Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
叶均居士
中文
Dhammosadha_China
中文
Pāli原文校对
中文
法护-Dhammapāla
中文
Dhammapada-aṭṭhakathā
Dhammapada-aṭṭhakathā

8. Nandagopālakavatthu

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ဒိသော ဒိသ**န္တိ၊ သော။ ဣမံ ဓမ္မဒေသနံ။ သတ္ထာ။ ကောသလဇနပဒေ၊ ကောသလတိုင်း၏ဇနပုဒ်၌။ နန္ဒဂေါပါလကံ၊ နန္ဒနွားကျောင်းသားကို။ အာရဗ္ဗ။ ကထေသိ။
ကိရ၊ ချဲ့။ သာဝတ္ထိယံ၊ ၌။ အနာထပိဏ္ဍိကဿ၊ သော။ ဂဟပတိနော၊ ၏။ **အဍ္ဎော**၊ သုံးဆောင်ခံစားအပ်သော ကာမဂုဏ်, ထိုကာမဂုဏ်၏အဆောက်အဦတို့ဖြင့် လောက်လုံကြွယ်ဝသော။ [“အဍ္ဎော၊ ကြွယ်ဝသော”ဟုအလွယ်ပေးနိုင်သည်။ ဓမ္မဘာ-၁, ၇ရှု။] မဟဒ္ဓနော၊ မြေဝယ်မြှုပ်ထား, များသောဥစ္စာရှိသော။ မဟာဘောဂေါ၊ နေ့စဉ်အမြဲ သုံးစွဲအပ်သော များသောအသုံးအဆောင်ရှိသော။ နန္ဒော နာမ၊ မည်သော။ ဂေါပါလကော၊ သည်။ ဂေါယူထံ၊ နွားအပေါင်းကို။ ရက္ခတိ၊ စောင့်ရှောက်၏။ ဝါ၊ ကျောင်း၏။
သော၊ နန္ဒနွားကျောင်းသားသည် ကေဏိယော၊ ကေဏိယမည်သော။ ဇဋိလော၊ သည်။ ပဗ္ဗဇ္ဇာဝေသေန၊ ရသေ့အသွင်ဖြင့်။ (ရာဇဗလိ၊ မင်း၏အခွန်အတုတ်ကို။ ဝါ၊ မင်းအားပေးဆက်သထိုက်သော အခွန်အတုတ်ကို။ ပရိဟရန္တော၊ ရှောင်လွဲလျက်။) အတ္တနော၊ မိမိ၏။ ကုဋုမ္ဗုံ၊ ဥစ္စာကို။ ရက္ခတိ ယထာ၊ စောင့်ရှောက်သကဲ့သို့။ [ဤအကြောင်းကို မ.ဋ္ဌ-၃, ၂၇၃၊ သုတ္တန်.၅-၂,၁၆၃၊ သာရတ္ထ-၃၊ ၃၂၉ရှု။] ဧဝံ၊ တူ။ ဂေါပါလကတ္တေန၊ နွားကျောင်းသား၏အဖြစ်ဖြင့်။ ရာဇဗလိံ၊ ကို။ ပရိဟရန္တော၊ လျက်။ အတ္တနော၊ ၏။ ကုဋုမ္ဗံ၊ ကို။ ရက္ခတိ ကိရ၊ စောင့်ရှောက်သတဲ့။
သော၊ ထိုနန္ဒနွားကျောင်းသားသည်။ ကာလေန ကာလံ၊ သင့်လျော်ရာအခါတိုင်း သင့်လျော်ရာအခါတိုင်း၌။ ဝါ၊ ရံဖန်ရံခါ။ [ဓမ္မဘာ-၁,၄၂၃ရှု] ပဉ္စ၊ ၅မျိုးကုန်သော။ ဂေါရသေ၊ နွားမှဖြစ်သော အရသာတို့ကို။ အာဒါယ၊ ၍။ အနာထပိဏ္ဍိကဿ၊ ၏။ သန္တိကံ၊ သို့။ အာဂန္တွာ၊ ၍။ သတ္ထာရံ၊ ကို။ ပဿတိ၊ ဖူးမြင်၏။ ဓမ္မံ၊ ကို။ သုဏာတိ၊ ၏။ အတ္တနော၊ မိမိ၏ ဝသနဋ္ဌာနံ၊ နေရာအရပ်သို့။ အာဂမနတ္ထာယ၊ ကြွလာတော်မူခြင်းအကျိုးငှာ။ သတ္ထာရံ၊ ကို။ ယာစတိ၊ တောင်းပန်၏။
သတ္ထာ၊ သည်။ တဿ၊ ထိုနန္ဒနွားကျောင်းသား၏။ ဉာဏပရိပါကံ၊ ဉာဏ်၏ရင့်ကျက်ခြင်းကို။ ဝါ၊ ဉာဏ်၏ရင့်ကျက်ရာအခါကို။ အာဂမယမာနော၊ စောင့်ဆိုင်းတော်မူလျက်။ အဂန္တွာ၊ မကြွတော်မူ၍။ ပရိပတ္တဘာဝံ၊ ဉာဏ်ရင့်ကျက်သည်၏အဖြစ်ကို။ ဉတွာ၊ သိတော်မူ၍။ ဧက ဒိဝသံ၊ ၌။ မဟာဘိက္ခုသံဃပရိဝုတော၊ ရဟန်းအပေါင်းခြံရံအပ်သည်။ (ဟုတွာ) စာရိကံ၊ ခရီးရှည်လှည့်လည်ခြင်းကို။ ဝါ၊ ခရီးရှည်လှည့်လည်ခြင်းအားဖြင့်။ စရမာနော၊ လှည့်လည်တော်မူလသော်။ မဂ္ဂါ၊ မှ။ ဩက္ကမ္မ၊ ဖဲတော်မူ၍။ တဿ၊ ထိုနန္ဒနွားကျောင်းသား၏။ ဝသနဌာနာသန္ဓေ၊ နေရာအရပ်၏အနီးဖြစ်သော။ အည-တရသ္မိံ၊ တစ်ခုသော။ ရုက္ခမူလေ၊ သစ်ပင်ရင်း၌။ နိသီဒိ။
နန္ဒော၊ သည်။ သတ္ထု၊ ၏။ သန္တိကံ၊ သို့။ အာဂန္တွာ၊ လာ၍။ ဝန္ဒိတွာ၊ ၍။ ပဋိသန္ထာရံ၊ လောကွတ် ပျူငှာ နှုတ်ဆက်စကားပြောကြားခြင်းကို။ ကတွာ၊ ၍။ သတ္ထာရံ၊ ကို။ နိမန္တေတွာ၊ ပင့်ဖိတ်၍။ သတ္တာဟံ၊ လုံး။ ဗုဒ္ဓပ္ပမုခဿ၊ သော။ ဘိက္ခုသင်္ဃဿ၊ အား။ ပဏီတံ၊ မွန်မြတ်သော။ ပဉ္စဂေါရသဒါနံ၊ ၅မျိုးသော နွားမှဖြစ်သော အရသာတို့ကိုပေးလှူခြင်းကို။ ဝါ၊ ၅မျိုးသော နွားမှဖြစ်သောအရသာအလှူကို။ အဒါသိ၊ ပြီ။
သတ္တမေ၊ ၇ရက်မြောက်သော။ ဒိဝသေ၊ ၌။ သတ္ထာ။ အနုမောဒနံ၊ ကို။ ကတွာ၊ ၍။ ဒါနကထာဒိဘေဒံ၊ ဒါနနှင့်စပ်သော စကားအစရှိသောအပြားရှိသော။ အနုပုဗ္ဗေ၊ အစဉ်အတိုင်းဟောပြထိုက်သော။ ကထံ၊ တရားစကားကို။ ကထေသိ၊ ပြီ။
ကထာပရိယောသာနေ၊ တရားစကား၏အဆုံး၌။ နန္ဒဂေါပါလကော၊ သည်။ သောတာပတ္တိဖလေ၊ ၌။ ပတိဋ္ဌာယ၊ ၍။ သတ္ထု၊ ၏။ ပတ္တံ၊ ကို။ ဂဟေတွာ၊ ၍။ သတ္ထာရံ၊ သို့။ အနုဂစ္ဆန္တော၊ အစဉ်လိုက်သွားလသော်။ ဒူရံ၊ ဝေးသောအရပ်သို့။ ဂန္တွာ၊ ရောက်၍။ “ဥပါသက၊ ကာ! တိဋ္ဌ၊ တည်နေရစ်လော။” ဣတိ နိဝတ္တိယမာနော၊ ပြန်လှည့်စေအပ်သော်။ ဝန္ဒိတွာ၊ ၍။ နိဝတ္တိ၊ ပြီ။
အထ၊ ၌။ နံ၊ ထိုနန္ဒနွားကျောင်းသားကို။ ဧကော၊ သော။ လုဒ္ဒကော၊ မုဆိုးသည်။ ဝိဇ္ဈိတွာ၊ ပစ်၍။ မာရေသိ၊ သေစေပြီ။
ပစ္ဆတော၊ ၌။ ဝါ၊ နောက်က။ အာဂစ္ဆန္တာ၊ လာကုန်သော။ ဘိက္ခူ၊ တို့သည်။ နံ၊ ထိုနန္ဒနွားကျောင်းသားကို။ ဒိသွာ၊ ၍။ ဂန္တွာ၊ ၍။ သတ္ထာရံ၊ ကို။ အာဟံသု၊ ကုန်ပြီ။
“ဘန္တေ! နန္ဒော၊ သော။ ဂေါပါလကော၊ သည်။ ဝါ၊ ကို။ တုမှာကံ၊ တို့၏။ ဝါ၊ တို့သည်။ ဣဓ၊ ဤအရပ်သို့။ အာဂတတ္တာ၊ ကြွလာတော်မူကုန်သည်၏အဖြစ်ကြောင့်။ မဟာဒါနံ၊ ကြီးစွာသောအလှူကို။ ဒတွာ၊ ၍။ အနုဂန္တွာ၊ အစဉ်လိုက်၍။ နိဝတ္တေန္တော၊ ပြန်လှည့်စေလသော်။ (ဧကေန၊ သော။ လုဒ္ဒကေန၊ သည်။) မာရိတော၊ သေစေအပ်ပြီ။ ဝါ၊ သတ်အပ်ပြီ။ တုမှေ၊ အရှင်ဘုရားတို့သည်။ သစေ န+အာဂစ္ဆိဿထ၊ အကယ်၍ကြွမလာကုန်အံ့။ (ဧဝံ သတိ) အဿ၊ ထိုနန္ဒနွားကျောင်းသား၏။ မရဏံ၊ သေခြင်းသည်။ န အဘဝိဿ၊ မဖြစ်ရာ။” ဣတိ၊ ဤသို့လျှောက်ကုန်ပြီ။
သတ္ထာ၊ သည်။ “ဘိက္ခဝေ၊ တို့! မယိ၊ ငါသည်။ အာဂတေပိ၊ ကြွလာသော်လည်းကောင်း။ အနာဂတေပိ၊ မကြွလာသော်လည်းကောင်း။ တဿ၊ ထိုနန္ဒနွားကျောင်း၏။ ဝါ၊ သည်။ စတဿော၊ ကုန်သော။ ဒိသာ၊ တူရူ(တည့်တည့်)အရပ်မျက်နှာတို့သို့။ (ဂစ္ဆန္တဿာပိ၊ သွားသော်လည်းကောင်း) စတာ၊ ကုန်သော။ အနုဒိသာ စ၊ အထောင့်အရပ်မျက်နှာတို့သို့ ဂစ္ဆန္တဿာပိ၊ သွားသော်လည်းကောင်း။ မရဏတော၊ ခြင်းမှ။ မုစ္စပါယော နာမ၊ လွတ်မြောက်ခြင်း၏အကြောင်းမည်သည်။ နတ္ထိ၊ မရှိ။
ဟိ၊ မှန်၏။ ယံ၊ အကြင်စည်းပွားမဲ့ပျက်စီးခြင်းကို။ စောရာ၊ ခိုးသူတို့သည် နေဝ ကရောန္တိ၊ မပြုနိုင်ကုန်။ ဝေရိနော၊ တို့သည်။ န ကရောန္တိ၊ မပြုနိုင်ကုန်။ တံ၊ ထိုစည်းပွားမဲ့ပျက်စီးခြင်းကို။ ဣမေသံ သတ္တာနံ၊ ဤသတ္တဝါတို့၏။ အန္တောပဒုဋ္ဌံ၊ အတွင်း၌ပျက်စီးနေသော။ မိစ္ဆာပဏိဟိတံ၊ မှားယွင်းစွာထားအပ်သော။ စိတ္တမေဝ၊ စိတ်သည်သာ။ ကရောတိ၊ ၏။” ဣတိ ဝတွာ ဣမံ ဂါထမာဟ။ (ကိံ)။ “ဒိသော။ပေ။ ကရေ”တိ၊ ၍။ (အာဟ)။
**ဒိသော**၊ မြင်လျှင်ကြားလျှင်, မရွှင်နှလုံး, မုန်း၍နေသောခိုးသူတစ်ယောက်သည်။ ဒိသံ ဒိသော ဒိသံ။ ။ဘူဝါဒိ ဒိသဓာတ်သည်ပေက္ခဏ(ကြည့်ရှုခြင်း)ဟံသာ (ညှဉ်းဆဲခြင်း), အပ္ပီတိ(မချစ်ခြင်း-မုန်းခြင်း), ဒါန(ပေးခြင်း), ဗောဓန(သိစေခြင်းတို့၌ ဖြစ်၏ဤနေရာ၌ ဟံသာအနက် အမ္ပီတိအနက်ကို ယူ၍ ခိုးသူကို “ဒိသ”ဟု ခေါ်သည်၊ “ဒုဿတီတိ ဒိသော၊ ဒုသ(အပ္ပီတိအနက်)+အ၊-ဓာန်ဋီ-၃၄၅] ဒိသတီတိ ညှဉ်းဆဲတတ်, မုန်းတတ်ကြောင့်၊ ဒိသော-မည်၏(ပြု)ဒိသတိ ဟိံသတိ ပရေ ဝါ ပိယာယတိ, ပရေဟိ ဝါ န ပိယာယိတဗ္ဗောတိ ဒိသော(ဓာတ္ထ)ပရေ ဒေဿတိ နပ္ပိယာယတိ, ပရေဟိ ဝါ ဒေဿိယတိ ပိယော န ကရိယတီတိ ဒိသော[ဒိသီ (အပ္ပီတိအနက်)+အ၊-နီတိဓာတု-၁၈၇၊ ဒိဿတိ ကုဇ္ဈတီတိ ဒိသော(မဋီ-၃, ၁၅၈)”ဟု ပြုပါ။ ၊ မြင်လျှင်ကြားလျှင်, မရွှင်နှလုံး, မုန်း၍နေသောခိုးသူတစ်ယောက်ကို။ (ဒိသွာ၊ အကြောင်းတိုက်ဆုံ, တွေ့ကြုံရသည်ဖြစ်၍။) ယံ တံ(အနယဗျသနံ)၊ ဟိတသုခအဝဝကို, လုံးဝဖျက်ငြား, အကြင်သို့သော စီးပွားမဲ့ကို။ ကယိရာ၊ ကိုယ်တိုင်လည်းကောင်း, ဖော်အပေါင်းဖြင့်, အကြောင်းအားလျော်စွာ, ပြုလုပ်ရာ၏။ ပန၊ အဖို့တစ်ပါးကား။ ဝေရီ ဝါ၊ အချင်းချင်းမာန်, မကောင်းကြံ၍, ရန်ရှိနေသူတစ်ယောက်သည်မူလည်း။ ဝေရိနံ၊ အချင်းချင်းမာန်, မကောင်းကြံ၍, ရန်ရှိနေသူတစ်ယောက်ကို။ (ဒိသွာ၊ ၍။ ယံ တံ အနယဗျသနံ၊ ကို။ ကယိရာ၊ ရာ၏။)
မိစ္ဆာပဏိဟိတံ မိစ္ဆာပဏိဟိတံ။ ။ ပဏိဓီယတတိ ပဏိဟိတံပ+နိ+ဓာ(ထပန အနက်)+တဓာ၏ အာကို ဣပြု, ဓကို ဟပြု၊ နကို ဏပြန်။ မိစ္ဆာ+ပဏိဟိတံ မိစ္ဆာပဏိဟိတံအခြားနေရာ၌ လောကီစည်းစိမ်ကို တောင့်တ ၍ပြုသော လောကီကုသိုလ်စိတ်ကို မိစ္ဆာပဏိဟိတနိဗ္ဗာန်ကို တောင့်တ ၍ပြုသော ကုသိုလ်စိတ်ကို သမ္မာပဏိဟိတဟု ဖွင့်၏(အံ. ဋ္ဌ-၁, ၄၃၊ အံဋီ -၁, ၉၇)၊ ဤ၌ကား အကုသိုလ်စိတ်ကို မိစ္ဆာပဏိဟိတကုသိုလ်စိတ်ကို သမ္မာပဏိဟိတဟု ယူရမည်။ ၊ အကုသိုလ်ကံတွေ့ကြုံပြန်သော်, မမှန်ဖောက်ပြား, မှားယွင်းစွာထားအပ်သောစိတ်သည်။ နံ (ပုရိသံ)၊ ကိုယ်မှုနှုတ်မှု, စိတ်မှုယုတ်မာ, ထိုသတ္တဝါကို။ တတော၊ ထိုခိုးသူရန်သူဆန့်ကျင်သူတို့ပြုမူလုပ်ကြံနှိပ်စက်အပ်သောဒဏ်ထက်။ ပါပိယော ပါပိယော။ ။ “ပါပတရံ”ဟု ဒုတိယန္တဖြင့် ဖွင့်သောကြောင့် ဒုတိယာအနက်၌ ပဌမာသက်(တစ်နည်း) ဒုတိယာမှ ပဌမာသို့ ပြန်နေသော ဝိဘတ္တိဝိပလ္လာသဟုကြံ။ ၊ တစ်ဘဝမက, သံသရာကျလည်း, ဒုက္ခတွေတိုး, သာ၍ဆိုးအောင်။ ကရေ၊ ဝန်ဆောင်နွား၌, လှည်းဘီးလိုက်သို့စိုက်စိုက်မကွာ, ပြုလုပ်ရာသတည်း။
တတ္ထ၊ ၌။ **ဒိသော ဒိသ**န္တိ၊ ကား။ စောရော၊ ခိုးသူတစ်ယောက်သည်။ စောရံ၊ ခိုးသူတစ်ယောက်ကို။
ဒိသွာ၊ မြင်၍။ [ကယိရာ၌စပ်။] ဣတိ (အယံ)၊ ဤဒိသွာဟူသော ပါဌ်သည်။ ပါဌသေသော၊ ကြွင်းသောပါဌ်တည်း။
**ယံ တံ ကယိရာ**တိ၊ ကား။ တဿ၊ ထိုခိုးသူ၏။ ယံ တံ အနယဗျသနံ၊ အကြင်တိုးပွားခြင်းမရှိသောပျက်စီးခြင်းကို။ ဝါ၊ အကြင်စီးပွားမဲ့ပျက်စီးခြင်းကို။ ကရေယျ၊ ပြုရာ၏။
ဒုတိယပဒေပိ၊ ဝေရီ ဝါ ပန ဝေရိနံဟူသောဒုတိယပုဒ်၌လည်း။ ဝါ၊ ဝေရီ ဝါ ပန ဝေရိနံဟူသော ဒုတိယဝါကျ၌လည်း။ ဧသေဝ (ဧသော+ဧ၀)၊ ဤဆိုအပ်ပြီးသော အစီအရင်သည်ပင်။ နယော၊ သိကြောင်းအစီအရင်တည်း။ (တစ်နည်း) ဧသေဝ နယော၊ ဤနည်းပင်တည်း။ (တစ်နည်း) ဧသေဝ (ဧသော+ဣ၀) နယော ဧသေဝ နယော။ ။ရှေ့၂နည်းအလို “ဧသော+ဧ၀”ဟု ဖြတ်၍ နောက်ဆုံးနည်း အလို “ဧသော+ဣဝ”ဟု ဖြတ်ပါ၊ “ဧသေဝ နယော”တွေ့တိုင်း ဤသို့ ၂နည်းဖြတ်၍ ပေးပါ။ ဧသေဝ နယော, ပုဒ်သဘောမှာ, ထင်စွာ ဧဝ, ဣဝအနက်, ၂ချက်စွဲ၍ သမ္ဗန်မြဲ-ဘုရားကြီး-၇၁] ၊ ဤနည်းကိုကဲ့သို့။ (ဒဋ္ဌဗ္ဗော၊ မှတ်အပ်၏။)
ဣဒံ၊ ဤအနက်သည်။ ဝါ၊ ဤအနက်ကို။ ဝုတ္တံ၊ ဆိုအပ်သည်။ ဝါ၊ ဆိုလိုသည်။ ဟောတိ၊ ဖြစ်၏။ (ကိံ၊ အဘယ်အနက်သည်။ ဝါ၊ ဘယ်အနက်ကို။ ဝုတ္တံ၊ ဆိုအပ်သည်။ ဝါ၊ ဆိုလိုသည်။ ဟောတိ၊ ဖြစ်သနည်း?) ဧကော၊ တစ်ယောက်သောသူသည်။ ဧကဿ၊ အခြားတစ်ယောက်သောသူ၏။ (တစ်နည်း) **ဧကော ဧကဿ**၊ ဧကော ဧကဿ။ ။ဧကော ဧကာယပုဒ်ကဲ့သို့ အချင်းချင်း အပြန်အလှန် ဖြစ် ကြောင်းကို သိစေလို၍ “ဧကော ဧကဿ”ဟု တစ်ဆက်တည်း ထားသည်၊ ထိုကြောင့် “ဧကော ဧကဿ-တစ်ယောက်သည်တစ်ယောက်၏”ဟုလည်း ပေးပါနီတိပဒ-၃၅၀၃၅၁၌ ဧကောဧကာယကို အညမညံကဲ့သို့ အဗျယ(နိပါတ်)နှင့်တူသော ရုဋီပုဒ်ဟု ဆို၏“ဧကောဧကာယ-အချင်းချင်း”ဟု ဝိသေသနအနက်ပေးစေ၏ဤ “ဧကော ဧကဿ”ကို ဧကောဧကာယနည်းတူ ရုဋီပုဒ်ယူ၍ မိတ္တဒုဗ္ဘ၌ မိတ္တမှာစပ်လျှင် သာမီ အနက်, ဒုမ္ဘီနှင့် အပရဇ္ဇေန္တော၌စပ်လျှင် သမ္ပဒါန်, ဝိသေသနဟု ယူကာ “ဧကော ဧကဿ-အချင်းချင်း၏ဝါ-အား၊ ဝါ-အချင်းချင်း”ဟု ပေးရာ၏။ တစ်ယောက် တစ်ယောက်၏။ မိတ္တဒုဗ္ဘိ၊ မိတ်ဆွေကို ဖျက်ဆီးလေ့ရှိသော။ (မိတ်ဆွေကို ဖျက်ဆီးတတ်သော)။ မိတ္တံ ဒုဗ္ဘတိ သီလေနာတိ မိတ္တဒုဗ္ဘိ၊ မိတ်ဆွေကို ဖျက်ဆီးလေ့ရှိသူ။ [မိတ္တ+ဒုဘ+ဏီ။၊ စရိယာ.ဋ္ဌ ၁၄၇။] မိတ္တဿ+ဒုဋ္ဌော မိတ္တဒုဗ္ဘီ၊ မိတ်ဆွေကို ဖျက်ဆီးခြင်း။ မိတ္တဒုဗ္ဘာ+ယဿ အတ္တီတိ မိတ္တဒုဗ္ဘိ၊ မိတ်ဆွေကို ဖျက်ဆီးခြင်းရှိသူ(ဋ္ဌပြု)။] ဧကော၊ တစ်ယောက်သော။ စောရော၊ ခိုးသူသည်။ ပုတ္တဒါရခေတ္တဝတ္ထုဂေါမဟိံသာဒီသု၊ သား, သမီး, မယား, လယ်, ယာ, နွား, ကျွဲအစရှိသောပစ္စည်းတို့၌။ အပရဇ္ဈန္တော၊ ဖျက်ဆီးလသော်။ ယဿ၊ အကြင်သူအား။ ဝါ၊ အကြင်သူ၏ဥစ္စာကို။ အပရဇ္ဈတိ၊ ဖျက်ဆီး၏။ တထေဝ၊ ပင်။ အတ္တနိ၊ မိမိ၌။ အပရဇ္ဈန္တံ၊ ဖျက်ဆီးသော။ တမ္ပိ စောရံ၊ ထိုခိုးသူကိုလည်း။ ဒိသွာ၊ မြင်၍လည်းကောင်း။ ပန၊ ထိုမှတစ်ပါး။ ဝေရီ ဝါ၊ ရန်သူတစ်ယောက်သည်မူလည်း။ ကေနစိဒေဝ၊ တစ်စုံတစ်ခုသာလျှင်ဖြစ်သော။ ကာရဏေန၊ အကြောင်းကြောင့်။ ဗဒ္ဓဝေရံ၊ ဖွဲ့အပ်သောရန်ရှိသော။ ဝေရိံ၊ ရန်သူကို။ ဒိသွာ၊ ကောင်း။ အတ္တနော၊ မိမိ၏။ **ကက္ခဠတာယ**၊ ကြမ်းတမ်းသည်၏အဖြစ်ကြောင့်လည်းကောင်း။ **ဒါရုဏတာယ**၊ ကက္ခဠတာယ ဒါရုဏတာယ။ ။ကက္ခဠ, ဒါရုဏ ၂ပုဒ်လုံးပင် ရုန့်ရင်း ကြမ်းတမ်း အနက်ဟော ပရိယာယ်ပုဒ်တည်း၊ ကန္ဒီယတေတိ ကက္ခဠာ-ကြမ်းတမ်းသောကြောင့်သူတစ်ပါး ရယ်စရာကောင်းသူ၊ ကကွ-ဟသနေ (ရယ်ရွှင်ခြင်း)+အလလကို ပြု (တစ်နည်း) ကိဗ္ဗိသံ ကရောတီတိ ကက္ခဠော-မကောင်းမှုကို ပြုတတ်သူကရ+ဠက်ရှေ့၌ ခ-လာ, ရ်ကို ကပြု - မောဂ်-၇, ၂၂၇၊ ဒါရေတီတိ ဒါရုဏာ-ကြမ်းတမ်းသောလူ၊ [ဒရ+ဥဏ၊-မောဂ်-၇, ၁၀၁၊ ဒရီယတီတိ ဒါရုကံ-ကြမ်းတမ်းသောအရာဝတ္ထု၊ဓာန်ဋီ ၁၆၇)၊ ထိုနောက် ဘာဝအနက်၌ တာပစ္စည်း သက်၍ “ကက္ခဠတာ ဒါရုဏတာ” ဟု ဖြစ်သည်။ ရုန့်ရင်းသည်၏အဖြစ်ကြောင့်လည်းကောင်း။ တဿ၊ ထိုခိုးသူ၏။ ဝါ၊ လိုရန်သူ၏။ ယံ တံ အနယသန၊ အကြင်တိုးပွားခြင်းမရှိသောဖျက်ဆီးမှုကို။ ဝါ၊ အကြင်စီးပွားမဲ့ ဖျက်ဆီးမှုကို။ ကရေယျ၊ ပြုရာ၏။ ပုတ္တဒါရီ ဝါ၊ သားမယားကိုမူလည်း။ ပီယျ၊ နှိပ်စက်ရာ၏။ ခေတ္တာဒီနီ ဝါ၊ လယ်အစရှိသော ပစ္စည်းတို့ကိုမူလည်း။ နာသေယျ၊ ဖျက်ဆီးရာ၏။ နံ၊ ထိုခိုးသူကို။ ဝါ၊ ထိုရန်သူကို။ ဇီဝိတာ ဝါ၊ အသက်မှမူလည်း။ ဝေါရောပေယျ၊ ခွင်းရာ၏။ (ဣတိ၊ ဤအနက်သည်။ ဝါ၊ ကို။ ဝုတ္တံ၊ သည်။ ဝါ၊ သည်။ ဟောတိ) [ဤသို့ ဝုတ္တံ ဟောတိကို ပြန်၍အုပ်ဖို့ရာ ဣတိသဒ္ဒါ ပါသင့်၏မပါလျှင် ထည့်ရရိုး ထုံးစံတည်း] ဒေသသု၊ ဆယ်ပါးကုန်သော။ **အကုသလကမ္မပထေသု**၊ အကုသလကမ္မပထေသု။ ။ပထသဒ္ဒါသည် “မဂ္ဂေါ ပန္နော ပထော အဒ္ဓါ(ဓာန် ၁၉ဝ)”နှင့်အညီ လမ်းခရီးဟူသော အနက်ကို ဟော၏ဤအကုသိုလ်ကံများလည်း အပါယ်သို့သွားကြောင်း မကောင်းသောလမ်းပင်တည်းအကုသလကမ္မာနိယေဝ+ ပထာ အကုသလကမ္မပထာ-အကုသိုလ်ကံတို့သည်ပင် အပါယ်သို့ သွားကြောင်း မကောင်းသောလမ်းတို့။ အကုသလကမ္မပထတရားတို့၌။ ဝါ၊ အပါယ်လမ်းကြောင်း, မကောင်းသောအကုသိုလ်ကံတို့၌။ မိစ္ဆာထပိတတ္တာ၊ မှားသောအားဖြင့်ထားအပ်သည်၏အဖြစ်ကြောင့်။ မိစ္ဆာပဏိဟိတံ၊ မိစ္ဆာပဏိဟိတမည်သော။ စိတ္တံ၊ စိတ်သည်။ [ကရေ၌ စပ်။] ပါပိယော နံ တတော ကရေတိ၊ ကား။ တံ ပုရိသံ၊ ထိုယောက်ျားကို။ တတော၊ ထိုခိုးသူ, ရန်သူတို့ပြုအပ်သောအမှုထက်။ ပါပတရံ၊ သာ၍ယုတ်မာသောအမှုကို။ ကရေယျ၊ ပြုနိုင်၏။
ဟိ၊ မှန်၏။ ဝါ၊ ချဲ့။ ဝုတ္တပ္ပကာရော၊ ဆိုအပ်ပြီးသော အပြားရှိသော။ ဒိသော၊ ခိုးသူတစ်ယောက်သည်။ ဒိသဿ ဝါ၊ ခိုးသူတစ်ယောက်၏မူလည်း။ ဝေရီ၊ ရန်သူတစ်ယောက်သည်။ ဝေရိနော ဝါ၊ ရန်သူတစ်ယောက်၏မူလည်း။ ဣမသ္မိံယေဝအတ္တဘာဝေ၊ ဤအတ္တဘော၌သာ။ ဒုက္ခံ ဝါ၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကိုလည်း။ ဥပ္ပာဒေယျ၊ ဖြစ်စေနိုင်၏။ ဇိဝိတက္ခယံ ဝါ၊ အသက်၏ကုန်ခြင်းကိုမူလည်း။ ကရေယျ၊ ပြုနိုင်၏။
ပန၊ အဖို့တစ်ပါးကား။ အကုသလကမ္မပထေသု၊ အကုသလကမ္မပထတရားတို့၌။ ဝါ၊ အပါယ်လမ်းကြောင်းမကောင်းသောကုသိုလ်ကံတို့၌။ မိစ္ဆာထပိတံ၊ မှားသောအားဖြင့်ထားအပ်သော။ ဣဒံ စိတ္တံ၊ ဤစိတ်သည်။ ဒိဌေဝ ဓမ္မေ၊ မျက်မှောက်ထင်ထင်ရှုမြင်အပ်သောသဘော၌ပင်။ ဝါ၊ ပစ္စက္ခအတ္တဘော၌ပင်။ အနယဗျသန၊ တိုးပွားခြင်းမရှိသော ပျက်စီးခြင်းသို့။ ဝါ၊ စီးပွားမဲ့ပျက်စီးခြင်းသို့။ ပါပေတိ၊ ရောက်စေနိုင်၏။ အတ္တဘာဝသတသဟ သေသုပိ၊ အတ္တဘောတစ်သိန်းတို့၌သော်မှလည်း။ စတူသု၊ ၄ပါးကုန်သော အပါယေသု၊ အပါယ်တို့၌။ ခိပိတွာ၊ ပစ်ချ၍။ သီသံ၊ ဥုးခေါင်းကို။ ဥဒ္ဒိပိတုံ၊ မြှောက်ပင့်ခြင်းငှာ။ ဝါ၊ မော်ခွင့်ကို။ န ဒေတိ၊ မပေး။ ဣတိ၊ ဂါထာအဖွင့်အပြီးတည်း။
ဒေသနာပရိယောသာနေ၊ ၌။ ဗဟူ၊ တို့သည်။ သောတာပတ္တိဖလာဒီနီ၊ တို့သို့။ ပတ္တာ၊ ကုန်ပြီ။
မဟာဇနဿ၊ ၏။ သာတ္ထိကာ၊ သော။ ဒေသနာ၊ သည်။ ဇာတာ၊ ပြီ။
ပန၊ ဆက်။ ဥပါသကေန၊ နန္ဒဥပါသကာသည်။ ဘဝန္တရေ၊ ဘဝတစ်ပါး၌။ ဝါ၊ ရှေးဘဝတုန်းက။ ကတကမ္မံ၊ ပြုအပ်ခဲ့သောကံကို။ ဘိက္ခူဟိ၊ ရဟန်းတို့သည်။ န ပုစ္ဆိတံ၊ မမေးမလျှောက်အပ်။ တသ္မာ၊ ကြောင့်။ သတ္ထာရာ၊ သည်။ န ကထိတံ၊ ဖြေတော်မမူအပ်။ ဣတိ၊ နန္ဒဂေါပါလကဝတ္ထုအပြီးတည်း။
နန္ဒဂေါပါလကဝတ္ထုဘာသာဋီကာပြီး၏။