ဇဋာသုတ်အဖွင့်။
ဆဋ္ဌေ၊ ဆဋ္ဌသုတ်၌။
ဇဋာဘာရဒွါဇောတိ၊ ဇဋာဘာရဒွါဇောဟူသည်ကား။
ဧသ၊ ဤပုဏ္ဏားသည်။
ဘာရဒွါဇောဝ၊ ဘာရဒွါဇသာတည်း။
ဇဋာပဉှဿ၊ ဇဋာပဉှာကို။
ပုစ္ဆိတတ္တာ ပန၊ မေးအပ်သည်၏ အဖြစ်ကြောင့်ကား။
သင်္ဂီတိကာရေဟိ၊ သင်္ဂါယနာတင်ဆရာတို့သည်။
ဧဝံ၊ ဤသို့ဇဋာဘာရဒွါဇောဟူ၍။
ဝုတ္တော၊ ဆိုအပ်၏။
သေသံ၊ ကြွင်းသောစကားရပ်သည်။
ဒေဝတာသံယုတ္တေ၊ ဒေဝတာသံယုတ်၌။
ကထိတမေဝ၊ ဆိုအပ်ပြီးသည်သာလျှင်တည်း။
ဆဋ္ဌံ၊ ခြောက်ခုမြောက်သောသုတ်တည်း။