မာနတ္တစာရိကဿ၊ မာနတ်ကျင့်သော ရဟန်း၏။
ဝတ္တေသု၊ ကျင့်ဝတ်တို့၌။
ဒေဝသိကံ အာရောစေတဗ္ဗန္တိ၊ ဟူသော ကျင့်ဝတ်သည်။
ဝိသေသော၊ ထူး၏။
ရတ္တိစ္ဆေဒေသု၊ ရတ္တိစ္ဆေဒ အင်္ဂါတို့၌။
ဦနေဂဏေတိ ဧတ္ထ၊ ဦနေဂဏေဟူသော ဤပါဌ်၌။
စတ္တာရောဝါ၊ ၄ ပါးသော ရဟန်းတို့သည်လည်းကောင်း။
အတိရေကာဝါ၊ ၄ ပါးထက် ပိုလွန်သော ရဟန်းတို့သည်လည်းကောင်း။
ဂဏောတိ၊ ဂဏမည်၏။
(အခြားနေရာ၌ ၂ ပါး, ၃ ပါး ကို ဂိုဏ်းဟု ခေါ်ရသော်လည်း ဤနေရာ၌ကာ ဂဏဘောဇန သိက္ခာပုဒ်ကဲ့သို့ ၄ ပါး, ၄ ပါးထက်လွန်သော ရဟန်းတို့ကိုသာ "ဂိုဏ်း" ဟု ခေါ်ရသည်။)
တသ္မာ၊ ကြောင့်။
တီဟိ၊ ကုန်သော။
ဘိက္ခူဟိ၊ တို့နှင့်။
သဒ္ဓိံ၊ အတူ။
သစေပိ ဝသတိ၊ အကယ်၍မူလည်း နေစေဦးတော့။
(ဧဝံသတိပိ) ရတ္တိစ္ဆေဒေါ ဟောတိယေဝ၊
မာနတ္တနိက္ခေပ သမာဒါနေသု၊ မာနတ်ချခြင်း, မာနတ်ဆောက်တည်ခြင်းတို့၌။
ဝုတ္တသဒိသောဝ၊ ဆိုအပ်ပြီးသော အဆုံးအဖြတ်နှင့် တူသည်သာလျှင်ဖြစ်သော။
ဝိနိစ္ဆယော၊ အဆုံးအဖြတ်သည်။
(ဟောတိ)၊
[မာနတ္တံ နိက္ခိပါမိဖြစ်စေ, ဝတ္တံ နိက္ခိပါမိဖြစ်စေ တစ်ပုဒ်တည်းဖြင့် နိက္ခေပဖြစ်နိုင်သည်၊ ၂ ပုဒ်လုံး ဆိုလျှင် သာလျှင် နိက္ခေပဖြစ်နိုင်သည်၊ သမာဒါန၌လည်း နည်းတူ၊ ဤအဆုံးမဖြတ်ကို ပါရိဝါသိကဝတ်၌ "ပရိဝါသံ သမာဒိယာပိ, ဝတ္တံ သမာဒိယာမိ, ပရိဝါသံ နိက္ခိပါမိ, ဝတ္တံ နိက္ခိပါမိ" ဟု ဆိုခဲ့သောကြောင့် ဝုတ္တသဒိသောဝ ဟု ဆိုသည်။]
သဗ္ဗတ္ထ၊ အလုံးစုံသော ဝါကျတို့၌။
[ယောဇနာ၌ "သဗ္ဗတ္တာတိ ပါရိဝါသိကက္ခန္ဓကေ" ဟု စွဲလေသည်။]
သေသံ ဥတ္တာနမေဝ၊
ဣတိ၊ အပြီးတည်း။
**ဒေဝသိကံ အာရောစေတဗ္ဗံ**။ ။ မာနတ်ကျင့်ရာ၌ နေ့စဉ် မာနတ်ကြားရမည်ဟု အထူးဆိုသောကြောင့် ယခုအခါ နိက္ခိတ္တမာနတ်ဆောက်တည်ကြသော ရဟန်းတို့သည် အရုဏ်မတက်မီ မာနတ်ဆောက်တည်၍ မာနတ်ကြားပြီးလျှင် အရုဏ်တက်သောအခါ မာနတ်ချလိုလသော် မာနတ်ကြားပြီးမှ ချလေ့ရှိကြ၏၊ အကယ်၍ ပဌမညဉ့်၌လိုက်ပါလာသော ပကတတ်ရဟန်းတို့သည် ဒုတိယညဉ့်၌လည်း လိုက်ပါလာကြပါလျှင် အရုဏ်တက်ပြီးသောအခါ မာနတ်မကြားသော်လည်း နောက်အရုဏ်ယူသောအခါ မာနတ်ကြားဦးမည်ဖြစ်သောကြောင့် မာနတ်ချခါနီး၌ မကြားဘဲနေလျှင်လည်း ဖြစ်နိုင်ပါ၏ဟု ယူဆကြ၏၊ သို့သော် နောက်တစ်အရုဏ်အတွက်လိုက်ပါလာမည့် ရဟန်းတို့က ရှေးရဟန်းများပင်ဖြစ်ကြောင်း မသေချာလျှင် မာနတ်ကြား၍ ချခြင်းက သာ၍ သံသယကင်းဖွယ် ရှိပါသည်။ ပါရိဝါသိကက္ခန္ဓက ဝဏ္ဏနာ နိဋ္ဌိတာ၊ ။