ဘိက္ခဝေ၊ တို့။
ဂတိယော၊ ဂတိတို့သည်။
ဂတိမည်သော တရား ။ ။ သုကတဒုက္ကဋကမ္မဝသေန ဂန္တဗ္ဗာ ဥပပဇ္ဇိတဗ္ဗာတိ ဂတိယော- ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အလိုကျအားဖြင့် (ဝါ- ကိုသိုလ်ကံ, အကုသိုလ်ကံကြောင့်) လားရောက်အပ်သော ဘဝများ၊ ဤ၌ ဘဝဟူသည် လောကီဝိပါက်နာမက္ခန္ဓာနှင့် ကမ္မဇရုပ်တည်းဟူသော ဥပပတ္တိဘဝတည်း၊ (ယင်းသို့ လောကီခန္ဓာငါးပါးဖြစ်သောကြောင့် ဘဝနှင့် ခန္ဓာသည် အတူတူဖြစ်၏) ဤ၌မူ ထိုဥပပတ္တိဘဝကိုသာမက ငရဲသား သတ္တဝါစသည်တို့၏ နေရာဘုံဌာနကိုပါ ဂတိဟု ဆိုရမည်ဖြစ်၏၊ ထို့ကြောင့် "နိရယော- ငရဲဘဝခန္ဓာ, ငရဲဘုံဌာနလည်းကောင်း" ဟု အနက်ပြန်ဆိုခဲ့သည်၊ တိရစ္ဆာန်နှင့် ပြိတ္တာတို့မှာကား ဘုံဌာနသီးခြား မရှိသောကြောင့် ထိုတရစ္ဆာန်, ပြိတ္တာတို့၏ ခန္ဓာကိုသာ တိရစ္ဆာနယောနိ, ပေတ္တိဝိသယဟု ဆိုရ၏။ တနည်းအားဖြင့်မူ ထိုတိရစ္ဆာန်, ပြိတ္တာတို့ အမြဲနေရာတောတော်သမုဒြာ စသည်တို့ကိုလည်း တိရစ္ဆာနယောနိ (တိရစ္ဆာန်ဘုံ), ပေတ္တိဝိသယ (ပြိတ္တာဘုံ) ဟု ခေါ်ဆိုနိုင်ပါ၏။ မူလပဲဏ္ဏာသအဋ္ဌကထာ၊ ပ-၃၄၁၊ ၃၄၂။ ၎င်းဋီကာ၊ ဒု- ၃၀-၃၁ (မဟာသီဟနာဒသုတ်အဖွင့်)။
ဝါ၊ ဘဝ, ဘုံဋ္ဌာနတို့သည်။
ဣမာ ပဉ္စ၊ ဤငါးမျိုးတို့ပေတည်း။
ပဉ္စ၊ ငါးမျိုးတို့ဟူသည်။
ကတမာ၊ အဘယ်တို့နည်းဟူမူ။
နိရယော၊ နိရယဂတိလည်းကောင်း။
ဝါ၊ ငရဲဘဝခန္ဓာ, ငရဲဘုံဋ္ဌာနလည်းကောင်း။
တိရစ္ဆာနယောနိ၊ တိရစ္ဆာန်တို့၏ ဘဝခန္ဓာလည်းကောင်း။
ဝါ၊ တိရစ္ဆာန်တို့၏ ဘဝခန္ဓာ, တိရစ္ဆာန်တို့ အမြဲနေရာဋ္ဌာနလည်းကောင်း။
ပေတ္တိဝိသယော၊ ပြိတ္တာတို့ ဘဝခန္ဓာလည်းကောင်း။
ဝါ၊ ပြိတ္တာတို့ ဘဝခန္ဓာ, ပြိတ္တာတို့ အမြဲနေရာဌာန လည်းကောင်း။
မနုဿ၊ မနုဿဂတိလည်းကောင်း။
ဝါ၊ လူ့ဘဝ, လူ့ဘုံဌာနလည်းကောင်း။
ဒေဝါ၊ ဒေဝဂတိလည်းကောင်း။
ဝါ၊ နတ်ဘဝ, နတ်ဘုံဋ္ဌာနလည်းကောင်း။
(ဣတိ၊ ဤသည်တို့ပင်တည်း။)
ဘိက္ခဝေ၊ တို့။
ဂတိယော၊ တို့သည်။
ဣမာ ပဉ္စ၊ တို့တည်း။
ဘိက္ခဝေ၊ တို့။
ပဉ္စန္နံ၊ ငါးမျိုးကုန်သော။
ဣမာသံ ဂတီနံ၊ ဤဂတိတို့ကို။
ဝါ၊ ဤဂတိတို့၌ တပ်မက်သော တဏှာလောဘတရာတို့ကို။
ပဟာနာယ၊ ငှာ။
။ပ။၊
ဆဋ္ဌံ၊ ။