Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Navakanipātapāḷi
Navakanipātapāḷi

5. Orambhāgiyasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ ဩရမ္ဘာဂိယာနိ၊ အောက်ကာမဓာတ်သို့ ချဉ်းကပ်တတ်ကုန်သော။ ဝါ၊ အောက်ကာမဓာတ်အဖို့၏ စီးပွားဖြစ်ကုန်သော။ ဝါ၊ အောက်ကာမဘဝ၌ ပဋိသန္ဓေတည်နေစေတတ်ကုန်သော။ သံယောဇနာနိ၊ အနှောင်အဖွဲ့တို့သည်။ ဣမာနိ ပဉ္စ၊ ဤငါးမျိုးတို့တည်း။ ။ပ။၊
သက္ကာယဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိလည်းကောင်း။ ဝါ၊ ပရမတ္ထအားဖြင့် ထင်ရှားရှိသော ဥပါဒါနက္ခန္ဓာငါးပါးအပေါင်း၌ အသက်ရှင်အတ္တကောင်ဟု မှားယွင်းစွာ ယူဆခြင်းလည်းကောင်း။ [သ-သန္တ၊ ပရမတ္ထအားဖြင့် ထင်ရှားရှိသော+ကာယ ၊ ခန္ဓာငါးဝ ကိုယ်ကာယ၌+ ဒိဋ္ဌိ၊ အသက်ရှင်အတ္တကောင်ဟု ယူဆသော သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိနှစ်မျိုး။] ဝိစိကိစ္ဆာ၊ ရတနာသုံးဖြာ, အကျင့်သိက္ခာစသည်တို့၌ ယုံမှားတွေးတော မဝေခွဲနိုင်ခြင်း သ‌ဘောလည်းကောင်း။ သီလဗ္ဗတပရာမာသော၊ နွားခွေးအလေ့အကျင့် စသည်ကို ကိလေသာ စင်ကြယ်ကြောင်း အကျင့်ကောင်းဟု မှားယွင်းစွာ သုံးသပ်ယူဆခြင်းလည်းကောင်း။သီလဗ္ဗတပရာမာသော ။ ။ သီလ- အလေ့အထ၊ ဝတ- အကျင့်၊ ထိုနှစ်မျိုးတို့တွင် မကျုးလွန် မဖောက်ဖျက်အပ်သော သီလ (အဝီတိက္ကမနီယသီလ) ကို သီလဟု ခေါ်၏၊ သို့သော် ဤနေရာ၌မူ နွားခွေးစသည်တို့၏ သွားလာပုံ စားသောက်ပုံ အလေအထ သီလကို လည်းကောင်း, လောကုတ္တရာ သီလ၏ အခြေခံအကြောင်း မဖြစ်နိုင်သော လောကီသီလတစ်ခုခုကို လည်းကောင်း အဝီတိက္ကမနီယသီလဟု ဆိုလို၏၊ အမြဲမပြတ်ဆည်းကပ်ကျင့်သုံးအပ်သော အကျင့်ကို ဝတဟု ခေါ်၏၊ တခြားမဟုတ်၊ ထိုနွားကျင့်ခွေးကျင့် စသည် ပြင် ဖြစ်၏။
ကိလေသာ စင်ကြယ်ကြောင်း မဟုတ်သော ထိုသီလ, ဝတကို ကိလေသာစင်ကြယ်ကြောင်း၊ အကျင့်ကောင်းဟူ၍။ ပရာမာသ- မှားယွင်းစွာ သုံးသပ်မှု ယူဆမှုကို သီလဗ္ဗတပရာမာသဟုခေါ်၏၊ အဋ္ဌသာလိနီ၊ နိက္ခေပကဏ္ဍ (၃၈၉) နှင့် ၎င်းမူလဋီကာ အနုဋီကာအဖွင့်များတည်း။
ကာမစ္ဆန္ဒော၊ ငါးပါးအာရုံ ကာမဂုဏ်တို့၌ လိုလားတပ်မက်သော လောဘလည်းကောင်း။ ဗျာပါဒေါ၊ စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော ဒေါသလည်းကောင်းတည်း။ ။ပ။၊ [ပဉ္စောရမ္ဘာဂိယာနိ၊ ပဉ္စ + ဩရမ္ဘာဂိယာနိ]။
ပဉ္စမံ၊ ။