Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
胜嗣Jinadāyāda
中文
Navakanipātapāḷi
Navakanipātapāḷi

7. Paṭhamaverasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

[စာပိုဒ် (၂၀) ဝေလာမသုတ်လည်းကြည့်။] ဂဟပတိ၊ အိမ်ရှင်ဒါယကာ။ ယတော၊ အကြင်အခါ၌။ အရိယသာဝကဿ၊ အရိယာတပည့်၏။ ဝါ၊ တပည့်မှာ။ ပဉ္စ၊ ငါးမျိုးကုန်သော။ ဘယာနိ၊ စိတ်ကြောင်ရွံ့ထိတ်လန့်ခြင်းဘေးတို့သည်။ဘယာနိ ဝေရာနိ ။ ။ ဤသုတ်နှင့် ပဉ္စကနိပါတိ စာပိုဒ် (၁၇၄) ဝေရသုတ်, ဒသကနိပါတ်စာပိုဒ် (၉၂)ဘယသုတ်တို့၌ "ဘယာနီတိ စိတ္တုတြာသဘယာနိ၊ ဝေရာနိီတိ အကုသလဝေရာနိပ် ပုဂ္ဂလဝေရာနိပိ" ဟူ၍ အဋ္ဌကထာဖွင့်၏၊ ထိုအဖွင့်အတိုင်း- ဘယဟူသည် စိတ်ကြောက်ရွံ့ထိတ်လန့်ခြင်းတည်းဟူသောဘေး (စိတ္တုတြာသဘေး) တည်း၊ ပရမတ္တတရားကိုယ်ကောက်သောအခါ ဒေါသပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ် (သို့မဟုတ်) ဒေါသမူ စိတ္တုပ္ပါဒ်ကို စိတ္တုတြာသဘယဟု မိန့်ဆိုတော်မူကြ၏။ သို့သော် ဤသုတ်ပါဠိတော်၌လည်းကောင်း, ပြခဲ့သော ပဉ္စက နိပါတ်ဝေရသုတ် "ပဉ္စ ဂဟပတိ ဘယာနိ ဝေရာနိ ။ပ။ကတမာနိ ပဉ္စ၊ ပါဏာတိပါတံ အဒိန္နာဒါနံ" စသော ပါဠိတော်၌လည်းကောင်း ပါဏာတိပါတစေတနာမှစ၍ သုရာမေရယမဇ္ဇပမာဒဋ္ဌာနစေတနာတိုင်အောင်သော စေတနာငါးမျိုးကို ဘယငါးမျိုး, ဝေရငါးမျိုးဟု ဟောတော်မူသောကြောင့် ဤနေရာ၌ စိတ္တုတြာသဘယဟူသည် ယခင်ဒေါသမူစိတ္တုပ္ပါဒ်နှင့်တကွ ထိုစေတနာငါးမျိုးလုံးဖြစ်၏၊အကုသိုလ်အားလုံးပင် စိတ်ဓာတ် တုန်လှုပ်ချောက်ချားခြင်း သဘောရှိရကား စိတ္တုတြာသဘဘဟုခေါ်ဆိုရန်အကြောင်းလုံလောက်ပါ၏။
အကုသိုလ်ရန်နှင့် ပုဂ္ဂိုလ်ရန် ။ ။ ထို့ပြင် ယခင်ပြခဲ့သော အဋ္ဌကထာအဖွင့်အတိုင်း အကုသလဝေရ, ပုဂ္ဂလဝေရတည်းဟူသော ဆန့်ကျင်ဘက် ရန်ကို ဝေရဟုခေါ်၏၊ ထိုတွင် သူတပါးကို သတ်ဖြတ်ခြင်း စသော အကုသိုလ်ပြုသော ပုဂ္ဂိုလ်၏ သန္တာန်၌ဖြစ်သော ပါဏာတိပါတစေတနာစသော အဇ္ဈတ္တိကဝေရ (အတွင်းရန်) ကို အကုသလဝေရ (အကုသိုလ်ရန်) ဟုခေါ်၏၊ မိမိက သူတပါးကို သတ်ဖြတ်မှု စသည်ကို ပြုထားသောကြောင့် ပြန်၍ ကလဲ့စားချေလိုသော တဖက်ရန်သူသန္တာန်၌ဖြစ်သော သတ်လိုသော စေတနာစသော ဗာဟိရဝေရ (အပြင်ရန်) ကို ပုဂ္ဂလဝေရ (ပုဂ္ဂိုလ်ရန်) ဟုခေါ်၏။
ဤသုတ်ဋီကာအဖွင့် ။ ။ ဤသုတ်ဋီကာ၌ကား၊ ဤသုတ်အဋ္ဌကထာကို မဖွင့်တော့ဘဲ သံယုတ်အဋ္ဌကထာ၊ ဒု-၆၇ (နိဒါနဝဂ္ဂ၊ ပဉ္စဘယသုတ်) နှင့်၎င်းဋီကာ (ဒု-၈၄၊၈၅) အဖွင့်များကို ယူပြီး အနည်းငယ်ဖြည့်စွက်ဖွင့်ပြထား၏။ယင်းဋီကာအဖ္ငင့်ကား- "ဘယာနိ ဝေရာနီတိ ဘီယတေ ဘယံ၊ ဘယေန ယောဂါ, ဘာယိတဗ္ဗဋ္ဌေန ဝါ ဘယံ ဧဝ ဝေရပ္ပသဝနဋ္ဌေန ဝေရန္တိ စ လဒ္ဒနာမာ စေတနာဒယော" စသည်ဖြစ်၏၊ [ဤ၌ စေတနာဒယော" ဟု အာဒိသဒ္ဒါပါနေသော်လည်း ဗာဟိရဝေရ၏အဖွင့်နှင့် သံယုတ်ဋ္ဌဋီတို့၌ အာဒိသဒ္ဒါမပါ။]
ထိုဋီကာအတိုင်းဖွင့်ဆိုရသော်- ဘီယတောဘယံ- ကြောက်ရွံ့ထိတ်လန့်ခြင်း၊ ကြောက်ရွံ့မှုအကုသိုလ်၊ဘယေန ယုတ္တာနိ ဘယာနိ- ကြောက်ရွံ့မှုအကုသိုလ်နှင့် ယှဉ်တွဲသော ပါဏာတိပါတ စသော စေတနာများ၊ (တနည်း) ဘာယိတဗ္ဗာနီတိ ဘယာနိ- ကြောက်ရွံ့ဖွယ် ထိုစေတနာများ။ ဝေရံ ပသဝန္တီ တိ ဝေရာနိ- အကုသိုလ်ရန်ကို ဖွင့်ပွားစေတတ်သော ထိုစေတနာများ။ နောက်၌မူ "ဘယံ ဝေရန္တိ အတ္ထတော ဧကံ၊ ဝေရံ ဝုစ္စတိဝိရောဓာ၊ တဒေဝ ဘာယီတဗ္ဗတော ဝုစ္စတိ" ဟုလည်း ပြထားသောကြောင့် "ဝေရံ ပသဝန္တိ" ဟု တဒ္ဓိတ်မဆင့်သော်လည်း လိုအပ်သော အနက်ဓိပ္ပါယ်ကို ရနိုင်ပါ၏။
(စိတ်ကြောက်ရွံ့ထိတ်လန့်ခြင်း တည်းဟူသော စိတ္တုတြာသ ဘေးတို့သည်။ ဝေရာနိ၊ အကုသိုလ်ရန်, ပုဂ္ဂိုလ်ရန်တို့သည်။ ဝူပသန္တာနိ၊ ငြိမ်းအေးကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ (တနည်း) ပဉ္စ၊ ကုန်သော။ ဘယာနိ၊ ကြောက်ရွံ့မှုအကုသိုလ်နှင့်ယှဉ်တွဲကုန်သော။ ဝါ၊ ကြောက်ဖွယ်ဘေးဖြစ်ကုန်သော။ ဝေရာနိ၊ အကုသိုလ်ရန်ကို ဖြစ်ပွားစေတတ်သော စေတနာတို့သည်။ ဝါ၊ ဆန့်ကျင်ဘက်ရန်တည်းဟူသော စေတနာတို့သည်။ ဝူပသန္တာနိ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ စ၊ ထို့အပြင်။ စတူဟိ၊ လေးပါးကုန်သော။ သောတာပတ္တိယင်္ဂေဟိ၊ သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါတို့နှင့်။သောတာပတ္တိယင်္ဂတရားလေးပါးနှစ်မျိုး ။ ။ သောတာပတ္တိ ယင်္ဂတရာလေးပါးသည် (က) သောတာပတ္တိမဂ်ဖိုလ်မရမီက လေးပါးနှင့် (ခ) ရပြီးနောက် လေးပါးဟူ၍ နှစ်မျိုးနှစ်စားရှိ၏၊ ထိုနှစ်မျိုးတွင် (က) ဒီ,ပါထိကဝဂ် သင်္ဂီတိသုတ်(၁၉၀)နှင့် မဟာဝဂ္ဂသံယုတ်ပါဠိတော်သောတာပတ္တိသံယုတ်၊ ဝေဠုဒွါရဝဂ်၊ ဒုတိယသာရိပုတ္တသုတ် (နှာ၊၃၀၂) တို့၌ (၁) သပ္ပုရိသသံဿေဝ- ဘုရားအစရှိသော သူတော်ကောင်းတို့ကို မှီခိုဆည်းကပ်ခြင်း။ (၂) သဒ္ဓမ္မဿဝန- သူတော်ကောင်းတရားသစ္စာလေးပါးကို ကြားနာရခြင်း၊ (၃) ယောနိသောပနသိကာရ- သောတာပတ္တိမဂ်ရရန် အကြောင်းမှန်အနေဖြင့် အနိစ္စတာ စသည်ဖြင့် နှလုံးသွင်းခြင်း၊ (၄) ဓမ္မာနုဓမ္မပဋိပတ္တိ- လောကုတ္တရာတရားကိုးပါးအားလျော်သော သီလ သမထ ဝိပဿနာအကျင့်ကို ကျင့်ခြင်းဟူ၍ လေးပါး၊ ဤလေးပါးသောတရားသည် သောတာပတ္တိမဂ် မရမိကပင် ပြည့်စုံထားရမည်ဖြစ်ပြီး, ပြည့်စုံပါမှလည်း သောတာပတ္တိမဂ်ကိုရနိုင်၏၊ သို့ဖြစ်၍ ထိုလေးပါးကို သောတာပတ္တိမဂ်ရခြင်း၏ အကြောင်းအင်္ဂါဖြစ်သောကြောင့် သောတာပတ်တိယင်္ဂဟု ဟောတော်မူ၏၊ ဝစနတ္ထမှာလည်း-
အာဒိတော ပဇ္ဇနံ ပဋိပတ္တိ အမိဂမော အာပတ္တိ- ဦးစွာပဌမ ရောက်ခြင်းရခြင်း, သောတဿ အရိယမဂ္ဂဿ အာပတ္တိ သောတာပတ္တိ- အရိယမဂ်သို့ ဦးစွာပဌမရောက်ခြင်း၊ ဝါ- ဦးစွာပဌမ အရိယမဂ်ကို ရခြင်း (သောတာပတ္တိမဂ်ကို ရခြင်း)၊ သောတာပတ္တိယာ အင်္ဂါနိ ကာရဏာနိ သောတာပတ္တိ ယင်္ဂါနိ- အရိယမဂ်သို့ ဦးစွားပဌမရောက်ခြင်းငှာ အကြောင်းအင်္ဂါများ၊ဝါ-....ရောက်ခြင်း၏ အကြောင်းအင်္ဂါများ၊ ဝါ- သောတာပတ္တိမဂ်ကိုရခြင်း၏ အကြောင်းအင်္ဂါများ၊ ဤအနက်သည် ယခုဝေယသုတ်နှင့် မဆိုင်။
(ခ) ဤယခု ဝေရသုတ် အင်္ဂုတ္တိုရ်ပါဠိတော်၌ကား ဗုဒ္ဓေ, ဓမ္မေ, သံဃေ အဝေစ္စပသာဒနှင့် အရိယကန္တသီလဟူသော လေးမျိုးသော တရားတို့ကို သောတာပတ္တိယင်္ဂဟု ဟောတော်မူ၏၊ ထိုလေးပါးသည် သောတာပန်ဖြစ်ခြင်းကြောင့် ရရှိသော ဂုဏ်ထူးများဖြစ်၏၊ ထို့ကြောင့် သောတာပတ္တိံပတ္တဿ (ပတွာ ဌိတဿ) အင်္ဂါနိ ကာရဏာနိ သောတာပတ္တိယင်္ဂါနိ- အရိယမဂ်သို့ ဦးစွာပထမရောက်ခြင်းသို့ ရောက်ပြီးသော သေတာပန်ပုဂ္ဂိုလ်၏ အကြောင်းဂုဏ်များအင်္ဂါများ၊ ဝါ- သောတာပန်ပုဂ္ဂိုလ်ဟု သိနိုင်ကြောင်းဖြစ်သော အကြောင်းဂုဏ်အင်္ဂါမျာ၊ ဤဝစနတ္တသည်သာ ဤ ဝေရသုတ်နှင့် ဆိုင်ရ ၎င်းကိုသာ နိဿယခန်း၌ ရေးထားသည်။
(အရိယမဂ်သို့ ဦးစွားပဌမ ရောက်ခြင်းမျိုးသို့ ရောက်ပြီးသော သောတာပန် ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါတို့နှင့်။) သမန္နာဂတော၊ ပြည့်စုံသည်။ ဟောတိ၊ ၏။ (တတာ၊ ထိုအခါ၌။) သော၊ ထိုအရိယသာဝကသည်။ အာကင်္ခမာနော၊ ပြောဆိုခြင်းငှာ အလိုရှိလသော်။ အတ္တနာဝ၊ ကိုယ်တိုင်သာလျှင်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဗျာကရေယျ၊ ထုတ်ဖော်ပြောကြားနိုင်၏။ ဝါ၊ ထုတ်ဖော်ပြောကြားကောင်း၏။ (ကိန္တိ၊ သို့။ ဗျာကရေယျ၊ သနည်းဟူမူ။)
အဟံ၊ ငါသည်။ ခီဏနိရယော၊ ကုန်ဆုံးပြီးသော ငရဲဘဝခန္ဓာရှိသည်။ (ငရဲသို့ မလားရောက်ရတော့သည်။) ခီဏတိရစ္ဆာနယောနိ၊ သေဆုံးပြီးသော တိရစ္ဆာန်ဘဝခန္ဓာ ရှိသည်။ ခီဏပေတ္တိဝိသယော၊ ကုန်ဆုံးပြီးသော ပြိတ္တာဖြစ်ရာ ဘဝခန္ဓာရှိသည်။ ခီဏာပါယ ဒုဂ္ဂတိဝိနိပါတော၊ ကုန်ဆုံးပြီးသော အပါယ်ဘဝ, ဒုဂ္ဂတိဘဝ, ချမ်းသာအစုအဝေးမှဖောက်ပြန်စွာ လျော့ကျရာ ဘဝရှိသည်။ အမှိ၊ ဖြစ်၏။ (အဟံ၊ ငါသည်။) သောတပန္နော၊ သောတာပန်ပုဂ္ဂိုလ်သည်။ ဝါ၊ အရိယမဂ်အယဉ်သို့ ရောက်ပြီးသော ပုဂ္ဂိုလ်သည်။ အဝိနိပါတဓမ္မော၊ မိမိကိုယ်ကို အပါယ်လေးပါးတို့၌ ဖောက်ပြန်စွာ ကျရောက်စေတတ်သော သဘောမရှိသည်။ နိယတော၊ သောတာပတ္တိမဂ် တည်းဟူသော ဓမ္မနိယာမဖြင့် အထက်မဂ်ရရန် ကိန်းသေမြဲသောသူသည်။ ဝါ၊ အောက်ထစ်ဆုံး (၇) ဘဝမှနောက်၌ မဖြစ်ခြင်းသဘောအားဖြင့် မြဲသောသူသည်။ သဗ္ဗောဓိပရာယဏော၊ အထက်မဂ်သုံးပါးတည်းဟူသော နောက်ထပ် လားရောက်ဖွယ် တရားထူးရှိသူသည်။ အသ္မိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ (ဗျာကရေယျ၊ နိုင်၏။)
ကတမာနိ၊ အဘယ်မည်ကုန်သော။ ပဉ္စ၊ ကုန်သော။ ဘယာနိ၊ စိတ်ကြောက်ရွံ့ ထိတ်လန့်ခြင်းဘေးတို့သည်။ ဝေရာနိ၊ အကုသိုလ်ရန် ပုဂ္ဂိုလ်ရန်တို့သည်။ ဝူပသန္တာနိ၊ ငြိမ်းအေးကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်သနည်းဟူမူ။
ဂဟပတိ၊ အိမ်ရှင်ဒါယကာ။ ပါဏာတိပါတိီ၊ သတ္တဝါ, အသက်ကို လျင်မြန်စွာ လျောကျစေသူသည်။ ဝါ၊ သတ္တဝါ, အသက်ကို သတ်သောသူသည်။ ပါဏာတိပါတပစ္စယာ၊ သတ္တဝါ, အသက်ကို သတ်ခြင်း ဟူသော အကြောင်းကြောင့်။ ဒိဋ္ဌဓမ္မိက၊ ယခုမျက်မှောက်ဘဝ၌ဖြစ်သော။ဒိဋ္ဌဓမ္မိကံဝေရ နှင့် သမ္မရာယိကဝေရ ။ ။ မောင်ဖြူ၏ အဖေကို မောင်မဲက သတ်ပစ်လိုက်၏၊ ထို့ကြောင့် ဂလဲ့စားချေလိုသဖြင့် သားဖြစ်သူ မောင်ဖြူသည် မောင်မဲကို သတ်ရန် ချောင်းမြောင်းနေ၏၊ ယင်းသို့ ချောင်းမြောင်းနေသော မောင်ဖြူ၏ ဝေရစေတနာကို ဗာဟိရဝေရ (အပြင်ရန်) ဟုခေါ်၏၊ လူသတ်သ္မားမောင်မဲ၏ ခန္ဓာကိုယ် အပြင်ဘက်ဖြစ်သော မောင်ဖြးခန္ဓာကိုယ်ရှိသော ရန်ဟုဆိုလို၏၊ ယင်းသို့ ချောင်းမြောင်းနေသည်ကို သိသွားသောကြောင့် "ငါကလက်ဦးအောင် သတ်မည်" ဟု ကြံစည်သော မောင်မဲ၏ ဝေရစေတနာကိုကား အဇ္ဈတ္တိကဝေရ (အတွင်းရန်) ဟုခေါ်၏၊ ထိုအဇ္ဈတ္တိကဝေရ, ဗာဟိရဝေရနှစ်မျိုးလုံးသည် ယခုလက်ရှိဘဝမှာ ဖြစ်နေသောကြောင့် ဒိဋ္ဌဓမ္မိကဝေရမည်၏။
ထို့အပြင် လူသတ်သွားမောက်မဲသေ၍ ငရဲရောက်သောအခါ အရောင်တလက်လက်ထွက်နေသော သံတင်းပုတ်ကြီးကိုကိုင်၍ ထိုလူသတ်သ္မားကိုထုသတ်တော့မည်လုပ်နေသော ငရဲထိန်းကြီး၏ စေတနာသည် သမ္ပရာယိက ဗာရိရဝေရမည်၏၊ တမလွန်ဘဝ၌ ဖြစ်သော အပြင်ရန်ဟု ဆိုလို၏၊ ငါ့ကို အကြောင်းမဲ့ထုသတ်သော ငရဲထိန်းကြီးကို ငါကလက်ဦးအောင်သတ်မည်ဟု ကြံစည်သော လူသတ်သ္မားမောင်မဲ၏ စေတနာသည်ကား သမ္ပရာယိကအဇ္ဈတ္တိကဝေရ မည်၏၊ တမလွန်ဘဝ၌ ဖြစ်သော အတွင်းရန်ဟု ဆိုလို၏။
ယံ ဘယမ္ပိ၊ အကြင် စိတ်ကြောက်ရွံ့ခြင်းဘေးကိုလည်း။ ယံ ဝေရမ္ပိ၊ အကြင် အကုသိုလ်ရန် ပုဂ္ဂိုလ်ရန်ကိုလည်း။ ပသဝတိ၊ ဖြစ်စေ၏။ သမ္ပရာယိကံ၊ နောင်တမလွန်ဘဝ၌ ဖြစ်သော။ ယံ ဘယမ္ပိ၊ လည်း။ ယံ ဝေရမ္ပိ၊ လည်း။ ပသဝတိ၊ ၏။ စေတသိကံ၊ စိတ်၌ မှီသော။ ယံဒုက္ခပိ၊ အကြင်ကိုယ်ဆင်းရဲမှု ဒုက္ခဝေဒနာကိုလည်းကောင်း။ ယံ ဒေါမနဿမ္ပိ၊ အကြင်စိတ်ဆင်းရဲမှု ဒေါမနဿ ဝေဒနာကိုလည်းကောင်း။ ပဋိသံဝေဒေတိ၊ ခံစားရ၏။ ပါဏာတိပါတာ၊ သတ္တဝါအသက်ကို သတ်ခြင်းမှ။ ပဋိဝိရတော၊ ရှောင်ကြဉ်သောသူသည်။ ဒိဋ္ဌဓမ္မိကံ၊ သော။ တံ ဘယမ္ပိ၊ ထိုစိတ်ကြောက်ရွံ့မှု ဘေးကိုလည်း။ တံ ဝေရမ္ပိ၊ လည်း။ နေဝ ပသဝတိ၊ မဖြစ်စေ။ သမ္ပရာယိကံ၊ သော။ တံ ဘယမ္ပိ၊ လည်း။ တံ တေရမ္ပိ၊ လည်း။ နပသဝတိ၊ မဖြစ်စေ။ စေတသိကံ၊ စိတ်၌မှီသော။ တံ ဒုက္ခမ္ပိ၊ ထိုကိုယ်ဆင်းရဲမှု ဒုက္ခဝေဒနာကိုလည်းကောင်း။ တံ ဒေါမနဿမ္ပိ၊ ကောင်း။ န ပဋိသံဝေဒေတိ၊ မခံစားရ။
ပါဏာတိပါတာ၊ ခြင်းမှ။ ပဋိဝိရတဿ၊ ရှေင်ကြဉ်သောသူမှာ။ ဧဝံ၊ ဤသို့ ဤပုံအားဖြင့်။ (ဤသို့ ဘေးရန်မဖြစ်ခြင်း, ဒုက္ခဒေါမနဿ မခံစားရခြင်းအားဖြင့်။) တံ ဘယံ၊ ထိုစိတ်ကြောက်ရွံ့ ထိတ်လန့်ခြင်းဘေးသည်။ တံ ဝေရံ၊ ထိုအကုသိုလ်ရန်, ပုဂ္ဂိုလ်ရန်သည်။ ဝူပသန္တံ၊ ချုပ်ငြိမ်းသည်။ ဟောတိ၊ ဖြစ်၏။
ဂဟပတိ၊ ကာ။ အဒိန္နာဒါယီ၊ ပိုင်ရှင် မပေးအပ်သော သူတပါးပစ္စည်းဥစ္စာကို ခိုးယူလုယက်သော သူသည်။ အဒိန္နာဒါနပစ္စယာ၊ ပိုင်ရှင် မပေးအပ်သော သူတပါး ပစ္စည်းဥစ္စာကို ခိုးယူလုယက်ခြင်းဟူသော အကြောင်းကြောင့်။ 'ဒိဋ္ဌဓမ္မိကံ၊ သော။ ယံ ဘယမ္ပိ၊ လည်း။ ။ပ။ ဂဟပတိ၊ ကာ။ ာမေသုမိစ္ဆာစာရပစ္စယာ၊ ကာမဂုဏ်မေထုန်အကျင့်တို့၌ ယုတ်မာစွာ ကျင့်ခြင်းဟူသော အကြောင်းကြောင့်။ ။ပ။ မုသာဝါဒီ၊ မဟုတ်မမှန်သော စကားကို ပြောဆိုသော သူသည်။ မုသာဝါဒပစ္စယာ၊ မဟုတ်မမှတ်သော စကားကို ပြောဆိုခြင်းဟူသော အကြောင်းကြောင့်။ ။ပ။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာယီ၊ ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့စေတတ်, မူးယစ်စေတတ်သော သေရည်အရက် သောက်ခြင်း၌ ရပ်တည်သောသူသည်။ သုရာမေရယ မဇ္ဇပမာဒဋ္ဌနပစ္စယာ၊ မေ့လျော့ခြင်း၏ တည်ရာအကြောင်းဖြစ်သော မူးယစ်စေတတ်သော သေရည်အရက်ကို သောက်ခြင်းဟူသော အကြောင်းကြောင့်။ ။ပ။၊
သုရာမေရယ ပဇ္ဇပမာဒဋ္ဌာနာ၊ မေ့လျော့ခြင်း၏ တည်ရာအကြောင်းဖြစ်သော မူးယစ်စေတတ်သော သေရည် အရက်ကို သောက်ခြင်းမှ။ ပဋိဝိရတော၊ ရှောင်ကြဉ်သူသည်။ ။ပ။၊
ပဉ္စ၊ ကုန်သော။ ဣမာနိ ဘယာနိ၊ ဤစိတ် ကြောက်ရွံ့ထိတ်လန့်ခြင်းဘေးတို့သည်။ ဣမာနိ ဝေရာနိ၊ ဤအကုသိုလ်ရန်, ပုဂ္ဂိုလ်ရန်တို့သည်။ ဝူပသန္တာနိ၊ ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ကတမေဟိ၊ အဘယ်မည်ကုန်သော။ စတူဟိ၊ လေးပါးကုန်သော။ သောတာပတ္တိယင်္ဂေဟိ၊ တို့နှင့်။ သမန္နဂတာ၊ သည်။ ဟောတိ၊ နည်းဟူမူ။
ဂဟပတိ၊ ကာ။ ဣဓ၊ ဤသာသနာတော်၌။ အရိယသာ ဝကော၊ အရိယာ တပည့်သည်။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ အဝေစ္စပ္ပသာဒေန၊ ဂုဏ်တော်တို့ကို ဟုတ်မှန်စွာ သိ၍ ခိုင်မြဲစွာ ကြည်ညိုခြင်းနှင့်။ သမန္နာဂတော၊ သည်။ ဟောတိ၊ ၏။ (ကိန္တိ၊ အဘယ်သို့။ သမန္နာဂတော၊ သည်။ ဟောတိ၊ မူ။)
သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ကိလေသာတို့မှ ဝေးကွာတော်မူသည်အဖြစ်ဟူသော ဤအကြောင်းကြောင့်လည်း။ အရဟံ၊ အရဟံ မည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ အမှားမပါ, မှန်စွာပိုင်နိုင, ကိုယ်တိုင်စထွင်, ကုန်စင်ခပင်း, ကျန်ကြွင်းမရှိ သိမြင်တော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာ ရှစ်ပါး, စရဏ (၁၅) ပါးတို့နှင့် ပြည့်စုံတော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်း။ ဝိဇ္ဇစရဏသမ္ပန္နော၊ ဝိဇ္ဇစရဏသမ္ပန္နေ မည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ ကောင်းမြတ်ဖြောင့်တန်း နိဗ္ဗာန်နန်းသို့ ကြွမြန်းတော်မူခြင်း တည်းဟူသော ဤအကြောင်းကြောင့်လည်း။ ဝါ၊ အကျိုးရှိ, ဟုတ်မှန်၊ ကြားနာခံခက်, မခံခက်ဟု၊ နှစ်ချက်ပေါင်းစပ်၊ ကောင်းမြတ်သော စကားကိုသာ ဆိုသင့်ရာအခါ၌ မိန့်ဆိုတော်မူခြင်းဟူသော ဤအကြောင်းကြောင့်လည်း။ သုဂတော၊ သုဂတ မည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ (သတ္တဘောက, သင်္ခါရလောက, ဩကာသလောက တည်းဟူသော)လောကသုံးပါးကို သိတော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်း။ လောကဝိဒူ၊ လောကဝိဒူ မည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ သီလ သမာဓိပညာ စသော ဂုတ်တော်တို့ဖြင့် လူနတ်ဗြဟ္မာ သတ္တဝါ အားလုံးတို့ထက် သာလွန်ထူးကဲ တော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်း။ အနုတ္တရော၊ အနုတ္တရ မည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ ဆုံးမထိုက်သော ပုဂ္ဂိုလ်တို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်း။ ပုရိသ ဓမ္မသာရထိ၊ ပုရိသ ဒမ္မသာရထိ မည်တော်မူ၏။ [တနည်း- သော ဘဂဝါ၊ သည်။ ဣတိပိ၊ ဆုံးမသင့် ဆုံးမထိုက်သော ပုဂ္ဂိုလ်တို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူရာ၌ တန်းတူရည်တူ မှီသူကင်းအောင် စွမ်းဆောင်တော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်း။ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ မည်တော်မူ၏။] သော ဘဂဝါ၊ သည်။ ဣတိပိ၊ နတ်လူတို့၏ ဆရာဖြစ်တော်မူခြင်းတည်း ဟူသော ဤအကြောင်းကြောင့်လည်း။ သတ္တာ ဒေဝ မနုဿာနံ၊ သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ သစ္စာလေးပါးတရားတို့ကို ကိုယ်တော်တိုင်သိ၍ ဝေနေယျ သတ္တဝါတို့ကိုလည်း တဆင့် သိစေတော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓ မည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ (ဣဿရိယ, ဓမ္မ, ယသ, သိရီ, ကာမ, ပယတ္တ ဟူသော) ဘုန်းတော်ခြောက်ပါးတို့နှင့် ပြည့်စုံတော်မူခြင်းတည်း ဟူသော ဤအကြောင်းကြောင့်လည်း။ ဘဂဝါ၊ ဘဂဝန္တု မည်တော်မူ၏။ ဣတိ၊ ဤသို့။ (အဝေစ္စပ္ပသာဒေန၊ နှင့်။ သမန္နာဂတော၊ သည်။ ဟောတိ၊ ၏။)
ဓမ္မေ၊ တရားတော်၌။ (မဂ်ဖိုလ်နိဗ္ဗာန်၊ ဓမ္မက္ခန်ဟု၊ ဆယ်တန်သန်မှတ်၊ တရားတော်မြတ်၌။) အဝေစ္စပ္ပသာဒေန၊ နှင့်။ သမန္နာဂတော၊ သည်။ ဟောတိ၊ ၏။ (ကိန္တိ၊ သို့။ သမန္နာဂတော၊ သည်။ ဟောတိ၊ ဟူမူ။)
ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဓမ္မော၊ တရားတော်မြတ်ကို။ သွာက္ခာတော၊ ကောင်းစွာ ဟောတော််မူအပ်ပါပေ၏။ ဓမ္မော၊ တရားတော်မြတ်သည်။ သန္ဒိဋ္ဌိကော၊ ဉာဏ်ဖြင့် ကိုယ်တိုင် သိမြင်နိင်သော တရားတော်ပါပေတည်း။ အကာလိကော၊ အကျိုးပေးခွင့် ဆိုင်းငံ့သင့်ရာ အချိန်အခါ မရှိသော တရားတော်ပါပေတည်း။ ဝါ၊ ယခုချက်ချင်း, မယွင်းတိကျ, အရိယဖိုလ်, အကျိုးကိုပေးသော တရာတော်ပါပေတည်း။ ဧဟိပဿိကော၊ လိုက်ခဲ့စမ်းပါ, ကြည့်ရှုလှည့်စမ်းပါဟု ဖိတ်ခေါ်ပြသထိုက်သော တရာတော်ပါပေတည်း။ ဩပနနေယျိကော၊ မိမိစိတ်မှာ မကွာစွဲအောင် ဆွဲကပ်ဆောင်လင့် ဖြစ်စေသင့်သော တရားတော်ပါပေတည်း။ ဝိညူဟိ၊ (သစ္စာလေးပါး တရာမြင်သိ) အရိယာ ပညာရှိတို့သည်။ ပစ္စတ္တံ၊ မိမိ မိမိသန္တာန်၌။ ဝါ၊ မိမိကိုယ်တိုင် ကိုယ်တိုင်သာလျှင်။ ဝါ၊ ကိုယ်စီကိုယ်င, အသီးအသီး။ ဝေဒိတဗ္ဗော၊ သိမြင်ခံစားထိုက်သော တရားတော်ပါပေတည်း။ ဣတိ၊ သို့။ (အဝေစ္စပ္ပသာဒေန၊ နှင့်။ သမန္နာဂတော၊ သည်။ ဟောတိ၊ ၏။)
သံဃေ၊ အရိယာ သံဃာတော်၌။ အဝေစ္စပ္ပသာဒေန၊ နှင့်။ သမန္နာဂတော၊ သည်။ ဟောတိ၊ ၏။ (ကိန္တိ၊ သို့။ သမန္နာဂတော၊ သည်။ ဟောတိ၊ နည်းဟူမူ။)
ဘဂဝတော၊ မြတ်စွာဘုရား၏။ သာဝကသံဃော၊ တပည့်အရိယာသံဃာတော် အပေါင်းသည်။ သုပ္ပဋိပန္နော၊ အဆုံအမတရားလေးစားလိုက်နာ ကောင်းစွာကျင့်တော်မူပါပေ၏။ ဘဂဝတော၊ ၏။ သာဝကသံဃော၊ သည်။ ဥဇုပ္ပဋိပန္နော၊ ဖြောင့်မတ်စွာ ကျင့်တော်မူပါပေ၏။ ။ပ။ ဉာယပ္ပဋိပန္နော၊ နိဗ္ဗာန်အကျိုးငှာ ကျင့်တော်မူ ပါပေ၏။ ။ပ။ သာမီစိပ္ပဋိပန္နော၊ အရိုအသေ ပြုမူနှင့် ထိုက်တန်အောင် ကျင့်တော်မူပါပေ၏။
စတ္တာရိ၊ (သူ့ဖိုလ်၊ သူ့မဂ်၊တွဲဖက်ထားကုန်) လေးပါးကုန်သော။ ယဒိဒံ (ယာနိဣမာနိ) ပုရိသယုဂါနိ၊ အကြင်ယောင်္ကျားမြတ် အစုံတို့သည်။ အဋ္ဌ၊ (တွဲဖက်မထား တသီးတခြားစီအားဖြင့်) ရှစ်ပါးကုန်သော။ ယဒိဒံ (ယေဣမေ) ပုရိသပုဂ္ဂလာ၊ အကြင် ယောင်္ကျားမြတ် ပုဂ္ဂိုလ်တို့သည်။ (သန္တိ၊ ရှိကုန်၏။) ဘဂဝတော၊ မြတ်စွာဘုရား၏။ ဧသ (ဧဿ) သာဝကသံဃော၊ (တွဲလျက်လေးပါး, ခွဲထားရှစ်ဖော်) ဤတပည့် အရိယာသံဃာတော်သည်။ အာဟုနေယျော၊ လေးစားကြည်ဖြူ, အဝေးမှပင် ဆောင်ယူ၍ ပေးလှူအပ်သော ပစ္စည်းဝတ္ထုကို ခံယူတော်မူထိုက်ပါပေ၏။ ပါဟုနေယျော၊ ဝေးနယ်ရပ်ခြား ဧည့်သည်များဖို့ သီးခြားစီမံထားအပ်သော ပစ္စည်းဝတ္ထုကိုပင် ခံယူခြင်းငှာ ထိုက်တန်ပါပေ၏။ ဒက္ခိဏေယျော၊ တမလွန်ဘဝ အကျိုးကို မျှော်ကိုးယုံကြည်၍ ပေးလှူအပ်သော ပစ္စည်းဝတ္ထုကို ခံယူတော်မူထိုက်ပါပေ၏။ အဉ္ဇလိကရဏီယော၊ လက်အုပ်ချီမိုး ရှိခိုးမှု ပြုထိုက်ပါပေ၏။ လောကဿ၊ သတ္တဝါ အပေါင်း၏။ အနုတ္တရံ၊ မိမိထက် ထူးကဲ့သာလွန်မြင့်မြတ်သော သူ မရှိသော။ ဝါ၊ အထူးမြတ်ဆုံးဖြစ်သော။ ပုညက္ခေတ္တံ၊ ကုသိုလ်ကောင်းမှု မျိုးစေ့စု၏ ကြီးထုမြင့်မား ဖွံထွားပေါက်ရောက်ရာ လယ်ယာမြေကောင်းအတူ ဖြစ်တော်မူပါပေ၏။ ဣတိ၊ သို့။ (အဝေစ္စပ္ပသာဒေန၊ နှင့်။ သမန္နာဂတော၊ သည်။ ဟောတိ၊ ၏။)
အရိယကန္တေ ဟိ၊ အရိယာပုဂ္ဂိုလ်တို့သည် ချစ်ခင်နှစ်သက်အပ်ကုန်သော။ (ဘဝတပါးပြောင်းရွှေ့သွားရောက်ကြလျှင်သော်မှပင် မစွန့်မခွာ အရိယာပုဂ္ဂိုလ်တို့ ချစ်ခင်နှစ်သက်အပ်ကုန်သော။) အခဏ္ဍေဟိ၊ အကျိုးအပြတ်မရှိသော။ (အဝတ်အနားဝယ်, ပြတ်သည်နှယ်သို့ အစဝယ်ပျက်စီး၊ အဆုံလည်းတရပ်, အကျိုးအပြတ် မရှိကုန်သော။) အစ္ဆိဒ္ဒေဟိ၊ အပေါက်မရှိကုန်သော။ (အဝတ်အလယ်၊ ပေါက်သည့်နှယ်သို့၊ အလယ်ဖောက်ဘိ၊ အပေါက်မရှိကုန်သော။) အသဗလေဟိ၊ အကွက်အကြား မရှိကုန်သော။ (နွားကျားပုံမှီး, တဆက်တည်းဖြင့်, ပျက်စီးနှစ်ထွေ, သုံးထွေပျက်ပြား၊ အကွက်အကြား မရှိကုန်သော။) အကမ္မာသေဟိ၊ အပြောက် အစက်မရှိကုန်သော။ (ဝါစေ့ပြောက်နွား, ပုံအလားသို့, ကြိုးကြားပေါက်လျက် အပြောက်အစက် မရှိကုန်သော။)၏ ဘုဇိဿေတိ၊ တဏှာ၏ ကျွန်၊ တာဝန်မစပ်၊ လွတ်လပ်သူ၏ အဖြစ်ကို ပြုတတ်ကုန်သော။ ဝိညုပ္ပသတ္ထေဟိ၊ ဘုရား အစရှိသော ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော။ အပရာမဋ္ဌေဟိ၊ တဏှာဒိဋ္ဌိတို့သည် မှားသောအားဖြင့် မသုံးသပ် မဆွဲကိုင်အပ်ကုန်သော။ ဝါ၊ သီလဝိပတ္တိအပြစ်ဖြင့် မည်သူကမျှ မစွပ်စွဲ မသုံးသပ်အပ်ကုန်သော။ သမာဓိသံဝတ္တနိကေဟိ၊ (ဥပစာရ, အပ္ပနာ၊ နှစ်ဖြာသော) သမာဓိကို ဖြစ်စေတတ်ကုန်သော။ ဝါ၊ မဂ်ဖိုလ်သမာဓိကို ဖြစ်စေတတ်ကုန်သော။ သီလေဟိ၊ ငါးပါးသီလတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသည်။ ဟောတိ၊ ၏။
စတူဟိ၊ ကုန်သော။ ဣမေဟိ သောတာပတ္တိယင်္ဂေဟိ၊ တို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသည်။ ဟောတိ၊ ၏။ [အနောက်သုတ်မှာ ရဟန်းတို့ ကို ဟောကြားသော သုတ်ဖြစ်၏။ "ဘိက္ခဝေ" ပုဒ်သာ ထူး၏။]
သတ္တမံ၊ ။