ကုလာဝကသုတ်အဖွင့်
ဆဋ္ဌေ၊ ဆဋ္ဌသုတ်၌။
အဇ္ဈဘာသီတိ၊ အဇ္ဈဘာသိဟူသည်ကား။
သိမ္ဗလိဝနာဘိမုခဿ၊ လက်ပံတောသို့ရှေ့ရှု။
ဇာတဿ၊ ဖြစ်သော။
တဿ၊ ထိုသိကြားမင်း၏။
ရထသဒ္ဒေါ စ၊ ရထား၏တန်ဆာဖြစ်သော ရွှေခြူကွန်ယက်စသည်တို့၏ အသံသည်လည်းကောင်း။
အာဇာနိယသဒ္ဒေါ စ၊ တစ်ထောင်သောအာဇာနည်မြင်းတို့၏ အသံသည်လည်းကောင်း။
ဓဇသဒ္ဒေါ စ၊ ယူဇနာနှစ်ရာ့ငါးဆယ် မြင့်သွယ်အလွန် အောင်တံခွန်အသံသည်လည်းကောင်း။
သမန္တာ၊ ထက်ဝန်းကျင်မှ။
အသနိပါတသဒ္ဒေါ ဝိယ၊ အထောင်မက မိုးကြိုးကျသောအသံကဲ့သို့။
အဟောသိ ကိရ၊ ဖြစ်သတတ်။
တံ၊ ထိုသို့ကြောက်မက်ဖွယ်သောအသံကို။
သုတွာ၊ ကြား၍။
သိမ္ဗလိဝနေ၊ လက်ပံတော၌။
ဗလဝသုပဏ္ဏာ၊ အားကြီးသော ဂဠုန်တို့သည်။
ပလာယိံသု၊ ပျံပြေးကုန်၏။
ဇရာဇိဏ္ဏာ စေဝ၊ ဂဠုန်ငှက်အိုတို့သည်လည်းကောင်း။
ရောဂဒုဗ္ဗလာ စ၊ အနာနှိပ်စက်သဖြင့်ခွန်အားမဲ့သော ဂဠုန်ငှက်တို့သည်လည်းကောင်း။
အသဉ္ဇာတပက္ခပေါတကာ စ၊ ပေါက်စသာဖြစ်သော အတောင်မရှိသော ဂဠုန်ငှက်ငယ်တို့သည်လည်းကောင်း။
ပလာယိတုံ၊ ပျံထွက်ခြင်းငှါ။
အသက္ကောန္တာ၊ မတတ်နိုင်ကုန်သည်ဖြစ်၍။
မရဏဘယေန၊ သေဘေးမှ။
တဇ္ဇိတာ၊ ထိတ်လန့်ကုန်ရကား။
ဧကပ္ပဟာရေနေဝ၊ တစ်ပြိုင်နက်သော ခဏဖြင့်သာလျှင်။
မဟာဝိရဝံ၊ သည်းထန်စွာသော မြည်တမ်းခြင်းကို။
ဝိရဝိံသု၊ မြည်တမ်းကုန်၏။
သက္ကော၊ သိကြားမင်းသည်။
တံ၊ ထိုဂဠုန်ငှက်တို့၏မြည်သံကို။
သုတွာ၊ ကြား၍။
တာတ၊ အမောင်။
အယံ၊ ဤအသံသည်။
ကဿ၊ အဘယ်သတ္တဝါ၏။
သဒ္ဒေါ၊ အသံနည်း။
ဣတိ၊ ဤသို့။
မာတလိံ၊ မာတလိနတ်ကို။
ပုစ္ဆိ၊ မေး၏။
သက္က
ဒေဝ (ဆဋ္ဌ)
၊ သိကြားမင်း။
တေ၊ ရှင်သိကြားမင်း၏။
ရထသဒ္ဒံ၊ ရထားသံကို။
သုတွာ၊ ကြားသောကြောင့်။
သုပဏ္ဏာ၊ ဂဠုန်တို့သည်။
ပလာယိတုံ၊ ပြေးထွက်ခြင်းငှါ။
အသက္ကောန္တာ၊ မတတ်နိုင်ကုန်ရကား။
ဝိရဝန္တိ၊ မြည်တမ်းကုန်၏။
ဣတိ၊ ဤသို့ နားတော်လျှောက်၏။တံ၊ ထိုစကားကို။
သုတွာ၊ ကြား၍။
ကရုဏာယ
ကရုဏာသမာဝဇ္ဇိတဟဒယော (ဆဋ္ဌ)
၊ သတ္တဝါတို့အား သနားခြင်းကရုဏာဖြင့်။
သမာဝဇ္ဇိတဟဒယော
ကရုဏာသမာဝဇ္ဇိတဟဒယော (ဆဋ္ဌ)
၊ ကောင်းစွာ နှလုံးသွင်းသောစိတ်ရှိသည်ဖြစ်၍။
အဘာသိ၊ ကုလာဝကာ မာတလိစသော စကားကို သိကြားမင်း ဆိုသတည်း။ဤသာမုခေနာတိ၊ ဤသာမုခေနဟူသည်ကား။
ရထဿ၊ ရထား၏။
ဤသာမုခေန၊ ရထားလှည်းသန်ဦးပွတ်သည်။
ယထာ၊ အကြင်အခြင်းအရာအားဖြင့် နှင်သည်ရှိသော်။
ကုလာဝကော
ကုလာဝကေ (ဆဋ္ဌ)
၊ ဂဠုန်ငှက်တို့၏အသိုက်သည်။
ဤသာမုခေ
ဤသာမုခံ (ဆဋ္ဌ)
၊ ရထားလှည်းသန်ဦးပွတ်၌။
န သဉ္စုဏ္ဏေတိ၊ မှုန့်မှုန့်ညက်ညက်မကြေ။
ဧဝံ၊ ဤသို့အခြင်းဖြင့်။
ဣမိနာ ဤသာမုခေန၊ ဤရထားလှည်းသန်ဦးပွတ်သည်။
တေ၊ ထိုလက်ပံတောတို့ကို။
ပရိဝဇ္ဇယ၊ ကြဉ်စေလော့။ဟိ၊ အကြင့်ကြောင့်။
ပုညပစ္စယနိဗ္ဗတ္တော၊ မြတ်သောပြန့်ပြောသောကောင်းမှုကံကို အကြောင်းပြု၍ဖြစ်သော။
သော ရထော၊ ထိုဝေဇယန္တာရထားသည်။
စက္ကဝါဠပဗ္ဗတေပိ၊ စကြဝဠာတောင်မင်းသည်လည်း။
သိနေရုမှိပိ၊ မြင်းမိုရ်တောင်သည်လည်း။
သမ္မုခီဘူတေ၊ ရှေ့ရှုဖြစ်သည်ရှိသော်။
ဝိနိဝိဇ္ဈိတွာဝ၊ ထုတ်ချင်းထွင်း၍သာလျှင်။
ဂစ္ဆတိ၊ သွား၏။
န သဇ္ဇတိ၊ မငြိတွယ်။
အာကာသဂတသဒိသေနေဝ၊ ကောင်းကင်သို့သွားသည်နှင့် အတူသာလျှင်။
ဂစ္ဆတိ၊ သွား၏။
တေန၊ ထိုသို့သဘောရှိသော။
သိမ္ဗလိဝနေန၊ လက်ပံတောအလယ်ဖြင့်။
ဂတော၊ သွားသည်။
သစေ ဘဝေယျ၊ အကယ်၍ ဖြစ်ငြားအံ့။
ယထာ၊ ဥပမာကား။
မဟာသကဋေ၊ လှည်းကြီးသည်။
ကဒလိဝနမဇ္ဈေန ဝါ၊ ငှက်ပျောတောအလယ်ဖြင့်လည်းကောင်း။
ဧရဏ္ဍဝနမဇ္ဈေန ဝါ၊ ကြက်ဆူတောအလယ်ဖြင့်လည်းကောင်း။
ဂစ္ဆန္တေ၊ သွားသည်ရှိသော်။
သဗ္ဗဝနံ၊ ကြက်ဆူ, ငှက်ပျောတော အလုံးသည်။
ဝိဘဂ္ဂံ၊ ထိုမှဤမှကျိုးပဲ့သည်။
နိမ္မထိတံ၊ မွှေနှောက်အပ်သည်။
ဟောတိ၊ ဖြစ်၏။
ဧဝံ၊ ထိုကဲ့သို့။
တမ္ပိ သိမ္ဗလိဝနံ၊ ထိုလက်ပံတောသည်လည်း။
ဘဝေယျ၊ ဖြစ်ရာ၏။
ဆဋ္ဌံ၊ ခြောက်ခုမြောက်သောသုတ်တည်း။