သော၊ ထိုအနာထပိဏ်သူဌေးသည်။
ဝါ၊ ကို။
ဧကဒိဝသံ၊ ၌။
သတ္တာရာ၊ သည်။
**“ဂဟပတိ**၊ သူကြွယ်!
**တေ**၊ ၏။
**ကုလေ**၊ အိမ်၌။
**ဒါနံ**၊ ကို။
**ဒီယတိ ပန**၊ ပေးလှူ အပ်သလော?"
ဣတိ၊ သော်။
ဝုတ္တေ။
“ဘန္တေ!
ဒိယတိ၊ ၏။
စ ခေါ၊ သို့သော် လည်း။
**တံ**၊ ထိုအလှူကို။
**ဗိလင်္ဂဒုတိယံ**၊ ဆန်ပုန်းရည်ဟင်းလျှင် ၂ခုမြောက်ရှိ သော။
ကဏာဇကံ၊ ဆန်ကွဲထမင်းကို။
(ဒီယတိ၊ ၏။”
ဣတိ၊ သို့။
အာဟ၊ ပြီ။ဒီယတိ. . . ဒါနံ ။ “ဒီယတိ ပန တေ ဂဟပတိ ကုလေ ဒါနံ”ဟူသော စကား တော်သည် ရဟန်းသံဃာအား လှူအပ်သော အလှူကို ရည်ရွယ်၍ မေးတော်မူအပ် သော စကားတော်မဟုတ်၊ မှန်၏-အနာထပိဏ်သူဌေး၏ အိမ်၌ ရဟန်းသံဃာအား မွန်မြတ်သောအလှူကို အမြဲတမ်း ပေးလှူလျက် ရှိ၏၊ ထိုသို့ ပေးလှူသည်ကို ဘုရားရှင် လည်း သိတော်မူသည်သာ။ စင်စစ်ကား လောကီလူသားအပေါင်းအား ပေးလှူအပ် သော အလှူသည် အညံ့စားဖြစ်နေသဖြင့် သူဌေး၏စိတ်ကို နှစ်သက်ဝမ်းသာမှုကို မဖြစ်စေနိုင်။ ထိုလောကီလူသားအပေါင်းအား ပေးလှူအပ်သော အလှူကို ရည်ရွယ်၍ “ဒီယတိ ပန”စသော စကားကို မိန့်တော်မူခြင်းဖြစ်သည်။ (အံ. ဋ္ဌ.၃, ၂၆၇)
တဉ္စ ကဏာဇကံ ဗိလင်္ဂဒုတိယံ ။ ။“တံ”ကား ပကတိကံ, “ကဏာဇကံ ဗိလင်္ဂ ဒုတိယံ”ကား ဝိကတိကံတည်းပရိစ္စတ္တဝိကတိကံ,အပရိစ္စတ္တဝိကတိကံ၂မျိုးတွင် ပုန်း ရည်ဟင်း ဆန်ကွဲထမင်းအလှူသည် အညံ့စားအလှူဖြစ်သည်မှ လွဲ၍ တံအရ အလှူ သဘောကို မစွန့်သောကြောင့် အပရိစ္စတ္တဝိကတိကံတည်း၊ ပကတိစ္ဆေဒဝိကတိကံ,ဂုဏန္တရုပ္ပတ္တိဝိကတိကံ၂မျိုးတွင် ဂုဏန္တရုပ္ပတ္တိဝိကတိကံဟုလည်း ခေါ်ရသည်၊[အကျယ် ကို နီတိဓာတ-၃၈၇၊ ပုဒ်စစ်တို့၌ ရှုပါ၊] (တစ်နည်း) “ကဏာဇကံ ဗိလင်္ဂဒုတိယံ”တို့၌ ဒုတိယာကို တတိယာအနက်ကြံ၍ “တံ-ကို၊ ဗိလင်္ဂဒုတိယံ-သော၊ ကဏာဇကံ-ဖြင့်၊ဒီယတိ”ဟု ပေးပါ။
ကဏာဇကံ ။ ။ဆန်ကွဲနှင့်တကွဖြစ်သော ဆန်အနည်းငယ်တို့ဖြင့် ချက်အပ် သည်ဖြစ်၍ အကျက်မညီ,မနပ်သောထမင်းကို “ကဏာဇက”ဟု ခေါ်သည်၊ ထောမ၊ ဝိဓာန်၌ “ကဏဘာဝေန(ဆန်ကွဲအဖြစ်ဖြင့်)+အဇတိ ဂစ္ဆတိ ပဝတ္တတီတိ ကဏာဇကံ၊[ကဏ+ဇ+အ၊ က-လာ၊]”ဟု ပြု၍ ဓမ္မဋီ-၁၆၆ “ကဏာယ+ဇာတံ ကာဇကံ၊ [ကဏာ+ဇာတ၊ ဇာ၌ ရဿ, တကို ကပြု၊]”ဟု ပြုသည်။
အထ၊ ၌။
နံ၊ ကို။
သတ္ထာ၊ သည်။
“ဂဟပတိ!
လူခံ၊ ခေါင်းပါးသော။(ညံ့သော။)
ဒါနံ၊ လှူဖွယ်ကို။
ဒေမိ၊ ပေးလှူရ၏။
ဣတိ၊ သို့။
မာ စိန္တယိ၊ နှင့်။
ဟိ၊ မှန်။
စိတ္တသ္မိံ၊ သည်။
ပဏီတေ၊ မွန်မြတ်လသော်။
ဗုဒ္ဓါဒီနံ၊ ဘုရားအစရှိသော ပုဂ္ဂိုလ်တို့အား။
ဒိန္နဒါနံ၊ ပေးလှူအပ်သော အလှူမည်သည်။
လူခံ နာမ၊ ညံ့သည် မည်သည်။
နတ္ထိ။
အပိစ၊ သော် လည်း။
တွံ။
အဋ္ဌန္နံ၊ ကုန်သော။
အရိယပုဂ္ဂလာနံ၊ အရိယာ ပုဂ္ဂိုလ်တို့အား။
ဒါနံ၊ ကို။
ဒေသိ၊ ပေးလှူရ၏။
အဟံ ပန၊ သည်ကား။
ဝေလာမ ကာလေ၊ ဝေလာမပုဏ္ဏားဖြစ်ရာအခါ၌။
သကလဇမ္ဗုဒီပံ၊ အလုံးစုံသော ဇမ္ဗူဒိပ်ကို(ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို)။
ဗိလင်္ဂဒုတိယံ ။ ။“ဝါတံ လင်္ကတိ ဟီနံ ကရောတီတိ ဗိလင်္ဂေါ၊ ဝါတ+လင်္ကိ+အဝါတကို ဗိ, ကကို ဂပြု ၊ ဝိသေသေန လင်္ကတိတိ ဗိလင်္ဂေါ [ဝိ+လင်္ကိ+အ၊- ဓာန်ဋီ-၄၆၀၊] (တစ်နည်း) ဗိလံ အမ္ဗိလံ ကရောတီတိ ဗိလင်္ဂေါ ၊[ဗိလ+အင်္ကိ+အ၊- ဗိလသဒ္ဒါ အမ္ဗိလ၏ ပရိယာယ်၊-ဓမ္မဋီ-၁၆၆]-ဗိလင်္ဂံ (ဗိလင်္ဂေါ)+ဒုတိယံ အသာတိ ဗိလင်္ဂဒုတိယံ”ဟု ပြုပါ။
ဗိလင်္ဂသည် အဘိဓာန်အလို ပုံလိင်, ပါဠိအဋ္ဌကထာဋီကာများအလို နပုံလိင် တည်း၊ ဆန်ပုန်းရည်အနက်ဟောပုဒ်တို့သည် “သောဝီရ, ကဉ္ဇိယ, အာရနာလ, ထုသော ဒက, ဓညမ္ဗိလ, ဗိလင်္ဂ”ဟု ၆ပုဒ်ရှိ၏၊ (ဓာန်-၄၆၀)အဋ္ဌကထာတို့၌ “ဗိလင်္ဂဒုတိယံ”ကို ကဉ္စိယဒုတိယံ”ဟု ပရိယာယ်ဖြင့်သာ ဖွင့်ဆိုကြ၏။ သို့သော် သောဝီရပုန်းရည်အာရ နာလပုန်းရည်, ဓညမ္ဗိလပုန်းရည်တို့ကား ပုန်းရည်နာမည်ချင်းသာ တူ၍ လုပ်ပုံ, အမျိုးအစားချင်း မတူပါ၊ ထိုတွင် မုယောဆန်အစိမ်း,အကျက် တစ်မျိုးမျိုးကို ကြာမြင့်စွာ စိမ်၍ ပြုလုပ်အပ်သော ပုန်းရည်သည် သောဝီရပုန်းရည် မည်၏၊ ဂျုံဆန်အစိမ်း, အကျက် တစ်မျိုးမျိုးဖြင့် ပြုလုပ်အပ်သော ပုန်းရည်သည် အာရနာလပုန်းရည် မည်၏၊ သလေးစပါး,လူး, ပြောင်းစသော စပါးမျိုးတစ်မျိုးမျိုးတို့၏ အမှုန့်ဖြင့် ပြုလုပ်အပ်သော ပုန်းရည်သည် ဓညမ္ဗိလပုန်းရည် မည်၏၊ ဤ၌ အာရနာလပုန်းရည်, ဓညမ္ဗိလပုန်းရည် ကို ယူစေလို၍ “ဗိလင်္ဂံ ဝုစ္စတိ ဓညမ္ဗိလံ၊ အာရနာလန္တိပိ ဝုစ္စတိ(သံဋီ-၁, ၁၉၂၊ ဒီ ဋီ-၂, ၃၅၇၊ အံဋီ-၃, ၂၈၈)”ဟု ဖွင့်သည်။ [ပုန်းရည်အမျိုးမျိုးနှင့် ပြုလုပ်ပုံကို ဥတု ၁၅၅၈သည်တို့၌ ရှုပါ။]
ဝေလာမကာလေ ။ ။ဝေလာ မရိယာဒါ+နတ္ထိ ဧတသ္မိံန္တိ ဝေလာမော-အမျိုးအနွယ်,အဆင်း, စီပွားဥစ္စာ, သဒ္ဓါ, ပညာစသော ဂုဏ်တို့၏ အပိုင်းအခြားမရှိရာပုဏ္ဏား၊ ဝေလာ+မာ၊ မာသဒ္ဒါ ပဋိသေဓာနက်ဟော၊ ဝေလာ မရိယာဒါ+အမတိဩသာနံ ဂစ္ဆတိ ဧတသ္မိန္တိ ဝေလာမော-အမျိုးအနွယ်အဆင်း, စီပွားဥစ္စာ, သဒ္ဓါ ပညာစသော ဂုဏ်တို့၏ အပိုင်းအခြားအဆုံးသို့ ရောက်ရာပုဏ္ဏား၊ [ဝေလာ+အမ+အ၊] (တစ်နည်း)ဝေလံ မရိယာဒံ+အမတိ ဂစ္ဆတိ အတိက္ကမတီတိ ဝေလာမော-စည်းကမ်း အပိုင်းခြားကို လွန်သောပုဏ္ဏား၊ [ဝေလာ+အမ+အ-အံဋီ-၃၊ ၂၈၈၊ ]ထိုနောင် “ဗုဒ္ဓဿ +ဥပ္ပန္နော+ကာလော ဗုဒ္ဓကာလော၊ စက္က၀တ္တိနော+ဥပ္ပန္နော+ကာလော စက္ကဝတ္တိ ကာလော(မအူပါရာနိ-၃, ၂၉၀)"ကို မှီး၍ “ဝေလာမဿ+ဥပ္ပန္နော+ကာလော ဝေလာမကာလော”ဟု ဆက်ပါ။ ဥန္နင်္ဂလံ၊ ထွန်တုံး(ထွန်ယက်ခြင်း)၏ ပြတ် စဲခြင်းကို။
ဝါ၊ ထွန်ယက်မှု မပြုရအောင်။
ကတွာ၊ ပြု၍။
မဟာဒါနံ၊ ကြီးကျယ်သောအလှူကို။ဥန္နင်္ဂလံ ။ ။ဘူမီနင်္ဂံ(မြေတို့၏ အင်္ဂါကို) အနင်္ဂံ(အင်္ဂါမဟုတ်အောင်) ကရောန္တော လုနာတီတိ နင်္ဂလံ၊[နင်္ဂံ+လူ-ဆေဒနေ+အ၊ -ဓာန်ဋီ-၄၆၄၊ သူစိ၊] တိဏဉ္စ ကဋ္ဌဉ္စ နာသေတွာ ဂလန္တိ ပဝတ္တန္တိ ဧတေနာတိ နင်္ဂလံ၊[န+ဂလ+အ-ဂဠုန်-၆၄၊] နင်္ဂလဿ+ ဥပစ္ဆေဒေါ ဥန္နင်္ဂလံ-ထွန်တုံး၏(ထွန်ယက်ခြင်း၏)+ပြတ်စဲခြင်းဥ+နင်္ဂလ၊ ဥသဒ္ဒါ ဆေဒနအနက်၊ ](တစ်နည်း) ဥဒ္ဓံ+နင်္ဂလံ ဥန္နင်္ဂလံ-အထက်၌ ထွန်သွား၊ ဤအလို အဘိဓာန်လာ ဥသဒ္ဒါ၏ အနက်တို့တွင် ဥဒ္ဓံကမ္မအနက်တည်း၊ “ဥန္နင်္ဂလံ-အထက်၌ ထွန်သွားကို၊ ကတွာ-၍”ဟု ပေး၊ လယ်ယာလုပ်ငန်းလုပ်ကိုင်သူတို့သည် လယ်ယာ လုပ်ငန်းပြီးဆုံးသောအခါ ထွန်သွားကို အထက်၌ ပြု၍(ထွန်သွားကို အထက်သို့ လှန်၍) ထားကြသည်-ဟူလို။ [ဥန္နင်္ဂလံ ကတွာ တိ နင်္ဂလုပစ္ဆေဒံ ကတွာ၊ ကသိကမ္မံ အကတွာတိ ဝုတ္တံ ဟောတိ၊ ဥသဒ္ဓေါ ပနေတ္ထ ဆေဒနတ္ထော၊ အထဝါ ဥဒ္ဓံ နင်္ဂလံ ကတွာတိ အတ္ထော၊ ကသိကမ္မဿ ဟိ နိဋ္ဌိတကာလေ မနုဿာ နင်္ဂလံ ဥဒ္ဓံ ကတွာ ဌပေန္တိ ၊-ဇာဋီသစ်-၁, ၂၄၉။]
ကြံကြပုံ ။ ။“ဥဒ္ဓံ+နင်္ဂလံ ယတ္ထာတိ ဥန္နင်္ဂလော-အထက်၌ ထွန်သွားရှိရာဇမ္ဗူဒိပ်၊ ဥဿာပိတံ+နင်္ဂလံ ယတ္ထာတိ ဥန္နင်္ဂလော-(ထွန်ယက်မှုမပြုဘဲ) ထောင်ထားအပ်သော ထွန်တုံးရှိရာဇမ္ဗူဒိပ်၊ ဥပစ္ဆိန္နံ+နင်္ဂလံ ယတ္ထာတိ ဥန္နင်္ဂလော-ပြတ်စဲသော ထွန်တုံးရှိ ရာဇမ္ဗူဒိပ်”ဟုလည်း ကြံကြ၏၊ ထိုအလို “ဥန္နင်္ဂလံ-အထက်၌ ထွန်သွားရှိသည်ကို ဝါ-(ထွန်ယက်မှုမပြုဘဲ) ထောင်ထားအပ်သော ထွန်တုံးရှိသည်ကို၊ ဝါ-ပြတ်စဲသော ထွန်တုံးရှိသည်ကို၊ ကတွာ”ဟု ပေးပါ။ ပဝတ္ထယမာနောပိ၊ ဖြစ်စေပါသော် လည်း။
တိသရဏဂတံ၊ သရ ဏဂုံ၃ပါးသို့ ကပ်ရောက်သော။
ဝါ၊ ရတနာ၃ပါးသာ ကိုးကွယ်ရာဟူ၍ သိမှတ် ဆည်းကပ်သော။
[တီဏိ+သရဏာနိ တိသရဏံ၊ တိသရဏံ+ဂတော တိသရဏ ဂတော- သရဏဂုံစုပါးသို့ ကပ်ရောက်သူ၊(ရူ၊ ၁၉၃)၊တိသရဏန္တိ+ဂတော တိသရဏ ဂတော-ရတနာ၃ပါးသာ ကိုးကွယ်ရာဟူ၍ သိမှတ်ဆည်းကပ်သူ။(နီတိသုတ္တ=၁၉၅)]
ကဉ္စိပိ၊ တစ်စုံတစ်ယောက်ကိုလည်း ။
န+အလတ္တံ၊ မရခဲ့။
ဒက္ခိဏေယျာ နာမ၊ အလှူခံပုဂ္ဂိုလ်တို့မည်သည်ကို။
ဧဝံ၊ သို့။
ဒုလ္လဘာ၊ ခဲယဉ်းသဖြင့် ရအပ်ကုန်၏။
တသ္မာ၊ ကြောင့်။
'မေ၊ ၏။
ဒါနံ၊ သည်။
လူခံ၊ အညံ့စားတည်း။
ဝါ၊ ညံ့၏။”
ဣတိ၊ သို့။
မာ စိန္တယိ၊ နှင့်။
ဣတိ၊ သို့။
ဝတွာ၊ မိန့်တော်မူ၍။
ဝေလာမသုတ္တံ၊ ဝေလာမ သုတ်ကို။
အဿ၊ ထိုအနာထပိဏ်သူဌေးအား။
ကထေသိ၊ ပြီ။
အထ၊ ၌။
အဿ၊ ထိုအနာထပိဏ်သူဌေး၏။
ဒွါရကောဋ္ဌကေ၊ တံခါးမုခ်၌။
**အဓိဝတ္တာ**၊ နေသော။
(တစ်နည်း)
ဒွါရကောဋ္ဌကေ၊ ကို။
**အဓိဝတ္ထာ**၊ မှိ၍နေသော။
ဝါ၊ လွှမ်းမိုးအုပ်စိုး ၍ နေသော။
ဒေဝတာ၊ သည်။
သတ္ထရိစေဝ၊ သည်လည်းကောင်း။
သတ္ထု သာဝကေသု စ၊ မြတ်စွာဘုရား၏ တပည့်တို့သည်လည်းကောင်း။
ဂေဟံ၊ သို့။
ပဝိသန္တေသု၊ ကုန်လသော်။
တေသံ၊ ဘုရားရှင်နှင့်, တပည့်သာဝကတို့၏။
တေဇေန၊ တန်ခိုးရှိန်စော်, အာနုဘော်တော်ကြောင့်။
သဏ္ဌာတုံ၊ ငှာ။
အသက္ကော န္တီ၊ မစွမ်းနိုင်သည်။
(ဟုတွာ)။
“ယထာ၊ အကြင်အခြင်းအရာအားဖြင့် ခွဲလသော်။
ဣမေ၊ ဤရဟန်းတို့သည်။
ဣမံ ဂေဟံ၊ သို့။
န ပဝိသန္တိ၊ မဝင်နိုင်ကုန်။
တထာ၊ အားဖြင့်။
ဂဟပတိံ၊ ကို။
ပရိဘိဒ္ဒိဿာမိ၊ ခွဲအံ့။”
ဣတိ၊ ဤသို့ ကြံ၍။
တံ၊ ထိုအနာ ထပိဏ်သူဌေးကို။
ဝတ္တုကာမာ၊ ပြောခြင်းငှာ အလိုရှိသည်။
(သမာနာ)ပိ၊ သော်လည်း။
အဓိဝတ္ထာ ။ ။ရှေ့နည်းအလို အဓိဥပသာရပုဒ် အနက်မဲ့၊ ဒွါရကောဋ္ဌကေ၌ သတ္တမီ ဝိဘတ်သည် ဩကာသအနက်တည်း“အဇ္ဈာဝသတီတိ အဓိဝတ္ထာ”ဟု ပြုပါ၊ နောက် နည်းအလို အဓိဋ္ဌာန(စွဲမြဲစွာ တည်ခြင်း-မှီခြင်း)အနက်၊ (တစ်နည်း) အဓိဘဝနအနက် တည်း၊ ဒွါရကောဋ္ဌက၌ သတ္တမီဝိဘတ်သည် ဒုတိယာအနက်တည်း၊ “အဓိဋ္ဌာယ အဘိဘုယျ ဝါ ဝသတိတိ အဓိဝတ္ထာ”ဟုပြုအဓိ+ဝသ+တ၊ ဝသတော ဥတ္ထသုတ်ဖြင့် တပစ္စည်းနှင့်တကွ ဓာတွန်သ်ကို ဥတ္ထပြု, ဝါ ပရော အသရူပါဖြင့် နောက်ဥကိုချေ။ (ရူ-၃၇၆၊ ရူဘာ-၂,၄၉၄)
ဣဿရကာလေ၊ ကြွယ်ဝသူ၏ ဖြစ်ရာအခါ၌။
ဝါ၊ ကြွယ်ဝချိန်၌။
[ဣဿရ သဒ္ဒါ သူဌေးသူကြွယ်အနက်ဟော၊ ဓမ္မဘာ-၁,၅ ၂၂ရှု၊]
ကိဉ္စိ၊ ကို။
ဝတ္ထုံ၊ ငှာ။
နာသက္ခိ၊ မစွမ်းနိုင်ခဲ့။
“ဣဒါနိ ပန၊ ၌ကား။
[ဣဒါနိ “ပနာယံ”ဟု မရှိသင့်၊ “ဣဒါနိ ပနာယံ”ဟု ရှိရမည်၊ ဇာ. ဋ္ဌ၊ ၁, ၂၄၅၌လည်း “ဣဒါနိ”၏ ရှေ့၌ အထက်ကော်မာဖြင့် “ဣဒါနာယံ”ဟု ရှိသည်၊
အယံ၊ ဤသူဌေးသည်။
ဒုဂ္ဂတော၊ ဆင်းရဲ၏။
ဝါ၊ ဆင်းရဲ သည်။
(ဟုတွာ၊ ၍။
ဝါ၊ ကြောင့်။)
မေ၊ ၏။
ဝစနံ၊ စကားကို။
ဂရိဿတိ၊ နာယူ လိမ့်မည်။”
ဣတိ၊ ဤသို့ တွေး၍။
ရတ္တိဘာဂေ၊ ၌။
သေဋ္ဌိဿ၊ ၏။
သိရိဂဗ္ဘံ၊ ကျက်သရေရှိသော အခန်းသို့။
ဝါ၊ ကိုယ်ပိုင်အခန်းသို့။
ဓမ္မဘာ-၁, ၄၈၀ရှု၊]
ပဝိသိတွာ၊ ၍။
အာကာသေ၊ ၌။
အဋ္ဌာသိ၊ ပြီ။
အထ၊ ၌။
သေဋ္ဌိ၊ သည်။
နံ၊ ထိုနတ်ကို။
ဒိသွာ။
“ဧသော၊ ဤသူသည်။
ကော၊ အဘယ်သူနည်း?”
ဣတိ၊ ဤသို့။
အာဟ။
မဟာသေဋ္ဌိ၊ သူဌေးကြီး!
အဟံ၊ သည်။
တေ၊ ၏။
စတုတ္ထဒွါရကောဋ္ဌကေ၊ ၄ခု မြောက်တံခါးမုခ်၌။
အဓိဝတ္ထာ၊ သော။
ဒေဝတာ၊ နတ်ပါတည်း။
တုယှ၊ အား။
ဩဝါဒဒါနတ္ထာယ၊ သြဝါဒပေးခြင်းငှာ။
အာဂတာ၊ လာခဲ့ပါ၏။
ဣတိ၊ ဤသို့ ပြောပြီ။
တေန ဟိ၊ လျှင်။
ဩဝဒေဟိ၊ ဆုံးမလော။ (ဩဝါဒပေးလော)။
ဣတိ၊ ပြီ။
မဟာသေဋ္ဌိ၊ ကြီး!
တယာ၊ သည်။
ပစ္ဆိမကာလံ၊ နောက်ကာလကို။
အနော လောကေတွာဝ၊ မကြည့်မူ၍သာလျှင်။
သမဏဿ ဂေါတမဿ၊ ၏။
သာသ နေ၊ ၌။
ဗဟုံ၊ သော။
ဓနံ၊ ကို။
ဝိပ္ပကိဏ္ဏံ၊ စွန့်ကြဲအပ်ပြီ။
ဣဒါနိ၊ ၌။
ဒုဂ္ဂတော၊ ဆင်း ရဲသည်။
ဟုတွာပိ၊ ၍လည်း။
တံ၊ ထိုစွန့်ကြဲမှုကို။
န မုဉ္စသိယေဝ၊ မစွန့်လွှတ်သည် သာ။
ဧဝံ၊ သို့။
ဝတ္တမာနော၊ ဖြစ်လသော်။
ကတိပါဟေနေဝ၊ ဖြင့်ပင်။
[ဓမ္မဘာ ၁, ၅၅၇ရှု၊]
ဃာသစ္စာဒနမတ္တမ္ပိ၊ အစား,အဝတ်မျှကိုလည်း။ (စားစရာ,ဝတ်စရာ မျှကိုလည်း)။
န လဘိဿသိ၊ ရလိမ့်မည်မဟုတ်။
တေ၊ အား။
သမဏေန ဂေါ တမေန၊ ဖြင့်။
ကိံ၊ ဘာအကျိုးရှိအံ့နည်း။
အတိပရိစ္စာဂတော၊ အလွန်စွန့်ကြဲခြင်း မှ။
ဩရမိတွာ၊ ရှောင်၍။
ကမ္မန္တေ၊ လုပ်ငန်းတို့ကို။
ပယောဇေန္တော၊ ယှဉ်စေလျက်။ (အားထုတ်လျက်)။
ကုဋုမ္ဗံ၊ သက်ရှိသက်မဲ့ပစ္စည်းဥစ္စာကို။
[ဓမ္မဘာ၊ ၁, ၁၃၂ရှု၊]
သဏ္ဌာပေဟိ၊ တည်စေလော။
ဣတိ၊ ပြီ။
အယံ၊ ဤဩဝါဒသည်။
မေ၊ အား။
တယာ၊ သည်။
ဒိန္နဩဝါဒေါ၊ ပေးအပ်သော ဩဝါဒလော?
ဣတိ၊ ဤသို့ မေးပြီ။
သေဋ္ဌိ!
အာမ၊ ဟုတ်ကဲ့။
ဣတိ၊ ပြီ။
ဂစ္ဆ၊ သွားလော့!
အဟံ၊ သည်။
တာဒိသီနံ၊ သင်ကဲ့သို့ ရှူအပ်သူတို့၏။
သတေနပိ၊ အရာသည် လည်းကောင်း။
ဝါ၊ ရာပေါင်း များစွာသည်လည်းကောင်း။
သဟဿေနပိ၊ အထောင်သည်လည်းကောင်း။
ဝါ၊ ထောင်ပေါင်းများစွာသည်လည်းကောင်း။
သတသဟဿေနပိ၊ အသိန်းသည် လည်းကောင်း။
ဝါ၊ သိန်းပေါင်းများစွာသည်လည်းကောင်း။
ကမ္ဗေတုံ၊ တုန်လှုပ် စေခြင်းငှာ။
န သက္ကာ၊ မစွမ်းနိုင်။
တေ၊ သည်။
အယုတ္တံ၊ မသင့်သော စကားကို။
ဝုတ္တံ၊ အပ်ပြီ။
တယာ၊ သည်။
မမ၊ ၏။
ဂေဟေ၊ ၌။
ဝသမာနာယ၊ နေခြင်းဖြင့်။
ကိံ၊ ဘာအကျိုးရှိအံ့နည်း။
သီယံ သီယံ၊ လျင်မြန်စွာ လျင်မြန်စွာ။
မေ၊ ၏။
ဃရာ၊ အိမ်မှ။
နိက္ခမာဟိ၊ ထွက်သွားလော။
ဣတိ၊ ပြီ။
**သာ**၊ ထိုနတ်သည်။
**သောတာ ပန္နဿ**၊ သောတာပန်ဖြစ်သော။
**အရိယသာဝကဿ**၊ ၏။
**ဝစနံ**၊ ကို။
**သုတွာ**၊ ၍။
**ဌာတုံ**၊ ရပ်တည်ခြင်းငှာ။
**အသက္ကောန္တီ**၊ သော်။
**ဒါရကေ**၊ တို့ကို။
**အာဒါယ**၊ ၍။
**နိက္ခမိ**၊ ထွက်ပြီ။
စ ပန၊ ဆက်။
နိက္ခမိတွာ၊ ၍။
အညတ္ထ၊ အခြားအရပ်၌။
ဝသနဋ္ဌာနံ၊ နေရာအရပ်ကို (နေစရာကို)။
အလဘမာနာ၊ မရလသော်။
“သေဋ္ဌိံ၊ ကို။
ခမာပေတွာ၊ သည်းခံစေပြီး၍။ (တောင်းပန်ပြီး၍)။
တတ္ထေဝ၊ ထိုသူဌေးအိမ်၌ ပင်။
ဝသိဿာမိ၊ နေတော့မည်။”
ဣတိ၊ ဤသို့ ကြံ၍။
နဂရပရိဂ္ဂါဟကံ၊ မြို့ကို သိမ်းပိုက်စောင့်ရှောက်သော။
ဒေဝပုတ္တံ၊ သို့။
ဥပသင်္ကမိတွာ၊ ၍။
အတ္တနာ၊ သည်။
ကတာပရာဓံ၊ ပြုအပ်ခဲ့သော အပြစ်ကို။
အာစိက္ခိတွာ၊ ၍။
"ဧဟိ၊ လော။
မံ၊ ကို။
သေဋ္ဌိဿ၊ ၏။
သန္တိကံ၊ သို့။
နေတွာ၊ ခေါ်ဆောင်၍။
ခမာပေတွာ၊ ၍။
ဝသနဋ္ဌာနံ၊ ကို။
ဒါပေဟိ၊ ပေးစေပါလော(ပေးခိုင်းပေးပါလော)။”
ဣတိ၊ သို့။
အာဟ၊ ပြီ။
သော၊ ထိုမြို့ စောင့်နတ်သည်။
“တယာ၊ သည်။
အယုတ္တံ၊ ကို။
ဝုတ္တံ၊ ဆိုအပ်ခဲ့ပြီ။
သာ သောတာပန္နဿ. . . နိက္ခမိ ။ ။အရိယာပုဂ္ဂိုလ်တို့မှာ ထူးမြတ်သောဂုဏ်ရှိ သောကြောင့် ၎င်းတို့၏ စကားသည် အလေးပြုအပ်၏(ဩဇာညောင်း၏)၊ ထိုကြောင့် ထိုနတ်သည် သောတာပန်အရိယာသာဝကဖြစ်သော အနာထပိဏ်သူဌေး၏ စကား ကို ကြားရလျှင် ရပ်တည်ခြင်းငှာ မစွမ်းနိုင်တော့ဘဲ ကလေးများကို ခေါ်၍ ထွက်သွားရ ရှာ၏၊ အရိယာပုဂ္ဂိုလ်(၈)ပါးလုံးတို့၏ စကားသည် အလေးပြုအပ်သည် မှန်သော်လည်း ဤ၌ အနာထပိဏ်သူဌေးသည် သောတာပန်ဖြစ်သောကြောင့် “သောတာပန္နဿ အရိယသာဝကဿ”ဆိုသည်။(ဇာဋီသစ်-၁, ၂၅ဝ)
အဟံ၊ သည်။
တဿ၊ ထိုအနာထပိဏ်သူဌေး၏။
သန္တိကံ၊ သို့။
ဂန္တုံ၊ ငှာ။
န ဥဿဟာမိ၊ မရဲဝံ့ပါ။”
ဣတိ၊ ဤသို့ ပြော၍။
တံ၊ ထိုအကူညီတောင်းခံမှုကို။ (ထို စကားကို)။
ပဋိက္ခိပိ၊ ပယ်ပြီ။
သာ၊ ထိုနတ်သည်။
စတုန္နံ၊ ၄ပါးကုန်သော။
ရာဇာနံ၊ နတ်မင်းကြီးတို့၏။
သန္တိကံ၊ သို့။
ဂန္တွာ၊ ၍။
တေဟိပိ၊ ထိုနတ်မင်းကြီး တို့သည်လည်း။
ပဋိက္ခိတ္တာ၊ ပယ်မြစ်အပ်ကုန်သည်။
(သမာနာ၊ ကုန်လသော်။
ဒေဝရာဇာနံ၊ နတ်တို့၏ မင်းဖြစ်သော။
သက္ကံ၊ သိကြားမင်းသို့။
ဥပသင်္ကမိတွာ၊ ၍။
တံ ပဝတ္တိံ၊ ကို။
အာစိက္ခိတွာ၊ ၍။
“ဒေဝါ အဟံ၊ သည်။
ဝသနဋ္ဌာနံ၊ ကို။
အ လဘမာနာ၊ သော်။
ဝါ၊ ကြောင့်။
ဒါရကေ၊ တို့ကို။
ဟတ္ထေန၊ ဖြင့်။
ဂဟေတွာ၊ ၍။
အနာထာ၊ မှီခိုစရာမရှိသည်။
(ဟုတွာ)။
ဝိစရာမိ၊ လှည့်လည်နေရပါ၏။
မေ၊ အား။
ဝသနဋ္ဌာနံ၊ ကို။
ဒါပေဟိ၊ စေပါလော။”
ဣတိ၊ ဤသို့ ပြော၍။
သုဋ္ဌုတရံ၊ သာ၍ ကောင်းစွာ။
ဝါ၊ ထက်ထက်သန်သန်, အဖန်ဖန်။
ယာစိ၊ တောင်းပန်ပြီ။
[သုဋ္ဌုတရံ ယာစီတိ သာဓုကံ ယာစိ၊ ဒဠှံပါ ပုနပ္ပုနံ ယာစိ၊-ဇာဋီသစ်-၁, ၂၅၀။]