ဒုတိယေ၊ ၌။
အာယသ္မာ ကပ္ပိတကောတိ၊ ကား။
အယံ၊ ဤအရှင်ကပ္ပိတကသည်။
ဇဋိလသဟဿဗ္ဘန္တရော၊ ရသေ့တစ်ထောင်၌ အကျုံးဝင်သော။
ထေရော၊ ထေရ်တည်း။
[ဥရုဝေဠတော၌ ဘုရားရှင် ချွတ်တော်မူအပ်သော ရသေ့တစ်ထောင်တွင် တစ်ပါးအပါအဝင်-ဟူလို။]
သံဟရီတိ၊ ကား။
သင်္ကာမေသိ၊ ပြောင်းရွှေ့စေပြီ။
သံဟဋောတိ၊ ကား။
သင်္ကာမိတော၊ ပြောင်းရွှေ့စေပြီ။
ကာသာဝဋောတိ၊ ကား။
နှာပိတာ၊ သူတစ်ပါးကို ရေချိုးပေးတတ်သူတို့သည်။
ကာသာဝံ၊ ဖန်ရည်ဖြင့် ဆိုးအပ်သော အဝတ်ကို။
နိဝါသေတွာ၊ ဝတ်၍။
ကမ္မံ၊ အလုပ်ကို။
ကရောန္တိ၊ ပြုကြကုန်၏။
တံ၊ ထိုဖန်ရည်ဆိုးအပ်သော အဝတ်ကို ဝတ်ခြင်းကို။
သန္ဓာယ၊ ၍။
အာဟံသု၊ ကုန်ပြီ။
သေသံ ၊ပေ၊ ဒုက္ခဝေဒနန္တိ၊
ဒုတိယသိက္ခာပဒံ (သမတ္တံ၊ )
**ကာသာဝဋော**။ ။ ကာသာဝံ + အဋတိ ဂစ္ဆတီတိ ကာသာဝဋော၊ ဖန်ရည်ဖြင့် ဆိုးအပ်သော အဝတ်သို့ ရောက်သူ (ဝတ်သူ)၊ ခေါင်းရီတ်ပေးရုံသာမက , ခန္ဓာကိုယ်၌ ရှိသော အညစ်အကြေးများကို စင်ကြယ်အောင် ပွတ်တိုက်၍ ရေချိုးပေးသူကို "နှာပိတ" ဟု ခေါ််၏၊ နှာပေတိ- ရေချိုးစေတတ်, ရေချိုးပေးတတ်၏၊ ဣတိ နှာပိတော၊ ယခုအခါ တိုင်းကြီး ပြည်ကြီးများ၌ ဤအလုပ်မျိုူးကို အကြီးအကျယ် လုပ်ကြသတတ်။