Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Navakanipātapāḷi
Navakanipātapāḷi

10. Āghātapaṭivinayasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ အာဃာတပဋိဝိနယာ၊ ဒေါသအာဃာတကို ပယ်ဖျေက်ကြောင်း တရားတို့သည်။ ဣမေ နဝ၊ ဤကိုးမျိုးတို့ပေတည်း။ ။ပ။၊
(အယံ၊ ဤသူသည်။) မေ၊ ၏။ အနတ္ထံ၊ ကို။ အစရိ၊ ပြုလုပ်ခဲ့ဖူးပြီ။ တံ၊ ထိုငါ၏ အကျိုးမဲကို ပြုလုပ်ခြင်းသည်။ (မာ အဟောသိ၊ မဖြစ်ပါစေသတည်း။ ဣတိ၊ ဤသို့။ ဝါ၊ ဤသို့ အကျိုးမဲ့မပြုလုပ်ခြင်းကို။) ဧတ္ထ၊ ဤပုဂ္ဂိုလ်၌။ (ဤအကျိုးမဲ့ပြုလုပ်နေသော ပုဂ္ဂိုလ်၌။) ကုတော၊ အဘယ်ကြောင့်။**တံ ကုတေတ္ထ လဗ္ဘာ** ။ ။ ဤဝါကျ၌ နောက်တည်းအဖွင့်အနက်ပေးမုံမှာ- (အယံ- ဤသူသည်) မေ- ငါ၏၊ အနတ္ထံ၊ ကို၊ အစရိ- ပြီ၊ (အဟံ- သည်၊ ကောပံ- အမျက်ထွက်မှုကို၊ သစေ ကရေယျံ- အကယ်၍ပြုငြားအံ့) ဧတ္ထ- ဤ ငါ၏အကျိုးမဲ့ကို ပြုလုပ်သော ပုဂ္ဂိုလ်၌၊ တံ- ထိုငါကအမျက်ထွက်မှုပြုခြင်းကို၊ ကုတော- အဘယ့်ကြောင့်၊ ဝါ- အဘယ်မှာ၊လဗ္ဘာ= ရအပ်ပါအံ့နည်း။ ဤအနက်ပေးနည်း၌ ဆိုလိုသည်မှာ--
သတ္တဝါတို့သည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြသည်ဖြစ်၍ ကံတရားကသာ သတ္တဝါတို့ကို ချမ်းသာအောင် ဆင်းရဲအောင် ပြုလုပ်နိုင်သည်၊ ပုဂ္ဂိုလ်တဦးဦးက သူ၏ အလိုဆန္ဒဖြင့် ဘယ်သု့ကိုမျှ ချမ်းသာအောင် ဆင်းရဲအောင် မပြုလုပ်နိုင်၊ ငါ၏ အကျိုးမဲ့ကိုလည်း ထိုပုဂ္ဂိုလ်က ပြုလုပ်သည်မဟုတ်၊ ငါ၏ အကုသိုလ်ကံကသာ ပြုလုပ်သည်၊ ထို့ကြောင့် "တံ ကုတေတ္ထ ဘဗ္ဘာ- ထိုပုဂ္ဂိုလ်အပေါ်၌ ငါကအမျက်ဒေါသထွက်ခြင်းသည် အဘယ်မှာ သင့်လျော်အံ့နည်း" ဟူ၍ ဆိုလို၏။
(တနည်း) ပရမတ္ထ သဘောတရားအားဖြင့်ကြည့်လျှင် ခန္ဓာငါးပါးက လွဲ၍ စိတ်ဆိုးစရာ ပုဂ္ဂိုလ်သတ္တဝါဟူ၍ မရှိ၊ စိတ်ဆိုးတတ်သော ပုဂ္ဂိုလ်သတ္တဝါ ဟူ၍လည်းမရှိ၊ အားလုံးခန္ဓာငါးပါးက သင်္ခါရတရားချည်းသာဖြစ်၏၊ သင်္ခါရတရားမှန်သမျှ ဖြစ်ပြီးသည်နှင့် တပြိုင်နက် ချုပ်ပျောက် ပျက်စီးသွားသည်ချည်းသာ ဖြစ်သောကြောင့် အသက်တမ်းကာလ အားဖြင့် အလွန်တိုတောင်းလှ၏၊ ယင်းသို့ ချုပ်ပျောက်ပျက်စီးသွားကြပြီး ဖြစ်သောကြောင့်ပင် ယခုအခါ အဘယ်သူ့ကို အဘယ်အရာကို စိတ်ဆိုးနေပါသည်ဟု လက်ညှိုးထိုးညွှန်ပြစရာပင် မရှိတော့ချေ၊ ထို့ကြောင့် အဘယ်သူက အဘယ်သူ့အား စိတ်ဆိုးနေပါသနည်း။ တံ ကုတေတ္ထ လဗ္ဘာ- ထိုပုဂ္ဂိုလ်၌ ငါ၏ စိတ်ဆိုးမှုသည် အဘယ်မှာ ရနိုင်ဖြစ်နိုင်ကောင်းအံ့နည်း ဟူလို။
ဝါ၊ အဘယ်မှာ။ လဗ္ဘာ၊ (တောင့်တတိုင်း)ရနိုင်ပါအံ့နည်း။ ဣတိ၊ ဤသို့ ဆင်ခြင်စဉ်းစား၍။ အာဃာတံ၊ ရန်ငြိုးဒေါသကို။ ပဋိဝိနေတိ၊ ပယ်ဖျောက်၏။ ။ပ။၊
(အယံ၊ သည်။) မေ၊ ၏။ ပိယဿ၊ သော။ မနာပဿ၊ ၏။ အနတ္ထံ၊ ကို။ အစရိ၊ ပြီ။ တံ၊ ထိုငါ့ချစ်သူ၏ အကျိုးမဲ့ကို ပြုလုပ်ခြင်းသည်။ (မာ အဟောသိ၊ တည်း။ ဣတိ၊ သို့။ ဝါ၊ ကို။) ဧတ္ထ၊ ဤပုဂ္ဂိုလ်၌။ (ငါ့ချစ်သူ ၏အကျိုးမဲ့ကို ပြုလုပ်နေသော ဤပုဂ္ဂိုလ်၌။) ကုတော၊ ကြောင့်။ ဝါ၊ မှာ။ ကဗ္ဘာ၊ နည်း။) ဣတိ၊ ဤသို့ စဉ်းစား၍။ အာဃာတံ၊ ကို။ ပဋိဝိနေတိ၊ ၏။ ။ပ။၊
(အယံ၊ သည်။) မေ၊ ၏။ အပ္ပိယဿ၊ မချစ်အပ်သူဖြစ်သော။ အမနာယဿ၊ ၏။ အတ္ထံ၊ ကို။ စရိယ၊ ဖူးပြီ။ တံ၊ ထို ငါမုန်းသူ၏ အကျိုးစီးပွားကို ပြုလုပ်ခြင်းသည်။ (မာအဟောသိ၊ တည်း။ ဣတိ၊ ဤသို့။ ဝါ၊ ဤသို့ အကျိုးစီးပွားကို ပြုလုပ်ခြင်းကို။) ဧတ္ထ၊ ဤပုဂ္ဂိုလ်၌။ (ဤငါမုန်းသူ၏ အကျိုးစီးပွားကို ပြုလုပ်သော ပုဂ္ဂိုလ်၌။) ကုတော၊ ကြောင့်။ ဝါ၊ မှာ။ လဗ္ဘာ၊ အံ့နည်း။ ဣတိ၊ သို့။ အာဃာတံ၊ ကို။ ပဋိဝိနေတိ၊ ၏။ ။ပ။၊
ဒသမံ၊