တေသံ၊ ထိုပဏ္ဍုကလောဟိတက ရဟန်းတို့၏။
နိဿိတကာပိ၊ မှီတတ်သော တပည့်တို့သည်လည်း။
ပဏ္ဍုကလောဟိတတာတွေဝ၊ ပဏ္ဍုတလောကဟိတကတို့ဟူ၍ပင်။
ပညာယန္တိ၊ ထင်ရှားကုန်၏။
စူဠဝဂ္ဂဿ ပဌမေ။ ။ ကျမ်းအစ၌ ပဋိညာဉ်နိဒါန်းကား ပါရှိရိုးဖြစ်သော်လည်း မဟာဝဂ္ဂအဋ္ဌကထာ၏ အစ၌ ပြခဲ့ပြီးဖြစ်သောကြောင့် ဤ၌ ထပ်၍ မပြတော့၊ ချဲ့ဦးအံ့- မဟာဝဂ္ဂနှင့် စူဠဝဂ္ဂသည် ဝဂ်အကျဉ်း ဝဂ်အကျယ်နေပုံသာ ကွဲပြား၍ စာအသွားအလာကား ထူးမခြားသောကြောင့် ပဋိညာဉ်နိဒ္ဒါန်းစကားကို မဟာဝဂ္ဂ အစတုန်းကပင် "ခန္ဓကံ ခန္ဓတောဝိဒါ" စသည်ဖြင့် တစ်ပေါင်းတည်း ပြခဲ့၏။ ထို့ကြောင့် ဤနေရာ၌ အထူးမပြတော့ဘဲ စာသွားရှိတိုင်းသာ ဖွင့်ပြလိုသော အဋ္ဌကထာဆရာသည် "စူဠဝဂ္ဂဿ ပဌမေ ကမမက္ခန္ဓကေ" စသည်ကို မိန့်သည်။ "ပါရိဝိသိက စသော နောက်ခန္ဓကတို့ကို ထောက်၍ ပဌမဖြစ်သော ကမ္မက္ခန္ဓက၌ ဟူလို။
တေသံ ။ပေ။ ပညာယန္တိ။ ။ [ပဌမ ဆဗ္ဗဂ္ဂီရဟန်း ၆ ပါးကို ကုလဒူသန သိက္ခာပုဒ်၌ ပြထားခဲ့ပြီ။] ထို ၆ ပါးတည်း၌ ပဏ္ဍုကနှင့် လောဟိတက ၂ ပါးတို့ပါဝင်ကြ၏၊ ထို ၂ ပါးတို့၏ တပည့်များလည်း သဟစရဏနည်းအားဖြင့်လည်းကောင်း, ဌာနနိဿယဖြစ်သော ဆရာတို့၏ ပဏ္ဍုကလောဟိတကအမည်ကို ဌာနီနိဿိတဖြစ်သော တပည့်တို့အပေါ်၌ တင်စားသော ဌာမူပစာရအားဖြင့်လည်းကောင်း "ပဏ္ဍုကလောဟိတက" ဟု ထင်ရှားကြသည်။
ဋီကာ။ ။ ယဋ္ဌိံ ပဝေသယ- ဒုတ်ကို သွင်းလိုက်၊ ကုန္တေ ပဝေသယ- လှံတို့ကို သွင်းလိုက်၊ ဣတိ အာဒီသုဝိယ သဟစရဏဉာယေန (ဒုတ်နှင့် ဒုတ်ကိုင်သူသည် အတူဖြစ်သကဲ့သို့ လည်းကောင်း, လှံနှင့် လှံကိုင်သူသည် အတူဖြစ်သကဲ့သို့ လည်းကောင်း, ဤသို့ ဆရာနှင့် တပည့်တို့ အတူတကါဖြစ်ဘက်ဟူသော နည်းအားဖြင့်လည်းကောင်း) နိဿိတေသု (မှီတက်သော တပည့်တို့အပေါ်၌) နိဿယဝေါဟာရေန ဝါ(မှီရာဖြစ်သော ဆရာတို့၏ အမည်အားဖြင့်။
အလမတ္ထတ္တရာတိ၊ ကား။
သမတ္ထတရာ၊ သာ၍ စွမ်းနိုင်သူတို့သည်။
("ဟောထ" ဟု ထည့်စပ်)။
ဗလဝါ ဗလဝံ။ ။ "ဗလဝ ဗလဝံ" ဟု ဆိုလိုလျက် ဝါစာသိလိဋ္ဌ အကျိုးငှါ ဝ၏ အကိုဒီဃပြု၍ "ဗလဝါ ဗလဝံ" ဟု ဖြစ်၏။ အနက်တူသဒ္ဒါ ၂ ခု ဆင့်နေသောကြောင့် အတိဿယ အနက်ကို ဟောရ၏။ "ဒုက္ခံ ဒုက္ခံ" ပုဒ်၌ အလွန်ဆင်းရဲသော ဒုက္ခအစစ်ကို ယူရသကဲ့သို့နည်း။ ထို့ကြောင့် "သုဋ္ဌဗလဝံ" ဟု ဖွင့်သည်။ "ဒုက္ခမေဝ ဒုက္ခံ" ဟု ဝိဂ္ဂဟပြု၍ "ဒုက္ခဒုက္ခံ" သည် တပုဒ်ထည်းဖြစ်သကဲ့သို့ "ဗလဝါယေဝ ဗလဝါ" ဟု ပြု၍ "ဗလဝါ ဗလဝံ" လည်း ဒုတိယန္တ တပုဒ်တည်းသာတည်း။ [ဗလဝါ ဗလဝန္တိ ဧကပဒံ၊ပေ၊ အတိဝိယ ဗလဝံ ကတွာ ပဋိဝစနံ ဒေထာတိ အတ္ထော၊ ဝိမတိ။]
ဆက်ဦးအံ့။ ။ ဤဋီကာ၌ "အတိဝယ် ဗလဝံ ကတွာ" ဟု ကတွာထည့်၍ ဖွင့်သောကြောင့် "ဗလဝါ ဗလဝံ" ကို ကြိယာဝိသေသန ဟုလည်းကောင်း, "ပဋိဝစနံ ဒေထ" ဟူသော အဖွင့်ကို ကြည့်၍ ပဋိမန္တေထ၌ မန္တဓာတ်သည် ဘာသန အနက်ဟောဟုလည်းကောင်း သိပါ၊ ဂုတ္တဘာသနဟူသော တိုင်ပင်ခြင်း အနက်ဟောမဟုတ် ဟူလို၊ ပါဠိတော်၌ ဆိုလိုရင်းကား "မာ ခေါ တုမှေ အာယသ္မန္တော ဧသော အဇေသိ ဤသူက အရှင်တို့ကို မနိုင်ပါစေလင့်၊ ဗလဝါ ဗလဝံ ပဋိမန္ထေထ အရှင်တို့က အလွန်အားရှိစွာ ပြန်၍ ပြောကြပါ။ အားဘောင်အားရင်းသန်သန်နှင့် ပြန်၍ ပြောကြပါ" ဟူလို။
အလမတ္တတရာ။ ။ အလမတ္တ၌ အတ္တသဒ္ဒါသည် သဘာဝ အနက်ကို ဟော၏။ အလံ+ အတ္တာယေသန္တိ အလမတ္တာ(စွမ်းနိုင်သူ၏ အဖြစ်ဟူသော သဘောရှိသူတို့)၊ ဝိသေသမန+ အလမတ္တာ အလမတ္တတရား အထူးအားဖြင့် စွမ်းနိုင်သူ၏ အဖြစ်ဟူသော သဘောရှိသူတို့၊ ဤသို့ သဒ္ဒတ္ထဖြစ်၏။ "အမတ္ထတရာ" ကား လိုရင်းကိုသာပြသော အဓိပ္ပာယတ္ထတည်း။ [အလမတ္တောတိ သမတ္ထသဘာဝေါ၊ သော စ အန္ထတော သမတ္ထော ဧဝါတိ၊ သုတ်ပါထေယျ၊ သိင်္ဂါလောဝါဒသုတ် ဋီကာ၊] ယောဇနာ၌ "အလမတ္ထတရာ" ဟု ရှိ၏။ ဤဋီကာဖွင့်ပုံနှင့် မညီ။
**အသမ္မုခါ ကတန္တိ အာဒီသု**။ ။ န+ သမ္မုခါ အသမ္မုခါ- မျက်မှောက် မဟုတ်, မျက် ကွယ်၊ သံဃာကို ကြဉ်၍ ပြုခြင်းသည် သံဃာ၏ မျက်ကွယ်မည်၏။ ဟုတ်မှန်သော သဘောမရှိဘဲ ပြုခြင်းသည် ဓမ္မ၏ မျက်ကွယ်မည်၏။ စောဒနာသာရဏာဟူသော ဝီနည်းထုံးစုံအတိုင်း မပြုခြင်းသည် ဝိနယ၏ မျက်ကွယ်မည်၏။ ကမ္မရဟဖြစ်သူ၏ မျက်ကွယ်၌ ပြုခြင်းသည် ပုဂ္ဂလ၏ မျက်ကွယ်မည်၏။ အာဒိဖြင့် ပါဠိတော်၌လာသော အပ္ပဋိပုစ္ဆာကတံ အပ္ပဝိညာယကတံတို့ကိုယူ၊ ထို့ကြောင့် "စုဒိကတံ အပ္ပဋိပုစ္ဆိတွာ ကတံ, တဿေဝ အပ္ပဋိညာယကတံ" ဟု ဖွင့်သည်။
စုဒိကတံ၊ စုဒိတက ပုဂ္ဂိုလ်ကို။
အပ္ပဋိပုစ္ဆိတွာ၊ တစ်ဖန် မမေးမူ၍။
(မစစ်ဆေးဘဲ)။
ကတံ (ဟောတိ)၊
တဿေဝ၊ ထိုစုဒိကတပုဂ္ဂိုလ်၏ပင်။
အပ္ပဋိညာယ၊ ဝန်မခံဘဲ။
ကတံ (ဟောတိ)၊ အနနုလောမိကေဟိ, ဂိဟိသံသဂ္ဂေဟီတိ၊ ကား။
ပဗ္ဗဇိတာနံ၊ ရဟန်းတို့အား။
အနနုစ္ဆဝိကေဟိ၊ မလျောက်ပတ်ကုန်သော။
သဟသောကိတာဒီဟိ၊ အတူတကွဝမ်းနည်းခြင်းရှိသူတို့၏ အဖြစ် အစရှိသော။
[သောကော ယေသံ အတ္ထီတိ သောကိနာ၊ သဟ+ သောကိနော သဟသောကိနော၊ သဟကောကီနံ+ ဘာဝေါသဟသောကိတာ၊ အာဒိဖြင့် သဟနန္ဒိတာ စသည်ကို ယူ။]
ဂိဟိသံသဂ္ဂေဟိ၊ လူတို့နှင့် ရောနှော်ခြင်းတို့ဖြင့်။
("ဂိဟိသံသဋ္ဌော ဝိဟရတိ" ပါဠိတော် ၌စပ်။)
နဝပဒါ။ပေ။ ဝုတ္တာ။ ။ နဝပဒါကို ဝုတ္တာ၌ သာမညကံ, နဝတိကာကို ဝိသေသကံအဖြစ်ဖြင့် စပ်၊ ၉ ပုဒ်တို့ကို ၉ တိက်ဟုဆိုအပ်ကုန်သည် ဟူလို၊ ယောဇနာ၌ကား- ဧကေကံ ၌ စပ်၍ "နဝပဒါ" ကို နိဒ္ဓါရဏ အနက်က ၌ပဌမာ သက်ထား
၏" ဟု ကြံလေသည်။ ["သုက္ကပက္ခေသုပိ" ဟု ဗဟုဝုစ်ဖြင့် တွေ့ရ၏။ ကဏှပက္ခ- သုက္ကပက္ခ" ဟူသည် အပြန်အလှန် တစ်ဖို့စီသာရှိသောကြောင့် "သုက္ကပက္ခေပိ" ဟု ဧကဝုစ်ဖြင့် ရှိသင့်ပါသည်။]
အမှာ။ ။ ဤမှနောက်၌ "န ဥပသမ္ပာဒေတဗ္ဗန္တိ ဥပဇ္ဈာယေန ဟုတွာ န ဥပသမ္ပာဒေတဗ္ဗံ" မှ စ၍ "န ဘိက္ခူဟိ သမ္ပယောဇေတဗ္ဗန္တိ အညမညံ ယောဇေတွာ ကလဟော န ကာရ တဗ္ဗော" ဟု ရှေးစာအုပ်တို့၌ တွေ့ရ၏။ ထိုသံဝဏ္ဏနာ၏ သံဝဏ္ဏေတဗ္ဗ ပါဠိသည် ဤနေရာ၌ မရှိသေး၊ နောက် တိုက်ရိုက်ရှိသော ပါဠိဝယ် ပါရိဝါသိကက္ခန္ဓက၌ ဖွင့်ပြလတံ့ဖြစ်သောကြောင့် ဤနေရာ၌ အနက်မပေးဘဲ ထားပါသည်။
သာတိသာရောဟောတီတိ၊ ဟူသော ။
ဣဒံ၊ ဤစကားသည်။
ဝိရုဇ္ဈတိ၊ ဆန့်ကျင်သည် မဟုတ်ပါလော။
ဣတိ၊ ဤကား စောဒနာတည်း။
ဧကေကေနာပိ အင်္ဂေန။ ။ အထက်၌ "တီဟိ ဘိက္ခဝေ အင်္ဂေဟိ သမန္နာဂတဿ" စသည်ဖြင့် ဟောတော်မူအပ်ပြီးသော အနက်ကိုပင် "တိဏ္ဏံ ဘိက္ခဝေ ဘိက္ခူနံ" စသည်ဖြင့် အဘယ်အကျိုးငှါ ထပ်မံ၍ ဟောတော်မူအပ်ပါသနည်း ဟု မေးဖွယ်ရှိသောကြောင့် "တိဏ္ဏံ ဘိက္ခဝေ ဘိက္ခူနံတိ အာဒိ" အစရှိသော ပါဌ်ကို မိန့်သည်၊ ရှေ့၌ဆိုအပ်ပြီးသော စကားအရ အင်္ဂါ ၃ ပါး နှင့် ပြည့်စုံမှ တဇ္ဇနီယကံ ပြုထိုက်၏ ဟု ထင်မှတ်ဖွယ်ရှိရကား ထိုအင်္ဂါ ၃ ပါးကိုပင် "တိဏ္ဏံ ဘိက္ခူနံ" ဟု ရဟန်း ၃ ပါးအပေါ်၌ထား၍ ဟောတော်မူသောကြောင့် "ထိုအင်္ဂါ ၃ ပါးတွင် တစ်ပါးပါးလျှင် ပြည့်စုံလျှင်လည်း တဇ္ဇနီယကံ ပြုနို်၏ ဟုပြခြင်းအကျိုးငှါ ထပ်မံ၍ ဟောတော်မူအပ်ပါသည်" ဟူလို။
တဇ္ဇနီယ စသည်။ ။ တဇ္ဇီယတိ ဧတေနာတိ တဇ္ဇနီယံ၊ တမေဝကမ္မံ တဇ္ဇနီယကမ္မံ၊ (ဘဏ္ဍနကာရက စသော အမှုကို ပြုတတ်သူကို ခြိမ်းခြောက်ကြောင်းကံ)နိယဿတိ ဘဇာပေတိ ဧတေနာတိ နိယသံ (ဒိဝါဒိဂိုဏ်းဖြစ်၍ နိယဿတိဟု ကတ္တုရုပ်ဖြင့်ရှိစေ) ပုဒ်ပြီးသောအခါ၌ကား "နိ+ယသု- အပစ္စည်းဖြစ်၍ သာသံယုဂ် မလို၊ ယောဇနာ၌ ဿသံယုဂ်ရှိ၏။ နိယသမေဝ ကမ္မံ နိယသကမ္မံ (အသင်သည် ဗာလအဗျတ္တဖြစ်၍ ဆရာသမားကို မမှီဘဲ မနေရ ဟု ဆရာသမားကို မှီ၍ နေစေကြောင့်း ကံ) ဂါမာဒိတော ပဗ္ဗာဇိယတိ ဧတေနာတိ ပဗ္ဗာဇနီယံ၊ တမေဝ ကမ္မံ ပဗ္ဗာဗနီယ ကမ္မံ၊ (ကုလဒူသ စသော အမှုကို ပြုသည့်အတွက် သူ၏မှီ၍နေရာမြို့ရွာ စသည်မှ ထွက်သွားစေအပ်ကြောင်း ကံ့။)
တိဏ္ဏံ ဘိက္ခဝေတိ အာဒိဝစနဿ၊ တိဏ္ဏံ ဘိက္ခဝေ အစရှိသောသဒ္ဒါ၏။
အင်္ဂသမ္ဘဝေါ၊ အင်္ဂါ၏ ဖြစ်သင့်ခြင်းသည်။
(အတ္ထော၊ တည်း)။
[ကံထိုက်, မထိုက်ခြင်းသည် လိုရင်း မဟုတ်သေး၊ ထိုအင်္ဂါ၏ ရှိနေခြင်းဟာ လိုရင်းအနက်ဖြစ်သည် ဟူလို။]
တသ္မာ၊ ကြောင့်။
(ထိုသို့ သဒ္ဒါ ၂ မျိုး အနက်အဓိပ္ပါယ် ၂ မျိုးရှိသည်၏အဖြစ်ကြောင့်။)
ယဒါ၊ ၌။
သံဃေန၊ သံဃာသည်။
သန္နိပတိတွာ၊ စည်းဝေး၍။
ဣမဿ ဘိက္ခနော၊ ဤရဟန်း၏ အပေါ်၌။
ဣမံ နာမ ကမ္မံ၊ ဤမည်သောကံကို။
ကရောမ၊ ပြုကြကုန်စို့။
ဣတိ၊ သို့။
သန္နိဋ္ဌာနံ၊ ဆုံးဖြတ်ခြင်းသည်။
ဝါ၊ ကို။
ကတံ၊ ပြုအပ်ပြီးသည်။
ဟောတိ၊ ၏။
ယဒိ ဧဝံ ၊ပေ၊ ဝိရုဇ္ဈတိ။ ။ "စမ္ပေယျက္ခန္ဓက၌ တဇ္ဇနီယကံထိုက်သူအား နိယသကံပြုလျှင် အဓမ္မကံ အဝိနယကံဖြစ်၏" စသော ဤစကားသည် "ဣမေသု ပန တီသု အင်္ဂေသု စသော စကားနှင့် ဆန့်ကျင်နေသည်" မဟုတ်ပါလော၊ အင်္ဂါ ၃ ပါးတို့တွင် ဘဏ္ဍနကာရကတ္တကြောင့် တဇ္ဇနီယကံထိုက်နေသူအား ပဗ္ဗဇနီယကံလည်း ပြုနိုင်၏ဟု ဤစကားက ဆိုထားသောကြောင့် ဆန့်ကျင်သည် မဟုတ်ပါလော ဟူလို။
မှတ်ချက်။ ။ စာအုပ်တို့၌ "စမ္ပေယျက္ခန္ဓကေ" ၏ ရှေ့ဝယ် "ယံ" ဟု တွေ့ရ၏။ ထို ယံသဒ္ဒါသည် ယောဇနာ၌လည်း မပါ၊ "ဣဒံ" ဟု တိုက်ရိုက်စွဲထားသော စကားနှင့်လည်း ဆန့်ကျင်။ ထို့ကြောင့် "ယံ" မပါခြင်းသာ ရှေ့နောက်ညီသည်။ [ယဒိ သဗ္ဗာနိ ကမ္မာနိ ကာတုံ ဝဋ္ဋတီတိ ယောဇနာ၊ ဧဝံ သတိ စမ္ပေယျက္ခန္ဓကေ ဝုတ္တံ ဣဒံ ဝစနံ ဝိရုဇ္ဈတီတိ သမ္ဗန္ဓော၊ ယောဇနာ။]
ဣဒဉ္စ န ဝိရုဇ္ဈတိ။ ။ ဤစမ္ပေယျက္ခန္ဓက စကားလည်း "တိဏ္ဏံ ဘိက္ခဝေ" စကားနှင့် မဆန့်ကျင်ပါ၊ "ကသ္မာ၊ ဝစနတ္ထနာနာတ္တတော" စကား ၂ ရပ်၏ ဆိုလိုရင်းအနက် အဓိပ္ပါယ်အားဖြင့် မတူသောကြောင့်တည်း၊ ချဲ့ဦးအံ့- စမ္ပေယျက္ခန္ဓက၌ "တဇ္ဇနီယျကမ္မာရဟဿ" ဟူသော သဒ္ဒါအနက်မှာ ကံပြုဖို့ရန် ဆုံးဖြတ်ပြီးဖြစ်၍ ကံပြုထိုက်နေသူတည်း၊ ဤ "တိဏ္ဏံ ဘိက္ခဝေ" စသော သဒ္ဒါအနက်ကား အင်္ဂါ ၃ ပါးတွင် တစ်ပါးပါး၏ ဖြစ်သင့်ခြင်းတည်း၊ ထို့ကြောင့် "သံဃာစည်းဝေးပြီး၍ တဇ္ဇနီယကံ ပြုဖို့ရန် ဆုံးဖြတ်ပြီးခါမှ နိဿသကံစသည်ပြုလျှင် အဓမ္မကံ ဖြစ်သည် " ဟု စမ္ပေယျက္ခန္ဓက၌ ဟောတော်မူလိုရင်းတည်း၊ ဤနေရာ၌ကား ဘဏ္ဍနကာရကတ္တ စသော အင်္ဂါတို့တွင် တစ်ပါးတပါးသော အင်္ဂါနှင့် ပြည့်စုံလျှင် အလိုရှိရာကံပြုဖို့ရန် ဆုံးဖြတ်နိုင်ခြင်းတည်း၊ ထိုသို့ ဆုံဖြတ်ပြီးမှ အခြားကံတစ်ခုကိုကား ပြောင်းလွှဲ၍ မပြုရ ဟူလို။
တဒါ၊ ဆုံးဖြတ်ပြီးရာ ထိုအခါ၌။ ကမ္မာရဟောနာမ၊ ကံထိုက်သော ရဟန်းမည်သည်။ ဟောတိ၊**တတ္ထ ကိဉ္စာပိ**။ ။ ပါဠိတော်ဝယ် တဇ္ဇနီယကံ၌ "ဘဏ္ဍနကာရကာ, ကလဟကာရကာ စသည်ဖြင့် ကမ္မဝါစာကို ဟောတော်မူအပ်သည်" မဟုတ်ပါလော၊ ထို့ကြောင့် ဗာလ အဗျတ္တရဟန်း၏ အပေါ်၌ တဇ္ဇနီယကံကို ပြုလိုလတ်သော အဘယ်နည်းဖြင့် ကမ္မဝါစာကို ပြုထိုက်ပါသနည်းဟု စောဒနာဖွယ်ရှိသောကြောင့် "တတ္ထ ကိဉ္စာပိ" စသည်ကို မိန့်သည်၊ တဇ္ဇနီယကံအရာဝယ် ဘဏ္ဍနကာရက၏ အဖြစ်ဖြင့် ဟောတော်မူထားပါသော်လည်း ဗာလအဗျတ္တရဟန်းကို တဇ္ဇနီယကံပြုလိုလျှင် "ဗာလော အဗျတ္တော အာပတ္တိဗဟုလော" ဟု ပြောင်းလွဲ၍ ကမ္မဝါစာကို ပြုပါ- ဟူလို။ အဋ္ဌရသ ကမ္မာဝတ္တန ဝတ္ထူနိ၊ အဋ္ဌရသ သမ္မာဝတ္တနဝတ္ထုတို့ကို။
ပါရိဝါသိကက္ခန္ဓကေ၊ ပါရိဝါသိကက္ခန္ဓက၌။
ဝဏ္ဏယိဿာမ၊ ဖွင့်ကုန်အံ့။
ဧဝံ ဟိ ။ပေ၊ ဝတ္ထုနာ။ ။ ထိုသို့ ပြောင်းလွဲ၍ ပြုရခြင်း၏ အကျိုးကို ပြလိုသောကြောင့် "ဧဝံ ဟိ" စသည်ကို မိန့်သည်။ ဤသို့ ပြောင်းလွှဲ၍ ပြုလိုက်သော် ဟုတ်မှန်သော ဝတ္ထုဖြင့် ကံကို ပြုရာရောက်၏။ အခြားကံ၏ ဝတ္ထုဖြင့် အခြားကံတစ်ခုကို ပြုရာလည်း မရောက် ဟူလို။
ကသ္မာ ၊ပေ၊ အနုညာတံ။ ။ "အဘယ်ကြောင့် အခြားကံ၏ ဝတ္ထုဖြင့် အခြားကံကို ပြုရာ မရောက်သနည်း" ဟု ကိုယ်တိုင် ပုစ္ဆာထုတ်၍ အဖြေကို ပြလိုသောကြောင့် "ကသ္မာ,ယသ္မာ" စသည်ကို မိန့်သည်၊ ဗာလ အဗျတ္တရဟန်း၏ အပေါ်၌ ဤတဇ္ဇနီယကံ ပြုခြင်းကိုလည်း ခွင့်ပြုတော်မူအပ်ပြီးဖြစ်သည်။ ထို့ကြောင့် "အခြားကံ၏ ဝတ္ထုဖြင့် အခြားကံတစ်ခုကို ပြုရာမရောက် ဟူလို၊ ခွင့်ပြုတော်မူပုံကား "တိဏ္ဏံ ဘိက္ခဝေ ဘိက္ခူနံ အာင်္ကခမာနော သံဃော တဇ္ဇနီယကမ္မံ ကရေယျ" စသည်၌ ဗာလ အဗျတ္တ၏ အပေါ်ဝယ် တဇ္ဇနီယံကံပြုခွင့်ကို ပေးတော်မူခြင်းတည်း။
ဧသ နယော။ ။ "နီယတိ ဉာယတိ အတ္ထော ဧတေနာတိ နယော" ဟူသော ရှေးဝိဂြိုလ်ကို လိုက်၍ "နယော - သိကြောင်း အစီအရင်တည်း" ဟု အနက်ပေးလေ့ရှိကြ၏၊ မိမိလည်း ရှေးစာအုပ်တို့၌ ဤသို့ပင် ပေးခဲ့၏။ သို့သော နီဓာတ်သည် ဆောင်ခြင်းအနက်ကိုသာ ဟော၏၊ သိခြင်းအနက်ကို မဟော၊ အတ္ထော ဒုန္နယောဣ၌ "ဒုန္နီဟာရော" ဟု ဖွင့်၏၊ ထို့ကြောင့် "နယာ- အနက်ကို ဆောင်ကြောင်း အစီအရင်တည်း" ဟု တစ်မျိုးအနက်ပေးပါသည်။
ဟိ၊ မှန်။
ဣမသ္မိံ ကမ္မက္ခန္ဓကေ၊ ဤကမ္မက္ခန္ဓက၌။
ဧတ္တကေန၊ ဤမျှလောက်သော ၁၀ ရက်, ၅ ရက်ဖြင့်။
ဝတ္တံ၊ ကျင့်ဝတ်သည်။
ပူရိတ မေဝ၊ ပြည့်တော့သည်သာ။
ဟောတိ၊ ။
ပန္နလောမာ။ ။ ပန္န၌ ပတဓာတ်, တပစ္စည်းတည်း၊ "ပတိံ သူတိ ပန္နာနိ၊ ပန္နာနိ+ လောမာနိ ယေသံတိ ပန္နလောမာ" လောမာအရ မာန်မာနတည်းဟူသော အမွေးကို ယူပါ၊ ကံမပြုမီတုန်းက မာန်မာန တက်ကြွ၍ ထောင်နေသကဲ့သို့ဖြစ်သော မာန အမွေးတိ့သည် ကံပြုလိုက်သောအခါ မထောင်ကြတော့ဘဲ လဲ၍ကျ၍ သွားကြသည် ဟူလို၊ ဤ "ပန္နလောမာ" စသော စကားတိ့သည် "သမ္မာဝတ္တန္တိ" ဟု ပရိယာယ် စကားများတည်း။ [လောမံ ပါတေန္တီတိ အာဒိ သမ္မာဝတ္တနာယ ပရိယာယဝစနံ၊ သာရတ္ထ၊ ပန္နလောမာတိ ပတိတလောမာ၊ (ဝိမတီ)။]
နေတ္ထာရံ။ ။ "ယေန သက္ကာ နိဿရဏာ နတ္ထရိတုံ" ကို ကြည့်၍ "နိဿရဏတော နိတ္ထရန္တီတိ နိတ္ထာရာ" ဟုပြု၊ သံဃာ့ဘောင်မှ ထွက်သွားစေခြင်း (နှင်ထုတ်ခြင်း) မှ လွတ်မောက်သော ပုဂ္ဂိုလ်တို့၊ နိပုဗ္ဗ+ တရဓာတ်, ဏပစ္စည်း၊ [သက္ကတ၌ "နိသ်+တရ" ဟု ရှိသောကြောင့် (သ်) ပျောက်၍ တကို ထပြု၊ တဒွေဘော်လာရသည်၊ နိတ္ထရာနံ+ဧတံ နေတ္ထရံ၊ ဣဒံ အနက်၌ ဏပစ္စည်းသက်၊ ဏပစ္စည်းကြောင့် နိ၏ ဣကို ဧဝုဒ္ဓိပြု၊ အဋ္ဌကထာဝယ်" နိတ္ထရန္တာနံ" ဟု အန္တပစ္စည်းဖြင့် ရှိသည်ကား "နိတ္ထာရ" ၌ ဏပစ္စည်း၏ ကတ္တား အနက်ဖွင့်တည်း။ "နေတ္ထာရံ" အရ အဋ္ဌရသဝိဓ သမ္မာဝတ္တကို ရသောကြောင့် "တံ အဋ္ဌာရသဝိဓံ သမ္မာဝတ္တံ" ဟု မိန့်သည်။]
**အပိဿု ဗျာဝဋာ**။ ။ အပိဿူတိ ဧတ္ထ သုဣတိ နိပါတမတ္တံ၊ ဘိက္ခဓ အပိ နိစ္စံ ဗျာဝဋာ ဟောန္တီတိ ဝုတ္တံ ဟောတိ၊ (သာရတ္ထ) ဤအလို ပါဠိတော်၌ "ဘက္ခူ အပိ တို့သည်လည်း- ပကတာ- အမြဲကြောင်းကြစိုက်နေကြရကုန်သည်၊ ဟောန္တီ" ဟု ပေးပါ။ အပိဿူတိ အပိစာတိ ဣမသ္မိံ အတ်ေထ နိပါတသမုဒါယော (ဝိမတိ)၊ ဤအလို "အပိဿု- သည်သာမကသေး၊ ဘိက္ခူ တို့သည်၊ ပကတာ ဟောန္တိ" ဟု ပေးပါ၊ ပကတာကိုလည်း "နိစ္စံ ဗျာဝဋာ" ပဥပသာရ အတွက် ကြောင့် ဗျာဝဋအနက်ကို ဖွင့်သည်။ **တိလသံဂုဠိကာ**။ ။ ဂုဠော ဧတ္ထာတိ ဂုဠိကာ - တင်လဲ (သကြား) ပါရှိသော မုန့်၊ သမ္မာ+ ဂုဠိကာ သံဂုဠိကာ - ကောင်းမွန်စွာ သကြားပါရှိသော မုန့်၊ တိလေဟိ+ သံသဋ္ဌာ+ သံဂုဠိကာ တိလသံဂုဠိကာ - နှမ်းတို့ဖြင့် ရောအပ်သော ကောင်းမွန်စွာ သကြားပါရှိသော မုန့်၊ သက္ခရသဒ္ဒါလည်း သကြား (သကာ) အနက်ဟောပင်တည်း၊ ထို့ကြောင့်" တိလသ္ခရိကာ" ဟု ရှိသင့်၏၊ သို့မဟုတ် ရကို လပြုထားသည် ဟု ကြံပါ၊ ရှေးက "နှမ်းပျစ်မုန့်" ဟု မြန်မာပြန်ကြသည်။ [သက္ခရာ ဂုဠဘေဒေစ၊ အဘိဓာန် (၉၂၅)။] **ဘိက္ခု, ဂိဟိဝစနံ**။ ။ ရဟန်းမှန်လျှင် ပရိယာယ်အားဖြင့်သော်မှ လူတို့ကို မဆဲရ၊ ရှင်သုဓမ္မကား တိုက်ရိုက်ဆဲ၏။ ထို့ကြောင့် "နေဝ ဘိက္ခုဝစနံ" ဟု ဆိုသည်၊ လူဝတ်ကြောင်များ သည် တိုက်ရိုက်ဆဲနိုင်သော်လည်း ကျေးဇူးရှိသော သူများကိုကားမဆဲရှာကြ၊ ရှင်သုဓမ္မကမူကျေးဇူးရှင်ဖြစ်သော စိတ္တသူကြွယ်ကို ဆဲ၏၊ ထို့ကြောင့် "န ဂိဟိဝစနံ" ဟု ဆိုသည်၊ ဝိမတိ။ **အင်္ဂ ၊ပေ၊ အသဒိသော**။ ။ ရှေးကံတို့၌ အင်္ဂါ ၃ ပါးနှင့် ပြည့်စုံလျှင် အင်္ဂသမာန္နာဂမဖြစ်၏။ ဤ၌ အင်္ဂါ ၅ ပါးနှင့်ပြည့်စုံမှာ အင်္ဂသမန္နာဂမဖြစ်၏။ ထို့ကြောင့် "အသဒိသော" ဟု ဆိုသည်၊ ဤမှနောက်၌ ဤပဋိသာရဏီယကံနှင့် စပ်၍ မှတ်ဖွယ်ကို ဝိမတိ၌ ရှုပါ။ ဧတ္ထ၊ ဤပဋိသာရဏီယကံ၌။
သေသံ၊ ကြွင်းသော ပုဒ်အပေါင်းသည်။
ဥတ္တာနတ္ထဉ္စေဝ၊ ရှိသည်လည်းကောင်း။
တဇ္ဇနီဗယ၊ ၌။
ဝုတ္တနယမေဝစ၊ ဆိုအပ်ပြီးသော နည်းရှိသည်သာလျှင် လည်းကောင်း။
(ဟောတိ)၊
သစ္စာပေတိ။ ။ "ဧဝံ န ကရောတိ" ကို ထောက်၍ "သစ္စံ" ဟူသော ဒုတိယန္တိနာမ်ပုဒ်နောင် ကရဓာတ်၏ အနက်၌ မောဂ္ဂလ္လာန်, ခါဒိကဏ္ဍ, "သစ္စာဒိဟာပိ" သုတ်ဖြင့် အာပိပစ္စည်းသက်၊ ပိ၏ ဣကိုလည်း ဧဝုဒ္ဓိပြု" န သစ္စာပေတိ၊ မှန်ကန်အောင် မပြု" ဟု ပေးပါ၊ ဝဿာဝါသံ စသည်ကာ မှန်ကန်အောင် မပြုပုံကို သရုပ်ပြသော စကားတည်း။
သေသမေတ္ထ။ ။ ယောဇနာ၌ "ဧတ္ထာတိ ပဋိသာရဏီယကမ္မေ" ဟု စွဲ၍ "ပဋိမုခံ အတ္တနော ဒေါသံ သရာပေတဗ္ဗံ အနေန ဝိနယကမ္မေနာတိ ပဋိသာရဏီယံ" ဟု ဝိဂြိုဟ်ပြုလေ၏။ "အတ္တနော ဒေါသော ပဋိသာရီယတေ အနေနာနိ ပဋိသာရဏီယံ" မိမိအပြစကို တစ်ဖန် ပြန်၍ အမှတ်ရစေကြောင်းဖြစ်သော ကံ" ဟု ပြုလျှင် ကောင်းမည်ထင်သည်။
**ဘဏ္ဍနကာရကော**။ ။ ဥက္ခေပနီယကံ ပြုထိုက်သူ၏ အင်္ဂါကို ပြရာ ပါဠိတော်၌ "ဘဏ္ဍနကာရကော ကလဟကာရကော ဝိဝါဒကာရကော" စသည်ဖြင့်မိန့်တော်မူ၏။ ဤဥက္ခေပနီယကံကို ပြုရာ၌ကား ဘဏ္ဍနအမှုကြောင့် ပြုရသည်မဟုတ်၊ အာပတ်ကို မရှုခြင်း ကြောင်သာ ပြုရသည်၊ ထို့ကြောင့် "ဘဏ္ဍနကာရကော" စသည်ကို "အကြောင်းငြင်းခုံခြင်း၏ အမည်ကို အကျိုးအာပတ္တိ အဒဿန၌ တင်စားထားသော ကာရဏူပစာစကား " ဟု သိစေလို၍ "ဘဏ္ဍနာဒိပစ္စယာ " စသည်ကို မိန့်သည်၊ ငြင်းခုံခြင်း စသည်ကြောင့် သင့်ရောက်အပ်သော အာပတ်ကို ထိုပုဂ္ဂိုလ်အပေါ်၌ တင်ပေးသောအခါ ထိုပုဂ္ဂိုလ်က ထိုအာပတ်ကို မရှုမှုကြောင့် ဥက္ခေပနိယကံ ပြုရသည်၊ဘဏ္ဍနကာရေကော ဟောတီတိ အာဒိ ကာရဏူပစာရဝသေန ဝုတ္တေ၊ ယောဇနာ။ **ယံ ဒိဋ္ဌိံ နိဿာယ**။ ။ "ယံ ဒိဋ္ဌိံ နိဿာယ ဘဏ္ဍနာဒီနိ ကရောတိ" ဟု ဆိုသောကြောင့် အခြားဘဏ္ဍနကာရကကို မယူရ၊ မိစ္ဆာဒိဋ္ဌိကို အကြောင်းပြု၍ ဖြစ်သော ဘဏ္ဍနကာရက စသည်ကိုသာ ယူရသည်၊ ဘဏ္ဍနစသည်ကို ပြုခြင်းကြောင့် အပြစမရှိဟု အယူမှားနေသူ အတွက်လည်း ထိုအယူကို မစွန့်လျှင် ဥက္ခေပနီယကံပြုနိုင်၏ဟု ဝိမတိဖွင့်သည်၊ [ဤ၌ "ယံ ဒိဋ္ဌိံ နိဿာယ" ကို ကြည့်၍ ဒိဋ္ဌိသည် အကြောင်း, ဘဏ္ဍနကာရက စသည်ကား အကျိုးတည်း၊ ထို့ကြောင့် ဘဏ္ဍနကာရကအကျိုးကို ဥက္ခေပနီယတံ ပြုကြောင်းဖြစ်ကြောင့် ဖြစ်သော ဒိဋ္ဌိ၌ တင်စား၍ ဖလူပစာရအားဖြင့် "ဘဏ္ဍနကာရကော" စသည်ကို အင်္ဂါအဖြစ်ဖြင့် မိန့်တော်မူသည်ဟု ကြံပါ။]