Issues
Select Version
kusalavatī-ကုသလဝတီ
မြန်မာဘာသာ
Therīgāthā-aṭṭhakathā
Therīgāthā-aṭṭhakathā

1. Ambapālītherīgāthāvaṇṇanā

Author: kusalavatī-ကုသလဝတီ @ IAPT

ဝီသတိနိပါတေ၊ ၌။ ကာဋ္ဌကာ ဘမရဝဏ္ဏသာဒိသာတိအာဒိကာ - - - ဤသို့အစရှိသော ဂါထာတို့သည်။ အမ္ဗပါလိယာ၊ အမ္ဗပါလီမည်သော။ ထေရိယာ၊ ထေရီမ၏။ ဂါထာ၊ တို့တည်း။
အယမ္ပိ၊ ဤအမ္ဗပါလီထေရီမသည်လည်း။ ပုရိမဗုဒ္ဓေသု၊ တို့၌။ ကတာဓိကာရာ၊ သည်။ (ဟုတွာ)။ တတ္ထ တတ္ထ ဘဝေ၊ ၌။ ဝိဝဋ္ဋူပနိဿယံ၊ သော။ ကုသလံ၊ ကို။ ဥပစိနန္တီ၊ လျက်။ သိခိဿ၊ သော။ ဘဂဝတော၊ ၏။ သာသနေ၊ သာသနာတော်၌။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဥပသမ္ပန္နာ၊ မြင့်မြတ်သော ရဟန်းအဖြစ်သို့ရောက်သည်။ ဟုတွာ၊ ၍။ ဘိက္ခုနိသိက္ခာပဒံ၊ ဘိက္ခုနီမတို့၏သိက္ခာပုဒ်ကို။ သမာဒါယ၊ ဆောက်တည်၍။ ဝိဟရန္တီ၊ နေစဉ်။ ဧကဒိဝသံ၊ တစ်နေ့သ၌။ သမ္ဗဟုလာဟိ၊ များစွာလည်းဖြစ်ကုန်သော။ ဘိက္ခုနီဟိ၊ ဘိက္ခုနီမတို့နှင့်။ သဒ္ဓိံ၊ တကွ။ စေတိယံ၊ စေတီတော်ကို။ ဝန္ဒိတွာ၊ ရှိခိုး၍။ ပဒက္ခိဏံ၊ လက်ယာရစ်ကို။ ကရောန္တီ၊ ပြုလတ်သော်။ ပုရေတရံ၊ ရှေးဦးစွာ။ ဂစ္ဆန္တိယာ၊ သွားသော။ ခီဏာသဝတ္ထေရိယာ၊ ရဟန္တာထေရီမသည်။ ခိပန္တိယာ၊ ချေဆက်လတ်သော်။ (ဝါ) ချေဆတ်ခြင်းကြောင့်။ သဟသာ၊ အမှတ်တမဲ့။ ခေဠပိဏ္ဍံ၊ တံတွေးပေါက်ကို။ စေတိယင်္ဂဏေ၊ စေတီရင်ပြင်၌။ ပတိတံ၊ ကျသွားသည်ကို။ ခီဏာသဝတ္ထေရိယာ၊ ရဟန္တာထေရီမသည်။ အပဿိတွာ၊ မမြင်မူ၍။ ဂတာယ၊ သွားလတ်သော်။ (အယံ၊ ဤအမ္ဗပါလီထေရီမ လောင်းလျာသည်)။ ပစ္ဆတော၊ နောက်မှ။ ဂစ္ဆန္တီ၊ သွားစဉ်။ တံခေဠပိဏ္ဍံ၊ ထိုတံတွေးပေါက်ကို။ ဒိသွာ၊ မြင်၍။ "ကာ နာမ၊ အဘယ်မည်သော။ ဂဏိကာ၊ ပြည့်တန်ဆာမသည်။ ဣမသ္မိံ ဌာနေ၊ ဤနေရာ၌။ ခေဠပိဏ္ဍံ၊ တံတွေးပေါက်ကို။ ပါတေသီ၊ ကျစေဘိသနည်း။ (ဝါ) ထွေးဘိသနည်း။" ဣတိ၊ သို့။ အက္ကောသိ၊ ဆဲရေးမိပြီ။
သာ၊ ထိုအမ္ဗပါလီထေရီမလောင်းလျာ ဘိက္ခုနီမသည်။ ဘိက္ခုနီကာလေ၊ ဘိက္ခုနီဖြစသောအခါ၌။ သီလံ၊ သီလကို။ ရက္ခန္တီ၊ စောင့်ထိန်းလျက်။ ဂဗ္ဘဝါသံ၊ ကိုယ်ဝန်၌ ပဋိသန္ဓေနေခြင်းကို။ ဇိဂုစ္ဆိတွာ၊ စက်ဆုပ်၍။ ဩပပါတိကတ္တဘာဝေ၊ ဥပပါတ်ပဋိသန္ဓေ အတ္တဘော၌။ စိတ္တံ၊ ကို။ ဌပေသိ၊ တည်စေပြီ။ (ဝါ) ထားပြီ။
တေန၊ ထို့ကြောင့်။ စရိမတ္တဘာဝေ၊ နောက်ဆုံးခန္ဓာကိုယ်၌။ ဝေသာလိယံ၊ ဝေသာလီပြည်၌။ ရာဇုယျာနေ၊ မင်းဥယျာဥ်၌။ အမ္ဗရုက္ခမူလေ၊ သရက်ပင်ရင်း၌။ ဩပပါတိကာ၊ ဥပပါတ် ပဋိသန္ဓေသည်။ ဟုတွာ၊ ၍။ နိဗ္ဗတ္တိ၊ ဖြစပြီ။
တံ၊ ထိုသူငယ်မလေးကို။ ဒိသွာ၊ မြင်၍။ ဥယျာနပါလော၊ ဥယျာဥ်စောင့်သည်။ နဂရံ၊ မြို့သို့။ ဥပနေသိ၊ ခေါ်ဆောင်ပြီ။
အမ္ဗရူက္ခမူလေ၊ သရက်ပင်ရင်း၌။ နိဗ္ဗတ္တတာယ၊ ဖြစ်သည်၏အဖြစ်ကြောင့်။ သာ၊ ထိုသူငယ်မလေးကို။ အမ္ဗပါလီတွေဝ၊ အမ္ဗပါလီဟူ၍သာလျှင်။ ဝေါဟရီယိတ္ထ၊ ခေါ်ဝေါ်အပ်ပြီ။
အထ၊ ထိုအခါ၌။ အဘိရူပံ၊ အလွန်အဆင်းလှသော။ ဒဿနီယံ၊ ရှုချင်ဘွယ်ရှိသော။ ပါသာဒိကံ၊ စိတ်၏ကြည်လင်ခြင်းကို ဖြစ်စေတတ်သော။ ဝိလာသကန္တတာဒိဂုဏဝိသေသသမုဒိတံ၊ တင့်တယ်ခြင်း, နှစ်သက်ဖွယ်ရှိခြင်း အစရှိသောဂုဏ်အထူးတို့၏ ပေါင်းစုရာဖြစ်သော။ နံ၊ ထိုအမ္ဗပါလီကို။ ဒိသွာ၊ မြင်၍။ သမ္ဗဟုလာ၊ များစွာကုန်သော။ ရာဇကုမာရာ၊ မင်းသားတို့သည်။ အတ္တနော အတ္တနော၊ မိမိ မိမ်၏အတွက်။ ပရိဂ္ဂဟံ၊ သိမ်းယူခြင်းကို။ ကလဟံ၊ ငြင်းခုံခြင်းကို။ အကံသု၊ ပြုကြကုန်ပြီ။
တေသံ၊ ထိုမင်းသားတို့၏။ ကလဟဝူပသမတ္ထံ၊ ငြင်းခုံခြင်းကို ငြိမ်းစေခြင်းအကျိုးငှါ။ တဿာ၊ ထိုအမ္ဗပါလီအား။ (ဝါ) ကို။ (ဌပေသုံ= စပ်)။ ကမ္မသဉ္စောဒိတာ၊ အတိတ်ကပြုအပ်သောကံသည် တိုက်တွန်းအပ်သည်။ (ဟုတွာ)။ ဝေါဟာရိကာ၊ တရားသူကြီးတို့သည်။ "သဗ္ဗေသံ၊ အလုံးစုံသောသူတို့အား။ (ဝါ) တို့၏အတွက်။ ဟောတု၊ ဖြစ်စေသတည်း။" ဣတိ၊ သို့။ ဂဏိကာဋ္ဌာနေ၊ ပြည့်တန်ဆာမအရာ၌။ ဌပေသုံ၊ တည်စေကြကုန်ပြီ။ (ဝါ) ထားကြကုန်ပြီ။
သာ၊ ထို အမ္ဗပါလီပြည့်တန်ဆာမသည်။ သတ္ထရိ၊ မြတ်စွာဘုရား၌။ ပဋိလဒ္ဓသဒ္ဓါ၊ ရအပ်သော သဒ္ဓါရှိသည်။ (ဟုတွာ)။ အတ္တနော၊ မိမိ၏။ ဥယျာနေ၊ ဥယျာဉ်၌။ ဝိဟာရံ၊ ကျောင်းကို။ ကတွာ၊ ဆောက်၍။ ဗုဒ္ဓပ္ပမုခဿ၊ ဘုရားအမှူးရှိသော။ ဘိက္ခုသံဃဿ၊ ရဟန်းအပေါင်းအား။ နိယျာ‌ဒေတွာ၊ အပ်နှင်းလှူဒါန်း၍။ ပစ္ဆာ၊ နောက်၌။ အတ္တနော၊ မိမိ၏။ ပုတ္တဿ၊ သားဖြစ်သော။ ဝိမလကောဏ္ဍညတ္ထေရဿ၊ ဝိမလကောဏ္ဍညမထေရ်၏။ သန္တိကေ၊ အထံတော်၌။ ဓမ္မံ၊ ကို။ သုတွာ၊ နာရ၍။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဝိပဿနာယ၊ ဝိပဿနာဖြင့်။ ကမ္မံ၊ အားထုတ်ခြင်းအမှုကို။ ကရောန္တီ၊ ပြုလျက်။ အတ္တနော၊ ၏။ သရီရဿ၊ ကိုယ်ခန္ဓာ၏။ ဇရာဇိဏ္ဏဘာဝံ၊ အိုမင်းရင့်ရော်သည်၏ အဖြစ်ကို။ နိဿာယ၊ မှီ၍။ သံဝေဂဇာတာ၊ ဖြစ်သော သံဝေဂရှိသည်။ (ဟုတွာ)။ သင်္ခါရာနံ၊ သင်္ခါရတရားတို့၏။ အနိစ္စတံ၊ မမြဲသည်၏အဖြစ်ကို။ ဝိဘာဝေန္တီ၊ ထင်ရှားပြလိုသည်။ (ဟုတွာ)။
"ကာဠကာဘမရဝဏ္ဏသာဒိသာ - - - ။ပ။ သစ္စဝါဒိဝစနံ အနညထာ"တိ - - - ဟူကုန်သော။ ဣမာဂါထာယော၊ ဤဂါထာတို့ကို။ အဘာသိ၊ ရွတ်ဆိုတော်မူပြီ။ "မမ- ငါအမ္ဗပါလီ၏။ မုဒ္ဓဇာ၊ ဦးခေါင်း၌ပေါက်သောဆံပင်တို့သည်။ ပုရေ၊ ရှေးပျိုရွယ်သော အခါ၌။ ကာဠကာ၊ မည်းနက်သောအဆင်းရှိကုန်သည်။ ဘမရဝဏ္ဏသာဒိသာ၊ ပိတုန်းရောင် အဆင်းနှင့်တူကုန်သည်။ ဝေလ္လိတဂ္ဂါ၊ ကော့ညွတ်သော အဖျားရှိကုန်သည်။ အဟုံ၊ ဖြစ်၏။ (ဣဒါနိ၊ ယခုမူကား)။ ဇရာယ၊ အိုခြင်းသဘောကြောင့်။ တေ၊ ထိုဆံပင်တို့သည်။ သာဏဝါကသာဒိသာ၊ ပိုက်ဆံလျှော်မျှင်နှင့်တူကုန်၏။ သစ္စဝါဒိဝစနံ၊ သစ္စဝါဒီဘုရားရှင်၏"ရုပ်မှန်သမျှအနိစ္စ"အစရှိသော စကားတော်သည်။ အနညထာ၊ ဟောသည်မှတပါး အခြားနည်းအားဖြင့် မဖြစ်။ (ဝါ) ဟောသည့်အတိုင်း တစ်ထပ်တည်း မှန်သည်သာတည်း။
မမ၊ ၏။ ဥတ္တမင်္ဂဇော၊ ဆံပင်သည်။ ဝါသိတော၊ ပန်းနံ့သာအစရှိသည်တို့ဖြင့် ထုံအပ်သော။ ကရဏ္ဍကော ဣဝ၊ နံ့သာကြုတ်ကဲ့သို့။ သုရဘီ၊ ကောင်းစွာ မွှေးကြိုင်သော အနံ့ရှိ၏။ ပုပ္ဇပူရ ပုပ္ဖပူရော၊ စကားပန်း မုလေးပန်း ကြက်ရုံးပန်းစသောပန်းတို့ဖြင့် ပြည့်သည်ဖြစ်၍ အညစ်ကြေးကင်း၏။ အထ၊ ယခုအိုသောအခါမူကား။ တံ၊ ငါ၏ ဦးခေါင်း၌ပေါက်သော ထိုဆံပင်သည်။ ဇရာယ၊ အိုခြင်းသဘောကြောင့်။ သလောမဂန္ဓိကံ၊ အမွှေးတို့၏ ပကတိညှီစို့သောအနံ့ရှိ၏။ (ဝါ) သိုးမွှေးတို့နှင့် တူသော အနံ့ဆိုးရှိ၏။ သစ္စဝါဒိဝစနံ၊ မှန်သောစကားကိုဆိုတော်မူတတ်သောမြတ်စွာဘုရား၏စကားတော်သည်။ အနညထာ၊ ဟောသည်မှတပါး အခြားနည်းအားဖြင့် မဖြစ်။ (ဝါ) ဟောသည့်အတိုင်း တစ်ထပ်တည်းမှန်သည်သာတည်း။
သဟိတံ၊ တခဲနက်ထူထပ်စွာ အတူတကွ တပေါင်းတည်း စုစည်း၍တည်သော။ သုရောပိတံ၊ ကောင်းစွာ တစ်ညီတစ်ညွတ် စိုက်ပျိုးအပ်သော။ ကာနနံဣဝ၊ ဖြောင့်တန်းရှည်လျားသော သစ်ခက်တို့ရှိသော ဥယျာဥ်တောအုပ်ကဲ့သို့။ ကောစ္ဆသူစိဝိစိတဂ္ဂသောဘိတံ၊ ခေါင်းဘီး, ရွှေဆံထိုးတို့ဖြင့် ဖြီးသင်အပ်ပြီး‌သောအဖျားရှိသည်ဖြစ်၍ တင့်တယ်သော။ (ဝါ) ပိတ်ပိတ်သဲသဲ တစ်ခဲနက်၏အဖြစ်ကြောင့် ခပ်အခင်းနှင့်တူသည်ဖြစ်၍ ဆင်စွယ်ဆံထိုးဖြင့် ဖြီးသင်အပ်ပြီး‌သောအဖျားရှိသည်၏အဖြစ်ကြောင့် တင့်တယ်သော။ တံ၊ ငါ၏ဦးခေါင်း၌ ဦးခေါင်း၌ ပေါက်သောထိုဆံပင်အပေါင်းသည်။ ဇရာယ၊ အိုခြင်းသဘောကြောင့်။ တဟိံ တဟိံ၊ ထိုထိုနေရာ၌။ ဝိရလံ၊ ယခုအခါ ကျဲလာ၏။ (ဝါ) ကျွတ်နေ၏။ သစ္စဝါဒိဝစနံ၊ သည်။ အနညထာ၊ တည်း။
တံ၊ ထိုဦးခေါင်းသည်။ ပုဗ္ဗေ၊ ရှေးပျိုနုစဉ်ကာလ၌။ ကဏှခန္ဓကသုဝဏ္ဏမဏ္ဍိတံ၊ ရွှေအစရှိသည်တို့ဖြင့် တန်ဆာဆင်အပ်သော မည်းနက်သောဆံစုရှိသည်။ သုဝေဏီဟိ၊ ငုပန်းနှင့်တူသော ကောင်းသော ဆံစည်း ဆံထုံးတို့ဖြင့်။ အလင်္ကာတံ၊ တန်ဆာဆင်အပ်သည်ဖြစ်၍။ သောဘတေ၊ တင့်တယ်၏။ တံ သိရံ၊ ထိုဦးခေါင်းကို။ ဣဒါနိ၊ ယခုအခါ၌။ ဇရာယ၊ အိုခြင်းသည်။ ခလိတံ၊ ထိပ်ပြောင်သည်ကို။ (ဝါ) ကွက်တိ ကွက်ကြားသော ဆံပင်ရှိသည်ကို။ ကတံ၊ ပြုအပ်၏။ သစ္စဝါဒိဝစနံ၊ သည်။ အနညထာ၊ တည်း။
ပုရေ၊ ပျိုမျစ်နုနယ် ရှေးအရွယ်၌။ မမ၊ ၏။ သုဘမုကာ၊ အလွန်လှပသောမျက်ခုံးတို့သည်။ စိတ္တကာရသုကတာ၊ ပန်းချီဆရာသည် ကောင်းစွာရေးဆွဲအပ်ကုန်သော။ လေခိကာ ဣဝ၊ မျက်ခုံးရေးတို့ကဲ့သို့။ သောဘရေ၊ တင့်တယ်ကုန်၏။ တာ၊ ထိုမျက်ခုံးတို့သည်။ ဣဒါနိ၊ ၌။ ဇရာယ၊ အိုခြင်းသဘောကြောင့်။ ဝလိဘိ၊ နဖူးစွန်း၌ဖြစ်သော အ‌ရေးအကြောင်းတို့ဖြင့်။ ပလမ္ဗိတာ၊ တွဲရရွဲ တွန့်ကျကုန်၏။ သစ္စဝါဒိဝစနံ၊ သည်။ အနညထာ၊ တည်း။
ဘဿရာ၊ ပြိုးပြိုပြက်ပြက် တလက်လက်တောက်ပကုန်သော။ သုရုစိရာ၊ အလွန်နှစ်သက်စဖွယ် အ‌ရောင်ရှိကုန်သော။ မဏီ ယထာ၊ ပတ္တမြား လက်စွပ်တို့ကဲ့သို့။ (မမ၊ ၏)။ နေတ္တာ၊ မျက်လုံးတို့သည်။ အဘိနီလာ၊ အလွန်ညိုကုန်သည်။ (ဟုတွာ)။ အာယတာ၊ ရှည်လျားကုန်သည်။ အဟေသုံ၊ ပြီ။ တေ၊ ထိုငါ၏မျက်လုံးတို့သည်။ (ဝါ) တို့ကို။ ဇရာယ၊ အိုခြင်းသည်။ အဘိဟတာ၊ နှိပ်စက်အပ်ကုန်သည်။ (ဟုတွာ)။ နသောဘရေ၊ မတင့်တယ်တော့ကုန်။ သစ္စဝါဒိဝစနံ၊ သည်။ အနညထာ၊ တည်း။
(မမ၊ ၏)။ နာသိကာ၊ နှာတံသည်။ သုအဘိယောဗ္ဗနံ၊ အလွန်ပျိုနုသောအရွယ်ကို။. ပတိ၊ စွဲ၍။ သဏှတုင်္ဂသဒိသီ စ၊ သိမ်မွေ့သွယ်လျ၍ ရွှေချွန်းနှင့်တူခြင်းရှိသည် ဖြစ်၍လည်း။ (ဝါ) ပြေပြစ်ချောမွေ့မြင့်မောက်သည်ဖြစ်၍ကြွင်းသောမျက်နှာအစိတ်အပိုင်းတို့နှင့် လျောက်ပတ်သည်ဖြစ်၍လည်း။ သောဘတေ၊ (လုံး၍ထားအပ်‌သော ဆေးဒန်းမြင်းသီလာတောင့်ကဲ့သို့)တင့်တယ်၏။ ဣဒါနိ၊ ယခုမူကား။ သာ၊ ထိုနှာတံသည်။ ဇရာယ၊ ကြောင့်။ ဥပကူလျတာဝိယ၊ ထက်ဝက် မီးလောင်ခံထားရသကဲ့သို့။ ဇာတာ၊ ဖြစ်ခဲ့ပြီ။ သစ္စဝါဒိဝစနံ၊ သည်။ အနညထာ၊ တည်း။
သုကတံ၊ ကောင်းစွာ အပြေအပြစ် ပြုအပ်သော။ သုနိဋ္ဌိတံ၊ ကောင်းစွာလက်စသတ်ပြီးသော။ ကင်္ကဏံ ဣဝ၊ ရွှေလက်ကောက်ကဲ့သို့။ မမ၊ ၏။ ကဏ္ဏပါဠိယော၊ နားရွတ်တို့သည်။ ပုရေ၊ ၌။ သောဘရေ၊ တင့်တယ်ကုန်၏။ ဣဒါနိ၊ ကား။ တာ၊ ထိုငါ၏နားရွက်တို့သည်။ ဇရာယ၊ ကြောင့်။ ဝလိဘိ၊ အတွန့်အလိပ်အ‌ရေးအကြောင်းတို့ဖြင့်။ ပလမ္ဗိတာ၊ တွဲရရွဲရှည်ကျကုန်၏။ သစ္စဝါဒိဝစနံ၊ သည်။ အနညထာ၊ တည်း။
မမ၊ ၏။ သုဒန္တာ ၁။ သုဣတိ နိပါတမတ္တံ- အရ ဂါထာနံပါတ် ၂၅၉-လာ သု- သဒ္ဒါသည် အနက်မရ နိပါတ်မျှသာဖြစ်သည်၊ နောက်ဂါထာများ၌ကား ယင်းသို့ ယူဖွယ်မလိုဟု ဆရာများ ကြံကြသည်။ ၊ ကောင်းသောသွားတို့သည်။ ပုရေ၊ ၌။ ပတ္တလီမကုလဝဏ္ဏသာဒိသာ၊ ငှက်ပျောဖူးငုံနှင့်တူသော ပုံသဏ္ဌာန်ရှိကုန်သည်ဖြစ်၍။ သောဘရေ၊ လှပတင့်တယ်ကုန်၏။ ဣဒါနိ၊ ကား။ တေ၊ ငါ၏ ထိုသွားတို့သည်။ ဇရာယ၊ ကြောင့်။ ခဏ္ဍိတာ စ၊ ကျိုးကုန်သည်လည်း‌ကောင်း။ အသိတာ စ၊ မည်းနက်ကုန်သည်လည်းကောင်း။ (ဟောန္တိ၊ ကုန်၏)။ သစ္စဝါဒိဝစနံ၊ သည်။ အနညထာ၊ တည်း။
ဝနသဏ္ဍာစာရိနီ၊ တောအုပ်တွင်းဝယ် ကျက်စားသွားလာလေ့ရှိသော။ ကာနနမှိ၊ တော၌။ ကောကိလာ၊ ဥဩငှက်မလေးသည်။ မဓုရံ၊ ချိုမြိန်သာယာသော အသံကို။ နိကူဇိ ဝိယ၊ တွန်ကျူးသကဲ့သို့။ အဟံ၊ သည်။ ပုရေ၊ ၌။ မဓုရံ၊ ချိုမြိန်သာယာသော အသံကို။ နိကူဇိံ၊ ပြောဆိုခဲ့ပြီ။ တံ၊ ထိုသာယာစွာ ပြောဆိုအပ်သော အသံသည်။ ဣဒါနိ၊ ၌။ ဇရာယ၊ ကြောင့်။ တဟိံ တဟိံ၊ ထိုထိုစကားအရာ၌။ ခလိတံ၊ ချွတ်ချော်လွဲမှားခဲ့ပြီ။ သစ္စဝါဒိဝစနံ၊ သည်။ အနညတာ၊ တည်း။
မမ၊ ၏။ သုဂီတ၊ ကောင်းစွာ လုံးဖြိုးသောလည်တိုင်သည်။ ပုရေ၊ ၌။ သုပ္ပမဇ္ဇိတာ၊ ကောင်းစွာ သုတ်သင်ပွတ်တိုက်အပ်သော။ သဏှကမ္ဗုရိဝ သဏှကမ္ဗုဣဝ၊ ချောမွတ် ပြေပြစ်သော ရွှေခရုသင်းကဲ့သို့။ သောဘတေ၊ တင့်တယ်၏။ သာ၊ ထိုလည်တိုင်သည်။ ဣဒါနိ၊ ကား။ ဇရာယ၊ ကြောင့်။ (ဝါ)သည်။ ဘဂ္ဂါ၊ ဖျက်ဆီးအပ်သည်။ (ဟုတွာ)။ ဝိနာမိတာ၊ ကိုင်းညွတ်၏။ သစ္စဝါဒိဝစနံ၊ သည်။ အနညထာ၊ တည်း။
မမ၊ ၏။ ဥဘော၊ နှစ်ဘက်ကုန်သော။ သုဗာဟာ၊ ကောင်း‌သောလက်မောင်းတို့သည်။ ပုရေ၊ ၌။ ဝဋ္ဋပလိဃသဒိသောပမာ၊ လုံးဝန်းသောတံခါးတိုင်နှင့်တူသော ဥပမာရှိကုန်သည်။ (ဟုတွာ)။ သောဘရေ၊ တင့်တယ်ကုန်၏။ တာ၊ ထိုငါ၏ လက်မောင်းနှစ်ဘက်တို့သည်။ ဣဒါနိ၊ ကား။ ဇရာယ၊ ကြောင့်။ ပါဋလိဗ္ဗလိတာ ယထာ၊ ဖွေးဖွေးဖြူသော သခွတ်ပင်ကိုင်းနှင့် တူကုန်၏။ သစ္စဝါဒိဝစနံ၊ သည်။ အနညထာ၊ တည်း။
မမ၊ ၏။ သုဟတ္ထာ၊ လှပသော လက်ချောင်းတိုသည်။ ပုရေ၊ ၌။ သဏှမုဒ္ဒိကသုဝဏ္ဏမဏ္ဍိတာ၊ သိမ်မွေ့ပြေပြစ်သော ရွှေလက်စွပ်တို့ဖြင့် တန်တာဆင်အပ်ကုန် သည်။ (ဟုတွာ)။ သောဘရေ၊ တင့်တယ်ကုန်၏။ ဣဒါနိ၊ ကား။ တာ၊ ထိုငါ၏ လက်ချောင်းတို့သည်။ ဇရာယ၊ ကြောင့်။ မူလမူလိကာ ယထာ၊ သစ်မြစ်ပိုင်းနှင့် တူကုန်သကဲ့သို့ဖြစ်ကုန်၏။ သစ္စဝါဒိဝစနံ၊ သည်။ အနညထာ၊ တည်း။
မမ၊ ၏။ ဉဘော၊ နှစ်ခုကုန်သော။ သု ထနကာ၊ ပြည့်ဖြိုးသော သားမြတ်တို့သည်။ ပီနဝဋ္ဋသဟိတာ၊ ပြည့်ဖြိုးလုံးဝန်းကာ အချင်းချင်းစပ်ယှက်ကုန်သည်။ ဥဂ္ဂတာ၊ အထက်သို့ မြင့်မောက်ကုန်သည်။ (ဟုတွာ)။ သောဘရေ၊ တင့်တယ်ကုန်၏။ ဣဒါနိ၊ ၌။ ဇရာယ၊ ကြောင့်။ တေ၊ ငါ၏ ထိုသားမြတ်အစုံတို့သည်။ နောဒကာ၊ ရေမရှိသော။ ထေဝိကီဝ ထေဝိကာ ဣဝ၊ ဆွဲချိတ်ထားအပ်သောရေစစ်အိတ်ကဲ့သို့။ လမ္ဗန္တိ၊ ရှည်ကျကုန်၏။ သစ္စဝါဒိဝစနံ၊ သည်။ အနညထာ၊ တည်း။
မမ၊ ၏။ သုကာယော၊ ပြေပြစ်သော ကိုယ်ခန္ဓာသည်။ သမ္မဋ္ဌံ၊ ဟင်္သပြဒါးဖြင့် ကြာမြင့်စွာပွတါတိုက်အပ်သော။ ကဉ္စနဿ၊ ရွှေ၏။ ဖလကံဝ၊ ပျဉ်ချပ်ကဲ့သို့။ သောဘတေ၊ တင့်တယ်၏။ ဣဒါနိ၊ ကား။ သော၊ ငါ၏ ထိုကိုယ်ကို။ သုခုမာဟိ၊ သေးငယ်ကုန်သော။ ဝလီဟိ၊ တွန့်လိပ်သော အသားအရေတို့သည်။ ဩတတော၊ ဖုံးလွှမ်းအပ်၏။ သစ္စဝါဒိဝစနံ၊ သည်။ အနညထာ၊ တည်း။
မမ၊ ၏။ ဥဘော၊ နှစ်ဘက်ကုန်သော။ သု ဦရူ၊ ဖြောင့်တန်းသောပေါင်တို့သည်။ ပုရေ၊ ၌။ နာဂဘောဂသဒိသောပမာ၊ ဆင်နှာမောင်းနှင့် တူသောဥပမာရှိကုန်သည်။ (ဟုတွာ)။ သောဘရေ၊ တင့်တယ်ကုန်၏။ တာ၊ ငါ၏ ထိုပေါင်နှစ်ဘက်တို့သည်။ ဇရာယ၊ ကြောင့်။ ဣဒါနိ၊ ကား။ ဝေဠုနာဠိယော ယထာ၊ ဝါးကျည်တောက်ကဲ့သို့ ဖြစ်ကုန်၏။။ သစ္စဝါဒိဝစနံ၊ သည်။ အနညထာ၊ တည်း။
မမ၊ ၏။ သု ဇင်္ယာ၊ ကောင်းသော ခြေသလုံးတို့သည်။ သဏှနူပုရသုဝဏ္ဏမဏ္ဍိတာ၊ သိမ်မွေ့ ပြေပြစ်ကုန်သောရွှေခြေကျင်းတို့ဖြင့် တန်ဆာဆင်အပ်ကုန်သည်။ (ဟုတွာ)။ သောဘရေ၊ တင့်တယ်ကုန်၏။ ဣဒါနိ၊ ကား။ တာ၊ ငါ၏ထိုခြေသလုံးတို့သည်။ ဇရာယ၊ ကြောင့်။ တိလဒဏ္ဍကာရိဝ တိလဒဏ္ဍကာ ဣဝ၊ ရိတ်၍ ကြွင်းသော နှမ်းရိုးခြောက်ကဲ့သို့။ အဟေသုံ၊ ဖြစ်ကုန်၏။ သစ္စဝါဒိဝစနံ၊ သည်။ အနညထာ၊ တည်း။
မမ၊ ၏။ ဥဘော၊ ကုန်သော။ သု ပါဒါ၊ ကောင်းသောခြေတို့သည်။ ပုရေ၊ ၌။ တူလပုဏ္ဏသဒိသောပမာ၊ လဲပြည့်သော ဘိနပ်နှင့်တူသော ဥပမာရှိကုန်သည်။ (ဟုတွာ)။ သောဘရေ၊ တင့်တယ်ကုန်၏။ ဣဒါနိ၊ ၌။ တေ၊ ထိုခြေနှစ်ဖက်တို့သည်။ ဇရာယ၊ ကြောင့်။ ဖုဋိတာ၊ ကွဲကုန်၏။ ဝလီမတာ၊ တွန့်သော အရေရှိကုန်၏။ သစ္စဝါဒိဝစနံ၊ သည်။ အနညထာ၊ တည်း။
အယံ သမုဿယော၊ ဤခန္ဓာကိုယ််အစုသည်။ ဧဒိသာ၊ ဤကဲ့သို့ ရှုအပ်သည်။ ဇဇ္ဇရော၊ ဆွေးမြေ့ယိုယွင်း အိုမင်းသည်။ ဗဟုဒါခါနံ၊ များစွာသော ဆင်းရဲတို့၏။ အာလယော၊ တည်ရာသည်။ အဟု၊ ဖြစ်ပြီ။ သော၊ ထိုခန္ဓာကိုယ် အစုသည်။ အပလေပပတိတော၊ ပြုပြင်လိမ်းကျံမှုကင်းသဖြင့် လဲကျသည်။ (ဝါ) လဲကျခြင်းသို့ ရှေးရှုသည်။ ဇရာဃရော၊ အိမ်အိုကြီးနှင့်တူသည်။ အဟု၊ ဖြစ်ပြီ။ တသ္မာ၊ ကြောင့်။ သစ္စဝါဒိဝစနံ၊ သည်။ အနညထာ၊ တည်း။"
တတ္ထ၊ ထိုဂါထာတို့၌။ ကာဠကာတိ - - - ကား။ ကာဠကဝဏ္ဏာ၊ မည်းနက်သောအဆင်းရှိကုန်သည်။
ဘမရဝဏ္ဏသာဒိသာတိ - - - ကား။ ကာဠကာ၊ မည်းနက်ကုန်သည်။ ဟောန္တာပိ၊ ဖြစ်ပါကကုန်သော်လည်း။ ဘမရသဒိသဝဏ္ဏာ၊ ပိတုန်းရောင်အဆင်းကဲ့သို့ စိမ်းညိုသော အဆင်းရှိကုန်သည်။ သိနိဒ္ဓနီလာ၊ ချောမွေ့ ညက်ညောပျော့ပျောင်း ညိုမှောင်းသော အရောင်ရှိကုန်သည်။ ဣတိ အယံ၊ ကား။ အတ္ထော၊ တည်း။
ဝေလ္လိတဂ္ဂါတိ၊ ကား။ ကုဉ္စိတဂ္ဂါ၊ ကော့ညွတ်သော အဖျားရှိကုန်သည်။ မူလတော၊ အရင်းမှ။ ပဋ္ဌာယ၊ စ၍။ ယာတ အဂ္ဂါ၊ အဖျားတိုင်အောင်။ ကုဉ္စိတာ ဝေလ္လိတာ၊ ကော့ညွတ်ကုန်သည်။ (အဟုံ)။ ဣတိ အတ္ထော။
မုဒ္ဓဇာတိ - - - ကား။ ကေသာ၊ ဆံပင်တို့တည်း။
ဇရာယာတိ - - -ကား။ ဇရာဟေတု၊ အိုခြင်းဟူသော အကြောင်းကြောင့်။ ဇရာယ၊ ဇရာသည်။ ဥပဟတသောဘာ၊ ဖျက်ဆီးအပ်‌သော တင့်တယ်ခြင်းရှိသည်၏အဖြစ်ကြောင့်။
သာဏဝါကသာဒိသာတိ - - - ကား။ သဏသဒိသာ စ၊ ပိုက်ဆံလျှော်မျှင်နှင့်လည်း တူကုန်၏။ ဝါကသဒိသာ စ၊ မြက်လျှော်မျှင်နှင့်လည်း တူကုန်၏။ သာဏဝါကသဒိသာ စေဝ၊ ပိုက်ဆံလျှော်မျှင်နှင့်လည်း တူကုန်၏။ မကစိဝါကသဒိသာ စ၊ သင်ပေါင်းမျှင်နှင့်လည်းတူကုန်၏။ ဣတိပိ၊ ဤသို့လည်း။ အတ္ထော၊ အနက်ကို။ ဒဋ္ဌဗ္ဗော၊ မှတ်ထိုက်၏။
သစ္စဝါဒိဝစနံအနညထာတိ - - - ကား။ သစ္စဝါဒိနော၊ မှန်သောစကားကိုသာ ဆိုတော်မူတတ်သော။ အဝိတထဝါဒိနော၊ မချွတ်မယွင်းသေားစကားကိုသာ ဆိုတော်မူတတ်သော။ သမ္မာသမ္ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ "သဗ္ဗံ ရူပံ အနိစ္စ ဇရာဘိဘူတ"န္တိအာဒိဝစနံ - - - စသောစကားတော်သည်။ အနညထာ၊ တစ်ပါးသောအခြင်းအရာအားဖြင့် မဖြစ်သည်သာတည်း။ (ဝါ) မဖောက်ပြန်သည်သာတည်း။ ယထာဘူတမေဝ၊ မဖောက်မပြန် ဟုတ်မှန်သည်သာတည်း။ တတ္ထ၊ ထိုစကားရပ်၌။ ဝိတထံ၊ ချွတ်ယွင်းဖောက်ပြခြင်းသည်။ န အတ္ထိ၊ မရှိသည်သာတည်း။ ဣတိ၊ ဤကားအနက်တည်း။
ဝါသိတောဝ သုရဘီ ကရဏ္ဍကောတိ - - - ကား။ ပုပ္ဖဂန္ဓဝါသစုဏ္ဏာဒီဟိ၊ ပန်း နံ့သာတို့ဖြင့် ထုံအပ်သော နံ့သာမှုန်တို့ဖြင့်။ ဝါသိတော၊ ထုံအပ်သော။ ဝါသံ၊ မွှေးကြိုင်သော အနံ့ကို။ ဂါဟာပိတော၊ ယူစေအပ်သော။ ပသာဓနသမုဂ္ဂေါ ဝိယ၊ နံ့သာကြုတ်ကဲ့သို့။ သုဂန္ဓိ၊ မွှေးကြိုင်သော အနံ့ရှိ၏။
ပုပ္ဖပူရ မမ ဥတ္တမင်္ဂဇောတိ - - - ကား။ စမ္ပကသုမနမလ္လိကာဒီဟိ၊ စကားပန်း မုလေးပန်း ကြက်ရုံးပန်း အစရှိကုန်သော။ ပုပ္ဖေဟိ၊ ပန်းတို့ဖြင့်။ ပူရိတော၊ ပြည့်သည်။ (ဟုတွာ)။ ပုဗ္ဗေ၊ ၌။ မမ၊ ၏။ ကေသကလာပေါ၊ ဆံပင်အပေါင်းသည်။ နိမ္မလော၊ အညစ်ကြေးကင်း၏။ ဣတိ၊ ကား။ အတ္ထော၊ တည်း။
တန္တိ- - - ကး။ ဥတ္တမင်္ဂဇံ၊ ဦးခေါင်း၌ပေါက်သော ဆံပင်သည်။
အထ ပစ္ဆာ၊ ထိုမှနောက်၌။ ဧတရဟိ၊ ယခုအခါ၌။ သလောမဂန္ဓိကံ၊ အမွေးတို့၏ ပကတိညှီစို့သော အနံ့ရှိ၏။ ပါကတိကလောမဂန္ဓမေဝ၊ ပကတိသောအမွေးတို့၏ ညှီစို့သောအနံ့သည်သာလျှင်။ ဇာတံ၊ ဖြစ်ပြီ။
အထဝါ၊ ထို့ပြင်တစ်နည်းကား။ သလောမဂန္ဓိကန္တိ - - - ကား။ မေဏ္ဍကလောမေဟိ၊ သိုးမွေးတို့နှင့်။ သမာနဂန္ဓံ၊ တူသောအနံ့ဆိုးရှိ၏။
"ဧဠကလောမဂန္ဓ"န္တိပိ၊ ဧဠကလောမဂန္ဓံ ဟူ၍လည်း။ ဝဒန္တိ၊ ဆိုကြကုန်သေး၏။
ကာနနံဝ သဟိတံ သုရောပိတန္တိ - - - ကား။ သုဋ္ဌု၊ ကောင်းစွာ။ ရောပိတံ၊ တစ်ညီတစ်ညွတ် စိုက်ပျိုးအပ်သော။ သဟိတံ၊ အတူတကွ တပေါင်းတည်းဖြစ်သော။ ဃနသန္နိဝေသံ၊ တစ်ခဲနက်တပေါင်းတည်း စုစည်း၍တည်သော။ ဥဒ္ဓမေဝ၊ အထက်သို့သာလျှင်။ ဥဋ္ဌိတံ၊ တက်သော။ ဥဇုကဒီဃသာခံ၊ ဖြောင့်တန်းရှည်လျားသော သစ်ခက်တို့ရှိသော။ ဥပဝနံ ဝိယ၊ ဥယျာဥ်တောအုပ်ကဲ့သို့။
ကောစ္ဆသူစိဝိစိတဂ္ဂသောဘိတန္တိ - - - ကား။ ပုဗ္ဗေ၊ ရှေး၌။ ကောစ္ဆေန စ၊ ခေါင်းဖြီးစရာ ဘီးဖြင့်လည်းကောင်း။ သုဝဏ္ဏသူစိယာ စ၊ ရွှေဆံထိုးဖြင့်လည်းကောင်း။ ကေသဇဋာဝိဇဋနေန၊ ရှုတ်ထွေးသောဆံပင်ကို ဖြေရှင်းခြင်းဖြင့်။ ဝိစိတဂ္ဂံ၊ ဖြီးသင်အပ်ပြီးသော အဖျားရှိသည်။ ဟုတွာ၊ ၍။ သောဘိတံ၊ တင့်တယ်၏။ ဝါ၊ တစ်နည်းကား။ ဃနဘာဝေန၊ ပိတ်ပိတ်သဲသဲ တစ်ခဲနက်၏ အဖြစ်ကြောင့်။ ကောစ္ဆသဒိသံ၊ ခပ်အခင်းနှင့်တူသည်။ ဟုတွာ၊ ၍။ ပဏဒန္တသူစီဟိ၊ ဆင်စွယ်ဆံထိုးတို့ဖြင့်။ ဝိစိတဂ္ဂတာယ၊ ဖြီးသင်အပ်ပြီးသော အဖျားရှိသည်၏ အဖြစ်ကြောင့်။ သောဘိတံ၊ တင့်တယ်၏။
တန္တိ၊ ကား။ ဥတ္တမင်္ဂဇံ၊ ဦးခေါင်း၌ ပေါက်သော ဆံပင်သည်။
ဝိရလံတဟိံ တဟိန္တိ - - - ကား။ တတ္ထ တတ္ထ၊ ထိုထိုအရပ်၌။ ဝိရလံ၊ ကျဲ၏။ ဝိလူနကေသံ၊ ကျွတ်သောဆံပင်ရှိ၏။
ကဏှခန္ဓကသုဝဏ္ဏမဏ္ဍိတန္တိ - - - ကား။ သုဝဏ္ဏဝဇိရာဒီဟိ၊ ရွှေ, စိန်စသည်တို့ဖြင့်။ ဝိဘူသိတံ၊ တန်ဆင်ဆင်သော။ ကဏှကေသပုဉ္ဇကံ၊ မည်းသောဆံပင်,ဆံပင်ထိုးရှိသည်။ (ဟုတွာ)။
ယေ ပန၊ အကြင်ပုဂ္ဂိုလ်တို့သည်ကား။ "သဏှကဏ္ဍက၊ သုဝဏ္ဏမဏ္ဍိတ"န္တိ- - - ဟူ၍။ ပဌန္တိ၊ ရွတ်ဆိုကြကုန်၏။ တေသံ၊ ထိုပုဂ္ဂိုလ်တို့၏ အလိုအားဖြင့်။ သဏှာဟိ၊ နူးညံ့ပျော့ပျောင်းကုန်သော။ သုဝဏ္ဏသူစီဟိ၊ ရွှေဆံထိုးတိုးဖြင့်။ ဇဋာဝိဇဋနေန၊ ရှုတ်ထွေးသောဆံပင်ကို ဖြေရှင်းခြင်းအားဖြင့်။ မဏ္ဍိတံ၊ တန်ဆာဆင်အပ်၏။ ဣတိ အယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
သောဘတေ သုဝေဏိဟိ'လင်္ကတန္တိ- - - ကား။ သုန္ဒရေဟိ၊ ကောင်းကုန်သော။ ရာဇရုက္ခမာလာသဒိသေဟိ၊ ငုပန်းနှင့်တူကုန်သော။ ကေသဝေဏီဟိ၊ ဆံထိုးတို့ဖြင့်။ အလင်္ကတံ၊ တန်ဆာဆင်အပ်သည်။ ဟုတွာ၊ ၍။ ပုဗ္ဗေ၊ ၌။ ဝိရာဇတေ၊ တင့်တယ်၏။
တံ ဇရာယ ခလိတံ သိရံ ကတန္တိ - - - ကား။ တထာ၊ ထိုဆိုအပ်ပြီးသော အခြင်းအရာအားဖြင့်။ သောဘိတံ၊ တင့်တယ်သော။ တံ သိရံ၊ ထိုဦးခေါင်းကို။ ဣဒါနိ၊ ၌။ ဇရာယ၊ ဇရာသည်။ ခလိတံ၊ ထိပ်ပြောင်သည်ကို။ ခဏ္ဍိတာခဏ္ဍိတံ၊ ကွက်တိ ကွက်ကြားသော ဆံပင်ရှိသည်ကို။ ဝိလူနကေသံ၊ ကျွတ်သောဆံပင်ရှိသည်ကို။ ကတံ၊ ပြုအပ်၏။
စိတ္တကာရသုကတာဝ လေခိကာတိ - - - ကား။ စိတ္တကာရေန၊ အဆန်းတကြယ် ရေးဆွဲတတ်‌သော။ သိပ္ပိနာ၊ ပန်းချီအတတ်ပညာရှင်သည်။ နီလာယ ဝဏ္ဏဓာတုယာ၊ အညိုရောင် ဓာတ်ဆေးဖြင့်။ သုဋ္ဌု၊ ကောင်းစွာ။ ကတာ၊ ရေးဆွဲအပ်သော။ လေခါ၊ အရေးသည်။ သောဘတေ ဝိယ၊ တင့်တယ်သကဲ့သို့။
သု ဘမုကာ ပုရေ မမာတိ- - - ကား။ မမ၊ ၏။ သုန္ဒရာ၊ ကောင်းကုန်သော။ ဘမုကာ၊ မျက်ခုံးတို့သည်။ ပုဗ္ဗေ၊ ၌။ သောဘနံ့၊ တင့်တယ်ခြင်းသို့။ ဂတာ၊ ရောက်ကုန်၏။
ဝလိဘိပ္ပလမ္ဗိတာတိ - - - ကား။ နလာဋန္တေ၊ နဖူးစွန်း၌။ ဥပ္ပန္နဟိ၊ ဖြစ်ကုန်သော။ ဝလီဟိ၊ တွန့်သော အ‌ရေးအကြောင်းတို့ဖြင့်။ ပလမ္ဗန္တ၊ တွဲရရွဲ ကျကုန်လျက်။ ဌိတာ၊ တည်ကုန်၏။
ဘဿရာတိ - - - ကား။ ဘာသုရာ၊ ပြိုးပြပြက်ပြက် တလက်လက် တောက်ပကုန်သော။
သုရုစိရာတိ၊ ကား။ သုဋ္ဌု၊ အလွန်။ ရုစိရာ၊ နှစ်သက်စဖွယ် အရောင်ရှိကုန်သော။
ယထာ မဏီတိ - - - ကား။ မဏိမုဒ္ဒိကာ ဝိယ၊ ပတ္တမြားလက်စွပ်တို့ကဲ့သို့။
နေတ္တ'ဟေသုန္တိ - - - ကား။ သုနေတ္တာ၊ ကောင်းသောမျက်လုံးတို့သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။
အဘိနီလမာယတာတိ - - - ကား။ အဘိနီလာ၊ အလွန်ညိုကုန်သည်။ ဟုတွာ၊ ၍။ အာယတာ၊ ရှည်လျား ကျယ်ပြန့်ကုန်သည်။
တေတိ - - - ကား။ နေတ္တာ၊ မျက်လုံးတို့သည်။ (န သောဘရေ၊ ၌စပ်)။
ဇရာယ'ဘိဟတာတိ - - - ကား။ ဇရာယ၊ အိုခြင်းသည်။ အဘိဟတာ၊ လွမ်းမိုးနှိပ်စက်အပ်ကုန်သည်။ (ဟုတွာ)။
သဏှတုင်္ဂသဒိသီ စာတိ - - - ကား။ သဏှာ၊ ပြေပြစ်ချောမောသည်။ တုင်္ဂါ၊ မြင့်မောက်သည်။ သေသမုခါဝယတါနံ၊ ကြွင်းသောမျက်နှာအစိတ်အပိုင်းတို့အား။ အနုရူပါ၊ လျောက်ပတ်သည်။ ဟုတွာ စ၊ ဖြစ်၍လည်း။
သောဘတေတိ၊ ကား။ ဝဋ္ဋေတွာ၊ လုံး၍။ ဌပိတဟရိတာလဝဋ္ဋိ ဝိယ၊ ထားအပ်သော ဆေးဒန်းမြင်းသီလာတောင်ကဲ့သို့။ မမ၊ ၏။ နာသိကာ၊ နှာတံသည်။ သောဘတေ၊ တင့်တယ်၏။
သု အဘိယောဗ္ဗနံ ပတီတိ - - - ကား။ သုန္ဒရေ၊ ကောင်းသော။ အဘိနဝယောဗ္ဗနကာလေ၊ အလွန်ပျိုနုသော အရွယ်၌။ သာ နာသိကာ၊ ထိုတင့်တယ်သော နှာတံသည်။ ဣဒါနိ၊ ၌။ ဇရာယ၊ ကြောင့်။ (ဝါ) သည်။ နိဝါရိတသောဘတာယ၊ တားမြစ်အပ်သော တင့်တယ်ခြင်းရှိသည်၏အဖြစ်ကြောင့်။ ပရိသေဒိတာ ဝိယ စ၊ ထက်ဝန်းကျင်မှ အငွေ့ကို ယူစေအပ်သကဲ့သို့လည်းကောင်း။ ဝရတ္တာ ဝိယ စ၊ သားရေကြိုးကဲ့သို့လည်းကောင်း။ ဇာတာ၊ ဖြစ်ပြီ။
ကင်္ကဏံဝ သုကတံ သုနိဋ္ဌိတန္တိ - - - ကား။ သုပရိကမ္မကတံ၊ ကောင်းစွာအပြေအပြစ် ပြုအပ်သော။ သုဝဏ္ဏကင်္ကဏံ ဝိယ၊ ရွှေလက်ကောက်ကဲ့သို့။ ဝဋ္ဋုလဘာဝံ၊ လုံးသည်၏အဖြစ်ကို။ သန္ဓာယ၊ ရည်ရွယ်၍။ ဝဒတိ၊ ဆို၏။
သောဘရေတိ - - - ကား။ သောဘန္တေ၊ တင့်တယ်ကုန်၏။
"သောဘန္တေ"တိ ဝါ၊ သောဘန္တေ ဟူဥလည်း။ ပါဌော၊ ပါဌ်ရှိသေး၏။
သုဣတိ၊ သု ဟူသည်ကား။ နိပါတမတ္တံ၊ နိပါတ်မျှသာတည်း။
ကဏ္ဏပါဠိယောတိ - - - ကား။ ကဏ္ဏဂန္ဓာ၊ နားရွတ်တို့သည်။
ဝလိဘိပ္ပလမ္ဗိတာတိ- - - ကား။ တဟိံ တဟိံ၊ ထိုထိုအရပ်၌။ ဥပ္ပန္နဝလီဟိ၊ ဖြစ်သော အတွန့်အလိပ် အ‌ရေးအကြောင်းတို့ဖြင့်။ ဝလိတာ၊ တွန့်ကုန်သည်။ ဟုတွာ၊ ဖြစ်၍။ ဝဋ္ဋနိယာ၊ လက်လိပ်တံ၌။ ပဏာမိတဝတ္ထခန္ဓာ ဝိယ၊ ညွတ်စေအပ်, လိပ်တင်အပ်သော အဝတ်အထည်အစုကဲ့သို့။ ဘဿန္တ၊ လျောကျကုန်လျက်။ ဩလမ္ဗန္တိ၊ တွဲရရွဲ ကျကုန်၏။
ပတ္တလီမကုလဝဏ္ဏသာဒိသာတိ - - - ကား။ ကဒလိမကုလသဒိသဝဏ္ဏသဏ္ဌာနာ၊ ငှက်ပျောဖူးငုံနှင့်တူသော အဆင်းပုံသဏ္ဌာန်ရှိကုန်သည်။
ခဏ္ဍိတာတိ - - - ကား။ ဘေဒနပတနေဟိ၊ ကွဲခြင်း ကျွတ်ခြင်းတို့ဖြင့်။ ခဏ္ဍိတာ၊ ကျိုးကုန်၏။ ခဏ္ဍဘာဝံ၊ ကျိုးကုန်သည်၏အဖြစ်သို့။ ဂတာ၊ ‌ရောက်ကုန်၏။
အသိတာတိ- - - ကား။ ဝဏ္ဏဘေဒေန၊ အဆင်းပျက်သည်၏အဖြစ်ဖြင့်။ အသိတဘာဝံ၊ မည်းသည်၏အဖြစ်သို့။ ဂတာ၊ ရောက်ကုန်၏။
ကာနနမှိ ဝနသဏ္ဍစာရိနီ၊ ကောကိလာဝ မဓုရံ နိကူဇိ'ဟန္တိ - - - ကား။ ဝနသဏ္ဍေ၊ တောအုပ်၌။ ဂေါစရစရဏေန၊ ကျက်စားလှည့်လည်ခြင်းဖြင့်။ ဝနသဏ္ဍစာရိနီ၊ တောအုပ်၌ ကျက်စားလေ့ရှိသော။ ကာနနေ၊ တော၌။ အနုသံဂီတနိဝါသိနီ၊ ထိုမှဤမှလှည့်လည်သီဆိုကာ နေလေ့ရှိသော။ ကောကိလာ ဝိယ၊ ဥဩငှက်မလေးကဲ့သို့။ မဓုရာလာပံ၊ ချိန်မြိန်သာယာသော အသံကို။ အဟံ၊ သည်။ နိကူဇိံ၊ ပြောဆိုခဲ့ပြီ။
တန္တိ၊ ကား။ နိကူဇိတံ၊ သာယာစွာ ပြောဆိုအပ်သော။ တံ အာလာပံ၊ ထိုအသံသည်။
ခလိတံ တဟိံ တဟိန္တိ - - - ကား။ ခဏ္ဍဒန္တာဒိဘာဝေန၊ သွားကျိုးအစရှိသည်တို့၏အဖြစ်ကြောင့်။ တတ္ထ တတ္ထ၊ ထိုထို စကားအရာ၌။ ပက္ခလိတံ၊ ချွတ်ချော်လွဲမှားခြင်းသို့။ ဇာတံ၊ ရောက်ပြီ။
သဏှကမ္ဗုရိဝ သုပ္ပမဇ္ဇိတာတိ - - - ကား။ သုဋ္ဌု၊ ကောင်းစွာ။ ပမဇ္ဇိတာ၊ သုတ်သင် ပွတ်တိုက်အပ်သော။ သဏှာ၊ ချောမွတ် ပြေပြစ်သော။ သုဝဏ္ဏသင်္ခါ ဝိယ၊ ရွှေခရုသင်းကဲ့သို့။
ဘဂ္ဂါ ဝိနာမိတာတိ - - - ကား။ မံသပရိက္ခယေန၊ အသားအသွေးတို့ကုန်ခန်းခြင်းဖြင့်။ ဝိဘူတသိရာဇာလတာယ၊ အကြောပြိုင်းပြိုင်း ထခြင်းရှိသည်၏အဖြစ်သည်။ ဘဂ္ဂါ၊ ဖျက်ဆီးအပ်သည်။ ဟုတွာ၊ ၍။ ဝိနတာ၊ ကိုင်းညွတ်၏။
ဝဋ္ဋပလိဃသဒိသောပမာတိ - - - ကား။ ဝဋ္ဋေန၊ လုံးဝန်းသော။ ပလိဃဒဏ္ဍေန၊ တံခါးတိုင်နှင့်။ သမသမာ၊ အလွန်တူကုန်၏။
တာတိ၊ ကား။ ဥဘောပိ၊ နှစ်ဘက်လုံးလည်းဖြစ်ကုန်သော။ တာ ဗာဟာယော၊ ထိုလက်မောင်းတို့သည်။
ယထာပါဋလိဗ္ဗလိတာတိ၊ ကား။ ဇဇ္ဇရဘာဝေန၊ အိုမင်းသည်၏အဖြစ်ဖြင့်။ ပလိတပါဋလိသခါသဒိသာ၊ ဖွေးဖွေးဖြူသော သခွတ်ပင်ကိုင်းနှင့် တူကုန်၏။
သဏှမုဒ္ဒိကသုဝဏ္ဏမဏ္ဍိတာတိ - - - ကား။ သုဝဏ္ဏမယာဟိ၊ ရွှေဖြင့်ပြီးကုန်သော။ မဋ္ဌဘာသုရာဟိ၊ ပြေပြစ်, တောက်ပသော အရောင်ရှိကုန်သော။ မုဒ္ဒိကာဟိ၊ လက်စွပ်တို့ဖြင့်။ ဝိဘူသိတာ၊ တန်ဆာဆင်အပ်ကုန်သည်။ (ဟုတွာ)။
ယထာ မူလမူလိကာတိ - - - ကား။ မူလကကဏ္ဍသဒိသာ၊ သစ်မြစ်ပိုင်းနှင့်တူကုန်၏။
ပီနဝဋ္ဋသဟိတုဂ္ဂတာတိ - - - ကား။ ပီနာ၊ ပြည့်ဖြိုးကုန်သည်။ အညမညံ၊ အချင်းချင်း။ သဟိတာဝ၊ စပ်ယှက်ကုန်သည်ဖြစ်၍သာလျှင်။ ဟုတွာ၊ ၍။ ဥဂ္ဂတာ၊ အထက်သို့မြင့်မောက်ကုန်သည်။ ဥဒ္ဓမုခါ၊ အထက်၌ မျက်နှာရှိကုန်သည်။ (ဟုတွာ)။
သောဘတေ ၁။ ပါဠိတော်ဂါထာ-၂၆၅၊ ၌ သောဘ‌ရေ - ဟု ရှိသည်၊ အဋ္ဌကထာ သံဝဏ္ဏေတဗ္ဗပါဠိတော်၌ကားသောဘတေဟု ဆိုထားသည်၊ ပထမပါဒ၌ ဥဘော, ဒုတိယပါဒ၌ ထနကာ- တို့ကို ထောက်၍ ဗဟုဝုစ်ဖြင့်သောဘရေ ဟု ပါဠိတော်အတိုင်းသာ ရှင်းသည်၊ သို့သော် အဋ္ဌကထာဆရာက"သောဘတေ"အတွက်သိုင်းဝိုင်းစွာ ဖွင့်ထားသည်ကို ထောက်ရှုလျှင် အဋ္ဌကထာဆရာလက်ထက်ပါဠိတော်၌ "သောဘတေ"ဟုမူလပါဌ် ဖြစ်စရာရှိသည်။ သု ထနကာ ပုရေ မမာတိ - - - ကား။ မမ၊ ၏။ ဥဘောပိ၊ နှစ်ခုလည်းဖြစ်ကုန်သော။ ထနာ၊ သားမြတ်တို့သည်။ ယထာဝုတ္တရူပါ၊ အကြင်အကြင်ဆိုအပ်ပြီးသောအဆင်းရှိကုန်သည်။ ဟုတွာ၊ ၍။ သုဝဏ္ဏကလသိယော ဝိယ၊ ရွှေအိုးတို့ကဲ့သို့။ သောဘိံသု၊ တင့်တယ်ကြကုန်ပြီ။
ဟိ၊ မှန်၏။ ဣဒံ၊ ဤသောဘတေ ၌ တေဝိဘတ်သည်။ ပုထုတ္တေ၊ များသည်၏အဖြစ်၌။ ဧကဝစနံ၊ ဧကဝုစ်ဝိဘတ်တည်း။ စ၊ ဆက်ဦးအံ့။ အတီတတ္ထေ၊ အတိတ်အနက်၌။ ဝတ္တမာနဝစနံ၊ ဝတ္တမာန်ဝိဘတ်လည်း။
ထေဝိကီဝ လမ္ဗန္တိ နောဒကာတိ - - - ကား။ မေ၊ ၏။ ဥဘောပိ၊ နှစ်ခုလည်းဖြစ်ကုန်သော။ တေ ထနာ၊ ထို သားမြတ်အစုံတို့သည်။ နောဒကာ၊ ရေမရှိသော။ ဂလိတဇလာ၊ လျောကျသောရေရှိသော။ ဝေဏုဒဏ္ဍကေ၊ ဝါးတုတ်တန်း၌။ ဌပိတဥဒကဘသ္တာ ဝိယ၊ ဆွဲချိတ်ထားအပ်သောရေစစ်အိတ်ကဲ့သို့။ လမ္ဗန္တိ၊ ရှည်ကျကုန်၏။
ကဉ္စနဖလကံဝ သမ္မဋ္ဌန္တိ ၂။ ပါဠိတော် ဂါထာ - ၂၆၆- ၌ ကဉ္စနဿ ဖလကံဝ ဟုရှိသည်၊ အဋ္ဌကထာ သံဝဏ္ဏေတဗ္ဗပါဠိတော်ကား ကဉ္စနဖလကံဝ ဟု လာသည်။

      • ကား။ ဇာတိဟိင်္ဂုလကေန၊ ဟင်္သပြဒါးအစစ်ဖြင့်။ မက္ခိတွာ၊ လိမ်းကျံ၍။ စိရပရိမဇ္ဇိတသောဝဏ္ဏဖလကံ ဝိယ၊ ကြာမြင့်စွာပွတ်တိုက်အပ်သော ရွှေပျဉ်ချပ်ကဲ့သို့။ သောဘတေ၊ တင့်တယ်၏။
သော ဝလီဟိ သုခုမာဟိဩတတောတိ - - - ကား။ မမ၊ ၏။ သော ကာယော၊ သည်။ ဣဒါနိ၊ ၌။ သုခုမာဟိ၊ သေးငယ်ကုန်သော။ ဝလီဟိ၊ အတွန့်အလိပ်တို့ဖြင့်။ တဟိံ တဟိံ၊ ထိုထိုအရပ်၌။ ဝိတတော၊ ပျံ့နှံ၏။ ဝလိတ္တစတံ၊ တွန့်လိပ်သောအရေရှိသည်၏အဖြစ်သို့။ အာပန္နော၊ ရောက်၏။
နာဂဘောဂသဒိသောပမာတိ - - - ကား။ ဟိတ္ထိနာဂဿ၊ ဆင်ပြောင်ကြီး၏။ ဟတ္ထေန၊ နှာမောင်းနှင့်။ သမသမာ၊ အလွန်တူကုန်၏။
ဟိ၊ မှန်၏။ ဟတ္ထော၊ နှာမောင်းကို။ (ဘောဂေါတိ ဝုတ္တော၊ ၌စပ်)။ ဣဓ၊ ဤအရာ၌။ ဧတေန၊ ဤနှာမောင်းဖြင့်။ ဘုဉ္ဇတိ၊ စားတတ်၏။ ဣတိ တသ္မာ၊ ထိုသို့ စားကြောင်းဖြစ်သောသတ္တိကြောင့်။ ဘောဂေါတိ၊ ဘောဂဟူ၍။ ဝုတ္တော၊ ဆိုအပ်၏။
တေတိ၊ ကား။ ဦရုယော၊ ပေါင်တို့သည်။
ယထာဝေဠုနာဠိယောတိ - - - ကား။ ဣဒါနိ၊ ၌။ ဝေဠုပဗ္ဗသဒိသာ၊ ဝါးဆစ်နှင့်တူကုန်သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။
သဏှနူပုရသုဝဏ္ဏမဏ္ဍိတာတိ - - - ကား။ သိနိဒ္ဓမဋ္ဌေဟိ၊ သိမ်မွေ့ပြေပြစ်ကုန်သော။ သုဝဏ္ဏနူပုရေဟိ၊ ရွှေခြေကျင်းတို့ဖြင့်။ ဝိဘူသိတာ၊ တန်ဆာဆင်အပ်ကကုန်သည်။
ဇင်္ဃာတိ၊ ကား။ အဋ္ဌိဇင်္ယာယော၊ ခြေသလုံးရိုးတို့သည်။
တာတိ၊ ကား။ တာ ဇင်္ဃာယော၊ တို့သည်။
တိလဒဏ္ဍကာရိဝါတိ၊ ကား။ အပ္ပမံသလောဟိတတ္တာ၊ နည်းသော အသား, အသွေးတို့ရှိကုန်သည်၏အဖြစ်ကြောင့်။ ကိသဘာဝေန၊ ကြုံလှီသည်၏အဖြစ်ဖြင့်။ လူနာဝသိဋ္ဌဝိသုက္ခတိလဒဏ္ဍကာ ဝိယ၊ ရိတ်၍ကြွင်းသောနှမ်းရိုးခြောက်တို့ကဲ့သို့။ အဟေသုံ၊ ဖြစ်ကုန်ပြီ။
ရ-ကာရော၊ ရအက္ခရာသည်။ ပဒသန္ဓိသရော၊ ပုဒ်စပ်မှုကိုပြုခြင်းတည်း။
တူလပုဏ္ဏသဒိသောပမာတိ- - -ကား။ မုဒုသိနိဒ္ဓဘာဝေန၊ နူးညံ့သိမ်မွေ့ကုန်သည်၏အဖြစ်ဖြင့်။ သိမ္ဗလိတူလပုဏ္ဏပလိဂုဏ္ဌိတဥပါဟနသဒိသာ၊ လက်ပံလဲဖြင့်ပြည့်သော ဖနောင့်ဖုံး ဖမိုးဖုံးတပ်သော ဘိနပ်နှင့်တူကုန်၏။
မမ၊ ၏။ တေ ပါဒါ၊ တို့သည်။ ဣဒါနိ၊ ၌။ ဖုဋိတာ ဖလိတာ၊ ကွဲကုန်၏။။ ဝလီမတာ၊ တွန့်သော အရေရှိကုန်သည်။ ဝလိမန္တော၊ တွန့်သော အရေရှိကုန်သည်။ ဇာတာ၊ ဖြစ်ကုန်၏။
ဧဒိသောတိ - - - ကား။ ဧဝရူပေါ၊ ဤသို့သဘောရှိသည်။
အဟု၊ ဖြစ်ပြီ။ ယထာ ဝုတ္တပ္ပကာရော၊ ဆိုအပ်ပြီးသော အပြားရှိသည်။ အဟောသိ၊ ဖြစ်ပြီ။
အယံသမုဿယောတိ၊ ကား။ မမ၊ ၏။ အယံ ကာယော၊ ဤကိုယ်သည်။
ဇဇ္ဇရောတိ - - - ကား။ သိထိလာဗန္ဓော၊ လျော့စွာဖွဲ့‌သော အကြောရှိသည်။
ဗဟုဒုခါနမာလယောတိ - - ကား။ ဇရာဒိဟေတုကာနံ၊ အိုခြင်းစသော အကြောင်းရှိကုန်သော။ ဗဟူနံ၊ များစွာကုန်သော။ ဒုက္ခာနံ၊ ဆင်းရဲတို့၏။ အာလယဘူတော၊ တည်ရာဖြစ်၍ဖြစ်သည်။ (အဟု= ဖြစ်ပြီ)။
သောပလေပပတိတောတိ- - - ကား။ သော အယံ သမုဿယော၊ ထိုငါ၏ခန္ဓာကိုယ်သည်။ အပလေပပတိတော၊ ပြုပြင်လိမ်းကျံမှုကင်းသဖြင့် လဲကျသည်။ (ဝါ) လဲကျခြင်းသို့ရှေးရှုသည်။ အဘိသင်္ခါရာလေပပရိက္ခယေန၊ ပြုပြင်လိမ်းကျံမှုကုန်သဖြင့်။ ပတိတော၊ လဲကျသည်။ ပါတာဘိမုခေါတိ၊ လဲကျခြင်းသို့ ရှေးရှုသည်။ (အဟု)။ ဣတိ အတ္ထော၊ နက်။
ဝါ၊ တစ်နည်းကား။ သောပိ အလေပပတိတောတိ၊ 'သောပိ အလေပပတိတော'ဟူ၍။ ပဒဝိဘာဂေါ၊ ပုဒ်ကို ဝေဘန်ခြင်းကို။ ဒဋ္ဌဗ္ဗော၊ မှတ်ထိုင်၏။ သော ဧဝ၊ ထို'သောအပလေပပတိ‌တော'ပုဒ်၏ အနက်သည်ပင်။ အတ္ထော၊ 'သောပိ အလေပပတိတော'၏အနက်တည်း။
ဇရာဃရောတိ- - - ကား။ ဇိဏ္ဏဃရသဒိသော၊ အိမ်အိုကြီးနှင့်တူသည်။
ဝါ၊ တစ်နည်းကား။ ဇရာယ၊ အိုခြင်းဇရာ၏။ ဃရဘူတော၊ တည်ရာအိမ်သဖွယ်ဖြစ်၍ဖြစ်သည်။ အဟောသိ၊ ဖြစ်ပြီ။
တသ္မာ၊ ထို့ကြောင့်။ သစ္စဝါဒိနော၊ ဟုတ်မှန်သောစကားကိုသာ ဆိုတော်မူတတ်သော မြတ်စွာဘုရား၏။ ဓမ္မာနံ၊ တရားတို့၏။ ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။ သဘာဝံ၊ သဘောတရားကြိ။ သမ္မဒေဝ၊ ကောင်းစွာသာလျှင်။ ဉ တွာ၊ သိ၍။ ကထနတော၊ ဟောတော်မူတတ်သောကြောင့်။ အဝိတထဝါဒိနော၊ မချွတ်မယွင်းဟုတ်မှန်သောစကားကိုသာ ဆိုတော်မူတတ်သော။ သမ္မာသမ္ဗုဒ္ဓဿ၊ အလုံးစုံတရားတို့ကိုသိတောမူသော။ မမ၊ ၏။ သတ္ထု၊ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား၏။ ဝစနံ၊ စကားတော်သည်။ အနညထာ၊ မဖောက်ပြန်သည်သာတည်း။ (ဝါ) မလွဲဧကန်မှန်သာတည်း။
ဧဝံ၊ ဤသို့။ အယံ ထေရီ၊ ဤအမ္ဗပါလီထေရီမသည်။ အတ္တနော၊ ၏။ အတ္တဘာဝေ၊ အတ္တဘော၌။ အနိစ္စတာယ၊ မမြဲသည်၏ အဖြစ်ကို။ သလ္လက္ခဏမုခေန၊ ကောင်းစွာမှတ်သားခြင်းကို အဦးပြုသဖြင့်။ သဗ္ဗေသုပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။ တေဘူမကဓမ္မေသု၊ တေဘူမကတရားတို့၌။ အနိစ္စတံ၊ မမြဲသည်၏အဖြစ်ကို။ ဥပဓာရေတွာ၊ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်၍။ တဒနုသာရေန၊ ထိုအနိစ္စလက္ခဏာသို့ အစဉ်လိုက်သဖြင့်။ တတ္ထ၊ ထိုတေဘူမကတရားတို့၌။ ဒုက္ခလက္ခဏဉ္စ၊ ဒုက္ခလက္ခဏာသို့လည်းကောင်း။ အနတ္တလက္ခဏဉ္စ၊ အနတ္တလက္ခဏာသို့လည်းကောင်း။ အာရောပေတွာ၊ တင်၍။ ဝိပဿနံ၊ ဝိပဿနာကို။ ဥဿုက္ကာပေန္တီ၊ အားထုတ်စေလတ်သော်။ မဂ္ဂပဋိပါဋိယာ၊ မဂ်အစဉ်အားဖြင့်။ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။ ပါပုဏိ၊ ရောက်ပြီ။
တေန၊ ထို့ကြောင့်။ အပဒါနေ၊ အပဒါန်၌။ "ယော ရံသိဖုသိတာဝေဠော ။ပ။ ကတံ ဗုဒ္ဓဿ သာသန"န္တိ - - - ဟူ၍။ ဝုတ္တံ၊ ပြီ။
"ရံသိဖုသိတာဝေဠော၊ ရောင်ခြည်တော်အစဉ်ဖြင့် ထိအပ်သောကိုယ်ရှိတော်မူသော။ ဖုဿေ နာမ၊ ဖုဿမည်တော်မူသော။ ယော မဟာမုနိ၊ အကြင်မြတ်စွာဘုရားသည်။ (ဥပ္ပဇ္ဇိ၊ ပွင့်တော်မူပြီ။) အဟံ၊ သည်။ တဿ၊ ထိုမြတ်စွာဘုရား၏။ ဘဂိနီ၊ နှမတော်သည်။ အာသိံ၊ ဖြစ်ခဲ့ပြီ။ ခတ္တိယေ ကုလေ၊ မင်းမျိုး၌။ အဇာယိံ၊ ဖြစ်ခဲ့ပြီ။
အဟံ၊ သည်။ တဿ၊ ထိုမြတ်စွာဘုရား၏။ ဓမ္မံ၊ တရားတော်ကို။ သုဏိတွာ၊ နာကြားရ၍။ ဝိပ္ပသန္နေန၊ အထူးသဖြင့် ကြည်လင်သော။ စေတသာ၊ စိတ်ဖြင့်။ မဟာဒါနံ၊ ကြီးစွာသောအလှူကို။ ဒဒိတွာန၊ ပေးလှူ၍။ ရူပသမ္ပဒံ၊ အဆင်း၏ပြည့်စုံခြင်းကို။ ပတ္ထယိံ၊ ဆုတောင်းခဲ့ပြီ။
ဣတော၊ ဤကမ္ဘာမှ။ ဧကတိံသေ ကပ္ပေ၊ သုံးဆယ့်တစ်ကမ္ဘာထက်၌။ သိခီ၊ သိခိမည်တော်မူသော။ လောကဂ္ဂနာယကော၊ လောက၏အကြီးအမှူးဖြစ်တော်မူသော။ လောကပဇ္ဇောတော၊ လောကကို တောက်ပစေတတ်သော။ တိလောကသရဏော၊ လောကသုံးပါး၏ ကိုးကွယ်ရာဖြစ်တော်မူသော။ ဇိနော၊ မြတ်စွာဘုရားသည်။ ဥပ္ပန္နော၊ ပွင့်တော်မူပြီ။
တဒါ၊ ထိုအခါ၌။ ရမ္မေ၊ နှလုံးမွေ့လျော်ဘွယ်ကောင်းသော။ အရုဏပုရေ၊ အရုဏဝတီပြည်၌။ ဗြဟ္မညကုလသမ္ဘဝါ၊ ပုဏ္ဏားမျိုး၌ဖြစ်သည်ဖြစ်၍။ ဝိမုတ္တစိတ္တံ၊ ကိလေသာတို့မှလွတ်သောစိတ်ရှိသော။ ဘိက္ခုနိံ၊ ရဟန္တာထေရီမကို။ ကုပိတာ၊ အမျက်ထွက်သည်။ (ဟုတွာ)။ အဘိသာပယိံ၊ ဆဲရေး ရေရွတ်ခဲ့ပြီ။
"ဝေသိကာဝ၊ ပြည့်တန်ဆာမကဲ့သို့။ အနာစာရော၊ = မကောင်းသောအကျင့်ရှိ၏။ ဇိနသာသနဒူသိကာ၊ မြတ်စွာဘုရား၏အဆုံးအမသာသနာတော်ကိုဖျက်ဆီးတတ်၏။" ဧဝံ၊ ဤသို့။ အက္ကောသယိတွာန၊ ဆဲရေး၍။ (အဘိသာပယိံ၊ ရေရွတ်ခဲ့ပြီ)။ ပါပေန၊ ယုတ်မာသော။ တေန ကမ္မုနာ၊ ထို ရဟန္တာထေရီမကိုဆဲရေးသော မကောင်းမှုကံကြောင့်။
ဒါရုဏံ၊ ကြမ်းတမ်းသော။ နိရယံ၊ လောဟကုမ္ဘီငရဲသို့။ ဂန္တွာ၊ ရောက်၍။ မဟာဒုက္ခသမပ္ပိတာ၊ ကြီးစွာသောဆင်းရဲသို့ရောက်ပြီ။ တတော၊ ထိုငရဲမှ။ စုတာ၊ စုတေလတ်သော်။ မနုဿေသု၊ လူ့ပြည်တို့၌။ တပဿိနီ၊ အထီးကျန် ဆင်းရဲသူမသည်။ (ဟုတွာ)။ ဥပပန္နာ၊ ဖြစ်ရ၏။
ဒသဇာတိသဟဿာနိ၊ ဘဝတစ်သောင်းတို့ပတ်လုံး။ ဂဏိကတ္တံ၊ ပြည့်တန်ဆာမအဖြစ်ကို။ အကာရိယိံ၊ ပြုရပြီ။ ဒုဋ္ဌဝိသံ၊ အသက်ကို ဖျက်ဆီးတတ်သော အဆိပ်ကို။ ဘုတွာ၊ စားလတ်‌သော်။ (မရဏဘယာ၊ သေဘေးမှ၊နမုစ္စတိ) ယထာ၊ မလွတ်သကဲ့သို့။ တမှာ ပါပါ၊ ထိုမကောင်းမှုကံမှ။ န မုစ္စိဿံ၊ မလွတ်ခဲ့။
ကဿပေ၊ ကဿပမည်တော်မူသော။ ဇိနသာသနေ၊ မြတ်စွာဘုရား၏သာသနာတော်၌။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ အသေဝိဿံ၊ မှီဝဲပြီ (ဝါ) ကျင့်ခဲ့ပြီ။ တေန ကမ္မဝိပါကေန၊ ထိုကောင်းမှုကံအကျိုးကြောင့်။ တိဒသေ ပုရေ၊ တာဝတိံသာနတ်ပြည်၌။ အဇာယိံ၊ ဖြစ်ရပြီ။
ပစ္ဆိမေ၊ နောက်ဆုံးဖြစ်သော။ ဘဝေ၊ ဘဝသည်။ သမ္ပတ္တေ၊ ‌ရောက်လတ်သော်။ ဩပပါတိကာ၊ ကိုယ်ထင်ရှားဖြစ်သော ဥပပါတ်ပဋိသန္ဓေသည်။ အဟောသိံ၊ ဖြစ်ခဲ့ပြီ။ အမ္ဗသာခန္တရေ၊ သရက်ကိုင်း ကြား၌။ ဇာတာ၊ ဖြစ်ပြီ။ တေန၊ ထို့ကြောင့်။ အဟံ၊ ကို။ အမ္ဗပါလီတိ၊ အမ္ဗပါလီဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ပါဏကောဋီဟိ၊ တစ်ကုဋေလောက်ကုန်သော အဆွေခင်ပွန်းတို့ဖြင့်။ ပရိဝုတာ၊ ထက်ဝန်းကျင် ခြံရံလျက်။ ဇိနသာသနေ၊ မြတ်စွာဘုရား သာသနာတော်၌။ ပဗ္ဗဇိံ၊ ရဟန်းပြုပြီ။ အစလံ၊ မတုန်မလှုပ်သော။ ဌာနံ၊ နိဗ္ဗာန်အရပ်သို့။ အဟံ၊ သည်။ ပတ္တာ၊ ‌ရောက်သည်။ (ဟုတွာ)။ ဗုဒ္ဓဿ၊ ၏။ ဩရသာ၊ ရင်၌ဖြစ်သော။ ဓီတာ၊ သမီးသည်။ အဟောသိံ၊ ဖြစ်ပြီ။
မဟာမုနိ၊ မြတ်စွာဘုရား။ (အဟံ၊ သည်)။ ဣဒ္ဓီသု စ၊ တန်ခိုးအရာတို့၌လည်းကောင်း။ သောတဓာတုဝိသုဒ္ဓိယာ၊ စင်ကြယ်သော ဒိဗ္ဗသောတအဘိညာဉ်၌လည်းကောင်း။ ဝသီ၊ သည်။ ဟောမိ၊ ၏။ စေတောပရိယဉာဏဿ၊ ၌။ ဝသီ၊ သည်။ ဟောမိ၊ ၏။
(အဟံ)။ ပုဗ္ဗေနိဝါသံ၊ ကို။ ဇာနာမိ၊ သိ၏။ (မယာ)။ ဒိဗ္ဗစက္ခု၊ ကို။ ဝိသောဓိတံ၊ ပြီ။ (အဟံ)။ သဗ္ဗာသဝပရိက္ခီဏာ၊ သည်။ ဟောမိ။ ဣဒါနိ၊ ၌။ (မေ၊ အား)။ ပုနဗ္ဘဝေါ၊ သည်။ နတ္ထိ၊ မရှိတော့။
ဗုဒ္ဓသေဋ္ဌဿ၊ မြတ်စွာဘုရား၏။ ဝါဟသာ၊ အစွမ်းကြောင့်။ အတ္ထဓမ္မနိရုတ္တီသု၊ တို့၌လည်းကောင်း။ တထေဝ၊ ထို့အတူသာလျှင်။ ပဋိဘာနေ စ၊ ၌လည်းကောင်း။ မေ၊ အား။ ဉာဏံ၊ သည်။ ဝိမလံ၊ အညစ်အကြေးကင်းပြီ။ သုဒ္ဓံ၊ စင်ကြယ်ပြီ။
မယှံ၊ တပည့်တော်သည်။ ကိလေသာ၊ ကိလေသာတို့ကို။ စျာပိတာ၊ မဂ်ဉာဏ်ဖြင့် လောင်ကျွမ်းစေအပ်ကုန်ပြီ။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဘဝါ၊ ဘဝတို့ကို။ သမူဟတာ၊ ပယ်နုတ်အပ်ကုန်ပြီ။
နာဂီဝ၊ အနှောင်အဖွဲ့ကိုဖြတ်တောက် ရုန်းထွက်သွားသော ဆင်မကြီးကဲ့သို့။ အဟံ၊ သည်။ ဗန္ဓနံ၊ ကိလေသာအနှောင်အဖွဲ့ကို။ ဆေတွာ၊ အကြွင်းမဲ့ဖြတ်၍။ အနာသဝါ၊ သည်။ (ဟုတွာ)။ ဝိဟရာမိ၊ ချမ်းချမ်းသာသာ နေရပါ၏။
ဗုဒ္ဓသေဋ္ဌဿ၊ မြတ်သော မြတ်စွာဘုရား၏။ သန္တိကေ၊ အထံတော်၌။ မေ၊ တပည့်တော်အား။ ဝတ၊ စင်စစ်။ သွာဂတံ၊ ကောင်းသောလာခြင်းသည်။ အာသိ၊ ဖြစ်ခဲ့ပြီ။
တိဿော၊ သုံးပါးကုန်သော။ ဝိဇ္ဇာ၊ ပု ဒိ အာ ဟူသော ဝိဇ္ဇာတို့သို့။ အနုပ္ပတ္တာ၊ အစဥ်ရောက်အပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသန့၊ အဆုံးအမတော်ကို။ ကတံ၊ လိုက်နာပြုကျင့်ခဲ့ပြီ။
(မယာ၊ တပည့်တော်သည်)။ စတဿော၊ လေးပါးကုန်သော။ ပဋိသမ္ဘိဒါ၊ ပဋိသမ္ဘိဒါတိုကိုလည်းကောင်း။ အဋ္ဌ၊ ရှစ်ပါးကုန်သော။ ဣမေ ဝိမောက္ခာပိ စ၊ ဤဝိမောက္ခတို့ကိုလည်းကောင်း။
ဆဠဘိညာ၊ ‌ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း။ သစ္ဆိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ ၏။ သာာသနံ၊ ကို။ ကတံ၊ ပြီ။
ပန၊ ဆက်ဦးအံ့။ (ထေရီ၊ သည်)။ အရဟတ္တံ၊ သို့။ ပတွာ၊ ‌ရောက်ပြီး၍။ အတ္တနော၊ ၏။ ပဋိပတ္တိံ၊ ကို။ ပစ္စဝေက္ခိတွာ၊ ၍။ ဥဒါနဝသေန၊ ဖြင့်။ တာ ဧဝ ဂါထာ၊ ထိုဂါထာတို့ကိုပင်။ ပစ္စုဒါဟာသိ၊ တဖန်ရွတ်ဆို ဟောကြားတော်မူပြီ။
အမ္ဗပါလီထေရီဂါထာဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊ ပြီ။