("ဂမိကဝတ္တေ ဝိနိစ္ဆယော ဧဝံ ဝေဒိတဗ္ဗော" ဟု ယောဇနာရှိသော ကြောင့်" ဂမိကဝတ္တေ" ဟု ရှေးပါဌ် ရှိဟန်တူသည်။ အချို့စာအုပ်တို့၌ "ဂမိက ဝတ္တေသု" တွေ့ရ၏)။
ဂမိကာဝတ္တေ၊ ၌။
(ဝိနိစ္ဆယော ဧဝံ ဝေဒိတဗ္ဗော)၊
ဒါရုဘဏ္ဍန္တိ၊ ဟူသည်ကား။
သေနာသနက္ခန္ဓကေ၊ က၌။
ဝုတ္တံ၊ မိန့်တော်မူအပ်သော။
မဉ္စပီဌာဒိ၊ ညောင်စောင်းအင်းပျဉ် အစရှိသော သစ်ဘဏ္ဍာတည်း။
မတ္တိကာဘဏ္ဍမ္ပိ၊ မြေညက်ဘဏ္ဍာသည်လည်း။
ရာဇနဘာဇနာဒိ၊ အိုးရေကျိုးအိုး အစရှိသော။
သဗ္ဗံ၊ အလုံးစုံသော။
တတ္ထ၊ ထိုသေနာသနက္ခန္ဓက၌။
ဝုတ္တပ္ပဘေဒမေဝ၊ ဆိုအပ်ပြီးသော အပြားရှသော ဘဏ္ဍာပင်တည်း။
တံ သဗ္ဗံ၊ ထိုအလုံးစုံကို။
အဂ္ဂိသာလာယဝါ၊ မီးတင်းကုတ်၌သော်လည်းကောင်း။
အညတရသ္မိံ၊ အမှတ်မထား တစ်ပါးပါးသော။
ဂုတ္တဋ္ဌာနေဝါ၊ လုံခြုံရာ အရပ်၌သော်လည်းကောင်း။
ပဋိသာမေတွာ၊ သိုမှီးသိမ်းဆည်းပြီး၍။
ဂန္တဗ္ဗံ၊ သွားရာ၏။
အနောဝဿကေ၊ မိုးမစွတ်အပ်သော။
ပဗ္ဘာရေပိ၊ တောင်ဝှေးအရပ်၌လည်း။
ထပေတုံ၊ ထားခြင်းငှာ။
ဝဋ္ဋတိ၊ ၏။
သေနာသနံ အာပုစ္ဆိတဗ္ဗန္တိ ဧတ္ထ၊ ၌။
ပါသာဏပိဋ္ဌိယံ ဝါ၊ ကျောက်ဖျာအပြင်၌ သော်လည်းကောင်း။
ပါသာဏထမ္ဘေသုဝါ၊ ကျောက်တိုင်တို့၌သော်လည်းကောင်း။
ယံ ကတသေနာသနံ၊ အကြင်ပြုအပ်သော ကျောင်းသည်။
(အတ္ထိ)၊
ယတ္ထ၊ အကြင်အကြင်ကျောင်း၌။
ဥပစိကာ၊ ခြတို့သည်။
နာရောဟန္တိ၊ မတက်နိုင်ကုန်။
တံ၊ ထိုကျောင်းကို။
အနာပုစ္ဆန္တဿာပိ၊ မပြန်ပြောသော ရဟန်း၏လည်း။
အနာပတ္တိ၊ သည်။
(ဟောတိ)၊
(ကြည့်ရှုလိုက်ပါ" ဟု အနီးအပါးသံဃာများကို ပန်ပြော၍ သွားခြင်းကို "သေနာသနံ အာပုစ္ဆတဗ္ဗံ" ဟု ဆိုသည်၊ ခြမတက်နိုင်လျှင်ကား ထိုသို့ မပန်ပြောသော်လည်းအနာပတ် ဟူလို။)
စတူသု ပါသာဏကေသူတိ အာဒိ၊ အစရှိသော စကားရပ်၌။
ဥပစိကာနံ၊ ခြတို့၏။
ဥပ္ပတ္တိဋ္ဌာနေ၊ ဖြစ်ရာဌာနဖြစ်သော။
ပဏ္ဏသာလာဒိသေနာသနေ၊ သစ်ရွက်မိုးကျောင်း အစရှိသော ကျောင်း၌။
ကတ္တဗ္ဗာကာရဒဿနတ္ထံ၊ ပြုထိုက်သော အခင်းအရာကို ပြခြင်းအကျိုးငှာ။
(ဘဂဝတာ) ဝုတ္တံ၊ မိန့်တော်မူအပ်ပြီ။
အပ္ပေဝနာမ အင်္ဂါနိပိ သေသေယျုန္တိ၊ ကား။
အယံ၊ ဤအပေါင်စသော အင်္ဂါတို့၏ ကြွင်းကျန်ခြင်းသည်။
အဇ္ဈောကာသေ၊ လွင်တီးခေါင်၌။
ထပိတမှိ၊ ထားအပ်သောညောင်စောင်းအင်းပျဉ်၌။
(ရှေးနိဿယ၌ "ထပိတမှိ- ထားခြင်း၌" ဟု ပေး၏၊ အဓိပ္ပာယ်ကား ရပါ၏)။
အာနိသံသော၊ တည်း။
(လွင်တီးခေါင်ဝယ် မြက်သစ်ရွက်တို့ဖြင့် ဖုံး၍သွားခြင်း၏ အကျိုးတည်း)။
ပန၊ ဆက်။
ဩဝဿကဂေဟေ၊ မိုးစွတ်အပ်သော ကျောင်း၌။
တိဏေသုစ၊ မြက်တို့သည်လည်းကောင်း။
မတ္တိကာပိဏ္ဍေသုစ၊ မြေညက်ခဲတို့သည်လည်းကောင်း။
ဥပရိ၊ အထက်၌။
(အပေါ်က)။
ပတန္တေသု၊ ကျကုန်လတ်သော်။
မဉ္စပီဌာနံ၊ ညောင်စောင်း, အင်းပျဉ်တို့၏။
အင်္ဂါနိပိ၊ အပေါင်တို့သည်လည်း။
ဝိနဿန္တိ၊ ပျက်စီးနိုင်ကုန်၏။
[မိုးယိုသော ကျောင်း၌ ထားခဲ့လျှင် အပေါ်က အမိုးမြက်တွေလည်း ကျတတ်, ဥလ္လိတ္တာဝလိတ္တလုပ်ထားအပ်သော ကျောင်းဖြစ်လျှင် မြေညက်စိုင်တွေလည်း ကျတတ်သောကြောင့် ညောင်စောင်း အင်းပျဉ်တို့၏ အပေါင်တို့သော်မှ ပျက်စီးတတ်၏၊ လွင်တီးခေါင်၌ထားခဲ့လျှင်ကား ညောင်စောင်း အင်းပျဉ်တို၏ အပေါင်စသော အင်္ဂါများ မပျက်စီးနိုင်၊ ထို့ကြောင့် လွင်တီးခေါင်း၌ ကျောက်တုံး ၄ ခုကိုခံ၍ ညောင်စောင်းအင်းပျဉ်တို့ကို စုပုံထားခဲ့ရမည် ဟူလို။]