Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Navakanipātapāḷi
Navakanipātapāḷi

9. Āghātavatthusuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ ရဟန်းတို့။ အာဃာတဝတ္ထူနိ၊ ဒေါသ အာဃာတ ဟူသော အကြောင်းတရားတို့သည်။အာဃာတဝတ္ထု၏ ဝစနတ္ထနှင့်တရားကိုယ် ။ ။ အာဃာတသဒ္ဒါ သည် အမျက်ဒေါသဟူသော အနက်ကိုဟော၍ ဝတ္ထုသဒ္ဒါသည် ကာရဏ (အကြောင်း) အနက်ကို ဟော၏၊ ဝဿတိ ဧတ္ထ ဆလံ တန္နိမိတ္တတာယပဝတ္ထတီတိ ဝတ္ထု (ထိုအကျိုး၏ အကြောင်းတရားအဖြစ်ဖြင့် အကျိုး၏ ဖြစ်ရာသဘောတရား၊ ဝါ- အကြောင်းတရား) ဟူ၍ ဋီကာဝစနတ္ထပြု၏၊ ဤ၌ ဝတ္ထု (အကြောင်း) ဟူသည် နောက်နောက်ဖြစ်ပေါ်လာသော အမျက် ဒေါသတို့၏ အကြောင်းတည်း၊ ရှေးရှေးဖြစ်သော အမျက်ဒေါသ အာဃာတကို ဝတ္ထုဟု ဆိုလို၏၊ ထို့ကြောင့်-
အာဃာတောယေဝ ဝတ္ထု အာဃာတဝတ္ထု၊ အာဃာတောယေဝ- ရှေးရှေးအမျက်ဒေါသသည်ပင်လျှင်၊ ဝတ္ထု- နောက်နောက်အမျက်ဒေါသသည်ပင် နောက်နောက်မျက်ဒေါသ၏ အကြောင်း၊ ဝါ- နောက်နောက်အမျက် ဒေါသ၏ အကြောင်းဖြစ်သော ရှေးရှေး (ရှေ့ပိုင်းကဖြစ်ခဲ့သော) အမျက်ဒေါသ၊ ဤကမ္မဓာရယမာသ်ဝစနတ္ထအလို "ဤသူသည် ငါ၏ အကျိုးစီးပွား ဆုတ်ယုတ်ပျက်ပြားအောင် ရှေးကလဲပြုလုပ်ခဲ့ဖူးပြီ" စသည်ဖြင့် ဒေါသအာဃာတထားခြင်း, ရန်ငြိုးဖွဲခြင်းကို အာဃာတဝတ္ထုဟု ခေါ်၏၊ ထို့ကြောင့် အာဃာတဝတ္ထု၏ တရားကိုယ်မှာ အမျက်ဒေါသ ဖြစ်၏။
ထိုဒေါသသည် ဒေါသဖြစ်စရာအကြောင်းပေါ်လာလျှင် တကြိမ်တည်းဖြစ်ရုံမျှဖြင့် ပြီးပြတ်ရပ်နားသွားသည် မဟုတ်ဘဲ ထပ်ကာထပ်ကာ ဖြစ်နေတတ်၏၊ ထိုဖြစ်နေသော ဒေါသကို ဘယ်ကိုမျှ မပြေးရအောင် ချုပ်နှောင်ဖွဲချည်ထားသကဲ့သို့ ဖြစ်၏။ ထို့ကြောင့် ပါဠိတော်၌ "အာဃာတံ- အမျက်ဒေါသဟူူသော ရန်ငြိုးကို။ ဗန္ဓတိ- ဖွဲ့၏" ဟု ဟောတော်မူ၏။ သို့သော် အမျက်မထွက်သင့်သော နေပူ,မိုးရွာ, သစ်ငုတ်ဆူးငြောင့် စသည်၌ အမျက်ထွက်ခြင်း (အဋ္ဌာနကောပ) ၌ကား ယင်းသို့ မဟောဘဲ "အဋ္ဌာနေ စကုပ္ပတိ" ဟု ဟောတော်မူ၏။
အာဃာတဝတ္ထုနီတိ အာဃာတကာရဏာနိ၊ အာဃာတန္တိ စေတ္ထကောပေါ၊ သောယေဝ ဥရူပရိကောပဿ ဝတ္ထုတ္တာ အာဃာတဝတ္ထု။ ပဋိသမ္လိဒါမဂ် အဋ္ဌကထာ၊ ဒု-၃၀။
မဏိမဉ္ဇူသာဋီကာအဖ္ငင့် ။ ။ မဏီမဉ္ဇူ၌မူ ပြခဲ့သောနည်းအပြင် "အာဃာတာယေဝ ဝါ ဝတ္ထူနိ အနိဋ္ဌဖလဿ ကာရဏတ္တာတိပိ အာဃာတဝတ္ထူနိ" ဟုလည်း ဝစနတ္ထ ပြုသေး၏၊ အာဃာတာယေဝ- အမျက်ဒေါသတို့သည်ပင်၊ ဝတ္ထူနိ- (အနိဋ္ဌဖလ၏) အကြောင်းတို့တည်း၊ အာဃာတဝတ္ထူနိ- အမျက်ဒေါသတို့သည်ပင် အနိဋ္ဌဖလ၏ အကြောင်းတို့။ ဝါ- အနိဋ္ဌဖလ၏ အကြောင်းဖြစ်သော အမျက်ဒေါသများ၊ ဤဝစနတ္ထ အလိုလည်း အာဃာတဝတ္ထု၏ တရားကိုယ်မှာ အမျက်ဒေါသပင်ဖြစ်၏။
ထို့ပြင် "အာဃာတာနံ ဝတ္ထူနိ အာဃာတဝတ္ထူနိ- အမျက်ဒေါသတို့၏ အကြောင်းများ၊ ဝါ- ရန်ငြိုးဖွဲ့ခြင်းတို့၏ အကြောင်းများ" ဟူ၍ဆဋ္ဌီတပ္ပုရိသ်သမာသ်ဝစနတ္ထကိုလည်း မဏိမဉ္ဇူပြထားသေး၏၊ ထိုဆဋ္ဌီတပ္ပုရိသ်သမာသ်ဝစနတ္ထ အလိုအားဖြင့်ကား ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းဟူသည် ဒေါသထွက်စရာ သတ္တဝါအာရုံ အကြောင်းများနှင့် ထိုသတ္တဝါတို့က မိမိ၏ အကျိုးစီးပွား ပျက်ပြားအောင် ပြုလုပ်ခြင်းတည်းဟူသော အာရုံအကြောင်းများ ဖြစ်သည်ဟု ဆိုဖွယ်ရာဖြစ်နေ၏၊ ထို့အပြင် အမျက်မထွက်သင့်သောအရာ၌ အမျက်ထွက်ခြင်းတည်းဟူသော ပြခဲ့သော အဋ္ဌနကောပဖြစ်လျှင် နေပူလွန်းခြင်း မိုးရွာလွန်းခြင်းစသည်နှင့် သစ်ငုတ်ဆူးငြောင် ခလုတ်စသော သင်္ခါရအာရုံ အကြောင်းများကိုလည်း ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းဟု ဆိုရဖွယ်ဖြစ်နေ၏။ သို့ဖြစ်လျှင် ဤဆဋ္ဌီဆပ္ပုရိသ်သမာသ်နည်း၌ ယခင်ကကဲ့သို့ အမျက်ဒေါသသည် အာဃာတဝတ္ထု မဟုတ်တော့ဘဲ ထိုသတ္တဝါသင်္ခါရ အာရုံများသာ အာဃာတဝတ္ထုဖြစ်၏၊ ထိုအာရုံများသာ အာဃာတဝတ္ထု၏ တရားကိုယ်ဖြစ်၏၊ ယခုအခါ ဤဆဋ္ဌီတပ္ပုရိသ်သမာသ်နည်းအတိုင်းပင် အာဃာတဝတ္ထုပုဒ်ကို "ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်း" ဟူ၍ မြန်မာလို အသိများနေ၏။
သို့သော် မဏီမဉ္စူ၌မူ ဤနည်း၌ ဆဋ္ဌီတပ္ပုရိသ်သမာသ်တွဲစပ်ရုံမျှ တွဲစပ်ပြ၍ ဘာကို အာဃာတဝတ္ထုခေါ်သည်ဟု တိုက်ရိုက်ရှင်းလင်းဖွင့်ပြခြင်းမရှိခဲ့ပါ၊ ထို့ကြောင့် "အာဃာတာနံ- နောက်နောက်အမျက်ဒေါသတို့၏၊ ဝတ္ထူနိ- အကြောင်ဖြစ်သော ရှေးရှေးအမျက်ဒေါသတို့တည်း၊" ဟူ၍ အနက် ပြန်ဆိုလျှင် ယခင်ကမ္မဓာရယသမာသ် ဝစနတ္ထများနှင့် အနက်ဓိပ္ပါယ်အတူတူဖြစ်၍ အမျက်ဒေါသကို ပင် အာဃာတဝတ္ထုဟု ခေါ်နိုင်ပါ၏၊ သို့သော် ထိုအနက်အဓိပ္ပါယ်ကို ကမ္မဓာရယသမာသ်ဝစနတ္ထဖြင့် ဖော်ပြထားသောကြောင့် ဆဋ္ဌီတပ္ပုရိသ်သမာသ်ဝစနတ္တ၌မူ ထိုအနက်အဓိပ္ပါယ်ကို မယူကြတော့ဘဲ ပြခဲ့သော သတ္တဝါသင်္ခါရ အာရုံများကိုသာ" အာဃာတဝတ္ထူ- ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်း" ဟူ၍ ယခုအခါ ရေးသားပို့ချနေကြ၏။
ဆဋ္ဌီတပ္ပုရိသ်သမာသ် စဉ်းစားဖွယ် ။ ။ သို့ဖြစ်လျှင် (၁) ကမ္မဓာရယသမာသ်နည်း၌ အာဃာတထားခြင်း, ရန်ငြိုးဖွဲ့ခြင်းတည်းဟူသော ဒေါသကို အာဃာတဝတ္ထုဟု ခေါ်၍ (၂) ဆဋ္ဌီတပ္ပုရိသ်သမာသ်နည်း၌မူ ထိုရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းအာရုံ (သတ္တဝါသင်္ခါရအာရုံ) ကို အာဃာတ ဝတ္ထုဟု ခေါ်ရခြင်းကြောင့် ထိုနည်းနှစ်မျိုးသည် အနက်ဓိပ္ပါယ်အားဖြင့် အလွန်ကွားခြားနေ၏။ သို့သော် အာဃာတဝတ္ထု ကိုးပါးဆယ်ပါးကို ပြသော-
အနတ္ထံ မေ အစရီတိ အာဃာတံ ဗန္ဓတိ (အာဃာတော် ဇာယတိ) စသော ပါဠိတော်များ၌ "အာဃာတံ ဗန္ဓတိ၊ အာဃာတော ဇာယတီ" ဟူ၍ဒေါသအာဃာတကို ပဓာနထားဟောကြားတော်မူ၏၊ ဓမ္မသင်္ဂဏီပါဠိတော် ဒုကနိက္ခေကဏ္ဍ (၂၁၆) ၌လည်း "တတ္ထ ကတမော ဒေါသော၊ အနတ္ထံ မေ အစရီတိ အာဃာတော ဇာယတီ" အစရှိသော ထိုအာဃာတဝတ္ထုပါဠိဖြင့်ပင် ဒေါသ၏ သဘောကို ဖော်ပြထား၏။ ယခင်ပြခဲ့သော ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ၌လည်း ဆဋ္ဌီတပ္ပုရိသ်သမာသ်နည်း မဖွင့်ပြဘဲ ကမ္မဓာရယသမာသ် အဖွင့် တမျိုးတည်းဖြင့် ဒေါသကိုသာ အာဃာတဝတ္ထုအဖြစ် ပြထား၏။ ခုဒ္ဒကဝတ္ထုဝိဘင်း အဋ္ဌကထာ (၄၉၅) ၌လည်း-
"ကိလေသာ ဧဝ ကိလေသဝတ္ထုနိ၊ အာဃာတဝတ္ထူနိ ပနေတ္ထ "အနတ္ထံ မေ အစရီ" တိအာဒီနံ ဝသေတ အဝိကောပေတဗ္ဗေ ခါဏုကဏ္ဋ ကိဒိမှိပိ အဋ္ဌာနေ ဥပ္ပန္နာဃာတေန သဒ္ဓိံ ဝုတ္တာနိ" ဟူ၍ အာဃာတတတ္ထုပုဒ်၏ ဝစနတ္ထကို တိုက်ရိုက်မပြသော်လည်း ကိလေသဝတ္ထုပုဒ်၏ ဝစနတ္ထနှင့် ဆက်နွယ်လျက် ပြထားသောကြောင့် "ကိလေသာ ဧဝ ကိလေသ ဝတ္ထူနိ" ဟုဝစနတ္ထပြုရသကဲ့သို့ "အာဃာတာ ဧဝ အာဃာတဝတ္ထူနိ" ယူ၍ ဝစနတ္ထ ပြုရမည်မှာ သေချာလှ၏၊ ထို့ကြောင့် ကိလေသဝတ္ထုပုဒ်၌ ဝတ္ထုသဒ္ဒါအတွက် အနက်ဒြပ်အထူးအထွေ ရှာဖွေနေစရာမလိုတော့ဘဲ ကိဘေသတရားများကိုပင် ဝတ္ထုဟူ၍(ကိလေသဝတ္ထုဟူ၍) ခေါ်ဆိုရသကဲ့သို့သို့ ထို့အတူ အာဃာတဝတ္ထုပုဒ်၌လည်း ဒေါ်သထွက်စရာ သတ္တဝါအာရုံနှင့် သစ်ငုတ်ဆူးငြောင့် စသော သင်္ခါရ အာရုံတို့ကို ဝတ္ထုဟု မခေါ်ဆိုရ၊ ဝတ္ထုသဒ္ဒါ အတွက် အနက်ဒြပ် သီးခြားမရှိ၊ အာဃာတပုဒ်နှင့် အနက်ဒြပ်တူဖြစ်၍ ဒေါသအာဃာတကိုပင် ဝတ္ထုဟူ၍ (အာဃာတဝတ္ထုဟူ၍) ခေါ်ဆိုရမည် ဟု အဋ္ဌကထာ ဆိုလိုပါ၏။
(နောက်နောက် ဒေါသ အာဃာတ၏ အကြောင်းဖြစ်သော ရှေးရှေးဒေါသအာဃာတတို့သည်။) ဝါ၊ အာဃာတထားခြင်း (ရန်ငြိုးဖွဲ့ခြင်း) ဟူသော အကြောင်းတရားတို့သည်။ ဣမာနိ နဝ၊ ဤကိုးမျိုးတို့ပေတည်း။
ကတမာနိ၊ အဘယ်တို့နည်းဟူမူ။
(အယံ၊ ဤသူသည်။) မေ၊ ငါ၏။ အနတ္ထံ၊ အကျိုးမဲ့ကို။ ဝါ၊ အကျိုးစီးပွားပျက်ပြားဆုတ်ယုတ်မှုကို။ အစရိ၊ ပြုကျင့်ခဲ့ဖူးပြီ။ ဣတိ၊ ဤသို့။ ဝါ၊ ဤသိုသော မကျေနပ်ချက်ဖြင့်။ အာဃာတံ၊ (အမျက်ဒေါသဟူသော) ရန်ငြိုးကို။ ဗန္ဓဟိ၊ ဖွဲ့၏။
(အယံ၊ ဤသူသည်။) မေ၊ ငါ၏။ အနတ္ထံ၊ ကို။ စရတိ၊ ပြုကျင့်ဆဲ။ ဣတိ၊ သို့။ ။ပ။၊
စရိဿတိ၊ ပြုကျင့်လတ္တံ့။ ဣတိ ။ပ။၊
(အယံ၊ ဤသူသည်။) မေ၊ ငါ၏။ ပိယဿ၊ ချစ်ခင်အပ်သူ ဖြစ်သော။ မနာပဿ၊ စိတ်နှလုံးကို တိုးပွားစေတတ်သူ၏။ ဝါ၊ မြတ်နိုး အပ်သူ၏။ အနတ္ထံ၊ ကို။ အစရိ၊ ပြုလုပ်ခဲ့ဘူးပြီ။ ဣတိ၊ ဤသို့။ ဝါ၊ ဖြင့်။ အာဃာတံ၊ ကို။ ဗန္ဓတိ၊ ၏။ (အယံ၊ သည်။) မေ၊ ငါ၏။ ပိယဿ၊ သော။ မနာပဿ၊ ၏။ အနတ္ထံ၊ ကို။ စရတိ၊ ပြုလုပ်ဆဲ။ ဣတိ၊ သို့။ အာဃာတံ၊ ကို။ ဗန္ဓတိ၊ ၏။ (အယံ၊ သည်။) မေ၊ ၏။ ပိယဿ၊ သော။ မနာပဿ၊ ၏။ အနတ္ထံ၊ ကို။ စရိဿတိ၊ တ္တံ့။ ဣတိ အာဃာတံ ဗန္ဓတိ၊ ၏။
(အယံ၊ သည်။) မေ၊ ၏။ အပ္ပိယဿ၊ မချစ်ခင်အပ်သူဖြစ်သော။ အမနာပဿ၊ စိတ်နှလုံးကို မတိုးပွားစေတတ်သောရန်သူ၏။ ဝါ၊ မမြတ်နိုးအပ်သော ရန်သူ၏။ အတ္ထံ၊ အကျိုးစီးပွားကို။ ဝါ၊ ကြီးပွားတိုးတက်မှုကို. အစရိ၊ ပြီ။ ။ပ။ ဣတိ (အဝေါစ)၊ ။
နဝမံ၊