ဘိက္ခဝေ၊ ရဟန်းတို့။
ရာဂဿ၊ ရာဂကို။
အဘိညာယ၊ ထူးသော ဉာဏ်ဖြင့် သိခြင်းငှာ။
နဝ၊ ကိုးပါးကုန်သော။
ဓမ္မာ၊ တရားတို့ကို။
ဘာဝေတဗ္ဗာ၊ ဖြစ်ပွားစေထိုက်ကုန်၏။
ကတမေ၊ အဘယ်မည်ကုန်သော။
နဝ၊ ကုန်သော။
ဓမ္မာ၊ တို့ကို။
(ဘာဝေတဗ္ဗာ၊ နည်းဟူမူ။)
အသုဘသညာ၊ အသုဘသညာကိုလည်းကောင်း။
ဝါ၊ (မိမိ၏ သက်ရှိခန္ဓာကိုယ်ကောင်၌) မတင့်တယ်ဟု ရှုမှတ်သောသညာကိုလည်းကောင်း။
ဝါ၊ (ဥဒ္ဓုမာတကစသော) မတင့်တယ်သော သူသေကောင်၌ ရှုမှတ်သော သညာကို လည်းကောင်း။
မရဏသညာ၊ သေခြင်းသဘောကို အာရုံပြုရှုမှတ်သော သညာကို လည်းကောင်း။
ဝါ၊ သေခြင်းသဘောကို အာရုံပြုရှုတတ်သော ဉာဏ်နှင့် ယှဉ်သော သညာကိုလည်းကောင်း။
အာဟာရေ၊ အစာအာဟာရ၌။
ပဋိကူလသညာ၊ စက်ဆုပ်ဖွယ်ရှုတတ်သော သညာကိုလည်းကောင်း။
သဗ္ဗလောကေ၊ (ကာမ, ရူပ, အရူပဓာတ်သုံးပါးဟူသော) အားလုံးသော လောက၌။
အနဘိရတသညာ၊ မမွေ့လျော်သော အားဖြင့် ရှုမှသော ဝိပဿနာသညာကိုလည်းကောင်း။
အနိစ္စသညာ၊ (ခန္ဓာငါးပါးတို့၌) မမြဲဟု ရှုမှတ်သော ဝိပဿနာသညာကိုလည်းကောင်း။
အနိစ္စေ၊ မမြဲသော ခန္ဓာငါးပါး၌။
ဒုက္ခသညာ၊ ဆင်းရဲဟုရှုမှတ်သော ဝိပဿနာသညာကိုလည်းကောင်း။
ဒုက္ခေ၊ ဒုက္ခဖြစ်သော ခန္ဓာငါးပါး၌။
အနတ္တသညာ၊ ခိုင်မြဲသော အနှစ်သာရ အတ္တကောင် မဟုတ်ဟု ရှုမှတ်သော ဝိပဿနာပညာကိုလည်းကောင်း။
ဝါ၊ ခိုင်မြဲသော အနှစ်သာရအတ္တကောင်မရှိဟု ရှုမှတ်သော ဝိပဿနာသညာကို လည်းကောင်း။
ပဟာနသညာ၊ (တဒင်္ဂပဟာန်စသော)ကိလေသာပယ်သတ်ခြင်းသဘော၌ အာရုံပြု၍ဖြစ်သော သညာကို လည်းကောင်း။
ဝိရာဂသညာ၊ (တဒင်္ဂဝိရားစသော) ကိလေသာကင်းကွာပျက်စီးခြင်းသဘော၌ အာရုံပြု၍ ဖြစ်သော သညာကို လည်းကောင်း။
ဝါ၊ ကိလေသာအားလုံးတို့ ပျက်စီးရာနိဗ္ဗာန်၌ အာရုံပြု၍ ဖြစ်သော သညာကိုလည်းကောင်း။
(ဘာဝေတဗ္ဗာ၊ ဖြစ်ပွားစေထိုက်ကုန်၏။)
ဘိက္ခဝေ၊ တို့။
ရာဂဿ၊ ကို။
အဘိညာယ၊ ငှာ။
နဝ၊ ကုန်သော။
ဣမေ ဓမ္မာ၊ တို့ကို။
ဘာဝေတဗ္ဗာ၊ ကုန်၏။
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ)(၁)။
ဘိက္ခဝေ၊ တို့။
ရာဂဿ၊ ကို။
အဘိညာယ၊ ငှာ။
။ပ။၊
ပဌမံ၊ ပဌမဖြစ်သော။
ဈာနံ၊ ဈာန်ကိုလည်းကောင်း။
ဒုတိယံ၊ နှစ်ခုမြောက်သော။
ဈာနံ၊ ကောင်း။
တတိယံ၊ သော.
ဈာနံ၊ ကောင်း။
စတုတ္ထံ၊ သော။
ဈာနံ၊ ကောင်း။
အာကာသာနဉ္စာယတနံ၊ အာကာသာနဉ္စာယတနဈာန်ကိုလည်းကောင်း။
။ပ။ နေဝသညာနာသညာယတနံ၊ နေဝသညာနာသညာယတနဈာန်ကိုလည်းကောင်း။
သညာဝေဒယိတနိရောဓော၊ သညာဝေဒယိတနိရောဓ သမာပတ်ကိုလည်းကောင်း။
ဝါ၊ သညာဝေဒနာတို့၏ ချုပ်ခြင်းသဘောဟူသော သမာပတ်ကိုလည်းကောင်း။
(ဘာဝေတဗ္ဗာ၊ ကုန်၏။)
ဘိက္ခဝေ၊ တို့။
ရာဂဿ၊ ကို။
အဘိညာယ၊ ငှာ။
။ပ။ ဣတိ (အဝေါစ)(၂)၊
ဘိက္ခဝေ၊ တို့။
ရာဂဿ၊ ကို။
ပရိညာယ၊ ပိုင်းခြားသိခြင်းငှာ။
။ပ။ ဘိက္ခဝေ၊ တို့။
ရာဂဿ၊ ရာဂ၏။
ပရိက္ခယာယ၊ ကုန်ခန်းခြင်းငှာ။
။ပ။ ဘိက္ခဝေ၊ တို့။
ရာဂဿ၊ ကို။
ပဟာနာယ၊ ပယ်ခြင်းငှာ။
။ပ။ ခယာယ၊ ကုန်ခန်းခြင်ငှာ။
။ပ။ ဝယာယ၊ ပျက်စီးခြင်းငှာ။
။ပ။ ဝိရာဂါယ၊ ကင်းကွာ ပျောက်ပျက်ခြင်းငှာ။
။ပ။ နိရောဓာယ၊ ချုပ်ငြိမ်းခြင်းငှာ။
။ပ။ စာဂါယ၊ စွန့်လွှတ်ခြင်းငှာ။
။ပ။ ပဋိနိဿဂ္ဂါယ၊ တဖန်စွန့်လွှတ်ခြင်းငှာ။
။ပ။ [ပေယျာလ ဖော်ပုံကို ရှေးရှေးနိပါတ်များ၌ ရေးခဲ့သည်ကို နည်းမှိးသိပါလေ](၃-၂၀)
၁၁၃-၄၃၂။ ဒေါသဿ၊ ဒေါသကို။
။ပ။ မောဟဿ၊ မောဟကို။
။ပ။ ကောဓဿ၊ စိတ်ဆိုးခြင်းကို။
။ပ။ ဥပနာဟဿ၊ ရန်ငြိုးဖွဲ့ခြင်းကို။
။ပ။ မက္ခဿ၊ သူတပါးဂုဏ်ကို ချေဖျက်တတ်သော ဒေါသကို။
။ပ။ ပဠာသဿ၊ ကိုယ့်ထက်သာသူ, တန်းတူယှဉ်တု, ဂုဏ်ပြိုင်မူကို။
။ပ။ ဣဿာယ၊ ငြူစူ ခြင်းကို။
။ပ။ မစ္ဆရိယဿ၊ ဝန်တိုလျှို့ဝှက်သူ၏ အဖြစ်ကို။
။ပ။ မာယာယ၊ မိမိ၏ အပြစ်ကို ဖုံးကွယ်လှည့်ပတ်မှုကို။
။ပ။ သာဌေယျဿ၊ စဉ်းလဲကောက်ကျစ်မှုကို။
ဝါ၊ မိိမိ၌ မရှိသော ဂုဏ်ကို အရှိလုပ်ကာ လွဲမှားစွာ ပြောဆိုတတ်သူ၏ အဖြစ်ကို။
။ပ။ ထမ္ဘဿ၊ ကောဓမာနအစွမ်းဖြင့် ကြမ်းတမ်းခက်ထန်ခြင်းကို။
။ပ။၊
သာရမ္ဘဿ၊ သူ့ထက်ထူးချွန် သာလွန်အောင် ပြုတတ်သော မာနကို။
။ပ။ မာနဿ၊ မာနကို။
ဝါ၊ ထောင်လွှားမောက်မာခြင်းသဘောကို။
။ပ။ အတိမာနဿ၊ လွန်ကဲသော မာနကို။
။ပ။ မဒဿ၊ မာန်ယစ်ခြင်းကို။
ဝါ၊ မာန်တက်ဝင့်ကြွားခြင်းကို။
။ပ။ ပမာဒဿ၊ မေ့လျော့ခြင်းကို။
အဘိညာယ၊ ငှာ။
။ပ။ ဣတိ (အဝေါစ) (၂၁-၃၄၁)၊
ရာဂပေယျာလံ၊ ရာဂနှင့်စပ်သော မြှုပ်ကွက်သည်။
နိဋ္ဌိတံ၊ ပြီးပြီ။
နဝကနိပါတပါဠိ၊ နိဝကနိပါတ်ပါဠိတော်သည်။
ဝါ၊ တရားကိုးမျိုး, ကိုးမျိုးတို့၏ အပေါင်းအစုကို ထည့်သွင်းဖော်ပြရာ အခန်းပါဠိတော်သည်။
နိဋ္ဌိတာ၊ ပြီးဆုံးခြင်းသို့ ရောက်ပြီ။