Issues
Select Version
Visuddhimaggo(Paṭhamo bhāgo)
Visuddhimaggo(Paṭhamo bhāgo)

Pakiṇṇakakathā

Author: prañña charāto-ပြည် ဆရာတော် @ IAPT

ဗြဟ္မုတ္တမေန၊ သုံးပါးသော ဗြဟ္မာတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားသည်။ ဝါ၊ မြတ်သော ဗြဟ္မာဖြစ်သော်မူသော ဘုရားမြတ်စွာသည် ဗြဟ္မနံ ဥတ္တမော ဗြဟ္မုတ္တမော။ ။ ရှေးပုဒ်အရကား - သမ္မုတိဗြဟ္မာ ဥပပတ္တိ ဗြဟ္မာ ဝိသုဒ္ဓိဗြဟ္မာ ဟူသော သုံးပါးသော ဗြဟ္မာသည် မုချရ၏၊ ထိုဗြဟ္မာတို့၏ ဘုရားတည်းဟူသော လွန်ကဲသော ဗြဟ္မာအဖြစ်နှင့် ဂုဏ်အားဖြင့် ဟီနဥက္ကံသ အဖြစ်ဖြင့် စပ်ခြင်းသမ္ဗန်သည် ဌာနူပစာရအားဖြင့်ရ၏ ။ နောက်ပုဒ်၏အရကား-ထိုဌာနူဖြင့် မှတ်အပ်သော ဘုရားတည်းဟူသော ဥတ္တရဗြဟ္မာရ၏။ တနည်းဗြဟ္မာသုံးပါးသော မုချ၊ ထိုသုံးပါးတို့၏ လွန်ခြင်းကြိယာနှင့် သာဓနသာဓေတဗ္ဗအဖြစ်ဖြင့် စပ်ခြင်းကြိယာကာရကသမ္ဗန်သည် ဌာနူပစာရအားဖြင့် ရ၏ ။ နောက်ပုဒ်အရကား နည်းတူ။ ။ ဗြဟ္မာ စသော ဥတ္တမော စာတိ ဗြဟ္မုတ္တမော၊ ရှေးပုဒ်အရကား - ဗြဟ္မာအဖြစ်တည်းဟူသော ဗြူဟိတဂုဏ်သည်မုချ၊ ထိုဂုဏ်၏ဘုရားနှင့် ဂုဏ်ဂုဏေ အဖြစ်ဖြင့် စပ်ခြင်းသမ္ဗန်သည် ဌာနူ။ နောက်ပုဒ်အရကား - ဥတ္တမဂုဏ်သည်မုချ၊ ထိုဂုဏ်၏ဘုရားနှင့် ဂုဏ်ဂုဏေအဖြစ်ဖြင့် စပ်ခြင်းသမ္ဗန်သည် ဌာနူရ၏။ သော- ဟူသော ပုဒ်အရကား ထိုမုချနှစ်ပါးဌာနူနှစ်ပါးတို့ဖြင့် မှတ်အပ်သော ဘုရားရ၏ ။ (ပြည်)။ ကထိတေ၊ ဝေနေယျတို့အား ဟောတော်မူအပ်ကုန်သော။ ဣမေဗြဟ္မဝိဟာရေ၊ ဤလေးပါးသော ဗြဟ္မာတိဟာရတို့ကို။ ဣတိ ဧဝံ ယထာဝုတ္တကမေန၊ ဤသို့အကြင်အကြင်ဆိုအပ်ပြီးသော ဘာဝနာနုက္ကမ အတ္ထဝဏ္ဏနာက္ကမဖြင့်။ ဝိဒိတွာ-ဇာနိတွာ၊ ၍။
ဧတေသု၊ ထိုလေးပါးသော ဗြဟ္မာဝိဟာရတို့၌။ ဘိယျော၊ အလွန်။ အယံ၊ ဤဆိုလတံ့သော။ ပကိဏ္ဏကကထာပိ၊ (ဗြဟ္မဝိဟာရ ထိုထို၌ ပျံ့နှံ့သော အနက်ကိုယူ၍ ဖြစ်စေအပ်သည်၏ အဖြစ်ကြောင့်) ပကိဏ္ဏကမည်သော ကထာကိုလည်း။ ဝိညေယျာ၊ ၏။
ဟိ၊ ချဲ့အံ့။ ဧတာသု မေတ္တာကရုဏာမုဒိတာဥပေက္ခာသု၊ တို့၌။ အတ္ထတော၊ ဝစနတ္ထအားဖြင့်။ တာဝ၊ စွာ။ (ပကိဏ္ဏကကထာ၊ ကို။ ဝိညေယျာ၊ ၏။) (ယာ ဓမ္မဇာတိ၊ အကြင်တရားသဘောသည်။) မေဇ္ဇတိ၊ ချစ်တတ်၏။ ဣတိ-တသ္မာ၊ ကြောင့်။ (သာ ဓမ္မဇာတိ၊ သည်။၀ မေတ္တာ၊ မည်၏။ သိနိယှတိ၊ (အစီးအပွါးကိုလိုသော အခြင်းအရာဖြစ်သောအားဖြင့်) ချစ်တတ်၏။ ဣတိ အယံ၊ ကား။ အတ္ထော၊ တည်း သဘာဝဓမ္မတို့၏ အကြောင်းအားလျော်စွာ ထိုထိုကိစ္စ၌ ဖြစ်ခြင်းမျှဖြစ်၍ ဘာဝသာဓနကိုသာ မုချရသော်လည်း ထိုထိုမိမိကိစ္စတို့၌ ဓမ္မတို့၏ အတ္တပဓာနကြိယာနိပ္ဖါဒကအဖြစ်ကို တင်သဖြင့် ကတ္တား၏အဖြစ်နှင့် ဖြစ်သင့်ရကား မေဇ္ဇတီတိ မေတ္တာ-ဟူသည်။ ယင်းသို့ ပရိယာယ်အားဖြင့်သာ လျဥ်းလျက် ဤသို့ ကတ္တုပြုခြင်းသည် ဓမ္မမှ လွတ်သော ပုဂ္ဂိုလ်စသော ကတ္တား၏ မရှိသည်ကို ပြရခြင်းအကျိုးရှိ၏ ။ ဤကိုရည်၍ ဋီ ၁-၃၇၈ ၌ မေဇ္ဇတီတိ ဓမ္မတော အညဿ ကတ္တ နိ ဝတ္တနနတ္ထံ ဓမ္မမေဝ ကတ္တာရံ ကတွာ နိဒ္ဒိသတိ-ဟူသည်။ ထိုသို့ပြသဖြင့် ပုဂ္ဂလအတ္တဒိဋ္ဌိကို ပယ်ရ၏ ။ မိဒ သိနေဟနေ-သဒ္ဒါကျမ်းလာရကား သိနိယှတီတိ အတ္ထော-ဟူသည်။ သို့သော်လည်း တဏှာအားဖြင့် သိနေဟလည်း ရှိသည်မဟုတ်လော၊ အဘယ်သို့သော သိနေဟနည်းဟူမူ? သတ္တေသု ဗျာပဇ္ဇနဝသေန လူခဘာဝဿ ပဋိပက္ခဘူတံ ဉာဏပုဗ္ဗင်္ဂမံ ဟိတာကာရပ္ပဝတ္တိဝသေန သိနေဟနံ ဒဋ္ဌဗ္ဗံ၊ န တဏှာယနဝသေန။ ဋီ ၁၊၃၇၈။ ။ အဘယ်ကြောင့်နည်း? တဥှိ မောဟပုဗ္ဗင်္ဂမံ လုဗ္ဘနသဘာဝံ၊ ဣဒံ ပန အဒုဿနသဘာဝံ အလာဘသမ္ပယုတ္တံ။ ဋီ ၁၊၃၇၈။ ။ တဏှာသိနေဟသည်လည်း ဗျာပါဒနှင့်တကွ မတည်သည်ဖြစ်၍ ဗျာပါဒ ဝိရောခိမဟုတ်လောဟူမူ? ယဒိပိ တေနသဟ ဧကသ္မိံ စိတ္တေ နပ္ပဝတ္တတိ၊ ဝိရောဓိ ပန ဟောတိ အပ္ပဟာယကတော။ ဋီ ၁၊၃၇၈။ (ပြည်)။
ဝါ၊ ကား။ မိတ္တေ၊ ချစ်တတ် အစီးအပွါးကိုအလိုရှိတတ်သော ခန္ဓပဗန္ဓ၌။ ဘဝါ၊ ဖြစ်တတ်သည်တည်း။ ဣတိ-တသ္မာ၊ ကြောင့်။ မေတ္တာ၊ မည်၏။ (တနည်း) မိတ္တေ၊ ချစ်တတ်သော ပိယပုဂ္ဂိုလ်ဟူသော အာရုံ၌ မိဒိတဗ္ဗော သိနေဟိတဗ္ဗောတိ မိတ္တော၊ အာရုံဖြစ်သော ပိယပုဂ္ဂိုလ်တည်း။ (ပြည်)။ ဘဝါ၊ တည်း။ ဣတိ-တသ္မာ၊ ကြောင့်။ မေတ္တာ၊ မည်၏။ ဝါ၊ ကား။ မိတ္တဿ၊ ဟိတဇ္ဈာသယဖြစ်သော ခန္ဓပဗန္ဓ၏။ (မေဇ္ဇနဝသေနေဝ၊ ချစ်ခြင်း၏အစွမ်းဖြင့်သာလျှင်။) ဧသာ ပဝတ္တိ၊ ဤဖြစ်ခြင်းသည်။ ဟောတိ၊ ၏။ (တနည်း) (မေဇ္ဇနဝသေန၊ ဖြင့်။) ဧသာ၊ ဤသဘောတရားသည်။ ပဝတ္တိ ဧဝ၊ ဖြစ်ခြင်းမျှသည်သာလျှင်။ ဟောတိ၊ ၏။ ဣတိပိ၊ ကြောင့်လည်း။ မေတ္တာ၊ မည်၏။ (ဖြစ်တတ်သော ကတ္တားမရှိဟူလို) (ယော ဓမ္မဇာတိ၊ သည်။)
ပရဒုက္ခေ၊ သူတပါးဆင်းရဲသည်။ သတိ၊ ဖြစ်လတ်သော်။ သာဓူနံ၊ သူတော်ကောင်းတို့၏။ ဟဒယကမ္ပနံ၊ နှလုံးတုန်လှုပ် ပင်ပန်းသည်ကို။ ကရောတိ၊ ၏။ ဣတိ-တသ္မာ၊ ကြောင့်။ (သာ ဓမ္မဇာတိ၊ သည်။) ကရုဏာ၊ မည်၏ ဤဝိဂြိုဟ်၌ လိုရင်းကား ကရောတီတိ ကရုဏာ-တည်း။ အဘယ်သူတို့၏ အဘယ်ကိုပြုသနည်း၊ အဘယ်အကြောင်းရှိလတ်သော် ပြုသနည်းဟု။ ပ။ ကား။ ပရဒု‌က္ခေ သတိ သာဓူနံဟဒယကမ္ပနံ-ဟူသည်။ ။ ကမ္ပနဟူသည်လည်း ပရဒုက္ခကိုမြင်၍ ထိုဒုက္ခကို ပယ်လိုသသူ၏ သည်းမခံနိုင်သော အခြင်းအရာအားဖြင့် စိတိ၏ အညထတ္တတည်း။ ထိုဟဒယကမ္ပနသည် သပ္ပရိသတို့အားသာ ဖြစ်ရကား သာဓူနံ-ဟူသည်။ ထိုစကားသင့်၏ ။ သပ္ပုရိသတို့ကို မိမိစီးပွါး သူ့စီးပွါးတို့ကို ပြီးစေတတ်သောကြောင့် သာဓု-ဟူ၍ ဆိုအပ်ကုန်၏ ။ (ပြည်)။
ဝါ၊ ကား။ (ယာ ဓမ္မဇာတိ၊ သည်။) ပရဒုက္ခံ၊ သူတပါးဆင်းရဲကို။ ကိဏာတိ ဟိံ သတိ၊ ညှဥ်းဆဲတတ်၏။ ဝိနာသေတိ၊ ဖျောက်ဖျက်ပယ်ရှားတတ်၏။ ဣတိ-တသ္မာ၊ ကြောင့်။ (သာ ဓမ္မဇာတိ၊ သည်။) ကရုဏာ၊ မည်၏ ကိဏာတိ၊ ၏။ ကယဝိက္ကယအတ္ထကို စင်စေလို၍ ဟိံသတိဟူသည်။ ကိ ဟိံ သာယံ၊ ကိဏောတိ၊ ကိဏာတိ၊ သွာဒိဂိုဏ်း။ ကီ-ဒဗ္ဗဝိနိမယေ၊ ကိဏာတိ။ ကီယာဒိဂိုဏ်း။ ဟိံ သတိ-၏ ကံကား ပရေ-လောဟု လျဥ်းပြန်၍ ပရဒုက္ခံ-ဆိုသည်။ ပရဒုက္ခေသည် ပရဒုက္ခံပြန်၍ လိုက်ကောင်းလျက် ဟဒယကမ္ပနံ-လိုက်ဖွယ်ရှိ၍ သိသာအောင်ဆိုသည်။ ပရဒုက္ခေဟိံ သနကား ဝိနာသနပင်ဟု ဝိနာသေတိ-ဟူသည်။ နာသုရာသု သဒ္ဒေ၊ နာသတိ၊ ရာသတိ၊ နာသာ၊ နာသိကာ-ဟူရကား ဝိနာသေတီတိ အဒဿနံ ဂမေတိ-ဟု ဋီကာကူသည်။ စကားအကျမူ အပနယနယူဟု အပနေတီတိ အတ္ထော-ဟု ကြော့ပြန်သည်။ ဟိံ သတိကို ဝိနာသေတိ ဖွင့်ရသည့် လဒ္ဓဂုဏ်ကို တေနေတ္ထ ဟိံ သနံ အပနယနန္တိ ဒဿေတိ-ဟု ဖော်သည်။ ကရုဏာသည် အပနယနသတ္တိရှိမှ ပြပိုင်မည်ကြောင့် ပရဒုက္ခာပနယနာကာရပ္ပဝတ္တိ-လက္ခဏာ ဟိ ကရုဏာ-ဟု ဋီကာခိုင်စေသည်။ (ပြည်)။
ဝါ၊ ကား။ (ယာ ဓမ္မာဇာတိ၊ သည်။ ဝါ၊ ကို။) ဒုက္ခိတေသု၊ ဒုက္ခရောက်သော သတ္တဝါတို့၌။ ဖရဏဝသေန-ဖုသနဝသေန၊ တွေ့ထိသောအားဖြင့်။ ကိရိယတိ ပသာရိယတိ၊ ဖြန့်တတ်၏။ ဝါ၊ ကမ္မဋ္ဌာနိကေန။ သည်။ ကိရိယတိ ပသာရိယတိ၊ ဖြန့်အပ်၏။ ဝါ၊ ပြန့်စေအပ်၏။ ဣတိ-တသ္မာ၊ ကြောင့်။ (သာ ဓမ္မဇာတိ၊ သည်။) ကရုဏာ၊ မည်၏။
တာယ-ဓမ္မဇာတိယာ၊ ဖြင့်။ တံသမင်္ဂိနော၊ ထိုဓမ္မနှင့်ပြည့်စုံသောပုဂ္ဂိုလ်တို့သည်။ ဝါ၊ သဟဇာတဓမ္မတို့သည်။ မောဒန္တိ၊ ဝမ်းမြောက်တတ်ကုန်၏။ ဣတိ-တသ္မာ၊ ကြောင့်။ (သာ ဓမ္မဇာတိ၊ သည်။) မုဒိတာ၊ မည်၏။ ဝါ၊ ကား။ (ယာ ဓမ္မဇာတိ၊ သည်။) သယံ၊ မိမိသည်။ မောဒတိ၊ ဝမ်းမြောက်တတ်၏။ ဣတိ-တသ္မာ၊ ကြောင့်။ (သာ ဓမ္မဇာတိ၊ သည်။) မုဒိတာ၊ မည်၏။ ဝါ၊ ကား။ တံ-ဓမ္မဇာတံ၊ သည်။ မောဒနမတ္တမေဝ၊ ဝမ်းမြောက်ခြင်းမျှသည်သာလျှင်။ ဟောတိ၊ ၏။ ဣတိ-တသ္မာ၊ ကြောင့်။ မုဒိတာ၊ မည်၏ သဟဇာတဓ္ဓအပေါင်း၌ ကတ္တုဘာတကို တင်သဖြင့် ထိုဓမ္မအပေါင်း၌ နိပ္ပါဒေတဗ္ဗဖြစ်သော မောဒနကြိယာ၏ ကရိုဏ်းအဖြစ်ကို ပရိယာယ်အားဖြင့် ရသင့်ရကား မောဒန္တိတာယာတိ-ဟု မိန့်သော်။ မောဒနကြိယာယ မုဒိတာယ ကရဏဘာဝနိဒ္ဒေသော။ သွာယံ ဥပစာရသိဒ္ဓေါ၊ ဋီကာ။ ထိုမောဒနကြိယာကို ပြီးစေရာ၌ မုဒိတာမှ လွတ်သော တစုံတခု ကတ္တားမည်သည်မရှိရကား ထိုမုဒိတာကိုပင်လျှင် ကတ္တားအဖြစ်အားဖြင့် သယံ ဝါ မောဒတိ-ဟု ပြသည်။ ဓမ္မတို့၏ အဝသဝတ္တနကြောင့် ဤနိဒ္ဒေသလည်း ဥပစာရသာတည်း။ ထို့ကြောင့် ဝသဝတ္တိဘာဝကို မြစ်ခြင်းငှါ မောဒနမတ္တမေဝ ဝါ တန္တိ မုဒိတာ-ဟု မိန့်သော်။ (ပြည်)။ (ယာ ဓမ္မဇာတိ၊ သည်။)
အဝေရာ ဟောန္တူတိအာဒိဗျာပါရပ္ပဟာနေန စ၊ အဝေရာ ဟောန္တု ဤသို့အစရှိသောကြောင့်ကြဗျာပါရကို ပယ်သဖြင့်၎င်း။ ဝါ၊ ကြောင့်၎င်း။ မဇ္ဈတ္တဘာဝူပဂမနေန စ၊ အလတ်သဘောရှိသည်၏ အဖြစ်သို့ရောက်ခြင်းဖြင့်၎င်း။ ဝါ၊ ကြောင့်၎င်း။ ဥပေက္ခတိ၊ အသင့်အားဖြင့်ရှုတတ်၏။ ဣတိ-တသ္မာ၊ ကြောင့်။ (သာ ဓမ္မဇာတိ၊ သည်။) ဥပေက္ခာ၊ မည်၏။
ပန၊ ပါး။ လက္ခဏာဒိတော၊ လက္ခဏာစသောအားဖြင့်။ ဧတ္ထ၊ ဤမေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတို့တွင်။ မေတ္တာ၊ သည်။ ဟိတာကာရပ္ပဝတ္တိလက္ခဏာ၊ သတ္တဝါတို့၏အကျိုးစီးပွားကို ကျင့်သောအခြင်းအရာအားဖြင့် ဖြစ်ခြင်းလက္ခဏာရှိ၏။ ဝါ၊ အကျိုးစီးပွားဟူသော အဖို့အစုကိုဖြစ်စေခြင်းလက္ခဏာရှိ၏။ ဟိတူပသံဟာရရသာ၊ သတ္တဝါတို့၏ ဟိတကို ကပ်၍ဆောင်ခြင်းကိစ္စရှိ၏။ ဝါ၊ ဟိတကိုကပ်၍ဆောင်ခြင်း ဟူသော ပြည့်စုံသော ဂုဏ်ရှိ၏။ အာဃာတဝိနယပစ္စုပဋ္ဌာနာ၊ ရန်ငြိုးကိုဖျောက်သော အခြင်းအရာဖြင့် ရှုသသူ ဉာဏ်အား ‌ရှေးရှူထင်တတ်၏။ ဝါ၊ ရန်ငြိုးပျောက်ခြင်းဟူသော အကျိုးကိုဖြစ်စေတတ်၏။ သတ္တာနံ၊ တို့၏။ မနာပဘာဝဒဿနပဒဋ္ဌာနာ၊ မနာပအဖြစ်ကို ရှုသောယောနိသော မနသိကာရလျှင် နီးသောအကြောင်းရှိ၏။
ဧတိဿာ၊ ထိုမေတ္တာ၏။ ဗျာပါဒူပသမော၊ ဗျာပါဒ၏ဝိက္ခမ္ဘန ပဟာန်အားဖြင့် ငြိမ်းခြင်းသည်။ သမ္ပတ္တိ၊ ပြည့်စုံခြင်းမည်၏။ ဝါ၊ ကောင်းစွာ ကိစ္စပြီးခြင်းမည်၏။ သိနေဟသမ္ဘဝေါ၊ တဏှာသိနေဟ၏ ဖြစ်ခြင်းသည်။ ဝိပတ္တိ၊ ပျက်စီးခြင်းမည်၏။
ကရုဏာ၊ သည်။ ဒုက္ခာပနယနာကာရပ္ပဝတ္တိလက္ခဏာ၊ (သတ္တဝါတို့အားဖြစ်သော) ဒုက္ခံကို ပယ်လိုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းလက္ခဏာရှိ၏။ ပရဒုက္ခာသဟနရသာ၊ (ပယ်လိုသည်၏အဖြစ်ဖြင့်) ပရဒုက္ခကို သည်းမခံနိုင်ခြင်းကိစ္စရှိ၏။ အဝိဟိံသာပစ္စုပဋ္ဌာနာ၊ သတ္တဝါတို့ကို မညှဥ်းဆဲခြင်းကို ဖြစ်စေတတ်၏။ ဝါ၊ ဝိဟိံ သာ၏ ပဋိပက္ခဘာဝဖြင့် ဉာဏ်အားရှေးရှုထင်တတ်၏။ ဒုက္ခာဘိဘူတာနံ၊ တို့၏။ အနာထဘာဝဒဿနပဒဋ္ဌာနာ၊ ကိုးကွယ်ရာမရှိသည်အဖြစ်ကိုရှုသော ယောနိသော မနသိကာရလျှင် နီးသောအကြောင်းရှိ၏။
ဝိဟိံသူပသမော၊ သတ္တဝါတို့ကို ညှဥ်းဆဲကြောင်းဖြစ်သော။ ဝါ၊ ညှဥ်းဆဲသော အခြင်းအရာဖြင့်ဖြစ်သော (ကရုဏာ၏ပဋိပက္ခဖြစ်သော) ပဋိဃစိတ္တုပ္ပါဒ်၏ ငြိမ်းအေးခြင်းသည်။ တဿာ၊ ထိုကရုဏာ၏။ သမ္ပတ္တိ၊ ပြည့်စုံခြင်းမည်၏။ ဝါ၊ ကောင်းစွာကိစ္စပြီးခြင်းမည်၏။ သောကသမ္ဘဝေါ၊ သောက၏ဖြစ်ခြင်းသည်။ ဝိပတ္တိ၊ ပျက်စီးခြင်းမည်၏။
မုဒိတာ၊ သည်။ ပမောဒလက္ခဏာ၊ သူ့စည်းစိမ်ပြည့်စုံကုံလုံသည်ကို ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းလက္ခဏာရှိ၏။ အနိဿာယနရသာ၊ မငြူစူခြင်းကိစ္စရှိ၏။ ဝါ၊ ငြူစူခြင်း၏ ဆန့်ကျင်ဖက်ဖြစ်၍ ထိုဣဿာကို ပယ်ဖျက်ခြင်းကိစ္စရှိ၏။ အရတိဝိဃာတပစ္စုပဋ္ဌာနာ၊ ပရသမ္ပတ္တိတို့၌ (၎င်းအဓိကုသလတို့၌၎င်း) မမွေ့လျော် မနှစ်သက်ခြင်းကို ဖျောက်သော အခြင်းအရာအားဖြင့် ရှုသသူဉာဏ်အား ရှေးရှုထင်တတ်၏။ ဝါ၊ အရတိ၏ ပျောက်ငြိမ်းခြင်းကို ဖြစ်စေတတ်၏။ သတ္တာနံ၊ တို့၏။ သမ္ပတ္တိဒဿနပဒဋ္ဌာနာ၊ စည်းစိမ်ကုံလုံ ပြည့်စုံသည်ကို အသင့်ရှုနိုင်သော ယောနိသောမနသိကာရလျှင် နီးသောအကြောင်းရှိ၏။
အရိတိဝူပသမော၊ အရတိ၏ ငြိမ်းပျောက်ခြင်းသည်။ တဿာ၊ ထိုမုဒိတာ၏။ သမ္ပတ္တိ၊ ပြည့်စုံခြင်းမည်၏။ ဝါ၊ ကောင်းစွာကိစ္စပြီးခြင်းမည်၏။ ပဟာသသမ္ဘဝေါ၊ ဂေဟသိတ ပီတိအားဖြင့် ရွှင်ခြင်း၏ဖြစ်ခြင်းသည်။ ဝိပတ္တိ၊ မည်၏။
ဥပေက္ခာ၊ သည်။ သတ္တေသု၊ သတ္တဝါတို့၌။ မဇ္ဈတ္တာကာရပ္ပဝတ္တိလက္ခဏာ၊ အလတ်သဘောရှိသောအခြင်းအရာဖြင့် ဖြစ်ခြင်းလက္ခဏာရှိ၏။ သတ္တေသု၊ တို့၌။ သမဘာဝဒဿနရသာ၊ (ဥဒါသိန်အားဖြင့် ဖြစ်ခြင်းကြောင့်) ညီမျှသည်အဖြစ်ကိုသာရှုခြင်းကိစ္စရှိ၏။ ပဋိဃာနုနယဝူပသမပစ္စုပဋ္ဌာနာ၊ သတ္တဝါတို့၌ မုန်းခြင်း ချစ်ခြင်းတို့ကို ငြိမ်းစေခြင်းကို ဖြစ်စေတတ်၏။ သတ္တာ၊ သတ္တဝါတို့သည်။ ကမ္မဿကာ၊ မိမိတို့ပြုသော ကံသာလျှင် ဥစ္စာရှိကုန်၏။ တေ၊ ထိုသတ္တဝါတို့သည်။ [၃၁၂] ကဿ၊ အဘယ်သူ၏။ ရုစိယာ၊ အလိုအားဖြင့်။ သုခိတာဝါ၊ ချမ်းသာခြင်းသို့ ရောက်ကုန်သည်မူလည်း။ ဘဝိဿန္တိ၊ လတံ့နည်း။ ဒုက္ခတော ဝါ၊ ဆင်းရဲမှမူလည်း။ မုစ္စိဿန္တိ၊ လွတ်ကုန်လတံ့သနည်း။ ပတ္တသမ္ပတ္တိတော ဝါ၊ ရောက်အပ်သော စည်းစိမ်မှမူလည်း။ န ပရိဟာယိဿန္တိ၊ မယုတ်ကုန်လတံ့နည်း။ ဣတိ-ဧဝံ၊ ဤသို့သော အခြင်းအရာဖြင့်။ ပဝတ္တကမ္မဿကတာဒဿနပဒဋ္ဌာနာ၊ ဖြစ်သောကံသာလျှင် မိမိဥစ္စာရှိသည်၏ အဖြစ်ကိုရှုသော ဉာဏ်လျှင် နီးစွာသော အကြောင်းရှိ၏ ဧဝံ ပဝတ္တကမ္မဿကတာဒဿနပဒဋ္ဌာနာ-၌ ဧဝံကား နိဒဿနတည်း။ ထိုနိဒဿနသည် နိဒဿနာကာရ သရုပ်ဝိသေသကို ငဲ့ရကား ထိုကို ပြခြင်းငှါ ကမ္မဿကာ။ ပ။ န ပရိဟာယိဿန္တီတိ-ဟူသည်။ ဗျတိရေကဒဿနမုခဖြစ်သော ဧဝံ-ပါဌ်ဖြင့် ဟိတူပသံဟာရ ဒုက္ခာပနယန သမ္ပတ္တိပမောဒနာကာရတို့ကို တဖန်သုံးသပ်သည်ဖြစ်၍ မေတ္တာစသောသုံးပါးတို့၏ ပဝတ္တိအာကာရကိုမြစ်သော အမြွက်ဖြစ်သော ကမ္မဿကတာဉာဏ်သည် ဥပေက္ခာဗြဟ္မဝိဟာရ၏ အာသန္နကာရဏ ဖြစ်၏၊ အမှတ်မဲ့ ယံကိဉ္စိကမ္မဿကတာဉာဏ်သည် အာသန္နကာရဏ မဖြစ်ဟု ပြ၏ ။ (ပြည်)။
ပဋိဃာနုနယဝူပသမော၊ မုန်းခြင်းချစ်ခြင်းတို့ကို ငြိမ်းစေခြင်းသည်။ ဝါ၊ မုန်းခြင်း ချစ်ခြင်းတို့၏ ငြိမ်းခြင်းသည်။ တဿာ၊ ထိုဥပေက္ခာ၏။ သမ္ပတ္တိ၊ ပြည့်စုံခြင်းမည်၏။ ဝါ၊ ကောင်းစွာကိစ္စပြီးခြင်းမည်၏။ ဂေဟသိတာယ၊ ကာမဂုဏ်ကိုမှီသော။ အညာဏုပေက္ခာယ၊ ဉာဏ်ကင်းသော ဥပေက္ခာ၏။ ဝါ၊ မောဟနှင့်ယှဥ်သော ဥပေက္ခာ၏။ သမ္ဘဝေါ၊ ဖြစ်ခြင်းသည်။ ဝိပတ္တိ၊ ပျက်စီးခြင်းမည်၏။
ပန၊ ထိုမှတပါး။ စတုန္နမ္ပိ၊ ကုန်သော။ ဧတေသံ ဗြဟ္မဝိဟာရာနံ၊ တို့၏။ ဝိပဿနာသုခဉ္စေဝ၊ ဝိပဿနာ သုခသည်၎င်း။ ဘဝသမ္ပတ္တိ စ၊ သုဂတိဘဝ၏ ပြည့်စုံခြင်းသည်၎င်း။ သာဓာရဏပ္ပယောဇနံ၊ ဆက်ဆံသော အကျိုးမည်၏။
ဗျာပါဒါဒိပဋိဃာတော၊ ဗျာပါဒအစရှိသည်တို့၏ပျောက်ခြင်း ကွာခြင်းသည်။ အာဝေဏိကံ၊ အသီးအသီး မကွေမကွာဖြစ်သော မဆက်ဆံသောအကျိုးမည်၏ အတ္တနာ ဝိနာ ပဝတ္တတီတိ ဝေဏိကံ၊ န-ကို ဏ-ရေးသည်။ န ဝေဏိကံ အဝေဏိကံလိုလျက်အာဝုဒ္ဓိပြုသည်။ (ပြည်)။
ဟိ၊ ချဲ့အံ့။ ဧတ္ထ၊ ဤမေတ္တာစသော လေးပါးသော ဗြဟ္မာဝိဟာရတို့တွင်။ မေတ္တာ၊ သည်။ ဗျာပါဒပဋိဃာတပ္ပယောဇနာ၊ ဗျာပါဒကိုဖျောက်ခြင်း အကျိုးရှိ၏။ ဝါ၊ ဗျာပါဒ၏ ပျောက်ခြင်းအကျိုးရှိ၏။
ဣတရာ၊ မေတ္တာမှတပါးသော ဗြဟ္မဝိဟာရတို့သည်။ ဝိဟိံ သာအရတိရာဂပဋိဃာတပ္ပယောဇနာ၊ ဝိဟိံသာ၏ ပျောက်ခြင်း, အရတိ၏ပျောက်ခြင်း, ရာဂ၏ပျောက်ခြင်းအကျိုး ရှိကုန်၏။
စ-သစ္စံ၊ ၏။ နိဿရဏ‌ဉှေတံ။ ပ။ စေတောဝိမုတ္တီတိ၊ ဟူသော။ ဧတံ-ဝစနံ၊ ကို။ ဝုတ္တမ္ပိ၊ ၏။
[အာဝုသော၊ ငါ့ရှင်တို့။ ဟိ၊ ထိုစကားသင့်၏။ ယဒိဒံ-ယာ အယံ မေတ္တာစေတောတိမုတ္တိ၊ အကြင်မေတ္တာစေတောဝိမုတ္တိသည်။ အတ္တိ၊ ၏။ ဧတံ၊ ထိုမေတ္တာဟူသော စေတောဝိမုတ္တိသည်။ ဗျာပါဒဿ၊ ၏။ နိဿရဏံ၊ ထွက်မြောက်ကြောင်း ကင်းကွာကြောင်းသည်။ ဟောတိ၊ ၏ ရှေးသူဟောင်းတို့လည်း “ တေနှင့်လာ အာနှင့်ဖြေ “ ဟူ၏ ။ ။ တေ-ဟူသည်ကားတေဇောကို ဆိုလိုသည်၊ အာ-ဟူသည်ကား အာပေါကိုဆိုလိုသည်။ တေဇာ-သဒ္ဒါလည်း မီးကိုဟော၏၊ အာပေါ-သဒ္ဒါလည်း ရေကိုဟော၏ ။ မီးသည် မိမိတည်ရာဖြစ်သော မြက်သစ်ရွက်စသော လောင်စာကိုလောင်တတ်၏ ။ ဒေါသသည်လည်း သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သည်ရှိသော် အဆင်းဖောက်ပြန်ခြင်း, အရေတွန့်ခြင်း, ဆံဖြူခြင်း, သွားကျိုးခြင်း စသော အခြင်းအရာဖြင့် ‌လောင်တတ်၏ ။ ထိုကြောင့် ဒေါသကို မီးနှင့်တူသည်ဖြစ်၍ မီးဟုဆိုအပ်၏ ။ ရေသည် သောက်ချိုးသော သတ္တဝါတို့အား ချမ်းအေးခြင်းကို ဖြစ်စေတတ်၏ ။ တောက်လောင်သော မီးကိုလည်း ငြိမ်းစေတတ်၏ ။ မေတ္တာသည်လည်း သတ္တဝါတို့နှင့် သန္တာန်၌ဖြစ်သော ဒေါသဗျာပါဒစသော ပူပန်ခြင်းကိုပယ်သဖြင့် ငြိမ်းချမ်းခြင်းကိုဖြစ်စေတတ်၏ ။ ထို့ကြောင့်မေတ္တာကို ရေနှင့်တူသည်ဖြစ်၍ ရေဟု ဆိုအပ်၏ ။ ထို့ကြောင့် ကျမ်းဂန်၌လည်း ကောဓာနလဇလာပေတော၊ သောကောပါယာသနာသနံ။ အာဃာတသလ္လနိဒ္ဓါရိ၊ ဥပနာဟိဝိမောစနံ-ဟူ၍ မိန့်သတည်း။ ။မေတ္တာ၊ မေတ္တာသည်။ ကောဓာနလဇလာပေတော၊ အမျက်တည်းဟူသော ပြောင်ပြောင်တောက်သော မီးလျှံကို ပဲခွါကင်းငြိမ်းစေတတ်သော ရေသဖွယ်ဖြစ်၏ ။ သောကောပါယာသနာသနံ၊ စိုးရိမ်ခြင်း ရှိုက်ငင်ပင်ပန်းခြင်းကို ဖျက်ဆီးတတ်၏။ အာဃာတသလ္လနိဒ္ဓါရိ၊ ရန်ငြိုးတည်းဟူသော ငြောင့်ကို ပယ်နုတ်တတ်၏။ ဥပနာဟိဝိမောစနံ၊ အဖန်တလဲလဲ ဖြစ်သော ရန်ငြိုးဖွဲ့ခြင်းကို ဖြေတတ်၏ ။ ။ယင်းသို့ ဖြစ်၍ မီးနှင့်တူသော ဒေါသဖြင့် နှိပ်စက်သည်ဖြစ်၍ မိမိအထံသို့ အကျိုးမဲ့ကို ပြုခြင်းငှါ လာသော ရန်သူကို ရန်တုံ့မမူဘဲ ရေနှင့်တူသော မေတ္တာဖြင့်သာ ထိုသူတပါး၏ ဒေါသမီးကို၎င်း, မိမိကိုယ်တွင်း၌ဖြစ်သော ဒေါသမီးကို၎င်း ငြိမ်းစေ ပြေစေရာ၏ ဟူလိုသည်။ (ပြည်)။
အာဝုသော၊ တို့။ ယဒိဒံ-ယာ အယံ ကရုဏာစေတောဝိမုတ္တိ၊ သည်။ အတ္တိ၊ ၏။ ဧတံ၊ သည်။ ဝိဟေသာယ၊ ၏။ နိဿရဏဉှိ-နိဿရဏံ ဧဝ၊ ထွက်ပြေးဖဲကွာကြောင်း ဖြစ်သည်သာတည်း။
အာဝုသော၊ တို့။ ယဒိဒံ ယာ အယံ မုဒိတာစေတောဝိမုတ္တိ၊ သည်။ အတ္တိ၊ ၏။ ဧတံ၊ သည်။ အရတိယာ၊ ၏။ နိဿရဏဉှိ-နိဿရဏံ ဧဝ၊ သာတည်း။
အာဝုတော၊ တို့။ ယဒိဒံ-ယာ အယံ ဥပေက္ခာစေတောဝိမုတ္တိ၊ သည်။ အတ္တိ၊ ၏။ ဧတံ၊ သည်။ ရာဂဿ၊ ၏။ နိဿရဏဉှိ-နိဿရဏံ ဧဝ၊ သာတည်း။
ဧတ္ထ-ဧတေသု ဗြဟ္မဝိဟာရေသု၊ တို့တွင်။ ဧကမေကဿ၊ တပါးတပါးသော ဗြဟ္မဝိဟာရ၏။ အာသန္နဒူရဝသေန၊ နီးသောရန်သူ, ဝေးသောရန်သူ၏ အစွမ်းဖြင့်။ ဒွေ ဒွေ၊ နှစ်ပါးနှစ်ပါးကုန်သော။ ပစ္စတ္ထိကာ၊ ရန်သူတို့သည်။ ဟောန္တိ၊ ကုန်၏။
ဟိ၊ ချဲ့ဦးအံ့။ မေတ္တာဗြဟ္မဝိဟာရဿ၊ ၏။ ရာဂေါ၊ ရာဂသည်။ အသန္နပစ္စတ္ထိကာ၊ နီးသောရန်သူမည်၏။ ကသ္မာ၊ ကား။ ဂုဏဒဿနသဘာဂတာယ၊ ဂုဏ်ကိုရှုခြင်းတူသည်၏အဖြစ်ကြောင့်တည်း။ ကိမိဝ၊ ကား။ ပုရိသဿ၊ ၏။ သမီပစာရော၊ အနီး၌ကျင်လည်သော။ သပတ္တော ဝိယ၊ ရန်သူကဲ့သို့တည်း သတ္တဝါတို့၌ အဘယ်သို့သော ဂုဏ်ကို ယူသောအားဖြင့် မေတ္တာသည် ရာဂနှင့် ဂုဏ်ကို ရှုခြင်းသဘောတူသည် ဟူသနည်းကြောင့် မေတ္တာ သတ္တေသု ယထာရဟံ ဒါနပိယ ဝစနာဒိသီလသုတာဒိဂုဏဂဟဏဝသေန ပဝတ္တတီတိ အာဟ “ဂုဏဒဿနသဘာဂတာယာ” တိ။ ။ ဂုဏ်ကို ယူသည်၏အစွမ်းဖြင့် ဖြစ်သည်ကို ဆရာပစ္စက္ခသိသလော-ကြောင့် တေန ဝုတ္တံ “သတ္တာနံ မနာပဟာဝဒဿနပဒဋ္ဌာနာ” တိ။ ဋီ ၁၊၃၈၀။ ရာဂကား ဂုဏဂဟအားဖြင့် မဖြစ်ခဲ့သော် သဘောတူသည် မဆိုသင့်ကြောင့် ရာဂေါပိ တတ္ထ ယထာ တထာ ဂုဏဂဟဏမခေနေဝ ပဝတ္တတိ။ ။ အဘယ်ကြောင့်နည်း? မနာပသညာပဋိလာဘတော။ ၊ဂုဏ်ကိုရှုခြင်း သဘောတူကာမျှဖြင့် အာသန္နပစ္စတ္ထိက မဆိုသင့်ပေသေးကြောင့် တသ္မာ မိတ္တမုခသပတ္တော ဝိယ တုလျာကာရေန ဒူသနတော ရာဂေါ မေတ္တာယ အာသန္နပစ္စတ္ထိကော။ ထိုသို့ဂုဏ်ကို ရှုခြင်းသဘောတူသည်၏ အဖြစ်ကြောင့် မိတ္တကဲ့သို့ နှုတ်ဖြင့်သာ ချစ်ယောင်မူသော ရန်သူကဲ့သို့ တူသော အခြင်းအရာဖြင့် ဖျက်တတ်ရကား ရာဂသည်မေတ္တာ၏ အာသန္နပစ္စတ္ထိက ဖြစ်သည်ဟူလို။ (ပြည်)။ သော၊ ထိုရာဂသည်။ လဟုံ၊ လျင်စွာ။ ဩတာရံ၊ ဝင်ရောက်ခွင်ကို။ လဘတိ၊ ၏။ တသ္မာ၊ ကြောင့်။ တတော-ရာဂတော၊ မှ။ ဝါ၊ ရဂဿဩတာရလာဘတော။ မှ။ သုဋ္ဌု၊ စွာ။ မေတ္တာ၊ ကို။ ရက္ခိတဗ္ဗာ၊ ၏။
ပုရိသဿ၊ ၏။ ပဗ္ဗတာဒိဂဟနနိဿိတော၊ ထောင်အစရှိသော အသွားခက်သော အရပ်ကိုမှီသော။ သပတ္တော ဝိယ၊ ရန်သူကဲ့သို့။ သဘာဝဝိသဘာဂတာယ၊ မေတ္တာသဘော၏ ဗျာပါဒသဘောနှင့် မတူသည်၏အဖြစ်ကြောင့်။ ဝါ၊ မေတ္တာ၏သ‌ဘောနှင့် ဗျာပါဒသဘော မတူကြသည်၏အဖြစ်ကြောင့်။ ဝါ၊ သဘောအားဖြင့် မတူကြသည်၏အဖြစ်ကြောင့်။ ဗျာပါဒေါ၊ သည်။ ဒူရပစ္စတ္ထိကော၊ ဝေးသောရန်သူမည်၏ ဤဝါကျ၌ လိုရင်းကား ဗျာပါဒေါ ဒူရပစ္စတ္ထိကော-တည်း။ ဥဇုပဋိပက္ခမဟုတ်လော၊ အဘယ်ကြောင့် ဒူရဟူသနည်းဟု။ ပ။ ကား။ ပဗ္ဗတာဒိ။ ပ။ သဘာဝဝိသဘာဂတာယ-မိန့်သော်။ ။ အဘယ်သို့မတူသနည်း။ သတ္တဝါတို့၌ မနာပါကာရကို ယူခြင်းသည် မေတ္တာ၏ သဘောတည်း၊ အမနာပါကာရကို ယူခြင်းသည် ဗျာပါဒ၏ သဘောတည်း။ ထိုသို့သဘောမတူဟူပေ။ ဤကိုရည်၍ ဋီ ၁၊၃၈၁ ၌ သတ္တေသု ဟိ မနာပါကာရဂ္ဂါဟိနော မေတ္တာသဘာဝဿ၊ တဗ္ဗိပရီတသဘာဝေါ ဗျာပါဒေါ၊ တေန ဝိသဘောဂေါ-ဟု မိန့်သော်။ ထိုသို့သဘောအားဖြင့် မတူသည်၏အဖြစ်ကြောင့် ထိုဗျာပါဒသည် သက်ဝင်ခြင်းကိုရသော် ကြာမြင့်မှသာ ရလေရာရကား ယောကျာ်း၏အဝေး၌ တည်သော ရန်သူကဲ့သို့ မေတ္တာ၏ ဒူရပစ္စတ္ထိကဖြစ်သည်။ ။ သဘာဂဝိသဘာဂတာယ-ဟု ပါဌ်အများရှိ၏၊ ယခင်ဋီကာနှင့် မညီ၊ သဘောလည်းမသင့်။ (ပြည်)။ တသ္မာ၊ ကြောင့်။ တတော ဗျာပါဒတော၊ မှ။ နိဗ္ဘယေန၊ ကြောက်ရွံ့ခြင်းကင်းသည်ဖြစ်၍။ ဝါ၊ ရှေးဦးရွံရှာခြင်းထက်ဝန်းကျင်ရွံရှာခြင်းကင်းသည်ဖြစ်၍။ မေတ္တာယိတဗ္ဗံ၊ ၏ ရအပ်သော တည်ရာရှိသော မေတ္တာကို ဗျာပါဒသည် ဖျက်ဆီးခြင်းငှါ ခဲယဥ်းသည်၏အဖြစ်ကြောင့် ကြောက်ဖွယ်မရှိပြီ ဟူလိုသော်၊ လဒ္ဓပတိဋ္ဌာယ မေတ္တာယ ဗျာပါဒေန ဒုပ္ပဓံသိယတ္တာတိ အဓိပ္ပါယော၊ ၎င်း။ ။ယင်းသို့ မေတ္တာကိုသာ ပွါးစေ၍ ဗျာပါဒမှ မစောင့်ချေသော် ဗျာပါဒမဖျက်ဆီးခဲ့ပြီလော၊ ဖျက်ရာသည် မဟုတ်လောဟု၊ ကြောင့် မေတ္တာပြီးသည်ရှိသော် ဗျာပါဒ၏ အဘာဝလည်း ပြီးတော့သည်သာ၊ စောင့်ဖွယ်အကြောင်းမရှိပြီဟု ပြခြင်းငှါ မေတ္တာယိဿတိ စ နာမ။ ပ။ အဋ္ဌာနာမေတံ-ဟု မိန့်သော်။ (ပြည်)။
ယေန၊ အကြောင်းအကြောင်းကြောင့်။ မေတ္တာယိဿတိ စ၊ မေတ္တာကိုလည်းပွါးစေလတံ့။ ကောပဉ္စ၊ အမျက်ထွက်ခြင်းကိုလည်း။ ကရိဿတိ နာမ၊ ပြုလတံ့။ ဣတိ၊ သို့။ ဧတံ ဌာနံ၊ ထိုအကြောင်းသည်။ နတ္ထိ၊ မရှိ အဋ္ဌာနံ-ကား အယုတ္တသမာသ်ဖြစ်၍ အတ္ထိကြိယာကိုမြစ်သည်။ မေတ္တာကိုသာ စိတ်ချ၍ပွါးစေ။ မေတ္တာပွါးက ကောပအဘယ်အကြောင်းကြောင့် ဖြစ်လတ္တံ့နည်း။ ဖြစ်ခြင်း၏အကြောင်းမရှိ၊ မကြောက်လင့်ဟူလို။ (ပြည်)။ (တနည်း) ဧတံ၊ ဤအရာသည်။ အဋ္ဌာနံ၊ ရှိသင့်သောအကြောင်းမဟုတ်။
ကရုဏာဗြဟ္မဝိဟာရဿ၊ ၏။ (ဂေဟသိတံ ဒေါမနဿံ အာသန္နပစ္စတ္ထိကံ ဟုသမ္ဗန်) ဣဋ္ဌာနံ၊ ချစ်အပ်တောင့်တအပ်ကုန်သော။ ကန္တာနံ၊ နှစ်သက်အပ်ကုန်သော။ မနာပါနံ၊ နှလုံးကိုပွါးစေတတ်ကုန်သော။ မနောရမာနံ၊ နှလုံးကို မွေ့လျော်စေတတ်ကုန်သော။ လောကာမိသပဋိသံယုတ္တာနံ၊ တဏှာနှင့်စပ်ယှဥ်ကုန်သော။ ဝါ၊ တဏှာကိုမှီကုန်သော။ စက္ခုဝိညေယျာနံ၊ စက္ခုဝိညာဥ်ဖြင့် သိအပ်ကုန်သော။ ရူပါနံ၊ တို့ကို။ အပ္ပဋိလာဘံ ဝါ၊ မရသည်ကိုမူလည်း။ အပ္ပဋိလာဘတော၊ မရသောအားဖြင့်။ သမနုပဿတော၊ ရှုဆင်ခြင်သသူအား။ အတီတံ၊ လွန်လေပြီးသော။ နိရုဒ္ဓံ၊ ချုပ်လေပြီးသော။ ဝိပရိဏတံ၊ ဖောက်ပြန်လေပြီးသော။ ပုဗ္ဗေ၊ ရှေး၌။ ပဋိလဒ္ဓပုဗ္ဗံ ဝါ၊ ရဘူးပြီးအဟောင်းကိုမူလည်း။ သမနုဿရတော၊ (တညဥ်းတွားတွားပြုသဖြင့်) ပြန်လည်အောက်မေ့သသူအား။ ယံ ဒေါမနဿံ၊ အကြင်ဒေါမနဿသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ ယံ ဒေါမနဿံ၊ သည်။ အတ္ထိ၊ ၏။ ဣဒံ-ဒေါမနဿံ၊ ကို။‌ ဂေဟသိတံ၊ ကာမဂုဏ်ကိုမှီသော။ ဒေါမနဿန္တိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ ဣတိအာဒိနာ၊ သော။ နယေန၊ ဖြင့်။ အာဂတံ၊ သော။ ဂေဟသိတံ၊ သော။ ဒေါမနဿံ၊ သည်။ ဝိပတ္တိဒဿနသဘာဂတာယ၊ ဝိပတ္တိကိုရှုခြင်းသဘောတူသည်၏အဖြစ်ကြောင့်။ အာသန္နပစ္စတ္တိကံ၊ မည်၏။
သဘာဝဝိသဘာဂတာယ၊ ကရုဏာသဘော၏ ဝိဟိံ သာသဘောနှင့် မတူသည်၏အဖြစ်ကြောင့်။ ဝါ၊ သဘောအားဖြင့်မတူကြသည်၏အဖြစ်ကြောင့်။ ဝိဟိံသာ၊ သည်။ [၃၁၃] ဒူရပစ္စတ္ထိကာ၊ မည်၏။
တသ္မာ၊ ထိုသို့ဒူရပစ္စတ္တိကဖြစ်သောကြောင့်။ တတော၊ ထိုဝိဟိံသာမှ။ နိဗ္ဘယေန၊ ကြောက်ရွံ့ခြင်းကင်းသည်ဖြစ်၍။ ကရုဏာယိတဗ္ဗံ၊ ကရုဏာကို ပွါးစေအပ်၏။ ဝါ၊ ကရုဏာကိုပြုအပ်၏။ ယေန၊ ကြောင့်။
ကရုဏဉ္စ၊ ကရုဏာကိုလည်း။ ကရိဿတိ နာမ၊ ပြုပေလတံ့။ ပါဏိအာဒီဟိ၊ လက်စသည်တို့ဖြင့်။ ဝိဟေဌိဿတိ စ၊ ညှဥ်းဆဲလည်း ညှဥ်းဆဲလတံ့။ ဣတိ၊ သို့။ ဧတံ ဌာနံ၊ သည်။ နတ္ထိ၊ မရှိ။ (တနည်း) ဧတံ၊ သည်။ အဋ္ဌာနံ၊ မဟုတ်။
မုဒိတာဗြဟ္မဝိဟာရဿ၊ ၏။ ဣဋ္ဌာနံ၊ ကုန်သော။ ပ။ လောကာမိသပဋိသံယုတ္တာနံ၊ ကုန်သော။ စက္ခုဝိညေယျာနံ၊ ကုန်သော။ ရူပါနံ၊ တို့ကို။ ပဋိလာဘံ ဝါ၊ ရသည်ကိုမူလည်း။ ပဋိလာဘတော၊ ရသောအားဖြင့်။ သမနုပဿတော၊ အား။ အတီတိ၊ သော။ နိရုဒ္ဓံ၊ သော။ ဝိပရိဏတံ၊ သော။ ပုဗ္ဗေ၊ ၌။ ပဋိလဒ္ဓပုဗ္ဗံ ဝါ၊ ကိုမူလည်း။ သမနုဿရတော၊ အဖန်တလဲလဲကြံအောက်မေ့သသူအား။ ယံ သောမနဿံ၊ သည်။ ဥပ္ပဇ္ဇတိ၊ ၏။ ဧဝရူပံ၊ သော။ ယံ သောမနဿံ၊ သည်။ အတ္ထိ၊ ၏။ ဣဒံ-သောမနဿံ၊ ကို။ ဂေဟသိတံ၊ ကာမဂုဏ်ကိုမှီသော။ သောမနဿန္တိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ ဣတိအာဒိနာ၊ သော။ နယေန၊ ဖြင့်။ အာဂတံ၊ သော။ ဂေဟသိတံ၊ သော။ သောမနဿံ၊ သည်။ သမ္ပတ္တိဒဿနသဘာဂတာယ၊ ပြည့်စုံခြင်းကို ရှုခြင်း သဘောတူသည်၏အဖြစ်ကြောင့်။ အာသန္နပစ္စတ္ထိကံ၊ မည်၏။ သဘာဝဝိသဘာဂတာယ၊ မုဒိတာ သဘော၏ အရတိသဘောနှင့်မတူသည်၏အဖြစ်ကြောင့်။ ဝါ၊ သဘောအားဖြင့် မတူကြသည်၏အဖြစ်ကြောင့်။ အရတိ၊ သည်။ ဒူရပစ္စတ္ထိကာ၊ မည်၏။
တသ္မာ၊ ကြောင့်။ တတော၊ ထိုအရတိမှ။ ဝါ၊ အရတိ အခွင့်ရအပ်သည်မှ။ နိဗ္ဘယေန၊ ကြောက်ရွံ့တွန့်တိုခြင်းမရှိသည်ဖြစ်၍။ မုဒိတာ၊ ကို။ ဘာဝေတဗ္ဗာ၊ ၏။ ယေန၊ ကြောင့်။
မုဒိတာ စ နာမ၊ နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာသည် မည်သည်လည်း။ ဘဝိဿတိ၊ ဖြစ်လတံ့။ ပန္တသေနာသနေသု ဝါ၊ တောကျောင်းတို့၌၎င်း။ အဓိကုသလဓမ္မေသု ဝါ၊ လွန်ကဲသော ကုသိုလ်ဖြစ်သော သမထဝိပဿနာတရားတို့၌၎င်း။ ဥက္ကဏ္ဌိဿတိ စ၊ မပျော်မမွေ့ ငြီးငွေ့ဆန့်ကျင်လည်း ဆန့်ကျင်လတံ့။ ဣတိ၊ ဤသို့။ ဧတံ ဌာနံ၊ ဤအကြောင်းသည်။ န အတ္ထိ၊ မရှိ။ (တနည်း) ဧတံ၊ သည်။ အဋ္ဌာနံ၊ မဟုတ်။
ပန၊ ပါး။ ဥပေက္ခာဗြဟ္မဝိဟာရဿ၊ ၏။ ဗာလဿ၊ မသိမလိမ္မာထသော။ မူဠှဿ၊ (အတ္တဟိတ ပရဟိတတို့၌) လွန်စွာ တွေဝေထသော။ ပုထုဇ္ဇနဿ၊ ပုထုဇဥ်မည်ထသော။ အနောဓိဇိနဿ၊ (ကိလေသာဓိတို့ကို) မဂ္ဂေါဓိတို့ဖြင့် မအောင်သေးထသော။ ဝါ၊ အပိုင်းအခြားဖြင့် ကိလေသာတို့ကိုအောင်ပြီး သေက္ခလည်းမဟုတ်ထသော။ အဝိပါကဇိနဿ၊ (သတ္တမဘဝစသည်မှ အသက်၌ဖြစ်လတံ့သော) ဝိပါက်ကို မအောင်သေးထသော။ ဝါ၊ ပဋိသန္ဓေဝိပါက်ကို အောင်ပြီးသော အသေက္ခလည်း မဟုတ်ထသော။ အနာဒီနဝဒဿာဝိနော၊ အပြစ်အာဒီနဝတို့ကိုရှုလေ့မရှိထသော။ အဿုတဝတော၊ (အာဂမ အဓိဂမ မရှိသောကြောင့်) သုတချို့ထသော။ ဝါ၊ အကြားအမြင်မရှိတော။ ပုထုဇ္ဇနဿ၊ အန္ဓပုထုဇဥ်အား။ စက္ခုနာ၊ ဖွင့်။ ရူပံ၊ ကို။ ဒိသွာ၊ ၍။ ဥပေက္ခာ၊ သည်။ ဥပ္ပဇ္ဇတိ၊ ၏။ ဧဝရူပါ၊ ဤသို့သဘောရှိသော။ ယာ ဥပေက္ခာ၊ သည်။ အတ္ထိ၊ ၏။ သာ-ဥပေက္ခာ၊ သည်။ ရူပံ၊ ရူပါရုံကို။ နာတိဝတ္တတိ၊ မလွန်နိုင်။
တသ္မာ၊ ‌ထိုသို့မလွန်နိုင်သောကြောင့်။ သာ ဥပေက္ခာ၊ ကို။ ဂေဟသိတာတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ ဣတိအာဒိနာ၊ သော။ နယေန၊ ဖြင့်။ အာဂတာ၊ သော။ ဂေဟသိတာ၊ ကာမဂုဏ်ကိုမှီသော။ အညာဏုပေက္ခာ၊ (သောမနဿဒေါမနဿကင်းလျက် သက်သက်) အညာဏသာဖြစ်သော ဥပေက္ခာသည်။ ဝါ၊ မောဟနှင့်ယှဥ်သော ဥပေက္ခာသည်။ ဒေါသဂုဏာဝိစာရဏဝသေန၊ အပြစ်ကျေးဇူးကို အထူးမစီစစ် မဆင်ခြင်သောအားဖြင့်။ သဘာဂတ္တာ၊ သဘာဂ၏ အဖြစ်ကြောင့်။ အာသန္နပစ္စတ္ထိကာ၊ မည်၏။
သဘာဝဝိသဘာဂတာယ၊ ဗြဟ္မဝိဟာရုပေက္ခာ သဘော၏ ရာဂပဋိဃတို့သဘော နှင့် မတူသည်၏အဖြစ်ကြောင့်။ ဝါ၊ သဘောအားဖြင့် အချင်းချင်းဝိဘာဂ၏အဖြစ်ကြောင့်။ ရာဂပဋိဃာ၊ တို့သည်။ ဒူရပစ္စတ္ထိကာ၊ မည်ကုန်၏။
တသ္မာ၊ ကြောင့်။ တတော၊ ထိုရာဂပဋိဃမှ။ ဝါ၊ ရာဂပဋိဃ၏ အခွင့်ရအံ့သည်မှ။ နိဗ္ဘယေန၊ ကြောက်ရွံ့ခြင်း ကင်းသည်ဖြစ်၍။ ဥပေက္ခိတဗ္ဗံ၊ ဥပေက္ခာကို ပွါးစေအပ်၏။ ဝါ၊ လျစ်လျူရှုအပ်၏။ ယေန၊ ကြောင့်။
ဥပေက္ခိဿတိ စ နာမ၊ ဥပေက္ခာကိုမူလည်း ဖြစ်စေလအံ့။ ရဇ္ဇိဿတိ စ၊ တပ်မူလည်း တပ်လတံ့။ ပဋိဟညိဿတိ စ၊ ညှဥ်းဆဲ ထိပါးမူလည်း ထိပါးလတံ့။ ဣတိ၊ သို့။ ဧတံ ဌာနံ၊ သည်။ နတ္ထိ၊ မရှိ။ (တနည်း) ဧတံ၊ သည်။ အဋ္ဌာနံ၊ မဟုတ်။
စ၊ ထိုမှတပါး။ သဗ္ဗေသမ္ပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။ ဧတေသံ၊ ထိုမေတ္တာစသော ဗြဟ္မဝိဟာရတို့၏။ ကတ္တုကာမတာဆန္ဒော၊ ပြုလိုသည်၏အဖြစ်တည်းဟူသော ဆန္ဒသည်။ အာဒိ၊ အစအမြစ်တည်း အဘယ့်ကြောင့် ကတ္တုကာမတာဆန္ဒော အာဒိ-ဟူသနည်း? ဆန္ဒမူလကာ ကုသလာ ဓမ္မာတိ ဝစနတော။ ထို့ကြောင့် သာလော? အထဝါ သတ္တေသု ဟိတေသိတာဒုက္ခာပနယနကာမတာဒိနာ အနဝဇ္ဇာတိ ပတ္တနာဝသေန ပဝတ္တနတော ကတ္တုကာမတာဆန္ဒော အာဒီတိ ဝုတ္တံ၊ ဋီ ၁၊၃၈၃။ ဥပေက္ခာဗြဟ္မဝိဟာရသည် ဟိတဆန္ဒကိုစွန့်၍ လျစ်လျူသာဖြစ်သည် မဟုတ်လောဟူမူ? ဟိ၊ အသင့်ကိုဆိုအံ့။ ဥပေက္ခာဗြဟ္မဝိဟာရောပိ၊ သည်လည်း။ သတ္တေသု၊ တို့၌။ အနိရာကတဟိတစ္ဆန္ဒောယေဝ၊ မစွန့်မပစ် မမြစ်မပယ်အပ်သော ဟိတ၌ဆန္ဒရှိသည်သာလျှင်။ ဟုတွာ၊ ၍။ တတ္ထ၊ ထိုသတ္တဝါတို့၌။ အဗျာဝဋတာ၊ ကြောင့်ကြဗျာပါရကင်းသည်၏အဖြစ်သည်။ အပဏ္ဏကပဋိပဒါတိ၊ ဘုရားပစ္စေကဗုဒ္ဓါ သာဝကတို့ ကျင့်အပ်သော မချွတ်မအပ်သော အကျင့်ပေဟု။ အဇ္ဈုပေက္ခနာကာရေန၊ လျစ်လျူပြုသော အခြင်းအရာဖြင့်။ ပဝတ္တတိ၊ ၏။ မာတာ၊ သည်။ သကိစ္စပ္ပသုတေ၊ အိမ်ထောင်လူရေးပွန်လျက်ကိုပင် ချွန်၍ မိမိကိစ္စ၌ အားထုတ်စွမ်းသော။ ပုတ္တေ၊ သား၌။ အဇ္ဈုပေက္ခနာကာရေန၊ ဖြင့်။ ပဝတ္တတိ ဝိယ၊ ဖြစ်သကဲ့သို့တည်း။ ၎င်းဋီကာ။ (ပြည်)။ နီဝရဏာဒိဝိက္ခမ္ဘနံ၊ နီဝရဏ စသည်တို့ကို ခွါခြင်းသည်။ ဝါ၊ နီဝရဏစသည်တို့၏ ကွာခြင်းသည်။ မဇ္ဈံ၊ အလယ်မည်၏။ အပ္ပနာ၊ အပ္ပနာသည်။ ပရိယောသာနံ၊ အဆုံးအပြီးမည်၏။
ပညတ္တိဓမ္မဝသေန၊ ပညတ်ဟု ဆိုအပ်သော ဓမ္မ၏အစွမ်းဖြင့်။ ဧကော ဝါ သတ္တော၊ တဦးသော သတ္တဝါသည်၎င်း။ အနေက ဝါ သတ္တာ၊ တဦးမဟုတ်ကုန်များစွာသော သတ္တဝါတို့သည်၎င်း အနေက၌ ဧက သဒ္ဒါသည် တဦးကိုသာမဟော၊ အများကိုဟောသတည်း။ အကုသလာ ဓမ္မာ-၌ ကုသလ-သဒ္ဒါသည် အကုသိုလ်ဟူသော အနက်ကို ဟောသကဲ့သို့တည်း။ အကယ်၍ အကုသလ၌ ကုသလသည် ကုသိုလ်ကို ဟောသည်ဖြစ်အံ့၊ န နှင့် တုလျာဓိကရဏကမ္မဓာရည်းမဖြစ်နိုင်။ ဤကဲ့သို့ ဤ၌လည်း ဧက-သဒ္ဒါသည် တဦးကိုသာ ဟောသည်ဖြစ်အံ့၊ န နှင့် တုလျာဓိကရဏမဖြစ်နိုင်ရာ။ ထို့ကြောင့် န ဧကေ အနေကေ-ဟု သမာသိပြု၍ သတ္တာ-သို့ သွားရာ၏ ။ဒေဝါနံ ရာဇာ ဒေဝရာဇာ ဒေဝရာဇာ-ဟု နှစ်ထွေရှိသကဲ့သို့ အနေကာ-ဟူ၍၎င်း သဗ္ဗနာမ်ဇာတ်မပျောက်မူ၍ အနေကေ-ဟူ၍ ၎င်းနှစ်ထွေရှိသင့်၏ ။ (ပြည်)။ အာရမ္မဏံ၊ အာရုံမည်၏။
ဥပစာရေ ဝါ၊ ဥပစာရသည်မူလည်း။ ပတ္တေ၊ ရောက်လတ်သော်။ အာရမ္မဏဝဍ္ဎနံ၊ သည်။ ဟောတိ၊ ၏။ အပ္ပနာယ ဝါ၊ သည်မူလည်း။ ပတ္တာယ၊ သော်။ အာရမ္မဏဝဍ္ဎနံ၊ သည်။ ဟောတိ၊ ၏။ (ဤသို့အသီးအသီး ယောဇနာ။)
တတြ၊ ထိုအာရုံကိုပွါးစေခြင်း၌။ အယံ၊ ကား။ ဝဍ္ဎနက္ကမော၊ ပွါးစေသောအစဥ်တည်း။ ဟိ၊ ထင်ရှားပြအံ့။ ကုသလော၊ လိမ္မာသော။ ကဿကော၊ လယ်ထွန်သမားသည်။ ကသိတဗ္ဗဋ္ဌာနံ၊ ထွန်အပ်သောအရပ်ကို။ ပရိစ္ဆိန္ဒိတွာ၊ ၍။ ကဿတိ ယထာ၊ ထွန်သကဲ့သို့။ ဧဝံ၊ တူ။ ပဌမမေဝ၊ လက်ဦးစွာလျှင်။ ဧကံ အာဝါသံ၊ တခုသောကျောင်းတိုက်ကို။ (ဧတ္ထ၊ ဤကျောင်းတိုက်၌။ သတ္တေ၊ တို့ကို။ မေတ္တာယ၊ ဖြင့်။ ဖရိဿာမိ၊ နှံ့စေအံ့။ ဣတိ ဧဝံ၊ သို့။ ဉာဏေန၊ ဖြင့်။) ပရိစ္ဆိန္ဒိတွာ၊ ပိုင်းခြား၍။ တတ္ထ၊ ထိုတခုသော ကျောင်းတိုက်၌။ သတ္တေသု၊ တို့၌။ (ဘာဝေတဗ္ဗာ-၌စပ်) ဣမသ္မိံ အာဝါသေ၊ ဤကျောင်းတိုက်၌။ သတ္တာ၊ ‌နေသောသတ္တဝါတို့သည်။ အဝေရာ၊ ရန်မရှိကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်။ ဣတိအာဒိနာ၊ သော။ နယေန၊ ဖြင့်။ မေတ္တာ၊ ကို။ ဘာဝေတဗ္ဗာ၊ ၏။
တတ္ထ၊ ထိုတခုသော ကျောင်းတိုက်၌။ စိတ္တံ၊ ဘာဝနာစိတ်ကို။ မုဒုံ၊ နူးညံ့သည်ကို။ ကမ္မနိယံ၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းအမှု၌ ခံ့သည်ကို။ ကတွာ၊ ၍။ ဒွေ အာဝါ‌သာ၊ နှစ်ခုသော ကျောင်းတိုက်တို့ကို။ ဝါ၊ နှစ်ခုသော ကျောင်းတိုက်တို့၌ နေသောသတ္တဝါတို့ကို။ ပရိစ္ဆိန္ဒိတဗ္ဗာ၊ ပိုင်းခြားအပ်ကုန်၏။
တတော၊ ထိုနောက်မှ။ အနုက္ကမေန၊ အစဥ်သဖြင့်။ တယောအာဝါသာ၊ တို့ကို။ ပ။ ဒသ အာဝါသာ၊ တို့ကို။ ပရိစ္ဆိန္ဒိတဗ္ဗာ၊ ကုန်၏။ ဧကာ ရစ္ဆာ၊ တခုသောလမ်းကို။ ပရိစ္ဆိန္ဒိတဗ္ဗာ၊ ၏။ ဥပဍ္ဎဂါမော၊ ထက်ဝက်သော‌ရွာကို။ ဂါမော၊ တရွာလုံးကို။ ဇနပဒေါ၊ တခုသော ဇနပုဒ်ကို။ ပရိစ္ဆိန္ဒိတဗ္ဗော၊ ၏။ ရဇ္ဇံ၊ တိုင်းပြည်လုံးကို။ ပရိစ္ဆိန္ဒိတမ္ဗံ၊ ၏။ ဧကာ ဒိသာ၊ တခုသော အရပ်ကို။ ပရိစ္ဆိန္ဒိတဗ္ဗာ၊ ၏။ ဣတိ ဧဝံ၊ ဤသို့သောနည်းဖြင့်။ ယာဝ ဧကံ စက္ကဝါဠံ၊ တခုသော စကြဝဠာတိုင်အောင်။ ပရိစ္ဆိန္ဒိတဗ္ဗံ၊ ၏။ တတော၊ ထိုတခုသော စကြဝဠာ ထက်။ ဘိယျော ဝါ ပန၊ အလွန်မူလည်း။ (ပရိစ္ဆိန္ဒိတွာ၊ ၍။) တတ္ထ တတ္ထ၊ ထိုထိုနှစ်ခုသော စကြဝဠာတိုက်စသည်တို့၌။ (ဝသန္တေသု၊ နေကုန်သော။) သတ္တေသု၊ တို့၌။ [၃၁၄] မေတ္တာ၊ ကို။ ဘာဝေတဗ္ဗာ၊ ၏။
တထာ၊ တူ။ ကရုဏာဒယော၊ ကရုဏာစသည်တို့ကို။ ဘာဝေတဗ္ဗာ၊ ကုန်၏။ ဣတိ အယံ၊ ကား။ ဧတ္ထ၊ ဤဗြဟ္မဝိဟာရ၍။ အာရမ္မဏဝဍ္ဎနက္ကမော၊ အာရုံကို ပွါးစေသော အစဥ်တည်း။
ပန၊ ထိုမှတပါး။ အာရုပ္ပါ-အရူပဇ္ဈာနာနိ၊ တို့သည်။ ကသိဏာနံ-ကသိဏဇ္ဈာနာနံ၊ တို့၏။ နိဿန္ဒော-နိဿန္ဒဖလသဒိသာ၊ နိဿန္ဒအကျိုးနှင့် တူကုန်သည်။ ဟောန္တိ ယထာ၊ ဖြစ်ကုန်သကဲ့သို့၎င်း။ နေတသညာနာသညာယတနံ၊ နေဝသညာနာသညာယတနဈာန်သည်။ သမာဓိနိဿန္ဒော၊ ရူပဈာန်သမာဓိ, အောက်အရူပဈာန် သမာဓိတို့၏ အကျိုးဆက်သည်။ ဟောတိ ယထာ၊ သို့၎င်း။ ဖလသမာပတ္တိ၊ ဖလသမာပတ်သည်။ ဝိပဿနာနိဿန္ဒော၊ ဝိပဿနာ၏ အကျိုးဆက်နှင့်တူသည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့၎င်း။ နိရောဓသမာပတ္တိ၊ သည်။ သမထဝိပဿနာနိဿန္ဒော၊ သမထဝိပဿနာ နှစ်ပါး၏ အကျိုးဆက်သည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့၎င်း။ ဧဝံ၊ တူ။ ဧတ္ထ၊ ဤလေးပါးသော ဗြဟ္မဝိဟာရတို့တွင်။ ဥပေက္ခာဗြဟ္မဝိဟာရော၊ သည်။ ပုရိမဗြဟ္မဝိဟာရတ္တယနိဿန္ဒော၊ ရှေး၌ဖြစ်သော ဗြဟ္မဝိဟာရတရားသုံးပါး အပေါင်း၏ အကျိုးဆက်သည်။ ဟောတိ၊ ၏။
ဟိ၊ ထင်ရှားပြုအံ့။ ထမ္ဘေ၊ သည်တိုင်တို့ကို။ အနုဿာပေတွာ၊ မစိုက်မူ၍။ တုလာသင်္ဃာဋံ၊ ထုပ်လျောက်ကို။ အနာရောပေတွာ၊ မတင်မူ၍။ အာကာသေ၊ ကောင်းကင်၌။ ကူဋဂေါပါနသိယော၊ အထွဋ်အခြင်တို့ကို။ ဌပေတုံ၊ ထားခြင်းငှါ။ န သက္ကာ ယထာ၊ မတတ်ကောင်းသကဲ့သို့။ ဧဝံ၊ တူ။ ပုရိမေသု၊ ရှေး၌ ဖြစ်ကုန်သော မေတ္တာ, ကရုဏာ, မုဒိတာ ဗြဟ္မာဝိဟာရတို့၌။ (လဒ္ဓံ၊ ရအပ်ပြီးသော။) တတိယဇ္ဈာနံ၊ တတိယဈာန်ကို။ ဝိနာ၊ ၍။ စတုတ္ထံ၊ စတုတ္ထဖြစ်သော ဥပေက္ခာဗြဟ္မဝိဟာရကို။ ဘာဝေတုံ၊ ငှါ။ န သက္ကာ၊ မတတ်ကောင်း။ ဣတိ၊ ဤရွေ့အပြီးတည်း။
ဧတ္ထ၊ ဤဗြဟ္မာဝိဟာရကထာ၌။ (ဝုစ္စမာနာကာရေန၊ ဆိုလတံ့သောအခြင်းအရာဖြင့်။ ကဿစိ၊ တစုံတယောက်သော သူ၏။ ပရိဝိတက္ကော၊ အဖန်ဖန်ကြံဆခြင်းသည်။) သိယာ၊ ၏။ ကသ္မာ ပန၊ အဘယ့်ကြောင့်ကား။ ဧတာ မေတ္တာကရုဏာမုဒိတာဥပေက္ခာ၊ ဤမေတ္တာကရုဏာမုဒိတာဥပေက္ခာတို့ကို။ ဗြဟ္မဝိဟာရာတိ၊ တို့ဟူ၍။ ဝုစ္စန္တိ၊ နည်း။
ကသ္မာ စ၊ အဘယ့်ကြောင့်လည်း။ စတဿောဝ၊ လေးပါးတို့ဟူ၍သာလျှင်။ ဝုစ္စန္တိ၊ နည်း။
ဧတာသံ၊ ထိုလေးပါးသော ဗြဟ္မဝိဟာရတို့၏။ ကမော စ၊ အစဥ်သည်လည်း။ ကော၊ အဘယ်နည်း။ အဘိဓမ္မေ စ၊ ၌လည်း။ ကသ္မာ၊ ကြောင့်။ အပ္ပမညာတိ၊ ဟူ၍။ ဝုတ္တာ၊ နည်း။ ဣတိ၊ သို့။ ပရိဝိတက္ကော၊ သည်။ သိယာ၊ ၏။ ပရိဟာရော၊ ကို။ မယာ၊ သည်။
ဝုစ္စတေ၊ ၏။ ဧတ္ထ-ဧတေသု မေတ္တာဒီသု၊ တို့၌။ တာဝ၊ စွာ။ သေဋ္ဌဋ္ဌေန၊ မြတ်သောအနက်သဘောကြောင့်၎င်း။ နိဒ္ဒေါသဘာဝေန စ၊ အပြစ်ဒေါသမရှိသည်၏ အဖြစ်ကြောင့်၎င်း။ ဗြဟ္မဝိဟာရတာ၊ ဗြဟ္မဝိဟာရမည်သည်၏အဖြစ်ကို။ ဝေဒိတဗ္ဗာ၊ ၏။
ဟိ-ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။ သတ္တေသု၊ တို့၌။ သမ္မာပဋိပတ္တိဘာဝေန၊ ကောင်းသောအကျင့်၏ အဖြစ်ကြောင့်။ ဧတေ ဝိဟာရာ၊ ထိုဗြဟ္မဝိဟာရတို့သည်။ သေဋ္ဌာ၊ မြတ်ကုန်၏။
စ၊ ထိုမှတပါး။ ဗြဟ္မာနော၊ ဥပပတ္တိဗြဟ္မာတို့သည်။ ဝါ၊ ပွါးစေအပ်ပြီးသော ကျေးဇူးရှိကုန်သော ဘုရားလောင်းတို့သည်။ နိဒ္ဒေါသစိတ္တာ၊ နီဝရဏစသော အပြစ်ကင်းသောစိတ်ရှိကုန်သည်ဖြစ်၍။ ဝိဟရန္တိ ယထာ၊ နေကုန်သကဲ့သို့။ ဧဝံ၊ အတူ။ ဧတေဟိ၊ ထိုမေတ္တာစသော တရားလေးပါးတို့နှင့်။ သမ္ပယုတ္တာ၊ ကုန်သော။ ယောဂိနော၊ ယောဂီတို့သည်လည်း။ (ပိ-ကျေ) ဗြဟ္မသမာ၊ ဥပပတ္တိဗြဟ္မာ, ဗုဒ္ဓင်္ကုရဗြဟ္မာတို့နှင့် တူကုန်သည်သာလျှင်။ (ဧဝ-ကျေ) ဟုတွာ၊ ၍။ ဝိဟရန္တိ၊ ကုန်၏။ ဣတိ၊ သို့။ သေဋ္ဌဋ္ဌေန၊ ကြောင့်၎င်း။ နိဒ္ဒေါသဘာဝေန စ၊ ကြောင့်၎င်း။ (ဧတေ၊ ဤမေတ္တာစသည် လေးပါးတို့ကို။) ဗြဟ္မဝိဟာရာတိ၊ ၍။ ဝုစ္စန္တိ၊ ကုန်၏။
ပန၊ ပါး။ ကသ္မာ စ စတဿောတိအာဒိပဥှဿ၊ ကသ္မာ စ စတဿော ဤသို့စသော သုံးပါးအပြားရှိသော ပဥှာ၏။ ဣဒံ၊ ဤဆိုလတံ့သည်ကား။ ဝိဿဇ္ဇနံ၊ တည်း။
ဝိသုဒ္ဓိမဂ္ဂါဒိဝသာ၊ (ဗျာပါဒ သံကိလေသ စသည်မှ) စင်ခြင်း၏ အကြောင်း စသည်၏အစွမ်းအားဖြင့်။ စတဿော၊ တို့သည်။ ဟောန္တိ၊ ကုန်၏။ ပန၊ ပါး။ ဟိတာဒိအာကာရဝသာ၊ အစီးအပွါးကိုကျင့်ခြင်းစသည်အခြင်းအရာအားဖြင့်။ အာသံ-မေတ္တာဒီနံ၊ တို့၏ နာသံ ကုဇ္ဈာန္တိ ပဏ္ဍိတာ-၌ အာသံ-ပုဒ်သည် သံ-အပြုနှောင်းသောကြောင့် တာ-သဒ္ဒါကို အာ-ပြု၍ပြီးသည်။ အာ စ တိလိင်္ဂေ၊ အာသံ ဣတ္ထီနံ၊ တာသံ ဝါ၊ အာသံ ပုရိသာနံ၊ အာသံ စိတ္တာနံ၊ တေသံ ဝါ။ သဒ္ဒနီတိ။ (ပြည်)။ ကမော၊ သည်။ ဟောတိ၊ ၏။ တာ၊ ထိုမေတ္တာစသည်တို့သည်။ အပ္ပမာဏေ၊ ပမာဏကင်းသော။ ဂေါစရေ၊ သတ္တပညတ်ဟူသော အာရုံ၌။ ယေန-ကာရဏေန၊ ကြောင့်။ ပဝတ္တန္တိ၊ ကုန်၏။ တံ-တသ္မာ၊ ကြောင့်။ အပ္ပမညာတိ စ၊ ၍လည်း။ ဝုစ္စန္တိ၊ ကုန်၏။
ဟိ၊ ချဲ့အံ့။ ဧတာသု၊ ထိုမေတ္တာစသား လေးပါးတို့တွင်။ ယသ္မာ၊ ကြောင့်။ မေတ္တာ၊ သည်။ ဗျာပါဒဗဟုလဿ၊ ဗျာပါဒအဖြစ်များသသူ၏။ (ဝိသုဒ္ဓိမဂ္ဂေါ-၌စပ်) ကရုဏာ၊ သည်။ ဝိဟေသာဗဟုလဿ၊ ဝိဟိံသာအဖြစ်များသသူ၏။ မုဒိတာ၊ သည်။ အရတိဗဟုလဿ၊ အရတိအဖြစ်များသသူ၏။ ဥပေက္ခာ၊ သည်။ ရာဂဗဟုလဿ၊ ရာဂများသသူ၏။ ဝိသုဒ္ဓိမဂ္ဂေါ၊ စင်ကြယ်ခြင်း၏အကြောင်းသည်။ ဟောတိ၊ ၏။
ယသ္မာ စ၊ ကြောင့်လည်း။ ဟိတူပသံဟာရအဟိတာပနယနသမ္ပတ္တိမောဒနအနာဘောဂဝသေန၊ အစီးအပွါးကိုကပ်၍ဆောင်ခြင်း, စီးပွါးမဲ့အနတ္ထကိုပယ်‌ဖျောက်ခြင်း, ပြည့်စုံကုံထံသည့်စည်းစိမ်ကိုဝမ်းမြောက်ခြင်း, ပဋိဃပီနနအသင်းအပင်းသို့ ကျသောအားဖြင့် နှလုံးမသွင်းခြင်းအားဖြင့်။ စတုဗ္ဗိဓောယေဝ၊ လေးပါးသာလျှင် အပြားရှိသော။ သတ္တေသု၊ တို့၌။ မနသိကာရော၊ နှလုံးသွင်းခြင်းသည်။ ဟောတိ၊ ၏။
စ၊ ဟိတူပသံဟာရစသည့် ဥပမေယျအတ္ထကို ဥပမာဖြင့် မြှင့်၍ဆိုအံ့။ ယသ္မာ၊ ကြောင့်။ မာတာ၊ သည်။ ဒဟရ ဂိလာန ယောဗ္ဗနပ္ပတ္တ သကိစ္စပ္ပသုတေသု၊ သားငယ်, သားနာ, အရွယ်ရောက်သောသား, မိမိကိစ္စကိုဆောင်နိုင်အားသော သားဟုဆိုအပ်ကုန်သော။ စတူသု ပုတ္တေသု၊ သားလေးယောက်တို့တွင်။ ဒဟရဿ၊ သားငယ်၏။ အဘိဝုဍ္ဎိကာမာ၊ ကြီးပွားခြင်းကိုအလိုရှိသည်။ ဟောတိ၊ ၏။ ဂိလာနဿ၊ သားနာ၏။ ဂေလညာပနယနကာမာ၊ အနာပျောက်ပယ်ခြင်းကိုအလိုရှိသည်။ ယောဗ္ဗနပ္ပတ္တဿ၊ ၏။ ယောဗ္ဗနသမ္ပတ္တိယာ၊ ပျိုမျစ်နုနယ် အရွယ်ပြည့်စုံခြင်း၌။ စိရဋ္ဌိတိကာမာ၊ ရှည်မြင့်စွာ တည်ခြင်းကို အလိုရှိသည်။ ဟောတိ၊ ၏။ သကိစ္စပ္ပသုတဿ၊ မိမိကိစ္စ၌ လေ့ကျင့်ရွက်ဆောင်နိုင်သောသား၏။ ကိသ္မိဉ္စိ ပရိယာယေ၊ တစုံတခုသော အလှည့်၌။ (ကိစ္စအားဖြင့် ထိုထိုအလှည့်အစဥ်၌ဟူလို) အဗျာဝဋာ အနုဿုက္ကာ၊ အားထုတ်ကြောင့်ကြဗျာပါရမရှိသည်။ ဟောတိ ယထာ၊ ကဲ့သို့။ တထာ၊ တူ။ အပ္ပမညာဝိဟာရိကေနာပိ၊ ဗြဟ္မစိုရ်တရားဖြင့် နေလေ့ရှိသော ရဟန်းသည်လည်း။ သဗ္ဗသတ္တေသု၊ (ပိယ, အတိပ္ပိယ, မဇ္ဈတ္တ,‌ ဝေရီ) အလုံးစုံသော သတ္တဝါတို့၌။ မေတ္တာဒိဝသေန၊ မေတ္တာစသည်တို့၏ အစွမ်းဖြင့်။ (မေတ္တာယနာဒိဝသိကေန၊ မေတ္တာပွါးခြင်းစသည်၌ လေ့လာခြင်းရှိသည်။) ဘဝိတဗ္ဗံ၊ ဖြစ်သင့်၏။
တသ္မာ၊ ထိုဆိုအပ်ပြီးသော အကြောင်းသုံးပါးတို့ကြောင့်။ ဣတော ဝိသုဒ္ဓိမဂ္ဂါဒိဝသာ၊ ဤဝိသုဒ္ဓိမဂ္ဂအစရှိသော အစွမ်းဖြင့်။ အပ္ပမညာ၊ သည်။ စတဿောဝ၊ လေးပါးတို့သာတည်း။
[၃၁၅] ယသ္မာ၊ ကြောင့်။ ဧတာ စတဿောပိ၊ ဤမေတ္တာစသော လေးပါးလုံးတို့ကိုလည်း။ ဘာဝေတုကာမေန၊ ပွါးစေလိုသော ယောဂီသည်။ ပဌမံ၊ လက်ဦးစွာ။ ဟိတာကာရပ္ပဝတ္တိဝသေန၊ အစီိးအပွါးကို ကျင့်သော အခြင်းအရာဖြင့် ဖြစ်ခြင်းလက္ခဏာရှိသောမေတ္တာ၏ အစွမ်းဖြင့်။ သတ္တေသု၊ တို့၌။ ပဋိပဇ္ဇျတဗ္ဗံ၊ ကျင့်အပ်၏။ စ၊ ဆက်။ မေတ္တာ၊ သည်။ ဟိတာကာရပ္ပဝတ္တိလက္ခဏာ၊ ဟိတကို ကျင့်သော အခြင်းအရာဖြင့် ဖြစ်ခြင်းလက္ခဏာရှိ၏။
တတော ပရံ၊ ထိုပွါး‌စေပြီးသည်မှ နောက်၌။ ဧဝံ၊ ဤသို့သော အခြင်းအရာအားဖြင့်။ ပတ္ထိတဟိတာနံ၊ တောင့်တအပ်ပြီးသော အစီးအပွါးရှိကုန်သော။ သတ္တာနံ၊ တို့အား။ ဒုက္ခာဘိဘဝံ၊ ဆင်းရဲနှိပ်စက်ခြင်းကို။ ဝါ၊ ဆင်းရဲနှိပ်စက်အံ့လေသည်ကို။ ဒိသွာ ဝါ၊ ၍၎င်း။ သုတွာ တါ၊ ၍၎င်း။ သမ္ဘာဝေတွာ ဝါ၊ ဤအကျင့်ဖြင့် အသူသည် ငရဲ စသည်၌ဖြစ်ရရှာလိမ့်ဟု ကြံ၍၎င်း ဤ၌ သံပုဗ္ဗဘူ-ဓာတ်သည် ပရိကပ္ပအနက်ကို ဟော၏ ။ (ပြည်)။ ဒုက္ခာပနယနာကာရပ္ပဝတ္တိဝသေန၊ ဆင်းရဲကို ပယ်လိုသော အခြင်းအရာဖြင့် ဖြစ်ခြင်း၏ အစွမ်းဖြင့်။ ပဋိပဇ္ဇိတဗ္ဗံ၊ ကျင့်အပ်၏။ စ၊ ဆက်။ ကရုဏာ၊ သည်။ ဒုက္ခာပနယနာကာရပ္ပဝတ္တိလက္ခဏာ၊ ဆင်းရဲကိုပယ်လိုသော အခြင်းအရာဖြင့် ဖြစ်ခြင်းလက္ခဏာရှိ၏။
အထ-ပစ္ဆာ၊ မှ။ ဧဝံ၊ ဖြငင့်။ ပတ္ထိတဟိတာနံ၊ ကုန်သော။ ပတ္ထိတဒုက္ခာပဂမာနဉ္စ၊ ဒုက္ခ၏ကင်းခြင်းကို တောင့်တအပ်ပြီးသည်လည်းဖြစ်ကုန်သော။ နေသံ-သတ္တာနံ၊ တို့၏။ သမ္ပတ္တိံ၊ ပြည့်စုံခြင်းကို။ ဒိသွာ၊ ၍။ သမ္ပတ္တိပမောဒနဝသေန၊ စည်းစိမ်ကို ဝမ်းမြောက်သည်၏ အစွမ်းဖြင့်။ ပဋိပဇ္ဇိတဗ္ဗံ၊ ၏။ စ၊ ဆက်။ မုဒိတာ၊ သည်။ ပမောဒနလက္ခဏာ၊ ဝမ်းမြောက်ခြင်းလက္ခဏာရှိ၏။
တတော-ဟိတာကာရပ္ပဝတ္တိအာဒိတော၊ မှ။ ပရမ္ပန၊ ကား။ ကတ္တဗ္ဗာဘာဝတော၊ (လေးခုမြောက် ပကာရဖြစ်သော) ပြုဖွယ်ကိစ္စ၏ မရှိခြင်းကြောင့်။ အဇ္ဈုပေက္ခကတ္တသင်္ခါတေန၊ လျစ်လျူရှုသသူ၏ အဖြစ်ဟု ဆိုအပ်သော။ မဇ္ဈတ္တာကာရေန၊ အလယ်အလတ်သဘောဟူသော အခြင်းအရာဖြင့်။ ပဋိပဇ္ဇိတဗ္ဗံ၊ ၏။ စ၊ ဆက်။ ဥပေက္ခာ၊ သည်။ မဇ္ဈတ္တာကာရပ္ပဝတ္တိလက္ခဏာ၊ အလတ်သဘောဟူသော အခြင်းအရာဖြင့်ဖြစ်ခြင်းလက္ခဏာရှိ၏။
တသ္မာ၊ ကြောင့်။ ဣတော ဟိတာဒိအာကာရဝသာ ပန၊ ဤဆိုအပ်ပြီးသော အစီးအပွါးကိုကျင့်ခြင်းအစရှိသော အခြင်းအရာ၏အစွမ်းဖြင့်ကား။ အာသံ-မေတ္တာဒီနံ၊ တို့၏။ ဝါ၊ တို့တွင်။ ပဌမံ၊ စွာ။ မေတ္တာ၊ ကို။ ဝုတ္တာ၊ ၏။ အထ-ပစ္ဆာ၊ မှ။ ကရုဏာ၊ ကို။ ဝုတ္တာ၊ ၏။ အထ-ပစ္ဆာ၊ မှ။ မုဒိတာ၊ ကို။ ဝုတ္တာ၊ ၏။ အထ-ပစ္ဆာ၊ မှ။ ဥပေက္ခာ၊ ကို။ ဝုတ္တာ၊ ၏။ ဣတိ၊ သို့။ အယံ ကာမော၊ ဤအစဥ်ကို။ ဝေဒိတဗ္ဗော၊ ၏။
ပန၊ ထိုမှတပါး။ ယသ္မာ၊ ကြောင့်။ သဗ္ဗာပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ ဧ‌တာ၊ ထိုမေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာတို့သည်။ အပ္ပမာဏေ၊ ပမာဏမရှိသော။ ဂေါစရေ၊ အာရုံ၌။ ပဝတ္တန္တိ၊ ကုန်၏။
ဟိ၊ ရှေးစကားကို ထင်ရှားသိသာ ဆိုပါအံ့။ အပ္ပမာဏာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ ဧတာသံ၊ တို့၏။ ဂေါစရဘူတာ၊ ကုန်၏။
စ၊ ဆက်။ ဧကသတ္တဿာပိ-ဧကဿာပိ သတ္တဿ၊ တယောက်တည်းပင် ဖြစ်သော သတ္တဝါ၏။ (သမာသ်အဆုံး၌ ရှိသော အပိ-ကို သမာသ်အလယ်၌ ယှဥ်အပ်၏) ဝါ၊ သတ္တဝါတယောက်တည်းဖြစ်မူလည်း။ (ဤကား ဝေါဟာရတ္ထ) ဧတ္တကေ ပဒေသ၊ ဤမျှသော အရပ်တစိတ်၌။ မေတ္တာဒယော၊ တို့ကို။ ဘာဝေတဗ္ဗာ၊ ကုန်၏။ ဣတိ-ဧဝံ၊ သို့။ ပမာဏံ၊ ကို။ အဂ္ဂဟေတွာ၊ မယူမူ၍။ သကလဖရဏာဝသေနေဝ၊ အလုံးစုံသော ကိုယ်အရပ်ကို နှံ့စေသည့် အစွမ်းဖြင့်သာလျှင်။ ပဝတ္တာ၊ ဖြစ်ကုန်၏။ ဣတိ-တသ္မာ၊ ကြောင့်။ (ဧကသတ္တာရမ္မဏာနမ္ပိ၊ တဦးတည်းသော သတ္တဝါအာရုံ ရှိသည်ပင်ဖြစ်ကုန်သော်လည်း။ ဧတာသံ၊ ထိုမေတ္တာစသည်တို့၏။ အပ္ပမာဏဂေါစရတာ၊ ကို။ ဝုတ္တာ၊ ဆိုပိုင်၏။)
တေန၊ ထို့ကြောင့်။ ဝိသုဒ္ဓိ။ ပ။ မညာတိ၊ ဟူ၍။ ဝုတ္တံ၊ ပြီ။
စ၊ ဆက်၍ဆိုအံ့။ ဧဝံ၊ ဤဆိုအပ်ပြီးသော နည်းဖြင့်။ အပ္ပမာဏဂေါစရတာယ၊ ဖြစ်ဖြင့်။ ဧကလက္ခဏာသုပိ၊ လက္ခဏာတူသည် ဖြစ်ကုန်မူလည်း။ ဧတာသု၊ ဤအပ္ပမညာတို့တွင်။ ပုရိမာ၊ ကုန်သော။ တိဿော၊ သုံးပါးကုန်သောမေတ္တာ, ကရုဏာ, မုဒိတာ အပ္ပမညာတို့သည်။ တိကစတုက္ကဇ္ဈာနိကာဝ၊ တိကစတုက္ကဈာန်တို့နှင့်သာယှဥ်ကုန်သည်။ ဟောန္တိ၊ ကုန်၏။
ကသ္မာ၊ ကား။
သောမနဿာဝိပ္ပယောဂတော၊ သောမနဿနှင့်မကွေမကွာယှဥ်ခြင်းကြောင့်တည်း။
ကသ္မာ ပန၊ အဘယ်ကြောင့်ကား။ အာသံ၊ ထိုမေတ္တာ, ကရုဏာ, မုဒိတာ အပ္ပမညာတို့၏။ သောမနဿေန၊ နှင့်။ အဝိပ္ပယောဂေါ၊ သည်။ ဟောတိ၊ နည်း။ ဣတိ-အယံ၊ ကား။ (ပုစ္ဆာ၊ တည်း။)
ဒေါမနဿသမုဋ္ဌိတာနံ၊ ဒေါမနဿကြောင့်ဖြစ်ကုန်သော။ ဝါ၊ ထိုဒေါမနဿသည်ဖြစ်စေအပ်ကုန်သော။ ဗျာပါဒါဒီနံ၊ ဗျာပါဒအစရှိသည်တို့၏။ နိဿရဏတ္တာ၊ ထွက်ပြေးဖဲခွါကြောင်း၏အဖြစ်ကြောင့်။ သောမနဿေန၊ နှင့်။ အဝိပ္ပယောဂေါ၊ သည်။ ဟောတိ၊ ၏။
ပစ္ဆိမာ ပန၊ နောက်ဆုံးဖြစ်သော ဗြဟ္မဝိဟာရုပေက္ခာမူကား။ အဝသေသဧကဇ္ဈာနိကာဝ၊ ကြွင်းသော တခုသော စတုတ္ထဈာန်နှင့်သာယှဥ်၏။
ကသ္မာ၊ ကား။
ဥပေက္ခာဝေဒနာသမ္ပယောဂတော၊ တည်း။
ဟိ-ယသ္မာ၊ ကြောင့်။ သတ္တေသု၊ တို့၌။ မဇ္ဈတ္တာကာရပ္ပဝတ္တာ၊ သော။ ဗြဟ္မဝိဟာရုပေက္ခာ၊ သည်။ ဥပေက္ခာဝေဒနံ၊ ကို။ ဝိနာ၊ ၍။ န ဝတ္တတိ၊ မဖြစ်။
ပန၊ ဝါဒအထူးကိုပြ၍ရှင်းဦးအံ့။ ယသ္မာ၊ ကြောင့်။ ဘဂဝတော၊ သည်။ အဋ္ဌကနိပါတေ၊ ၌။ ဘိက္ခု၊ ရဟန်း။ တွံ၊ သည်။ တတော-တဒါ ကာလေ၊ ၌။ သဝိတက္ကမ္ပိ၊ ဝိတက်နှင့်လည်းတကွဖြစ်သော။ သဝိစာရံ၊ ဝိစာရနှင့်လည်းတကွဖြစ်သော။ ဣမံ သမာဓိံ၊ ဤသမာဓိကို။ ဘာဝေယျာသိ၊ ပွါးစေလော့ ဣမံ သမာဓိံ၊ ကို။ သဝိတက္ကမ္ပိ သဝိစာရံ၊ ဝိတက်ရှိသည် ဝိစာရရှိသည်ကိုလည်းပြု၍။ ဘာဝေယျာသိ၊ ‌လော့။ ဤသို့လည်း ယောဇနာသင့်၏။ နောက်၌လည်း နည်းတူပင်။ (ဆ-သံ-သော)။ အဝိတက္ကံ၊ ဝိတက်ကားမရှိ။ ဝိစာရမတ္တံ၊ ဝိစာရမျှသာရှိသော။ ဣမံ သမာဓိမ္ပိ၊ ကိုလည်း။ ဘာဝေယျာသိ၊ လော့။ အဝိတက္ကမ္ပိ၊ ဝိတက်လည်းမရှိသော။ အဝိစာရမ္ပိ၊ ဝိစာရလည်းမရှိသော။ ဣမံ သမာဓိံ၊ ကို။ ဘာဝေယျာသိ၊ လော့။ သပ္ပီတိကမ္ပိ၊ ပီတိရှိသည်လည်းဖြစ်သော။ ဣမံ သမာဓိံ၊ ကို။ ဘာဝေယျာသိ၊ လော့။ နိပ္ပီတိကမ္ပိ၊ ပီတိမရှိသည်လည်းဖြစ်သော။ ဣမံ သမာဓိံ၊ ကို။ ဘာဝေယျာသိ၊ လော့။ သာတသဟဂတမ္ပိ၊ သုခနှင့်တကွလည်းဖြစ်သော။ ဣမံ သမာဓိံ၊ ကို။ ဘာဝေယျာသိ၊ လော့။ ဥပေက္ခာသဟဂတမ္ပိ၊ ဥပေက္ခာနှင့်တကွလည်းဖြစ်သော။ ဣမံ သမာဓိံ၊ ကို။ ဘာဝေယျာသိ၊ လော့။ ဣတိ၊ သို့။ စတူသုပိ အပ္ပမညာသု၊ တို့၌လည်း။ အဝိသေသေန၊ ဖြင့်။ ဝုတ္တံ၊ ၏။ [၃၁၆] တသ္မာ၊ ကြောင့်။ စတဿော အပ္ပမညာ၊ တို့သည်။ စတုက္ကပဉ္စကဇ္ဈာနိကာ၊ စတုက္ကဈာန် ပဉ္စကဈာန်ရှိကုန်၏။ ဣတိ၊ သို့။ ယော ဘိက္ခု၊ သည်။ ဝဒေယျ၊ ဆိုငြားအံ့။
သော၊ ထိုရဟန်းကို။ မာ ဟေဝန္တိ၊ ဤသို့ မဆိုပါလင့်ဟု။ ဝစနိယော၊ သည်။
အဿ၊ ၏။ ဟိ၊ အပြစ်ကိုဆိုအံ့။ ဧဝံ၊ ဤသို့ သင်ဆိုသည့်အတိုင်းဖြစ်သည်။ သတိ၊ ဖြစ်ချေသော်။ ကာယာနုပဿနာဒယောပိ၊ ကာယာနုပဿနာစသည်တို့သည်လည်း။ စတုက္ကပဉ္စကဇ္ဈာနိကာ၊ ရှိကုန်သည်။ သိယုံ၊ ဖြစ်ကုန်ရာ၏။ (န ပန ဟောန္တိ၊ သင်အလိုရှိတိုင်း ထိုသို့ကားမဖြစ်ခဲ့ကုန်။) စ၊ ဥပနျာသ စပ်ကာပြအံ့။ ဝေဒနာဒီသု၊ ဝေဒနာ စိတ္တ ဓမ္မတို့၌။ ပဌမဇ္ဈာနမ္ပိ၊ မျှသည်သော်လည်း။ နတ္ထိ၊ မရှိခဲ့တုံသေး။ ဒုတိယာဒီနိ၊ ဒုတိယဈာန်စသည်တို့သည်။ ပဂေဝ၊ မရှိကုန်သည်မှာ ရှေးဦးစွာပင် ပြီးနှင့်၏။ ဝါ၊ မရှိကုန်ဟု ဆိုဖွယ်ရာပင် မရှိတော့သည်သာတည်း။
တသ္မာ၊ ကြောင့်။ ဗျဉ္ဇနစ္ဆာယာမတ္တံ၊ သဒ္ဒါအရိပ်အမြွက်မျှကို။ ဂဟေတွာ၊ ၍။ ဘဂဝန္တံ၊ ကို။ မာ အဗ္ဘာစိက္ခိ၊ မစွပ်စွဲပါဘိလင့်။ ဟိ-သစ္စံ၊ ၏။ ဗုဒ္ဓဝစနံ၊ မြတ်စွာဘုရားစကားတော်သည်။ ဂမ္ဘီရံ၊ နက်နဲ၏။ တံ-ဗုဒ္ဓဝစနံ၊ ကို။ အာစရိယေ၊ အဋ္ဌကထာဆရာတို့ကို။ ပယိရုပါသိတွာ၊ ကျင့်ဝတ်ကုံင ဆည်းကပ်ခ၍။ အဓိပ္ပါယတော၊ အလိုတော်နှင့်ညီစွာ။ ဂဟေတဗ္ဗံ၊ ၏။
ဟိ၊ ထင်ရှားပြအံ့။ အယံ၊ ကား။ တတြ၊ ထိုသုတ်၌။ အဓိပ္ပါယော၊ တည်း။
ဘန္တေ၊ ဘုရား။ သာဓု၊ တောင်းပန်ပါ၏။ ဘဂဝါ၊ သည်။ မေ၊ အား။ သံခိတ္တေန၊ အကျဥ်းအားဖြင့်။ ဓမ္မံ၊ ကို။ ဒေသေတု၊ ဟောတော်မူပါ။ အဟံ၊ သည်။ ဘဂဝတော၊ မှ။ ယံ ဓမ္မံ၊ ကို။ သုတွာ၊ ၍။ ဧကော၊ တယောက်တည်းသာ။ ဝူပကဋ္ဌော၊ ဆိတ်ငြိမ်ရာအရပ်သို့ကပ်သည်။ အပ္ပမတ္တော၊ မမေ့မလျော့သည်။ အာတာပိီ၊ ကိလေသာကို ပူပန်စေတတ်သော လွန်သောလုံ့လရှိသည်။ ပဟိတတ္တော၊ နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိသည်။ ဟုတွာ၊ ၍။ ဝိဟရေယျံ၊ နေလိုပါ၏။ ဣတိ ဧဝံ၊ သို့။ အာယာစိတဓမ္မဒေသနံ၊ တောင်းပန်အပ်ပြီးသော ဓမ္မဒေသနာရှိသော။ ဝါ၊ တရားဟောရန်တောင်းပန်သော။ တံ ဘိက္ခု၊ ကို။ (အပသာဒေတွာ-၌စပ်) ယသ္မာ၊ ကြောင့်။ သော-ဘိက္ခု၊ သည်။ ပုဗ္ဗေပိ၊ ၌လည်း။ ဓမ္မံ၊ တရားတော်ကို။ သုတွာ၊ ၍။ တတ္ထေဝ၊ ထိုနေမြဲအရပ်၌သာလျှင်။ ဝသတိ၊ ၏။ သမဏဓမ္မံ၊ ရဟန်းတရားဖြစ်သော သမထဝိပဿနာကို။ ကာတုံ၊ ငှါ။ န ဂစ္ဆတိ၊ မသွား။ တသ္မာ၊ ကြောင့်။ နံ-ဘိက္ခုံ၊ ကို။ ဘဂဝါ၊ သည်။ ဣဓ၊ ဤသာသနာတော်၌။ ဧကစ္စေ၊ ကုန်သော။ မောဃပုရိသာ၊ မဂ်ဖိုလ်မှအချည်းအနှီးဖြစ်ကုန်သောသူတို့သည်။ မမညေဝ-မမံ ဧဝ၊ ငါဘုရားကိုသာလျှင်။ ဧဝမေဝ၊ အကျိုးမဲ့ကိုသာလျှင်။ ဝါ၊ ကိစ္စမပြီး အချည်းအနှီးတို့ချည်းသာလျှင် ဧဝမေဝ၌ ဧဝံ-သဒ္ဒါသည် ဧဝံ နိဒဿနာကာရော-ပမာသု သမ္ပဟံသနေ ။ ဥပဒေသေ စ ဝစန-ပဋိဂ္ဂါဟေဝဓာရဏေ။ ဂရဟာယေ စ မတ္တေ စ၊ ပရိမာနေ စ ပုစ္ဆနေ-ဟု မိန့်အပ်‌သော အနက်တို့တွင် ဂရဟတ္ထ၌ နိပါတ်တည်း။ ထို့ကြောင့် ဧဝမေဝါတိ ဂရဟနေ နိပါတော၊ မုဓာ ဧဝါတိ အတ္ထော-ဋီကာမိန့်သကား။ နိပ္ဖလေ တု မုဓာ ဘဝေ၊ အဘိဓာန်။ (ပြည်)။ ဝါ၊ ဤပုံ ဤနည်းဖြင့်သာလျှင်။ အဇ္ဈေသန္တိ၊ တောင်းပန်ကုန်၏။ ဓမ္မေ၊ တရားတော်ကို။ ဘာသိတေ စ၊ ငါဘုရားဟောအပ်ပါသော်လည်း။ မမညေဝ၊ ငါဘုရားသို့သာလျှင်။ အနုဗန္ဓိတဗ္ဗံ၊ နောက်တော်မှသာ သွားလေရာလိုက်ကောင်း၏ဟူ၍။ မညန္တိ၊ အောက်မေ့ကုန်၏။ ဣတိ၊ သို့။ အပသာဒေတွာ၊ မောင်းမဲတော်မူ၍။ ပုန၊ တဖန်။ ယသ္မာ၊ ကြောင့်။ သော ဘိက္ခု၊ သည်။ အရဟတ္တဿ၊ ၏။ ဥပနိဿယသမ္ပန္နော၊ ဥပနိဿရည်းနှင့် ပြည့်စုံ၏။ တသ္မာ၊ ကြောင့်။ နံ ဘိက္ခုံ၊ ကို။ ဩဝဒန္တော၊ ဆုံးမတော်မူလိုသည်ဖြစ်၍။ တသ္မာ တိဟ။ ပ။ သိက္ခိတဗ္ဗန္တိ၊ ဟူ၍။ အာဟ၊ ဟော်တော်မူ၏။
[ဘိက္ခု၊ ရဟန်း။ တသ္မာ၊ ထိုသို့အကျဥ်းအားဖြင့် တရားဟောတော်မူပါဟု သင်တောင်းပန်သောကြောင့်။ ဣဟ၊ ဤသာသနာတော်၌။ (သက္ကတ၌ တသ္မာတ်-ဟု တကာရန္တဖြစ်၍ ပါဠိ၌ တ-အာဂုံနှင့်ပြီးသည်) တေ-တယာ၊ သည်။ ဧဝံ၊ သို့။ သိက္ခိတဗ္ဗံ၊ ၏။ မေ၊ ငါ၏။ စိတ္တံ၊ သည်။ အဇ္ဈတ္တံ၊ ဂေါစရဇ္ဈတ္တ၌။ ဝါ၊ ကမ္မဋ္ဌာန်းဟူသောအာရုံ၌။ ဌိတံ၊ တည်သည်။ ဘဝိဿတိ၊ လတံ့။ သုသဏ္ဌိတံ၊ ကောင်းစွာတည်သည်။ ဘဝိဿတိ၊ လတံ့။ ဥပ္ပန္နာ၊ ဖြစ်ကုန်သော။ ဝါ၊ ဘာဝနာဖြင့် မခွါအပ်ကုန်သော။ ပါပကာ၊ ကုန်သော။ အကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ စိတ္တံ၊ ကုသိုလ်စိတ်ကို။ ပရိယာဒါယ၊ ဖြစ်ခြင်းငှါအခွင့်မပေးသဖြင့်ကုန်စေ၍။ န စ ဌဿန္တိ၊ မတည်ကုန်လတံ့။
ဣတိ-ဧဝံ၊ သို့။ (သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏။) ဘိက္ခု၊ ရဟန်း။ ဧဝံ ဟိ၊ ဤငါဘုရား ဆုံးမညွှန်ပြတိုင်းသာလျှင်။ တေ၊ သည်။ သိက္ခိတဗ္ဗံ၊ ၏။]
ပန၊ ဆက်။ အဿ၊ ထိုရဟန်းအား။ ဣမိနာ ဩဝါဒေန၊ ဖြင့်။ နိယကဇ္ဈတ္တဝသေန၊ နိယကဇ္ဈတ္တ၏ အစွမ်းဖြင့်။ စိတ္တေကဂ္ဂတာမတ္တော၊ (ဘာဝနမနုယုတ္တယောဂီသည် ရအပ်ကာမျှသာ လွန်စွာ မပွါးအပ်သေး၍) စိတ္တေကဂ္ဂတာ သာမာန်ဖြစ်သော။ မူလသမာဓိ၊ (အထက်၌ ဟောအပ်လတံ့သော သမာဓိဝိသေသတို့၏) မူလကာရဏဖြစ်သော သမာဓိကို။ ဝုတ္တော၊ ၏။
တတော၊ ထို့နောက်မှ။ ဧတ္တကေနေဝ၊ ဤမျှသော စိတ္တေကဂ္ဂတာမူလသမာဓိဖြင့်သာလျှင်။ သန္တုဋ္ဌိံ၊ ရောင့်ရဲအားရခြင်းသို့။ အနာပဇ္ဇိတွာ၊ မရောက်မူ၍။ သော ဧဝ သမာဓိ၊ ထိုမူလသမာဓိကိုပင်လျှင်။ ဧဝံ၊ ဤဆိုလတံ့သော အခြင်းအရာအားဖြင့်။ ဝဍ္ဎေတ‌ဗ္ဗော၊ ၏။ ဣတိ၊ သို့။ ဒဿေတုံ၊ ငှါ။ ယတော ခေါ။ ပ။ သိက္ခိတဗ္ဗန္တိ၊ ဟူ၍။ ဝုတ္တံ၊ ၏။ [ဘိက္ခု၊ ရဟန်း။ ယတော ခေါ၊ အကြင်ကြောင့်လျှင်။ ဝါ၊ အကြင်အခါ၌လျှင်။ တေ၊ သင့်၏။ စိတ္တံ၊ သည်။ အဇ္ဈတ္တံ၊ ကမ္မဋ္ဌာန်းဟူသောအာရုံ၌။ ဌိတံ၊ တည်သည်။ ဟောတိ၊ ၏။ သုသဏ္ဌိတံ၊ ကောင်းစွာတည်သည်။ ဟောတိ၊ ၏။ ဥပ္ပန္နာ၊ ကုန်သော။ ပါပကာ၊ ယုတ်မာကုန်သော။ အကုသလာ၊ ကုန်သော။ ဓမ္မာ၊ တရားတို့သည်။ စိတ္တံ၊ ကုသိုလ်စိတ်ကို။ ပရိယာဒါယ၊ ဖြစ်ခြင်းငှါ အခွင့်မပေးသဖြင့်ကုန်စေ၍။ န စ တိဋ္ဌန္တိ၊ မတည်ကုန်။
တတော၊ ထို့ကြောင့်။ ဝါ၊ ထိုအခါမှ။ ပရံ၊ ၌။ ဘိက္ခု၊ ရဟန်း။ ဧဝံ၊ ဤငါဘုရားဆုံးမညွှန်ပြတိုင်းလျှင်။ တေ၊ သည်။ သိက္ခိတဗ္ဗံ၊ ၏။ မေ၊ ငါ၏။ မေတ္တာ၊ မေတ္တာနှင့်ယှဥ်သော။ စေတောဝိမုတ္တိ၊ စေတောဝိမုတ္တိသည်။ ဘာဝိတာ၊ ပွါးစေအပ်သည်။ ဘဝိဿတိ၊ လတံ့။ ဗဟုလီကတာ၊ အကြိမ်များစွာပြုအပ်သည်။ ယာနီကတာ၊ ကအပ်ပြီးသော ယာဥ်ကဲ့သို့ပြုအပ်သည်။ ဝတ္ထုကတာ၊ တည်ရာဝတ္ထုကဲ့သို့ပြုအပ်သည်။ အနုဋ္ဌိတာ၊ အဖန်တလဲလဲဖြစ်စေအပ်သည်။ ပရိစိတာ၊ လေ့လာအပ်သည်။ သုသမာရဒ္ဓါ၊ ကောင်းစွာအားထုတ်အပ်သည်။ ဘဝိဿတိ၊ လတံ့။ ဣတိ၊ သို့။ သိက္ခိတဗ္ဗံ၊ ၏။
ဘိက္ခု၊ ရဟန်း။ တေ၊ သည်။ ဧဝံ ဟိ၊ ဤဘုရားဆုံးမပြသတိုင်းသာလျှင်။ သိက္ခိတဗ္ဗံ၊ ၏။] ဧဝံ၊ ဤသို့သောဩဝါဒဖြင့်။ အဿ-ဘိက္ခုနော၊ အား။ ဝါ၊ အဿ-မူလသမာဓိဿ။ ကို။ မေတ္တာဝသေန၊ မေတ္တာ၏အစွမ်းဖြင့်။ ဘာဝနံ၊ ပွါးစေခြင်းကို။ ဝတွာ၊ ၍။ ပုန၊ ဖန်။ ယတော ခေါ။ ပ။ ဘာဝေယျာသီတိ၊ ဟူ၍။ ဝုတ္တံ၊ ၏။ [ဘိက္ခု၊ ရဟန်း။ ယတော ခေါ၊ အကြင်အခါ၌လျှင်။ တေ၊ သည်။ အယံ သမာဓိ၊ ကို။ ဧဝံ၊ ဤငါဘုရားဆုံးမညွှန်ပြတိုင်းလျှင်။ ဘာဝိတော၊ သည်။ ဗဟုလီကတော၊ သည်။ ဟောတိ၊ ၏။ တတော၊ ထိုအခါ၌။ ဘိက္ခု၊ ရဟန်း။ တွံ၊ သည်။ ဣမံ မူလသမာဓိံ၊ ကို။ သဝိတက္ကမ္ပိ၊ ဝိတက်နှင့်တကွဖြစ်သည်ကို၎င်း။ သဝိစာရမ္ပိ၊ ဝိစာရနှင့်တကွဖြစ်သည်ကို၎င်း။ (ကတွာ၊ ၍။) သဝိတက္ကမ္ပိ၊ ဝိတက်နှင့်လည်းတကွဖြစ်သော။ သဝိစာရမ္ပိ၊ သော။ ဣမံ မူလသမာဓိံ၊ ကို။ ဘာဝေယျာသိ၊ ပွါးလေလော့။ ပ။ ဥပေက္ခာသဟဂတမ္ပိ၊ ဥပေက္ခာနှင့်တကွဖြစ်သည်ကိုလည်း။ (ကတွာ၊ ၍။) ဘာဝေယျာသိ၊ လော့။]
တဿ၊ ထိုပါဠိ၏။ အတ္ထော၊ ကို။ (ဧဝံ ဝေဒိတ‌ဗ္ဗော၊ ၏။) ဘိက္ခု၊ ရဟန်း။ ယဒါ၊ ၌။ တေ၊ သည်။ အယံ မူလသမာဓိ၊ ကို။ ဧဝံ၊ သို့။ မေတ္တာဝသေန၊ ဖြင့်။ ဘာဝိတော၊ ပွါးစေအပ်ပြီးသည်။ ဟောတိ၊ ဖြစ်အံ့။ တဒါ၊ ၌။ တွံ၊ သည်။ တာဝတကေနာပိ၊ ထိုသို့ ပွါးစေကာမျှဖြင့်လည်း။ တုဋ္ဌိံ၊ ရောင့်ရဲခြင်းသို့။ အနုပဇ္ဇိတွာဝ၊ မရောက်မူ၍လျှင်။ ဣမံ မူလသမာဓိံ၊ ကို။ [၃၁၇] အညေသုပိ အာရမ္မဏေသု၊ ပထဝီကသိုဏ်းစသော တပါးသော အာရုံတို့၌လည်း။ စတုက္ကပဉ္စကဇ္ဈာနာနိ၊ ဈာန်တို့သို့။ ပါပယမာနော၊ ရောက်စေလျက်။ သဝိတက္ကမ္ပိ သဝိစာရန္တိအာဒိနာ၊ ဤသို့အစရှိသော။ နယေန၊ ငါဘုရားပေးတော်မူအပ်သောနည်းဖြင့်။ ဘာဝေယျာသိ၊ ပွါးလေလော့။ ဣတိ-အယံ၊ သည်ကား။ (အတ္ထော၊ တည်း။)
ဧဝံ၊ သို့။ ဝတွာ စ၊ ဟောတော်မူပြီး၍လည်း။ ပုန၊ တဖန်။ ကရုဏာဒိအဝသေသဗြဟ္မဝိဟာရပုဗ္ဗင်္ဂမမ္ပိ၊ ကရုဏာအစရှိသော မေတ္တာမှကြွင်းသော ဗြဟ္မဝိဟာရရှေ့သွားသည်လည်းဖြစ်သော။ အညေသု အာရမ္မဏေသု၊ ပထဝီကသိုဏ်း‌စ‌သော တပါးသောအာရုံတို့၌။ စတုက္ကပဉ္စကဇ္ဈာနဝသေန၊ ဖြင့်။ အဿ-ဘိက္ခုနော၊ ထိုရဟန်းအား။ ဝါ၊ အဿ-မူလသမာဓိဿ။ ကို။ ဘာဝနံ၊ ကို။ ကရေယျာသိ၊ လော့။ ဣတိ၊ သို့။ ဒဿေန္တော၊ ၍။ ယတော ခေါ။ ပ။
စေတောဝိမုတ္တီတိအာဒိံ၊ ကို။ အာဟ၊ ၏။ (ပါဠိအနက်ကားလွယ်ပြီ။)
ဧဝံ၊ သို့။ မေတ္တာဒိပုဗ္ဗင်္ဂမံ၊ မေတ္တာစသည်ရှေ့သွားရှိသော။ စတုက္ကပဉ္စကဇ္ဈာနဝသေန၊ ဖြင့်။ ဘာဝနံ၊ ကို။ ဒဿေတွာ၊ ပြပြီး၍။ ပုန၊ တဖန်။ ကာယာနုပဿနာဒိပုဗ္ဗင်္ဂမံ၊ ကာယာနုပဿနာ ဝေဒနာနုပဿနာစသည်ရှေ့သွားရှိသော။ (ဘာဝနံ၊ ကို။) ဒဿေတုံ၊ ငှါ။ ယတော ခေါ။ ပ။ ကာယေ ကာယာနုပဿီ ဝိဟရိဿာမီတိအာဒိံ၊ ဤသို့ အစရှိသောစကားကို။ ဝတွာ၊ ဟောတော်မူ၍။ ယတော ခေါ။ ပ။ ကပ္ပေဿသီတိ၊ ဟူ၍။ အရဟတ္တနိကူဋေန၊ အရဟတ္တဖိုလ်ဟူသောအထွတ်ဖြင့်။ ဝါ၊ အရဟတ္တဖိုလ်ကို အထွတ်တပ်၍။ ဒေသနံ၊ ဒေသနာကို။ သမာပေတိ၊ ပြီးဆုံးစေ၏။ [ဘိက္ခု၊ ရဟန်း။ ယတော ခေါ၊ အကြင်အခါ၌လျှင်။ တေ၊ သင်သည်။ အယံ သမာဓိ၊ ဤသမာဓိကို။ ဧဝံ ဘာဝိတော၊ ဤသို့ပွါးစေအပ်ပြီးသည်။ သုဘာဝိတော၊ ကောင်းစွာပွါးစေအပ်ပြီးသည်။ ဘဝိဿတိ၊ လတံ့။ ဘိက္ခု၊ ရဟန်း။ တတော၊ ထိုအခါ၌။ တွံ၊ သင်သည်။ ယေန ယေနေဝ၊ အကြင်အကြင်အရပ်၌ပင်လျှင်။ ဝါ၊ အကြင်အကြင်အရပ်ဖြင့်လျှင်။ ဂဂ္ဃသိ၊ သွားလတံ့ ဂမိဿ ဃမ္မ ဂဂ္ဃ။ ။ဃမ္မတိ၊ ဃမ္မတု၊ ဂဂ္ဃတိ၊ တတော တွံ ဘိက္ခု ယေန ယေနေဝ ဂဂ္ဃသိ၊ ဖာသုညေဝ ဂဂ္ဃသိ၊ ဤသို့သဒ္ဒနီတိကျမ်းရှိ၍ ဂဂ္ဃသိ-၌ ဂမုဓာတ်၏ ဂဂ္ဃါဒေသ, ဿသိ-၏ ဿ-လောပကို အသည်းစွဲ၍ မြဲမြဲမှတ်။။ ဖာသုညေဝ၊ ဘေးရန်ကင်းစွာ ချမ်းသာစွာလျှင်။ ဂဂ္ဃသိ၊ သွားရလတံ့။ ယတ္ထ ယတ္ထေဝ၊ အကြင်အကြင်အရပ်၌သာလျှင်။ ဌဿတိ၊ ရပ်လတံ့။ ဖာသုညေဝ၊ လျှင်။ ဌဿတိ၊ ရလတံ့။ ယတ္ထ ယတ္ထေဝ၊ ၌လျှင်။ နိသီဒိဿသိ၊ တိုင်လတံ့။ ဖာသုညေဝ၊ လျှင်။ နိသီဒိဿသိ၊ ရလတံ့။ ယတ္ထ ယတ္ထေဝ၊ ၌သာလျှင်။ သေယျံ၊ အိပ်ခြင်းကို။ ကပ္ပေဿသိ၊ ပြုလတံ့။ ဖာသုညေဝ၊ လျှင်။ သေယျံ၊ ကို။ ကပ္ပေဿသိ၊ ရလတံ့။]
တသ္မာ၊ ထို (သို့သဝိတက္ကမ္ပိ အစရှိသော ဒေသနာကို မေတ္တာစသည်တို့၏ အာရုံမှ တပါးသောအာရုံ၌ သမာဓိကိုရည်၍ ဟောအပ်သောကြောင့်, အပ္ပမညာကိုကား ရည်၍ မဟောအပ်သော)ကြောင့်။ မေတ္တာဒယော၊ မေတ္တာ ကရုဏာ မုဒိတာတို့သည်။ တိကစတုက္ကဇ္ဈာနိကာဝ၊ တိကစတုက္ကဈာန်ရှိကုန်သည်သာလျှင်။ ဟောန္တိ၊ ကုန်၏။ ဥပေက္ခာ ပန၊ ကား။ အဝသေသဧကဇ္ဈာနိကာဝ၊ တိကစတုက္ကဈာန်မှကြွင်းသော တခုသော စတုတ္ထဈာန် ပဉ္စမဈာန်ရှိသည်သာလျှင်။ ဟောတိ၊ ၏။ ဣတိ၊ သို့။ ဝေဒိတဗ္ဗာ၊ ၏။
စ၊ မှန်၏။ ဝါ၊ ဆက်ဦးအံ့။ တထေဝ၊ ထို့အတူတိကစတုက္ကဈာန်၏အစွမ်းဖြင့်သာလျှင်။ အဘိဓမ္မေ၊ (စိတ္တုပ္ပါဒကဏ္ဍအပ္ပမညဝိဘင်းအစရှိသော ထိုထိုသို့သော) အဘိဓမ္မာပါဠိရပ်၌။ ဝိဘတ္တာ၊ ဝေဖန်အပ်ကုန်၏။ ဣတိ၊ တရပ်ပြီး၏။
ဧဝံ၊ သို့။ တိကစတုက္ကဇ္ဈာနဝသေန စေဝ၊ ဖြင့်၎င်း။ အဝသေသဧကဇ္ဈာနဝသေန စ၊ တိကစတုက္ကဈာန်မှကြွင်းသော တခုသောစတုတ္ထဈာန် ပဉ္စမဈာန်၏အစွမ်းဖြင့်၎င်း။ ဒွိဓာ၊ နှစ်ပါးအပြားအားဖြင့်။ ဌိတာနမ္ပိ၊ တည်သည်လည်းဖြစ်ကုန်သော။ ဧတာသံ၊ ထိုအပ္ပမညာတို့၏။ သုဘပရမာဒိဝသေန၊ သုဘဝိမောက္ခလျှင် အလွန်အကဲ အမြတ်အထွတ်ရှိသော မေတ္တာစေတောတိမုတ္တိစသည်တို့၏အစွမ်းဖြင့်။ အညမညံ၊ အချင်းချင်း။ ဝါ၊ တပါးမှ တပါးလည်း။ ဝါ၊ တပါးနှင့်တပါးလည်း။ အသဒိသော၊ မတူသော။ အာနုဘာဝဝိသေသော၊ အာနုဘော်အထူးကို။ ဝေဒိတဗ္ဗော၊ ၏။
ဟိ-ယုတ္တံ၊ စွ။ ဟလိဒ္ဒဝစေနသုတ္တသ္မိံ၊ ၌။ ဧတာ၊ ထိုအပ္ပမညာတို့ကို။ သုဘပရမာဒိဘာဝေန၊ သုဘဝိမောက္ခလျှင် အလွန်အကဲအမြတ်အထွတ်ရှိသော မေတ္တာစေတောဝိမုတ္တိစသည်တို့၏ အဖြစ်ဖြင့်။ ဝိသေသေတွာ၊ အချင်းချင်း။ ဝါ၊ တပါးမှတပါး။ ဝါ၊ တပါးနှင့်တပါးထူးသည်ကိုပြု၍။ ဝုတ္တာ၊ ကုန်၏။
ယထာဟ၊ ကား။ သုဘပရမာဟံ။ ပ။ ဝဒါမီတိ၊ ဟူ၍။ အာဟ၊ ၏။
[ဘိက္ခဝေ၊ တို့။ မေတ္တံ၊ သော။ စေတောဝိမုတ္တိံ၊ ကို။ သုဘပရမံ၊ သုဘဝိမောက္ခလျှင် အလွန်အကဲ အမြတ်အထွဋ်ရှိ၏ဟူ၍။ အဟံ ဝဒါမိ၊ ငါဘုရားဟောတော်မူ၏။
ဘိက္ခဝေ၊ တို့။ ကရုဏာ၊ သော။ စေတောဝိမုတ္တိံ၊ ကို။ အာကာသာနဉ္စာယတနပရမံ၊ အာကာသာနဉ္စာယတန သမာပတ်လျှင်အလွန်အကဲအမြတ်အထွတ်ရှိ၏ဟူ၍။ အဟံ ဝဒါမိ၊ ၏။
ဘိက္ခဝေ၊ တို့။ မုဒိတံ၊ သော။ စေတောဝိမုတ္တိံ၊ ကို။ ဝိညာဏဉ္စာယတနပရမံ၊ ဝိညာဏဉ္စာယတန သမာပတ်လျှင် အလွန်အကဲအမြတ်အထွတ်ရှိ၏ဟူ၍။ အဟံ ဝဒါမိ၊ ၏။
ဘိက္ခဝေ၊ တို့။ ဥပေက္ခံ၊ သော။ စေတောဝိမုတ္တိံ၊ ကို။ အာကိဉ္စညာယတနပရမံ၊ အာကိဉစညာယတန သမာပတ်လျှင်အလွန်အကဲအမြတ်အထွတ်ရှိ၏ဟူ၍။ အဟံ ဝဒါမိ၊ ၏။]
[၃၁၈] ကသ္မာ ပန၊ ကြောင့်ကား။ ဧတာ-အပ္ပမညာ၊ တို့ကို။ ဧဝံ ဣမိနာ သုဘပရမာဒိဘာဝေန၊ ဖြင့်။ ဝုတ္တာ၊ နည်း။ ဣတိ-အယံ၊ ကား။ (ပုစ္ဆာ၊ အမေးတည်း။)
တဿ တဿ၊ သုဘဝိမောက္ခစသော ထိုထိုဝိမောက္ခ၏။ ဥပနိဿယတ္တာ၊ မှီရာဥပနိဿယ၏ အဖြစ်ကြောင့်။ (ဧတာ အပ္ပမညာ၊ တို့ကို။ ဧဝံ-ဣမိနာ သုဘပရမာဒိဘာဝေန၊ ဖြင့်။ ဝုတ္တာ၊ ကုန်၏။ ဣတိ-အယံ၊ ကား။ ပရိဟာရော၊ တည်း။)
ဟိ-တံ ပါကဋံ ကရောမိ၊ အံ့။ မေတ္တာဝိဟာရိဿ၊ မေတ္တာဖြင့် နေလေ့ရှိသသူအား။ သတ္တာ၊ တို့သည်။ အပ္ပဋိကူလာ၊ မစက်ဆုပ် မရွံရှာအပ်ကုန်သည်။ ဟောန္တိ၊ ကုန်၏။
အထ၊ ထိုအခါ၌။ အဿ-မေတ္တာဝိဟာရိဿ၊ ထိုမေတ္တာဝိဟာရီပုဂ္ဂိုလ်၏။ အပ္ပဋိကူလပရိစယာ၊ (မေတ္တာဘာဝနာ၏အစွမ်းဖြင့် သတ္တဝါဟု မှတ်အပ်သော ယတ္ထကတ္ထစိအာရုံ၌) မရွံရှာသော အခြင်းအရာဖြင့်သာ ယူခြင်း၏ လေ့ကျက်အပ်ပြီးသည်၏ အဖြစ်ကြောင့်။ အပ္ပဋိကူလေသု၊ မစက်ဆုပ် မရွံရှာအပ်ကုန်သော? ပရိသုဒ္ဓဝဏ္ဏေသု၊ စင်ကြယ်သော အဆင်းရှိကုန်သော။ နီလာဒီသု၊ နီလကသိုဏ်း စသည်တို့၌။ စိတ္တံ၊ ဘာဝနာစိတ်ကို။ ဥပသံဟရတော၊ ကပ်၍ဆောင်သည်ရှိသော်။ ဝါ၊ ကပ်၍ဆောင်သော မေတ္တာဝိဟာရီပုဂ္ဂိုလ်အား။ အပ္ပကသိရေနေဝ၊ မဆင်းရဲမငြိုငြင်သဖြင့် သာလျှင်။ တတ္ထ၊ ထိုနီလစသော အာရုံတို့၌။ စိတ္တံ၊ ဘာဝနာစိတ်သည်။ ပက္ခန္ဒတိ၊ ပြေးဝင်၏။
ဣတိ-တသ္မာ၊ ကြောင့်။ မေတ္တာ၊ သည်။ သုဘဝိမောက္ခဿ၊ ၏။ ဥပနိဿယော၊ အားကြီးသော မှီရာအကြောင်းသည်။ ဟောတိ၊ ၏။ တတော၊ ထိုသုဘဝိမောက္ခထက်။ ပရံ၊ အလွန်။ (ကဿစိ ဝိမေက္ခဿ၊ ၏။ ဥပနိဿယော၊ သည်။) န ဟောတိ၊ မဖြစ်။ တသ္မာ၊ ထို့ကြောင့်။ (မေတ္တာစေတောဝိမုတ္တိ၊ ကို။) သုဘပရမာတိ၊ သုဘဝိမောက္ခလျှင် အလွန်အကဲ အမြတ်အထွတ်ရှိ၏ဟူ၍။ ဝုတ္တာ၊ ၏။
ဒဏ္ဍာဘိဃာတာဒိရူပနိမိတ္တံ၊ ပုတ်ခတ်ကြောင်းဖြစ်သော လှံကန်ရှိသော ရုပ်စသော ရုပ်လျှင်အကြောင်းရှိသော ဋီကာဝစနတ္ထနှင့်အညီ ပြန်သောအနက်ဖြစ်သည်။ (ပြည်)။ ဝါ၊ ဒုတ်ဖြင့် ပုတ်ခတ်အပ်သောရုပ်စသောရုပ်လျှင်အကြောင်းရှိသော ဒဏ္ဍေန အဘိဃာတံ ပဟဋံ ဒဏ္ဍာဘိဃာတံ၊ တံ အာဒိ ယဿာတိ ဒဏ္ဍာဘိဃာတာဒိ၊ ဒဏ္ဍာဘိဃာတာဒိ ရူပံ နိမိတ္တံ ယဿာတိ ဒဏ္ဍာဘိဃာတာဒိရူပနိမိတ္တံ ဝစနတ္ထပြု။ (ဆ-သံ-သော)။ သတ္တဒုက္ခံ၊ သတ္တဝါတို့အား ဖြစ်စကောင်း‌သော ဆင်းရဲကို။ သမနုပဿန္တဿ၊ အဖန်တလဲလဲရှုသော။ ကရုဏာဝိဟာရိဿ၊ ကရုဏာဖြင့် နေလေ့ရှိသောသူအား။ (တနည်း) ကရုဏာဝိဟာရိဿ၊ ကရုဏာဖြင့် နေလေ့ရှိသသူသည်။ ဝါ၊ သူအား။ ဒဏ္ဍာဘိဃာတာဒိရူပနိမိတ္တံ၊ သော။ သတ္တဒုက္ခံ၊ ကို။ သမနုပဿန္တဿ၊ ရှုစဥ်။ ဝါ၊ ရှုသည်ရှိသော်။ ကရုဏာယ၊ ၏။ ပဝတ္တိသမ္ဘဝတော၊ ဖြစ်ခြင်း၏ သင့်သောကြောင့်။ ရူပေ၊ ရုပ်၌။ အာဒီနဝေါ၊ အပြစ်သည်။ သုပရိဝိဒိတော၊ အလွန်ထင်ရှားသည်။ ဟောတိ၊ ၏။
အထ၊ ထိုသို့ထင်ရှားလတ်သော်။ အဿ၊ ထိုကရုဏာဖြင့် နေလေ့ရှိသသူ၏။ ပရိဝိဒိတရူပါဒီနဝတ္တာ၊ အလွန်ထင်ရှားသော ရုပ်၌ အပြစ်ရှိသည်၏ အဖြစ်ကြောင့်။ ပထဝီကသိဏာဒီသု၊ ပထဝီကသိုဏ်း အစရှိကုန်သော ကိုးပါးသော ကသိုဏ်းတို့တွင်။ အညတရံ၊ တပါးပါးသော ကသိုဏ်းကို။ ဥ‌ဂ္ဃါဋေတွာ၊ ခွါ၍။ ရူပနိဿရဏေ၊ ရုပ်၏ ထွက်ပြေးကင်းကွာကြောင်းဖြစ်သော။ အာကာသေ၊ ကသိုဏ်းကို ခွါခြင်းဖြင့်ရအပ်သော ကောင်းကင်ပညတ်၌။ စိတ္တံ၊ ဘာဝနာစိတ်ကို။ ဥပသံဟရတော၊ ကပ်၍ဆောင်သည်ရှိသော်။ ဝါ၊ ကပ်၍ဆောင်သော။ အဿ၊ ထိုကရုဏာဖြင့်နေလေ့ရှိသသူအား။ အပ္ပကသိရေနေဝ၊ ဖြင့်သာလျှင်။ တတ္ထ၊ ထိုကောင်းကင်ပညတ်၌။ စိတ္တံ၊ သည်။ ပက္ခန္ဒတိ၊ သက်ဝင်ပြေးသွား၏။
ဣတိ-တသ္မာ၊ ကြောင့်။ ကရုဏာ၊ သည်။ အာကာသာနဉ္စာယတနဿ၊ သမာပတ်၏။ ဥပနိဿယော၊ သည်။ ဟောတိ၊ ၏။ တတော၊ ထိုအာကာနဉ္စာယတန သမာပတ်ထက်။ ပရံ၊ အလွန်။ (ကဿစိ၊ တစုံတခုသောဝိမောက္ခ၏။ ဥပနိဿယော၊ သည်။) န ဟောတိ၊ မဖြစ်။ တသ္မာ၊ ကြောင့်။ (ကရုဏာ၊ ကို။) အာကာသာနဉ္စာယတနပရမာတိ၊ ၍။ ဝုတ္တာ၊ ၏။
ပန၊ ထိုမှတပါး။ တေန တေန ပါမောဇ္ဇကာရဏေန၊ (ဘောဂသမ္ပတ္တိစသော) ထိုထိုဝမ်းမြောက်ခြင်း၏ အကြောင်းဖြင့်။ ဥပ္ပန္နပါမောဇ္ဇသတ္တာနံ၊ ဖြစ်သော ပါမောဇ္ဇရှိသော သတ္တဝါတို့၏။ ဝိညာဏံ၊ ကို။ သမနုပဿန္တဿ၊ ရှုသော။ မုဒိတာဝိဟာရိဿ၊ မုဒိတာဝိဟာရိ ယောဂီအား။ မုဒိတာယ၊ ၏။ ပဝတ္တိသမ္ဘဝတော၊ ဖြစ်ခြင်း၏သင့်သောကြောင့်။ ဝိညာဏဂ္ဂဟဏပရိစိတံ၊ ဝိညာဥ်ကိုယူခြင်း၌ လေ့လာသော။ စိတ္တံ၊ သည်။ ဟောတိ၊ ၏။
အထ၊ ထိုအခါ၌။ အနုက္ကမာဓိဂတံ၊ ဘာဝနာအစဥ်ဖြင့် ရအပ်ပြီးသော။ (ဝါ၊ အာကာသကသိုဏ်းသည် ကြည်အပ်သော အမှတ်မဲ့သော ကသိုဏ်း၌ ရူပါဝစရဈာန်ကို ရခြင်းအစဥ်ဖြင့် ရုပ်၌တပ်ခြင်းကင်းသော ဘာဝနာဖြင့် ရအပ်သော။) အာကာသာနဉ္စာယတနံ၊ နဈာန်ကို။ အတိက္ကမ္မ၊ လွန်၍။ အာကာသနိမိတ္တဂေါစရေ၊ အာကာသနိမိတ်လျှင် အာရုံရှိသော။ ဝိညာဏေ၊ ပဌမာရုပ္ပဝိညာဥ်၌။ စိတ္တံ၊ (ဒုတိယာရုပ္ပကိုရခြင်းငှါ ပွါးစေအပ်သော) ဘာဝနာစိတ်ကို။ ဥပသံဟရတော၊ ကပ်၍ဆောင်သော။ ဝါ၊ ဖြစ်စေသော။ အဿ၊ ထိုမုဒိတာဝိဟာရီယောဂီအား။ အပ္ပကသိရေနေဝ၊ ဖြင့်သာလျှင်။ တတ္ထ၊ ထိုပဌမာရုပ္ပဝိညာဥ်၌။ စိတ္တံ၊ ဝိညာဏဉ္စာယတနစိတ်သည်။ ပက္ခန္ဒတိ၊ သက်ဝင်၏။ ဣတိ-တသ္မာ၊ ကြောင့်။ မုဒိတာ၊ သည်။ ဝိညာဏဉ္စာယတနဿ၊ ၏။ ဥပနိဿယော၊ သည်။ ဟောတိ၊ ၏။ တတော၊ ထိုဝိညာဏဉ္စာယတန သမာပတ်ထက်။ ပရံ၊ အလွန်။ (ကဿစိ ဝိမောက္ခဿ၊ ၏။ ဥပနိဿယော၊ သည်။) န ဟောတိ၊ မဖြစ်။ တသ္မာ၊ ‌ကြောင့်။ (မုဒိတာစေတောဝိမုတ္တိ၊ ကို။) ဝိညာဏဉ္စာယတနပရမာတိ၊ ဟူ၍။ ဝုတ္တာ၊ ၏။
ပန၊ ထူးသည်ကိုဆိုအံ့။ ဥပေက္ခာဝိဟာရိဿ၊ ဥပေက္ခာဝိဟာရီယောဂီအား။ သတ္တာ၊ တို့သည်။ သုခိတာ၊ ချမ်းသာရောက်ကုန်သည်။ ဟောန္တု၊ ဖြစ်ပစေကုန်။ ဣတိ ဝါ၊ သို့၎င်း။ သတ္တာ၊ တို့သည်။ ဒုက္ခတော၊ မှ။ ဝိမုစ္စန္တု၊ လွတ်ပစေကုန်။ ဣတိ ဝါ၊ သို့၎င်း။ သတ္တာ၊ တို့သည်။ သမ္ပတ္တသုခတော၊ ပြည့်စုံသောစည်းစိမ်ချမ်းသာမှ။ မာ ဝိမုစ္စန္တု၊ မလွတ်ပါစေကုန်လင့်။ ဣတိ ဝါ၊ သို့၎င်း။ အာဘောဂါဘာဝတော၊ နှလုံးသွင်းခြင်းမရှိသည်၏အဖြစ်ကြောင့်။ သုခဒုက္ခာဒိပရမတ္ထဂ္ဂါဟဝိမုခဘာဝတော၊ သုခဒုက္ခစသော ပရမတ္ထကိုယူခြင်းမှ ကင်းသောမျက်နှာ ရှိသည်၏အဖြစ်ကြောင့်။ ဝါ၊ ပရမတ္ထကိုယူခြင်းမှမျက်နှာလွှဲသည်၏အဖြစ်ကြောင့်။ အဝိဇ္ဇမာနဂ္ဂဟဏဒုက္ခံ၊ ပရမတ္ထအားဖြင့် မရှိသော သက်သက်ပညတ်ကို ယူခြင်းဖြင့် , ယူခြင်းကြောင့် , ယူသောအားဖြင့် ခဲယဥ်းငြိုငြင်သော။ စိတ္တံ၊ သည်။ ဟောတိ၊ ၏။
အထ၊ ထိုမျှို့ အဓိကာရေ မင်္ဂလေ စေဝ-စသဖြင့်ပြအပ်သော အနက်တို့တွင် မင်္ဂလာအနက်၌ အထ-သဒ္ဒါဖြစ်သတည်း။ (ပြည်)။ ပရမတ္ထဂါဟတော၊ ပရမတ္ထကိုယူခြင်းမှ။ ဝိမုခဘာဝပရိစိတစိတ္တဿ၊ ကင်းသောမျက်နှာရှိသောအဖြစ်ဖြင့်။ ဝါ၊ မျက်နှာလွဲသည်၏ အဖြစ်ဖြင့် လေ့ကျက်အပ်ပြီးသော စိတ်ရှိထသော။ ပရမတ္ထတော၊ အားဖြင့်။ အဝိဇ္ဇမာနဂ္ဂဟဏဒုက္ခစိတ္တဿ စ၊ မရှိသောသက်သက်သတ္တပညတ်ကို ယူခြင်းဖြင့်, ယူခြင်းကြောင့်, ခဲယဥ်းငြိုငြင်သော စိတ်ရှိသည်လည်း ဖြစ်ထသော။ အဿ-ဥပေက္ခာဝိဟာရိဿ၊ ထိုဥပေက္ခာဝိဟာရီယောဂီအား။ အနုက္ကမာဓိကတံ၊ အစဥ်အားဖြင့် ရအပ်သော။ ဝိညာဏဉ္စာယတနံ၊ ကို။ သမတိက္ကမ္မ၊ လွန်၍။ သဘာဝတော၊ အားဖြင့်။ အဝိဇ္ဇမာနေ၊ ထင်ရှားမရှိသော။ ပရမတ္ထဘူတဿ၊ သော။ ဝိညာဏဿ၊ ပဌမာရုပ္ပဝိညာဥ်၏။ အဘာဝေ၊ မရှိခြင်းဟူသော နတ္ထိဘောပညတ်၌။ စိတ္တံ၊ တတိယာရုပ္ပကိုရခြင်းငှါ ဘာဝနာစိတ်ကို။ ဥပသံဟရတော၊ ကပ်၍ဆောင်သည်ရှိသော်။ အပ္ပကသိရေနေဝ၊ ဖြင့်သာလျှင်။ တတ္ထ၊ ထိုပဌမာရုပ္ပဝိညာဥ်၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညတ်၌။ စိတ္တံ၊ အာကိဉ္စညာယတနစိတ်သည်။ ပက္ခန္ဒတိ၊ ၏။
ဣတိ-တသ္မာ၊ ကြောင့်။ ဥပေက္ခာ၊ သည်။ အာကိဉ္စညာယတနဿ၊ ၏။ ဥပနိဿယော၊ သည်။ ဟောတိ၊ ၏။ တတော၊ ထို အာကိဉ္စညာယတနထက်။ ပရံ၊ အလွန်။ (ကဿစိ ဝိမောက္ခဿ၊ ၏။ ဥပနိဿယော၊ သည်။ န ဘဝတိ၊ မဖြစ်။ တသ္မာ၊ ‌ ကြောင့်။ (ဥပေက္ခာစေတောဝိမုတ္တိ၊ ကို။) အာကိဉ္စညာယတနပရမာတိ၊ ဟူ၍။ ဝုတ္တာ၊ ၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။
ဧဝံ-ဝုတ္တနယေန၊ ဤသို့ဆိုအပ်ပြီးသော နည်းဖြင့်။ သုဘပရမာဒိဝသေန၊ ဖြင့်။ ဧတာသံ-အပ္ပမညာနံ၊ တို့၏။ အာနုဘာဝံ၊ ကို။ ဝိဒိတွာ၊ သိပြီး၍။ ပုန၊ တဖန်။ သဗ္ဗာပိ၊ ကုန်သော။ ဧတာ-အပ္ပမညာ၊ တို့ကို။ (ဝေဒိတဗ္ဗာ-၌ စပ်) ဒါနာဒီနံ၊ ပါရမီအဖြစ်သို့ရောက်သော ဒါနအစရှိကုန်သော။ သဗ္ဗကလျာဏဓမ္မာနံ၊ အလုံးစုံသော အနဝဇ္ဇဓမ္မဟု ဆိုအပ်ကုန်သော။ ဗုဒ္ဓကရဓမ္မာနံ၊ ဘုရားအဖြစ်ကို ပြုတတ်ကုန်သော တရားတို့၏။ (တနည်း) သဗ္ဗကလျာဏဓမ္မာနံ၊ အလုံးစုံတို့ထက် ကောင်းမြတ်သောသဘောရှိကုန်သော။ ဗုဒ္ဓကရဓမ္မာနံ၊ တို့၏။ ပရိပူရိကာတိ၊ ပြည့်ခြင်းပွါးခြင်းကို ပြုတတ်ကုန်၏ ဟူ၍။ ဝေဒိတဗ္ဗာ၊ ကုန်၏။
[၃၁၉] ဟိယသ္မာ၊ ကြောင့်။ သတ္တေသု၊ တို့၌။ ဟိတဇ္ဈာသယတာယ၊ အစီးအပွါးကို လိုသည်၏အဖြစ်ဖြင့်၎င်း။ သတ္တာနံ၊ တို့၏။ ဒုက္ခာသဟနတာယ၊ ဆင်းရဲကို သည်းမခံနိုင်သည်၏ အဖြစ်ဖြင့်၎င်း။ ပတ္တသမ္ပတ္တိဝိသေသာနံ၊ ရောက်အပ်သော စည်းစိမ်အထူးတို့၏။ စိရဋ္ဌိတိကာမတာယ၊ ရှည်မြင့်စွာကာလပတ်လုံးတည်ခြင်းကိုလိုသည်၏ အဖြစ်ဖြင့်၎င်း။ သဗ္ဗသတ္တေသု၊ တို့၌။ ပက္ခပါတာဘာဝေန စ၊ အသင်းအပင်းသို့ ကျခြင်းမရှိသည်၏ အဖြစ်ဖြင့်၎င်း။ သမပ္ပဝတ္တစိတ္တာ၊ အမျှဖြစ်သော စိတ်ရှိကုန်သော။ မဟာသတ္တာ၊ ဘုရားလောင်းတို့သည်။ ဣမဿ၊ ဤသူအား။ ဒါတဗ္ဗံ၊ ပေးအပ်၏။ ဣမဿ၊ အား။ န ဒါတဗ္ဗံ၊ မပေးအပ်။ ဣတိ၊ သို့။ ဝိဘာဂံ၊ ဝေဖန်ခွဲခြမ်းခြင်းကို။ အကတွာ၊ မပြုမူ၍။ သဗ္ဗသတ္တာနံ၊ တို့၏။ ဝါ၊ တို့အား။ သုခနိဒါနံ၊ ချမ်းသာခြင်း၏ အကြောင်းဖြစ်သော။ ဒါနံ၊ ဒါတဗ္ဗဝတ္ထုကို။ ဒေန္တိ၊ ပေးလှူကုန်၏။
တေသံ-သဗ္ဗသတ္တာနံ၊ တို့အား။ (ဝိဘာဂံ၊ ဝေဖန်ခွဲခြမ်းခြင်းကို။ အကတွာ၊ ၍။) ဥပဃာတံ၊ ညှဥ်းဆဲနှိပ်စက်ခြင်းကို။ ပရိဝဇ္ဇယန္တာ၊ ကြဥ်ရှောင်ကုန်လျက်။ (သဗ္ဗသတ္တာနံ၊ တို့၏။ သုခနိဒါနံ၊ သော။) သီလံ၊ ကို။ သမာဒိယန္တိ၊ ဆောက်တည်ကုန်၏။
သီလပရိပူရဏတ္ထံ၊ သီလပါရမီကိုဖြည့်ခြင်းအကျိုးငှါ။ (ဝိဘာဂံ၊ ကို။ အကတွာ၊ ၍။ သဗ္ဗသတ္တာနံ၊ တို့၏။ သုခနိဒါနံ၊ သော။) နေက္ခမ္မံ-ပဗ္ဗဇ္ဇံ၊ သို့။ ဘဇန္တိ၊ ကပ်ကုန်၏။
သတ္တာနံ၊ တို့၏။ ဟိတာဟိတေသု၊ အတ္ထအနတ္ထတို့၌။ အသမ္မောဟတ္ထာယ၊ တွေဝေသောမောဟကိုဖျက်ဆီးခြင်းငှါ။ (ဝိဘာဂံ၊ ကို။ အကတွာ၊ ၍။ သဗ္ဗသတ္တာနံ၊ တို့၏။ သုခနိဒါနံ၊ သော။) ပညံ၊ ကို။ ပရိယောဒပေန္တိ၊ ဖြူစင်စေကုန်၏။
သတ္တာနံ၊ တို့၏။ ဟိတသုခတ္ထာယ၊ စီးပွါးချမ်းသာခြင်းအလို့ငှါ။ (ဝိဘာဂံ၊ ကို။ အကတွာ၊ ၍။ သဗ္ဗသတ္တာနံ၊ တို့၏။ သုခနိဒါနံ၊ သော။) ဝီရိယံ၊ ကို။ နိစ္စံ၊ အမြဲမပြတ်။ (ပဋိပက္ခနှင့် မရောပြွမ်းဟူလို) အာရဘန္တိ၊ အားထုတ်ကုန်၏။
ဥတ္တမဝီရိယဝသေန၊ လွန်မြတ်သော ဝီရိယ၏အစွမ်းဖြင့်။ ဝီရဘာဝံ၊ (စိတ်၏ တွန့်တိုခြင်းကင်းသည်ဖြစ်၍) မဆုတ်မနစ်လုံ့လကြီးသည်၏အဖြစ်သို့။ ဝါ၊ (ကျား ဆင် ခြင်္သေ့ ရင်ဆိုင်တွေ့လည်း မရွေ့မဆုတ်သဖြင့်) ရဲရင့်သည်၏အဖြစ်သို့။ ပတ္တာပိ စ၊ ရောက်ကုန်လျက်လည်း ဝိဂတော ဤရော စိတ္တသင်္ကောစော ဧတဿာတိ ဝီရော-ပြု။ ဤပါဌ်ဖြင့် ချွတ်ယွင်းပြစ်မှားသသူတို့ကို နှိပ်စက်ခြင်းငှါ စွမ်းနိုင်သည်၏ အဖြစ်ကိုပြသတည်း။ (ပြည်)။ သတ္တာနံ၊ သတ္တဝါတို့၏။ နာနပ္ပကာရကံ၊ အထူးထူးသော အပြားရှိသော။ အပရာဓံ၊ နှုတ်လက်ကျူးလွန်သောအပြစ်ကို။ ခမန္တိ၊ ပေးကုန်အံ့။
ဣဒံ၊ ဤဝတ္ထုကို။ ဝေါ၊ သင်တို့အား။ ဒဿာမ၊ ပေးကုန်အံ့။ (ဝေါ၊ သင်တို့၏။ ဣဒံ၊ ဤအမှုကို။) ကရိဿာမ၊ ပြုကုန်အံ့။ ဣတိ၊ သို့။ ကတံ၊ ပြုဘူးသော။ ပဋိညံ၊ ဝန်ခံချက်ကို။ န ဝိသံဝါဒေန္တိ၊ မချွတ်ယွင်းစေကုန်။
တေသံ၊ ထိုအလုံးစုံသော သတ္တဝါတို့၏။ ဟိတသုခါယ၊ စီးပွါးချမ်းသာခြင်းအလို့ငှါ။ အဝိစလာဓိဋ္ဌာနာ၊ မတုန်မလှုပ်မြဲစွာတည်ကုန်သည်။ ဟောန္တိ၊ ကုန်၏။
တေသု သတ္တေသု၊ တို့၌။ အဝိစလာယ၊ ပဋိပက္ခကြောင့် မတုန်လှုပ်သော။ မေတ္တာယ၊ ဖြင့်။ ပုဗ္ဗကာရိနော၊ လက်ဦးကျေးဇူးပြုလေ့ရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။
ဥပေက္ခာယ၊ ဥပေက္ခာဖြင့်။ ပစ္စုပကာရံ၊ ကျေးဇူးတုံ့ကို။ နာသိသန္တိ၊ မတောင့်တကုန်။ ဣတိ-တသ္မာ၊ ကြောင့်။ (ပရိပူရိကာတိ၊ ထက်ဝန်းကျင် ပြည့်ခြင်း ပွါးခြင်းကို ပြုကုန်၏ဟူ၍။ ဝေဒိတဗ္ဗာ၊ ကုန်၏။) ဧဝံ၊ ဤသို့ ဆိုအပ်ပြီးသော (သတ္တဝါတို့၌ အစီးအပွါးကို အလိုရှိသည်၏အဖြစ် အစရှိသော) အခြင်းအရာဖြင့်။ ပါရမိယော၊ တို့ကို။ ပူရေတွာ၊ ၍။ ယာဝ ဒသဗလစတုဝေသာရဇ္ဇဆအသာဓာရဏဉာဏအဋ္ဌာရသဗုဒ္ဓဓမ္မပ္ပဘေဒေ၊ ဌာန ဌာနဉာဏ်စသော ဆယ်ပါးသော ဉာဏဗလ, ဆယ်ပါးသော ကာယဗလ,‌ လေးပါးသော ဝေသာရဇ္ဇဉာဏ်, ခြောက်ပါးသော အသာဓာရဏဉာဏ်, တဆဲ့ရှစ်ပါးသောအသီးသော ဘုရားကျေးဇူးတော် အပြားရှိသည့်ကျေးဇူးတော်တိုင်အောင်။ သဗ္ဗေပိ၊ ချက်ကုံရှိမဲ့သရွေ့လည်းဖြစ်ကုန်သော။ ကလျာဏဓမ္မေ၊ အပြစ်ကင်းသောကောင်းသောသဘောရှိကုန်သော ကျေးဇူးတရားတို့ကို။ ပရိပူရေန္တိ၊ ပြည့်စေနိုင်ကုန်၏။ ဣတိ-တသ္မာ၊ ထိုသို့ အလုံးစုံလည်းဖြစ်သော ကလျာဏဓမ္မတို့ကို ပြည့်စေနိုင်သည်၏ အဖြစ်ကြောင့်။ ဧဝံ ယထာဝုတ္တာကာရေန၊ ဖြင့်။ ဧတာ၊ ထိုအပ္ပမညာတို့သည်။ ဒါနာဒိသဗ္ဗကလျာဏဓမ္မပရိပူရိကာ၊ ဒါနအစရှိသော ကုံအောင်စုံသော ကလျာဏဓမ္မတို့ကို ပြည့်တတ်စေကုန်သည်။ ဟောန္တိ ဧဝ၊ ဖြစ်ကုန်သည်သာတည်း။ ဣတိ၊ ဤရွေ့အပြီးတည်း။ (ဧတာဝ ဟောန္တီတိ ဧတာ ဟောန္တိ ဧဝ ဝါတိ ယောဇနာ။ ဋီကာ)
ဣတိ သာဓုဇနပါမောဇ္ဇတ္ထာယ ကတေ ဝိသုဒ္ဓိမဂ္ဂေ
သမာဓိဘာဝနာဓိကာရေ
ဗြဟ္မဝိဟာရနိဒ္ဒေသော နာမ
နဝမော ပရိစ္ဆေဒေါ