Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Navakanipātapāḷi
Navakanipātapāḷi

3. Meghiyasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဧကံ၊ တပါးသော။ သမယံ၊ အခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ စာလိကာယံ၊ စာလိကာနာမည်၏ အကြောင်းရင်း ။ ။ တံ ကိရ စာလမဂ္ဂံ နိဿာယကတတ္တာ ဩလောတေန္တာနံ စလမာနံ ဝိယ ဥပဋ္ဌာတိ၊ တသ္မာ စာလိကာတိ သင်္ခံ ဂတံ- လှုပ်ရှားနေသောလမ်းကိုမှီ၍ တည်ထောင်ထားအပ်သောမြို့ဖြစ်သောကြောင့် ထိုမြို့သည် ကြည့်ရှုသောသူတို့အား လှုပ်ရှားနေသကဲ့သို့ ထင်ပေါ်လာ၏၊ ထို့ကြောင့် စာလိကာမြို့ဟုခေါ်၏၊ စလတိ စလမာနံ ဝိယ (စလမာနာ ဝိယ ဝါ) ဥပဋ္ဌာတီတိ စာလိကာ- ဟုဝစနတ္တပြု။
စလမဂ္ဂံ ပုဒ်နေရာ၌ စလမင်္ကံ (လှုပ်ရှားနေသော ရွံ့ညွန်) ဟုလည်း ပါဌ် ရှိ၏၊ ဥဒါန်းအဋ္ဌကထာ (၁၉၆) ၌လည်း စလပင်္ကံ ဟု ပင်ရှိ၏၊ မြို့တံခါးနေရာမှတပါး ကျန်းမြို့ပတ်ပတ်လည်၌ လှုပ်ရှားနေသော ရွှံ့ညွန်ရှိ၏၊ ထိုရွှံ့ညွန်ကို မှီ၍ တည်သော မြို့ဖြစ်ရကား ဖိုမြို့သည် ကြည့်ရှုသူတို့အား လှုပ်ရှားနေသကဲ့သို့ ထင်ပေါ်လာ၏၊ ထို့ကြောင့် စာလိကာမြို့ဟုခေါ်သည်ဟု ဥဒါန်းအဋ္ဌကထာဖွင့်သည်။
ထို့ပြင်"စာလိကာပဗ္ဗတေ" နေရာဝယ် ဥဒါန်းပါဠိနှင့် အဋ္ဌကထာတို့၌ "စာလိကေ ပဗ္ဗတေ" ဟုရှိ၏၊ မြို့ကိုဆိုလိုရာ၌ "စာလိကာ" ဟု ဣတ္ထိလိင်အာကာရန္တပါဌ် ရှိရမည်ဖြစ်သော်လည်း တောင်ကိုဆိုလိုရာ၌ကား ဥဒါန်းပါဠိအတိုင်း ပုလ္လိင်အကာရန္တပါဌ်ရှိသင့်၏၊ စလတိ စလမာနောဝိယ ဥပဋ္ဌာတီတိ စာလိကော- (အားလုံးစုံ ဖွေးဖွေးဖြူနေသည်ဖြစ်၍ လဆုတ်ရက်ပိုင်း၌ ကြည့်ရှုသူတို့အား) လှုပ်ရှားနေသကဲ့သို့ ထင်ပေါ်လာသော တောင်- ဟူ၍ သံဝဏ္ဏနာနုရူပဝစနတ္ထပြုရာ၏။
စာလိကာမြို့၌။ စာလိကပဗ္ဗတေ၊ စာလိကတောင်၌။ ဝါ၊ စာလိကတောင်ပေါ်ကျောင်းတော်ကြီး၌။ ဝိဟရတိ၊ သီတင်းသုံးနေတော်မူ၏။
တေန ခေါ ပန သမယေန၊ ထိုအခါ၌။ အာယသ္မာ မေဃိယော၊ အရှင်မေဃိယသည်။ ဘာဂတတော၊ မြတ်စွာဘုရား၏။ ဥပဋ္ဌာကော၊ အလုပ်အကျွေးသည်။ ဟောတိ၊ ဖြစ်၏။
အထ ခေါ၊ ထိုအခါ၌။
။ပ။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုးပြီး၍။ ဧကမန္တံ၊ သင့်လျော်သည့် တခုသောနေရာ၌။ အဋ္ဌာသိ၊ ရပ်နေပြီ။
ဧကမန္တံ၊ ၌။ ဌိတော၊ ရပ်နေပြီးသော။ အာယသ္မာ မေဃိယော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ၊ ဤစကားကို။ အဝေါစ၊ လျှောက်ထားပြီ။ (ကိန္တိ၊ အဘယ်သို့။ အဝေါစ၊ လျှောက်ထားသနည်းဟူမူ။)
ဘန္တေ၊ မြတ်စွာဘုရား။ အဟံ၊ တပည့်တော်သည်။ ဇန္တုဂါမံ၊ ဇန္တုမည်သောရွာသို့။ ပိဏ္ဍာယ၊ ဆွမ်းအကျိုးငှာ။ ပဝိသိတုံ၊ ဝင်ခြင်းငှာ။ ဣစ္ဆာမိ၊ အလိုရှိပါ၏။
ဣတိ၊ ဤသို့။ (အဝေါစ၊ လျှောက်ပြီ။) မေဃိယ၊ မေဃိယ။ ဒါနိ၊ ယခု။ တွံ၊ သင်သည်။ ယဿ၊ အကြင်ဇန္တုရွာသို့ ဆွမ်းခံ ဝင်ခြင်း၏။ ကာလံ၊ အချိန်ကို။ မညတိ၊ သိ၏။ တံ၊ ထိုဆွမ်းခံဝင်ခြင်းကို။ ကရောတိ၊ ပြုလော။ ဣတိ၊ သို့။ (အဝေါစ၊ မိန့်တော်မူပြီ။)
အထခေါ၊ (မြတ်စွာဘုရားထံမှ ခွင့်ပြုချက်ရရာ)ထိုအခါ၌။ အာယသ္မာ မေဃိယော၊ အရှင်မေဃိယသည်။ ပုဗ္ဗဏှသမယံ၊ နံနက်အခါ၌။ နိဝါ သေတွာ၊ သင်းပိုင်ကို ကောင်းမွန်ညီညာစွာ ပြင်ဝတ်၍။ ပတ္တစီဝရံ၊ သပိတ်သင်္ကန်းကို။ အာဒါယ၊ ယူ၍။ ဝါ၊ ကိုင်ဆောင်ခြုံရုံ၍။ ဇန္တုဂါမံ၊ ဇန္တုရွာသို့. ပိဏ္ဍာယ၊ ငှာ။ ပါဝိသိ၊ ဝင်ပြီ။
ဇန္တုဂါမေ၊ ၌။ ပိဏ္ဍာယ၊ ဆွမ်းအကျိုးငှာ။ စရိတွာ၊ လှည့်လည်ပြီး၍။ ပစ္ဆာဘတ္တံ၊ ဆွမ်းဘုဉ်းပေးပြီးရာအခါမှ နောက်၌။ ပိဏ္ဍပါတပဋိက္ကန္တော၊ ဆွမ်းခံရာအရပ်မှ ဖဲခွါခဲ့ပြီးသည်။ (သမာနော၊ ဖြစ်လသော်)။ ယေန၊ အကြင်အရပ်၌။ ကိမိကာ ဠာယ၊ ကိမိကာဠာမည်သော။ (မည်းနက်သော ပိုးကောင်များစွာ ရှိရာ၏ အဖြစ်ကြောင့် ကိမိတာဠာမည်သော)။ နဒိယာ၊ မြစ်၏။ တီရံ၊ ကမ်းသည်။ (အတ္ထိ၊ ရှိ၏။) တေန၊ ထိုအရပ်၌။ ဥပသင်္ကမိ၊ သွားပြီ။
အာယသ္မာ မေဃိယော၊ သည်။ ကိမိကာဠာယ၊ သော။ နဒိယာ၊ မြစ်၏။ တီရေ၊ ကမ်းနား၌။ ဇင်္ဃာဝိဟာရံ၊ ဇင်္ဃာဝိဟာရံ အနုစင်္ကမမာနော ။ ။ ဇင်္ဃာသု ဥပ္ပန္နကိလမထဝိနောဒနတ္ထော ဝိဟာရော ဝိစရဏံ ဇင်္ဃာဝိဟာရော- ခြေသလုံးမြင်းခေါင်းတို့၌ ဖြစ်သော ‌ညောင်းညာမှုကို ဖြေဖျောက်ခြင်းအကျိုးရှိသော လှည့်လည်လမ်းလျှောက်ခြင်း၊ (တနည်း) ဇင်္ဃာယ ဟိတော ဝိဟာရော သဉ္စာရော ဇင်္ဃာဝိဟာရော- ခြေသလုံမြင်းခေါင်း၏ အစီးအပွားဖြစ်သော လှည့်လည်လမ်းလျှောက်ခြင်း၊ [လှည့်လည်သွားလာခင်းကို ဝိဟာရဟုဆိုသည်။]
ဤ၌ "**ဇင်္ဃာဝိဟာရံ**၊ ခြေသလုံးမြင်းခေါင်း အညောင်းဖြေဖျောက် လမ်းလျှောက်ခြင်းကို၊ အနုစင်္ကပနကိရိယာတို့ အနက်မကွဲပြားဘဲ ကွဲပြားသကဲ့သို့ ခေါ်ဝေါ်သုံးနှုန်းထားသော အဘေဒဘေဒူပစာရ စကားဖြစ်၏၊ "စာရိကံ- လှည့်လည်ခြင်းကို၊ စရာမာနော=- လှည့်လည်လသော်" ဟူသော စကားနှင့်အတူတူပင်တည်း၊ (တနည်း) "ဇင်္ဃာဝိဟာရံ=...... လျှောက်ခြင်းငှာ" ဟု အနက်ဆိုလျှင် "ဒိဝါ်ဝိဟာရံ နိသီဒိ၊ အလဂဒ္ဒပရိယေသနံ စရမာနော" တို့၌ကဲ့သို့ အံဝိဘတ်ကို တဒတ္ထသမ္ပဒါန်အနက်၌သက်။ " ဇင်္ဃာဝိဟာရံ- ...... လျှောက်ခြင်းဖြင့်" ဟု အနက်ဆိုလျှင်ကား အံဝိဘတ်ကို ကိရိယာ ဝိသေသနအနက်ဟောကြံပါ၊ ဤဇင်္ဃာဝိဟာရံနှင့်စပ်၍ ရေးသင့်သမျှကို တိကနိပါတ်စာပိုဒ် (၃၅) ဟတ္ထကသုတ်၌ ရေးခဲ့ပြီးဖြစ်သော်လည်း ပထမ အကြိမ်ရိုက်စာအုပ် ထိုနေရာ၌ စာရိုက်လွဲမှားချက်များရှိနေ၍ ဇဝေဇဝါဖြစ်စရာရှိသောကြောင့် ဤနေရာ၌ထပ်မံရေးသားလိုက်ပါသည်။
ခြေသလုံးမြင်းခေါင်း အ‌ညောင်းဖြေဖျောက် လမ်းလျှောက်ခြင်းကို။ ဝါ၊ ...... လျှောက်ခြင်းငှာ။ ဝါ၊ ....... လျှေက်ခြင်းဖြင့်။ အနုစင်္ကမမာနော၊ ထိုမှဤရောက် လျှောက်လသော်။ အနုဝိစရမာနော၊ ထိုထိုဤဤ လှည့်လည်လသော်။ ပါသာဒိကံ၊ စိတ်ကြည်လင်မှုကို ဆောင်နိုင်သော။ ရမဏီယံ၊ စိတ်ကိုပျော်မွေ့စေတတ်သော။ အမ္ဗဝနံ၊ သရက်တောကို။ အဒ္ဒသာ ခေါ၊ မြင်ရသည်သာ။
ဒိသွာန၊ မြင်ရပြီး၍။ ဝါ၊ မြင်ရခြင်းနောက်။ အဿ၊ ထိုအရှင် မေဃိတမှာ။ ဧတံ၊ ဤသို့ စဉ်းစားမိခြင်းသည်။ အဟောသိ၊ ဖြစ်ပြီ။ (ကိန္တိ၊ အဘယ်သို့။ အဟောတိ၊ ဖြစ်သနည်းဟူမူ။)
ဣဒံ အမ္ဗဝနံ၊ ဤသရက်တောသည်။ ပါသာဒိကံ ဝတ၊ စိတ်ကြည်လင်မှုကို ဆောင်နိုင်ပါ ပေစွာ့တကား။ ဝါ၊ စိတ်ကြည်နူးဖွယ် ဖြစ်ပါပေစွာ့တကား။ ရမဏီယံ ဝတ၊ စိတ်ကို ပျော်မွေ့စေတတ်ပါပေစွာ့တကား။ ဣဒံ၊ ဤသရက်တောသည်။ ပဓာနတ္ထိကဿ၊ ဘာဝနာကမ္မဋ္ဌာန်း ကြိုးပမ်းအားထုတ်ခြင်းဖြင့် အလိုရှိသော။ (ဘာဝနာကမ္မဋ္ဌာန်း ကြိုးပမ်းအားထုတ်လိုသော )။ ကုလပုတ္တဿ၊ အမျိုးကောင်းသား၏။ ဝါ၊ အား။ ပဓာနာယ၊ ဘာဝနာကမ္မဋ္ဌာန်း ကြိုးပမ်းအားထုတ်ခြင်းငှာ။ အလံ ဝတ၊ စွမ်းတောင်နိုင်ပါပေစွာ့တကား။ ဝါ၊ သင့်လျော်ပါပေစွာ့တကား။
မံ၊ ငါ့ကို။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ သစေ အနုဇာနေယျ၊ အကယ်၍ ပြန်လာခြင်းငှာ ခွင့်ပြုတော်မူငြားအံ့။ (ဧဝံ သတိ၊ ဤသို့ ခွင့်ပြုသည်ဖြစ်လသော်)။ အဟံ၊ ငါသည်။ ဣမံ အမ္ဗဝနံ၊ ဤသရက်တောကို။ ပဓာနာယ၊ ငှာ။ အာဂစ္ဆေယျံ၊ ပြန်လာလိုပါ၏။ ဣတိ၊ ဤသို့စဉ်းစားမိခြင်းသည်။ (အဟောသိ၊ ဖြစ်ပြီ။)
အထခေါ၊ စဉ်းးစားမိပြီရာ ထိုအခါ၌။ ။ပ။ ဧကမန္တံ၊ ၌။ နိသီဒိ၊ ထိုင်နေပြီ။
။ပ။ ဘန္တေ၊ ရား။ ဣဓ၊ ဤအရပ်၌။ အဟံ၊ တပည့်တော်သည်။ ။ပ။ ပါဝိသိံ၊ ဝင်ခဲ့ပါပြီ။
။ပ။ တေန၊ ၌။ ဥပသင်္ကမိံ၊ သွားခဲ့ပါပြီ။
ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ သည်။ ကိမိတာဠာယ၊ သော။ ။ပ။ ရမဏီယံ၊ သော။ အမ္ဗဝနံ၊ ကို။ အဒ္ဒသံ၊ မြင်ခဲ့ပါပြီ။
ဒိသွာန၊ မြင်ပြီး၍။ ဝါ၊ မြင်ရခြင်းကြောင့်။ မေ၊ တပည့်တော်မှာ။ ဧတံ၊ ဤသို့ စဉ်းစားမိခြင်းသည်။ အဟောတိ၊ ဖြစ်ပါပြီ။ (ကိန္တိ အဟောသိ)။
။ပ။ ဣမံ အမ္ဗဝနံ၊ သို့။
ပဓာနာယ၊ ငှါ။
အာဂစ္ဆေယျံ၊ ပါ၏။ ဣတိ၊ ဤသို့ စဉ်းစားမိခြင်းသည်။ (အဟောသိ၊ ဖြစ်ပါပြီ။) ဘဂဝါ၊ သည်။ မံ၊ တပည့်တော်ကို။ သစေ အနုဇာနေယျ၊ အံ့။
အဟံ၊ သည်။ တံ အမ္ဗဝနံ၊ ထိုသရက်တောသို့။ ပဓာနာယ၊ ငှာ။ ဂစ္ဆေယျံ၊ ပြန်သွားလိုပါ၏။ ဣတိ၊ သို့။ (အဝေါစ၊ လျှောက်ပြီ။)
မေဃိယ၊ မေဃိယ။ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။
အညောပိ၊ သင်မှ တပါးတခြားလည်းဖြစ်သော။ ကောစိ၊ တပါးပါးသော။ ဘိက္ခု၊ ရဟန်းသည်။ အာဂစ္ဆတိ၊ ငါ၏ အထံသို့လာ၏။ တာဝ၊ ထိုအခြားရဟန်းတပါးပါး မလာသေးမီ။ (တွံ၊ သင်သည်။) အာဂမေဟိ၊ ဆိုင်းငံ့ပါဦးလော။ တာဝ၊ အောင်။ ဝါ၊ သေးမီ။ (အဟံ၊ ငါသည်)။ ဧကကော၊ တပါးတည်းသော။ အမှိ၊ ဖြစ်နေပါ၏။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ)။ ["အာဂမေဟိ တာဝ" အာဂမေဟိ တာဝ, ဧကကမှိ တာဝ ။ ။ သရက်တောဥယျာဉ်သို့သွား၍ ကမ္မဋ္ဌာန်းအားထုတ်လိုသော အရှင်မေဃိယသည် ထိုအချိန်၌ မဂ်ဖိုလ်ရလောက်အောင် ဉာဏ်ရင့်ကျက်မှုမရှိသေး၊ ထို့ကြောင့် အရှင်မေဃိယကို သရက်တောသို့ မသွားရန်" အာဂမေဟိ တာဝ" ဟူ၍ မြတ်စွာဘုရား တားမြစ်တော်မူ၏၊ အရှင်မေဃိယကား မြတ်စွာဘုရားက သွားခွင့်မပြုသော်လည်း ဘုရားစကားနားမထောင်ဘဲ အဇွတ်တင်းသွားမည်သာဖြစ်သည့်အပြင် ငါ၏ပြုစုလုပ်ကျွေးမှုကို အလိုရှိသောကြောင့်သာ သွားခွင့်မပြုခြင်းဖြစ်သည်ဟုလည်း မြတ်စွာဘုရားအပေါ်၌ အရှင်မေဃိယ အထင်လွဲမှား စိတ်ဖောက်ပြားသွားနိုင်၏၊ ယင်းသို့ အထင်လွဲမှားသွားလျှင် အရှင်မေဃိယမှာ ကာလကြာမြင့်စွာ စီးပွားပျက်ပြားဒုက္ခများဖွယ်ရာရှိ၏၊ ထို့ကြောင့် မြတ်စွာဘုရားသည် အရှင်မေဃိယကို ဆက်လက်မထားတော့ဘဲ သွားခွင့်ပြုတော်မူ၏၊ ယင်းသို့ တားမရ၍ သွားသော အရှင်မေဃိယသည် သရက်တောသို့ရောက်၌ မိမိထင်သလို ကမ္မဋ္ဌာန်းအားထုတ်မှုကိစ္စကို ပြီးစီးထမြောက်မှုမရှိသောအခါ မြတ်စွာဘုရားအပေါ်၌ သံသယကင်းရှင်း ချစ်ခင်ခြင်းဖြင့် မြတ်စွာဘုရားထံ ဧကန်ပြန်လာလိမ့်မည်ဖြစ်၏၊ ယင်းသို့ ဧကန် ပြန်လာလောက်အောင် အရှင်မေဃိယကို စိတ်ဓာတ်နူးညံ့ပျော့ပြောင်းမှု ဖြစ်စေခြင်းငှါ " ဧကကမှိ တာဝ" ဟူ၍ မြတ်စွာဘုရားမိန့်တော်မူ၏။ စသည်ကို မိန့်ကြားရခြင်း၏ အကြောင်းကို အောင်ခြေ၌ကြည့်။]
ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။
။ပ။ ဘန္တေ၊ မြတ်စွာဘုရား။ ဘဂဝတော၊ မြတ်စွာဘုရားမှာ။ ဥတ္တရိ၊ ပြုအပ်ပြီးသော မဂ်ကိစ္စ (၁၆) ပါးထက်အပိုအလွန်။ ကရဏီယံ၊ ပြုဖွယ်ကိစ္စသည်။ (သစ္စာလေးပါးတို့၌ မဂ်လေးပါးတို့ဖြင့် ပြုသင့်သော ပရိညာစသောကိစ္စသည်)။ ကိဉ္စိ၊ စိုးစဉ်းအနည်းငယ်မျှ။ နတ္ထိ၊ မရှိတော့ပါ။ [တနည်း- ဘန္တေ၊ ရား။ ဘဂဝတော၊ မှာ။ ဥတ္တရိ၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုဉာဏ်ကို ထိုးထွင်းမြင်သိ ရရှိခြင်းထက် အပိုအလွန်။ ကရဏီယံ၊ နောက်ထပ်တရားထူးရအောင် ပြုဖွယ်ကိစ္စသည်။ ကိဉ္စိ၊ မျှ။ နတ္ထိ၊ မရှိ။] ကတဿ၊ ပြုအပ်ပြီးသောမဂ်ကိစ္စကို။ ပဋိစယော၊ ထပ်မံဖြစ်ပွားစေရခြင်းသည်လည်း။
နတ္ထိ၊ မရှိ။ ဘန္တေ၊ ရား။ မယှံ ပန၊ တပည့်တော်မှာကား။ ဥတ္တရိ၊ ဖြည့်ကျင့်အပ်ပြီးသော လောကီသီလ စသည်ထက် အပိုအလွန်။ ကရဏီယံ၊ ပြုကျင့်ဖွယ်မဂ်ကိစ္စ (၁၆) ပါးသည်။ အတ္ထိ၊ ရှိပါ၏။ ကတဿ၊ ပြုလုပ်ဖြစ်ပွားစေအပ်ပြီးသော မဂ်တရားကို။ ပဋိစယော၊ ထပ်မံဖြစ်ပွားစေရခြင်းသည်လည်း။ အတ္ထိ၊ ရှိပါ၏။ ။ပ။ တတိယမ္ပိ၊ လည်း ။ပ။
မေဃိယ၊ မေဃိယ။ ပဓာနံ၊ ဘာဝနာကမ္မဋ္ဌာန်း ရဟန်းတရားကို? (ကရောမိ၊ အားထုတ်ပါအံ့။) ဣတိ၊ ဤသို့။ ဝဒမာနံ၊ ပြောဆိုသော။ (တံ၊ သင့်ကို)။ ကိန္တိ၊ အဘယ်သို့။ ဝါ၊ အဘယ်မည်သောစကားကို။ ဝဒေယျာမ၊ ငါတို့ပြောလိုကုန်တော့အံ့နည်း။ မေဃိယ၊ ယ။
ဒါနိ၊ ယခုအခါ၌။ ယဿ၊ အကြင်သရက်တောသို့ သွားခြင်း၏။ ကာလံ၊ အချိန်ကို။ တွံ၊ သင်သည်။ မညသိ၊ သိ၏။ (တံ၊ ထိုသရက်တောသို့ သွားခြင်းကို။ တွံ၊ သည်။ ကရောတိ၊ ပြုလော။) ဣတိ၊ သို့။ (အဝေါစ၊ မိန့်တော်မူပြီ။)
အထခေါ၊ ထိုအခါ၌။ အာယသ္မာ မေဃိယော၊ သည်။ အာသနာ၊ ထိုင်နေရာမှ။ ဥဋ္ဌာယ၊ ထ၍။ ။ပ။ ကဒက္ခိဏံ၊ အရိုအသေကို။ ကတွာ၊ ပြု၍။ ယေန၊ အကြင်အရပ်၌။ တံ အမ္ဗဝနံ၊ သည်။ (အတ္ထိ၊ ရှိ၏။)
။ပ။တံ အမ္ဗဝနံ၊ သို့။ အဇ္ဈောဂါဟေတွာ၊ ဝင်ရောက်၍။ အညတရသ္မိံ၊ တစ်ခုသော။ ရုက္ခမူလေ၊ သစ်ပင်အနီး၌။ ဝါ၊ သစ်ပင်အောက်၌။ ဒိဝါဝိဟာရံ၊ နေ့အခါတပါးတည်း သီးသန့်နေထိုင်ခြင်းငှာ။ ဝါ၊ နေ့သန့်ခြင်းငှာ။ နိသီဒိ၊ ထိုင်နေပြီ။ [ဒိဝါဝိဟာရံ၊ ၌ အံဝိဘတ်ကို တဒတ္ထသမ္ပဒါန်အနက်၌သက်။]
အထ ခေါ၊ ၌။ အာယသ္မတော မေဃိယဿ၊ အရှင်မေဃိယသည်။ တသ္မိံ အမ္ဗဝနေ၊ ထိုသရက်တော၌။ ဝိဟရန္တဿ၊ နေထိုင်စဉ်။ [တနည်း- အထခေါ၊ ၌။ တသ္မိံ အမ္ဗဝနေ၊ ၌။ ဝိဟရန္တဿ၊ နေထိုင်သော။ အာယသ္မတော မေဃိယဿ၊ အရှင်မေဃိယ၏။ ဝါ၊ အရှင်မေဃိယမှာ။] ယေဘုယျေနေ၊ များသောအားဖြင့်။ တယော၊ သုံးမျိုးကုန်သော။ ပါ ပကာ၊ ယုတ်မာကုန်သော။ ဝါ၊ အပါယ်ဒုဂ္ဂတိသို့ ရောက်စေတတ်ကုန်သော။ [ပါပတာတိ လာမကာ၊။ပ။ ဒုဂ္ဂတိသမ္ပါပနဋ္ဌေန ဝါ ပါပကာ။] အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော။ ဝါ၊ လိမ္မာကျွမ်းကျင် သိမြင်သူ၏ ဖြစ်ကြောင်း ဉာဏ်ပညာကြောင့်ဖြစ်သည် မဟုတ်ကုန်လော။ ဝါ၊ ကုသိုလ်၏ ဆန့်ကျင့်ဘက်ဖြစ်ကုန်သော။ [ဥဒါနဋ္ဌ၊ ၁၉၈]။ ဝိတက္ကာ၊ ဝိတက်တို့သည်။ ဝါ၊ တွေးတောကြံစည်ခြင်းသဘောတရားတို့သည်။ သမုဒါစရန္တိ၊ ဖြစ်ပေါ်လာကုန်၏။ သေယျထိဒံ၊ ထိုဝိတက်တို့ဟူသည် အဘယ်နည်းဟူမူ။ [တနည်း- ဣဒံ (ဣမေ)၊ ဤဝိတက်တို့ဟူသည်။ သေယျထာ၊ အဘယ်တို့နည်းဟူမူ။] ကာမဝိတက္ကော၊ ကာမဝိတက်လည်းကောင်း။ ဝါ၊ ဝတ္ထုကာမတို့ကို အာရုံပြု၍ဖြစ်သော ကြံစည်တွေးတောခြင်းသ‌ဘောလည်းကောင်း။ (ထိုသရက် ဥယျာဉ်တော၌ ရှေးရှေးက စဉ်ကာဆက်ကာ ဘဝငါးရာပတ်လုံး ဘုရင်မင်းအဖြစ်ဖြင့် ဥယျာဉ်ကစားစဉ်က ကချေသည်ပေါင်းများစွာ ခြံရံလျက်နေထိုင်ခဲ့ဖူးသော မင်္ဂလာကျောက်ဖျာ၌ထိုင်နေလျက်ပင် ထိုမင်းဘဝက ခံစားခဲ့ရဖူးသော မင်းစည်းစိမ်ဟူသော ဝတ္ထုအာရုံကာမဂုဏ်တို့ကို အာရုံပြု၍ဖြစ်သော ကြံစည်တွေးတောခြင်းသဘောလည်းကောင်း)။ ဝါ၊ ကိလေသကာမနှင့် ယှဉ်သော ကြံစည်တွေးတောခြင်းသဘောလည်းကောင်း။ (ထိုသရက်တောဥယျာဉ်၌ရှိသော အပွင့် အသီး ရွက်ညွန့်စသည်တို့၌တပ်မက်သော ကိလေသကာမနှင့်ယှဉ်သော ကြံစည်တွေးတောခြင်း သဘောလည်းကောင်း)။ ဗျာပါဒဝိတက္ကော၊ ဗျာပါဒဝိတက်လည်းကောင်း။ ဝါ၊ ဒေါသနှင့်ယှဉ်သော ကြံစည်တွေးတောခြင်းသဘောလည်းကောင်း။ (ထိုမင်းဖြစ်စဉ်ကာလ၌ ခိုးရာပါဥစ္စာထုပ်နှင့်တကွ ဖမ်းမိသော သူခိုးနှစ်ယောက်တို့ကို မိမိထံမှောက်သို့ ခေါ်ဆောင်ထားအပ်သည့်အသွင် စိတ်ထဲ၌ ထင်မြင်လာပြီးနောက် ထိုသူခိုးနှစ်ယောက်တို့အနက် တစ်ယောက်ကို သတ်မိန့်ပေးသောအားဖြင့်ဖြစ်သော ဒေါသနှင့်ယှဉ်သော ကြံစည်တွေးတောခြင်းသဘောလည်းကောင်း၊ ဝါ- ထိုသရက်ဥယျာဉ်၌ ကြမ်းတမ်းစူးရှသော ငှက်မြည်သံတို့ကို ကြားရခြင်းကြောင့်ဖြစ်သော ဒေါသနှင့်ယှဉ်သော ကြံစည်တွေးတောခြင်းသဘောလည်းကောင်း)။ ဝိဟိံသာဝိတက္ကော၊ ဝိဟိံ သာဝိတက်လည်းကောင်း။ ဝါ၊ သတ္တဝါတို့ကို ညှဉ်းဆဲနှိပ်စက်ကြောင်း ဒေါသမူစိတ္တုပ္ပါဒ်အကုသိုလ်နှင့်ယှဉ်သော ကြံစည်တွေးတောခြင်းသဘောလည်းကောင်း။ (ကျန်သောသူခိုးတစ်ယောက်ကို ချုပ်နှောင်ထားရန် အမိန့်ပေးညှဉ်းဆဲကြောင်း ဒေါသမူစိတ္တုပ္ပါဒ် အကုသိုလ်နှင့်ယှဉ်သော ကြံစည်တွေးတောခြင်းသဘောလည်းကောင်း။ ဝါ၊ ထိုးစူးရှစါာအော်မြည်သောငှက်တို့ကို ခဲဖြင့်ပစ်ခတ်လိုခြင်းစသည်ဖြင့် ညှဉ်းဆဲကြောင်း ဒေါသမှစိတ္တုပ္ပါဒ်အကုသိုလ်နှင့်ယှဉ်သော ကြံစည်တွေးတော ခြင်းသဘောလည်းကောင်း။) (ဣတိ၊ ဤသည်တို့တည်း။) [တနည်း- သေယျထိဒံ၊ အဘယ်အကုသိုလ်ဝိတက်တို့သည်။ သမုဒါစရန္တိ၊ ဖြစ်ပေါ်လာကုန်သနည်းဟူမူ။ ကာမဝိတက္ကော၊ ကာမဝိတက်သည်လည်းကောင်း။ ဝါ၊ ကောင်း။ ဗျာပါဒဝိတက္ကော၊ ဗျာပါဒဝိတက်သည် လည်းကောင်း။ ဝါ၊ ကောင်း။ ဝိဟိံသာဝိတက္ကော၊ သည်လည်းကောင်း။ သမုဒါစရန္တိ၊ ဖြစ်လာကုန်၏။]
အထ ခေါ၊ ထိုအခါ၌။ အာယသ္မတော မေဃိယဿ၊ အရှင်မေဃိယမှာ။ ဧဝံ၊ ဤသို့ ကဲ့ရဲ့သဘော အံ့ဩခြင်းသည်။ အဟောသိ၊ ဖြစ်ပြီ။ (ကိန္တိ၊ အဘယ်သို့။ အဟောသိ၊ ဖြစ်သနည်းဟူမူ။)
အစ္ဆရိယံ ဝတ ဘော၊ လက်ဖျစ်ခတ်တီး အံ့ချီးထိုက်ပါပေစွာဟရို့။ အဗ္ဘုတံ ဝတ ဘော၊ မဖြစ်ဖူးထူးကဲ့စွာ ဖြစ်ပါပေစွာ့ဟရို့။
(မယံ၊ ငါတို့သည်။) ဝတ၊ အမှန်တကယ်ပင်။ သဒ္ဓါယစ၊ "သဒ္ဓါ, သဒ္ဓါယ" ဟူသော ပါဌ်နှစ်မျိုး ။ ။ ဤသုတ်၌ "သဒ္ဓါယ" ဟူ၍ ယအက္ခရာ တိုက်ရိုက်ပါ၏၊ ထိုယအက္ခရာသည် တတိယာနာဝိဘတ်၏ ကာရိယ(တနည်း) တွာပစ္စည်း၏ ကာရိယဟူ၍ နှစ်မျိုးဖြစ်နိုင်၏။ တချို့နေရာ၌မူ ထိုယအက္ခမပါဘဲ "သဒ္ဓါ အဂါရသ္မာ" ဟူ၍ ရှိ၏၊ ထို့ကြောင့် "သဒ္ဓါတိ သဒ္ဓါယ" ဟူ၍ ယအက္ခရာကို ထည့်၍ဖွင့်ရ၏။ ထို့သို့ ထည့်ဖွင့်ခြင်းကြောင့် သဒ္ဓါဟူသော ပဌာဝိဘတျန္တပုဒ်၌ ပဌမာဝိဘတ်သည် ကရိုဏ်းအနက်၌သက်၏ဟု သိရ၏၊ (ဋိကာဖွင့်သည့်အတိုင်း ရေးလိုက်ခြင်းဖြစ်၏၊ နာဝိဘတ်၏ ကာရိယဖြစ်သော ယအက္ခရာကို ချေထားသော တတိယာဝိဘတျန္တပုဒ်ဟုလည်းဆိုသင့်၏) တနည်းအားဖြင့်မူ ယခင်ကအတိုင်းပင် သဒ္ဓါပုဒ်သည် တွာပစ္စယန္တပုဒ်၊ တွာပစ္စည်း၏ ကာရိယဖြစ်သော ယအက္ခရာကို ချေထားသည်ဟုလည်း အဋ္ဌကထာဋီကာဖွင့်သည်။
သဒ္ဓါတိ သဒ္ဓါယ၊ ကမ္မဖလသဒ္ဓါယ ရတနတ္တယသဒ္ဓါယစ၊ (ဥဒါန်းအဋ္ဌကထာ ၊၉၃၊ ရာဇသုတ်) သဒ္ဓါတိ ဣဒံ ကရဏတ္တေ ပစ္စတ္တဝစနန္တိ အာဟ "သဒ္ဓါယာ" တိ၊ သဒ္ဒါတိ ဝါ သဒ္ဒဟိတွာ၊ ဣမသ္မိံ ပက္ခေ ပါဠိယံ ယကာရလောပေန နိဒ္ဒေသောတိ ဒဋ္ဌဗ္ဗံ။ မူလပဏ္ဏာသဋီာ၊ ပ-၂၀၇ (ဘယဘေရဝသုတ်)။
ရတနာသုံးတန်, ကံနှင့်ကံအကျိုးကို ယုံကြည်သော သဒ္ဓါတရားဖြင့်သာလျှင်။) ဝါ၊ ရတနာသုံးတန်, ကံနှင့် ကံအကျိုးကို ယုံကြည်၍သာလျှင်။ ဝါ၊ ယုံကြည်ခြင်း‌ကြောင့်သာလျှင်။ အဂါရသ္မာ၊ အိမ်မှ။ ဝါ၊ အိမ်ရာတည်ထောင်လူ့ဘောင်မှ။ (နိက္ခိမိတွာ၊ ထွက်ခွါခဲ့ကြ၍)။ အနဂါရိယံ၊ ရဟန်းအဖြစ်သို့။ ဝါ၊ ရဟန်းအဖြစ်ကို။ (အိမ်၌နေထိုင်မှု လူ့အဆင့်အတန်း မြင့်မားကြီးပွားရေးကို ဆောင်နိုင်သော လယ်လုပ်နွားမွေး ကုန်သွယ်ရေး မရှိရာ ရဟန်းအဖြစ်သို့။ ဝါ၊ အဖြစ်ကို။) ပဗ္ဗဇိတာ၊ ဝင်ရောက်ကြကုန်သည်။ ဝါ၊ ကျင့်ကြကုန်သည်။ အမှ၊ ဖြစ်ကြပါကုန်၏။
အထ စ ပန၊ ထိုသို့ဖြစ်ကြပါလျက်ပင်။ ကာမဝိတက္ကေန၊ ကာမဝိတက်သည်လည်းကောင်း။ ဗျာပါဒဝိကက္ကေန၊ တက်သည်လည်းကောင်း။ ဝိဟိံ သာဝိတက္ကေန၊ တက်သည်လည်းကောင်း။ ဣမေဟိ၊ ဤမည်ကုန်သော။ တီဟိ၊ သုံးမျိုးကုန်သော။ ပါပကေဟိ၊ ယုတ်မာကုန်သော။ အကုသလေဟိ၊ အကုသိုလ်ဖြစ်ကုန်သော။ ဝိတက္ကေဟိ၊ ဝိတက်တို့သည်။ ဝါ၊ ကြံစည်တွေးတောခြင်းသဘောတို့သည်။ အနွာသတ္တာ၊ အစဉ်မပြတ် ပူးကပ်ခံရကုန်ပြီ။ ဣတိ၊ ဤသို့ ကဲ့ရဲ့သဘောအံ့ဩခြင်းသည်။ (အဟောသိ၊ ဖြစ်ပြီ။)
။ပ။ ဘန္တေ၊ မြတ်စွာဘုရား။ ဣဓံ၊ ဤအရပ်မှ။ မယှံ၊ တပည့်တော်သည်။ တသ္မိံ အမ္ဗဝနေ၊ ထိုသရက်တော၌။ ဝိဟရန္တဿ၊ နေစဉ်။
။ပ။ဘန္တေ၊ ရား။ တဿ မယှံ၊ ထိုတပည့်တော်မှာ။ ဧတံ၊ ဤသို့ ကဲ့ရဲ့တွေးတောအံ့ဩခြင်းသည်။
။ပ။ အနွာသတ္တာ၊ ကုန်ပြီ။ ဣတိ၊ ဤသို့ ကဲ့ရဲ့တွေးတောအံ့ဩခြင်းသည်။ (အဟောသိ၊ ပြီ။ ဣတိ၊ ဤသို့။ အဝေါစ၊ လျှောက်ပြီ။)
မေဃိယ၊ မေဃိယ။ ပဉ္စ၊ ငါးပါးကုန်သော။ ဓမ္မာ၊ တရားတို့သည်။ အပရိပက္ကာယ၊ မရင့်ကျက်သေးသော။ စေတောဝိမုတ္တိယာ၊ ကိလေသာတို့မှ စိတ်၏ လွတ်မြောက်ခြင်းသဘော၏။ ဝါ၊ ကိလေသာတို့မှ လွတ်မြောက်သော စိတ်၏။ ပရိပက္ကာယ၊ ရင့်ကျက်ခြင်းငှာ။ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။
ကတမေ၊ အဘယ်မည်ကုန်သော။ ပဉ္စ၊ ငါးပါးကုန်သော။ (ဓမ္မာ၊ တို့သည်။ အပရိပက္ကာယ၊ သော။ စေတောဝိမုတ္တိယာ၊ ၏။ ပရိပက္ကာယ၊ ငှာ။ သံ ဝန္တိ၊ ဖြစ်ကုန်သနည်းဟူမူ။)
မေဃိယ၊ ယ။ ဣဓ၊ ၌။ [ယခင်ပဌမသုတ်ကြည့်။]
။ပ။ မေဃိယ၊ ယ။ ပဌမော၊ ရှေးဦးစွာသော။ အယံ ဓမ္မော၊ ဤတရားသည်။ (ဤကောင်းသောမိတ်ဆွေရှိသည်အဖြစ်ဟူသောတရားသည်။) အပရိပက္ကာယ၊ သော။ စေတောဝိမုတ္တိယာ၊ ၏။ ပရိပက္ကာယ၊ ငှာ။ သံဝတ္တတိ၊ ဖြစ်၏။
မေဃိယ၊ ယ။ ပုန စပရံ၊ နောက်ထပ် စေတောဝိမုတ္တိရင့်ကျက်ကြောင်း တရားတမျိုးကား။ ဘိက္ခု၊ သည်။ သီလဝါ၊ သည်။ ။ပ။ သိက္ခတိ၊ ၏။
မေဃိယ၊ ယ။ ဒုတိယော၊ နှစ်ခုမြောက်သော။ အယံ ဓမ္မာ၊ ဤပါတိမောက္ခသံဝရသီလတရားသည်။
အပရိပက္ကာယ ။ပ။ တတိယော၊ သုံးခုမြောက်သော။ အယံ ဓမ္မော၊ ဤတရားသည်။ (ဤအပ္ပိစ္ဆကထာစသည်တို့ကို အလိုရှိတိုင်း အခက်အခဲမရှိ များပြားစွာ ရနိုင်ခြင်းသဘောတရားသည်)။
အပရိပက္ကာယ ။ပ။ စတုတ္တော၊ လေးခုမြောက်သော။ အယံ ဓမ္မော၊ ဤဝီရိယတရားသည်။
။ပ။ ပဉ္စမော၊ ငါးခုမြောက်သော။ အယံ ဓမ္မော၊ ဤဝိပဿနာ တရားသည်။
။ပ။ တတိယံ၊