Issues
Select Version
文喜中译稿
中文
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Dhammapada-aṭṭhakathā
Dhammapada-aṭṭhakathā

7. Sāriputtattherassa sahāyakabrāhmaṇavatthu

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

ယံ ကိဉ္စိ ယိဋ္ဌံ ဝါတိ ဣမံ ဓမ္မဒေသနံ သတ္ထာ ဝေဠုဝနေ ဝိဟရန္တော သာရိပုတ္တတ္ထေရဿ သဟာယကဗြာဟ္မဏံ၊ သူငယ်ချင်းပုဏ္ဏားကို။ အာရဗ္ဘ ကထေသိ။
ဟိ၊ ချဲ့။ ထေရော၊ သည်။ တမ္ပိ၊ ထိုသူငယ်ချင်းပုဏ္ဏားသို့လည်း။ ဥပသင်္ကမိတွာ၊ ၍။ “ဗြာဟ္မဏ! ကိဉ္စိ၊ သော။ ကုသလံ၊ ကို။ ကရောသိ ကိံ၊ လော?”ဗျတ္တီကာရိယအနက် ။ ။တဏှာ,မာန,ဒိဋ္ဌိတို့သည် မိမိဖြစ်ရာကိန်းရာ ခန္ဓာအစဉ် ကို “တပ်မက်သူ, မာန်ယစ်သူ(မောက်မာသူ), မိစ္ဆာအယူရှိသူ”ဟု ထင်ရှားပြတတ်ကုန် ၏၊ ထိုကြောင့် ပစိဓာတ် ဗျတ္တီကာရိယ(ထင်ရှားပြုခြင်း)အနက်ရအောင် “ရတ္တောတိ ဝါ မတ္တောတိ ဝါ မိစ္ဆာဘိနိဝေသောတိ ဝါ ပပဉ္စေန္တိ ဗျဉ္ဇေန္တီတိ ပပဉ္စာ”ဟု ပြုရသည်။ (ဒီဋီ-၂, ၂၅၈)၊ ဆက်ဥုးအံ့-ဒီဋီ-၂, ၂၅၈၌ “မတ္တောတိ ဝါ”နေရာဝယ် “သတ္တောတိ ဝါ”ဟု ရှိနေသည်မှာ စာပျက်ခြင်းသာ ဖြစ်သည်၊ မာနအတွက် ဖွင့်ခြင်းဖြစ်ရကား ကင်္ခါဋီသစ်-၁၉၈အတိုင်း “မတ္တောတိ ဝါ”ဟု ရှိသင့်သည်။
ပတ္ထနာ၂မျိုး ။ ထိုနောင် “နတ္ထိ+ပပဉ္စာ ယဿာတိ နိပ္ပပဉ္စော-ပပဉ္စတရားမရှိ သော ဘုရားရှင်, ပစ္စေကဗုဒ္ဓ, ရဟန္တာ၊ နိပ္ပပဉ္စဿ+ဘာဝေါ နိပ္ပပဉ္စဘာဝေါ၊ နိပ္ပပဉ္စ ဘာဝဿ+ပတ္ထနာ နိပ္ပပဉ္စဘာဝပတ္ထနာ-ပပဉ္စတရားမရှိသူ၏အဖြစ်ကို လိုလား တောင့်တခြင်း”ဟု ဆက်ပါ၊ ဆက်ဥုးအံ့-တောင့်တခြင်းသည် “တဏှာပတ္ထနာ-တဏှာ ဖြင့် တောင့်တခြင်း, ဆန္ဒပတ္ထနာ-ကုသိုလ်ဆန္ဒဖြင့် တောင့်တခြင်း”ဟု ၂မျိုးရှိ၏၊ တဏှာပတ္ထနာအရ တဏှာကို ၍ ဆန္ဒပတ္ထနာအရ မဟာကုသိုလ်ရှိဆန္ဒကို ရ၏၊ ဤ၌ ဆန္ဒပတ္ထနာကို ယူပါ၊ ဆန္ဒပတ္ထနာကို “ကုသလစ္ဆန္ဒပတ္ထနာ, ကတ္တုကမျတာ ကုသလစ္ဆန္ဒပတ္ထနာ”ဟုလည်း သုံး၏။ (မ- ဋ္ဌ-၁, ၄၃၊ ဣတိ- ဋ္ဌ-၅၈)
ဣတိ၊ သို့။ ပုစ္ဆိ၊ ပြီ။
“ဘန္တေ! အာမ၊ ပါ။” ဣတိ၊ ပြီ။
“ကိံ၊ ကို။ ကရောသိ၊ နည်း?” ဣတိ၊ ပြီ။
“ယိဋ္ဌယာဂံ၊ ယဇ်ပူဇော်ခြင်းကို။ ယဇာမိ၊ ပူဇော်ပါ၏။” ဣတိ၊ ပြီ။
“တဒါ၊ ၌။ တံ ယာဂံ၊ ထိုယဇ်ပူဇော်ခြင်းကို။ မဟာပရိစ္စာဂေန၊ ကြီးစွာသော စွန့်ကြဲခြင်း ဖြင့်။ ယဇန္တိ ကိရ၊ ကုန်သတဲ့။
ဣတော၊ ဤနေရာမှ။ ပရံ၊ နောက်ဖြစ်သောစကား ကို။ ထေရော၊ သည်။ ပုရိမနယေနေဝ၊ ရှေးနည်းဖြင့်သာလျှင်။ ပုစ္ဆိတွာ၊ ၍။ တံ၊ ထို သူငယ်ချင်းပုဏ္ဏားကို။ သတ္ထု၊ ၏။ သန္တိကံ၊ သို့။ နေတွာ၊ ၍။ တံ ပဝတ္တိံ၊ ကို။ အာရောစေတာ။ “ဘန္တေ ! ဣမဿ၊ ထိုသူငယ်ချင်းပုဏ္ဏားအား။ ဗြဟ္မလောကဿ၊ ၏။ မဂ္ဂံ၊ ကို။ ကလေထ၊ ကုန်။” ဣတိ၊ သို့။ အာဟ၊ ပြီ။
သတ္ထာ။ “ဗြာဟ္မဏ! ဧဝံ ကိရ၊ ဤသို့တဲ့လော။” ဣတိ၊ သို့။ ပုစ္ဆိတွာ၊ ၍။ “ဘော ဂေါတမ! ဧဝံ၊ ၏။” ဣတိ၊ သို့။ ဝုတ္တေ။ “ဗြာဟ္မဏ! သံဝစ္ဆရံ၊ ၁နှစ်ပတ်လုံး။ ယိဋ္ဌယာဂံ၊ ကို။ ယဇန္တေန၊ ပူဇော်သော။ တယာ၊ သည်။ လောကိယမဟာဇနဿ၊ အား။ ဒိန္နဒါနံ၊ သည်။ သန္နစိတ္တေန၊ ဖြင့်။ မမ၊ ၏။ သာဝကာနံ၊ တို့အား။ ဝန္ဒန္တာနံ၊ ရှိခိုးသူတို့၏။ ဝါ၊ ကုန်လသော်။ ဝါ၊ ကြောင့်။ ဥပ္ပန္နကုသလစေတနာယ၊ ဖြစ်သော ကုသိုလ်စေတနာ၏။ စတုဘာဂမတ္တမ္ပိ၊ ၄ခုမြောက်အဖို့မျှကိုလည်း။ ဝါ၊ လေးဖို့တစ်ဖို့မျှကိုလည်း။ န အဂ္ဃတိ၊ မထိုက်။” ဣတိ၊ သို့။ ဝတွာ၊ ၍။ အနုသန္ဓိံ ဃဋေတွာ ဓမ္မံ။ ဒေသန္တော။ ဣမံ ဂါထံ၊ ကို။ အာဟ။ (ကိံ)။ “ယံကိဉ္စိ။ ပေ ။ သေယျော”တိ၊ ၍။ (အာဟ)။
လောကေ၊ လောက၌။ (ယော၊ အကြင်သူသည်။) ပုညပေက္ခော၊ ကောင်းမှု ကို ရှုငဲ့လိုလားသည်။ (ဟုတွာ)။ ယံကိဉ္စိ၊ ကြွင်းမဲ့ဥဿုံ, အလုံးစုံသော။ ယိဋ္ဌံ ဝါ၊ မင်္ဂလာရက်မြတ်, လှူဒါန်းအပ်သည့်, အမှတ်တရအလှူမျိုးကိုလည်းကောင်း။ ဟုတံဝါ၊ ဧည့်ဝတ်ပြုမှု ကံအကျိုးစုယုံ, လှူဒါန်းပုံမျိုးကိုလည်းကောင်း။ သံဝစ္ဆရံ၊ ၁နှစ်ပတ်လုံး။ ယဇေထ၊ လောကီလူအများအား လှူဒါန်းရာ၏။ (တဿ၊ ထိုသူ၏။) သဗ္ဗံ၊ အလုံးစုံသော။ တံ၊ ထိုယိဋ္ဌတအလှူသည်။ ဥဇုဂတေသု၊ ဖြောင့် မတ်သည်၏အဖြစ်သို့ ရောက်သော အရိယာသူတော်ကောင်းတို့ကို။ ဝါ၊ ဖြောင့် မတ်စွာ ကျင့်သော အရိယာသူတော်ကောင်းတို့ကို။ အဘိဝါဒနာ၊ ရှိခိုးကြောင်းကုသိုလ်စေတနာ၏။ ဝါ၊ ရှိခိုးကြောင်းကုသိုလ်စေတနာ၏အကျိုးမှ။
စတုဘာဂ မ္ပိ၊ ၄ခုမြောက်အဖို့သို့သော်လည်း။ (၄ဖို့၁ဖို့သို့သော်လည်း)။ န ဧတိ၊ မရောက်။ ဝါ၊ မမီ။
(တသ္မာ၊ ကြောင့်။) ဥဇုဂတေသု၊ တို့ကို။ အဘိဝါဒနာ၊ ရှိခိုးကြောင်း ကု သိုလ်စေတနာသည်သာ။ ဝါ၊ ရှိခိုးကြောင်းကုသိုလ်စေတနာ၏ အကျိုးသည် သာ။ သေယျော၊ ၏။
တတ္ထ၊ ၌။ **ယံ ကိဉ္စီကိ ဧတံ**၊ ဟံ ကိဉ္စိဟူသော ဤသဒ္ဒါသည်။ အနဝသေသ ပရိယာဒါနဝစနံ၊ အကြွင်းမဲ့(အလုံးစုံ) သိမ်းယူသော သဒ္ဒါတည်း။ယံကိဉ္စီတိ. . . ဝစနံ ။ ။“ယံကိဉ္စိ”သည် “ယံ+ကိံ+စိ”ဟူသော ၃ပုဒ်ကို ပေါင်းထား သော နိပါတပတိရူပက(နိပါတ်ပုဒ်နှင့်တူသော)ပုဒ်တည်း၊ “ယော ကောစိ, ယာ ကာစိ, ယံ ကိဉ္စိ”တို့သည် လိင်၃ပါး, ဝိဘတ်၇သွယ်တို့၌ ရုပ်သွင်တစ်မျိုးတည်းဖြင့် မတည်ရှိဘဲ လိင်၃ပါး, ဝိဘတ်၇သွယ်လုံး ရှိရကား နိပါတ်ပုဒ်မဟုတ်ကုန်၊(နီတိပဒ-၃၇၅)၊ “ယံ+ကိံ+ စိ”ဟု ပုဒ်တွေများနေသော်လည်း စိနိပါတ်ဖြင့် ပိုင်းဖြတ်အပ်သောကြောင့်လည်း ကောင်း, ၃ပုဒ်လုံးပေါင်းမှ “အလုံးစုံ”ဟု တစ်နက်တည်းဖြစ်သောကြောင့်လည်းကောင်း “ယံ ကိဉ္စိ”ကို တစ်ပုဒ်ဟုသာ ဆိုရသည်၊ ၃ပုဒ်ဟု မဆိုရ။(ဘေဒ-၉)
ဆက်ဥုးအံ့-ကိံသဒ္ဒါသည် သူ့ချည်းသက်သက်ဖြစ်လျှင် ပုစ္ဆာအနက်ကို ဟော၏၊ နောက်၌ “စိ”နိပါတ်ရှိလျှင် အပ္ပ(အနည်းငယ်)အနက်ကို ဟော၏၊ ရှေ့၌ ယသဒ္ဒါ ပါရှိပြန်လျှင် သကလ(အလုံးစုံ)အနက်ကို ဟော၏၊ (နိဒီ-၂၃၄၊ နိသာ-၁၆)၊ ယံသဒ္ဒါ သက်သက် ကိဉ္စိသဒ္ဒါသက်သက်ဖြစ်လျှင် အနိယမအနက်ကို ဟော၏၊ဤ၌ “ယံ ကိဉ္စိ”ဟု ပေါင်းထားသဖြင့် အနဝသေသပရိယာဒါနအနက်ကို ဟောသည်၊ အနိယမ အနက်ကို မဟောဟု ပြလို၍ “အနဝသေသပရိယာဒါနဝစနံ”ဟု ဖွင့်ဆိုသည်၊ (သကလ)အနက်ကိုပင် “အနဝသေသပရိယာဒါနဝစနံ”ဟု ဆိုသည်၊ (ဝိသုဒ္ဓိဋီ-၁ ၅၆၊ ၂၄၉၊ဝိသုဒ္ဓိဋီ-၂၊ ၈၆၊ ၁၅၄)။ [ပရိယာဒိယတီတိ ပရိယာဒါနံ၊ အနဝသေသံ (အကြွင်းမဲ့-အလုံးစုံ)+ပရိယာဒါနံ အနဝသေသပရိယာဒါနံ၊ ဝုစ္စတိ အတ္ထော ဧတေနာ တိ ဝစနံ-ဟောကြောင်းသဒ္ဒါ၊ အနဝသေသပရိယာဒါနံ စ+တံ+ဝစနံ စာတိ အနဝ သေသပရိယာဒါနဝစနံ-အကြွင်းမဲ့ (အလုံးစုံ) သိမ်းယူသောစကား”ဟု ပြုပါ၊ အနဝ သေသကို “အသေသေတွာ"ဟု တွာပစ္စယန္တဖြင့် ဖွင့်သောကြောင့် “အကြွင်းမဲ့”ဟု ကြိယာဝိသေသနအနက်သာ ပေးပါ၊ “အကြွင်းမဲ့ကို”ဟု ကံအနက်မပေးရ။ (ဝိသုဒ္ဓိဋီ ၁, ၃၆၆၊ ဝိသုဒ္ဓိဋီ-၂, ၁၅၄၊ နီတိပဒနီ-၂၊ ၇၅၇)]
**ယိဋ္ဌ** န္တိ၊ ကား။ ယေဘုယျေန၊ ဖြင့်။ **မင်္ဂလကိရိယာဒိဝသေသု**၊ မင်္ဂလာကို ပြုလုပ်ခြင်းရှိရာ နေ့အစရှိသော နေ့တို့၌။ ဝါ၊ မင်္ဂလာပြုလုပ်ရာနေ့အစရှိသော နေ့တို့၌။ ဒိန္နဒါနံ၊ ပေးအပ်သော အလှူတည်း။
**ဟုတ** န္တိ၊ ကား။ အဘိသင်္ခရိတွာ၊ စီမံ၍။ ကတံ၊ သော။ **ပါဟုနဒါနဉ္စေဝ**၊ ဧည့်သည်တို့အား ပေးလှူအပ်သော အလှူလည်းကောင်း။ ကမ္မဉ္စ၊ ကံကိုလည်းကောင်း။ ဖလဉ္စ၊ ကံ၏အကျိုးကိုလည်းကောင်း။ သဒ္ဒဟိတွာ၊ ယုံကြည်၍။ ကတဒါနဉ္စ၊ ပြုအပ်သော အလှူလည်း ကောင်းတည်း။
သံဝစ္ဆရံ ယဇေထာတိ၊ ကား။ ဧကသံဝစ္ဆရံ၊ ၁နှစ်ပတ်လုံး။မင်္ဂလကိရိယာဒိဒိဝသေသု ။ ။ကရဏံ ကိရိယာ၊ မင်္ဂလဿ+ကိရိယာ ဧတ္ထာတိ မင်္ဂလကိရိယော-မင်္ဂလာကို ပြုလုပ်ခြင်းရှိရာနေ့၊ (တစ်နည်း) မင်္ဂလတ္ထံ+ကိရိယာ ဧတ္ထာတိ မင်္ဂလကိရိယော-မင်္ဂလာအကျိုးငှာ ပြုလုပ်လှူဒါန်းခြင်းရှိရာနေ့(တစ်နည်း) ကရီယတေတိ ကိရိယံ၊မင်္ဂလံ+ကိရိယံ ဧတ္ထာတိ မင်္ဂလကိရိယော-ပြုလုပ်အပ်သော မင်္ဂလာရှိရာနေ့၊ မင်္ဂလကိရိယော+အာဒိ ဧတေသူတိ မင်္ဂလကိရိယာဒယော၊ မင်္ဂလ ကိရိယာအာဒယော စ+တေ+ဒိဝသာ စာတိ မင်္ဂလကိရိယာဒိဒိဝသာ-မင်္ဂလာကို ပြု လုပ်ခြင်းရှိရာနေ့အစရှိသောနေ့များ၊ ဝါ-မင်္ဂလာအကျိုးငှာ ပြုလုပ်လှူဒါန်းခြင်းရှိရာ နေ့အစရှိသောနေ့များ၊ ဝါ-ပြုလုပ်အပ်သော မင်္ဂလာရှိရာနေ့အစရှိသောနေ့များ။
ယိဋ္ဌံ ဝ ဟုတံ ဝ ။ ။ “ယိဋ္ဌံ ဝါ ဟုတံ ဝါ”ဟု ဆိုလိုလျက် ပထမပါဒသည် ဣန္ဒ ဝဇိရဂါထာဖြစ်ရကား တ,ဂိုဏ်းရှိရမည်ဖြစ်သောကြောင့် ဆန်းစောင့်ခြင်းငှာ ရဿပြု ၍ “ယိဋ္ဌံ ဝ ဟုတံ ဝ”ဟု ဖြစ်သည်၊ ဝါသဒ္ဒါ သမုစ္စည်းအနက်တည်း၊ “ယဇိတဗ္ဗန္တိ ယိဋ္ဌံ၊ ဟုနိတဗ္ဗန္တိ ဟုတံ”ဟု ပြုပါ။
ဆက်ဥုးအံ့- အခြားနေရာ၌ ယဇ်ကြီးပူဇော်ခြင်း(အကြီးအကျယ် ပေးလှူပူဇော် ခြင်း)ကို ယိဋ္ဌ, ယဇ်ငယ်ပူဇော်ခြင်း (ဧည့်ဝတ်ပြုသောအားဖြင့် အနည်းငယ် ပေးလှူ ပူဇော်ခြင်း)ကို ဟုတဟု ဖွင့်၏၊ ယိဋ္ဌ, ဟုတ၏ သရုပ်ကို မဖော်ပြကြပါ၊ ဤ၌ “ယိဋ္ဌန္တိ၊ ပေ၊ ကတဒါနဉ္စ”ဖြင့် မင်္ဂလာမှုပြုလုပ်ရာနေ့စသော နေ့ထူးနေ့မြတ်များ၌ လှူဒါန်း အပ်သော အမှတ်တရအလှူမျိုးကို “ယိဋ္ဌ”ဟုလည်းကောင်း, အထူးတလယ် စီမံ၍ မိတ်ဆွေတို့အား ဧည့်ခံကျွေးမွေးလှူဒါန်းအပ်သော အလှူနှင့် ကံနှင့် ကံအကျိုးကို ယုံကြည်၍ ပြုလုပ်အပ်သော အလှူမျိုးကို “ဟုတ”ဟုလည်းကောင်း ယိဋ္ဌ, ဟုတ၏ သရုပ်ကို ထင်ရှားစွာ ပြသည်။
ပါဟုနဒါနံ ။ ။ပကို ပဌမအနက်, အာကို အာနေတွာအနက်ယူ၍ “ပဌမံ(အိမ်သားတို့ မစားမီ ရှေးဦးစွာ) အာနေတွာ ဟုနိတဗ္ဗန္တိ ပါဟုနံ၊ [ပ+အာ+ဟု+ယု၊ သီဘာ-၂, ၃၄၆၊ သီဘာ-၃, ၄၁၀၊] အာဂန္တုကတ္ထာယ ပကာရေန ယူယတေတိ ပါဟုနံ၊ [ပ+ဟု+ယု၊ ပ၌ ဒီဃပြု၊-သီဘာ-၃, ၄၉၈၊] ပါဟုတဗ္ဗန္တိ ပါဟုနံ၊ [ပ+ဟု+တ၊ တ,ကို နပြု၊-နိုဒီ-၃၂၊ ၅၀၁၊] ပါဟုနံ+အရဟန္တီတိ ပါဟုနာ၊ [ပါဟုန+ဏ၊] ပါဟုနာနံ +ဒါနံ ပါဟုနဒါနံ-ဧည့်သည်တို့အား ပေးလှူအပ်သောအလှူ(တစ်နည်း) “ပါဟုနက သက္ကာရော တိ ပါဟုနဘာဝေန ကာတဗ္ဗသက္ကာရော(ဒီဋီ-၁၂၂၅)”အဖွင့်ကို မှီး၍ “ပါဟုနေန (ပါဟုနဘာဝေန)+ကာတဗ္ဗံ+ဒါနံ ပါဟုနဒါနံ-ရှေးဦးစွာ ဆောင်ယူ၍ ပေးလှူထိုက်သော အာဂန္တုကဒါနအဖြစ်ဖြင့် ပြုထိုက်သောအလှူ”ဟု ပြုပါ။
နိရန္တရမေဝ၊ မပြတ်သာလျှင်။ ဝုတ္တပ္ပကာရံ၊ ဆိုအပ်ခဲ့သော အပြားရှိသော။ ဒါနံ၊ ကို။ သကလစက္ကဝါဠေပိ၊ အလုံးစုံသော စကြာဝဠာ၌လည်း။ လောကိယမဟာ ဇနဿ၊ လောက၌ အကျုံးဝင်သော များစွာလူအပေါင်းအား။ ဝါ၊ လောကီ လူအများအား။ ဒဒေယျ၊ ရာ၏။
ပုညပေက္ခောတိ၊ ကား။ ပုညံ၊ ကို။ ဣစ္ဆန္တော၊ လိုလားသည်။ (ဟုတွာ)။
**ဥဇ္ဇုဂတေသူ** တိ၊ ကား။ ဟေဋ္ဌိမကောဋိယာ၊ အောက် ၌ဖြစ်သော အစွန်းအပိုင်းအခြားအားဖြင့်။ ဝါ၊ အောက်ဆုံးအစွန်းအပိုင်းအခြား အားဖြင့်။ သောတာပန္နေသု၊ တို့ကို။ ဝါ၊ တို့၌။ ဥပရိမကောဋိယာ၊ အထက်၌ ဖြစ် သော အစွန်းအပိုင်းအခြားအားဖြင့်။ ဝါ၊ အထက်ဆုံး(အမြင့်ဆုံး) အစွန်းအပိုင်း အခြားအားဖြင့်။ ခီဏာသဝေသု၊ တို့ကို။ ဝါ၊ တို့၌။ [အဘိဝါဒနာ၌စပ်။]
ဣဒံ၊ သည်။ ဥဇ္ဇုဂတေသု ။ ။ဥဇုံ (ဥဇုဘာဝံ)+ဂတာ ဥဇ္ဈဂတာ-ဖြောင့်မတ်သည်၏ အဖြစ်သို့ ရောက်သော အရိယာသူတော်ကောင်းတို့၊(ဝိသုဒ္ဓိဋီ-၁, ၂၆၅)၊ (တစ်နည်း) ဥဇုံ (ဥဇုကမေဝ)+ဂတာ ဥဇ္ဇုဂတာ-ဖြောင့်မတ်စွာသာလျှင်ဖြစ်သော အရိယာသူတော် ကောင်းတို့၊ (တစ်နည်း) ဥဇုနာ (အဋ္ဌင်္ဂိကေန မဂ္ဂေန နိဗ္ဗာနံ)+ဂတာ ဥဇ္ဇုဂတာ ဖြောင့်သောမဂ္ဂင်လမ်းဖြင့် နိဗ္ဗာန်သို့ ကြွရောက်တော်မူသော အရိယာသူတော်ကောင်း တို့၊ (ဇာ. ဋ္ဌ-၂၈၇)၊ “ဥဇုဂတေသု”ဟု ဆိုလိုလျက် စတုတ္ထပါဒသည် ကမလာဂါထာ ဖြစ်ရကား ယဂိုဏ်းရှိရမည်ဖြစ်သောကြောင့် ဆန်းစောင့်ခြင်းငှာ ဒွေဘော်လာ၍ ဂါထာ၌ “ဥဇ္ဇုဂတေသု” ရှိရသည်ထိုကြောင့် “ဥဇုဂတေသု"ဟု ဖွင့်သည်ကာယ ဝင်္က(ကိုယ်အကောက်)ဟူသော ကာယဒုစရိုက်စသည်တို့မှ ကင်းသောကြောင့် အရိယာ သူတော်ကောင်းတို့ကို “ဥဇုဂတ-ဖြောင့်မတ်စွာ ဖြစ်သူကျင့်သူတို့”ဟု ဆိုရသည်။ (အံ. ဋ္ဌ-၂, ၃၁၁၊ သုတ္တနိ. ဋ္ဌ-၂၁၃၇) ဝါ၊ ကို။ ဝုတ္တံ။ ဟောတိ။
“ဧဝရူပေသု၊ ဤသို့သဘောရှိသော အရိယာသူတော် ကောင်းတို့၌။ ပသန္နစိတ္တေန၊ ကြည်ညိုသောစိတ်ဖြင့်။ သရီရံ၊ ကို။ ဩနမိတွာ၊ ညွတ်၍။ ဝန္ဒန္တဿ၊ ရှိခိုးသူ၏။ ကုသလစေတနာယ၊ ၏။ ယံ ဖလံ၊ အကြင်အကျိုး သည်။ (အတ္ထိ)။ တတော၊ ထိုအကျိုးမှ။ **စတုဘာဂမ္ပိ**၊ ၄ခုမြောက်အဖို့ကိုသော်လည်း။ ဝါ၊ ၄ဖို့၁ဖို့ကိုသော်လည်း။ သဗ္ဗံ၊ သော။ တံ ဒါနံ၊ ထိုဒါနစေတနာသည်။ ဝါ၊ လိုဒါနစေတနာ၏အကျိုးသည်။ န အဂ္ဃတိ၊ မထိုက်။ တသ္မာ၊ ကြောင့်။ ဥဇု ဂတေသု၊ ဖြောင့်မတ်သည်၏အဖြစ်သို့ ရောက်သော အရိယာသူတော်ကောင်း တို့ကို။ ဝါ၊ ဖြောင့်မတ်စွာ ဖြစ်သော(ကျင့်သော) အရိယာသူတော်ကောင်းတို့ကို။ **အဘိဝါဒနမေဝ**၊ ရှိခိုးကြောင်းကုသိုလ်စေတနာသည်သာ။ ဝါ၊ ရှိခိုးကြောင်းကု သိုလ်စေတနာ၏ အကျိုးသည်သာ။ သေယျော၊ ၏။” ဣတိ၊ ဂါထာဖွင့်ပြီးပြီ။ဆက်ဥုးအံ့-ဥဇ္ဇုဂတေသု၌ ကစ္စည်းနှင့် ရူအလို ကံအနက်၌ သတ္တမီသက်၍ မောဂ်အလို ဩကာသအနက်၌ သတ္တမီသက်ပါ၊ “ဥဇ္ဇုဂတေသု, အဘိဝါဒနာ”တို့ကို တတိယပါဒ, စတုတ္ထပါဒတို့၌ပါ ယူ၍ သိလေသစသောနည်းအရ ၂ခါပေးရသည်၊ “ဥဇ္ဇုဂတေသု-တို့၏ဝါ-တို့အား၊ အဘိဝါဒနာ (အဘိဝါဒနာယ)-ရှိခိုးခြင်းစေတနာ၏၊ စတုဘာဂံ-ကို၊ န ဧတိ-မမှီ၊ တသ္မာ-ကြောင့်၊ ဥဇ္ဇုဂတေသု-တို့၌၊ ဝါ-တို့အား၊ အဘိ ဝါဒနာ-သည်၊ သေယျော-၏”ဟု “ဥဇ္ဇုဂတေသု”ကို တတိယပါဒ၌ ဆဋ္ဌီအနက်, သမ္မ ဒါန်အနက်, စတုတ္ထပါဒ၌ ဩကာသအနက်, သမ္ပဒါန်အနက် ပေးကြသေး၏။
စတုဘာဂမ္ပိ ။ ။သဗ္ဗမ္မိ၌ ပိသဒ္ဒါကို စတုဘာဂံနှင့် တွဲပေးရသော အဋ္ဌာနပယုဂ်ဟု သိစေလို၍ “စတုဘာဂမ္မိ”ဟု ဖွင့်သည်၊[ဓမ္မဘာ-၃, ၁၈၉ရှု၊] ပိသဒ္ဒါ ဂရဟာအနက် ဟောတည်း၊ ယိဋ္ဌဟုတအလှူအားလုံးသည် အရိယာသူတော်ကောင်းတို့ကို ရှိခိုးကြောင်း စေတနာအကျိုးအားလုံးကို မဆိုထားနှင့် ထိုအကျိုးမှ ၄ပုံပုံ တစ်ပုံစာအဆင့်ကိုပင် မမီ-ဟူလို၊ “စတုဏ္ဏံ+ပူရဏော စတုတ္ထော၊ စတုတ္ထော စ+သော+ဘာဂေါ စာတိ စတုဘာဂေါ”ဟု ပြုပါ၊ “စတုတ္ထဘာဂ”ဟု ဆိုလိုလျက် တ္ထကျေသည်။ (ဝိ. ဋ္ဌ-၂ ၂၈၂၊ ပါရာဘာ-၄ ၃၆၂၊မအူပါရာနိ-၄, ၇၈၀)
အဘိဝါဒနာ, အဘိဝါဒနံ ။ ။ပါဠိသက္ကတသဒ္ဒါကျမ်း, အဘိဓာန်ကျမ်းတို့၌ အဘိ ဝါဒနကို နပုံလိင်ဟုချည်း ဆို၏။ ထိုသို့ဆိုခြင်းကို များရာလိုက်၍ ဆိုခြင်းဟု ယူပြီး ဤ၌ ဣတ္ထိလိင်ဟု ယူရာ၏၊ (တစ်နည်း) နပုံလိင်မှ ဣတ္ထိလိင်သို့ ပြန်နေသောလိင်္ဂဝိပလ္လာသဟု ယူရာ၏။ (ကစ္စာဘာ-၄၅)။ “ကုသလစေတနာယ”ဟူသော အဖွင့်ကို ကြည့်၍ စတုဘာဂ၌စပ်ခိုက် ဆဋ္ဌီအနက်၌ ပထမာဟုကြံ(တစ်နည်း) ဆဋ္ဌီဝိဘတ် ဖြင့် “အဘိဝါဒနာယ”ဟု ဆိုလိုလျက် ယကျေသည်ဟုလည်း ကြံကြ၏“တတော” ဟူသော အဖွင့်ကို ကြည့်၍ ပဉ္စမီအနက်၌ ပထမာသက်သည်ဟု ယူပါ၊ “အဘိဝါဒနမေဝ သေယျော”ဟူသော အဖွင့်ဖြင့် သေယျော၌စပ်ခိုက် လိင်(ကတ္တား) အနက်၌ ပထမာ သက်ကြောင်းကို ပြသည်ဟု ယူရာ၏။
ဆက်ဥုးအံ့-အဘိဝါဒနအရ မုချအားဖြင့် ရှိခိုးကြောင်းစေတနာကို ရသော်လည်း အကြောင်းဖြစ်သော စေတနာ၏အမည်ကို အကျိုးဖြစ်သော ထိုစေတနာ၏အကျိုး၌ တင်စားသော ကာရဏပစာရအားဖြင့် ရှိခိုးကြောင်းစေတနာ၏အကျိုးကို ယူရသည်ထိုကြောင့် “ကုသလစေတနာယ ယံ ဖလံ၊ တတော စတုဘာဂမ္ပိ”ဟု ဖွင့်သည်။ “အဘိဝါဒေန္တိ ဧတေနာတိ အဘိဝါဒနံ-ရှိခိုးကြောင်းစေတနာ၊ [အဘိ+ဝဒီ+စုရာဒိ ဏေ+ယု၊-မဋီ-၃, ၄ဝ၈၊] (တစ်နည်း) အဘိဝန္ဒီယတေ အဘိဝါဒနံ-ရှိခိုးခြင်း၊(နိသာ ဋီ-၃၅)၊ (တစ်နည်း) အာဒရံ ဝါဒနံ အဘိဝါဒနံ-ရိုသေစွာ ရှိခိုးခြင်း၊(ပရိတ္တဋီ-၉၄)၊ (တစ်နည်း) အဘိဂါဒါ၀နံ-ချမ်းသာ ကျန်းပါမာစေဟု ဆိုစေခြင်း ဆုပေးစေခြင်း၊ [အဘိ +ဝဒ+ကာရိတ်ဏေ+ယု၊-မ ဋ္ဌ-၁, ၁၈၅၊ မဋီ-၁, ၂၈၃၊ နီတိ ဓာတု-၃၁၅၊]”ဟု ပြုပါ။
ဒေသနာဝသာနေ။ သော ဗြာဟ္မဏော၊ သည်။ သောတာပတ္တိဖလံ။ ပတ္တော၊ ပြီ။ အညေပိ၊ ကုန်သော။ ဗဟူ၊ တို့သည်။ သောတာပတ္တိဖလာဒီနိ၊ တို့သို့။ ပါပုဏိံသု။ ဣတိ၊ သာရိပုတ္တရဿ သဟာယကဗြာဟ္မဏဝတ္ထု ပြီးပြီ။
သာရိပုတ္တတ္ထေရဿ သဟာယကဗြာဟ္မဏဝတ္ထုဘာသာဋီကာပြီးပြီ။