တတ္ထ၊ ထိုတစ်ရာ့ခြောက်ဆယ့် ခြောက်ပါးသော သိက္ခာပုဒ်တို့တွင်။
တာဝ၊ ရတ္တန္ဓကာရဝဂ် စသည်တို့မှ ရှေးဦးစွာ။
(သံဂီတဿ၊ သံဂါယနာ တင်အပ်သော။)
လသုဏဝဂ္ဂဿ၊ လသုဏဝဂ်၏။
ပဌမသိက္ခာပဒေ၊ ပဌမသိက္ခာပုဒ်၌။
ဒွတ္တယောဂဏ္ဌိကေတိ၊ ကား။
ဒွေဝါ၊ နှစ်အုသော်လည်းဖြစ်ကုန်သော။
တယောဝါ၊ သုံးအုသော်လည်းဖြစ်ကုန်သော။
တိံသကာနန္တရံ။ ။ တိံသ (ပရိမာဏံ) ယေသန္တိ တိံသကာ၊ ပရိမာဏအနက်၌ ကပစ္စည်းသက်၊ တိံသကာနံ + အနန္တရံ တိံသကာနန္တရံ၊ တစ်နည်း- တိံသာယ + သမူဟောတိံသကံ- သုံးဆယ်သော သိက္ခာပုဒ်၏ အပေါင်း၊ တိံသကဿ + အနန္တရံ တိံသကာနန္တရံ သုံးဆယ်သော သိက္ခာပုဒ်အပေါင်း၏ အခြားမဲ့၌။
ဆသဋ္ဌိသတသင်္ဂဟော။ ။ ဆဟိ + အဓိကာ သဋ္ဌိ- ခြောက်ဆယ့်ခြောက်၊ ဆသဋ္ဌိအဓိကံ သတံယဿာတိ ဆသဋ္ဌိသတံ- ခြောက်ဆယ့်ခြောက်ပါး အလွန်ရှိသော တစ်ရာ၊ ဝါ- တစ်ရာ့ခြောက်ဆယ့်ခြောက်ပါး သင်္ဂဟသဒ္ဒါသည် သိမ်းယူကြောင်း အရေအတွက်ဟူသောအနက်ကို ဟော၏၊ "သင်္ဂယှတိ ဧတေနာတိ သင်္ဂဟော၊ ဆသဋ္ဌိသတံ + သင်္ဂဟော ယေသန္တိ ဆသဋ္ဌိသတသင်္ဂဟာ (ဓမ္မာ)" ဟု ပြု။ [ယောဇနာ၌ကား "ဆဥတ္ထရသဋ္ဌိအဓိကသတေဟိသိက္ခာပဒေဟိ သင်္ဂဟိတာ" ဟု ဖွင့်လေ၏၊ ထိုအလို သင်္ဂဟပုဒ်ကို ကံဟော ကြံပါ။]
ဒွတ္တယော။ ။ "ဒွေဝါ + တယောဝါတိ ဒွတ္တယော" ဟု ဝါသဒ္ဒါအနက်၌ သမာသ်စပ်ထားသော "သင်္ချောဘယဗဟုဗ္ဗီဟိ" တည်း၊ ထို့ကြောင့် ဒွတ္တယောကို ဒွေဝါ တယောဝါဟုဖွင့်သည်၊ ယောဇနာ၌ကား - ဝါသဒ္ဒေါ လုတ္တနိဒ္ဒိဋ္ဌောတိ အာဟ ဒွေဝါ တယောဝါတိ၊ ပါဠိတော်၌ ဝါသဒ္ဒါ ကျေနေသည်" ဟု ဖွင့်ပြလေ၏၊ အမှန်မှာ ဝါသဒ္ဒါ ကျေခြင်း မဟုတ်, သမာသ်ပုဒ်သာဖြစ်သည်၊ နေရာတိုင်းမှာ ဤနည်းချည်းဟု မှတ်ပါ။
ဖောဋနိကေ၊ အမြှောင့်များစွာပါသော ကြက်သွန်ဖြူတို့ကို။ (ဒေဟိ၌ စပ်။) ဧတံ၊ ဤဂဏ္ဌိကေဟူသော သဒ္ဒါသည်။ သမ္ပုဏ္ဏမိဉ္ဇာနံ၊ ပြည့်စုံသော အဆံ အမြှောင့်ရှိသော ကြက်သွန်ဖြူတို့ကို။ အဓိဝစနံ၊ ဟောသောသဒ္ဒါတည်း။သော တာသံဧကေကန္တိ၊ ကား။
ဟံသော၊ ထိုရွှေဟင်္သာသည်။
ဇာတိဿရော၊ ရှေးဘဝကိုအောက်မေ့နိုင်သည်။
အဟောသိ၊ ဖြစ်ပြီ။
အထ၊ ထိုအခါ၌။
ပုဗ္ဗသိနေဟေန၊ ရှေး၌ဖြစ်သော ချစ်ခြင်းကြောင့်။
အာဂန္တွာ၊ လာ၍။
တာသံ၊ ထိုသားသမီးတို့အား။
ဧကေကံ၊ တစ်ခုခုသော။
ပတ္တံ၊ အတောင်ကို။
ဒေတိ၊ ပေး၏။
တံ၊ ထိုအတောင်သည်။
တာပနတာလနစ္ဆေဒနက္ခမံ၊ မီး၌ ပူစေခြင်း, ထုရိုက်ခြင်း. ဖြတ်တောက်ခြင်းကိုခံနိုင်သော။
သုဝဏ္ဏမေဝ၊ ရွှေအစစ်သာလျှင်။
ဟောတိ၊ ၏။
[တာပနဟူသည် မီးအိုးခင်းပေါ်၌ လှော်ခြင်း ဦးခြင်းတည်း၊ တာလနကား ထုရိုက်ခြင်းတည်း၊ အချို့စာအုပ်များ၌ "ဖာလန" ဟု ရှိ၏, မကောင်း၊ ဆေဒနကား တန်ဆာလုပ်ဖို့ရန် ဖြတ်ခြင်းတည်း။]
ဂဏ္ဌိက, ဖောဋနိက။ ။ ဂဏ္ဌိကသဒ္ဒါသည် အဆစ်အဖုအနက်ကို ဟော၏၊ ဖုဋနသဒ္ဒါလည်း အခွဲအစိတ် ခွဲစိတ်အပ်ဟူသော အနက်ကို ဟော၏၊ ကြက်သွန်ဖြူ၌ အစိတ်အစိတ်ကွဲနေသော အမြှောင့်တို့ကို "ဂဏ္ဌိ, ဖုဋန" ယူ၍ "ဂဏ္ဌိနော ယဿာတိ ဂဏ္ဌိကော, ဖုဋနာနိယဿာတိ ဖောဋနိကော" ဟု ဖြစ်သင့်၏၊ စာအုပ်များ၌ "ဘဏ္ဍိက, ဖောဋလိက" ဟု ရှိ၏ ထိုပုဒ်မျိုး ရှိ မရှိ သတိပြုပါ။
ဇာတိဿရော။ ။ ဇာတိ- ရှေးအဖြစ်ကို + သရတိ- အောက်မေ့နိုင် မှတ်မိနိုင်၏၊ ဣတိ ဇာတိဿရော၊ ဤ "ဇာတိဿရ" ဟူသည် ဉာဏ်မဟုတ် သတိသာတည်း၊ ဧကနိပတ်, သုဝဏ္ဏဟံသဇာတ်၌ကား "ဇာတိဿရညာဏဉ္စဿ ဥပ္ပဇ္ဇိ" ဟု ရှိ၏၊ ထိုအလို "ဉာဏ်" ဟု ယူသင့်သော်လည်း အမှန်အားဖြင့် ဉာဏ်အစစ် မဟုတ်နိုင်၊ ဉာဏ်အတု သတိသာဖြစ်သင့်၏၊ ထိုသတိလည်း ကုသိုလ်အရာ၌ အမှတ်ရခြင်း မဟုတ်သောကြောင့် သတိအတုဖြစ်သော သညာ အမှတ်သာ ဖြစ်သင့်ပါသည်၊ အဘိဓမ္မာ၌ သတိစစ် ဉာဏ်စစ်မှန်လျှင် သောဘနစေတသိတ်သာ ဖြစ်သည်။
ယံကိဉ္စိ ပါနီယန္တိ၊ ကား။
သုဒ္ဓဥဒကံဝါ၊ သက်သက်သော ရေသည်မူလည်း။
ဟောတု၊ ဖြစ်စေ။
တက္ကဒဓိမတ္ထုရသခီရာဒီနံဝါ၊ ရက်တက်ရည်, နို့ဓမ်း၏အကြည်, သားငါးတို့၏ အရည်, နို့ရည် အစရှိသည်တို့တွင်။
ဘတ္တဝိသဂ္ဂံ။ ။ ဝိသဇ္ဇနံ- စွန့်လွှတ်ခြင်း + ဝိဘဂ္ဂေါ- စွန့်လွှတ်ခြင်း၊ ဘတ္တဿ- ဆွမ်းကို + ဝိသဂ္ဂေါ- ခံတွင်း၌ စွန့်လွှတ်ခြင်းတည်း၊ ဘတ္တဝိသဂ္ဂေါ ခြင်း၊ "ဆွမ်းကို ခံတွင်း၌ စွန့်လွှတ်ခြင်း" ဟူသည် ဆွမ်းစားခြင်းကိစ္စပင်တည်း၊ ထို့ကြောင့် "ဘတ္တကိစ္စံ" ဟု အဓိပ္ပာယတ္ထဖွင့်သည်။
ယံကိဉ္စိ ပါနီယံ။ ။ "ပါတဗ္ဗံဟိ ပါနိယံ" နှင့်အညီ ရေသာမက သောက်ဖွယ်ဟူသမျှကို ဤနေရာ၌ "ပါနီယ" ဟု ခေါ်နိုင်၏၊ ထို့ကြောင့် "ယံကိဉ္စိ" ဟူသော ဝိသေသနအရသုဒ္ဓဥဒကံဝါ စသည်ဖြင့် "သောက်ဖွယ်" ဟူသမျှကို ဖွင့်ပြသည်၊ ယောဇနာ၌ကား ပါနီယကို "ဥပလက္ခဏနည်း" ဟု ဆိုလေ၏၊ ဒဓိမတ္ထုဟူသည် နို့ဓမ်းအခဲ၏ အပေါ်၌ တက်နေသော အကြည်ရည် (ဒိန်ရည်) တည်း၊ ရသဟူသည်ကား ငါးရည် အမဲရည်တည်း။
အညတရံဝါ၊ တစ်ပါးပါးသည်မူလည်း။ (ဟောတု၊ ဖြစ်ပါစေ။ ပါနီယံနာမ၊ မည်၏။)**ပုဗ္ဗာပရဝိရုဒ္ဓံ**။ ။ "ပုနပိ ဝုတ္တံ" ဟု ဆိုအပ်သော စကားကို ရည်ရွယ်၍ "ပုဗ္ဗာပရဝိရုဒ္ဓံ" ဟု ဆိုသည်။ ချဲ့ဦးအံ့- သူတစ်ပါး၏ တောင်းခြင်းကြောင့် ရအပ်သော အာမကဓညသည် (မခိုင်းဘဲ တောင်းခြင်းဖြစ်ရကား) ဤအဝိညတ္တိယာ လဒ္ဓံတုန်းက ကိုယ်တိုင် ပြုသည်ဖြစ်စေ, သူတစ်ပါးကို ခိုင်းသည်ဖြစ်စေ အထူးမပြဘဲ ဒုက္ကဋ်ချည်းသာ ဆိုခဲ့၏၊ ဤ "ပုနပိ ဝုတ္တံ" အစချီသော စကား၌ကား "အဝိညတ္တိကြောင့် ရအပ်သော စပါးစိမ်ကို ကိုယ်တိုင်လှော်မှုစသည်ပြု၍ စားလျှင် ပါစိတ်, သူတစ်ပါးကို ခိုင်း၍ စားလျှင် ဒုက္ကဋ်" ဟု ဆိုပြန်သောကြောင့် ရှေ့စကားနှင့် ဆန့်ကျင်သည်-ဟူလို၊ ထို့ကြောင့် အဝိညတ္တိကြောင့် ရအပ်သော စပါးစိမ်းကိုကိုယ်တိုင် ဘဇ္ဇန စသည်ပြု၍ဖြစ်စေ, သူတစ်ပါးကို ခိုင်း၍ဖြစ်စေ စားသောဘိက္ခုနီမှာ ဒုက္ကဋ်သာ သင့်၏ဟု ဆုံးဖြတ်ပါ၊ ဋီကာ။
နဝကမ္မတ္ထာယ၊ နဝကမ္မအကျိုးငှာ။
သမ္ပဋိစ္ဆိတုံ၊ လက်ခံခြင်းငှာ။
ဝဋ္ဋတိ၊ အပ်၏။
ဣတိ၊ သို့။
မဟာပစ္စရိယံ ဝုတ္တံ၊ အဋ္ဌမေ၊ ၌။
ဧတေန၊ ဤပုဏ္ဏားသည်။
နိဗ္ဗိဋ္ဌော၊ အမြဲသက်ဝင်စေအပ်ပြီးသော။
ဝါ၊ တည်မြဲစေအပ်ပြီးသော (ခိုင်မြဲသော။)
ရာဇဘတော၊ မင်း၏ ဆည်းကပ်ကြောင်း အခွန်အတုပ်သည်။
ရညော၊ မင်း၏။
ဘတိ၊ ဆည်းကပ်ကြောင်း အခွန်အတုပ်သည်။
ကေဏိ၊ ပေးထိုက်သော အခွန်အတုပ်သည်။
(အတ္ထိ၊ ၏။)
ဣတိ၊ ကြောင့်။
(ထိုသို့အမြဲသက်ဝင်နေစေအပ်ပြီးသော မင်း၏ ခစားကြောင်း အခွန်အတုပ်ရှိသည်၏ အဖြစ်ကြောင့်။
သော၊ ထိုပုဏ္ဏားသည်။)
နိဗ္ဗိဋ္ဌရာဇဘတော၊ မည်၏။
ဧကံ၊ တစ်ခုသော။
ဌာနန္တရံ၊ နေရာဌာနအထူးကို။
ကေဏိယာ၊ အခွန်အတုပ်ဖြင့်။
ဂဟေတွာ၊ ယူ၍။
တတော၊ ထိုဌာနမှ။
လဒ္ဓဥဒယော၊ ရအပ်သော အတိုးအပွားရှိသော။
နိဗ္ဗိဠရာဖဘတော။ ။ နိ + ဝိသ တ၊ နိ + ဝိသီယိတ္ထ- မြဲစွာ သက်ဝင်စေအပ်ပြီ၊ ဣတိ နိဗ္ဗိဋ္ဌော၊ နိဗ္ဗိဋ္ဌောတိ ပတိဋ္ဌာပိတော- တည်တံ့စေအပ်ပြီးသော ရာဇဘထ၊ ဘရီယတေ အနေနာတိ ဘတော- မင်းကို ဆည်းကပ်ကြောင်း အခွန်အတုပ်၊ ရာဇဘတောတိ ရညောဘတိဟု ဖွင့်၍ ဘတိကို "ကေဏိ" ဟု ထပ်ဖွင့်သည်၊ ကေဏီတိ ရညော ဒါတဗ္ဗဿ အာယဿေတံ အဓိဝစနံ- မင်းအား ပေးထိုက်သော အခွန်အတုပ်ကို ကေဏိဟု ခေါ်၏ [ကိဏာတိဧတေနာတိ ကေဏိ- လေလံဆွဲသကဲ့သို့ ဝယ်ယူကြောင်းဖြစ်သော အခွန်အတုပ်။]
ဌာနန္တရံ။ ။ "ဌာနန္တရန္တိ- ဂါမဇနပဒါဒိဋ္ဌာနန္တရံ" ဟု ဋီကာ ဖွင့်၏၊ ရွာကို ဖြစ်စေ ဇနပုဒ်စသည်ကိုဖြစ်စေ "ဌာနန္တရ" ဟု ခေါ်၏၊ [ဌာန- အရပ် + အန္တရ- အထူး၊ ] ထိုအရပ်မှထွက်သမျှ အခွန်အတုပ်ကို ရှင်ဘုရားအား မည်ရွေ့မည်မျှ ဆက်ပါမည်ဟု တာဝန်ဟူ၍ ထိုအရပ်၌ အခွန်အတုပ် ကောက်ခံပြီးလျှင် မိမိမှာ အမြတ်အစွန်းရနေသူတည်း၊ ထို့ကြောင့် "ဧတံ ဌာနန္တရံ ကေဏိယာ ဂဟေတွာ တတော လဒ္ဓဥဒယော" ဟု ဖွင့်သည်။
(အညတရော ဗြာဟ္မဏော၌ စပ်။) ဣဝိ အတ္ထော၊ နက်။**ရောပိမဟရိတဋ္ဌာနေ**။ ။ ရောပနံ- စိုက်ပျိုးခြင်း + ရောပေန- စိုက်ပျိုးခြင်းဖြင့် + နိဗ္ဗတ္တံ ရောပိမံဟု ပြု၊ ဂန္တိမံ စသည်တို့၌ကဲ့သို့တည်း၊ ဤရောပိမဟူသော ဝိသေသနဖြင့် စိုက်ပျိုးအပ်သော အရပ်မဟုတ်ဘဲ အလေကျ ပေါက်၍ စိမ်းနေသော အရပ်ကို တားမြစ်သည်၊ ယောဇနာ၌ကား "ရောပိမဟရိတဋ္ဌာနေတိ ရောပိမဋ္ဌာနေ စ ဟရိတဋ္ဌာနေ စ၊ ရောပိယတိ အသ္မိန္တိ ရောပိယံ၊ တံယေဝ ရောပိမံ ယကာရဿ မကာရံ ကတွာ" ဟု ဖွင့်လေသည်။**အနိက္ခိတ္တဗီဇေသု**။ ။ လုံးလုံး မျိုးစေံ မချရသေးသော လယ်ယာကို "အနိက္ခတ္တဗီဇ" ဟု ခေါ်၏၊ အသဉ္ဇာတရောပိမေသုသည် ခေတ္တကောဏာဒိသု၏ ဝိသေသနတည်း၊ ပျိုးပင်များပျိုးထားသော်လည်း ကောင်းစွာ မသန်စွမ်းသောကြောင့် "အသဉ္ဇာတရောပိမ" ဟု ဆိုသည်၊ ထိုသို့ မသန်စွမ်းလျှင် ရှေ့၌ကြီးပွားဖို့ရန် မျှော်လင့်ချက် မရှိသောကြောင့် ခေတ္တကောဏစသည်တို့၌ စွန့်ပစ်ကောင်း၏၊ ခေတ္တမရိယာဒ- လယ်ယာတို့၏ ကံသင်းပေါ်၌ကား အနည်းငယ်ပျိုးပင်ငယ်များ ပျံ့နှံ့၍ ပေါက်နေသော်လည်း စိုက်ပျိုးသည့်နေရာ မဟုတ်သောကြောင့် အနာပတ္တိဝါရ၌ တိုက်ရိုက်ပါ၏၊ ရှေးနိဿယ၌ကား အနက်တစ်မျိုး ပေးထား၏။
ဥဋ္ဌဟိဿတိ၊ ထလတံ့။
ဝါ၊ ပေါက်လတံ့။
ဣတိ၊ ဤသို့မျှော်မှန်း၍။
ရက္ခန္တိ၊ စောင့်ရှောက်ကြကုန်၏။
တတ္ထ၊ ထိုလယ်ယာ၌။
ယထာဝတ္ထုကမေဝ၊ အကြင်အကြင်ဝတ္ထုကြောင်းအတိုင်းသာလျှင်။
(ဟောတိ။)