Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Bhikkhunīvibhaṅgavaṇṇanā
Bhikkhunīvibhaṅgavaṇṇanā

8. Aṭṭhamasikkhāpadavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

အဋ္ဌမေ၊ ၌။ ယေ၊ အကြင်ဇာတ်ဆရာတို့သည်။ နာဋကံ၊ ကချေသည်ကို။ နာဋေန္တိ၊ ကနည်းပြကုန်၏။ (တေ၊ တို့သည်။)
နဋာနာမ၊ နဋတို့မည်၏။ ယေ၊ အကြင်ကချေသည်တို့သည်။ နစ္စန္တိ၊ ကိုယ်တိုင် ကကြရကုန်၏။ (တေ၊ တို့သည်။) နာဋကာနာမ၊ နာဋကတို့မည်၏။
ယေ၊ အကြင်သူတို့သည်။ ဝံသဝရတ္တာဒီသု၊ ဝါးလုံး, သားရေလွန်ကြိုး အစရှိသည်တို့၌။ လင်္ဃနကမ္မံ၊ ခုံးလွှားခြင်းအမှုကို။ ကရောန္တိ၊ ပြုကြကုန်၏။ (တေ၊ တို့သည်။) လင်္ဃာကာနာမ၊ လင်္ဃကတို့မည်၏။ (ဘားကစားသူတို့မည်၏။)
မာယာကာရာ၊ မျက်လှည့်သမားတို့သည်။ သောကဇ္ဈာယိကာနာမ၊ သောကဇ္ဈာယိကတို့မည်၏။
ဃဋကေန၊ အိုးငယ်ဖြင့်။ ကီဠနကာ၊ တီး၍ ကစားတတ်သူတို့သည်။ ကုမ္ဘထုနိကာနာမ၊ ကုမ္ဘထုနိကတို့မည်၏။ ဗိမ္ဗိသကဝါဒကာတိပိ၊ လေးထောင့်စည်ကို တီးတတ်သူတို့ဟူ၍လည်း။ ဝဒန္တိ၊ ကုန်၏။

ဒေတိ အာပတ္တိ ပါစိတ္တိယဿာတိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။

နဋနာဋက။ ။ ပါဠိအဘိဓာန် (၁ဝ၁) ၌ "နဋ္ဋကော နာဋကော နဋော" ဟု ကချေသည်အနက်ကို ဟောရာ၌ ပရိယာယ် ပြထား၏၊ ထောမနိဓိ၌ကား "နဋသဒ္ဒါ၏ နာဋကစသူတို့အတွက် ကာဗျ, ကနည်းကို ပြုလုပ်တတ်သူအနက်ကိုလည်းကောင်း, နာဋကသဒ္ဒါ၏ ကချေသည်အနက်ကိုလည်းကောင်း ပြ၏၊ ထိုထောမနိဓိ ဖွင့်ပုံသည်သာ ဤအဋ္ဌကထာဖွင့်နှင့်ညီ၏၊ [နာဋေန္တိ- ကနည်းကို ပြတတ်ကုန်၏၊ ဣတိ နဋာ၊ စုရာဒိဖြစ်၍ "နာဋေန္တိ" ဟု ရှိသည်။]

မာယာကာရာ။ ။ မာဓာတ်, ယတ်ပစ္စည်းဖြင့် ပြီးသော မာယာသဒ္ဒါသည် ဣန္ဒဇာလ (မျက်လှည့်) အနက်ကို ဟော၏၊ မာယာကာရာ- မျက်လှည့်သမားတို့။ ["ယောဇနာ၌ကား "မယမည်သော အသုရာသည် အခြားအသုရာတို့ တုန်လှုပ်သွားအောင် ပြုလုပ်ဖန်ဆင်းအပ်သောကြောင့် "မယဿ + ဧသာ မာယာ- မယအသုရာ၏ ဥစ္စာ" ဟု ပြု၏၊ မျက်လှည့်ပင်တည်း။]

သောကဇ္ဈာယိကာ။ ။ "သောကံ- ဝမ်းနည်းမှုကို၊ ဈာပေန္တိ- လောင်စေတတ်ကုန်၏၊ ဣတိ သောကဇ္ဈာယိကာ" ဟု ပြု၊ မျက်လှည့်ကို ကြည့်နေခိုက်၌ စိတ်၏ ဝမ်းနည်းမှုများရှိလျှင် ပျောက်သွားတတ်သောကြောင့် မျက်လှည့်သမားများကိုပင် သောကဇ္ဈာယိကခေါ်သည်ဟု ကြံပါ၊ ["ယောဇနာ၌ကား "သောကေန ဈာယနံ ဍယှနံ သောကဇ္ဈာယော" စသည်ဖြင့် ပြုလေ၏။]

ကုမ္ဘထုနိကာ။ ။ အိုး၏အသံ (အိုးစည်သံ) ကို "ကုမ္ဘထုန" ဟု ခေါ်၏၊ ကုမ္ဘထုနေန- အိုးစသည်သံဖြင့် + စရန္တိ- လှည့်လည်တတ် ကစားတတ်ကုန်၏၊ ဣတိ ကုမ္ဘထုနိကာ၊ ကုမ္ဘထုနံ အိုးစည်တီးခြင်းဟူသော + သိပ္ပံ- အတတ်သည်၊ ယေသံတိ ကုမ္ဘထုနိကာ၊- ဋီကာ။

ဗိမ္ဗိသကဝါဒကာ။ ။ သစ်သားနှစ် သို့မဟုတ် ဆင်စွယ် စသည်တို့တွင် တစ်ခုခုကို ၄ထောင့် စသည်လုပ်၍ သားရေကျက်ထားသော စည်ကို "ဗိမ္ဗိသက" ဟု လည်းကောင်း, "စတုရဿအမ္ဗက" ဟုလည်းကောင်း ခေါ်၏၊ ဗိမ္ဗိသကံ + ဝါဒေန္တီတိ ဗိမ္ဗိသကဝါဒကာ။

စီဝရဂဏနာယ၊ သင်္ကန်းအရေအတွက်အားဖြင့်။ အာပတ္တိယော၊ တို့ကို။ ဝေဒိတဗ္ဗာ၊ ကုန်၏။
သေသံ ဥတ္တာနမေဝ၊ ပေ၊ တိဝေဒနန္တိ၊
အဋ္ဌမသိက္ခာပဒံ (သမတ္တံ၊ )