ယံကိဉ္စိ ပါနီယန္တိ၊ ကား။
သုဒ္ဓဥဒကံဝါ၊ သက်သက်သော ရေသည်မူလည်း။
ဟောတု၊ ဖြစ်စေ။
တက္ကဒဓိမတ္ထုရသခီရာဒီနံဝါ၊ ရက်တက်ရည်, နို့ဓမ်း၏အကြည်, သားငါးတို့၏ အရည်, နို့ရည် အစရှိသည်တို့တွင်။
ဘတ္တဝိသဂ္ဂံ။ ။ ဝိသဇ္ဇနံ- စွန့်လွှတ်ခြင်း + ဝိဘဂ္ဂေါ- စွန့်လွှတ်ခြင်း၊ ဘတ္တဿ- ဆွမ်းကို + ဝိသဂ္ဂေါ- ခံတွင်း၌ စွန့်လွှတ်ခြင်းတည်း၊ ဘတ္တဝိသဂ္ဂေါ ခြင်း၊ "ဆွမ်းကို ခံတွင်း၌ စွန့်လွှတ်ခြင်း" ဟူသည် ဆွမ်းစားခြင်းကိစ္စပင်တည်း၊ ထို့ကြောင့် "ဘတ္တကိစ္စံ" ဟု အဓိပ္ပာယတ္ထဖွင့်သည်။
ယံကိဉ္စိ ပါနီယံ။ ။ "ပါတဗ္ဗံဟိ ပါနိယံ" နှင့်အညီ ရေသာမက သောက်ဖွယ်ဟူသမျှကို ဤနေရာ၌ "ပါနီယ" ဟု ခေါ်နိုင်၏၊ ထို့ကြောင့် "ယံကိဉ္စိ" ဟူသော ဝိသေသနအရသုဒ္ဓဥဒကံဝါ စသည်ဖြင့် "သောက်ဖွယ်" ဟူသမျှကို ဖွင့်ပြသည်၊ ယောဇနာ၌ကား ပါနီယကို "ဥပလက္ခဏနည်း" ဟု ဆိုလေ၏၊ ဒဓိမတ္ထုဟူသည် နို့ဓမ်းအခဲ၏ အပေါ်၌ တက်နေသော အကြည်ရည် (ဒိန်ရည်) တည်း၊ ရသဟူသည်ကား ငါးရည် အမဲရည်တည်း။
အညတရံဝါ၊ တစ်ပါးပါးသည်မူလည်း။ (ဟောတု၊ ဖြစ်ပါစေ။ ပါနီယံနာမ၊ မည်၏။)