Issues
選擇版本
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(SP) Cūḷavagga-aṭṭhakathā
(SP) Cūḷavagga-aṭṭhakathā

Senāsanavattakathā

作者: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

သေနာသနဝတ္တေ၊ ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော)၊ ဒွါရံနာမ၊ တံခါး ပေါက်ကြီးမည်သည်ကို။ ယသ္မာ၊ ကြောင့်။ မဟာဝဠဉ္ဇနံ၊ များစွာသော ပုဂ္ဂိုလ်တို့သည် သုံးစွဲအပ်၏။ တသ္မာ၊ ကြောင့်။ တတ္ထ၊ ထိုတံခါးပေါက်ကြီးကို ဖွင့်ပိတ်ရာ၌။ အာပုစ္ဆနကိစ္စံ၊ ခွင့်ပန်ဖွယ် ကိစ္စသည်။ နတ္ထိ၊ မရှိ။ ပန၊ ကား။ သေသာနိ၊ တံခါးပေါက်ကြီးကိုဖွင့်ခြင်းမှ ကြွင်းကုန်သော။ ဥဒ္ဒေဿဒါနာဒီနိ၊ ဥဒ္ဒေသဒါန အစရှိသောအမှုတို့ကို။ အာပုစ္ဆိတွာဝ၊ ခွင့်ပန်၍သာ။ ကာတဗ္ဗာနိ၊ န်၏။
ဒေဝသိကမ္ပိ၊ နေ့တိုင်းလညး်။ အာပုစ္ဆိတုံ၊ ငှာ။ ဝဋ္ဋတိ၊ သင့်၏။
ဘန္တေ၊ ရား။ အာပုစ္ဆိတမေဝ၊ ခွင့်ပန်အပ်ပြီးသာ။ ဟောတု၊ ဖြစ်ပါစေတော့။ ဣတိ၊ ဤသို့။ ဝုတ္တေ၊ လျှောက်အပ်သော်။ ဝုဍ္ဎတရော၊ သီတင်းကြီးသည်။ သာဓူတိ၊ ကောင်းပြီဟူ၍။ အထာပိ သမ္ပစ္ဆတိ၊ အကယ်၍မူလည်းလက်ခံအံ့။ ("ဧဝံသတိ၊ ဝဋ္ဋတိ၊ အပ်၏" ၌စပ်)။ ဝါ၊ တစ်နည်း။ သယမေဝ၊ သီတင်းကြိးကိုယ်တိုင်သာ။ တွံ၊ သင်သည်။ ယထာသုခံ၊ ချမ်းသာသည်အားလျော်စွာ။ ဝိဟရာတိ၊ နေလော။ ဣတိ၊ သို့။ အထာပိဝဒတိ၊ အကယ်၍မူလည်း ပြောအံ့။
ဧဝမ္ပိ၊ ဤသို့ ပြောပြန်သော်လည်း။ ဝဋ္ဋတိ၊ ၏။
သဘာဂဿ၊ သဘောတူသော သီတင်းကြီး၏။ ဝိဿာသေနာပိ၊ အကျွမ်းဝင်ခြင်းကြောင့်လည်း။ ဝဋ္ဋတိယေဝ၊ သည်သာ။

ယေန ဝုဍ္ဎော, တေန ပရိဝတ္တိတဗ္ဗန္တိ၊ ကား။ ဝုဍ္ဎာဘိမုခေန၊ သီတင်းကြီးဘက်သို့ ရှေးရှုသော မျက်နှာရှိသည်။ (ဟုတွာ) ပရိဝတ္တဗ္ဗံ၊ ပြန်လည်ရာ၏။ [သီတင်းကြီးနှင့်အတူ စင်္ကြံတစ်ခုထည်း၌ စင်္ကြံဆုံး၍ ပြန်လှည့်သောအခါ သီတင်းကြီးဘက်ကျောပေး၍ မလှည့်ပါနှင့်, သီတင်းကြီးဘက် မျက်နှာ မူ၍လှည့်ပါ- ဟူလို။]

သေသာနိ ၊ပေ၊ ကာတဗ္ဗာနိ။ ။ အများဝင်နိုင် ထွက်နိုင်သော တံခါးပေါက်ကြီးကို ပိတ်ခြင်းဖွင့်ခြင်း၌ သီတင်းကြီးထေရ်အား ခွင့်ပန်ဖွယ် မလို၊ ပါဠိကို ရွတ်ပြ (ပို့ချ) ခြင်း အစရှိသည်တို့ကိုကား ခွင့်ပန်ရမည်၊ ဥဒ္ဒေသဒါနာဒီနိ၌ အာဒိဖြင့် ပါဠိတော်၌လာသော (ပရိပုစ္ဆာ) အဖန်ဖန်ပေးအပ်သော အဋ္ဌကထာကို ပို့ချခြင်း, (သဇ္ဈာယ) စားအံ့ခြင်း, တရားဟောခြင်း, မီးထွန်းခြင်း, မီးငြိမ်းခြင်း, လေသာပြူတင်းများကို ဖွင့်ခြင်း, ပိတ်ခြင်းတို့ကိုယူပါ။

အထာပိ ၊ပေ၊ ဝဋ္ဋတိ။ ။ သီတင်းငယ်ရဟန်းက "ဥဒ္ဒေသစသော အမှုများကို ခွင့်ပန်အပ်ပြီး ဖြစ်ပါစေတော့ဘုရား" ဟုလျှောက်ထား၍ သီတင်းကြီးကလည်း "ကောင်းပြီ" ဟုလက်ခံလျှင်သော်လည်းကောင်း သီတင်းကြီးကိုယ်တိုင် "ချမ်းသာစွာ နေတာပေါ" ဟု မိန့်ဆိုလျှင်သော်လည်းကောင်း ဥဒ္ဒေသဒါန စသည်ကိုခွင့်ပန်ဖွယ်မလို၊ ဤစကားကိုထောက်၍ အချို့ကျောင်းတိုက်၌ ရောက်သစ်စ အာဂန္တုများကို " စားအံမီးထွန်းမှ စ၍ ခွင့်ပြုမကောင်းသော ဝတ်အကျင့်များကိုခွင့်ပြုတော်မူပါဘုရား" ဟု လျှောက်ထားစေကြသည်။ သို့သော် ဤကျင့်ဝတ်သည် တစ်တိုက်လုံးအတွက် ကျင့်ဝတ် မဟုတ်၊ "သစေ ဝုဍ္ဎေန သဒ္ဓိံ ဧကဝိဟာရေတိ" စသည်ဖြင့် လာသောကြောင့် တစ်ကျောင်းထည်း၌ အတူနေ သံဃာငယ်များက အကြီးဆုံး ထေရ်, အပေါ်၌ ကျင့်ရမည် ကျင့်ဝတ်ဟု သိပါ။

ဘောဇနသာလာဒီသုပိ၊ ဆွမ်းစားစရပ် အစရှိသော အရပ်တို့၌ လည်း။ ဧဝမေဝ၊ ဤအတူပင်။ ပဋိပဇ္ဇိတဗ္ဗံ၊ ကျင့်ရာ၏။ [ဘောဇနကာလ၊ပေ၊ ပဋိပဇ္ဇိတဗ္ဗန္တိ ဘောဇနသာလာဒီသုပိ ဥဒ္ဒေသပါနာဒိ အာပုစ္ဆိတွာဝ ကာတဗ္ဗန္တိ အတ္ထော၊ သာရတ္ထ။]