အာဒိဿ ဒိန္နန္တိ၊ ကား။
သမ္ပတ္တာ၊ ရောက်လာကုန်သော ရဟန်းမတို့သည်ၑ။
ဘာဇေန္တု၊ ဝေဖန်ကြကုန်။
[ကထိန်အာနိသင် ရသည်ဖြစ်သေ မရသည်ဖြစ်စေ လာလာသမျှ ဘိက္ခုနီသံဃာတို့ ဝေဖန်ကြပါ-ဟူလို။]
ဣတိ၊ ဤသို့။
ဝတွာ၊ လျှောက်၍။
(ဒိန္နံ)ပိ၊ လှူအပ်သော သင်္ကန်းသည်လည်းကောင်း။
ဣဒံ၊ ဤသင်္ကန်းကို။
ဂဏဿ၊ ဂိုဏ်းအား။
[သုတ္တန္တိကဂိုဏ်း, အာဘိဓမ္မိကဂိုဏ်း စသော ဂိုဏ်းအား။]
(ဒမ္ပိ၊ လှူပါ၏။
ဣတိ၊ သို့။
ဝတွာဝါ၊ သော်လည်းကောင်း။
ဒါတုကမျတာယ၊ လှူခြင်းငှာ အလိုရှိသည်၏ အဖြစ်ကြောင့်။
ပါဒမူလေ၊ ၌။
ထပေတွာဝါ၊ သော်လည်းကောင်း။
ဒိန္နံပိ၊ လှူအပ်သော သင်္ကန်းသည်လည်းကောင်း။
အာဒိဿ ဒိန္နံနာမ၊ အာဒိဿ ဒိန္နမည်သည်။
ဝါ၊ ရည်စူး၍ လှူအပ်သော သင်္ကန်းမည်သည်။
အာဒိဿ ဒိန္နံ။ ။ သင်္ကန်းကာလ၌ပင် ဖြစ်သော်လည်း "ရောက်လာသမျှ ဝေ၍ယူကြပါကုန်" ဟု လျှောက်၍ လှူအပ်သော သံဃိကသင်္ကန်းသည် အာဒိဿ ဒိန္နသင်္ကန်း (ရောက်လာသမျှကို ရည်စူး၍ လှူအပ်သော သင်္ကန်း) တည်း။ [ရောက်လာသမျှဟု ဆိုသောကြောင့် ကထိန်အာနိသင် ရ-မရ အားလုံးနှင့် ဆိုင်သည်။] ဤသို့ သံဃိက အာဒိဿ ဒိန္နဖြစ်သောကြောင့် "ဝတွာပိ" ဟု သီးခြား ခွဲထားသည်၊ ဒိန္နံဟု ထည့်၍ ဤပိဖြင့် နောက် ဒိန္နပိကိုပေါင်းပါ။ [ကင်္ခါ၌ကား ၂ နေရာလုံး၌ ပိ မပါ၊ ဤနေရာ၌လည်း "ဝတွာဝါ" ဟုသာ ရှိ၏၊ စာသွားတစ်မျိုးစီဟု မှတ်ပါ။]
ဣဒံ ဂဏဿ ၊ပေ၊ ဒိန္နံ။ ။ "ဣဒံ ဂဏဿ ဒမ္မီတိ ဝတွာဝါ" ဟု လိုက်သင့်ရာပုဒ်များကို လိုက်စေ၍ အနက်ပေးရသည်၊ ဤလှူခြင်းကား ဂဏိကအာဒိဿဒိန္နတည်း၊ "ပါဒမူလေ ထပေတွာ" ကား အထူးမလျှောက်ဘဲ ဘိက္ခုနီတစ်ပါး၏ ခြေရင်း၌ ထား၍ လှူခြင်းတည်း၊ ပုဂ္ဂလိက အာဒိဿဒိန္နပင်ဖြစ်သည်၊ ဒိန္နံပိ၌ ဝတွာ (ဒိန္နံ) ပိကို ပေါင်း၊ ထို့ကြောင့် ဝတွာပိတုန်းက "ဝတွာ (ဒိန္နံ) ပိ" ဟု ဆိုခဲ့ရသည်။
ဟောတိ၊