါးသောထိုကိလေသာတို့ကို မသိသောကြောင့် မိမိသိသမျှ ပုဏ္ဏားက ပြောရသည်-ဟူလို။ ["ဗြာဟ္မဏော ပန တေန ဇာနာတိ"သည် ကာရဏဝါကျတည်း။ ထို့ကြောင့် ယသ္မာ, တသ္မာ ထည့်၍အနက်ပေးရသည်။ တေဖြင့် ကာမရာဂမှ တစ်ပါးသောကိလေသာတို့ကို ညွှန်ပြသည်။]
ဝိဂတစာပလ္လော။ ။ စပဓာတ်သည် သာန္တန (ကောဓ ငြိမ်းအောင်ပြုခြင်း, ချစ်ဖွယ်ပြုခြင်း) အတက်ကို ဟော၏။ သပိတ်သင်္ကန်း ကျောင်း အိပ်ရာနေရာတို့နှင့် ခန္ဓာကိုယ်ကို အလှပြင်ကာ ချစ်စရာကောင်းအောင် ပြုမှုကို "စပ" ဟု ဆို၏။ စပံ-ချစ်ဖွယ်ကို + လာတိ-ယူတတ်၏။ ဣတိ စပလော-တန်ဆာဆင်မှု-အလှပြင်မှုဖြင့် ချစ်စရာကောင်းအောင် ပြုမှုကို ယူတတ် - ပြုပြင်တတ်သူ၊ စပလဿ + ဘာဝေါ စာပလ္လံ-အလှပြင်ခြင်း အမူအရာတည်း။ ဝိဂတံ+ စာပလ္လံ ယသ္မာတိ ဝိဂတစာပလ္လော။[ပတ္တမဏ္ဍနာ စသည်တို့ကား စာပလ္လ၏သရုပ်ပြတည်း။]
စီဝရမဏ္ဍနာ၊ သည်လည်းကောင်း။ သေနာသတမဏ္ဍနာ၊ ကျောင်း, အိပ်ရာနေရာကို တန်ဆာဆင်ခြင်းသည်လည်းကောင်း။ ဣမဿ ပူတိကာယဿဝါ၊ ဤပုပ်သောကိုယ်ကိုသော်လည်းကောင်း။ ဗာဟိရာနံ၊ အပဖြစ်ကုန်သော။ ပရိက္ခာရာနံဝါ၊ ပရိက္ခရာတို့ကိုသော်လည်းကောင်း။ မဏ္ဍနာ၊ နိမ့်ရာအရပ်ကို ပြည့်စေခြင်းသည်လည်းကောင်း။ ဝိဘူသနာ၊ တန်ဆာဆင်ခြင်းသည်လည်းကောင်း။ ကေဠနာ၊ မြူးပျော်ခြင်းသည်လည်းကောင်း။ ပဋိကေဠနာ၊ အဖန်ဖန် မြူးပျော်ခြင်းသည်လည်းကောင်း။ (အတ္ထိ။) ဣတိ ဧဝံ၊ သို့။ ဝုတ္တစာပလ္လာ၊ ဟောတော်မူအပ်သောလျှပ်ပေါ်လော်လီသူ၏အဖြစ်မှ။ ဝိရဟိတော၊ ကင်း၏။
**အပါပပုရေက္ခာရော**တိ၊ ကား။ အပါပေ၊ ပါပ၏ဆန့်ကျင်ဘက်ဖြစ်ကုန်သော။ ဝါ၊ ပါပမှ ကင်းကုန်သော။ နဝ၊ ကုန်သော။ လောကုတ္တရဓမ္မေ၊ လောကုတ္တရာ တရားတို့ကို။ ပုရတော၊ ရှေ့၌။ ကတွာ၊ ၍။ ဝိစရတိ၊ လှည့်လည်တတ်၏။
ဗြာဟ္မညာယ ပဇာယာ**တိ၊ ကား။ သာရိပုတ္တ ၊ ပေ၊ ကဿပါဒိဘေဒါယ၊ အရှင်သာရိပုတြာ, အရှင်မောဂ္ဂလ္လာန်, အရှင်မဟာကဿပ အစရှိသောအပြားရှိသော။ ဗြာဟ္မဏပဇာယ၊ ဗြာဟ္မဏဖြစ်သောပုဂ္ဂိုလ်အပေါင်းသည်။ပတ္တမဏ္ဍနာ ၊ပေ၊ ပဋိကေဠနာ။ ။ ခုဒ္ဒကဝတ္ထု ဝိဘင်းပါဠိတော်တည်း။ ဣမဿဝါ ပူတိကာယဿ၏နောက်၌ "ဗာဟိရာနံ ဝါ ပရိက္ခရာနံ မဏ္ဍနာ ဝိဘူသနာ" ဟု ရှိ၏။ ထိုဗာဟိရာနံ ဝါ စသောပါဠိများကို ပေယျာလမြှုပ်ထားသည်ဟု မှတ်ပါ။ [ရွှေအဆင်းရှိစေကာမူ ခန္ဓာကိုယ်ကို ပူတိကာယဟု ဆိုရ၏။ ဥပမာ-ပေါင်လုံးလောက် တုတ်၍မပုပ်မဆွေးဘဲ ခိုင်မာစေကာမူ ဂဠောစိလတာ (ဆင်သမနွယ်)ကို "ပူတိလတာ" ဟု ဆိုရသကဲ့သို့တည်း။ "ကေဠနာတိ ကိဠနာ၊ ပဋိကေဠနာတိ ပဋိကီဠနာ" ဟု ထိုအဋ္ဌကထာ ဖွင့်သည်။]
အပါပပုရေက္ခာရော။ ။ န + ပါပါ အပါပါ၊ ပုရေ + ကရောတီတိ ပုရေက္ခာရော။ အပါပေ + ပုရေက္ခာရော အပါပပုရေက္ခာရော။ ဤသို့ပြုလျှင် ယုတ္တတ္ထသမာသ်တည်း။ နကို ပုရေက္ခာရောနှင့် စပ်၍"န + ပါပေ + ပုရေက္ခာရော အပါပပုရေက္ခာရော" ဟု ပြုလျှင်အယုတ္တတ္ထသမာသ် ဖြစ်၏။ အပါပ၌ နသည် ပဋိပက္ခအနက်ဟော။ တစ်နည်း-ဝိရဟအနက်ဟောဟု ဋီကာသစ် ဆိုသည်။ နဝလောကုတ္တရဓမ္မေကား အပါပ၏အဘိဓေယျတည်း။
ဗြာဟ္မညာယ။ ။ ဗြာဟ္မဏဿ + အပစ္စံ ဗြာဟ္မညာ၊ အပစ္စအနက်၌ ယပစ္စည်း သက်၍ဏျကို ဉ ပြု ဒွေဘော်လာ၊ အရှင်သာရိပုတြာ, အရှင်မဟာမောဂ္ဂလ္လာန်, အရှင်မဟာကဿပ စသောဗြာဟ္မဏအမျိုးသားတို့ကို သရုပ်ပြသောကြောင့်လည်းကောင်း,သောဏဒဏ္ဍပုဏ္ဏားသည် အရိယာဗြာဟ္မဏတို့ကို သိဦးမည် မဟုတ်သောကြောင့်လည်းကောင်း, ဤနည်းသာလျှင် အဋ္ဌကထာ၏အာဘော်ဟု ထင်သည်။ ဤနည်း၌ "ဗျာ" ဟု ဝုဒ္ဓိ ရှိပါစေ။
ဋီကာ။ ။ သို့သော် ဋီကာတို့၌ကား အာဝုဒ္ဓိ မပါသောဗြဟ္မသဒ္ဒါကို သေဋ္ဌအနက်ဟောဟု ယူ၍"ဗြဟ္မနိ-မြတ်သောဘုရားရှင်၌+ဘဝါ, ဗြဟ္မညာ" ဟု ပြု၏။ "ဘုရားရှင်၏ဒေသနာတော်ကြောင့် အရိယာဇာတ်အားဖြင့် ဖြစ်သောပဇာ" ဟူလို။ (တစ်နည်း) ဗြဟ္မုနော-မြတ်သောဘုရားရှင်၏+ အပစ္စံ ဗြဟ္မညာ-ဘုရားရှင်၏စီးပွားကို ပြုခြင်း, ဘုရားရှင်ကို အလေးဂရုပြုခြင်း, အဆုံးအမတော်အတိုင်း ကျင့်ခြင်းကြောင့် "ဘုရားရှင်၏သားတော်ဖြစ်သောပဇာ" ဟူလို။ (တစ်နည်း) ဗြဟ္မံ-မြတ်သောလောကုတ္တရာတရားကို + ဇာနာတီတိဗြဟ္မညာ၊ (ဗြဟ္မသဒ္ဒူပပဒ, ဉာဓာတ်-အပစ္စည်း, ဣတ္ထိဇောတက အာပစ္စည်း။) ဤသို့ ဝိဂြိုဟ်၃ မျိုးပြု၍အရိယာသာဝကဖြစ်သောပဇာကို အရကောက်သည်။
စ၊ ဆက်။ ဧတိဿာယ ပဇာယ၊ ဤဗြာဟ္မဏဖြစ်သောပုဂ္ဂိုလ်အပေါင်းသည်။ ပုရေက္ခာရော၊ ရှေ့၌ ပြုအပ်၏။ (ရှေ့သွားပြုအပ်၏။)
ဟိ၊ မှန်။ အယံ ပဇာ၊ ဤဗြာဟ္မဏဖြစ်သောပုဂ္ဂိုလ်အပေါင်းသည်။ သမဏံ ဂေါတမံ၊ ကို။ ပုရေက္ခတွာ၊ ရှေ့၌ ပြု၍။ (ရှေ့သွားပြု၍။) စရတိ၊ လှည့်လည်၏။ ဣတိ အတ္ထော။
အပိစ၊ သည်သာမကသေး။ **အပါပပုရေက္ခာရောတီ**တိ၊ ကား။ ပါပ၊ မကောင်းမှုကို။ ဝါ၊ မကောင်းသောအဟိတဒုက္ခကို။ န ပုရေက္ခာရော၊ ရှေ့၌ မပြုတတ်။ ဝါ၊ ရှေ့သွား မပြုတတ်။ ပါပံ၊ ကို။ ပုရတော၊ ရှေ့၌။ ကတွာ၊ ၍။ န စရတိ၊ မလှည့်လည်တတ်။ ပါပံ၊ ကို။ န ဣစ္ဆတိ၊ အလိုမရှိတတ်။ ဣတိ အတ္ထော။
ကဿ၊ အဘယ်၏။ အပါပပုရေက္ခာရော၊ မကောင်းမှုကို ရှေ့၌ မထားသနည်း။ ဝါ၊ မကောင်းမှုကိုရှေ့သွား မပြုသနည်း။ (ဣတိ၊ ဤကားအမေးတည်း။) [ပုစ္ဆာတစ်ဝါကျဖြစ်၍ "ကဿ"၏နောက်၌ ပိုဒ်ရှိပါစေ။]
ဗြာဟ္မညာယ၊ ဗြာဟ္မဏ၏သားဖြစ်သော။ ပဇာယ၊ သတ္တဝါအပေါင်း၏။ (အပါပပုရေက္ခာရော၊ မကောင်းမှုကို ရှေ့သွား မပြုပါ။ ဣတိ၊ ဤကား အဖြေတည်း။) [ဤ၌လည်း ဝိသဇ္ဇန တစ်ဝါကျဖြစ်၍ ပဇာယနောက်၌ ပိုဒ်ရှိပါစေ။]
အတ္တနာ၊ မိမိနှင့်။ သဒ္ဓိံ၊ တကွ။ ပဋိဝိရုဒ္ဓါယ၊ ဆန့်ကျင်ဘက်ဖြစ်သော။ ဗြာဟ္မဏပဇာယပိ၊ ပုဏ္ဏားမျိုးဖြစ်သောပုဂ္ဂိုလ်အပေါင်း၏သော်မှလည်း။ပဇာယ ပုရေက္ခာရော။ ။ "ပဇာယ၏စပ်ဖို့ရာ အပါပပုရေက္ခာရောပုဒ်မှပုရေက္ခာရောပုဒ်တစ်စိတ်ကို လိုက်စေရသည်" ဟု သိစေလို၍"ပဇာယ ပုရေက္ခာရော" ဟု မိန့်သည်။ ပဇာယဟူသောအဝုတ္တကတ္တားကြောင့် ပုရေက္ခာရောကိုလည်း "ပုရေ + ကရီယတီတိ ပုရေက္ခာရော" ဟု ကမ္မသာဓ်ပြုပါ။ "အယံ ဟိ ၊ပေ၊ စရတီတိ အတ္ထော" ဟု ကတ္တုဝါကျဖြင့်ပြသည်မှာ အဓိပ္ပာယတ္ထ ပြသာတည်း။ [အပါပပုရေက္ခာရောတိ ဧတ္ထ ပုရေက္ခာရောတိ ပဒံအဓိကတံ (အထက်၌ ပြုအပ်၏။ ဝါ-လိုက်စေအပ်၏။) ဣတိ ဒဿေတိ ဧတိဿာယစ ပဇာယပုရေက္ခာရောတိ ဣမိနာ၊-ဋီကာသစ်။]
အပိစ။ ။ ဤနည်း၌ကား အပါပပုရေက္ခာရောသည် ဗြာဟ္မညာယ ပဇာယ၏သမ္ဗန္ဓီဖြစ်ကြောင်းကိုလည်းကောင်း, "ဗြဟ္မည" အရလည်း ဗြာဟ္မဏအမျိုးသားတို့ကို ယူရကြောင်းကိုလည်းကောင်း ပြသည်။ "ဗြာဟ္မဏပဇာယ၏ပါပကို ရှေ့သွား မပြု" ဟူရာ၌ "မကောင်းကျိုးကို မလိုလား" ဟု ဆိုလို၏။ ထို့ကြောင့် "န ပါပံ ဣစ္ဆတိ" ဟု အဖြောင့် ဖွင့်သည်။ [ပါပန္တိ ပါပကမ္မံ, အဟိတံ ဒုက္ခန္တိ အတ္ထော။-ဋီကာသစ်။]
ဝါ၊ နှင့်သော်မှလည်း။ အဝိရုဒ္ဓေါ၊ မဆန့်ကျင်ပါ။ ဟိတသုခတ္ထိကောယေဝ၊ စီးပွားချမ်းသာကို အလိုရှိသည်သာတည်း။ ဣတိ ဝုတ္တံ ဟောတိ။ ["အတ္တနာ သဒ္ဓိံ" စသည်ကား "အပါပပုရေက္ခာရော ဗြာဟ္မညာယ ပဇာယ" ၃ ပုဒ်လုံး၏ပိဏ္ဍတ္ထတည်း။]
**တိရောရဋ္ဌာ**တိ၊ ကား။ ပရရဋ္ဌတော၊ တစ်ပါးသောတိုင်းမှလည်းကောင်း။
**တိရောဇနပဒါ**တိ၊ ကား။ ပရဇနပဒတော၊ တစ်ပါးသောဇနပုဒ်မှလည်းကောင်း။ (အာဂစ္ဆန္တိ၌ စပ်။)
**ပဉှံ ပုစ္ဆိတုံ အာဂစ္ဆန္တီ**တိ၊ ကား။ ခတ္တိယပဏ္ဍိတာဒယောစေဝ၊ ခတ္တိယပညာရှိ အစရှိသောပုဂ္ဂိုလ်တို့သည်လည်းကောင်း။ ဒေဝဗြဟ္မဂန္ဓဗ္ဗာဒယောစ၊ နတ် ဗြဟ္မာ နဂါး ဂန္ဓဗ္ဗနတ် အစရှိသောပုဂ္ဂိုလ်တို့သည်လည်းကောင်း။
ပဉှေ၊ ပြဿနာတို့ကို။ အဘိသင်္ခရိတွာ၊ ပြုစီရင်ပြီး၍။ (အာဂစ္ဆန္တိ၌ စပ်။) ပုစ္ဆိဿာမ၊ မေးကုန်အံ့။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ အာဂစ္ဆန္တိ၊ လာကြကုန်၏။
တတ္ထ၊ ထိုလာကြသောပုဂ္ဂိုလ်တို့တွင်။ ကေစိ၊ အချို့ပုဂ္ဂိုလ်တို့သည်။ ပုစ္ဆာယ၊ မိမိ၏ပုစ္ဆာ၌။ ဒေါသံ၊ အပြစ်ကို။ (သလ္လက္ခေတွာ) ဝါ၊ မှတ်ထင်ကုန်၍သော်လည်းကောင်း။ ဝိသဇ္ဇနသမ္ပဋိစ္ဆနေ၊ ဘုရားရှင်၏အဖြေကို လက်ခံခြင်း၌။ အသမတ္ထတံ၊ မစွမ်းနိုင်ကုန်သည်၏အဖြစ်ကို။ သလ္လက္ခေတွာဝါ၊ သော်လည်းကောင်း။ အပုစ္ဆိတွာဝ၊ မမေးမူ၍သာ။ တုဏှီ၊ ဆိတ်ဆိတ်။ နိသီဒန္တိ၊ ထိုင်နေကြကုန်၏။
ကေစိ၊ တို့သည်။ ပုစ္ဆန္တိ၊ ကုန်၏။
ကေသံစိ၊ အချို့ပုဂ္ဂိုလ်တို့အား။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ["ဘဂဝါဝ၊ မြတ်စွာဘုရားကိုယ်တော်တိုင်ပင်"ဟု ရှိလျှင် ဋီကာသစ်နှင့် ညီ၏။] ပုစ္ဆာယ၊ မေးခြင်း၌။ ဥဿာဟံ၊ အားတက်သရောကို။ ဇနေတွာ၊ ဖြစ်စေ၍။ ဝိသဇ္ဇေတိ၊ ဖြေတော်မူ၏။
ဧဝံ၊ သို့။ ဝါ၊ ဤနည်းအားဖြင့်။ သဗ္ဗေသံပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။ တေသံ၊ ထိုခတ္တိယပဏ္ဍိတ အစရှိသောပုဂ္ဂိုလ်တို့၏။ ဝိမတိယော၊ တွေးတောခြင်းတို့သည်။ ဝါ၊ ယုံမှားသံသယတို့သည်။ တီရံ၊ ကမ်းသို့။ ပတွာ၊ ရောက်၍။ မဟာသမုဒ္ဒဿ၊ မဟာသမုဒ္ဒရာ၏။ ဥမိယော၊ လှိုင်းတို့သည်။ ဘိဇ္ဇန္တိ ဝိယ၊ ကွဲကုန်သကဲ့သို့။ (တထာတူ။) ဘဂဝန္တံ၊ သို့။ ပတွာ၊ ၍။ ဘိဇ္ဇန္တိ၊ ပျက်ကွဲကုန်၏။ (ဝိမတိတွေ ပြေပျောက်ကုန်၏ဟူလို။)ရဋ္ဌံ၊ ဇနပဒါ။ ။ ရာဇန္တိ ရာဇာနော ဧတေနာတိ ရဋ္ဌံ-မင်းတို့၏တင့်တယ်ကြောင်းဖြစ်သောတိုင်းပြည်။ ရာဇ-ဒိတ္တိယံဓာတ်, တပစ္စည်း၊ ဇနာ + ပဇ္ဇန္တိ ဧတ္ထ သုခဇီဝိတံ (ချမ်းသာစွာ အသက်မွေးရခြင်း ရှိသူတို့၏အဖြစ်သို့) ပါပုဏန္တီတိ ဇနပဒါ-ဘေးရန်အန္တရာယ်ကင်းသောကြောင့် လူအများတို့ ချမ်းသာစွာ အသက်မွေးရာ ပြည်နယ်၊ ကာသိတိုင်း ကောသလတိုင်းကဲ့သို့ "ဇနပုဒ်အများ စုပေါင်းထားသောဌာနကို "ရဋ္ဌ" ဟု ခေါ်၍, ပြည်နယ် ခရိုင် တစ်ခုကို "ဇနပဒ" ဟု ခေါ်သည်။ [ဧကဿ ရညော ရဇ္ဇဘူတာ ကာသိကောသလာဒိ မဟာဇနပဒါ (ရဋ္ဌံ)၊ ဧကဿ ရညော ရဇ္ဇေ ဧကေက ကောဋ္ဌာသဘူတာ ဥတ္တရာပထဒက္ခိဏာပထာဒိ ခုဒ္ဒကဇနပဒါ (ဇနပဒေါ)၊-ဋီသစ်။]
**ဧဟိသွာဂတဝါဒီ**တိ၊ ကား။ ဒေဝမနုဿပဗ္ဗဇိတဂဟဋ္ဌေသု၊ နတ်, လူ, ရသေ့, ရဟန်း, လူဝတ်ကြောင်တို့တွင်။ အတ္တနော၊ ကိုယ်တော်၏။ သန္တိကံ၊ အထံသို့။ အာဂတံ၊ လာသော။
တံတံ၊ ထိုထို ပုဂ္ဂိုလ်ကို။ ဧဟိ၊ လာလော။ သွာဂတံ၊ ကောင်းသောလာခြင်းတည်း။ ဣတိဧဝံ၊ သို့။ ဝဒတိ၊ မိန့်တော်မူတတ်၏။ ဣတိအတ္ထော။
**သခိလော**တိ၊ ကား။
တတ္ထ ၊ ပေ၊ ကဏ္ဏသုခါတိ အာဒိနာ၊ တတ္ထ ၊ ပေ၊ ကဏ္ဏသုခါ အစရှိသော။ နယေန၊ နည်းဖြင့်။ ဝုတ္တသာခလျေန၊ ဟောတော်မူအပ်သောပြေပြစ်သူ၏အဖြစ်နှင့်။ [ဓမ္မသင်္ဂဏီ နိက္ခေပကဏ္ဍ၌ ဟောတော်မူအပ်သောသာခလျနှင့်။] သမန္နာဂတော၊ ၏။ မုဒုဝစနော၊ နူးညံ့သောစကားရှိတော်မူ၏။ ဣတိ အတ္ထော။ [တတ္ထ၊ ထိုတရားတို့တွင်။ သာခလျံ၊ သာခလျဟူသည်။ ကတမံ၊ အဘယ်နည်း။ ယာသာဝါစာ၊ အကြင်စကားသည်။ နေလာ၊ အပြစ်မရှိ။ ကဏ္ဏသုခါ၊ နားတို့၏ချမ်းသာကြောင်းတည်း။ (သာဝါစာ၊ သည်။ သာခလျံ၊ မည်၏)။]
**သမ္မောဒကော**တိ၊ ကား။ ပဋိသန္ထာရကုသလော၊ ပဋိသန္ထာရ၌ ကျွမ်းကျင်တော်မူ၏။ အာဂတာဂတာနံ၊ ရောက်လာကုန် ရောက်လာကုန်သော။ စတုန္နံ၊ န်သော။ ပရိသာနံ၊ ပရိသတ်တို့အား။ ("ကထံ ကတ္တာ" ၌စပ်။)
ဝါ၊ တို့၏။ ("အဒ္ဓါနဒရထံ" ၌စပ်။) ကစ္စိ ၊ ပေ၊ ယာပနီယန္တိ အာဒိနာ၊ အစရှိသော။ နယေန၊ ဖြင့်။ သဗ္ဗံ၊ သော။ အဒ္ဓါနဒရထံ၊ ရှည်သောခရီးကို လာခဲ့ရခြင်းကြောင့်ပင်ပန်းခြင်းကို။ [ဒီဃမဂ္ဂါဂမန ပရိဿမံ၊ ရှည်စွာသောခရီးကို လာခဲ့ရခြင်းကြောင့် ပင်ပန်းခြင်းကို။- ဋီကာသစ်။] ဝူပသမေန္တောဝိယ၊ ငြိမ်းအေးစေသကဲ့သို့။ ပဌမတရံ၊ ရှေးဦးစွာ။ သမ္မောဒနီယံ၊ ဝမ်းမြောက်သင့် ဝမ်းမြောက်ထိုက်သော။ ကထံ၊ စကားကို။ ကတ္တာ၊ ပြုတော်မူတတ်၏။ ဣတိ အတ္ထော။
အဘာကုဋိကော**တိ၊ ကား။ ဧကစ္စေ၊ အချို့ပုဂ္ဂိုလ်တို့သည်။ ပရိသံ၊ သို့။ ပတွာ၊ ၍။ (ရောက်လတ်သော်။) ထဒ္ဓမုခါ၊ ခက်ထန်သောမျက်နှာရှိကုန်သည်။ဧဟိသွာဂတဝါဒီ။ ။ ဧဟိ သွာဂတံ ဣတိ+ဝါဒီ ဧဟိသွာဂတဝါဒီ၊ "ဧဟိ သွာဂတံ ဣတိ+ဝါဒီ" ဟု ဆိုလိုလျက် ကြေနေသောဣတိနိပါတ်နှင့် သမာသ်စပ်၍"ဧဟိသွာဂတဝါဒီ" ဟု ဖြစ်ကြောင်းသိစေလိုသောကြောင့် "သွာဂတံတိ ဧဝံ ဝဒတိ" ဟု ဣတိဧဝံထည့်၍ဖွင့်သည်။[အနညာတညဿာမီတိန္ဒြိယံ၌ ဣတိနှင့် ဣန္ဒြိယံ စပ်သကဲ့သို့တည်း။ ထို၌ဣတိမကြေဘဲ ဤ၌ ဣတိ ကြေခြင်းသာထူး၏။]
အဘာကုဋိကော။ ။ ဘူသဒ္ဒါသည် "မျက်မှောင်-မျက်ခုံး" အနက်ကို ဟော၏။ ဘုယာ-မျက်ခုန်း၏+ကုဋိ-ကောက်ကွေးခြင်း+ယဿာတိ ဘူကုဋိကော၊ "မျက်ခုန်း၏ကောက်ခြင်း" ဟူသည် မျက်နှာကျုံ့ခြင်း-မျက်နှာရှုံ့ခြင်းတည်း။ ထိုသို့ မျက်နှာရှုံ့ခြင်းရှိသူကို "ဘူကုဋိက" ဟု ခေါ်၏။ ဘူ၏ဥုကို အာပြု၍"ဘာကုဋိက" ဟု ဖြစ်သည်။ န+ဘာကုဋိကော အဘာကုဋိကော၊ [န ဗဒ္ဓါ ဘူကုဋိ၊-သုဗောဓာလင်္ကာရ (၂ဝ၃) ဂါထာ။]
သင်္ကုတမုခါ၊ ရှုံ့တွသောမျက်နှာရှိကုန်သည်။ ဟောန္တိယထာ၊ န်သကဲ့သို့။ ဧဒိသော၊ ဤကဲ့သို့ရှုအပ်သောပုဂ္ဂိုလ်သည်။ န၊ မဟုတ်။ ပန၊ အဟုတ်ကား။ ပရိသဒဿနေန၊ ပရိသတ်ကို မြင်ရခြင်းကြောင့်။ အဿ၊ ထိုရဟန်းဂေါတမ၏။ ဗာလာတပသမ္ဖဿေန၊ တက်သစ်စနေ၏အတွေ့ကြောင့်။ (နေအရုဏ်၏အတွေ့ကြောင့်။) ပဒုမံ၊ ပဒုမ္မာကြာပန်းသည်။ ဝိကသတိဝိယ၊ ပွင့်သကဲ့သို့။ မုခပဒုမံ၊ မျက်နှာတော်တည်းဟူသောပဒုမ္မာကြာပန်းသည်။ ဝိကသတိ၊ ပွင့်လန်း၏။ ["ဝိကသတိ" နေရာ၌ "ဝိကသိတံ" ဟုလည်း အချို့စာအုပ်၌ ရှိ၏။] ပုဏ္ဏစန္ဒသဿိရိကံ၊ လပြည့် ဝန်း၏အသရေနှင့်တူသောအသရေရှိသည်။ ဟောတိ။ [ပုဏ္ဏစန္ဒဿ သိရိယာသမာနာ သိရီ ဧတဿာတိ ပုဏ္ဏစန္ဒသဿိရိကံ။ သကို "သမာနာ" ဟု ဖွင့်သည်။ အချို့စာအုပ်၌ "သဿိရိကံ ဝိယ" ဟု ဝိယပါသည်ကား ပိုသည်။ သဿိရိကံ၌ သသဒ္ဒါက သမာနအနက်ကို ဟောပြီးဖြစ်သောကြောင့်တည်း။]
**ဥတ္တာနမုခေါ**တိ၊ ကား။ ဧကစ္စေ၊ အချို့သောပုဂ္ဂိုလ်တို့သည်။ နိကုဇ္ဇတမုခါဝိယ၊ မှောက်အပ်သောမျက်နှာရှိကုန်သကဲ့သို့။ သမ္ပတ္တာယ၊ ရောက်လာသော။ ပရိသာယ၊ ပရိသတ်အား။ ကိဉ္စိ၊ ဘာစကားကိုမျှ။ န ကထေန္တိယထာ၊ မပြောဆိုကုန် သကဲ့သို့။ အတိဒုလ္လဘကထာ၊ အလွန်ခဲယဉ်းသဖြင့်ရအပ်သောစကားရှိကုန်သည်။ (အလွန်ရခဲသောစကားရှိကုန်သည်။) ဟောန္တိ ယထာ၊ ဖြစ်ကုန်သကဲ့သို့။ ဧဝရူပေါ၊ ဤသို့သဘောရှိသည်။ န၊ မဟုတ်။
ပန၊ အဟုတ်ကား။ သမဏောဂေါတမော၊ သည်။ သုလဘကထော၊ လွယ်ကူစွာရအပ်သောစကားရှိသည်။ (ဟောတိ။)
တဿ၊ ထိုရဟန်းဂေါတမ၏။ သန္တိကံ၊ အထံသို့။ အာဂတာဂတာနံ၊ ရောက်လာရောက်လာကုန်သောသူတို့၏။ (ဝိပ္ပဋိသာရော၊ ၌စပ်။)သင်္ကုဋိတမုခါ။ ။ ဘာကုဋိကို "သင်္ကုဋိတ" ဟု ဖွင့်သည်။ ကုဋဓာတ်သည်၊ ကောက်ခြင်း၊ ကွေးခြင်းအနက်ကို ဟော၏။ ကုဋတီတိ ကုဋိတံ၊ သုဋ္ဌု+ကုဋိကံ သင်္ကုဋိတံ၊ သင်္ကုဋိတံ (လွန်စွာကောက်သော၊ ဝါ ရှုံ့တွသော)+မုခံ ယေသံတိ သင်္ကုဋိတမုခါ။
နိကုဇ္ဇိတမုခါဝိယ။ ။ ဥတ္တာနမုခ၏ပြောင်းပြန်ဖြစ်သောကြောင့် မုခကို "မျက်နှာ" ဟု ပေးသည်။ မျက်နှာကို အောက်၌မှောက်ထားသကဲ့သို့ ဘာစကားကိုမျှ မပြောတော့။ ယခုခေတ်၌လည်း စကားမပြောလိုသောအခါ မျက်နှာကို အောက်စိုက်ထားတတ်ကြသည်။ [နိကုဇ္ဇိ ကံ+မုခံ ယေသံတိ နိကုဇ္ဇတမုခါ၊ ကု၌ ဒွေဘော်မလို။]
ဋီကာသစ်။ ။ ဧတ္ထ ပန ဧဟိသွာဂတဝါဒီတိ ဣမိနာ သုခသမ္ဘာသပုဗ္ဗကံ ဝိယဝါဒိတံ ဒဿေတိ၊ သခိလောတိ ဣမိနာ သဏှဝါစကံ, သမ္မောဒကောတိ ဣမိနာ ပဋိသန္ဓာရကုသလတံ, အဘာကုဋိကောတိ ဣမိနာ သဗ္ဗတ္ထေဝ ဝိပ္ပသန္နမုခတံ, ဥတ္တာန မုခေါတိ ဣမိနာ သုခသလ္လာပဟံ, ပုဗ္ဗဘာသီတိ ဣမိနာ ဓမ္မာနုဂ္ဂဟဿ ဩကာသကရဏေန ဟိတဇ္ဈာသယတံ ဒ ဿေတီတိ ဝေဒိတဗ္ဗံ။
ကသ္မာ၊ အဘယ့်ကြောင့်။ မယံ၊ ငါတို့သည်။ ဣဓ၊ ဤရဟန်းဂေါတမ၏အထံသို့။ (စကားမပြောသောရဟန်း ဂေါတမအထံသို့။) အာဂတာ၊ လာမိကုန်သနည်း။ ဣတိ၊ သို့။ ဝိပ္ပဋိသာရော၊ နှလုံးမသာမယာခြင်းသည်။ န ဥပ္ပဇ္ဇတိ၊ မဖြစ်။ ပန၊ အနွယကား။ ဓမ္မံ၊ တရားကို။ သုတွာ၊ နာရ၍။ အတ္တမနာဝ၊ မိမိစိတ်ရှိကုန်သည်သာ။ ဝါ၊ နှစ်သက်ဝမ်းမြောက်ကုန်သည်သာ။ ဟောန္တိ၊ န်၏။ ဣတိ၊ ဤအနက်အဓိပ္ပာယ်ကို။ ဒဿေတိ၊ ပြ၏။
**ပုဗ္ဗဘာသီ**တိ၊ ကား။ ဘာသန္တောစ၊ စကားပြောပြန်သော်လည်း။ ပဌမတရံ၊ ရှေးဦးစွာ။ ဘာသတိ၊ ပြောဆိုတတ်၏။ တံစ၊ ထိုစကားကိုလည်း။ ကာလယုတ္တံ၊ အချိန်ကာလနှင့်သင့်လျော်သော။ ပမာဏယုတ္တံ၊ အတိုင်းအရှည်နှင့်ယှဉ်သော။ အတ္ထနိဿိတံမေဝ၊ အစီးအပွားကိုမှီသောစကားကိုသာ။ ဘာသတိ၊ ၏။
နတသ္မိံ ဂါမေဝါတိ (ဧတ္ထ)၊ ၌။ (ဂူဠတ္ထံ၊ လျှို့ဝှက်တိမ်မြုပ်သောအနက်ကို။) ကိရ (ဥဒ္ဓရိက္ခာ ဒဿေမိ)၊ ထုတ်၍ပြဦးအံ့။ ယတ္ထ၊ အကြင်အရပ်၌။ ဘဂဝါ၊ သည်။ ပဋိဝသတိ၊ သီတင်းသုံးတော်မူ၏။ တတ္ထ၊ ၌။ မဟေသက္ခာ၊ ကြီးသောအစိုးရခြင်းရှိသူ တို့ဟု ဆိုအပ်ကုန်သော။ ဝါ၊ တန်ခိုးကြီးကုန်သော။ ဒေဝတာ၊ နတ်တို့သည်။ အာရက္ခံ၊ အစောင့်အရှောက်ကို။ ဂဏှန္တိ၊ ယူကြကုန်၏။ [မဟေသက္ခ၊ ပုဒ်ပြီးပုံကို "ပါရာဇိကဏ်ဘာသာဋီကာ ဝေရဉ္ဇကဏ္ဍ အရဟံဂုဏ်တော်အဖွင့်၌" ရှုပါ။] တာ၊ ထိုမဟေသက္ခနတ်တို့ကို။ နိဿာယ၊ မှီ၍။ မနုဿာနံ၊ လူတို့၏။ ဥပဒ္ဒဝေါ၊ (ကပ်၍နှိပ်စက်တတ်သော) ဘေးရန်သည်။ န ဟောတိ၊ မဖြစ်။ ဟိ၊ မှန်။ ပံသုပိသာစကာဒယောဧဝ၊ မြေမှုန်ကိုမှီသောဘီလူးအစရှိသောသတ္တဝါတို့သည်သာ။ ဝါ၊ မြေမှုန်ဘီလူး အစရှိသောသတ္တဝါတို့သည်သာ။ မနုဿေ၊ လူတို့ကို။ ဝိဟေဌေန္တိ၊ ညှဉ်းဆဲကြကုန်၏။ တေ၊ ထိုမြေမှုန်ဘီလူး အစရှိသည်တို့သည်။ တာသံ၊ ထိုမဟေသက္ခနတ်တို့၏။ အာနုဘာဝေန၊ အာနုဘော်ကြောင့်။ ဒူရံ၊ အဝေးသို့။ အပက္ကမန္တိ၊ ဖဲသွားကြရကုန်၏။
အပိစ၊ သည်သာမကသေး။ ဘဂဝတော၊ ၏။ မေတ္တာဗလေနပိ၊ မေတ္တာ တော်၏အစွမ်းကြောင့်လည်း။ အမနုဿာ၊ လူနှင့်တူသောနတ်, ဘီလူး, ပြိတ္တာတို့သည်။ မနုဿေ၊ တို့ကို။ န ဝိဟေဌေန္တိ၊ မညှဉ်းဆဲနိုင်ကြကုန်။ပံသုပိသာစကာဒယော။ ။ ပံသုနိဿိတ ပိသာစကာဒယောဧဝ-မြေကိုမှီနေကြသောမြေဘုတ်ဘီလူးအစရှိသည်တို့သာ။ အာဒိသဒ္ဒေန ဘူတ-(ဘုတ် ပြိတ္တာ တစ္ဆေ) ရက္ခသာဒီနံ- (ရက္ခိုသ်ဘီလူး) အစရှိသည်တို့ကို။ ဂဟဏံ-ဋီကာသစ်။ ပံသုပိသာစကာကိုကြည့်၍"မြေမှုန်ဘီလူး" ဟု ပေးလိုက်သည်။ "မြေဘုတ်ဘီလူး" ဟု ပြောရိုးရှိ၏။ ထိုသူတို့ကို "ကုမ္ဘဏ္ဍောစ ပိသာစာဒိ, နိဒ္ဒိဋ္ဌာ ဒေဝယောနိယော" ဟူသောအဘိဓာန် (၁၃) ၌ "နတ်အမျိုးအစား" ဟု ဆိုသည်။
**သင်္ဃီ**တိအာဒီသု၊ အစရှိသောပုဒ်တို့၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) အဿ၊ ထိုရဟန်းဂေါတမ၏။ အနုသာသိတဗ္ဗော၊ သွန်သင်ထိုက်သော။ သံဃော၊ ဝေနေယျ သတ္တဝါအပေါင်းသည်။ အတ္ထိ။ ဣတိ၊ ထိုသို့သွန်သင်ထိုက်သောဝေနေယျသတ္တဝါအပေါင်း ရှိသည်၏အဖြစ်ကြောင့်။ (သော။) သင်္ဃီ၊ မည်၏။ ဝါ၊ နည်း။ အဿ၊ ၏။ သယံ၊ ကိုယ်တိုင်။ ဥပ္ပါဒိတော၊ ဖြစ်စေအပ်ပြီးသော။ သံဃော၊ အရိယာသံဃာတော်သည်။ အတ္ထိ။ ဣတိ၊ ထိုသို့ကိုယ်တိုင် ဖြစ်အပ်ပြီးသောအရိယာသံဃာရှိသည်၏အဖြစ်ကြောင့်။ (သော။) **သင်္ဃီ**၊ မည်၏။
အဿ၊ ထိုရဟန်းဂေါတမ၏။ တာဒိသောဝ၊ ထိုကဲ့သို့ရှုအပ်သည်သာလျှင်ဖြစ်သော။ ဂဏော၊ သယံ ဥပ္ပါဒိတဂိုဏ်းသည်။ အတ္ထိ။ ဣတိ၊ ထိုသို့သယံ ဥပ္ပါဒိတဂိုဏ်းရှိသည်၏အဖြစ်ကြောင့်။ (သော။) **ဂဏီ**၊ မည်၏။
ဝါ၊ နည်း။ ဧတံ၊ ဤဂဏီဟူသောပုဒ်သည်။ ပုရိမပဒဿေဝ၊ ရှေ့သင်္ဃီဟူသောပုဒ်၏ပင်။ ဝေဝစနံ၊ ဝေဝုစ်ပရိယာယ်, စကားလှယ်တည်း။အနုသာသိတဗ္ဗော။ ။ အနုသာသိတဗ္ဗောကို သံဃော၌ စပ်၍"ဆုံးမထိုက်သော(ဆုံးမစရာဖြစ်သော) အပေါင်း" ဟု အနက်မှတ်ပါ။ "ဆုံးမထိုက်သောအပေါင်း" ဟူသည် ရဟန်းဖြစ်စေ, လူ-နတ်ဖြစ်စေ ဆုံးမထိုက်သောဝိနေယျသတ္တဝါ အပေါင်းတည်း။ ဤနည်း၌ အနုသာသိတဗ္ဗောဟု တဗ္ဗပစ္စည်းဖြင့် ဆိုသောကြောင့် ဆုံးမထိုက်သောဝိနေယျအားလုံးကို ယူရသည်။
သယံ ဝါ ဥပ္ပါဒိတော။ ။ ဤနည်း၌ အတိတ်ဟော တပစ္စည်းဖြင့် ဆိုသောကြောင့်ကိုယ်တော်တိုင် ဖြစ်စေအပ်ပြီးသောအရိယသံဃာကို ယူစေလိုကြောင်း ထင်ရှား၏။ [သယံ ဥပ္ပါဒိတ သံဃောနာမ နိဗ္ဗတ္တိတ (ပုထုဇဉ်တို့မှ နစ်စေအပ်ပြီးသော-အဆီအနှစ် ထုတ်သကဲ့သို့ ထုတ်ယူအပ်ပြီးသော) အရိယပုဂ္ဂလသမူဟော၊-ဋီကာသစ်။]
တာဒိသောဝါဿ။ ။ အချို့စာအုပ်၌ "တာဒိသောစဿ" ဟု ရှိ၏။ ဋီကာ တို့၌ "တာဒိသောဝါဿ" ဟု ရှိသည်။] တာဒိသောဖြင့် သယံ ဥပ္ပါဒိတောဟူသောအခြားမဲ့အနက်ကို ညွှန်ပြသည်။ ဧဝဖြင့်ကား အနုသာသိတဗ္ဗောကို ကန့်သည်။ [တာဒိသောတိ ဣမိနာသယံဝါ ဥပ္ပါဒိတောတိ ဝုတ္တဝိကပ္ပောဧဝ ပစ္စာမဋ္ဌော၊ (ကသ္မာ) အနန္တရဿ ဝိဓိ ပဋိသေဓော ဝါတိ ကတွာ-အခြားမဲ့အနက်ကို စီရင်ခြင်းသော်လည်းကောင်း, တားမြစ်ခြင်းသော်လည်းကောင်း ဖြစ်ရ၏ဟု ပရိဘာသာရှိသောကြောင့်တည်း။-ဋီကာသစ်။]
ပုရိမပဒဿေဝဝါ။ ။ ဤနည်း၌ကား သင်္ဃီနှင့် ဂဏီသည် ပရိယာယ်သဒ္ဒါမျှသာဖြစ်သောကြောင့် ဂဏအရ၌ အနုသာသိတဗ္ဗဂဏကိုလည်းကောင်း, သယံဥပ္ပါဒိတယ သံဃဂဏကိုလည်းကောင်း ယူရသည်။ ဤသို့လျှင် ရှေ့နည်း၌ တာဒိသောဖြင့် အရိယသံဃဂဏကိုသာ ယူရခြင်း, ဤနည်း၌ အနုသာသိတဗ္ဗဂဏ, သယံ ဥပ္ပါဒိတအရိယဂဏကို ယူရခြင်းသည် နည်း ၂ ပါး၏အထူးတည်း။ [တာဒိသောဝါတိ ဣမိနာ သယံဝါတိ အာဒိနာ ဝုတ္တဝိကပ္ပေါ ဧဝ ပစ္စာမဋ္ဌောတိ၊ (ထို့ကြောင့် ပုရိမပဒဿဝါတိ ဝိကပ္ပန္တရဂ္ဂဏံ-၂ မျိုးလုံးကို ယူဖို့ရာဝိကပ်တစ်မျိုး ယူခြင်းဖြစ်၏)။-ဋီကာ။]
အာစာရသိက္ခာပနဝသေန၊ အကျင့်ကို သင်စေခြင်း၏အစွမ်းဖြင့်။ ဂဏဿ၊ ဂိုဏ်း၏။ အာစရိယော၊ ဆရာတည်း။ ဣတိ၊ ကြောင့်။ **ဂဏာစရိယော**၊ ယမည်၏။
**ပုထုတိတ္ထကရာနန္တိ**၊ ကား။ ဗဟူနံ၊ ကုန်သော။ တိတ္ထကရာနံ၊ အယူကို ပြုတတ်ကုန်သောဆရာတို့တွင်။ ("အဂ္ဂံ" ဟု ပါဠိတော်၌ စပ်။)
**ယထာ ဝါ တထာဝါ**တိ၊ ကား။ ယေနဝါ တေနဝါ၊ အမှတ်မထား, တစ်ပါးပါးသော(ဟုတ်ဟုတ်ငြားငြားသော။) အစေလကာဒိမတ္တကေနာပိ၊ အဝတ်မရှိသူ၏ အဖြစ်အစရှိသည်မျှလည်းဖြစ်သော။ ကာရဏေန၊ အကြောင်းကြောင့်။ ("သမုဒါ ဂစ္ဆတိ၌ စပ်။)
**သမုဒါဂစ္ဆတီ**တိ၊ ကား။ သမန္တတော၊ ပတ်ဝန်းကျင့်မှ။ ဥပဂစ္ဆတိ၊ ကပ်ရောက်၏။ အဘိဝဍ္ဎတိ၊ တိုးပွား၏။
**အတိထီ နော တေ ဟောန္တီ**တိ၊ ကား။ တေ၊ ထိုသမဏတို့သည်။ ဝါ၊ ထိုဗြာဟ္မဏတို့သည်။ [ပါဠိတော်၌ "သမဏ, ဗြာဟ္မဏ" ဟု ၂ မျိုး ရှိသည်။] အမှာကံ၊ ငါတို့၏။ အာဂန္တုကာ၊ ဧည့်သည်တို့သည်။ နဝကာ၊ အသစ်တို့သည်။ ပါဟုနကာ၊ ဧည့်သည်အလိုငှာ စီမံအပ်သောအလှူကို ခံယူထိုက်သူတို့သည်။ ဟောန္တိ၊ ကုန်၏။ ဣတိ အတ္ထော၊ နက်။ဂဏာစရိယော။ ။ အာစာရသိက္ခာပနဝသေနဖြင့် အာစရိယောပုဒ်၏သဒ္ဒပဝတ္တိနိမိတ် (သဒ္ဒါဖြစ်ခြင်း၏အကြောင်း)ကို ပြသည်။ "အာစာရံ + သိက္ခာပေတီတိ အာစရိယော-ကောင်းသောအကျင့်ကို + သင်စေတတ်သောကြောင့် အာစရိယမည်၏" ဟု ဝစနတ္ထပြု။ သိက္ခာပေတိအနက်၌ ဣယပစ္စည်း, စာ၌လည်း ရဿပြု။
ယထာဝါ ၊ပေ၊ သမုဒါဂစ္ဆတိ။ ။ ယထာဝါ တထာဝါကို "ယေနဝါ တေနဝါ" ဟု ဖွင့်၍, "အစေလကာဒိမတ္တကေနပိ ကာရဏေန" ဟု သရုပ်ဖော်သည်။ ပူရဏကဿပ စသောတိတ္ထိဆရာကြီးတို့မှာ သင့်သလို တော်သလိုဖြစ်သောအကြောင်းကြောင့် (အဝတ်မဝတ်ခြင်း စသောဂုဏ်ကြောင့်လည်း) "ယသောသမုဒါဂစ္ဆတိ ယထာ-အကျော်အစောသည် ပတ်ဝန်းကျင်မှ ကပ်ရောက်လာသကဲ့သို့, ရဟန်းဂေါတမမှာ ထိုသို့ ကပ်ရောက်လာသည်မဟုတ်ပါ" ဟု ဆိုလိုသည်။
အတိထီ။ ။ အတန္တိ ဂစ္ဆန္တိ (အမြဲ မနေတတ်ဘဲ တသွားတည်း သွားနေတတ် ကုန်၏။) ဣတိ အတိထီ၊ အတ-ဂတိမှိဟူသောဓာတ်နောင် ဣထိန်ပစ္စည်းဟု ထောမနိမိ၌ဆို၏။ "အာဂစ္ဆတီတိ အာဂန္တုကော နှင့် သဘောတူသောကြောင့် "အာဂန္တုကာ" ဟု ဖွင့်၍"နဝကာ-ပါဟုနကာ" ဟု သရုပ်ဖော်သည်။
နဝကာ ပါဟုနကာ။ ။ နဝကာတိ အဘိနဝါ (ယခုမှ ရောက်လာသည်ဖြစ်၍အသစ်ဖြစ်ကုန်သော)။ ဋီကာသစ်။ အာဂန္တုကတ္ထာယ ပကာရေန ဟူယတေတိ ပါဟုနံ၊ (ပ+ ဟု + ယု၊ ပ၏အကို အာပြု။ အာဂန္တုကတို့အတွက် အပြားအားဖြင့် ပေးထိုက်သောစားသောက်ဖွယ်။ ပါဟုနံ ဝုစ္စတိ ဒိသာ ဝိဒိသတော အာဂတာနံ ပိယမနာပါနံ ဉာတိမိတ္တာနမတ္ထာယ သက္ကာရေန ပဋိယတ္တံ အာဂန္တုကဒါနံ၊-ဝိသုဒ္ဓိမဂ် သံဃာနုဿတိ၊ ပါဟုနံအရဟန္တီတိပါဟုနကာ။ အရဟတိအနက်၌ ကပစ္စည်း။ ဋီကာသစ်၌ ပါဟုနံကို ပဟေဏကံ (လက်ဆောင်) ဟု ဖွင့်သည်ကိုကား စဉ်းစားပါ။
**ပရိယာပုဏာမီ**တိ၊ ကား။ ဇာနာမိ၊ သိပါ၏။
**အပရိမာဏဝဏ္ဏော**တိ၊ ကား။ တထာရူပေနေဝ၊ ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သော။ [ထိုမျှလောက် ဂုဏ်ပေါင်းစုံသည်သာလျှင်ဖြစ်သော။] သဗ္ဗညုနာပိ၊ သဗ္ဗညုဘုရားရှင်သည်သော်မှလည်း။ အပ္ပမေယျဝဏ္ဏော၊ မနှိုင်းယှဉ်အပ် မနှိုင်းယှဉ်နိုင်သောဂုဏ်ရှိတော်မူ၏။
မာဒိသေန၊ ငါကဲ့သို့ရှုအပ်သောပုဂ္ဂိုလ်သည်။ ပဂေဝ၊ ရှေးဦးမစွအစကပင်။ (အပ္ပမေယျဝဏ္ဏော၊ မနှိုင်းယှဉ်အပ် မနှိုင်းယှဉ်နိုင်သောဂုဏ်ရှိတော်မူ၏။) (တစ်နည်း) မာဒိသေန၊ သည်။ အပ္ပမေယျဝဏ္ဏဘာဝေ၊ မနှိုင်းယှဉ်အပ် မနှိုင်းယှဉ်နိုင်သောဂုဏ်ရှိတော်မူသည်၏အဖြစ်၌။ ပဂေဝ၊ အဘယ်မှာ ဆိုဖွယ်ရာရှိပါတော့အံ့နည်း။ ဣတိ၊ ဤအနက်ကို။ ဒဿေတိ၊ ပြ၏။
စ၊ သာဓကကား။ ဗုဒ္ဓေါပိ ၊ ပေ၊ တထာဂတဿာတိ၊ ဟူသော။ ဧတံ၊ ဤဂါထာစကားကို။ (အဋ္ဌကထာစရိယေဟိ) ပိ၊ ရှေးအဋ္ဌကထာဆရာတို့သည်လည်း။ ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
[ဂါထာနက်။ ။ဗုဒ္ဓေါပိ၊ ဘုရားတစ်ဆူသည်သော်မှလည်း။ ဗုဒ္ဓဿ၊ ဘုရားတစ်ဆူ၏။ ဝဏ္ဏံ၊ ဂုဏ်တော်ကို။ ကပ္ပံပိ၊ အာယုကပ်ပတ်လုံးလည်း။ (အသက်တမ်းကုန်အောင်လည်း။) အညံ၊ အခြားသောတရားစကားကို။ အဘာသမာနော၊ ပြောဟောတော်မမူဘဲ။ စေ ဘဏေယျ၊ အကယ်၍ မိန့်တော်မူအံ့။ (ဧဝံသတိပိ၊ ဤသို့မိန့်တော်မူပါသော်လည်း။ (န ခီယေထ၌ စပ်။) စိရံ၊ ကြာမြင့်စွာသောကာလ၌။ ကပ္ပော၊ အာယုကပ်သည်။ ခီယေထ၊ ကုန်ခန်းရာ၏။ ဒီယမန္တရေ၊ ရှည်စွာသောကာလအတွင်း၌။ တထာဂတဿ၊ မြတ်စွာဘုရား၏။ ဝဏ္ဏော၊ ဂုဏ်တော်သည်။ န ခီယေထ၊ မကုန်ခန်းနိုင်ရာ။] (ဋီကာနောက်နည်းအလို "စိရဒီဃမန္တရေ၊ အလွန်ကြာမြင့်စွာသောကာလအတွင်း၌။ ကပ္ပေါခီယေထ, တထာဂတဿ ဝဏ္ဏောန ခီယေထ" ဟုလည်း တစ်နည်းပေးပါ။)]ပရိယာပုဏာမိ။ ။ အခြားနေရာ၌ ပရိ + အာပဓာတ် ဥဏာပစ္စည်းဖြင့် ပြီးသော"ပရိယာပုဏ" သဒ္ဒါသည် သင်ယူခြင်းအနက်ကို ဟော၏။ ဤ၌ကား ထိုသင်ယူခြင်းအနက်၏မသင့်သောကြောင့် အာပဓာတ်၏အတွက် ဇာနန အနက်ကိုသာ ပြလို၍"ဇာနာမိ" ဟုဖွင့်သည်။ [ပရိစ္ဆန္ဒိတုံ-ပိုင်းခြားခြင်းငှာ၊ ဇာနာမိ၊ ဓာတွတ္ထမတ္တံ ပန ဒဿေတုံ (ပရိဥပသာရ အနက်မပါသောအာပဓာတ်၏အနက်မျှကိုသာ ပြခြင်းငှာ) ဇာနာမီတိ ဝုတ္တံ၊ ပရိအတွက် ပရိစ္ဆန္ဒနအနက်နှင့် တကွပေးလျှင် "ပရိယာပုဏာမိ-ပိုင်းခြားခြင်းငှာ+သိပါ၏" ဟု ပေးပါ။ "ပိုင်းပိုင်းခြားခြား, ကွဲကွဲပြားပြား ပြောဆိုဖို့ရာ ဤမျှလောက်သာ သိပါ၏" ဟူလို။]
ဂါထာ။ ။ "ဘုရားတစ်ဆူက ဘုရားတစ်ဆူ၏ဂုဏ်တော်ကို အကယ်၍မိန့်တော်မူ လျှင်" ဟု ကြံဆ၍အဋ္ဌကထာတို့၌ ဆိုအပ်သောပရိကပ္ပ စကားတည်း။ ထို့ကြောင့် "စေ+ ဘဏေယျ" ဟု ပရိကပ္ပဇောတက စေသဒ္ဒါဖြင့် ဆိုသည်။ ကပ္ပန္တိ အာယုကပ္ပံ (ထိုခေတ်လူတို့၏အသက်တမ်းကို အာယုကပ်ဟု ခေါ်၏။) စိရံတိ စိရကာလေ၊ ဒီဃမန္တရေ ဒီဃကာလန္တရေပိတထာဂတဿ ဝဏ္ဏော န ခီယေတာတိ ယောဇနာ။ ဋီကာသစ်။ "စိရံ" ၌ ဆန်းကြောင့် နိဂ္ဂဟိတ်ကျေ။ (တစ်နည်း) စိရဒီဃဖြင့် အတိစိရကာလကိုပြ၏။ ဤနည်း၌ ဤပုဒ်ကို "ခီယေထ၌လည်းကောင်း, န ခီယေထ၌လည်းကောင်း" ၂ ချက်စပ်ပါ။
ပန၊ ဆက်ဦးအံ့။ သတ္ထု၊ မြတ်စွာဘုရား၏။ ဣမံ ဂုဏကထံ၊ ဤဂုဏ်တော်စကားကို။ သုတွာ၊ ကြားရ၍။ တေ ဗြာဟ္မဏာ၊ ထိုပုဏ္ဏားတို့သည်။ စိန္တယိံသု၊ ကုန်ပြီ။ (ကိံ၊ နည်း။) ယထာ၊ အကြင် အခြင်းအရာအားဖြင့်။ သောဏဒဏ္ဍော၊ သော။ ဗြာဟ္မဏော၊ သည်။ သမဏဿ, ဂေါတမဿ၊ ၏။ ဝဏ္ဏေ၊ ဂုဏ်တို့ကို။ ဘဏတိ၊ ပြောဆို၏။ တထာ၊ ထိုပြောဆိုအပ်တိုင်းသောအခြင်းအရာအားဖြင့်။ သောဘဝံ ဂေါတမောသည်။ အနောမဂုဏော၊ မယုတ်လျော့သောဂုဏ်ရှိ၏။ ဧဝံ၊ ဤသို့။ ဝါ၊ သို့ကလောက်။ တဿ၊ ထိုအရှင်ဂေါတမ၏။ ဂုဏေ၊ တို့ကို။ ဇာနမာနေန၊ သိသော။ အာစရိယေန၊ ဆရာသည်။ အတိစိရံ၊ အလွန်ကြာမြင့်စွာ။ အဓိဝါသိတံ၊ အောင့်အည်းသည်းခံအပ်ပြီ။ (မသွားဘဲ အောင့်နေရရှာပြီ။) ယန္ဒ၊ ယခု။ နံ၊ ထိုဆရာကို။ အနုဝတ္တာမ၊ အစဉ်လိုက်ကြကုန်စို့။ ဣတိ၊ သို့။ (စိန္တယိံသု၊ ကြံကြကုန်ပြီ။ ဣတိ၊ ဤသို့ ကြံပြီး၍။ ဤနေရာမျိုး၌ ဣတိတစ်လုံးအကြေကြံသည်။) အနုဝတ္တိံသု၊ အစဉ်လိုက်ကြကုန်ပြီ။
တသ္မာ၊ ထို့ကြောင့်။ ဧဝံ ဝုတ္တေ တေ ဗြာဟ္မဏာတိ အာဒိ၊ အစရှိသောစကားကို။ (အာယသ္မာတာ အာနန္ဒတ္ထေရေန။) ဝုတ္တံ၊ လျှောက်အပ်ပြီ။ဋီကာသစ်။ ။ စိရန္တိ စေတ္ထ ဝတ္တဗ္ဗေပိ ဆန္ဒဟာနိဘယာ ရဿတ္တံ နိဂ္ဂဟီတလောပေါ-ဣန္ဒ ဝဇိရာဂါထာပါဒဖြစ်၍ဆန်းပျက်မည် စိုးသောကြောင့် ရံ၌ ရဿဖြစ်အောင် နိဂ္ဂဟိတ်ကို ချေထားသည်။ အတိဒီဃကာလံ ဝါ သန္ဓာယ စိရဒီဃမန္တရေတိ ဝုတ္တံ ဥဘယတ္ထ သမ္ဗန္ဓိတဗ္ဗမေတံ-ဤနည်း၌ကား "စိရဒီယ" ဟု တစ်ပုဒ်ထည်းဖြစ်ရမည်။ ခီယေထ, န ခီယေထတို့၌ စပ်ပါ။ ဒီဃမန္တရေ၌ ဂရု ၂ လုံး ရှိရမည်ဖြစ်သောကြောင့် အက္ခရာတစ်လုံးပိုနေသည်။ ကိရိယာရဟာဒိယောဂေဝိယစ အန္တရယောဂေ အဓိကက္ခရပါဒေါ အနုပဝဇ္ဇော-ထိုသို့ပိုရာ၌ကိရိယပုဒ်ဝယ် အက္ခရာတစ်လုံး ပိုသော်လည်း အပြစ်မရှိသကဲ့သို့လည်းကောင်း, အရဟပုဒ်ဝယ် အက္ခရာတစ်လုံးပိုသော်လည်း အပြစ်မရှိသကဲ့သို့လည်းကောင်း, မန္တရ၌ ရ တစ်လုံးပိုသော်လည်း အပြစ်မရှိ ဟု ဋီကာသစ်ဆိုလိုသည်။ သို့သော်-တတိယပါဒသည် ဣန္ဒဝံသပါဒဟုယူလျှင် အက္ခရာတစ်လုံးမျှ မပိုပါ။
မှက်ချက်။ ။ ကိရိယသည် သက္ကတ၌ ရ်နှင့် ယတွဲ၍"ကရ်ယ" ဟု ရှိသောကြောင့်လည်းကောင်း, အရဟလည်း ရ်နှင့်ဟ တွဲ၍"အရ်ဟ" ဟု ရှိသောကြောင့်လည်းကောင်းသက္ကတ၌ မပိုပါ။ ထိုမှယူထားသောကြောင့် ပါဠိ၌သာ အက္ခရာတစ်လုံးပိုပါသည်။ ထိုသို့ပိုသော်လည်း သက္ကတပုဒ်ရင်းအတိုင်း ရ်နှင့် ယကိုလည်းကောင်း, ရ်နှင့် ဟကိုလည်းကောင်း စာလုံးချင်းပေါင်း၍ယူနိုင်သောကြောင့် အပြစ်မရှိပါ။ အန္တရေပုဒ်၌ကား ထိုကဲ့သို့ပေါင်း၍မရသောကြောင့် အပြစ်မရှိသည်သာ။ ထို့ကြောင့် ထိုတတိယပါဒကို ဣန္ဒဝံသပါဒဟု ဆိုမှ သင့်မည်။ ထိုဂါထာကိုလည်း ဥပဇာတိဂါထာဟု မှတ်ပါ။
တတ္ထ၊ ထိုတေ ဗြာဟ္မဏာ အစရှိသောစကားရပ်၌။ **အလမေဝါ**တိ၊ ကား။ ယုတ္တမေဝ၊ သင့်လျော်သည်သာ။ [အလံသဒ္ဒါ၏ အရဟအနက်, ပဋိက္ခေပအနက်, ဘူသနအနက်တို့တွင် အရဟအနက်ဟု သိစေသည်။]
**အပိ ပုဋောသေနာ**တိ (ဧတ္ထ)၊ ပါဌ်၌။ ပါထေယျံ၊ လမ်းစာရိက္ခာကို။ ပုဋောသံ၊ သဟူ၍။ ဝုစ္စတိ။ [လမ်းခရီး၏စီးပွားဖြစ်သောကြောင့် လမ်း၌ စားစရာရိက္ခာကို ပါထေယျဟု ခေါ်၏။ ပထဿ+ ဟိတံ ပါထေယျံ။] တံ၊ ထိုလမ်းစာရိက္ခာကို။ ဂဟေတွာပိ၊ ယူ၍လည်း။ ဥပသင်္ကမိတုံ၊ ချဉ်းကပ်ခြင်းငှာ။ ယုတ္တမေဝ၊ သင့်လျော်သည်သာ။ ဣတိ အတ္ထော။
ပုဋံသေနာ တိပိ၊ နဟူ၍လည်း။ ပါဌော၊ ပါဠိတော်ပါဌ်သည်။ (အတ္ထိ။) တဿ၊ ထိုပုဋံသေနပါဌ်၏။ အတ္ထော၊ အနက်ကား။ အဿ၊ ထိုအမျိုးကောင်းသား၏။ အံသေ၊ ပခုံး၌။ ပုဋော၊ ရိက္ခာထုပ်သည်။ (အတ္ထိ။) ဣတိ၊ ထိုသို့ပခုံး၌ ရိက္ခာထုပ်ရှိသည်၏ အဖြစ်ကြောင့်။ (သော။) ပုဋံသော၊ သမည်၏။ တေန၊ ထိုအမျိုးကောင်းသားသည်။ ပုဋံသေန၊ ပခုံး၌ ရိက္ခာထုပ်ရှိသည်။ (ဟုတွာပိ၊ ၍လည်း။ "ဥပသင်္ကမိတုံ အလမေဝ" ဟု ပါဠိတော်၌ စပ်။)
ဟိ၊ ထင်ရှားအောင် ပြဦးအံ့။ အံသေန၊ ဖြင့်။ ပါထေယျပုဋံ၊ လမ်းစာရိက္ခာထုပ်ကို။ ဝဟန္တေနာပိ၊ ဆောင်ယူလျက်လည်း။ ("ဥပသင်္ကမိတုံအလမေဝ"၌ စပ်။) ဣတိ ဝုတ္တံ ဟောတိ။ပုဋောသေန။ ။ ပုဋသဒ္ဒါသည်အထုပ်ဟူသောအနက်ကို ဟော၏။ အသိတဗ္ဗံ ဘက္ခိတဗ္ဗံ-စားထိုက်၏။ ဣတိ အာသံ၊ ပုဋေန-အထုပ်ဖြင့် + နေတွာ-ဆောင်ယူ၍ + အာသံ- စားထိုက်သောရိက္ခာတည်း။ ပုဋောသံ-က္ခာ။ ဤသို့အနက်ဖြစ်သောကြောင့် "ပုဋောသံ ဝုစ္စတိပါထေယျံ" ဟု ဖွင့်သည်။ [ပုဋာသဟု ဆိုလိုလျက် အာကို ဩပြုဟု ကြံပါ။ နေတွာပုဒ်လည်းအကျေကြံပါ။]
တံ ဂဟေတွာပိ။ ။ ဤပါဌ်ဖြင့် ပုဋောသေန၌ နာဝိဘတ်သည်ဣတ္ထမ္ဘူတလက္ခဏအနက်ဟောဟု ပြ၏။ မှန်၏-ဣတ္ထဗ္ဘူတလက္ခဏသည်ကြိယာဝိသေသန သဘောရှိ၏။ ထို့ကြောင့် "ဂဟေတွာ" ဟု ကြိယာဝိသေသနဖြင့် ဖွင့်သည်။ အပိပုဋောသေန၏အဖွင့်ဖြစ်သောကြောင့် "ဂဟေတွာပိ" ဟု ဂရဟာဇောတက အပိသဒ္ဒါ ရှိရသည်။ အချို့စာအုပ်၌ပိသဒ္ဒါ ကျနေ၏။
ပုဋံသေန။ ။ အဋ္ဌကထာအတိုင်း ဝိဂ္ဂဟပြု၍ "ပခုံး၌+ အလုပ်ရှိသူ (ရိက္ခာ အထုပ်ကို လွယ်ထားသူ)" ဟု သဒ္ဒတ္ထ ဖြစ်၏။ ဤနည်း၌ပါဠိတော်ဝယ် သဒ္ဒေန ကုလပုတ္တေနနှင့် ပုဋံသေနသည်အရတူဟု မှတ်ပါ။ အံသေန ဟိ စသည်ကား အဓိပ္ပာယ်ကို ထင်ရှားပြသောတပ္ပာကဋီကရဏဝါကျတည်း။ ဤ၌ဝဟန္တေနလည်းကုလပုတ္တေနနှင့် အရတူပင်တည်း။ [အပိ ပုဋံသေန၏အဖွင့်ဖြစ်သောကြောင့် "ဝဟန္တေနာပီတိ ဝုတ္တံ ဟောတိ"ဟု ပါဌ်မှန် ရှိပါစေ။]
**တိရောဝနသဏ္ဍဂတဿာတိ**၊ ကား။ အန္တောဝနသဏ္ဍေ၊ တောအုပ်၏ အတွင်း၌။ ဂတဿ၊ ရောက်သည်။ (သမာနဿ၊ ဖြစ်လတ်သော်။) ဝိဟာရဗ္ဘန္တရံ၊ ကျောင်းတိုက်၏ အတွင်းသို့။ ပဝိဋ္ဌဿ၊ ဝင်ပြီးသည်။ (သမာနဿ၊ သော်။) ["စေတသောပရိဝိတက္ကော ဥဒပါဒိ" ဟု ပါဠိတော်၌စပ်။] ဣတိ အတ္ထော။
**အဉ္ဇလိံ ပဏာမေတွာ**တိ၊ ကား။ စတေ၊ ဤလက်အုပ်ကို ညွတ်စေ၍ ထိုင်နေသောဗြာဟ္မဏ ဂဟပတိကတို့သည်။ ဥဘတောပက္ခိကာ၊ နှစ်ဘက်သောအဖို့၌ ပါဝင်သူတို့တည်း။ တေ၊ ထိုဥဘတောပက္ခိက ဗြာဟ္မဏ ဂဟပတိကတို့သည်။ ဧဝံ၊ သို့။ စိန္တယိံသု၊ ကြံကြကုန်ပြီ။ (ကံ၊ ကုန်သနည်း။)
နော၊ ငါတို့ကို။ မိစ္ဆာဒိဋ္ဌိကာ၊ မိစ္ဆာအယူရှိသူတို့သည်။ သစေ စောဒေဿန္တိ၊ အကယ်၍ စောဒနာကုန်အံ့။ (အပြစ်တင်ကုန်အံ့။ ကိံ၊ အဘယ်သို့ စောဒနာကုန်ရာသနည်း။)
ကသ္မာ တုမှေ, သမဏံဂေါတမံ၊ ကို။ ဝန္ဒိတ္ထ၊ ရှိခိုးကုန်ဘိသနည်း။ ဣတိ၊ သို့။ (သစေ စောဒေဿန္တိ။) [ပြန်သွားမှ အပြစ်တင်စရာဖြစ်သောကြောင့် "ဝန္ဒိတ္ထ" ဟု အတိတ်ဝိဘတ်ဖြင့် သုံးစွဲသည်။ အချို့စာအုပ်၌ "သစေပိ" ဟု ပိပါသည်ကား မကောင်း။] (ဧဝံသတိ၊ ဤသို့စောဒနာကုန်လတ်သော်။)
တေသံ၊ ထိုမိစ္ဆာအယူရှိသူတို့အား။ ("ဝက္ခာမ"၌ စပ်။)
အဉ္ဇလိမတ္တကရဏေနပိ၊ လကပ်အုပ်ချီမှုကို ပြုခြင်းဖြင့်လည်း။ ဝန္ဒနံနာမ၊ ရှိခိုးခြင်းမည်သည်။ ဟောတိ ကိံ၊ ဖြစ်သလော။ ဣတိ၊ ဤသို့။ ဝက္ခာမ၊ ကုန်အံ့။ ["ငါတို့က လက်အုပ်ချီရုံ ချီကြတာဖြစ်လို့ ရှင်ဂေါတမကို ရှိခိုးရာမရောက်ပါ" ဟု ဆိုလိုကြသည်။]တိရောဝနသဏ္ဍေ ဂတဿ။ ။ ထောမနိဓိ၌"တိရသ်" နိပါတ်သည်"ခြားကွယ် ခြင်း (ဟိုဘက်) အနက်, အတွင်း (အလယ်) အနက်, ဖီလာအနက်တို့ကို ဟော၏" ဟု ဆို၏။ ဤနေရာ၌အတွင်းအနက်ဟောတည်း။ ထို့ကြောင့် "အန္တောဝနသဏ္ဍေ" ဟု ဖွင့်သည်။ ဂတနှင့် သတ္တမီတပ္ပုရိသ် တွဲစေလိုသောကြောင့် "သဏ္ဍ+ဂတဿ" ဟုဆိုသည်။ ထို "တောအုပ်၏အတွင်း" ဟူသည်လည်းဘုရားရှင် သီတင်းသုံးတော်မူရာ ကျောင်းတိုက်တော်၏အတွင်းတည်း။ ထို့ကြောင့် "ဝိဟာရဗ္ဘန္တရံ ပဝိဋ္ဌဿ" ဟု ဥဇုကတ္ထဖွင့်သည်။
ဥဘတော ပက္ခိကာ။ ။ ဥဘတော၌တောပစ္စည်းသည်ပဌမာအနက်၌သက်၍ထိုပစ္စည်းမကြေသောအလုတ္တသမာသ်တည်း။ ဥဘတော+ပက္ခာ ဥဘတော ပက္ခာ၊ ဥဘတော ပက္ခေသု+ဘဝါတိ ဥဘတောပက္ခိကာ။ [ဧတေ အဉ္ဇလိံ ပဏာပေတွာ နိသိန္နာ မိစ္ဆာဒိဋ္ဌိသမ္မာဒိဋ္ဌိဝသေန ဥဘတောပက္ခိကာ။-ဋီကာသစ်။ ဤစကားကိုထောက်၍ "ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု" ဟူသောတစ်စု, "ဘဂဝတာ သဒ္ဓိံ သမ္မောဒိံသု" ဟူသောတစ်စု, ဤ ၂ စုသောပုဏ္ဏားတို့သည်သမ္မာဒိဋ္ဌိ၏အစွမ်းဖြင့် "ဧကတောပက္ခိက ဖြစ်ကုန်၏" ဟု ဆိုရာ ရောက်သည်။]
နော၊ ငါတို့ကို။ သမ္မာဒိဋ္ဌိကာ၊ သမ္မာအယူရှိသူတို့သည်။ သစေ စောဒေဿန္တိ၊ အကယ်၍ အပြစ်တင်ကုန်အံ့။ (ကိံ၊ အဘယ်သို့ အပြစ်တင်ကုန်ရာသနည်း။)
တုမှေ၊ သင်တို့သည်။ ကသ္မာ၊ ကြောင့်။ ဘဂဝန္တံ၊ ကို။ နဝန္ဒိတ္ထ၊ ရှိမခိုးကြကုန်ဘိသနည်း။
ဣတိ သစေ စောဒေဿန္တိ၊ န်အံ့။ (ဧဝံသတိ)။ သီသေန၊ ဦးခေါင်းဖြင့်။ ဘူမိယံ၊ မြေ၌။ ပဟရန္တေနေဝ၊ ပုတ်ခတ်သူသည်သာ။ ဝန္ဒနံ နာမ၊ ရှိခိုးသည်မည်သည်။ ဟောတိကိံ၊ ဖြစ်သလော။ အဉ္ဇလိကမ္မမ္ပိ၊ လက်အုပ်ချီမှုသည်လည်း။ ဝန္ဒနံဧဝ၊ ရှိခိုးခြင်းသည်သာ။ ဟောတိနနု၊ ဖြစ်သည်မဟုတ်လော။ ဣတိ၊ သို့။ ဝက္ခာမ၊ ပြောဆိုကုန်အံ့။ ဣတိ စိန္တယိံသု။
**နာမဂေါတ္တံ**တိ၊ သည်ကား။ ဘော ဂေါတမ၊ အရှင်ဂေါတမ။ အသုကဿ၊ ထိုမည်သူ၏။ ပုတ္တော၊ သားဖြစ်သော။ အဟံဒတ္တောနာမ၊ အကျွန်ုပ်ဒတ္တမည်သူသည်။ ဣဓ၊ ဤအရပ်သို့။ အာဂတော၊ ရောက်လာပါပြီ။ (အဟံ) မိတ္တောနာမ၊ အကျွန်ုပ် မိတ္တမည်သူသည်။ ဣဓ၊ ဤအရပ်သို့။ အာဂတော၊ ပြီ။ ဣတိ၊ ဤသို့။ ဝဒန္တာ၊ လျှောက်သူတို့သည်။ နာမံ၊ အမည်ကို။ သာဝေန္တိနာမ၊ ကြားသိစေသူတို့မည်၏။
ဘော ဂေါတမ၊ မ။ အဟံ ဝါသေဋ္ဌာနာမ၊ အကျွန်ုပ် ဝါသေဋ္ဌမည်သူသည်။ ဣမ၊ ဤအရပ်သို့။ အာဂတော၊ ရောက်လာပါပြီ။ (အဟံ) ကစ္စာနောနာမ၊ အကျွန်ုပ်ကစ္စာနမည်သူသည်။ ဣဓ အာဂတော၊ ပြီ။ ဣတိ၊ သို့။ ဝဒန္တာ၊ လျှောက်သူတို့သည်။ ဂေါတ္တံ၊ အနွယ်ကို။ သာဝေန္တိနာမ၊ ကြားသိစေသူတို့မည်၏။
ဧတေ၊ ဤအမည်အနွယ်ကို ကြားသိစေသူတို့သည်။ ဒလိဒ္ဒါ၊ ယခုအခါ၌ ဆင်းရဲကုန်သော။ ဇိဏ္ဏာ၊ ပျက်စီးယိုယွင်းကုန်သော။ ကုလပုတ္တာ၊ အမျိုးကောင်းသားတို့သည်။ (ဟုတွာ)။ ပရိသမဇ္ဈေ၊ ပရိသတ်၏ အလယ်၌။ နာမဂေါတ္တဝသေန၊ အမည်အနွယ်တို့၏ အစွမ်းဖြင့်။ ပါကဋာ၊ ထင်ရှားသူတို့သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့။ ဣတိ၊ ဤသို့ ကြံ၍။ ဧဝံ၊ ဤသို့။ (ဤအနွယ်အမည်ကို ကြားသိစေခြင်းကို။) အကံသုကိရ၊ ပြုကြကုန်သတတ်။
ပန၊ အဖို့တစ်ပါးကား။ ယေ၊ အကြင် ဗြာဟ္မဏ ဂဟပတိကတို့သည်။ တုဏှီ ဘူတာ၊ ဆိတ်ဆိတ်ဖြစ်၍ဖြစ်ကုန်သည်။ (ဟုတွာ။) နိသီဒိံသု၊ ထိုင်နေကြကုန်ပြီ။ တေ၊ ထိုဗြာဟ္မဏ ဂဟပတိကတို့သည်။ ကေရာဋိကာစော၊ စဉ်းလဲသူတို့သည်လည်းကောင်း။ ကေရာဋိကာတိ သဌာ။] အန္ဓဗာလာစ၊ ပညာမျက်စိကန်း မိုက်သူတို့သည်လည်းကောင်း။ (ဟောန္တိ၊ ကုန်၏။)ဧဝ မကံသု။ ။ ဒလိဒ္ဒ (ဆင်းရဲသောကြောင့်လည်းကောင်း), ဇိဏ္ဏ (ဉာတိဗျသန အစရှိသည်ဖြင့် ဆွေမြေ့ဟောင်းနွမ်းသောကြောင့်လည်းကောင်း), ယခုအချိန်မှာ မထင်မရှားဖြစ်နေကြသောရှေးအမျိုးကောင်းသားတို့သည်နာမည်အားဖြင့်လည်းကောင်း, ရှေးအနွယ်အားဖြင့်လည်းကောင်း, ပရိသတ်၌ထင်ရှားလိုကုန်သောကြောင့် ဤသို့ နာမည်အနွယ်တစ်ခုခုကိုထုတ်ဖေါ်၍ မိမိတို့လည်းလာရောက်ကြောင်းကို လျှောက်ထားကြသည်။
တတ္ထ၊ ထို ၂ မျိုးတို့တွင်။ ကေရာဋကာ၊ ကောက်ကျစ်စဉ်းလဲသူတို့သည်။
ဧကံ ကထာသလ္လာပံ၊ တစ်ခွန်းသောစကားကိုသော်လည်းကောင်း။ ဒွေ ကထာသလ္လာပေ၊ နှစ်ခွန်းကုန်သောစကားတို့ကိုသော်လည်းကောင်း။ ကရောန္တောပိ၊ ပြုမိသူသည်လည်း။ ဝိဿာသိကော၊ အကျွမ်းဝင်ခြင်းရှိသည်။ ဟောတိ၊ ၏။ အထ၊ ထိုသို့ အကျွမ်းဝင်လသော်။ ["အထ" နောက်၌ "ဝိဿာသေသတိ"သည်အထ၏အနက်နှင့် တူသောကြောင့် နောက်မှ ထည့်ပါဌ်ဖြစ်ဟန်တူသည်။ ဝိဿာသေ၊ အကျွမ်းဝင်ခြင်းသည်။ သတိ၊ ရှိလသော်" ဟု ပေးပါ။] ဧကံ ဘိက္ခံ၊ ဆွမ်းတစ်ဇွန်းကိုသော်လည်းကောင်း။ ဒွေဘိက္ခာ၊ ဆွမ်းနှစ်ဇွန်းတို့ကိုသော်လည်းကောင်း။ အဒါတုံ၊ မပေးခြင်းငှာ။ န ယုတ္တံ၊ မသင့်တော့။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ တတော၊ ထိုအကျွမ်းဝင်ခြင်းမှ။ ဝါ၊ ထိုပေးလှူခြင်းမှ။ အတ္တာနံ၊ မိမိကို။ မောစေတွာ၊ လွတ်စေ၍။ တုဏှီ၊ ဆိတ်ဆိတ်။ နိသီဒန္တိ၊ ထိုင်နေကြကုန်၏။
အန္ဓဗာလာ၊ ပညာမျက်စိကန်းမိုက်သူတို့သည်။ အညာဏတာယေဝ၊ မသိတတ်သည်၏ အဖြစ်ကြောင့်ပင်။ အဝက္ခိတ္တမတ္တိကာပိဏ္ဍော ဝိယ၊ အောက်သို့ပစ်ချ အပ်သောမြေညက်စိုင်သည်ကဲ့သို့။ [မြေညက်စိုင်တုံးကို အောက်ပစ်ချလိုက်သကဲ့သို့ ဘာမျှ စကားမပြောတတ်ကြ၊ ဟူလို။] ယတ္ထကတ္ထစိ၊ အမှတ်မထား တစ်ပါးပါးသောအရပ်၌။ တုဏှီဘူတာ၊ ဆိတ်ဆိတ်ဖြစ်၍ဖြစ်ကုန်သည်။ (ဟုတွာ)။ နိသီဒန္တိ၊ ထိုင်နေကြကုန်၏။
**စေတသာ စေတောပရိဝိတက္ကန္တိ**၊ ကား။ ဘဂဝါ၊ သည်။ (“အညာသိ”၌ စပ်။)
အယံ ဗြာဟ္မဏော၊ သည်။ အာဂတကာလတော၊ ရောက်လာရာအခါမှ။ ပဋ္ဌာယ၊ ၍။ အဓောမုခေါ၊ အောက်၌ မျက်နှာရှိသည်။ ထဒ္ဓဂတ္တော၊ ခက်ထန်သောကိုယ်ရှိသည်။ (ဟုတွာ။) [အနောနတကာယဝသေန၊ (မညွတ်ကိုင်းသောကိုယ်ရှိသူ၏ အဖြစ်ဖြင့်။) ထဒ္ဓဂတ္တော၊ န မာနဝသေန၊ မာန၏ အစွမ်းဖြင့် ထဒ္ဓဂတ္တဖြစ်သည်မဟုတ်။] ကိံ၊ အဘယ်ကို။ စိန္တယမာနော၊ ကြံစည်လျက်။ နိသိန္နော၊ ထိုင်နေပါလိမ့်မည်နည်း။ ကိံ၊ အဘယ်ကို။ စိန္တေတိ နုခေါ၊ ကြံပါလိမ့်မည်နည်း။ ဣတိ= သို့။ အာဝဇ္ဇန္တော၊ ဆင်ခြင်တော်မူလတ်သော်။ အတ္တနော၊ ကိုယ်တော်၏။ စေတသာ၊ စိတ်တော်ဖြင့်။ တဿ၊ ထိုပုဏ္ဏား၏။ စိတ္တံ၊ ကို။ အညာသိ၊ သိတော်မူပြီ။
တေန၊ ကြောင့်။ စေတသာ စေတောပရိဝိတက္က မညာယာတိ၊ ဟူ၍။ (အာယသ္မတာ အာနန္ဒတ္ထေန။) ဝုတ္တံ၊ လျှောက်အပ်ပြီ။
**ဝိဟညတီ**တိ၊ ကား။ ဝိဃာတံ၊ စိတ်ပင်ပန်းခြင်းသို့။ အာပဇ္ဇတိ၊ ရောက်၏။ [ဝိဃာတန္တိ စိတ္တဒုက္ခံ။-ဋီကာ။]
**အနုဝိလောကေတွာ ပရိသန္တိ**၊ ကား။ ဘဂဝတော၊ ၏။ (ပုစ္ဆနေန၌ စပ်။) သကသမယေ၊ မိမိ၏ ဥစ္စာဖြစ်သောပုဏ္ဏားတို့၏ အယူ၌။ ပဉှပုစ္ဆနေန၊ ပြဿနာကိုမေးတော်မူခြင်းကြောင့်။ ဥဒကေ၊ ရေ၌။ မီယမာနော၊ သေလတံ့ဖြစ်သောပုဂ္ဂိုလ်ကို။(သေတော့မည့် ပုဂ္ဂိုလ်ကို။) ဥက္ခိပိတွာ၊ မြှောက်၍။ (ဆယ်၍။) ထလေ၊ ကုန်း၌။ ထပိတော ဝိယ၊ ထားအပ်သကဲ့သို့။ သမပဿဒ္ဓကာယစိတ္တော၊ အညီအမျှ ငြိမ်းအေးပြီးသောကိုယ်စိတ်ရှိသည်။ ဟုတွာ, ပရိသသဂင်္ဏှတ္ထံ၊ ပရိသတ်ကို သိမ်းသွင်းခြင်းအကျိုးငှာ။ ဒိဋ္ဌိသဉ္ဇာနနေနေဝ၊ မိမိအယူကို ကောင်းစွာ သိခြင်းကြောင့်သာလျှင်။ ဘောန္တော၊ အရှင်တို့သည်။ မေ၊ အကျွန်ုပ်၏။ ဝစနံ၊ ကို။ ဥပဓာရေန္တု၊ ဆောင်ရွက်မှတ်သားကြပါကုန်လော။ ဣတိ၊ သို့။ ဝဒန္တော ဝိယ၊ မပြောသော်လည်းပြောသကဲ့သို့။ ပရိသံ၊ ကို။ အနုဝိလောကေတွာ၊ မျက်စိလှည့်ကာ ကြည့်ရှုပြီး၍။ ဘဂဝန္တံ၊ ကို။ ဧတံ၊ ဤစကားကို။ အဝေါစ၊ လျှောက်ပြီ။
**သုဇံ ပဂ္ဂဏှန္တာနံ**တိ၊ ကား။ ယညယဇနတ္ထာယ၊ ယဇ်ကို ပူဇော်ခြင်းအကျိုးငှာ။ သုဇံ၊ ယဇ်မွှေ ယောင်းမကို။ ဂဏှန္တေသု၊ ကိုင်ယူကုန်သော။ ဗြာဟ္မဏေသု၊ တို့တွင်။ ပဌမော ဝါ၊ ပဌမဖြစ်သောပဓာနပုဂ္ဂိုလ်သည်သော်လည်းကောင်း။သကသမယေ ၊ပေ၊ ဟုတွာ။ ။ သောဏဒဏ္ဍသည်ဘုရားရှင် မေးတော်မမူမီကပင် "မိမိ၏ပုဏ္ဏားအယူ၌မေးလျှင် ကောင်းမှာဘဲ" ဟု တောင့်တ၍ နေ၏။ သူတောင့်တသည့်အတိုင်း မိမိတို့၏ပုဏ္ဏားအယူဆိုင်ရာ ပြဿနာကို မေးတော်မူသောအခါ "ရေထဲ၌သေတော့မည့် ဖြစ်နေသူကို ဆယ်ယူ၍ ကုန်းပေါ်၌တင်ထားလိုက်သကဲ့သို့ နဂိုကစိတ်ပင်ပန်းခြင်းမှ အလွန်သက်သာရာရလေသည်။ [အခြားပြဿနာ မေးမည်ကို စိုးရိမ်နေခြင်းသည်ရေထဲ၌သေတော့မည့် သူနှင့် တူ၏။ ယခုအခါ မိမိတို့၏ပုဏ္ဏားအယူနှင့် ဆိုင်သောပြဿနာကို မေးတော်မူခြင်းသည်ရေမှ ဆယ်၍ ကုန်းပေါ်၌တင်ထားအပ်သူနှင့် တူ၏။]
ပရိသံ ၊ပေ၊ အဝေါစ။ ။ ပရိသတ်က (မိမိကို အထင်ကြီးအောင်) သိမ်းသွင်းခြင်းအကျိုးငှာ မျက်လုံးဖြင့် လှည့်လည်၍ ကြည့်လိုက်၏။ ထိုသို့ကြည့်ခြင်းသည်မိမိအယူကိုကောင်းစွာသိသည့်အတွက် ရဲရဲဝံ့ဝံ့ ဖြေမည်ဖြစ်ရကား "အရှင်တို့သည်ကျွန်ုပ်၏ယခု ဖြေဆို မည့်စကားကို မှတ်သားထားလိုက်ကြပါ" ဟု မပြောသော်လည်းပြောသကဲ့သို့ ဖြစ်၏။ ယခုခေတ်၌မိမိပိုင်သောပြဿနာကို ဖြေခါနီးဝယ် ပရိသတ်ကို (ကြွားကြည့်) ကြည့်သကဲ့သို့တည်း။ [ဒိဋ္ဌိသဉ္ဇာနနေနေဝါတိ အတ္တနော လဒ္ဓိသဉ္ဇာနနေနေဝ-ဋီကာသစ်။]
သုဇံ ပဂ္ဂဏှန္တာနံ။ ။ ဤပုဒ်ကို ပဌမော ဒုတိယောတို့၌စပ်ရမည်ဖြစ်သောကြောင့် နိဒ္ဓါရဏတ္ထ ဆဋ္ဌီဟုလည်းကောင်း, ပဥပသာရသည်အနက်ထူး မရှိဟုလည်းကောင်းသိစေလို၍ "သုဇံ ဂဏှန္တေသု" ဟု သတ္တမီဖြင့် ဖွင့်သည်။ "သုဇာ" ဟူသည်ယဇ်စာ ထမင်းချက်ရာ ခူးရာ၌အသုံးပြုအပ်သောယောင်းမတည်း။ "ဟဗျန္နာဒီနံ-ယဇ်ပူဇော်ကြောင်း ထမင်း အစရှိသည်တို့ကို။ သုခဂ္ဂဟဏတ္ထံ-လွယ်ကူစွာ ယူခြင်းအကျိုးငှာ၊ ဇာယတီတိ သုဇာ" ဟု ပြု။ သုပုဗ္ဗ + ဇနဓာတ် + ကွိပစ္စည်း။ [သုဇန္တိ ဟောမဒဗ္ဗိံ ပဂ္ဂဏှန္တိသူတိ ဇုဟနတ္ထံ (ယဇ်ပူဇော်ခြင်း အကျိုးငှာ။) ဂဏှနကေသု, ဣရုဝိဇ္ဇေသူတိ အတ္ထော၊ ဣရုဝေဒနည်းအရ ယဇ်ပူဇော်ရသောကြောင့် ထိုယဇ်ယောင်းမကို ဣရုဝိဇ္ဇာတတ်သူတို့သာ ကိုင်ခွင့်ရှိသည်။]
ဒုတိယော ဝါ၊ ဒုတိယပုဂ္ဂိုလ်သည်သော် လည်းကောင်း။ (ဟောတိ။) ဣတိအတ္ထော။ [ရှေးဆရာတို့၏ အဖွင့်ကို ပြလို၍ "သုဇာယ ဒိယျမာနံ" စသည်မိန့်။]
သုဇာယ၊ ဖြင့်။ ဒိယျမာနံ၊ ပေးအပ်သော။ အဟာယာဂံ၊ ကြီးစွာသောယဇ်ကို။ ပဋိဂ္ဂဏှန္တာနံ၊ ခံယူသောပုဂ္ဂိုလ်တို့တွင်။ ("ပဌမောဝါ ဒုတိယောဝါ"၌ စပ်။) ဣတိ၊ သို့။ ပေါရာဏာ၊ ရှေးအဋ္ဌကထာဆရာ တို့သည်။ (အာဟု၊ ကုန်ပြီ)။ ဣတိ၊ ဤသို့လျှင်။
ဗြာဟ္မဏော၊ သောဏဒဏ္ဍပုဏ္ဏားသည်။ သကသမယဝသေန၊ မိမိတို့၏ ဥစ္စာဖြစ်သောပုဏ္ဏားအယူ၏ အစွမ်းဖြင့်။ သမ္မဒေဝ၊ ကောင်းစွာသာလျှင်။ ပဉှံ၊ ပြဿနာကို။ ဝိသဇ္ဇေသိ၊ ဖြေဆိုပြီ။
ပန၊ ကား။ ဘဂဝါ၊ သည်။ ဝိသေသတော၊ ထူးခြားသောာ ဝိဇ္ဇာစရဏအားဖြင့်။ ဥတ္တမဗြာဟ္မဏဿ၊ မြတ်သောအရိယာဗြာဟ္မဏကို။ ဒဿနတ္ထံ၊ ပြတော်မူခြင်းအကျိုးငှာ။
ဣမေသံ ပနာတိ အာဒိံ၊ အစရှိသောစကားကို။ အာဟ၊ မူပြီ။ပဌမောဝါ ဒုတိယောဝါ။ ။ တတ္ထ သန္နိပတိတေသု (ထိုယဇ်ပူဇော်ရာ အရပ်၌စည်းဝေးသူတို့တွင်။) ယဇနကြိယာယံ (ယဇ်ပူဇော်မှုကို ပြုရာ၌၊) သဗ္ဗပဓာနောဝါ (အားလုံးထက်ပဓာနဖြစ်သောပဌမ ယဇ်ဆရာသော်လည်းဖြစ်ရမည်, ပဌမသဒ္ဒါသည်ဤနေရာ၌ပဓာန အနက်ဟောတည်း။) ဒုတိယောဝါတိ တဒန္တရောဝါ။) ထိုပဌမဆရာ၏အခြားမဲ့ ဒုတိယဆရာသော်လည်းဖြစ်ရမည်။)
သုဇာယ ၊ပေ၊ ပေါရာဏာ။ ။ ရှေးအဋ္ဌကထာဆရာတို့ကို "ပေါရာဏာ" ဟုဆိုသည်။ ပြအပ်ပြီးသောအဖွင့်သည်မိမိ၏အယူဖြစ်၏။ ရှေးအဋ္ဌကထာ ဆရာတို့ကား သုဇံကို "သုဇာယ" ဟု ကရိုဏ်းအနက်၌ဒုတိယာဝိဘတ်ဟုလည်းကောင်း, ပဂ္ဂဏှန္တာနံ အရအလှူခံယူသူကိုလည်းကောင်း, သုဇံ (သုဇာယ)၏စပ်ပုဒ်ကို "ဒိယျမာနံ မဟာယာဂံ" ဟုထည့်၍လည်းကောင်း ဖွင့်ကြသည်။ ဤနည်း၌ ပသည်ပတိနှင့် အနက်တူတည်း။ (တစ်နည်း) "သုဇာယ+ဒိယျမာနံ သုဇံ" ဟု ဒိယျမာန အနက်၌အပစ္စည်းသက်စေလို၍ "သုဇာယ ဒိယျမာနံ" ဟု တဒ္ဓိတ် ဝိဂြိုဟ်ပြသည်ဟု ဋီကာသစ်၌တစ်နည်းဖွင့်သေး၏။ မဟာယာဂံကား အဘိဓေယျ ပြတည်း။ ["အဂ္ဂိဟုတ္တမုခါ ယညာ-ယဇ်တို့သည်မီးပူဇော်ခြင်းသာလျှင် အဦးအစရှိကုန်၏" နှင့်အညီ ယဇ်ပူဇော်သောအခါ ရှေးဦးစွာ မီးထဲသို့ ယောင်းမအဖျားဖြင့် ထောပတ်စသည်ကို ထည့်ပေးရ၏။ ထို့ကြောင့် "သုဇာယ ဒိယျမာနံ" ဟု ဆိုသည်။]
နည်း ၂ ပါး အထူး။ ။ ပဌနည်း၌ယဇ်စာဝေဖို့ရန် ယောင်းမကို ကိုင်ရသူတို့တွင် ပဌမဆရာ, သို့မဟုတ် ဒုတိယဆရာကို "ပဌမောဝါ ဒုတိယောဝါ" ဟု ဆိုသည်။ ဒုတိယနည်း၌ ထိုသို့ဝေသောအခါ ပဌမ ဒုတိယ အလှူခံရသောပုဂ္ဂိုလ်ကို "ပဌမောဝါ ဒုတိယောဝါ" ဟု ဆိုသည်။
ဣတိ ၊ပေ၊ အာဒိမာဟ။ ။ ဤသို့ ပုဏ္ဏားဖြေအပ်သောအဖြေသည်မိမိတို့၏ပုဏ္ဏားအယူအားဖြင့် မှန်ကန်သောအဖြေပင်ဖြစ်၏။ သို့သော် ဘရားရှင်သည်ပုဏ္ဏားတို့ ပညတ်အပ်သောဝိဇ္ဇာစရဏမှ ထူးသောဝိဇ္ဇာစရဏအားဖြင့် ဖြစ်သောမြတ်သောအရိယဗြာဟ္မဏကို နောက်ဆုံး၌ပြတော်မူခြင်းငှာ "ဣမေသံပန" စသောဒုတိယပြဿနာကို မေးတော်မူပြန်သည်။ ပါဠိတော်အစဉ် ကြည့်ပါ။ [ဝိသေသတောတိ ဝိဇ္ဇာစရဏ ဝိသေသတော,န ဗြာဟ္မဏေဟိ ဣစ္ဆိတဝိဇ္ဇာစရဏမတ္တတော၊ ဥတ္တမ ဗြာဟ္မဏဿာတိ အနုတ္တရ ဒက္ခိဏေယျတာယ ဥက္ကဋ္ဌ ဗြာဟ္မဏဿ-ဋီကာ။]
**ဧတဒဝေါစုံ**တိ၊ ကား။ ဇာတိဝဏ္ဏ မန္တသမ္ပန္နော၊ ဇာတ်နှင့် ပြည့်စုံသူ, အဆင်းနှင့်ပြည့်စုံသူ, မန္တာန်နှင့် ပြည့်စုံသူသည်။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ သစေန ဟောတိ၊ အကယ်၍ မဖြစ်အံ့။ အထ၊ ထိုသို့ ဖြစ်လျှင်။ ကောစရဟိ၊ အဘယ်အင်္ဂါနှင့် ပြည့်စုံသူသည်။ လောကေ၊ ၌။ ဗြာဟ္မဏော၊ သည်။ ဘဝိဿတိ၊ လတံ့နည်း။
နော၊ ငါတို့ကို။ အယံသောဏဒဏ္ဍော၊ သည်။ နာသေတိ၊ ဖျက်ဆီး၏။ ဟန္ဒ၊ ယခု။ အဿ၊ ထိုသောဏဒဏ္ဍပုဏ္ဏား၏။ ဝါဒံ၊ ဝါဒကို။ ပဋိက္ခိပိဿာမ၊ ပယ်ကုန်အံ့။ ဣတိ၊ သို့။ စိန္တေတွာ၊ ၍။ ဧတံ၊ ဤမာဘဝံသောဏဒဏ္ဍောအစရှိသောစကားကို။ အဝေါစုံ၊ ပြောဆိုကြကုန်ပြီ။
**အပဝဒတီ**တိ၊ ကား။ ပဋိပက္ခိပတိ၊ ပယ်မြစ်၏။ ["အပဝဒတိ" ၌ အပနေတွာ (ပယ်ရှား၍) ဝဒတိ" ဟု သဒ္ဒတ္ထ မှတ်ပါ။ ပဋိပက္ခိပတိ၊ ကား အဓိပ္ပာယတ္ထတည်း။]
**အနုပက္ခန္ဒတီ**တိ၊ ကား။ အနုပဝိသတိ၊ အစဉ်အတိုင်းပြေးဝင်၏။
ဣဒံ၊ ဤစကားကို။ ("အာဟံသု" ၌ စပ်။) တွံ၊ အရှင်သည်။ ပသာဒဝသေန၊ ကြည်ညိုခြင်း၏အစွမ်းဖြင့်။ သမဏံ ဂေါတမံ၊ ကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂန္တုကာမော၊ ဆည်းကပ်ခြင်းငှာအလိုရှိသည်။ သစေ (အသိ)၊ အကယ်၍ဖြစ်အံ့။ (ဧဝံသတိ၊ သော်။) ဂစ္ဆ၊ ဆည်းကပ်ပါလော။ ဗြာဟ္မဏဿ၊ ၏။ သမယံ၊ အယူကို။ မာဘိန္ဒိ၊ မဖျက်ဆီးပါလင့်။ ဣတိအဓိပ္ပာယေန၊ ဤသို့သောအလိုဖြင့်။ အာဟံသု၊ ကုန်ပြီ။
**ဧတဒဝေါစာ**တိ၊ ကား။ ဣမေသု ဗြာဟ္မဏေသု၊ တို့သည်။ ဧဝံ၊ သို့။ (ပါဠိတော်၌လာသည့်အတိုင်း။) ဧကပ္ပဟာရေနေဝ၊ တပြိုင်နက်ထည်းအားဖြင့်သာလျှင်။ ဝိရဝန္တေသု၊ မြည်တွန်ကြကုန်လသော်။ အယံ ကထာ၊ ဤစကားသည်။ ပရိယောသာနံ၊ အဆုံးသို့။ န ဂမိဿတိ၊ ရောက်လိမ့်မည်မဟုတ်။ ဟန္ဒ၊ ယခု။ နေ၊ ထိုပုဏ္ဏားတို့ကို။ နိဿန္ဒေ၊ အသံမရှိသည်တို့ကို။ ကတွာ,သောဏဒဏ္ဍေနေဝ၊ နှင့်သာလျှင်။ သဒ္ဓိံ, ကထေမိ၊ ပြောဆိုရတော့အံ့။ ဣတိ၊ သို့။ စိန္တေတွာ၊ ကြံတော်မူ၍။
သစေ ခေါ တုမှာ ကန္တိ အာဒိကံ၊ အစရှိသော။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ မိန့်တော်မူပြီ။ဇာတိဝဏ္ဏမန္တ သမ္ပန္နော။ ။ ဒုတိယပြဿနာ၌ ဝဏ္ဏကို ပယ်လိုက်၏။ တတိယပြဿနာ၌မန္တန်ကို ပယ်လိုက်၏။ စတုတ္ထပြဿနာ၌ဥဘတော သုဇာတော စသောဇာတိကို ပယ်လိုက်ပြန်၏။ ထိုသို့ ၃ မျိုးလုံး ပယ်လိုက်သောအခါ ပုဏ္ဏားတို့က မခံနိုင်ကြသောကြောင့် "မာ ဘဝံ" စသည်ဖြင့် ကန့်ကွက်ကြလေသည်။
**သဟဓမ္မေနာ**တိ၊ ကား။ သကာရဏေန၊ အကြောင်းနှင့်တကွ။ ["ကာရဏေန၊ နှင့်။ သဟ၊ ကွ" ဟုလည်း ရှိ၏။ "ပဋိဝစနံ ကရိဿာမိ" ဟု ပါဠိတော် ၌စပ်။]
**သမသမော**တိ၊ ကား။ ဧကဒေသမတ္တံ၊ တစ်စိတ်တဒေသမျှကို။ ထပေတွာ၊ ထား၍။ သမဘာဝေန၊ တူသည်၏အဖြစ်အားဖြင့်။ သမော၊ တူသူသည်။ သဗ္ဗကာရေန၊ အလုံးစုံသောအခြင်းအရာအားဖြင့်။ သမော၊ သည်။ ("န အတ္ထိ" ဟု ပါဠိ တော်၌စပ်။) ဣတိအတ္ထော။
**အဟမဿ၊ ပေ၊ ဇာနာမီ**တိ၊ ကား။ ဘဂိနိယာ၊ နှမ၏။ ပုတ္တဿ၊ ၏။ မာတာပိတရော၊ မိဘတို့ကို။ ကိံ နဇာနိဿတိ၊ အဘယ်မှာမသိဘဲ ရှိလတံ့နည်း။ ကုလကောဋိပရိဒီပနံ၊ အမျိုးတို့၏အစကို ထင်ရှားပြခြင်းကို။ သန္ဓာယ၊ ၍။ ဧဝံ၊ သို့။ (အဟမဿ မာတာပိတရော ဇာနာမိဟူ၍။) ဝဒတိ၊ ပြောဆို၏။ [ကုလကောဋိပရိဒီပနံတိ ကုလအာဒိ ပရိဒီပနံ။ ဋီကာသစ်။ စာအုပ်တို့၌ "သန္ဓာယေဝ" ဟု ရှိသော်လည်း "သန္ဓာယေဝံ" ဟု ရှိမှ စာသွားကောင်းမည်။]
**မုသာဝါဒမ္ပိ ဘဏေယျာ**တိ၊ ကား။ ["မုသာပိ ဘဏေယျ" ဟု ရှေးစာအုပ်တို့၌ရှိ၏။] အတ္ထဘဉ္စနကံ၊ စီးပွားကို ဖျက်ဆီးတတ်သော။ မုသာဝါဒံ၊ မုသာဝါဒကို။ ကထေယျ၊ ပြောရာ၏။ [ကမ္မပထမြောက်သောမုသာဝါဒဟု သိစေလို၍ "အတ္ထဘဉ္ဇနကံ" ဟု ဝိသေသနပြုသည်။]
**ကိံ ဝဏ္ဏော ကရိဿတီ**တိ၊ ကား။ အဗ္ဘန္တရေ၊ ကိုယ်တွင်း၌။ ဂုဏေ၊ ငါးပါးသီလဟူသောဂုဏ်သည်။ အသတိ၊ မရှိလတ်သော်။ [ယထာဝုတ္တေ ပဉ္စသီလေ။ ဋီကာ။] (ဝဏ္ဏော၊ အဆင်းသည်။) ကိံ၊ အဘယ်ကို။ ကရိဿတိ၊ ပြုနိုင်လတံ့နည်း။ (တစ်နည်း, ကိံ ကရိဿတိ၊ ဘာတတ်နိုင်လတံ့နည်း။)သမသမော။ ။ သမောယေဝ-တူသည်သာလျှင်+ဟုတွာ-၍+သမော-တူသူတည်း။ သမသမော၊ ဟုတွာ အလယ်ပုဒ်ကြေ။ "သမသမ" ဟု အနက်တူသဒ္ဒါ ၂ ချက်ဆင့်သောကြောင့် "ထပ်တူထပ်မျှ၊ တူသူ-အလွန်တူသူ" ဟု အနက်ယူစေလိုရကား "သမဘာဝေန ၊ပေ၊ အတ္ထော" ဟု အဓိပ္ပာယတ္ထဖွင့်သည်။ ထိုတွင် သမဘာဝေနသည်သမောဟုတွာ၏အနက်ဖွင့်တည်း။ ဥပမာ-ဟေတု+ဟုတွာ+ပစ္စယောကို "ဟေတုဘာဝေန+ပစ္စယော" ဟု ဖွင့်သကဲ့သို့တည်း။ သဗ္ဗာကာရေနသည်သမဘာဝေန၏အဓိပ္ပာယတ္ထ။
ဧကဒေသမတ္တံ။ ။ လောက၌အမွှာမွေး ညီနောင် ၂ ယောက်သည်"အဆင်းအားဖြင့် ထပ်တူထပ်မျှ တူကြ၏" ဟု ဆိုနိုင်သော်လည်းတစ်ချို့နေရာ၌မသိမသာကွဲပြားတတ်သေး၏။ ထိုသို့ ကွဲပြားတတ်သည်မှာ "မတူဘူး" ဟု ဆိုရလောက်အောင် မဟုတ်ချေ။ ထို့ကြောင့် "ထပေတွာ ဧကဒေသမတ္တံ" ဟု ဝိသေသနပြုသည်။ [ဤထပေတွာ ဧကဒေသမတ္တံ သမဘာဝေန သမောဟူသောပါဌ်ဖြင့် အဆင်းအားဖြင့် အနည်းငယ်ယုတ်လျော့နေသောဟီနဝပမာကို တားမြစ်၍ သဒိသူပမပုဂ္ဂိုလ်ကို ပြသည်။ ဟီနောပမဝသေနာပိ သမတာ ဝုစ္စတီတိ နိဝတ္တေန္တော ထပေတွာ ဧကဒေသမတ္တံတိ အာဒိမာဟ၊-ဋီကာ။]
အဿ၊ ထိုအင်္ဂကလုလင်၏။ ဗြာဟ္မဏဘာဝံ၊ ဗြာဟ္မဏ၏အဖြစ်ကို။ ရက္ခိတုံ၊ စောင့်ရှောက်ခြင်းငှာ။ ကိံ သက္ခိဿတိ၊ အဘယ်မှာစွမ်းနိုင်လတံ့နည်း။ ဣတိ အတ္ထော။ (တုမှာကံ၊ တို့၏။ ဝါ၊ တို့မှာ။ ဧဝံ၊ သို့။ ပရိဝိတက္ကော၊ အကြံသည်။)
အထာပိသိယာ၊ အကယ်၍မူလည်း ဖြစ်ငြားအံ့။ (ကိံ၊ အဘယ်သို့ဖြစ်ရာသနည်း။) ပုန၊ ဖန်။ [သီလပျက်ပြီးနောက် တစ်ဖန်ထပ်၍၊ ဟူလို။]
ပကတိသီလေ၊ ပင်ကိုယ်သီလ၌။ ဌိတဿ၊ တည်သောပုဂ္ဂိုလ်၏။ ဗြာဟ္မဏဘာဝံ၊ ဗြာဟ္မဏ၏အဖြစ်ကို။ (ဝဏ္ဏာ ဒယော၊ အဆင်းအစရှိသည်တို့သည်။) သာဓေန္တိ၊ ပြီးစေနိုင်ကုန်၏။ ဣတိ၊ ဤသို့သောအကြံသည်။ (အထာပိ သိယာ၊ အံ့။) ဧဝမ္ပိ၊ ဤသို့ဖြစ်ပြန်သော်လည်း။ သီလမေဝ၊ သည်သာ။ (ဗြာဟ္မဏဘာဝံ၊ ကို။) သာဓေဿတိ၊ ပြီးစေနိုင်လတံ့။ ကသ္မာ၊ ကြောင့်။ သီလမေဝ၊ သီလသည်သာ။ (ဗြာဟ္မဏဘာဝံ၊ ဗြာဟ္မဏ၏အဖြစ်ကို။) သာဓေဿတိ၊ ပြီးစေနိုင်လတံ့နည်း။ ဟိ(ယသ္မာ)၊ ကြောင့်။ အဿ၊ ထိုအင်္ဂကလုလင်၏။ တသ္မိံ၊ ထိုသီလသည်။ အသတိ၊ သော်။ ဗြာဟ္မဏဘာဝေါ၊ ဗြာဟ္မဏ၏အဖြစ်သည်။ နာဟောသိ၊ မရှိတော့ပြီ။ ဣတိ၊ ထို့ကြောင့်။ ဝဏ္ဏာဒယော၊ အဆင်း အစရှိသည်တို့သည်။ ဗြာဟ္မဏဘာဝဿ၊ ဗြာဟ္မဏအဖြစ်၏။ အင်္ဂံ၊ အကြောင်းတည်း။ ဣတိ၊ ဤသို့ မှတ်ထင်ခြင်းသည်။ သမ္မောဟမတ္တံ၊ ပြင်းစွာတွေဝေခြင်းမျှသာတည်း။ (တသ္မာ၊ ထို့ကြောင့်။) သီလမေဝ၊ သည်သာ။ ဗြာဟ္မဏဘာဝံ၊ ကို။ သာဓေဿတိ၊ လတံ့။အထာပိ သိယာ၊ ပေ၊ သာဓေန္တီတိ။ ။ ယဒိပိ တုမှာကံ ဧဝံ ပရိဝိတက္ကောသိယာ၊ ဘိန္နသီလဿပိ ပုန ပကတိသီလေ ဌိတဿ ဗြာဟ္မဏဘာဝံ ဝဏ္ဏာဒယော သာဓေန္တိတိဧဝံ သိယာတိ အတ္ထော၊-ဋီကာသစ်။ ဋီကာဟောင်း၌ကား "သာဓေတိ" ဟု ဧကဝုစ်ကို တွေ့ရ၍ "ဝဏ္ဏော" ဟု ကတ္တားထည့်သည်။ ဤသို့ ဝဏ္ဏောဟု ကတ္တားထည့်ရခြင်းမှာ နိဒဿနနည်းမျှသာဟု ပြလို၍ "မန္တဇာတီသုပိ ဧသေဝနယော" ဟု ညွှန်သည်။
တသ္မိံ ဟိဿ။ ။ ကသ္မာတိ စေ အာဟ တသ္မိံ ဟိဿာတိ အာဒိ-ဋီကာ၊ ဤသို့ ဋီကာကျမ်းတက်ပုံကို ထောက်၍ တသ္မိံစသောဝါကျကို ဟေတုပါကျဟု ယူပြီးလျှင် ရှေ့ဝါကျသို့ ဖလဝါကျအဖြစ်ဖြင့် ပြန်လှည့်ရသည်။ [သမ္မောဟမတ္တံ ဝဏ္ဏာဒယောတိ ဝဏ္ဏမန္တဇာတိယောဟိ ဗြာဟ္မဏဘာဝဿ အင်္ဂန္တိ သမ္မောဟမတ္တမေတံ အသမဝေက္ခိတာဘိမာနဘာဝ ဟော- မစူးစမ်း မဆင်ခြင်ဘဲ မှတ်ထင်ခြင်း၏အဖြစ်ကြောင့်တည်း။-ဋီကာ။]
**မှတ်ချက်။ ဗြာဟ္မဏဖြစ်ကြောင်း အင်္ဂါကို ရွေးချယ်ရာ၌ဝဏ္ဏ မန္တ ဇာတိတို့သည်တကယ်အစစ် အကြောင်း မဟုတ်ကြ, သမ္မောဟမတ္တတို့သာ ဖြစ်၏၊ "သီလနှင့် တကယ် စဉ်းစားတတ်သောပညာသည်သာ ဗြာဟ္မဏအစစ်ဖြစ်ကြောင်း" ဟူသောအယူသည်သောဏဒဏ္ဍပုဏ္ဏားနှင့် ဗုဒ္ဓအလိုတော် ဖြစ်၏။ ဤသို့ဖြစ်ပုံကို ထောက်၍ ယခုအခါ သမဏဘာဝ ရဟန်းအဖြစ်ကို ရွေးချယ်ရာ၌လည်းအဆင်းလှခြင်း, စာမေးပွဲအောင်ခြင်း, အမျိုးကောင်းခြင်းဟူသောအင်္ဂါတို့သည်ပဓာနမဟုတ်ကြ။ သီလရှိခြင်း ဝိပဿနာပညာရှိခြင်းတို့သာ ပဓာနဖြစ်သည်ဟု မှတ်ချက်ရသည်။
ပန၊ ဆက်။ ဣဒံ၊ ဤစကားကို။ သုတွာ၊ ၍။ တေဗြာဟ္မဏာ၊ တို့သည်။ အာစရိယော၊ ဆရာသည်။ သဘာဝံ၊ ထင်ရှားရှိသောသဘောကို။ (အစစ်အမှန်ကို။) အာဟ၊ ပြောဆိုပြီ။ အကာရဏာဝ၊ အကြောင်းမရှိကုန်ဘဲသာ။ မယံ၊ တို့သည်။ ဥဇ္ဈာယိမှာ၊ ကဲ့ရဲ့ မိကုန်ပြီ။ ဣတိ၊ ဤသို့ကြံ၍။ တုဏှီ၊ ဆိတ်ဆိတ်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။
တတော၊ ထိုသို့ဆိတ်ဆိတ်နေရာ အခါမှ။ (ပရံ၊ နောက်၌။) ဘဂဝါ၊ သည်။ (အာဟ၌ စပ်။) ဗြာဟ္မဏေန၊ ပုဏ္ဏားသည်။ ပဉှော၊ ပြဿနာကို။ ကထိတော၊ ဖြေဆိုအပ်ပြီ။ [ရှေးစာအုပ်တို့၌ "ကထိတေ ဗြာဟ္မဏေန ပဉှေ" ဟု ရှိ၏။] ပန၊ ထိုသို့ပင် ဖြေဆိုအပ်ပြီးပါသော်လည်း။ ဧတ္ထ၊ ဤဖြေဆိုအပ်ပြီးသောအနက်၌။ (ဤအင်္ဂါ ၂ ပါး၌။) ပတိဋ္ဌာတုံ၊ တည်စေခြင်းငှာ။ သဒ္ဒိဿတိ ကိံ၊ စွမ်းနိုင်လတံ့လော။ န သက္ခိဿတိ ကိံ၊ မစွမ်းနိုင်လတံ့လော။
ဣတိ၊ ဤသို့။ တဿ၊ ထိုပုဏ္ဏားကို။ ဝီမံသနတ္ထံ၊ စုံစမ်းတော်မူခြင်းအကျိုးငှာ။
ဣမေသံ ပန ဗြာဟ္မဏာတိ အာဒိံ၊ အစရှိသောစကားကို။ အာဟ၊ မိန့်တော်မူပြီ။
**သီလပရိဓောတာ**တိ၊ ကား။ သီလပရိသုဒ္ဓါ၊ သီလကြောင့် ထက်ဝန်းကျင်စင်ကြယ်ပါ၏။
**ယတ္ထ သီလံ တတ္ထ ပညာ**တိ၊ ကား။ ယသ္မိံ ပုဂ္ဂလေ၊ ၌။ သီလံ၊ သည်။ (အတ္ထိ။) တတ္ထေဝ၊ သီလရှိရာ ထိုပုဂ္ဂိုလ်၌သာ။ ပညာ၊ ဝိပဿနာစသောပညာသည်။ (အတ္ထိ။)ကထိတေ ပဉှေ။ ။ ပုဏ္ဏားသည်သီလဝါ စ ဟောတိ အစရှိသည်ဖြင့် အင်္ဂါ ၂ ပါးကိုသာ အတည်ထား၍ ပြဿနာကို ဖြေဆိုအပ်ပြီးသော်. . . ဤမိမိဖြေဆိုအပ်ပြီးသောပြဿနာ၌(အင်္ဂါ ၂ ပါး၌) တည်နိုင် မတည်နိုင် (အပြောင်းအလွှဲ လုပ် မလုပ်) ကို စုံစမ်းတော်မူခြင်းငှာ "ဣမေသံ ပန" စသည်ကို မိန့်တော်မူသည်။ [အင်္ဂါ ၂ ပါးတွင် တစ်ပါးပါးကို ဖယ်ထား၍ အခြားတစ်ပါးကိုသာ ယူလျှင် ထိုအင်္ဂါ ၂ ပါး၌မတည်နိုင်။ ၂ ပါးလုံးကို ယူမှသာ ထိုအင်္ဂါ ၂ ပါး၌တည်နိုင်ရာရောက်သည်။]
မှတ်ချက်။ ။ ဤကျမ်းတက်ပုံ၌"ဝီမံသနတ္ထံ"ဟု ဆိုပုံကို မကြိုက်ပါ။ ဘုရားရှင် ကိုယ်တော်မြတ်က ပုဏ္ဏားကို ထိုအင်္ဂါ ၂ ပါး၌တည်နိုင်-မတည်နိုင် စုံစမ်းနေဖွယ် မလိုပါ။ သို့ရာတွင် အခြားပုဂ္ဂိုလ်များ၌ကား စုံစမ်းဖွယ်,စဉ်းစားဖွယ် ရှိ၏။ ထို့ကြောင့် အခြားသူတို့စဉ်းစားဖွယ်ကိုပင် ဗုဒ္ဓမြတ်စွာ စဉ်းစားဖွယ်အနေအားဖြင့် ဆိုထားဟန်တူသည်ဟု ကြံပါ။
သီလပရိဓောတာ။ ။ ဓောတာ၌ဓာဝုဓာတ်သည်မဇ္ဇန-ပွတ်တိုက် ဆေးကြောခြင်းအနက်ကို ဟော၏။ တပစ္စည်းသည်ကံအနက်ဟောတည်း။ ဓာဝမှ အာဝကို သုတ်ကြီးဖြင့်သြပြု။ ပရိသဒ္ဒါသည်ထက်ဝန်းကျင် (အကုန်အစင်) အနက်ကို ဟော၏။ ထိုသို့ ဆေးကြောအပ်ပြီးသောပညာသည်ထက်ဝန်းကျင် စင်ကြယ်သောကြောင့် "ပရိသုဒ္ဓါ" ဟု အဓိပ္ပာယတ္ထဖွင့်သည်။ ပရိသုဒ္ဓါ၌ သုဓဓာတ်ကား ဒိဝါဒိ အကမ္မကဖြစ်၍ ကတ္တားဟောသာတည်း။ [ဓောဝိတတ္တာဝ ပရိသုဇ္ဈနံ-ဆေးကြောအပ်ပြီး၏အဖြစ်ကြောင့်သာ ထက်ဝန်းကျင် စင်ကြယ်ခြင်း ဖြစ်၏။ ဣတိ အာဟ သီလပရိသုဒ္ဓါတိ၊ သီလသမ္ပတ္တိယာ သဗ္ဗတော သုဒ္ဓါ၊ အနုပက္ကိလိဋ္ဌာတိ အတ္ထော၊-ဋီကာသစ်။]
ဒုဿီလေ၊ သီလမရှိသောပုဂ္ဂိုလ်၌။ ပညာ၊ သည်။ ကုတော၊ အဘယ်မှာ ရှိအံ့နည်း။ (ဣတိ၊ ဤကား ပုဏ္ဏား၏ အလိုတည်း။)
ဝါ၊ နည်း။ ပညာရဟိတေ၊ ဝိပဿနာပညာမှ ကင်းသော။ ဇဠေ၊ ထိုင်းမှိုင်းသော။ ဇဠမုဂေ၊ အရိယိုသောခံတွင်းရှိသောပုဂ္ဂိုလ်၌။ (တစ်နည်းဇဠမူဂေ၊ အဖျင်းအအ၌။) သီလံ၊ ပြည့်စုံသောသီလသည်။ ကုတော၊ နည်း။ ဣတိ၊ ဤကား ပုဏ္ဏား၏အလိုတည်း။
**သီလပညာဏန္တိ**၊ ကား။ သီလဉ္စ၊ သီလလည်း။ ပညာဏဉ္စ၊ အပြားအားဖြင့်သိတတ်သောဝိပဿနာစသောပညာလည်း။ သီလပညာဏံ၊ သီလ, အပြားအားဖြင့် သိတတ်သောဝိပဿနာစသောပညာ။
**ပညာဏန္တိ**၊ ကား။ ပညာယေဝ၊ ဝိပဿနာစသောပညာပင်တည်း။ကုတော ဒုဿီလေ ပညာ။ ။ သမာဟိတော ယထာဘူတံ ဇာနာတိ-သမာဓိရှိသူသည်ဟုတ်မှန်စွာ သိ၏။ ထို့ကြောင့် ဒုဿီလပုဂ္ဂိုလ်သည်သမာဓိ မရှိရကား ဝိပဿနာဟု ခေါ်အပ်သောပညာသည်ထိုသူ့သန္တာန်၌အဘယ်မှာ ရှိပါတော့အံ့နည်း။ [ကုတော ဒုဿီလေပညာ, အသမာဟိတတ္တာ တဿ၊-ဋီကာ၊ ဤစကားဖြင့် ပညာအရ ကျက်ဉာဏ်ဟု ခေါ်နေအပ်သောသညာအမှတ် မဟုတ်ဟု သိပါ။]
ဇလေ,ဇဠမုဂေ။ ။ ဇလတိ ဂဏီဘဝတိ-တစ်ခဲနက်ဖြစ်၏, ခွဲခြားစိတ်ဖြာ၍ မသိတတ်။ ဣတိ ဇလော၊ လကို ဍပြု၍ "ဇဍ" ဟု သက္ကတ ရှိ၏။ ပါဠိ၌"ဇဠ" ဟုလည်းရှိ၏။ ခွဲခြားစိတ်ဖြာ၍ မသိတတ်သောထိုင်းမှိုင်းသူတည်း။
စဠမုဂေ။ ။ တချို့ တိုင်းမှိုင်းသူသည်ခံတွင်းမှ အရိအရွဲ တံထွေးရည်ယိုကျသောကြောင့် "ဇဠမုဂ"လည်းမည်၏။ ဧဠာ + မုခေ ယဿာတိ ဧဠမုခေါ၊ ခကို ဂပြု၍ "ဧဠမုဂ" ဟု ဖြစ်၏။ ဤနည်း၌ဧဠာသဒ္ဒါသည်"လာလာ ခေဠော ဧဠာ ဘဝေ" အဘိဓာန်(၂၈၁)၌တံထွေးအနက်ဟောတည်း။
**ဧဠမူဂေါ။ "ဧဠမူဂေါ တု ဝတ္တုံစ,သောတုဉ္စာ ကုသလော ဘဝေ" အဘိဓာန် (၂၈၂) နှင့်အညီ စကားပီအောင်လည်းမပြောနိုင် နားလည်းမကြားသောအအ-နားထိုင်းသူသည်ဧဠမူဂမည်၏။ "ဧဠာစ-စကား မပြောတတ်သူလည်းဟုတ်၏။ သော-သည်။ မူဂေါစ- နားပင်းသူလည်းဟုတ်၏။ ဣတိ ဧဠမူဂေါ" ဟု ကမ္မဓာရဲ ပြုပါ။ [ထောမနိဓိ၌"ဧဍမှုက" ဟုရှိ၏။ " ဗဓိရ (နားပင်းသူ)သည်ဧဍမည်၏, စကား မပီသူသည်မူကမည်၏"ဟု ပြောင်းပြန်အနက်ဖွင့်၏။]
ကုတော သီလံ။ ။ ထိုသို့ ဇဠ, (ဧဠမူဂ) ဖြစ်နေသူသည်သီလဝိဘာဂ (သီလ အပြားကိုလည်း) မသိ၊ သီလပရိသောဓနုပါယ (သီလစင်ကြယ်ခြင်း၏နည်းလမ်းကိုလည်းမသိ၊ ထိုကဲ့သို့သောပုဂ္ဂိုလ်၌အဘယ်မှာလျှင် ပြည့်စုံသောသီလ ရှိနိုင်ပါအံ့နည်း။ [ကုတော သီလ, သီလဝိဘာဂဿ သီလပရိသောဓနုပါယဿစ အဇာနနတော၊-ဋီကာ။]
ဧဝမေတံ ဗြာဟ္မဏာတိ၊ ဏဟူသောစကားကို။ ဘဂဝါ၊ သည်။ ဗြာဟ္မဏဿ၊ ၏။ ဝစနံ၊ ကို။ အနုဇာနန္တော၊ ခွင့်ပြုတော်မူလိုသည်၏ အဖြစ်ကြောင့်။ အာဟ၊ မိန့်တော်မူပြီ။
တတ္ထ၊ ထိုဧဝမေတံဗြာဟ္မဏအစရှိသောစကားရပ်၌။ **သီလပရိဓောတာ ပညာ**တိ၊ ကား။ စတုပါရိသုဒ္ဓိသီလေန၊ ဖြင့်။ ဓောတာ၊ ဆေးကြောအပ်ပြီ။
ပန၊ ပရိဟာရပက္ခမှတစ်ပါး, စောဒကပက္ခကို ဆိုဦးအံ့။ ကထံ၊ အဘယ်သို့လျှင်။ သီလေန၊ ဖြင့်။ ပညံ၊ ကို။ ဓောဝတိ၊ ဆေးကြောနိုင်သနည်း။
ယဿ ပုထုဇ္ဇနဿ၊ ၏။ သီလံ၊ သည်။ သဋ္ဌိအသီတိဝဿာနိ၊ အနှစ်ခြောက်ဆယ်,အနှစ်ရှစ်ဆယ်တို့ပတ်လုံး။ အခဏ္ဍံ၊ မကျိုးမပြတ်သည်။ ဟောတိ။ သော၊ ထိုပုထုဇဉ်ပုဂ္ဂိုလ်သည်။ မရဏကာလေပိ၊ သေခါနီး အခါ၌လည်း။ သဗ္ဗကိလေသေ၊ တို့ကို။ ဃာတေတွာ၊ သတ်ဖြတ်၍။ ["ဈာပေတွာ၊ လောင်မြှိုက်၍"ဟုလည်း ရှေးစာအုပ်တို့၌ ရှိ၏။] သီလေန၊ ဖြင့်။ ပညံ၊ ကို။ မောဝိတွာ၊ ဆေးပြီး၍။ အရဟတ္တံ၊ အရဟတ္တဖိုလ်ကို။ ဂဏှာတိ၊ ယူနိုင်၏။
(ကော ဝိယ၊ အဘယ်ထေရ်ကဲ့သို့နည်း။) ကန္ဒရသာလ ပရိဝေဏေ၊ ကန္ဒရသာလပရိဝုဏ်၌။ မဟာသဋ္ဌိဝဿတ္ထေရော ဝိယ၊ ဝါခြောက်ဆယ်ရပြီးသောမဟာထေရ်ကဲ့သို့တည်း။
ကိရ၊ ချဲ့ဦးအံ့။ ထေရေ၊ ထေရ်သည်။ မရဏမဉ္စ၊ သေရာ ညောင်စောင်း၌။ နိပဇ္ဇိတွာ၊ လျောင်း၍။ ဗလဝဝေဒနာယ၊ အားကြီးသောဝေဒနာကြောင့်။ နိတ္ထုနန္တေ၊ ငြီးတွားနေစဉ်။ တိဿမဟာရာဇာ၊ တိဿမည်သောမဟာရာဇာသည်။ ထေရံ၊ ထေရ်ကို။ ပဿိဿာမိ၊ ဖူးမြင်အံ့။ ဣတိ၊ ဤသို့ကြံ၍။ ဂန္တာ၊ သွား၍။ ပရိဝေဏဒွါရေ၊ ပရိဝုဏ် တံခါး၌။ ဌိတော၊ ရပ်သည်။ (ဟုတွာ) တံသဒ္ဒံ၊ ထိုညည်းသံကို။ပညာဏံ။ ။ ပကဋ္ဌံ ဥက္ကဋ္ဌ (မြတ်သော) ဉာဏံ ပညာဏန္တိ (ထို့ကြောင့်) ပါကတိကံ ဉာဏံ နိဝတ္တေတုံ (ပကတိဉာဏ်ကို တားမြစ်ခြင်းငှာ။) ပညာဏန္တိ ဝုတ္တံ (ပသဒ္ဒါ ထည့်၍ ဆိုအပ်ပြီ။) တယိဒံ (ထိုပညာဏဟူသည်) ပကာရေဟိ ဇာနနတော (အနိစ္စ စသောအပြားတို့ဖြင့် သိတတ်သောကြောင့်) ပညာဝါတိ အာဟ ပညာဏန္တိ ပညာယေဝါတိ၊-ဋီကာ။ ဤစကားအရ ဝိပဿနာစသောအထက်တန်း ပညာကိုသာ ပညာဏံအရ ယူရသည်-ဟု သိပါ။
သီလေန ဓောတာ။ ။ သမာဓိပဒဋ္ဌာနေန (သမာဓိရဖို့ရန် နီးစွာသောအကြောင်း ဖြစ်သော) သီလေန သကလသံကိလေသမလဝိသုဒ္ဓိယာ ဓောတာ (ဆေးကြောအပ်ပြီးသည်ဖြစ်၍။ ဝိသုဒ္ဓါ၊ တေနာဟ ကထံ ပနာတိ အာဒိ၊-ဋီကာ။
ပညံ ဓောဝတိ။ ။ ဓောဝတ်ကို ဋီကာတို့၌"သုဇ္ဈတိ-စင်ကြယ်၏"ဟု အကမ္မက 'ကြိယာဖြင့် ဖွင့်ကြ၏။ ထိုသို့ဖွင့်ရာ၌ပညာဟု ပဌမန္တပုဒ်ကို တွေ့သောကြောင့် ဖွင့်ကြဟန်တူသည်။ ပညံဟူသော ဒုတိယန္တအတွက်ကား ဆေးကြောခြင်းအနက်သာ ဖြစ်သင့်ပါသည်။
သုတွာ၊ ကြားရ၍။ ပုစ္ဆိ၊ မေးပြီ။
(ကိံ) အယံ၊ ဤအသံသည်။ ကဿ၊ အဘယ်သူ၏။ သဒ္ဒေါ၊ အသံပါနည်း။ ဣတိ ပုစ္ဆိ။
ထေရဿ၊ ထေရ်၏။ နိတ္ထုနနသဒ္ဒေါ၊ ညည်းသံပါတည်း။ ဣတိ၊ ဤသို့ပြောကြကုန်ပြီ။
ပဗ္ဗဇ္ဇာယ၊ ရဟန်းအဖြစ်အားဖြင့်။ သဋ္ဌိ ဝဿေန၊ ဝါ ၆ဝ ရှိသည်။ (သမာနေန၊ ပါလျက်။) ဝေဒနာပရိဂ္ဂဟမတ္တံပိ၊ ဝေဒနာကိုသိမ်းဆည်းကြောင်း ကမ္မဋ္ဌာန်းမျှကိုလည်း။ န ကတံ၊ မပြုအပ်သေး။ ဒါနိ၊ ယခုအခါ၌။ နံ၊ ထိုထေရ်ကို။ န ဝန္ဒိဿာမိ၊ ရှိမခိုးတော့အံ့။ ဣတိ၊ ဤသို့ပြောဆို၍။ နိဝတ္တိတွာ၊ ပြန်နစ်၍။ မဟာဗောဓိံ၊ မဟာဗောဓိကို။ ဝန္ဒိတုံ၊ ငှာ။ ဂတော၊ ပြီ။
တတော၊ ထိုမှနောက်၌။ ဥပဋ္ဌာကဒဟရော၊ အလုပ်အကျွေး ရဟန်းငယ်သည်။ ထေရံ၊ ကို။ အာဟ၊ လျှောက်ပြီ။
(ကိံ။) ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့ကို။ ကိံ၊ အဘယ့်ကြောင့်။ လဇ္ဇာပေထ၊ ရှက်စေပါကုန်သနည်း။ သဒ္ဓေါ၊ သဒ္ဓါရှိသော။ ဝါ၊ သဒ္ဓါတရား ကောင်းသော။ ရာဇာပိ၊ မင်းသော်မှလည်း။
တုမှာကံ၊ အရှင်တို့၏။ နိတ္ထုနနသဒ္ဒံ၊ ညည်းသံကို။ သုတွာ၊ ကြား၍။ ဝါ၊ ကြားခြင်းကြောင့်။ ဂတော၊ ပြန်သွားပါပြီ။ ဣတိ၊ ဤသို့လျှောက်ပြီ။
တေနဟိ၊ ထိုသို့ဖြစ်လျှင်။ မေ၊ ငါ့အား။ ဩကာသံ၊ တရားနှလုံးသွင်းခွင့်ကို။ ကရောထ၊ ပြုကြကုန်လော။ ဣတိ၊ သို့။ ဝတွာ၊ ၍။ ဝေဒနံ၊ ကို။ ဝိက္ခမ္ဘိတွာ၊ ခွာပြီး၍။ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။ ပတွာ၊ ၍။ ဒဟရဿ၊ အား။ သညံ၊ အမှတ်အသားကို။ အဒါသိ၊ ပေးပြီ။
အာဝုသော၊ ငါ့ရှင်။ ဂစ္ဆ၊ လိုက်သွားလော။ ဣဒါနိ၊ ၌။ ရာဇာနံ၊ ကို။ အမှေ၊ တို့ကို။ ဝန္ဒာပေဟိ၊ ရှိခိုးစေ လော။ ဣတိ သညံ။ အဒါသိ၊ ပေးပြီ။ [ဤသို့ပြောခြင်းသည်ပင် ရဟန္တာဖြစ်ကြောင်း အမှတ်အသားကို ပေးသည်မည်၏။]ဝေဒနာပရိဂ္ဂဟမတ္တံပိ။ ။ ဝေဒနာပရိဂ္ဂဟမတ္တံပီတိ ဧတ္ထ ဝေဒနာပရိဂ္ဂဟောနာမ ယထာဥပ္ပန္နံ (ဖြစ်မြဲတိုင်းသော) ဝေဒနံ သဘာဝသရသတော ဥပဓာရေတွာ ပုန ပဒဋ္ဌာနတော “အယံ ဝေဒနာ ဖဿံ ပဋိစ္စ ဥပ္ပဇ္ဇတိ၊ သော စ ဖဿော အနိစ္စော ဒုက္ခောဝိပရိဏာမဓမ္မော ဟိ လက္ခဏတ္တယံ အာရောပေတွာ ပဝတ္တိတဝိပဿနာ၊ ဧဝံ ပဿန္တေနဟိ သုခေန သက္ကာ သာ ဝေဒနာ" အဓိဝါသေတုံ "ဝေဒနာ ဧဝ ဝေဒယတီ" တိ၊-ဋီကာ။ "ဝေဒနာသည်သာ သူ့သဘောအတိုင်း ခံစားနေ၏။ ငါခံစားသည်မဟုတ်" ဟု နှလုံးသွင်း၍ထိုဝေဒနာကို လွယ်ကူစွာသည်းခံခြင်းငှာ စွမ်းနိုင်သည်-ဟူလို။ [မတ္တံပိ၌ပိသဒ္ဒါသည်ဂရဟာဇောတကတည်း။]
ဝေဒနံ ဝိက္ခမ္ဘိတွာ။ ။ ဝေဒနံ ဝိက္ခမ္ဘိတွာတိ ယထာဥပ္ပန္နံ ဒုက္ခဝေဒနံ အနုဝတ္တိတွာ ဝိပဿနံ အာရဘိတွာ (ဖြစ်မြဲတိုင်းသောဝေဒနာကို သတိဖြင့် အစဉ်လိုက်၍) ဝီထိပဋိပန္နာယ ဝိပဿနာယ တံ ဝိနောဒေတွာ (ကမ္မဋ္ဌာန်းလမ်းသို့ သွားနေသောဝိပဿနာဖြင့် အနိစ္စ ဒုက္ခ အနတ္တဟု သုံးသပ်သောဝိပဿနာဖြင့် ထိုဝေဒနာကို ခွာပြီး၍ အရဟတ္တဖိုလ်သို့ရောက်သည်။)
ဒဟရော၊ ရဟန်းငယ်သည်။ ဂန္တွာ၊ လိုက်သွား၍။
ဣဒါနိ၊ ယခုအခါ၌။ ထေရံ၊ ကို။ ဝန္ဒထကိရ၊ ရှိခိုးကုန်တော့တဲ့။ ဣတိ၊ သို့။ အာဟ၊ ပြောပြီ။
ရာဇာ၊ မင်းသည်။ သံသုမာရပတိတေန၊ မိကျောင်း၏ ဝပ်ခြင်းနှင့်တူသောပျပ်ဝပ်ခြင်းဖြင့်။ (ကုမ္ဘိ လေန ဝိယ ဘူမိယံ ဥရေန နိပဇ္ဇနေန၊ ဝမ်းလျားမှောက်ခြင်းဖြင့်- ဟူလို။) ထေရံ၊ ကို။ ဝန္ဒန္တော၊ ရှိခိုးလတ်သော်။
အဟံ၊ ဒကာတော်သည်။ အယျဿ၊ အရှင်၏။ အရဟတ္တံ၊ ရဟန္တာ၏အဖြစ်ကို။ န ဝန္ဒာမိ၊ ရှိခိုးသည်မဟုတ်ပါ။ ပန၊ အဟုတ်ကား။ ပုထုဇ္ဇနဘူမိယံ၊ ပုထုဇဉ်ဖြစ်ရာ အခိုက်အတန့်၌။ ဌတွာ၊ တည်၍။ ရက္ခိတ သီလမေဝ၊ စောင့်ရှောက်အပ်သောသီလကိုသာ။ ဝန္ဒာမိ၊ ရှိခိုးပါ၏။ ဣတိ၊ သို့။ အာဟ၊ လျှောက်ပြီ။ ဧဝံ၊ ဤသို့လျှင်။ သီလေန၊ ဖြင့်။ ပညံ၊ ဝိပဿနာစသောပညာကို။ ဓောဝတိနာမ၊ ဆေးကြောသည်မည်၏။
ပန၊ အဖို့တစ်ပါးကား။ ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ အဗ္ဘန္တရေ၊ ကိုယ်တွင်း၌။ သီလသံဝရော၊ စောင့်စည်းကြောင်း သီလသည်။ နတ္ထိ။ ပန၊ ထိုသို့ပင် သီလသံဝရ မရှိပါသော်လည်း။ ဥဂ္ဃဋိတညုတာယ၊ ဥဂ္ဃဋိတညူပုဂ္ဂိုလ်၏ အဖြစ်ကြောင့်။ (ဖွင့်လှစ်အပ်ကာမျှဖြစ်သောအကျဉ်းဥဒ္ဒေသကို အကျယ်သိနိုင်သူ၏ အဖြစ်ကြောင့်။) စာတုပ္ပဒိကဂါထာပရိယောသာနေ၊ ၄ ပါဒရှိသောဂါထာ၏အဆုံး၌။ ပညာယ၊ ဝိပဿနာပညာဖြင့်။ သီလံ၊ ကို။ ဓောဝိတွာ၊ ဆေးကြော၍။ ပဋိသမ္ဘိဒါဟိ၊ တို့နှင့်။ သဟ၊ ကွ။ အရဟတ္တံ၊ သို့။ ပါပုဏာတိ၊ ရောက်နိုင်၏။
အယံ၊ ဤပုဂ္ဂိုလ်သည်။ ပညာယ၊ ဖြင့်။ သီလံ၊ ကို။ ဓောဝတိနာမ၊ ဆေးသည်မည်၏။ (ကော ဝိယ၊ အဘယ်သူကဲ့သို့နည်း။)
သန္တတိမဟာမတ္တော သေယျထာပိ၊ သန္တတိအမတ်ကြီးကဲ့သို့တည်း။ [ဓမ္မပဒ, သန္တတိမဟာမတ္တဝတ္ထု၌ ရှုပါ။]
**ကတမံ ပန တံ ဗြဟ္မဏာ**တိ၊ ဏဟူသောစကားကို။ ကသ္မာ၊ ကြောင့်။ အာဟ၊ မိန့်တော်မူသနည်း။
ကိရ၊ ချဲ့။ ဘဂဝါ၊ သည်။ စိန္တေသိ၊ ကြံတော်မူပြီ။
(ကိံ။) ဗြာဟ္မဏာ၊ တို့သည်။ ဗြာဟ္မဏသမယေ၊ ပုဏ္ဏားတို့၏ အယူ၌။ ပဉ္စ၊ ကုန်သော။ သီလာနိ၊ တို့ကို။ သီလန္တိ၊ သီလဟူ၍။ ပညပေန္တိ၊ ပညတ်ကြကုန်၏။ ဝေဒတ္တယပညံ၊ ဝေဒသုံးပုံကို သိသောပညာကို။ ပညာတိ၊ ဟူ၍။ (ပညပေန္တိ။) [ဝေဒတ္တယ ပညံနေရာ၌ "ဝေဒတ္တယဥဂ္ဂဟဏပညံ" ဟု ရှိ၏။ ဝေဒသုံးပုံကို သင်ယူကြောင်းသည်ပညာ မဟုတ်။ ကောင်းသောသညာနှင့် သတိသာတည်း။ ထို့ကြောင့် "ဥဂ္ဂဟဏ" ပါသောပါဠိသည်မကောင်းပါ။]
ဥပရိ၊ အထက်၌။ ဝိသေသံ၊ တရားအထူးကို။ နဇာနန္တိ၊ မသိကြကုန်။ရက္ခိတသီလမေဝ ဝန္ဒာမိ။ ။ နာဟံတိ အာဒိံတထာ သီလရက္ခဏမေဝ (ထိုသို့ ကြာရှည်စွာ သီလစောင့်ခြင်းသည်သာ) ဒုက္ကရံတိ ကတွာ ဝဒတိ၊-ဋီကာ။ နှစ်ပေါင်း ၆ဝ ကြာအောင် သီလကို စောင့်ရှောက်ခဲ့ခြင်းက ရဟန္တာဖြစ်ဖို့ထက် ခဲယဉ်း၍ ထိုမျှလောက် သီလကောင်းနေသောပုဂ္ဂိုလ်မှာ ရဟန္တာဖြစ်ဖို့ မခဲယဉ်းသောကြောင့် သီလကို ရှိခိုးပါသည်-ဟူလို။
အဟံ၊ သည်။ ဗြာဟ္မဏဿ၊ အား။ ဥတ္တရိ၊ အထက်ဖြစ်သော။ ဝိသေသဘူတံ၊ အထူးဖြစ်၍ ဖြစ်သော။ မဂ္ဂသီလံ၊ မဂ်သီလကိုလည်းကောင်း။ ဖလသီလံ၊ ကိုလည်းကောင်း။ မဂ္ဂပညံ၊ မဂ်ပညာကိုလည်းကောင်း။ ဖလပညဉ္စ၊ ကိုလည်းကောင်း။ ဒဿေတွာ၊ ပြတော်မူပြီး၍။ အရဟတ္တနိကူဋေန၊ အရဟတ္တဖိုလ် အထွဋ် ဖြင့်။ ဒေသနံ၊ ဒေသနာတော်ကို။ ယန္နူန နိဋ္ဌာပေယျံ၊ အကယ်၍ ပြီးဆုံးစေရမူကား ကောင်းလေစွ။ ဣတိ၊ သို့။ (စိန္တေသိ။)
အထ၊ ကြံတော်မူရာ ထိုအခါ၌။ နံ၊ ထိုပုဏ္ဏားကို။ ကထေတုကမျတာယ၊ ကထေတုကမျတာ ပုစ္ဆာဖြင့်။ ဝါ၊ ဖြေဆိုခြင်းငှာ အလိုရှိသူ၏ ဖြစ်ကြောင်းဖြစ်ရာ ပုစ္ဆာဖြင့်။ ပုစ္ဆန္တော၊ မေးတော်မူလိုသည်။ (ဟုတွာ။)
ကတမံ ပန ၊ပေ၊ ပညာတိ၊ ဟူ၍။ အာဟ၊ မိန့်တော်မူပြီ။
အထ၊ မေးတော်မူရာ ထိုအခါ၌။ ဗြာဟ္မဏော၊ သည်။ ("အာဟ"၌ စပ်။)
မယာ၊ သည်။ သကသမယဝသေန၊ မိမိတို့ ပုဏ္ဏားအယူ၏ အစွမ်းဖြင့်။ ပဉှော၊ ကို။ ဝိသဇ္ဇိတော၊ ဖြေဆိုအပ်ပြီ။
သမဏော ပန ဂေါတမော၊ ရဟန်းဂေါတမသည်ကား။ မံ၊ ကို။ ပုန၊ ဖန်။ နိဝတ္တိတွာ၊ ပြန်နစ်၍။ (အရင်းအစကို ပြန်၍။) ပုစ္ဆတိ၊ မေးပြန်၏။ ဣဒါနိ၊ ၌။ အဟံ၊ သည်။ အဿ၊ ထိုရဟန်းဂေါတမ၏။ စိတ္တံ၊ ကို။ ပရိတောသေတွာ၊ ထက်ဝန်းကျင် နှစ်သက်စေ၍။ ဝိသဇ္ဇိတုံ၊ ငှာ။ သက္ကုဏေယျံဝါ၊ စွမ်းနိုင်မူလည်း စွမ်းနိုင်ရာ၏။ န (သက္ကုဏေယျံ) ဝါ၊ မစွမ်းနိုင်မူလည်း မစွမ်းနိုင်ရာ။
သစေ န သက္ခိဿံ၊ အကယ်၍ မစွမ်းနိုင်အံ့။ (ဧဝံသတိ။) ပဌမံ၊ စွာ။ ဥပ္ပန္နာပိ၊ ဖြစ်ပြီးလည်းဖြစ်သော။ မေ၊ ၏။ လဇ္ဇာ၊ အရှက်သည်။ ဘိဇ္ဇိဿတိ၊ ကွဲတော့လတံ့။ပဌမံ ၊ပေ၊ လဇ္ဇာ ဘိဇ္ဇိဿတိ။ ။ လဇ္ဇီဓာတ်သည်ရှက်ခြင်းအနက်ကို ဟော၏။ လဇ္ဇိတဗ္ဗာတိ လဇ္ဇာ-ရှက်ထိုက်သော(ရှက်စရာကောင်းသော) အကြောင်းအရာ။ ထိုအကြောင်းအရာဟူသည်ဗြာဟ္မဏ၏ဖြစ်ကြောင်းတို့ကို မေးတော်မူစဉ်က သီလ၏ဂုဏ်ကိုလည်းကောင်း, ဇာတိ၏အပြစ်ကိုလည်းကောင်း ဘုရားရှင်၏အလိုအာဘောဂ မကျစေကာမူ "ဖြေနိုင်၏"ဟုပရိသတ်က မှတ်ထင်ခြင်း (အထင်ကြီးခံရခြင်း)သည်ပဌမတုန်းက လဇ္ဇာ(ရှက်စရာ) တည်း။ သို့သော် ထိုလဇ္ဇာသည်ပရိသတ်က "ဖြေနိုင်၏" ဟု ထင်သောကြောင့် အရှက်မကွဲခဲ့သေး။ ယခု အမေး၌မဖြေနိုင်လျှင် အရှက်ကွဲတော့မည်။
ဋီကာသစ်။ ။ လဇ္ဇာနာမ သီလဿစ ဇာတိယာစ ဂုဏဒေါသပကာသနေ [ဗြာဟ္မဏအဖြစ်၌သီလကို မဖယ်နိုင်ခြင်းသည်ဂုဏ်တည်း။ ဇာတိကို ဖယ်နိုင်ခြင်းကား ဇာတိ၏အပြစ်တည်း။] သမဏေန ဂေါတမေန ပုစ္ဆိတံ ပဉှံ ဝိသဇ္ဇေသီတိ (ဖြေနိုင်ပါပေသည်ဟူ၍) ပရိသာယ ပညာတတာ (ပရိသတ်၏အထင်ခံအပ်ပြီး၏အဖြစ်တည်း။) သာ (ထိုလဇ္ဇာသည်) တထာ ဝိသဇ္ဇိတုံ အသမတ္ထတာယ (ထိုပဌမအကြိမ်တုန်းကကဲ့သို့ မဖြေနိုင်သည့်အတွက်) ဘိဇ္ဇိဿတီတိ အတ္ထော၊ ပဌမံ အလဇ္ဇမာနောပိ ဣဒါနိ လဇ္ဇိဿာမီတိ ဝုတ္တံ ဟောတိ။
ပန၊ ဆက်။ (ဝိသဇ္ဇိတုံ) အသက္ကောန္တဿ၊ မစွမ်းနိုင်သူ၏။ န သက္ကောမိ၊ မစွမ်းနိုင်ပါ။ ဣတိ၊ သို့။ ဝစနေ၊ ပြောဆိုခြင်း၌။ ဒေါသော၊ အပြစ်သည်။ နတ္ထိ။ ဣတိ၊ ဤသို့ကြံ၍။ ပုန၊ တစ်ဖန်။ နိဝတ္တိတွာ၊ ပြန်နစ်၍။ ဘဂဝတောယေဝ၊ ၏သာ။ ဘာရံ၊ တာဝန်ကို။ ကရောန္တော၊ ပြုလိုသည်။ (ဟုတွာ။) ဧတ္တကပရမာဝ မယံတိ အာဒိံ၊ အစရှိသောစကားကို။ အာဟ၊ ပြီ။
တတ္ထ၊ ထိုဧတ္တကပရမာဝမယံ အစရှိသောစကားရပ်၌။ **ဧတ္တကပရမာ**တိ၊ ကား။ အမှာကံ၊ အကျွန်ုပ်တို့၏။ ဧတ္တကံ၊ ဤမျှအတိုင်းအရှည်ရှိသော။ သီလပညာဏန္တိ၊ သီလပညာဏံဟူသော။ ဝစနမေဝ၊ စကားသာလျှင်။ ပရမံ၊ အလွန်ဆုံးအပိုင်းအခြားသည်။ (အတ္ထိ၊ ရှိပါ၏။) တေ မယံ၊ ထိုအကျွန်ုပ်တို့သည်။ ဧတ္တကပရမာ၊ ဤမျှအတိုင်းအရှည်ရှိသောသီလပညာဏံဟူသောစကားသာလျှင်အလွန်ဆုံး အပိုင်းအခြားရှိပါကုန်၏။ ဣတော၊ ဤသီလပညာဏံဟူသောစကားထက်။ ပရံ၊ အလွန်။ ဧတဿ ဘာသိတဿ၊ ဤပြောဆိုအပ်သောသီလပညာဏံဟူသောသဒ္ဒါ၏။ အတ္ထံ၊ အနက်အဓိပ္ပာယ်ကို။ န ဇာနာမ၊ မသိပါကုန်။ ဣတိအတ္ထော။
အထ၊ ထိုအခါ၌။ အဿ၊ ထိုပုဏ္ဏားအား။ ဘဂဝါ၊ သည်။ သီလပညာယ၊ ၏။ မူလဘူတဿ၊ မူလဖြစ်၍ ဖြစ်သော။ တထာဂတဿ၊ မြတ်စွာဘုရား၏။ ဥပ္ပာဒတော၊ ပွင့်တော်မူရာအခါမှ။ ပဘုတိ၊ စ၍။ သီလပညာဏံ၊ သီလပညာကို။ ဒဿေတုံ၊ ပြတော်မူခြင်းငှာ။
ဣဓ ဗြာဟ္မဏ တထာဂတောတိ အာဒိံ၊ အစရှိသောစကားကို။ အာဟ၊ မိန့်တော်မူပြီ။ဧတ္တကပရမာ။ ။ အဘိဓာန် (၆၉၅)၌ပရမသဒ္ဒါသည်အဂ္ဂသဒ္ဒါကဲ့တို့သို့ အလွန်ဆုံး အမြတ်ဆုံး အနက်ကို ဟော၏။ "ဤမျှအတိုင်းအရှည်" ဟူသည်သီလဟူသောစကား ပညာဏဟူသောစကားတည်း။ အကျွန်ုပ်တို့မှာ ထိုစကားသာ အလွန်ဆုံး အတိုင်းအရှည် ရှိကြပါသည်။ ထိုစကား၏အနက်အဓိပ္ပာယ်ကိုကား ငါးပါးသီလ, ဝေဒ ၃ ပုံကို သိသောပညာထက် ပို၍ အကျယ်တဝင့် မသိကြပါ-ဟူလို။ ဧတ္တကံ + ပရမံ + ယေသံ အမှာကန္တိဧတ္တကပရမာ။ [ဧတ္တကပရမာတိ ဧတ္တကဥက္ကံသကောဋိကာ၊ ပဉ္စ + သီလာနိ ဝေဒတ္တယဝိဘာဝနံ + ပညဉ္စ လက္ခဏာဒိတော နိဒ္ဓါရေတွာ (အကျယ်ထုတ်ဆောင်၍) ဇာနနံ နတ္ထိ၊ ကေဝလံ တတ္ထ ဝစီပရမာ မယံ-သီလပညာဟူသောစကားလုံးကိုသာ သုံးစွဲတတ်ကြပါသည်။ သီလအကျယ် ပညာအကျယ်ကိုတော့ မသိကြပါ။ ဣတိ ဒဿေတိ။-ဋီကာ]
**ဥပမာ-ယခုခေတ်၌"စတုပါရိသုဒ္ဓိသီလ" ဟု စကားကြီး စကားကျယ် ပြောနေကြပါသော်လည်းထိုသီလ၏အကြောင်းအရာကို မသိကြသကဲ့သို့လည်းကောင်း, ပညာဟူသောစကားလုံးကို အကြီးအကျယ် သုံးနေကြသော်လည်းဝိပဿနာစသောပညာကို နားမလည်ကြဘဲ ကျက်မှတ်၍ရသော သတိနှင့် သညာကိုသာ ပညာဟု ထင်နေကြသကဲ့သို့လည်းကောင်းတည်း။
တဿ၊ ထိုဣဓ ဗြာဟ္မဏ တထာဂတောအစရှိသောစကား၏။ အတ္ထော၊ အနက်ကို။ သာမညဖလေ၊ သာမညဖလသုတ်၌။ ဝုတ္တနယေနေဝ၊ ဖွင့်ဆိုအပ်ပြီးသောနည်းဖြင့်သာ။ ဝေဒိတဗ္ဗော၊ သိထိုက်၏။ ပန၊ အထူးကား။ အယံ၊ ဤဆိုအပ်လတံ့ကား။ ဝိသေသော၊ အထူးတည်း။ ဣဓ၊ ဤသောဏဒဏ္ဍသုတ်၌။ တိဝိဓမ္ပိ၊ ၃ ပါး အပြားရှိသည်လည်းဖြစ်သော။ သီလံ၊ ကို။
ဣဒံ ခေါ တံ ဗြာဟ္မဏ သီလန္တိ၊ ဟူ၍။ ဧဝံ၊ သို့။ သီလမိ‌စ္စေဝ၊ သီလဟူ၍သာ။ နိယျာတိတံ၊ နိဂုံးအုပ်တော်မူအပ်ပြီ။ [သီလမိစ္စေဝ၌ ဧဝဖြင့် "သာမညဖလသုတ်၌ကဲ့သို့ နိဂုံး၏နောက်ဝယ် သီလ၏အကျိုးပြစကား မပါတော့" ဟု ကန့်သည်။] ပဌမဇ္ဈာနာဒီနိ၊ ပဌမဈာန် အစရှိကုန်သော။ စတ္တာရိ၊ ၄ ပါးကုန်သော။ ဈာနာနိ၊ တို့သည်။ အတ္ထတော၊ အနက်အားဖြင့်။ ဝါ၊ တရားကိုယ်အားဖြင့်။ ပညာသမ္ပဒါ၊ ပညာ၏ပြည့်စုံခြင်းတည်း။
ပန၊ ထိုသို့ပင်ပညာသမ္ပဒါဖြစ်ပါသော်လည်း။ ဧဝံ၊ သို့။ ပညာဝသေန၊ ပညာ၏အဖြစ်ဖြင့်။ အနိယျာတေတွာ၊ နိဂုံးအုပ်တော်မမူဘဲ။ (တစ်နည်း) ဧဝံပိ၊ ဤသို့ ပညာသမ္ပဒါဖြစ်ပါသော်လည်း။ ပညာဝသေန၊ ဖြင့်။ အနိယျာတေတွာ၊ ဘဲ။ ဝိပဿနာပညာယ၊ ဝိပဿနာပညာ၏။ ပဒဋ္ဌာနဘာဝမတ္တေန၊ ပဒဋ္ဌာန်၏ အဖြစ်မျှဖြင့်။ ဒဿေတွာ၊ ပြတော်မူပြီး၍။ ဝိပဿနာပညာတော၊ မှ။ ပဋ္ဌာယ၊ စ၍။ ပညာ၊ ကို။ နိယျာတိတာ၊ နိဂုံးအုပ်တော်မူအပ်ပြီ။ ဣတိ၊ ဤဆိုအပ်ပြီး ကား။ (ဝိသေသော၊ အထူးတည်း။)အယံ ပန ဝိသေသော။ ။ သာမညဖလုသုတ်နှင့် ပါဠိသွားမတူပုံကို "ဝိသေသ"ဟု ဆိုလိုသည်။ စာအုပ်တို့၌၊ "ဣဒမ္ပိဿ ဟောတိ သီလသ္မိံတိ ဧဝံ" ဟု တွေ့ရ၏။ ပါဠိတော်၌ကား "ဣဒံ ခေါ တံ ဗြာဟ္မဏ သီလံ" ဟု နိဂုံးဝါကျကို တွေ့ရသည်။
ပညာသမ္ဗဒါ။ ။ ဈာန် ၄ ပါးသည်ဉာဏသမ္ပယုတ်များဖြစ်သောကြောင့် ပညာသမ္ပဒါတွင် ပါဝင်၏။ သို့သော် ထိုဈာန် ၄ ပါး၏အဆုံး၌ပညာအဖြစ်ဖြင့် နိဂုံးမအုပ်ဘဲ ဝိပဿနာဉာဏ်၏ ပဒဋ္ဌာန်အဖြစ်ဖြင့်သာ ပါဠိတော်၌ပြတော်မူသည်။
မှတ်ချက်။ ။ ပညာသမ္ပဒါ၏နောက်၌"ဧဝံ ပညာဝသေန ပန" ဟု နောက်စာအုပ်တို့၌ပနသဒ္ဒါ ပါခြင်းသည်ကောင်း၏။ "ပန-ထိုသို့ပင် ပညာသမ္ပဒါ ဖြစ်ပါသော်လည်း" ဟုစွဲပါ။ ရှေးစာအုပ်တို့၌ပနသဒ္ဒါ မပါ။ ထိုသို့မပါလျှင် "ဧဝမ္ပိ" ဟု သမ္ဘဝနာဇောတက ပိသဒ္ဒါပါမှ စာသွားကောင်းပါသည်။
**သွာတနာယာ**တိ ပဒဿ၊ ဟူသောပုဒ်၏။ အတ္ထော၊ ကို။ အဇ္ဇတနာယာတိ ဧတ္ထ၊ အဇ္ဇတနာယဟူသောဤပုဒ်၌။ ဝုတ္တနယေနေဝ၊ ဖွင့်ဆိုအပ်သောနည်းဖြင့်သာ။ ဝေဒိတဗ္ဗော၊ ၏။ [အဇ္ဇတနာယအဖွင့်ကို အမ္ဗဋ္ဌသုတ်- ပေါက္ခရသာတိ ဗုဒ္ဓူပသင်္ကမနအဖွင့်၌ ပြခဲ့ပြီ။ သွေ+ဘဝံ သွာတနံဟု ပြု။ သွေ၌ ဧကို အာပြု။]
**တေန၊ ပေ၊ ပရိဘဝေယျာ**တိ၊ ကား။ တုမှေ၊ ရှင်တော်ဘုရားတို့ကို။ ဒူရတောဝ၊ အဝေး၌ပင်။ (အဝေးမှပင်။) ဒိသွာ၊ ၍။ အာသနာ၊ နေရာမှ။ တေနဝုဋ္ဌိကာရဏေန၊ ထိုထခြင်းဟူသောအကြောင်းကြောင့်။ မံ၊ ဒကာတော်ကို။ သာပရိသာ၊ ထိုပရိသတ်သည်။ (ပရိဘဝေယျ၌ စပ်။)
အယံသောဏဒဏ္ဍော၊ သည်။ ပစ္ဆိမဝယေ၊ ပစ္ဆိမအရွယ်၌။ ဌိတော၊ တည်၏။ မဟလ္လကော၊ ကြီးသည်၏ အဖြစ်ကို ယူတတ်၏။ ဝါ၊ ကြီးရင့်၏။ ဂေါတမော ပန၊ သည်ကား။ [မိစ္ဆာဒိဋ္ဌိတို့ ခေါ်ပုံကို ပြသောစကား ဖြစ်၍ "ဂေါတမော" ဟု သုံးစွဲသည်။] ဒဟရော၊ ငယ်သေး၏။ ယုဝါ၊ နုပျို၏။ အဿ၊ ဤသောဏဒဏ္ဍပုဏ္ဏား၏။ နတ္တာပိ၊ မြေးသည်လည်း။ နပ္ပဟောတိ၊ မဖြစ်လောက်။ (မြေးလောက်မျှ မရှိသေး- ဟူလို။) [ရှေးစာအုပ်များ၌ "ပုတ္တနတ္တာပိ"ဟု ရှိ၏။ မကောင်း။] သော၊ ထိုသောဏဒဏ္ဍသည်။ အတ္တနော၊ ၏။ နတ္တုမတ္တဘာဝမ္ပိ၊ မြေးမျှ၏ အဖြစ်သို့သော်မှလည်း။ အပ္ပတ္တဿ၊ မရောက်သောဂေါတမအား။ အာသနာ၊ မှ။ ဝုဋ္ဌာတိနာမ၊ ထရသည်မည်တုံသေး၏။ (ထတယ်လို့ ရှိရသေး၏။) ဣတိ၊ သို့။ ပရိဘဝေယျ၊ လွှမ်းမိုးရာ၏။ (အထင်သေးရာ၏။)
**အာသနာ၊ ပေ၊ ပစ္စုဋ္ဌာနန္တိ**၊ ကား။ မမ၊ ဒကာတော်၏။ အဂါရဝေန၊ မရိုသေခြင်းကြောင့်။ ["ရိုသေသူ၏ ဖြစ်ကြောင်းဖြစ်ရာ ရိုသေမှု၏ မဟုတ်ခြင်းကြောင့်" ဟု သဒ္ဒတ္ထ ဖြစ်၏။] အဝုဋ္ဌာနံနာမ၊ နေရာမှ မထခြင်းမည်သည်။ နတ္ထိ၊ မရှိပါ။ဒူရတောဝ။ ။ ဤပုဒ်ကို "အဝေးမှ" ဟု အပါဒါန်အနက် ပေးလေ့ရှိကြ၏။ အပါဒါန်ဟူသည်ခွဲခြားခြင်း အပဂမနသတ္တိ ရှိရ၏။ ဤ၌ထိုသတ္တိ မရှိပါ။ အဝေး၌လာနေသည်ကို လှမ်း၍ မြင်ရခြင်းသာတည်း။ ထို့ကြောင့် "မှ" ဟု ပေးသည်ကို စဉ်းစားပါ။
ဒဟရော ယုဝါ။ ။ ဒဟရော ယုဝါတိ ဧတ္ထ ဒဟရဝစနေန ပဌမယောဗ္ဗန ဘာဝံ ဒဿေတိ-ပဌမအရွယ်သာ ရှိသေးသည်၏အဖြစ်ကို ပြ၏။ ဤသို့ဋီကာသစ်ဖွင့်သော်လည်းအနှစ်တစ်ရာဟူသောအာယုကပ်အသက်ကို သုံးစုဝက်က ၃၃ နှစ်သာသာသည်ပဌမအရွယ်တည်း။ ဗုဒ္ဓမြတ်စွာသည်၃၅ နှစ်မှ ဘုရားဖြစ်တော်မူ၏။ ထို့ကြောင့် ဒဟရအရ ပဌမ အရွယ်ကို ယူခြင်းကို စဉ်းစားပါ။ အမှန်အားဖြင့်ကားသောဏဒဏ္ဍပုဏ္ဏားကြီးကို ထောက်၍ ငယ်သေးသည်ကိုသာ "ဒဟရ" ဟု ဆိုလိုဟန်တူပါသည်။
နတ္တာပိဿ နပ္ပဟောတိ။ ။ ဘုရားရှင်၏ငယ်ပုံကို "နတ္တာပိ နပ္ပဟောတိ"ဟု ပြသည်။ ဘုရားရှင်သည်သောဏဒဏ္ဍ၏မြေးလောက်မျှ မရှိသေး-ဟူလို။ ပဟောတိ၌ ပပုဗ္ဗ+ ဟူဓာတ်ကြံပါ။ ထို့ကြောင့် ဋီကာသစ်၌ "နပ္ပဟောတီတိ န သမ္ပဇ္ဇတိ-မဖြစ်" ဟု ဖွင့်၍ "ပုတ္တနတ္တပ္ပမာဏောပိ-သားပမာဏ မြေးပမာဏ ရှိသည်လည်း။ န ဟောတိ" ဟု အဓိပ္ပာယတ္ထ ဖွင့်သည်။ [ဤ၌ပုတ္တသဒ္ဒါပါခြင်းသည်မကောင်းပါ။]
ပန၊ အနွယ။ ဘောဂနာသနဘယေန၊ စည်းစိမ်ပျက်စီးခြင်းမှ ကြောက်ခြင်းကြောင့်။ န ဝုဋ္ဌဟိဿာမိ၊ ထနိုင်မည် မဟုတ်ပါ။ တံ၊ ထိုနေရာမှ မထခြင်း၏အကြောင်းကို။ တုမှေဟိစေဝ၊ ရှင်တော်ဘုရားတို့သည်လည်းကောင်း။ မယာစ၊ အကျွန်ုပ်သည်လည်းကောင်း။ ဉာတုံ၊ သိခြင်းငှာ။ ဝဋ္ဋတိ၊ သင့်ပါ၏။
တသ္မာ၊ ကြောင့်။ မေ၊ ၏။ ဧတံ၊ ဤလက်အုပ်ချီမှုကို။ ဘဝံ ဂေါတမော၊ သည်။ အာသနာ၊ မှ။ ပစ္စုဋ္ဌာနံ၊ ရှေးရှုထခြင်းဟူ၍။ ဓာရေတု၊ စိတ်၌ဆောင်တော်မူပါ။ (မှတ်တော်မူပါ။) ဣတိ၊ ဤသို့လျှောင်ပြီ။ [ဧတန္တိ အဉ္ဇလိပဂ္ဂဟဏံ၊ ဋီကာသစ်။] ဣမိနာ၊ ဤသောဏဒဏ္ဍပုဏ္ဏားနှင့်။ သဒိသော၊ တူသော။ ကုဟကော၊ အံ့ဖွယ်ကို ဖြစ်စေတတ်သူကို။ ဒုလ္လဘော ကိရ၊ ခဲယဉ်းသဖြင့် ရအပ်သတဲ့။ (ရနိုင်ခဲသတတ်။) ပန၊ ဆက်။ အဿ၊ ထိုသောဏဒဏ္ဍပုဏ္ဏား၏။ ဘဂဝတိ၊ ၌။ အဂါရဝံနာမ၊ မရိုသေခြင်းမည်သည်။ နတ္ထိ။ တသ္မာ ဘောဂနာသနဘယာ၊ ထိုသို့စီးစိမ် ပျက်စီးခြင်းမှ ကြောက်ခြင်းကြောင့်။ ကုဟနဝသေန၊ အံ့ဖွယ်ကို ဖြစ်စေခြင်း၏ အစွမ်းဖြင့်။ (ကြွားဝါခြင်း၏ အစွမ်းဖြင့်။) ဧဝံ၊ သို့။ ဝဒတိ၊ လျှောက်၏။ ["အဟဉ္စေဝ" စသောစကားကို လျှောက်သည်၊ ဟူလို။]
ပရပဒေသုပိ၊ နောက်ပုဒ်တို့၌လည်း။ ဧသေဝ၊ ဤဆိုအပ်ပြီးသောအစီအရင်သည်ပင်။ နယော၊ သိကြောင်းအစီအရင်တည်း။ ["ဝေဌနံ ဩမုဉ္စေယျံ, ပတောဒလဋ္ဌိံ အဗ္ဘုန္နာမေယျံ, ဆတ္တံ အပနာမေယျံ" ဟူသောနောက်ပုဒ်တို့၌လည်း ကုဟန၏ အစွမ်းဖြင့် လျှောက်ခြင်းဟု သိပါ၊ ဟူလို။]
**ဓမ္မိယာ ကထာယာ**တိ အာဒီသု၊ အစရှိသောပါဠိရပ်တို့၌။ တင်္ခဏာနုရူပါယ၊ ထိုခဏ၌ (အဇ္ဈာသယဖြစ်ပုံအား) လျောက်ပတ်သော။ ဓမ္မိယာ၊ တရားရှိသော။ ကထာယ၊ စကားဖြင့်။ ဒိဋ္ဌဓမ္မိကသမ္ပရာယိကံ၊ မျက်မှောက်ဘဝ၌လည်းဖြစ်, တမလွန်ဘဝ၌လည်းဖြစ်သော။ အတ္ထံ၊ စီးပွားကို။ [အတ္ထကို အကျိုးဟု မပေးလင့်။] သန္ဒဿေတွာ၊ ကောင်းစွာ ပြတော်မူပြီး၍။ ကုသလေ၊ ကုသိုလ်ဖြစ်ကုန်သော။ ဓမ္မေ၊ တို့ကို။ သမာဒါပေတွာ၊ ကောင်းစွာယူစေတော်မူပြီး၍။ ဂဏှာပေတွာ၊ ယူစေတော်မူပြီး၍။ [သမာဒါပေတွာ၌ သံ + အာ + ဒါ + ဏာပေဖြစ်၍ ဂဏှာပေတွာဟု သဒ္ဒတ္ထဖွင့်။]
တတ္ထ၊ ထိုကုသိုလ် တရားတို့၌။ နံ၊ ထိုသောဏဒဏ္ဍပုဏ္ဏားကို။ သမုတ္တေဇေတွာ၊ ကောင်းစွာထက်သန်စေတော်မူပြီး၍။ဣမိနာ ကိရ။ ။ သောဏဒဏ္ဍသည်(မည်သည့်အကြောင်းကြောင့်ဖြစ်စေ) လူအများ၏သမ္ဘာဘာဝနံ (အထင်ကြီးမှုကို) ဖြစ်စေပြီးလျှင် ကြွားဝါသောအားဖြင့် သူတစ်ပါးကိုအံ့ဩစေလို၏။ ထိုသို့တအံ့တဩဖြစ်မှ လာဘ်ရမည်ဟု မြှော်လင့်နေသူတည်း။ ထို့ကြောင့် "ဣမိနာ ကိရ" စသည်ကို မိန့်သည်။ [ယခုခေတ်၌အချို့ပုဂ္ဂိုလ်များလည်း မိမိ အထင်သေး မည်စိုး၍ မိမိထက် အသက်သိက္ခာ ဂုဏ်ကြီးသူများကို လေးလေးစားစား မပြနိုင်-ဝပ်မချနိုင် ကြသောသောဏဒဏ္ဍကလေးများကို တွေ့နိုင်ပါသည်။] သဥဿာဟံ၊ အားထုတ်ခြင်းနှင့်တကွဖြစ်သည်ကို။ ကတွာ၊ ပြုတော်မူပြီး၍။ တာယ သဥဿာဟတာယစ၊ ထိုအားထုတ်ခြင်းနှင့်တကွ ဖြစ်သည်၏ အဖြစ်ဖြင့်လည်းကောင်း။ အညေဟိ၊ အခြားကုန်သော။ ဝိဇ္ဇမာနဂုဏေဟိစ၊ ထင်ရှားရှိသောဂုဏ်တို့ဖြင့်လည်းကောင်း။ သမ္ပဟံသေတွာ၊ ကောင်းစွာ အပြားအားဖြင့် ရွှင်လန်းစေတော်မူပြီး၍။ ဓမ္မရတနဝဿံ၊ တရားရတနာမိုးကို။ ဝဿေတွာ၊ ရွာစေတော်မူပြီး၍။ [ပါရာဇိကဏ်၌ "ဝဿေတွာ" ဟု ကာရိတ်နှင့်တကွ ရှိ၏။] အာသနာ၊ မှ။ ဥဋ္ဌာယ၊ ၍။ ပက္ကမိ၊ ဖဲကြွတော်မူပြီ။ [သန္ဒဿေတွာ စသောပုဒ်တို့၏အဖွင့်သည်ဝေရဉ္ဇကဏ္ဍ အဆုံးနှင့် တူ၏။]
ပန၊ ဆက်။ ဗြာဟ္မဏော၊ သောဏဒဏ္ဍပုဏ္ဏားသည်။ အတ္တနော၊ ၏။ ကုဟကတာယ၊ အံ့ဩဖွယ်ကို ဖြစ်စေတတ်သည်၏ အဖြစ်ကြောင့်။ (ဝါ၊ ကြွားတတ်သည်၏ အဖြစ်ကြောင့်။) ဧဝမ္ပိ၊ ဤသို့လည်း။ ဘဂဝတိ၊ သည်။ ဓမ္မဝဿံ၊ ကို။ ဝဿိတေ၊ ရွာစေတော်မူလတ်သော်။ (တစ်နည်း) ဝဿိတေ၊ သွန်းဖျန်းတော်မူလတ်သော်။ [ဝဿုဓာတ်သည်သေက (သွန်းလောင်းခြင်း) အနက်ကို ဟောသောကြောင့် ကာရိတ် မပါသော်လည်း အဓိပ္ပာယ် ရနိုင်သည်။ "ဝဿိတေပိ"ဟု သမ္ဘာဝနာဇောတက ပိသဒ္ဒါပါလျှင် ကောင်း၏။] ဝိသေသံ၊ တရားထူးကို။ နိဗ္ဗတ္တေတုံ၊ ဖြစ်စေခြင်းငှာ။ နာသက္ခိ၊ မစွမ်းနိုင်။
ကေဝလံ၊ တရားထူးမဖက် သက်သက်။ အဿ၊ ထိုသောဏဒဏ္ဍပုဏ္ဏား၏။ သဗ္ဗာ၊ အလုံးစုံသော။ ပုရိမပစ္ဆိမကထာ၊ ရှေ့၌ဖြစ်သောစကား နောက်၌ဖြစ်သောစကားသည်။ [သရဏဂုံ မတည်မီ ရှေ့အဖို့၌ ဖြစ်သောတရားစကား, သရဏဂုံတည်ပြီးနောက်မှ ဟောအပ်သောတရားစကားသည်။] အာယတိံ၊ နောင်အခါ၌။ နိဗ္ဗာနတ္ထာယ၊ နိဗ္ဗာန်အကျိုးငှာလည်းကောင်း။ ဝါသနာဘာဂိယာယစ၊ ဝါသနာအဖို့ ရှိသည်၏အဖြစ်အကျိုးငှာလည်းကေင်း။ အဟောသိ၊ ဖြစ်ပြီ။ ဣတိ၊ သောဏဒဏ္ဍသုတ် အပြီးတည်း။ [ဝါသနာဘာဂေါ + ယဿာတိ ဝါသနာဘာဂိယာ (ကထာ)။ ဘာဝပ္ပဓာန ဘာဝလောပကြံပါ။]
ဣတိ၊ ဤဆိုအပ်ပြီးသောစကားအစဉ်ဖြင့်။ သုမင်္ဂလဝိလာသိနိယာ၊ သုမင်္ဂလ ဝိလာသိနီမည်သော။ ဒီဃနိကာယဋ္ဌကထာယံ၊ ဒီဃနိကာယ် အဋ္ဌကထာ၌။
သောဏဒဏ္ဍသုတ္တဝဏ္ဏနာ၊ သောဏဒဏ္ဍသုတ်၏ အဖွင့်သည်။ နိဋ္ဌိတာ၊ ပြီးပြီ။