ဆက်ဥုးအံ့- ပဋိ-၂၃၆၌ သာမာယိကစေတောဝိမုတ္တိကို သာမာယိကဝိမောက္ခဟု သုံး၏၊ “သာမာယိကသာမယိက”ဟု ပါဌ်၂မျိုးရှိကြောင်းကိုလည်း ဆို၏၊ ရူပဈာန်အရူပဈာန်ဟူသော လောကီဈာန်သမာပတ်သည် ဝင်စားရာအခါ၌သာ ဝိက္ခမ္ဘန ဝိ မုတ္တိအားဖြင့် ကိလေသာတို့မှ လွတ်မြောက်သည်၊ သမာပတ်မှ ထရာအခါ (မဝင် စားအခါ)၌ ကိလေသာတို့မှ လွတ်မြောက်သည် မဟုတ်၊ ထိုကြောင့် လောကီဈာန် သမာပတ်သည် သာမာယိကဝိမုတ္တိ မည်၏၊ မဂ်၄ပါးသည် သမုစ္ဆေဒဝိမုတ္တိအားဖြင့် လည်းကောင်း ဖိုလ်၄ပါးသည် ပဋိပဿဒ္ဓိဝိမုတ္တိအားဖြင့်လည်းကောင်း နိဗ္ဗာန်သည် နိဿရဏဝိမုတ္တိအားဖြင့်လည်းကောင်း ကိလေသာတို့မှ အမြဲတမ်း လွတ်မြောက်နေ သည်၊ ဝင်စားသောအားဖြင့် (ဝင်စားမှ) လွတ်သည် မဟုတ်၊ ထိုကြောင့် မဂ် ဖိုလ် နိဗ္ဗာန်ဟူသော လောကုတ္တရာတရား ၉ပါးသည် အသာမာယိဝိကဝိမုတ္တိမည်၏။ (ပဋိ ၂၃၆၊ ပဋိ-ဋ္ဌ-၂၁၅၀၊ မ. ဋ္ဌ-၄, ၁၁၃) ၊ ဝင်စားရာအခါ၌ကိလေသာတို့မှလွတ်မြောက်သော။ (ဝင်စားတိုင်း ဝင်စားတိုင်း ကိလေသာတို့မှ လွတ်မြောက်သော)။ ဝါ၊ ဝင်စားရာအခါ၌သာယှဉ်သော။ **စေတောဝိမုတ္တိံ**၊ စေတောဝိမုတ္တိ။ ။ပစ္စနီကဓမ္မေဟိ ဝိမုစ္စတီတိ ဝိမုတ္တိ-ဆန့်ကျင့်ဘက် ကိလေသာ တို့မှ လွတ်မြောက်သော လောကီသမာပတ်၊ (တစ်နည်း) အာရမ္မဏေ ဝိမုစ္စတိ အဓိ မုစ္စတီတိ ဝိမုတ္တိ-ကသိုဏ်းစသော အာရုံ၌ စွဲမြဲစွာ သက်ဝင်တတ်သော လောကီသမာ ပတ်၊ စေတော စ+တံ+ဝိမုတ္တိ စာတိ စေတောဝိမုတ္တိ-ဆန့်ကျင့်ဘက်ကိလေသာတို့မှ လွတ်မြောက်သော လောကီသမာပတ်၊ ဝါ-ကသိုဏ်းစသော အာရုံ၌ စွဲမြဲစွာ သက်ဝင် တတ်သော လောကီသမာပတ်၊ စေတောဝိမုတ္တိအရ အရာဌာနအားလျော်စွာ အရဟ တ္တဖိုလ်စိတ်, အရဟတ္တဖိုလ်သမာဓိ၊ အနာဂါမိဖိုလ်စိတ်, အနာဂါမိဖိုလ်သမာဓိ၊ ဝိ ပဿနာ၊ မေတ္တာစသည်ဖြင့် အမျိုးမျိုး ကောက်ယူနိုင်၏၊ ဤနေရာ၌ ရူပဈာန်, အရူပ ဈာန်ဟူသော လောကီဈာန်သမာပတ်ကို ယူပါ(မ. ဋ္ဌ-၄, ၁၁၃၊ သံ. ဋ္ဌ-၁, ၁၆၈)၊ အခြားနည်းများကို ဓမ္မာ-၁, ၃၂၇၃၂၈ရှု။ ၊ ဆန့်ကျင်ဘက်ကိလေသာတို့မှ လွတ်မြောက်သောလောကီသမာပတ်ကို။ ဝါ၊ ကသိုဏ်းစသောအာရုံ၌စွဲမြဲစွာသက်ဝင်တတ်သော လောကီသမာပတ်ကို။ ဖုသိတွာ၊ ထိရောက်၍။ ဝါ၊ ရရှိ၍။ [ဖုသီတိ ပဋိလဘိ၊-သံ.ဋ္ဌ-၁,၁၆၈။] ဧကဿ၊ တစ်မျိုးသော။ အနုသာယိကဿ အနုသာယိကဿ။ ။ကာယံ အနုဂန္ဓာ သယတီတိ အနုသာယီ-ကိုယ်သို့ အစဉ် လိုက်၍ ဖြစ်နေသောရောဂါ၊ အနု+သီ+ဏီ] အနုသာယီ အနုသာယိကော၊ 80 အနုသာယိကရောဂါဟူသည် လေ, သည်းခြေသလိပ်ဟူသော ဒေါသ၃မျိုး ဖောက်ပြန်ခြင်းကြောင့် ဖြစ်သော သန္နိပါတ်ရောဂါတည်း(သံ. ဋ္ဌ-၁, ၁၆၈)ထိုရောဂါသည် တစ်ခါတရံ လေနှင့် သည်းခြေ, တစ်ခါတရံ လေနှင့် သလိပ်, တစ်ခါတရံ လေး သည်းခြေသလိပ်၃မျိုးလုံး ဖောက်ပြန်ခြင်းကြောင့်ဖြစ်သည်(သံဋီ-၁, ၂၁၆)၊ ဆေး ကျမ်းတို့၌ လေနှင့် သည်းခြေလေနှင့် သလိပ် ၂မျိုးဖောက်ပြန်ခြင်းကြောင့် ဖြစ်လျှင် “ဒွေးဝန်း(ဒွန္ဒ-ဒွန်း-ဒဝန်း-ဒွေးဝန်း)ဖျား” ဟုခေါ်၍ ၃လုံးပေါင်း ဖောက်ပြန်လျှင် “သန္နိပါတ်ဖျား”ဟု ခေါ်သည်(ဗိန္ဒော-၁၉၁-၃)သန္နိပါတ်ရောဂါသည် အကုရခက် သဖြင့် သက်သာရုံသာ သက်သာနိုင်သော နာတာရှည်ရောဂါမျိုးဖြစ်သောကြောင့် သံဋီ-၁၊ ၂၁၆၌ “ယာပျာမယ(ယာပျ+အာမယ)-နာတာရှည်ရောဂါ”ဟု ဆို၏၊ ယာပျာမယကို “ရပ်စောက်နာ, မတ်တတ်နာ”ဟုလည်း ဘာသာပြန်ကြ၏။ အနု သာယိကောတိ ကာယံ အနုဂန္ဒာ သယိတော၊ ယာပျာမယဘာဝေန ဌိတောတိ အတ္ထော-သံဋီ-၁, ၂၁၆။ ၊ ကိုယ်သို့ အစဉ်လိုက်၍ဖြစ်တည်နေသော။ ဝါ၊ ကြာမြင့်စွာစွဲကပ်နေသော။ (နာတာရှည်ဖြစ်သော။ ယာပျနာ(ရပ်စောက်နာ, မတ်တတ်နာ)အဖြစ်ဖြင့်တည်ရှိစွဲကပ်နေသော)။ ရောဂဿ၊ သန္နိပါတ်ရောဂါ၏။ ဝသေန၊ ကြောင့်။ တတော၊ ထိုဈာန်မှ။ ပရိဟာယိ၊ ဆုတ်ယုတ်ပြီ။ ဝါ၊ လျှောပြီ။
စိတ်ကို ဟောရာ၌။ ။ စိတ်ကို ဟောရာ၌ “မနော ဧဝ မာနသံမန+ဏ၊ သ လာ၊ အရဟတ္တံ အပ္ပတ္တံ+မာနသံ ဧတဿာတိ အပ္ပတ္တမာနသော-အရဟတ္တဖိုလ်သို့ မရောက်သေးသောစိတ်ရှိသူ(ထေရ. ဋ္ဌ-၁, ၄၃၈၊ အံ. ဋ္ဌ-၃, ၂၆၀)”ဟု ပြုပါ။ ၊ မရောက်အပ်သေးသော အရဟတ္တဖိုလ်ရှိသည်။ ဝါ၊ အရဟတ္တဖိုလ်သို့မရောက်သေးသောစိတ်ရှိသည်။ (ဟုတွာ၊ ၍) သေက္ခော၊ သေက္ခပုဂ္ဂိုလ်သည်။ သမာနာ၊ ဖြစ်ပါလျက်။) ကထံ ဟိ၊ အဘယ်ကြောင့်။ ကာလံ၊ သေခြင်းကို။ ကယိရာ၊ ပြုရာပါသနည်း? [သာသနေ၊ ၌။ ရတော၊ သော။ အပ္ပတ္တမာနသော၊ သော။ သေက္ခော၊ သိက္ခာ၃ပါးကို ကျင့်ဆဲဖြစ်သော။ သာဝကော၊ သည်။ ကထံ ဟိ၊ ကြောင့်။ ကာလံ၊ ကို။ ကယိရာ”ဟုလည်း ပေးနိုင်သည်။]
မန္တုပစ္စည်းဖြင့် ပြီးပုံ။ ။ ဝိဗော-၁၈၁၌ ပါပနောင် မန္တပစ္စည်းသက်၊ အာယု ကာရာသ မန္တမှိသုတ်၌ ကာရသဒ္ဒါဖြင့် ပ၏အ-ကို ဣပြု၍ တစ်နည်း ပြီးစေသည်နီတိပဒ-၁၉၇-၉၌ ဤဣပြု (က္ကလာ)သည့် နည်းကို မနှစ်သက်ထို့ပြင် “ပါပုံ+အဿ အတ္တီတိ ပါပီပါပီ ဧဝ ပါပိမာ”ဟုပြု၍ ပါပနောင် သွတ္ထ၌ မာပစ္စည်းသက်လျှင် “ပါပိမာ”ဟု ပြီးနိုင်သော်လည်း ဂိုဏ်းစဉ်ဖို့ အဆင်မပြေခြင်း, “ပါပိမတာပါပိမတော” စသောရုပ်မျိုး မပြီးနိုင်ခြင်းကြောင့် ဤနည်းကိုလည်း မမှတ်ယူသင့်ဟု ဆို၏။
တစ်နည်း။ ။ ပါပေ+နိယောဇေတိ, သယံ ဝါ ပါပေ+နိယုတ္တောတိ ပါပိမာ မကောင်းမှု၌ ယှဉ်စေတတ်သော မာရ်နတ်ဝါ-ကိုယ်တိုင် မကောင်းမှု၌ ယှဉ်သော မာရ်နတ်(သံ. ဋ္ဌ-၁, ၁၅၅၊ သာရတ္ထ-၃, ၂ဝဝ)ပါပနောင် ဣမပစ္စည်းသက်ဤအလို
ရာဇာဒိဂိုဏ်းတည်း။ ။ (နိဒီ-၃ဝ၇မောဂ်နိ-၂, ၁၂၈) ၂ဂိုဏ်းယူသင့်။ ။ ဣမန္တုပစ္စည်းဖြင့် ပြီးသော နည်းကိုသာ ချီးမွမ်းအပ်သောနည်း ဟု နီတိပဒ-၁၉၉၌ ဆို၏ပြအပ်ခဲ့သော အဋ္ဌကထာ, ဋီကာ, သဒ္ဒါကျမ်းများအဆို အရ ဂုဏဝါဒိရုပ်, ရာဇာဒိရုပ် ၂မျိုးလုံး ထင်ရှားရကား မဃဝါကဲ့သို့ ဂုဏဝါဒိဂိုဏ်း, ရာဇာဒိဂိုဏ်း ၂မျိုး ဖြစ်သင့်ပါသည်။ ၊ မကောင်းမှုရှိသော။ ဝါ၊ သူတစ်ပါးတို့ကို မကောင်းမှု၌ယှဉ်စေတတ်သော။ **မာရော**၊ မာရော။ ။သတ္တေ အနတ္ထ နိယောဇေန္တော မာရေတီတိ မာရော(ဒီ. ဋ္ဌ-၂ ၁၄၅)၊ အတ္တနော ဝိသယံ အတိက္ကမိတုံ ပဋိပန္နေ သတ္တေ မာရေတီတိ မာရော(သာရတ္ထ ၃, ၂ဝဝ)ဝိသုဒ္ဓေ သတ္တိ ဂုဏေ ဝါ မာရေတီတိ မာရော(ဝိမတိ-၂, ၉၄)။ ၊ မာရ်နတ်သည်။ “ကတ္ထ၊ အဘယ်အရပ်၌။ ဣမဿ၊ ဤဂေါဓိကထေရ်၏။ ပဋိသန္ဓေဝိညာဏံ၊ ပဋိသန္ဓေစိတ်သည်။ ပတိဋ္ဌိတံ နု ခေါ၊ တည်လေသနည်း” ဣတိ၊ ဤသို့စဉ်းစား၍။ ဓူမရာသိ ဝိယ၊ မီးခိုးအစုကဲ့သို့လည်းကောင်း။ ဝါ၊ မီးခိုးတုသဖွယ်တိမ်တိုက်သည်လည်းကောင်း။ **တိမိရပုဉ္ဇော** ဝိယ စ၊ တိမိရပုဉ္ဇော။ ။ “ယေ မဟိကာ “တိမိရ”န္တိ ဝုစ္စန္တိ(သံဋီ-၁, ၂၁၉)”အဖွင့်အရ တိမိရသဒ္ဒါ ဆီးနှင်းအနက်ဟောတည်း၊ အမိုက်မှောင်အနက်ကို မဟောပါ၊ ထိုကြောင့် “တိမိရပုဗ္ဗော ဝိယ စ-အမှောင်ထုကဲ့သို့လည်းကောင်း”ဟု မပေးသင့်၊ “တိမန္တိ ဧတ္ထ ရာဂေနာတိ တိမိရံ၊ တိမု (စိုစွပ်ခြင်းအနက်)+က္ကရ၊-ဓာန်ဋီ-၇ဝ)၊ (တစ်နည်း) တေ မေတီတိ တိမိရံ-စိုစွပ်စေတတ်သောဆီးနှင်း၊ တိမ+ကိရ-မောဂ်-၇, ၁၄၉၊ တိမိရဿ+ပုဉ္ဇာ တိမိရပုဉ္ဇာ-ဆီးနှင်းအစုအပုံ၊ ဆီးနှင်းထု”ဟုပြု။ ၊ ဆီးနှင်းထုကဲ့သို့လည်းကောင်း။ ဝါ၊ ဆီးနှင်းထုသဖွယ်တိမ်တိုက်လည်းကောင်း။ ဟုတွာ။ သဗ္ဗဒိသာသု၊ အလုံးစုံသော အရပ်မျက်နှာတို့၌။ ထေရဿ၊ ၏။ ဝိညာဏံ၊ ပဋိသန္ဓေစိတ်ကို။ သမနွေ သတိ၊ ရှာဖွေနေ၏။ [ဝိညာဏံ သမနွေသတီတိ ပဋိသန္ဓိစိတ္တံ ပရိယေသတိ၊-သံ.ဋ္ဌ- ၁, ၁၆၉။]
တစ်နည်း။ ။ “အပ္ပတိဋ္ဌိတကာရဏာ(သံ. ဋ္ဌ-၁၆၉)တဿ ဝိညာဏဿ အပ္ပတိဋ္ဌာနကာရဏံ(သံဋီ-၁၂၁၉)”ကို ကြည့်၍ “ပတိဋ္ဌိယတေ ပတိဋ္ဌိတံနတ္ထိ+ ပတိဋ္ဌိတံ ယဿာတိ အပ္ပတိဋ္ဌိတံ-နောက်ဘဝ၌ တည်ခြင်းမရှိသောဝိညာဏ်”ဟု တစ် နည်းပြုပါ၊ ဤအလို “ဝိညာဏေန-၏၊ အပတိဋ္ဌိတေန-နောက်ဘဝ၌ တည်ခြင်းမရှိ သည်၏အဖြစ်ကြောင့်၊ (တစ်နည်း) အပတိဋ္ဌိတေန-နောက်ဘဝ၌ တည်ခြင်းမရှိသော၊ ဝိညာဏေန-ကြောင့်”ဟု ပေးရှေနည်းအလို ဝိညာဏေန၌ သတ္တမျတ္ထ စ၌ စသဒ္ဒါ ဖြင့် ဆဋ္ဌီအနက်၌ တတိယာသက်နောက်နည်းအလို ဟိတ်အနက်၌ တတိယာသက်။ အဋ္ဌကထာယံ ပန ယဒေဝ တဿ ဝိညာဏဿ အပ္ပတိဋ္ဌာနကာရဏံတဒေဝ ပရိနိဗ္ဗာနကာရဏန္တိ ဝုတ္တံ “အပ္ပတိဋ္ဌိတကာရဏာ”တိ-အဋ္ဌကထာ၌ကား ပဋိသန္ဓေ စိတ်၏ နောက်ဘဝ၌ မတည်ခြင်းဟူသော အကြောင်းကိုပင် ပရိနိဗ္ဗာန်၏ အကြောင်း ဟု ဆိုသည်(သံဋီ-၁, ၂၁၉)။ ] ၊ ပဋိသန္ဓေစိတ်ဖြင့်။ ပရိနိဗ္ဗုတော၊ ပရိနိဗ္ဗာန်စံပြီ။” ဣတိ၊ သို့။ အာဟ။
တစ်နည်း။ ။ “ဒိသာအနုဒိသာသု+အဟံ”ဟု ဖြတ်၍ ဒိသာအနုဒိသာသုကို သမာသ်ပုဒ်ကြံကာ “အဟံ-သည်. .. ဒိသာအနုဒိသာသု-ရှေ့ရှုတူရူအရပ်, ထောင့် အရပ်တို့၌လည်းကောင်း၊ ပေ ၊ နာဓိဂစ္ဆာမိ-ပါ”ဟု ပေးသေး၏(သံနိ-၁၁၄၈)၊ “ဒိဿန္တိ စန္ဒာဝဋနာဒိဝသေန “အယံ ပုရိမာ အယံ ပစ္ဆိမာ”တိအာဒိနာနာနပ္ပကာရ တော ပညာယန္တီတိ ဒိသာ(နီတိ ဓာတု-၁၇၇)၊ ဒိသာနံ အနုရူပါအနုဝတ္တကာ ဒိသာ အနုဒိသာ(ဓာန်ဋီ-၂၉)”ဟု ပြု။ ဝါ
ဓမ္မယော-၄၁။ ။ထို၌ “ဂေါဓိကော သော ကုဟိံ ဂတော”ကို အာကာရဝါကျ ယူ၍ “သော အဟံ-သည်ဥဒ္ဓံ-ကောင်း၊ အနွေသံ-သော်၊ သော ဂေါဓိကော ... သည်၊ ကုဟိ-သို့၊ ဂတော-သွားလေသနည်း၊ (ဣတိ-သို့) န အဓိဂစ္ဆာမိ-မသိမြင်ရပါ”ဟု ပေး၏။ ၊ ထောင့်အရပ်တို့၌လည်းကောင်း။ (ဂေါဓိကဿ၊ အရှင်ဂေါဓိက၏။ ဝိညာဏံ၊ ပဋိသန္ဓေဝိညာဏ်ကို။)
“ယော ။ပေ။ ပရိနိဗ္ဗုတော”တိ၊ ၍။ (အာဟ)။
ဓီရော၊ ပညာရှိသော။ **ဓိတိသမ္ပန္နော**၊ ဓိတိသမ္ပန္နော။ ။ဓိတိအရ “ဝီရိယ, သမာဓိ, ပညာ, သတိ”တို့ကို ယူနိုင်၏သို့သော် ဓီရောဖြင့် ပညာ, ဈာယီ ဈာနရတောဖြင့် သမာဓိအနုယုခွံဖြင့် ဝီရိယကို ယူနိုင်ရကား ပါရှိသေသနည်းအားဖြင့် ကြွင်းသော သတိကိုသာ ဤ၌ ယူသင့်သည်တိဋ္ဌတိ ဧတ္ထ သုဘာသုဘဖလန္တိ ဓိတိ၊ ဌာ+တိဌကို ဓပြု, အာကို ပြု-ဓာန်ဋီ ၁၅၆) (တစ်နည်း) ယထာသုတံ ယထာပရိယတ္တံ ဓာရေတီတိ ဓိတိ၊ ဓရ+တိရချေ, အ-ကို ဣပြု၊ (တစ်နည်း) ဓာ+တိ၊ အာကို ဣပြု-ဒီဋီ-၃, ၇၇ပါထေဘာ-၁, ၃၀၇၊ ဓိတိယာ+သမ္ပန္နော ဓိတိသမ္ပန္နော။ ၊ သတိနှင့်ပြည့်စုံသော။ ဈာယီ၊ ဈာန်ဝင်စားလေ့ရှိသော။ သဒါ၊ အခါခပ်သိမ်း။ ဈာနရတော၊ ဈာန်ဖြင့်မွေ့လျော်သော။ ဝါ၊ ဈာန်၌မွေ့လျော်သော။ [ဈာနေန ဈာနေ ဝါ ရတော ဈာနရတော၊-သုတ္တနိ.ဋ္ဌ-၁,၂၅ဝ။]
တစ်နည်း။ ။တံ တံ+အင်္ဂ တဒင်္ဂ-ထိုထိုဒါနသီလဝိပဿနာဟူသော အစိတ်ပိုင်း၊ ဝါ-ထိုထိုအကုသိုလ်အစိတ်အပိုင်း၊ ဝိမုစ္စနံ ဝိမုတ္တိ-လွတ်မြောက်ခြင်း၊ တဒင်္ဂန+တဒ င်္ဂတော+ဝိမုတ္တိ တဒင်္ဂဝိမုတ္တိ-ထိုထိုဒါန,သီလ,ဝိပဿနာဟူသော အစိတ်ပိုင်းဖြင့်ထိုထိုအကုသိုလ်အစိတ်အပိုင်းမှ လွတ်မြောက်ခြင်း၊ တဒင်္ဂတစ်ပုဒ်ကျေသည်ဟု ကြံ ဒါနဖြင့် မစ္ဆရိယ လောဘစသော အကုသိုလ်မှ လွတ်မြောက်ခြင်းသီလဖြင့် ပါတိပါတစသော အကုသိုလ်မှ လွတ်မြောက်ခြင်း, နာမရူပပရိဂ္ဂဟဉာဏ်ဖြင့် သက္ကာယ ဒိဋ္ဌိမှ လွတ်မြောက်ခြင်း, ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် အဟေတုကဒိဋ္ဌိ, ဝိသမဟေတုက ဒိဋ္ဌိမှ လွတ်မြောက်ခြင်းစသည်အားဖြင့် ဒါန, သီလ, ဝိပဿနာဟူသော အစိတ်ပိုင်းဖြင့် မစ္ဆရိယလောဘ, ပါဏာတိပါတ, သက္ကာယဒိဋ္ဌိစသော အကုသိုလ်အစိတ်အပိုင်းမှ လွတ်မြောက်ခြင်းကို တဒင်္ဂဝိမုတ္တိဟု ခေါ်သည်တရားကိုယ်မှာ မဟာကုသိုလ်စိတ် တည်း။ဥဒါနဋ္ဌ-၂၉၃ဝဝိသုဒ္ဓိဋီ-၂,၄၃) ၊ တဒင်္ဂဝိမုတ္တိလည်းကောင်း။ ဝါ၊ ထိုထိုသုသီလျအစိတ်အပိုင်းဖြင့် ထိုထိုဒုဿီလျအစိတ်အပိုင်းမှလွတ်မြောက်ခြင်းလည်းကောင်း။ [ဣတိ၌စပ်။] **ဝိက္ခမ္ဘနဝိမုတ္တိယာ**၊ ဝိက္ခမ္ဘနဝိမုတ္တိယာ။ ။ ဝိက္ခမ္ဘနေန+ဝိမုတ္တိ ဝိက္ခမ္ဘနဝိမုတ္တိ-အတော်ကြာအောင် ပယ်ခွာခြင်းအားဖြင့် နီဝရဏစသည်တို့သည် လွှတ်အပ်သော သမာပတ်၊ ဝါ-အတော် ကြာအောင် ပယ်ခွာခြင်းအားဖြင့် နီဝရဏစသည်တို့မှ လွတ်မြောက်သော ကုသိုလ် သမာပတ်၈ပါး(ဒီ. ဋ္ဌ-၂, ၁၉မ- ဋ္ဌ-၄, ၁၂ဝသံ. ဋ္ဌ-၃, ၂၄၂၊ ဒီဋီ-၂, သုတ် မဟာဘာ-၁,၆၅)(တစ်နည်း) ဝိက္ခမ္ဘနံ ဧဝ+ဝိမုတ္တိ ဝိက္ခမ္ဘနဝိမုတ္တိ-နီဝရဏစသည်တို့ ကို အတော်ကြာအောင် ပယ်ခွာခြင်းဟူသော လွတ်မြောက်မှု ဥပစာရသမာဓိ, အပ္ပနာသမာဓိ(မဟာကုသိုလ်မဟဂ္ဂုတ်ကုသိုလ်သမာဓိ)တည်း။ (ဥဒါန-ဋ္ဌ-၂၉၊ ၃ဝ)။ ၊ ဝိက္ခမ္ဘနဝိမုတ္တိလည်းကောင်း။ ဝါ၊ ပယ်ခွာခြင်းအားဖြင့်လွတ်မြောက်ခြင်းလည်းကောင်း။ **သမုစ္ဆေဒဝိမုတ္တိယာ**၊ သမုစ္ဆေဒဝိမုတ္တိယာ။ ။ သမုစ္ဆိန္ဒနံ သမုစ္ဆေဒေါ-ကိလေသာတို့ကို အကြွင်းမဲ့ ဖြတ် ခြင်းသမုစ္ဆေဒေန+ဝိမုတ္တိ သမုစ္ဆေဒဝိမုတ္တိ-ကိလေသာတို့ကို အကြွင်းမဲ့ ဖြတ်ခြင်းဖြင့် ကိလေသာတို့မှ လွတ်သော(လွတ်မြောက်မှု)မဂ်)။ (ဒီ. ၅-၂, ၁၉၊ မ- ၅-၄, ၁၂ဝ၊ သံ. ဋ္ဌ-၃, ၂၄၂ဒီဋီ-၂, ၁၈သုတ်မဟာဘာ-၁,၆၅)။ ၊ သမုစ္ဆေဒဝိမုတ္တိလည်းကောင်း။ ဝါ၊ အကြွင်းမဲ့ဖြတ်ခြင်းအားဖြင့်လွတ်မြောက်ခြင်းလည်းကောင်း။ **ပဋိပဿဒ္ဓိဝိမုတ္တိယာ**၊ ပဋိပဿဒ္ဓိဝိမုတ္တိယာ။ ။ပဋိပဿဒ္ဒနံ ပဋိပဿဒ္ဓိ-ကိလေသာတို့ကို တစ်ဖန် ငြိမ်းစေခြင်းပဋိပဿဒ္ဓိယာ+ဝိမုတ္တိ ပဋိပဿဒ္ဓိဝိမုတ္တိ-ကိလေသာတို့ကို တစ်ဖန် ငြိမ်း စေခြင်းဖြင့် ကိလေသာတို့မှ လွတ်သော(လွတ်မြောက်မှု)ဖိုလ်။ (ဒီ. S-၂၁၉မ. ဋ္ဌ ၄, ၁၂၀၊ သံ. ဋ္ဌ-၃, ၂၄၂ဒီဋီ-၂၁၈သုတ်မဟာဘာ-၁, ၆၅)။ ၊ ပဋိပဿဒ္ဓိဝိမုတ္တိလည်းကောင်း။ ဝါ၊ တစ်ဖန်ငြိမ်းအေးခြင်းအားဖြင့်လွတ်မြောက်ခြင်းလည်းကောင်း။ **နိဿရဏဝိမုတ္တိယာ**၊ နိဿရဏဝိမုတ္တိယာ။ ။နိဿရီယတေ နိဿရဏံ-ကိလေသာတို့မှ ထွက်မြောက် ခြင်းနိဿရဏေန+ဝိမုတ္တိ နိဿရဏဝိမုတ္တိ-ကိလေသာတို့မှ ထွက်မြောက်ခြင်းအား ဖြင့် လွတ်မြောက်သော နိဗ္ဗာန်၊ (လွတ်မြောက်မှုနိဗ္ဗာန်)(ဒီ. ဋ္ဌ-၂, ၁၉မ ၅-၄ ၁၂ဝသံ. ဋ္ဌ-၃, ၂၄၂ဒီဋီ- ၂, ၁၈၊ သုတ်မဟာဘာ-၁, ၆၅)(တစ်နည်း) နိဿရတီတိ နိဿရဏံဝိမုစ္စတီတိ ဝိမုတ္တိနိဿရဏံ စ+တံ+ဝိမုတ္တိ စာတိ နိဿရဏဝိမုတ္တိ-ကိ လေသာတို့မှ ထွက်မြောက်, လွတ်ကင်းသော နိဗ္ဗာန်(သံဋီ-၂, ၄၇၆)။ ၊ နိဿရဏဝိမုတ္တိလည်းကောင်း။ ဝါ၊ ဝဋ်မှထွက်ခြင်းအားဖြင့် လွတ်မြောက်ခြင်းလည်းကောင်း။ ဣတိ၊ သို့။ ပဉ္စဟိ၊ ၅ပါးကုန်သော။ ဣမာဟိ ဝိမုတ္တိဟိ၊ ဤဝိမုတ္တိတို့ဖြင့်။ ဝိမုတ္တာနံ၊ လွတ်မြောက်ကုန်သော။ [တေသံ၌စပ်]