ပန၊ ထိုမှတပါး။
ကရုဏံ၊ ကရုဏာဗြဟ္မဝိဟာရကို။
ဘာဝေတု ကာမေန၊ ပွါးစေလိုသော ယောဂီသည်။
နိက္ကရုဏာယ၊ ကရုဏာမဲ့သည်၏အဖြစ်ဟူသော ညဥ်းဆဲခြင်း၌။
အာဒီနဝံ၊ ကို၎င်း။
ကရုဏာယ၊ ၏။
အာနိသံသဉ္စ၊ ကို၎င်း။
ပစ္စဝေက္ခိတွာ၊ ၍။
ကရုဏာဘာဝနာ၊ ကို။
အာရဘိတဗ္ဗာ၊ ၏
အကြင်သသူ အမူရုန့်ရင်း သနားကင်းသား ကိုယ်ချင်းမစာ ကရုဏာရှားပါး လူစော်ကားသည် အခြားသတ္တဝါတို့ကို ဇီဝိတိန္ဒြေမှ ချခြင်းဖြင့်၎င်း အင်္ဂါကြီးငယ်ကို ဖြတ်ခြင်းဖြင့်၎င်း ဥစ္စာဆုံးရှုံးစေခြင်းဖြင့်၎င်း ညှဥ်းဆဲ၏ ၊ လာဘ်မရစေခြင်းငှါ၎င်း နေရာမရစေခြင်းငှာ၎င်း အကျိုးစီးပွါး ပျက်စီးစေခြင်းငှါ၎င်း ခြွေရံကျော်စော ရွေ့လျောက်ပျက်ပြားစေခြင်းငှါ၎င်း လုံ့လပြုသဖြင့် ညှဥ်းဆဲနှိပ်စက်၏ ။ အယုတ်သဖြင့် အကြင်အကြင်အပြစ်ကို ပရိသတ်အား ဖော်ပြသဖြင့်လည်း ညှဥ်းဆဲနှိပ်စက်၏ ။ ထိုသို့ ကောဓူပနာဟ မာနဣဿာမိစ္ဆာဝိတက် ပေါင်းဖက်ဖော်ပြု မသာဓုသသူ၏ ယခင်ဆိုအပ်ပြီးသော ညှဥ်းဆဲနှိပ်စက်ခြင်း ပမာဒဝိဟာရသည် မျက်မှောက်ကိုယ်၏အဖြစ်၌ပင် လာဘ်မရခြင်းငှါလည်းဖြစ်၏ ၊ ရပြီးသော လာဘ်ကုန်ခန်းပျက်စီးခြင်းငှါလည်းဖြစ်၏ ၊ သူတပါးကို စော်ကားနိုင်ထက်နှိပ်စက်ခြင်းဟူသော အကြောင်းကြောင့်မကောင်းသတင်းလည်းပေါက်၏ ။ ထိုသို့လွန်ကျူးသူတထူးကို ရှူးရှူးရှားရှား စော်ကားရိုင်းပြ ပမာမခန့် ပြုတတ်သသူလူညစ်သည် မနှစ်သက်သူ ရန်သူများသဖြင့် သွားလေရာရာ ရွှံရှာကြောက်ထိတ်၍ ပရိသတ်အပြင် မင်္ကုဘူတ မလှမသာသော မျက်နှာဖြင့်သာကပ်ရ၏။ တွေတွေဝေဝေ သေလွန်ရ၏ ။ ကာယဘေဒါ ကိုယ်ခန္ဓာပျက်သည်မှ နောက်မှာ ဒုဂ္ဂတိကိုသာ လိုအပ်၏ ။ သုဂတိဘဝ၌ မနုဿစင်စစ် ဖြစ်ပါငြားလည်း ဒွန်းစဏ္ဍားငါးမျိုး၌သာကြိုက်လျက် ပန်းမှိုက်သွန်စသော အမှုဖြင့် နီစကုလိက ဒုဇ္ဇစ္စသာဖြစ်ရ၏ ။ မွေးသည့်အမိမှသော်လည်း မရှုသာ ရုပ်ဝါရူပ မလှသည်သာ ဖြစ်ရ၏။ အထွေထွေရောဂါထူ၍ တညည်းညူညူ မချမ်းမသာ အနာကြီးသည်ဖြစ်ရ၏ ။ အစားအဝတ်မျှမကုံင၍ ဒုဂ္ဂတသာဖြစ်ရ၏ ။ အသက်တိုစွာ အပ္ပါယုကသာ ဖြစ်ရ၏။ ဤသို့စသော များစွာသော အနတ္ထ အစဥ်လိုက်သည်၏အဖြစ်ကို ညှဥ်းဆဲကလူမူခြင်း၌ အပြစ်ဟု အဖန်တလဲလဲ ရှုဆင်ခြင်အပ်၏ ။ ထို၏ ပဋိပက္ခအားဖြင့် ကရုဏာ၌ အာနိသင်ကိုဆင်ခြင်အပ်၏ ။ ထိုသို့ အပြစ်အကျိုးကို ဆင်ခြင်ခြင်း ပုဗ္ဗကြိယာကို ပြုသင့်သောကြောင့် နိက္ကရုဏတာယ အာဒီနဝံ ကရုဏာယ စ အာနိသံသံ ပစ္စဝေက္ခိတွာ-ဟူသတည်း။ (ပြည်)။
ပန၊ ဆက်။
တဉ္စ-ကရုဏံ၊ ထိုကရုဏာဗြဟ္မဝိဟာရကိုလည်း။
အာရဘန္တေန၊ အားထုတ်သော ယောဂါဝစရသည်။
ပဌမံ၊ စွာ။
ပိယပုဂ္ဂလာဒီသု၊ တို့၌။
န အာရဘိတဗ္ဗာ၊ အပ်။
ဟိ-သစ္စံ၊ ၏။
ဝါ၊
ဟိ။ အပြစ်ကိုဆိုအံ့။
ဝါ၊
ဟိ-ယသ္မာ။ ကြောင့်။
ပိယော၊ ပိယပုဂ္ဂိုလ်သည်။
ပိယဋ္ဌာနေယေဝ၊ ၌သာလျှင်။
တိဋ္ဌတိ၊ ၏။
အတိပ္ပိယသဟာယကော၊ ပုဂ္ဂိုလ်သည်။
အတိပ္ပိယသဟာယကဋ္ဌာနေယေဝ၊ ၌သာလျှင်။
တိဋ္ဌတိ၊ ၏။
မဇ္ဈတ္တော၊ ပုဂ္ဂိုလ်သည်။
မဇ္ဈတ္တဋ္ဌာနေယေဝ၊ ၌သာလျှင်။
တိဋ္ဌတိ၊ ၏။
အပ္ပိယော၊ သည်။
အပ္ပိယဋ္ဌာနေယေဝ၊ ၌သာလျှင်။
တိဋ္ဌတိ၊ ၏။
ဝေရီ၊ သည်။
ဝေရိဋ္ဌာနေယေဝ၊ ၌သာလျှင်။
တိဋ္ဌတိ၊ ၏။
လိင်္ဂဝိသဘာဂကာလင်္ကတာ၊ လိင်္ဂဝိသဘာပုဂ္ဂိုလ်သည်, ကာလင်္ကတပုဂ္ဂိုလ်တို့သည်။
အခေတ္တမေဝ၊ ခေတ်မဟုတ်သည်သာလျှင်။
ဟောတိ၊ ၏။
(တသ္မာ၊ ကြောင့်။
ပိယပုဂ္ဂလာဒီသု၊ ပိယပုဂ္ဂလစသည်တို့၌။
ပဌမံ၊ စွာ။
န အာရိဘိတဗ္ဗာ၊ အားမထုတ်အပ်။)
ပန၊ လက်ဦး အားထုတ်သင့်သည်ကိုဆိုအံ့။
ဘိက္ခု၊ သည်။
ကထဉ္စ၊ အဘယ်သို့သော အခြင်းအရာအားဖြင့်ကား။
ကရုဏာသဟဂတေန၊ သော။
စေတသာ၊ ဖြင့်။
ဧကံ ဒိသံ၊ ကို။
ဖရိတွာ၊ ၍။
ဝိဟရတိ၊ နည်း။
သေယျထာပိ နာမ၊ မည်သည်ကား။
ဒုဂ္ဂတံ-ဒလိဒ္ဒံ၊ စည်းစိမ်ပျက်စီး၍ ဥစ္စာမဲ့မွဲဆင်းရဲစွာသော။
ဝါ၊ ဒုက္ခနှင့်တကွ မကင်း ရောယှက်လူးလည်းခြင်းရှိသော သူ၏အဖြစ်သို့ရောက်သော။
ဒုရူပေတံ၊ ကာယဒုစရိုက်စသည်တို့နှင့် တကွ ပြည့်စုံထသော။
(တနည်း) ဒုဂ္ဂတံ၊ ဂတိ, ကုလ, ရူပစသည်တို့၏ အစွမ်းဖြင့် တမဘာဝ၌ တည်သည်ဖြစ်၍ ဒုဂ္ဂတမည်သော။
ဒုရူပေတံ၊ ကာယဒုစရိုက်စသည်တို့နှင့်ပြည့်စုံသည်၏အဖြစ်ကြောင့် တမပရာယဏဘာဝ၌ တည်သည်ဖြစ်၍ ဒုရူပေတမည်သော။
ဧကံ၊ သော။
ပုဂ္ဂလံ၊ ကို။
ဒိသွာ၊ မြင်၍။
ကရုဏာယေယျ ယထာ၊ ကရုဏာဖြစ်ရာသကဲ့သို့။
[၃၀၈] ဧဝမေဝ၊ တူလျှင်။
သဗ္ဗသတ္တေ၊ တို့ကို။
ကရုဏာယ၊ ဖြင့်။
ဖရတိ၊ ၏။
ဣတိ၊ သို့။
ဝိဘင်္ဂေ၊ ၌။
ဝုတ္တတ္တာ၊ ကြောင့်။
သဗ္ဗပဌမံ၊ အလုံးစုံတို့၏ရှေးဦးစွာ။
တာဝ၊ အစဥ်သင့်။
ကဉ္စိဒေဝ၊ တစုံတယောက်သာလျှင်ဖြစ်သော။
ကရုဏာယိတဗ္ဗံ၊ ကရုဏာဖြစ်သင့်သော။
ဝိရူပံ၊ ဖောက်ပြန်သော ရုပ်ဆင်းရှိသော။
ပရမကိစ္ဆပ္ပတ္တံ၊ အလွန်လျှင်ဆင်းရဲငြိုငြင်ခြင်းသို့ရောက်သော။
(ကြီးစွာပျက်စီးခြင်းဖြင့် စုန်းစုန်းနစ်သောဟူလို)
ဒုဂ္ဂတံ၊ သော။
ဒုရူပေတံ၊ သော။
ဆိန္နာဟာရံ၊ ပြတ်သောအာဟာရရှိသော။
ကပလ္လံ၊ ဖုံးစားခွက်ကို။
ဝါ၊ အိုးခြမ်းစားခွက်ကို။
ပုရတော၊ ရှေ့၌။
ဌပေတွာ၊ ၍။
အနာထသာလာယ၊ ကိုးကွယ်ရာမရှိသော စရပ်၌။
နိသိန္နံ၊ နေလျက်။
ကပဏပုရိသံ၊ အထီးကျန်သောယောကျာ်းကို။
ဟတ္ထပါဒေဟိ၊ မှ။
ဂဂ္ဃရန္တကိမိဂဏံ၊ ယိုထွက်သော ပိုးလောက်အပေါင်းပြည့်၍။
အဋ္ဋဿရံ၊ ကျင်နာပင်ပန်းသောအသံကို။
ကရောန္တံ၊ ပြုသည်ကို။
ဝါ၊ ပြုသော။
ကပဏပုရိသံ၊ ကို။
ဒိသွာ၊ ၍။
အယံ သတ္တော၊ ဤသတ္တဝါသည်။
ကိစ္ဆံ၊ အလွန်ငြိုငြင်ဆင်းရဲပင်ပန်းခြင်းသို့။
အာပန္နော ဝတ၊ ဪ ရောက်ခဲ့ပြီတကား။
ဣမမှာ ဒုက္ခာ၊ ဤဆင်းရဲမှ။
မုစ္စေယျ၊ လွတ်ပါငြားအံ့။
ဝါ၊ လွတ်ပါမူကား။
အပ္ပေဝ နာမ သာဓု ဝတ၊ ဪ ကောင်းလေစွ။
ဣတိ၊ သို့။
ကရုဏာ၊ ကို။
ပဝတ္တေတဗ္ဗာ၊ ၏
အပ္ပေဝ နာမာတိသာဓု ဝတ-ဟု ဋီကာဖွင့်သည်။ အပ္ပေဝ-ကို အပိ ဧဝဖြတ်။ ဣ-ကို ယ-ပြု၍ ယဝတံသုတ်၌ ကာရ-သဒ္ဒါဖြင့်စီရင်။ (ပြည်)။
တံ၊ ထိုသို့သော ပုဂ္ဂိုလ်ကို။
အလဘန္တေန၊ မရသောယောဂီသည်။
သုခိတောပိ၊ ပြည့်စုံသော သုခရှိပါလျက်လည်း။
ပါပကာရီပုဂ္ဂလော၊ မကောင်းမှုကိုပြုသော သတ္တဝါကို။
ဝဇ္ဈေန၊ သတ်အပ်လတံ့သောသူနှင့်။
ဝါ၊ အသတ်ခံရမည့်သူနှင့်။
ဥပမေတွာ၊ နှိုင်းရှည့်၍။
ကရုဏာယိတဗ္ဗော၊ ၏။
ကထံ၊ သို့။
(ကရုဏာယိတဗ္ဗော၊ ကား။)
သေယျထာပိ၊ ကား။
သဟဘဏ္ဍေန၊ ခိုးထုတ်နှင့်တကွ။
ဂဟိတစောရံ၊ ဖမ်းမိသော ခိုးသူကို။
(နေန္တိ-၌စပ်) နံ စောရံ၊ ကို။
ဝဓေထ၊ ကွပ်ကြလေကုန်။
ဣတိ၊ သို့။
(ပတိတာယ၊ စေခိုင်းသော။)
ရညော၊ ၏။
အာဏာယ၊ အာဏာတော်ဖြင့်။
ရာဇပုရိသာ၊ မင်း၏အာဏာသားတို့သည်။
ဗန္ဓိတွာ၊ တုပ်နှောင်၍။
စတုက္ကေ စတုက္ကေ၊ ခရီးလေးစုံ ခရီးလေးစုံတိုင်း။
ပဟာရသတာနိ၊ များစွာရိုက်ခတ်ခြင်းတို့ကို။
ဒေန္တာ၊ ပေးကုန်လျက်။
အာဃာတနံ၊ လူသုတ်သင်ရာ သုသာန်သို့။
ဝါ၊ ကွပ်ညှပ်ရာ စဥ်းတီးတုံးသို့။
နေန္တိ၊ ထုတ်ကုန်၏။
တဿ၊ ထိုထုတ်ယူသွားသော ခိုးသူအား။
မနုဿာ၊ သနားကျင်နာကရုဏာရှိသောသူတို့သည်။
ခါဒနီယမ္ပိ၊ ခဲဖွယ်ကို၎င်း။
ဘောဇနီယမ္ပိ၊ ကို၎င်း။
မာလာဂန္ဓဝိလေပနတမ္ဗုလာနိပိ၊ ပန်းနံ့သာ နံ့သာ ပျောင်း ကွမ်းတို့ကို၎င်း။
(ပိ-သဒ္ဒါဖြင့်ဆေးလိပ်လက်ဖက်စသည်တို့ကိုယူ)
ဒေန္တိ၊ ကမ်းကြကုန်၏။
သော၊ ထိုထုတ်ယူသွားသော ခိုးသူသည်။
တာနိ၊ ထိုခဲဖွယ်ဘောဇဥ်စသည်တို့ကို။
ခါဒေန္တော စေဝ၊ ခဲရသည်ဖြစ်၍၎င်း။
ပရိဘုဉ္ဇန္တော စ၊ သုံးဆောင်ရသည်ဖြစ်၍၎င်း။
သုခိတော၊ ချမ်းသာရှိသကဲ့သို့။
ဘောဂသမပ္ပိတော ဝိယ၊ စည်းစိမ်ပြည့်စုံသကဲ့သို့။
ကိဉ္စာပိ ဂစ္ဆတိ၊ အကယ်၍ကား သွားရ၏။
အထ ခေါ၊ သော်ကား။
တံ၊ ထိုသုသာန်သို့ ရှေးရှူဆောင်ယူအပ်သော ခိုးသူကို။
ကောစိ၊ တစုံတယောက်သသူသည်။
အယံ၊ ဤသူကား။
သုခိတော ဝတ၊ ချမ်းသာစွတကား။
မဟာဘောဂေါ ဝတ၊ များသော အသုံးအဆောင်ရှိပေစွတကား
သျာမူ၌ 'သုခိတောတော' ယံဟု ရှိ၏ ။ (ဆ-သံ-သော)။
ဣတိ၊ သို့။
နေဝ မညတိ၊ မအောက်မေ့သည်သာတည်း။
အညဒတ္ထု၊ စင်စစ်သော်ကား။
(ဇနော ကရုဏာယ-တို့၌စပ်)
အယံ ဝရာကော၊ ဤအကောင်ဟုတ်သည်။
ဝါ၊ ဤခိုကိုးရာမဲ့သူသည်။
ဝါ၊ ဤကံနည်းသည်။ဤအနက် ၃ခုတို့တွင် ပဌမအနက်သည် မနုဿတရာကောတိ မနုဿလာမကော (သံ ဋ္ဌ ၁-၃၁၉) ကိုမှီသည်။ ဒုတိယသည် ဝရာကိယာတိ ကပဏာယ (ဇာ ဋ္ဌ ၄-၂၈၅) ကို မှီသည်။ တတိယသည် ထိုအနက် ၂-မျိုးလုံးနှင့် လျော်သော မြန်မာဝေါဟာရဖြစ်သည်။ ပြည်နူနိဿယဟောင်း၌ကား အောက်ပါအတိုင်းအနက်ပြန်၍ ဝစနတ္ထစသည်ကိုလည်း ပြဆိုထားပေ၏ ။
အယံ၊ ဤသူသည်။ ဝရာကော၊ တောင့်တအပ်၏ ၊ “တောင့်တခြင်းကိုထိုက်၏”။ ။ (သနားကျင်နာအပ်သည်၊ သနားကျင်နာခြင်းကို ထိုက်သည်ဟူလို။ ။ အဘယ်ကြောင့်နည်းဟု၊ ကား။ ဣဒါနိ မရိဿတိ-စသည်ကိုမိန့်သော်။ ။ ဝရံ ပတ္ထနံ အရဟတီတိ ဝရကောဟူလိုလျက် ဒီဃပြု၍ ဝရာကော-ဟူသည်။ ယခုပင် ဒုက္ခရောက်လတ္တံ့ရကား ထိုဒုက္ခမှလွတ်စေခြင်းငှါ သူတပါးတို့၏တောင့်တခြင်းကို ထိုက်သည်ဟူလို) (တနည်း) အယံ ဝရာကော၊ သူတပါးတို့ ပေးကမ်းသော ခဲဖွယ်ဘောဇဥ်စသော ဆုလာဘ်ကို ခံစားသော ဤသူသည်။ (တနည်း) အယဲ၊ သည်။ ဝရာကော၊ သုံးဆောင်ခံစားရငြားလည်း။ ။ (ဝရံ ဒိန္နံ ဝုတ္တနီယံ လာဘံ ပရိဘုဉ္ဇတီတိ ဝရကော-ဟုပြု။ ဤကား ဂဏ္ဌိလာသည်။ ။ နိဿယည်း၌ကား အယံ၊ သည်။ ဝဓဂတော၊ သတ်ရာ သင်းချိုင်းသို့ ရောက်သည်ဖြစ်၍ ဟု လာ၏ ။) (ပြည်) ဣဒါနိ၊ ယခုပင်လျှင်။ မရိဿတိ၊ လတံ့။ ဟိ-သစ္စံ၊ ၏။ အယံ၊ ဤသူသည်။ ယံ ယဒေဝ ပဒံ၊ အကြင်အကြင်ခြေကိုလျှင်။ နိက္ခိပတိ၊ ချလှမ်း၏။ တေန တေန၊ ထိုထိုခြေလှမ်းဖြင့်။ မရဏဿ၊ သေခြင်း၏။ သန္တိကေ၊ အနီး၌သာလျှင်။ ဟောတိ၊ ၏။ ဣတိ၊ သို့။ တံ၊ ထိုသူခိုးကို။ ဇနော၊ လူအပေါင်းသည်။ ကရုဏာယတိ ယထာ၊ သနားသကဲ့သို့။
အယံ၊ ဤသူသည်။ ဝရာကော၊ တောင့်တအပ်၏ ၊ “တောင့်တခြင်းကိုထိုက်၏”။ ။ (သနားကျင်နာအပ်သည်၊ သနားကျင်နာခြင်းကို ထိုက်သည်ဟူလို။ ။ အဘယ်ကြောင့်နည်းဟု၊ ကား။ ဣဒါနိ မရိဿတိ-စသည်ကိုမိန့်သော်။ ။ ဝရံ ပတ္ထနံ အရဟတီတိ ဝရကောဟူလိုလျက် ဒီဃပြု၍ ဝရာကော-ဟူသည်။ ယခုပင် ဒုက္ခရောက်လတ္တံ့ရကား ထိုဒုက္ခမှလွတ်စေခြင်းငှါ သူတပါးတို့၏တောင့်တခြင်းကို ထိုက်သည်ဟူလို) (တနည်း) အယံ ဝရာကော၊ သူတပါးတို့ ပေးကမ်းသော ခဲဖွယ်ဘောဇဥ်စသော ဆုလာဘ်ကို ခံစားသော ဤသူသည်။ (တနည်း) အယဲ၊ သည်။ ဝရာကော၊ သုံးဆောင်ခံစားရငြားလည်း။ ။ (ဝရံ ဒိန္နံ ဝုတ္တနီယံ လာဘံ ပရိဘုဉ္ဇတီတိ ဝရကော-ဟုပြု။ ဤကား ဂဏ္ဌိလာသည်။ ။ နိဿယည်း၌ကား အယံ၊ သည်။ ဝဓဂတော၊ သတ်ရာ သင်းချိုင်းသို့ ရောက်သည်ဖြစ်၍ ဟု လာ၏ ။) (ပြည်) ဣဒါနိ၊ ယခုပင်လျှင်။ မရိဿတိ၊ လတံ့။ ဟိ-သစ္စံ၊ ၏။ အယံ၊ ဤသူသည်။ ယံ ယဒေဝ ပဒံ၊ အကြင်အကြင်ခြေကိုလျှင်။ နိက္ခိပတိ၊ ချလှမ်း၏။ တေန တေန၊ ထိုထိုခြေလှမ်းဖြင့်။ မရဏဿ၊ သေခြင်း၏။ သန္တိကေ၊ အနီး၌သာလျှင်။ ဟောတိ၊ ၏။ ဣတိ၊ သို့။ တံ၊ ထိုသူခိုးကို။ ဇနော၊ လူအပေါင်းသည်။ ကရုဏာယတိ ယထာ၊ သနားသကဲ့သို့။
ဧဝမေဝ၊ တူလျှင်။
ကရုဏာကမ္မဋ္ဌာနိကေန၊ ကရုဏာကမ္မဋ္ဌာန်းစီးဖြန်းသော။
ဘိက္ခုနာ၊ သည်။
သုခိတောပိ၊ ဖြစ်သောချမ်းသာရှိသော်လည်း။
(ပါပကာရီ၊ သော။)
ပုဂ္ဂလော၊ ကို။
ဧဝံ၊ သည်။
ကရုဏာယိတဗ္ဗော၊ ကရုဏာကိုဖြစ်စေအပ်၏။
အယံ ဝရာကော၊ သည်။
ဣဒါနိ၊ ယခုဘဝမူကား။
သုခိတော၊ ချမ်းသာရောက်သည်ဖြစ်၍။
သုသဇ္ဇိတော၊ သုခကိုခံစားခြင်း၌ ကောင်းစွာ ဖွဲ့အပ်သည်ဖြစ်၍
မဟာဋီကာအဖွင့်နှင့် အညီ ပြထားသော အနက်ဖြစ်သည်။ သဇ္ဇိတောတိ သဗ္ဗုပကရဏသမ္ပန္နော မဏ္ဍိတပသာဓိတော ဝါ (ဝိ ဋ္ဌ ၂-၁၄၀) နှင့်အညီ သုသဇ္ဇိတော၊ (အလုံးစုံသော အသုံးအဆောင် စည်းစိမ်ဥစ္စာနှင့်) ကောင်းစွာ ပြည့်စုံသည်ဖြစ်၍၊ ဝါ၊ ကောင်းစွာ ဝတ်စားဆင်ယင် အလှအပ ပြုပြင်စီရင်အပ်သည်ဖြစ်၍-ဟု ဤသို့လည်း ပြန်သင့်သေး၏ ။ (ဆ-သံ-သော)။
ဘောဂေ၊ စည်းစိမ်တို့ကို။
ကိဉ္စာပိ ပရိဘုဉ္ဇတိ၊ အကယ်၍ကား သုံးဆောင်ရ၏။
အထ ခေါ၊ သော်လည်း။
တီသု ဒွါရေသု၊ တို့တွင်။
ဧကေနာပိ၊ တခုသော ဒွါရဖြင့်သော်လည်း။
ကတဿ၊ သော။
ကလျာဏကမ္မဿ၊ ကောင်းမှုကံ၏။
အဘာဝါ၊ ကြောင့်။
ဣဒါနိ၊ ယခုပင်လျှင်။
အပါယေသု၊ တို့၌။
အနပ္ပကံ၊ များစွာသော။
ဒုက္ခံ၊ ကာယိကဒုက္ခံကို။
ဒေါမနဿံ၊ စေတသိကဒုက္ခကို။
ပဋိသံဝေဒိဿတိ၊ ခံစားရှာရလတံ့။
ဣတိ၊ သို့။
ကရုဏာယိတဗ္ဗော၊ ၏။
ဧဝံ၊ သို့။
တံ ပုဂ္ဂလံ၊ ထိုသုခိတပါပကာရီပုဂ္ဂိုလ်ကို။
ကရုဏာယိတွာ၊ ကရုဏာပြုဦး၍။
တတော ပရံ၊ ထိုမှနောက်၌။
ဧတေနေတ နယေန၊ ဤဆိုအပ်ပြီးသော အစီအရင်နည်းဖြင့်ပင်လျှင်
ယခုလက်ရှိ ဝိသုဒ္ဓိမဂ်နှင့် ဋီကာစာအူပ်တို့၌ကား ဧတေနေဝ ဥပါယေန-ဟုရှိ၏ ။ သီဟိုဠ်မူဋီကာ၌လည်း ဧတေနေဝ ဥပါယေနာတိ ယေန ယေန ဝိခိနာ။ ပ။ ဥပ္ပါဒိတာ၊ ဧတေနေဝ နယေန-ဟူ၍ပင် ရှိ၏။ ဤအရာသည် ဥပါယ၏ အရာမဟုတ်သောကြောင့် ဧတေနေဝ နယေနဟုရှိသော နိဿယပါဌ်က ယုတ္တတရ ကဲ့သို့ ထင်ပေ၏ ။ သို့သော် ဝိသုဒ္ဓိမဂ်၌ ဥပါယေန-ဟုရှိသောကြောင့် ၎င်းကို နယေန-ဟု ဋီကာ ဖွင့်သည်ဟူ၍လည်း ယူဖွယ်ရှိသေး၏ ။ (ဆ-သံ-သော)။
ပိယပုဂ္ဂလေ၊ ချစ်နှစ်လိုအပ်သော ပုဂ္ဂိုလ်၌။
(ဧတရဟိ ဝါ၊ ယခုမျက်မြင်ဘဝ၌မူလည်း။
ဒိဿမာနံ၊ ထင်မြင်သော။
အာယတိံ တါ၊ နောက်တမလွန် ဘဝ၌မူလည်း။
ဘာဝိနိံ၊ မချွတ်စင်စစ်ဖြစ်လတံ့သော။
ဒုက္ခုပ္ပတ္တိံ၊ ဒုက္ခဖြစ်ခြင်းကို။
ဂဟေတွာ၊ ၍။
ကရုဏာ၊ ကို။
ပဝတ္တေတဗ္ဗာ၊ ၏
ဋီကာနှင့် အညီဆောင်၍ သမ္ဗန်သော ပုဒ်များဖြစ်သည်။ (ဆ-သံ-သော)။)
တတော ပရံ၊ ထိုမှနောက်၌။
မဇ္ဈတ္တေ၊ ၌။
တတော ပရံ၊ ၌။
ဝေရိမှိ၊ ၌။
ဣတိ၊ သို့။
အနုက္ကမေန၊ ဖြင့်။
ကရုဏာ၊ ကို။
ပဝတ္တေတဗ္ဗာ၊ ၏
ပရမကိစ္ဆာပန္နဒုဂ္ဂတဒုရူပေတပုဂ္ဂိုလ်, သုခိတဖြစ်သော်လည်း ပါပကာရီပုဂ္ဂိုလ် ဤသို့ နှစ်ပါးပြားသော ကရုဏာ၏ တတ္ထုဖြစ်သော ပုဂ္ဂိုလ်ကို ဆိုပြီးမဟုတ်လော၊ ထိုနှစ်ယောက်တို့၌လည်း ကရုဏာဘာဝနာလွယ်သဖြင့်သာ ပြည်စုံပြီမဟုတ်လော၊ ထိုသို့လျက် အဘယ်မှာ ပိယပုဂ္ဂလေ-စသည်ကို ဆိုပြန်သနည်း? ယော ဟိ သော ကရုဏာယ ဝတ္ထုဘူတော။ ပ။ တတော ဝေရိပုဂ္ဂလေ ကရုဏာ ဘာဝေတဗ္ဗာ (ဋီ၊ ၁၊ ၃၇၁)။ ပွါးစေသော်လည်း တို့ကာနှင့်မရ နည်းကျစေဟု “ဘာဝန္တေန စ ကောဋ္ဌာသေ မုဒုံ ကမ္မနိယံ စိတ္တံ ကတွာ တဒနန္တရေ တဒနန္တရေ ဥပသံဟရိတဗ္ဗံ” ဟူသည်။ အကြင်သူဝယ် ဝေရီမရှိ၊ အကြင်သူသည်လည်း ရှိလျက်မမှတ်သား။ ထိုနှစ်ပါးသည် အထူးအသို့ကျင့်ရအံ့နည်း? ယဿ ပန ဝေရိပုဂ္ဂလော ဝါ နတ္ထိ။ ပ။ ဗျာပါရောဝ န ကာတဗ္ဗော။ ကြောင့်ကြမစိုက်ရသဖြင့် သစေပန-စသည်ကို ဆိုဖွယ်မရှိပြီတကား? ယဿ ပန အတ္ထိ၊ တံ သန္ဓာယာဟ “ သစေ ပနာ” တိအာဒိ။ (ဋီ ၁၊၃၇၂) (ပြည်) ။။
ပန၊ ဆက်။
အဿ၊ ထိုကရုဏာကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီအား။
ပုဗ္ဗေ ဝုတ္တနယေနေဝ၊ ဖြင့်သာလျှင်။
ဝေရိမှိ၊ ၌။
ပဋိဃံ၊ သည်။
သစေ ဥပ္ပဇ္ဇတိ၊ အံ့။
အထ၊ ထိုသို့ဖြစ်လတ်သော်။
တံ ပဋိဃံ၊ ကို။
မေတ္တာယ၊ ၌။
ဝုတ္တနယေနေဝ၊ ဖြင့်သာလျှင်။
ဝူပသမေတဗ္ဗံ၊ ၏။
ယောပိ၊ အကြင်သူသည်လည်း။
ကတကုသလော၊ ပြုအပ်ပြီးသော ကောင်းမှုရှိသည်။
ဟောတိ၊ ၏။
တမ္ပိ၊ ထိုကောင်းမှုရှိသသူကိုလည်း။
ဉာတိရောဂဘောဂဗျသနာဒီနံ၊ ဆွေမျိုး၏ပျက်စီးခြင်း, ရောဂါသာလျှင်ဖြစ်သော ဖျက်ဆီးတတ်သောတရား, စည်းစိမ်ဥစ္စာ၏ပျက်စီးခြင်းစသည်တို့တွင်။
အညတရေန၊ တပါးပါးသော။
ဗျသနေန၊ ပျက်စီးခြင်း ဖျက်ဆီးတတ်သော ဗျသနနှင့်။
သမန္နာဂတံ၊ ပြည့်စုံသည်ကို။
ဒိသွာ ဝါ၊ မြင်၍၎င်း။
သုတွာ ဝါ၊ ကြား၍၎င်း။
တေသံ ဗျသနာနံ၊ တို့၏။
အဘာဝေပိ၊ မရှိသည်ပင်ဖြစ်သော်လည်း။
ဝဋ္ဋဒုက္ခံ၊ သံသရာဝဋ်ဆင်းရဲကို။
မနတိက္ကန္တတ္တာ၊ မလွန်နိုင်သည်၏အဖြစ်ကြောင့်။
အယံ၊ သည်။
ဒုက္ခိတောဝ၊ ဆင်းရဲရောက်သောသူပင်တည်း။
(ဣမမှာ ဒုက္ခာ၊ မှ။
မုစ္စေယျ၊ လွတ်ပါမူကား။
အပ္ပေဝ နာမ၊ ဪကောင်းလေစွ။)
ဣတိ၊ သို့။
(ကရုဏာ၊ ကို။
ပဝတ္တေတဗ္ဗာ၊ ၏။)
ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။
သဗ္ဗထာပိ၊ ခပ်သိမ်းသော အပြားအားဖြင့်လည်း။
(တသ္မိံ တသ္မိံ ပုဂ္ဂလေ၊ ထိုဒုဂ္ဂတဒုရူပေတစသော ထိုထိုပုဂ္ဂိုလ်၌။)
ကရုဏာယိတွာ-ကရုဏံ ကတွာ၊ ၍။
ဝါ၊
ကရုဏာယိတွာ-ကရုဏံ ပဝတ္တယိတွာ။ ၍။
ဝုတ္တနယေနေဝ၊ ဖြင့်သာလျှင်။
အတ္တနိ၊ ၌၎င်း။
ပိယပုဂ္ဂလေ၊ ၌၎င်း။
မဇ္ဈတ္တေ၊ ၌၎င်း။
ဝေရိမှိ၊ ၌၎င်း။
ဣတိ၊ သို့။
စတူသု ဇနေသု၊ လေးဦးသောသူတို့၌။
သီမာသမ္ဘေဒံ၊ အပိုင်းအခြားပျက်ခြင်းကို။
[၃၀၉] ကတွာ၊ ၍။
တံ နိမိတ္တံ၊ ထို(သို့သီမာသမ္ဘေဒတို့၏ အစွမ်းဖြင့်ဖြစ်သော) သမထနိမိတ်ကို။
အာသေဝန္တေန၊ ရိုသေစွာ မှီဝဲသည်ဖြစ်၍။
ဘာဝေန္တေန၊ ပွါးစေသည်ဖြစ်၍။
ဗဟုလီကရောန္တေန၊ ကြိမ်ဖန်များစွာ ပြုသည်ဖြစ်၍။
မေတ္တာယ၊ ၌။
ဝုတ္တနယေနေဝ၊ ဖြင့်သာလျှင်။
တိကစတုက္ကဇ္ဈာနဝသေန၊ ဖြင့်။
အပ္ပနာ၊ ကို။
တဍ္ဎေတဗ္ဗာ၊ ပွါးစေအပ်၏။
ပန၊ အယူထူးကိုဆိုအံ့။
အင်္ဂုတ္တရဋ္ဌကထာယံ၊ ၌။
ပဌမံ၊ စွာ။
ဝေရိပုဂ္ဂလော၊ ဝေရီပုဂ္ဂိုလ်၌။
ကရုဏာယိတဗ္ဗော၊ ကရုဏာဖြင့်ရောက်အပ်၏။
ဝါ၊ ကရုဏာ၏အာရုံပြုအပ်၏။
(ကရုဏာရမ္မဏကို ကရုဏာဟူသည်)
တသ္မိံ-ဝေရိပုဂ္ဂလေ၊ ၌။
စိတ္တံ၊ ကို။
မုဒုံ၊ နူးညံ့သည်ကို။
ကတွာ၊ ၍။
ဒုဂ္ဂတော၊ ဆင်းရဲသသူကို။
ကရုဏာယိတဗ္ဗော၊ ၏။
တတော၊ ထို့နောင်မှ။
ပိယပုဂ္ဂလော၊ ကို။
ကရုဏာယိတဗ္ဗော၊ ၏။
တတော၊ မှ။
အတ္တာ၊ ကို။
ကရုဏာယိတဗ္ဗော၊ ၏။
ဣတိ အယံ ကမော၊ ဤသို့သောအစဥ်ကို။
ဝုတ္တော၊ ၏။
သော-ကမော၊ သည်။
ဒုဂ္ဂတံ ဒုရူပေတန္တိ ပါဠိယာ၊ နှင့်။
န သမေတိ၊ မညီခဲ့။
တသ္မာ၊ ထိုသို့ ပါဠိနှင့်မညီညွတ်သည်၏အဖြစ်ကြောင့်။
ဝုတ္တနယေနေဝ၊ ဖြင့်သာလျှင်။
ဧတ္ထ၊ ဤကရုဏာဗြဟ္မဝိဟာရ၌။
ဘာဝနံ၊ ကို။
အာရဘိတွာ၊ ၍။
သီမာသမ္ဘေဒံ၊ ကို။
ကတွာ၊ ၍။
အပ္ပနာ၊ ကို။
ဝဍ္ဎေတဗ္ဗာ၊ ၏။
တတော၊ ထိုကရုဏာသဟဂတေန စေတသာ-ဟု ဟောအပ်ပြီးသော ဝိကုဗ္ဗနာမှ။
ပရံ၊ အထက်၌။
ပဉ္စဟာကာရေဟိ။ ပ။
ဒိသာဖရဏာတိ၊ ဒိသာဖရဏာဟူသော။
အယံ ဝိကုဗ္ဗနာ၊ ဤဝိကုဗ္ဗနာကို၎င်း။
သုခံ သုပတီတိအာဒယော၊ ကုန်သော။
အာနိသံသာ စ၊ တို့ကို၎င်း။
မေတ္တာယံ၊ ၌။
ဝုတ္တနယေနေဝ၊ ဖြင့်သာလျှင်။
ဝေဒိတဗ္ဗာ၊ ၏။
ဣတိ၊ ဤရွေ့အပြီးတည်း။
အယံ၊ ကား။
ကရုဏာဘာဝနာယ၊ ၌။
ဝိတ္ထာရကထာ၊ တည်း။