တစ်နည်း ။ ။“ယုမှိ ဟနဿ ဃာတော ဃာတနံ -ယုပစ္စည်းကြောင့် ဟနကို ဃာတပြု၍ “ဃာတနံ”ဟု ဖြစ်သည်(ဓာန်ဋီ-၄၀၃)"ဟူသော စကားအလိုမူ အခြား ပစ္စည်းကြောင့်လည်း ဟနဓာတ်ကို ဃာတပြုနိုင်သည်ဟု သိရ၏၊ ထိုကြောင့် သုဒ္ဓရုပ် ယူကာ “ဟန+အ+ဤ”ဟု ခွဲ၍ ဟနဓာတ်ကို ဃာတပြု, အပစ္စည်းကို ဧပြု၍လည်း ပြီးနိုင်သည်သာ။
အနုလောမခန္တိ၃မျိုး ။ ။အနုလောမခန္တိသည် (၁) သမ္မသနဉာဏ်, ဥဒယဗ္ဗယ ဉာဏ်ဟူသော မုဒုက(အနုစား)၊(၂) ဘင်္ဂဉာဏ်မှ သင်္ခါရုပေက္ခာဉာဏ်အထိ ဝိပဿနာ ဉာဏ်၇ပါးဟူသော မဇ္ဈိမ(အလတ်စား)၊ (၃) အနုလောမဉာဏ်ဟူသော တိက္ခ (အထက်တန်းစား)”ဟု ၃မျိုးရှိသည်၊“သောတာပတ္တိမဂ္ဂဿ ဩရတော... အနု လောမိကံ ခန္တိံ နိဗ္ဗတ္တေသိ(ဓမ္မ• ဋ္ဌ-၁, ၄၀၇)"ဟူသော စကားအရ ဤ၌ အနုလောမ ဉာဏ်ဟူသော အနုလောမခန္တိကို ယူပါ။ (ပဋိသံ- ဋ္ဌ-၂, ၆၊ ၃၁၅၊ ဓမ္မဋီ-၁၅၃) အကုသလကမ္မံ၊ သည်။ မဟန္တံ၊ ကြီးမား၏။ (သော၊ ထိုတမ္ဗဒါဌိကသည်။) ကထံ၊ အဘယ်သို့လျှင်။ **ဧတ္တကေန**၊ ဤမျှလောက်သော တရားစကားဖြင့်။ ဝါ၊ ကြောင့်။ ဝိသေသံ၊ ထူးခြားသောအကျိုးကို။ နိဗ္ဗတ္တေသိ၊ ဖြစ်စေနိုင်သနည်း?” ဣတိ၊ ကုန်ပြီ။
ဒေသိတဓမ္မဿ ။ ။ပမာဏံ၌ စပ်ခိုက် သာမီအနက်, ဂဏှထ၌စပ်ခိုက် ကံအနက် ပေးသည်၊ နောက်ဝတ္ထုနှင့် ဥဒါန. ဋ္ဌ-၈၆၊ အပ- ဋ္ဌ-၂၊ ၂၃၈တို့၌ “မမ ဓမ္မံ “အပ္ပံ ဝါ ဗဟုံ ဝါ'တိ မာ ပမာဏံ ဂဏှထ (မာ စိန္တယိတ္ထ)”ဟု ရှိ၏၊ ထို၌ “ဓမ္မံ”သည် ဂဏှထ၏ ကံပုဒ်ဖြစ်သကဲ့သို့ ဤ၌လည်း “ဒေသိတဓမ္မဿ”သည် ဂဏှထ၏ ကံပုဒ် ဖြစ်နိုင်သည်၊ မှန်၏-အာချာတ်ပုဒ်၏ ကံသည် တစ်ရံတစ်ခါ ဆဋ္ဌီဝိဘတ်ဖြင့်လည်း ရှိတတ်၏။ (ဘေဒ၊ ဘေဒဘာ-၃၆၈၊၃၇ဝ)
တစ်နည်း ။ “အတ္ထဝသေန ဝိဘတ္တိဝိပရိဏာမော-အနက်၏အစွမ်းဖြင့် ဝိဘတ်နိုင်၏(အံဋီ-၃, ၂၈၄၊ ရူ-၈)”ဟူသော ပရိဘာသာနှင့်အညီ “ဒေသိတဓမ္မဿ” ကို “ဒေဘိတဓမ္မံ”ဟု ဝိဘတ်ပြင်ကာ (ဒေသိတဓမ္မံ-ကို၊) အပ္ပံ- ၏၊ ဣတိ ဝါ-ကောင်း၊ ဗဟုံ-၏၊ ဣတိ ဝါ-ကောင်း၊ ဒေသိတဓမ္မဿ-၏၊ ပမာဏံ-ကို၊ ဂဏှထ-ကြနှင့်”ဟု ပေးပါ။
အပ္ပံ ဝါ ဗဟို ဝါ ။ “အပ္ပံ ပါ ၀တုံ ဝါသည် "ဟု "ဂဏှထ"၏ အာကာရတည်း၊ထိုကြောင့် နောက်ဝတ္ထုနှင့်၊ဥဒါန၊ ဋ္ဌ-၈၆၊ အပ. ဋ္ဌ- ၂,၂၃၈တို့အတိုင်း “အပ္ပံ”၏ ရှေ့၌သာ အထက်ကော်မာဖြင့် “အပ္ပံ ဝါ ဗဟုံ ဝါ’တိ-ဟု ရှိရမည်၊“ဒေသိတဓမ္မဿ”၏ ရှေ့၌ မရှိစေရ၊ ဗဟုံ၌ “ဗဟု”ဟု ဆိုလိုလျက် ရွတ်လွယ်စေခြင်းအကျိုးငှာ နိဂ္ဂဟိတ်လာ ထားသည်၊ “ဒေသိတဓမ္မဿ-၏၊ အပ္ပံ ဝါ-နည်းသည်မူလည်း ဖြစ်စေ၊ ဗဟုဝါ-များ သည်မူလည်းဖြစ်စေ၊(ဝိသေသံ-ကို၊နိဗ္ဗတ္တေတိ-၏၊) ဣတိ-ထိုကြောင့်၊ ပမာဏံ-ကို၊ မာ ဂဏှထ”ဟုလည်း ပေးကြ၏၊ ကိံကို မပေးပဲချန်ထားခြင်းပြခဲ့သော အဆိုများနှင့် မညီခြင်းကြောင့် မကောင်းပါ။ မာဂဏှထ၊ မပြောကြနှင့်။ [“ဂဏှန္တိ ကထေန္တိ(သံဋီ၊ ၂။ ၁၃၃)” နှင့်အညီ ဂဟဓာတ် ကထနအနက်ယူ၍ နောက်နည်းပေးသည်။] (တေန ပမာဏေန၊ ထိုသို့ နှိုင်းယှဉ်တိုင်းတာခြင်းဖြင့်။) ကိံ၊ ဘာအကျိုးရှိမည်နည်း။ [ကိံသဒ္ဒါ နိပ္ပယော- ဇနအနက်၊]
သဟဿံ၊ တစ်ထောင်ဖြင့်။ ဝါ၊ ထောင်ပေါင်းများစွာဖြင့်။ (ပရိစ္ဆန္နာ၊ ပိုင်းခြားအပ်ကုန်သော။)
သဟဿံ ။ ။ “သဟဿေန ပရိစ္ဆိန္နဝါစာ (ပရိစ္ဆန္နာ ဝါစာ၊-အံ ဋီ-၁, ၁၈၁)”ဟူ သော အဖွင့်ကို ကြည့်၍ ကရိုဏ်းအနက်၌ ပဌမာဟု ယူပေးသည်၊ (တစ်နည်း) သဟဿနောင် ပရိစ္ဆန္နာပုဒ်အကျေကြံ၍ “သဟဿံ-တစ်ထောင်ဖြင့် ပိုင်းခြားအပ် သော၊ ဝါ-ထောင်ပေါင်းများစွာဖြင့် ပိုင်းခြားအပ်သော”ဟု ပေးပါ၊ “သတံ၊ စ၊၈၊သတံ စ သဟဿံ၊ဧကသေသ်ပြုထားသော သတကို သဟဿပြု၊ (တစ်နည်း) သမာနံ ဟသတီတိ သဟဿံ၊သမာန+ဟသ+ရ၊ သမာနကို သပြု(ကောတ္ထုဘ)။
အဖွင့်နှင့်မညီ ။ ။“အနတ္ထပဒသံဟိတာ-သော၊ ဝါစာ-သည်၊ သဟဿံ-တစ် ထောင်သည်၊ (သမာနာပိ-သော်လည်း၊ ပါပိကာ ဧဝ-သာ)”ဟုလည်းကောင်း “အနတ္ထ ပဒသံဟိတာ-သော၊ ဝါစာ-သည်၊ သဟဿံ အပိ-တစ်ထောင်သည်လည်း၊ (စေ ဟောတိ-အကယ်၍ ဖြစ်အံ့၊ ပါပိကာ ဧဝ-သာ)”ဟုလည်းကောင်း ပေးကြသေး၏၊ သို့သော် “ပရိစ္ဆန္နဝါစာ (ပရိစ္ဆိန္နာ ဝါစာ) ဟောန္တိ၊ တာ စ ပန”ဟူသော အဖွင့်၌ “ဟောန္တိ၊ တာ”ဟု ဗဟုဝုစ်ဖြင့် ရှိရကား “ဝါစာ, အနတ္ထပဒသံဟိတာ”တို့သည် ဗဟု ဝုစ်သာ ဖြစ်သင့်သည်၊ ၎င်းတို့ကို ဧကဝုစ်ပေးခြင်းမှာ နှင့် မညီပါ။ ဝါစာ၊ စကားတို့သည်။
စေပီ (ဟောန္တိ)၊ အကယ်၍ပင်ဖြစ်ကုန်ဥုးတော့။
(ဧဝံသတိပိ၊ ဤသို့ ဖြစ်သော်လည်း။)
အနတ္ထပဒသံဟိတာ၊ အကျိုးမရှိသောပုဒ်တို့နှင့် စပ်ယှဉ်ကုန်လသော်။
(ပါပိကာ ဧဝ၊ ယုတ်ညံ့ကုန်သည်သာ။)
ဧကံ၊ တစ်ပုဒ်သော။
ယံအတ္ထပဒံ၊ အကြင်ကာယဂတာသတိစသော အနက် ကို ပြတတ်သောပုဒ်ကို။
[အတ္ထဿ+အဘိဗျဉ္ဇနကံ+ပဒံ အတ္ထပဒံ၊(သာရတ္ထ-၁၂၉၂)၊]
သုတွာ၊ ကြားနာရ၍။
ဥပသမ္မတိ၊ ရာဂစသည် ငြိမ်းအေး၏။
(တံ)အတ္ထပဒံ၊ ထိုကာယဂတာသတိစသောအနက်ကို ပြတတ်သောပုဒ်သည်။
ဧကံ၊ တစ်ပုဒ်တည်းသည်၊
[သိလေသစသောနည်းအရ ဧကံကို ၂ခါပေးသည်။]
(သမာနံပိ၊ ဖြစ်သော်လည်း။)
သေယျော၊ မြတ်သည်သာ။
ဗဟုကာ ဟောန္တိ (ဟောတိ). . . သံဟိတာ ။ ။ရှေ့၌ “ပရိစ္ဆိန္နဝါစာ ဟောန္တိ၊ တာ”ဟု ဗဟုဝုစ်ဖြင့် ရှိရကား ဤ၌လည်း “ဗဟုကာ ဟောန္တိ”ဟု ဗဟုဝုစ်ဖြင့် ရှိသင့်သည်၊ အံဋီ-၁, ၁၈၁၌ လည်း “ဗဟုကာ ဟောန္တိ”ဟု ဗဟုဝုစ်ဖြင့်ပင် ရှိသည်၊ “အနတ္ထ ကေဟိ”စသည်ဖြင့် “အနတ္ထာနိ+ပဒါနိ အနတ္ထပဒါနိ၊ အနတ္ထပဒေဟိ+သံဟိတာ အန တ္ထပဒသံဟိတာ”ဟု ပြုရန် ပြသည်၊ “အာကာသဝဏ္ဏနာ ၊ပေ၊ ဒီပကေဟိ”ဖြင့် အနတ္ထ ပဒ၏ သရုပ်ကို ပြသည်၊ “ယာဝ. . . ပါပိကာ ဧ၀”တို့ကို ပါဌသေသဟုယူ၍ “အနတ္ထ ပဒသံဟိတာ-အကျိုးမရှိသော ပုဒ်တို့နှင့် စပ်ယှဉ်သောစကားတို့သည်၊ (ယာ၀-လောက်၊ ဗဟုကာ-များကုန်သည်၊ ဟောန္တိ၊ တာ၀-ထိုများသလောက်၊ ပါပိကာ ဧဝ-ယုတ်ညံ့ ကုန်သည်သာ”ဟုလည်း ပေးနိုင်သည်။ ဥပသမ္မတိ၊ ငြိမ်းအေး၏။ အတ္ထသာဓကံ၊ အကျိုးကို ပြီးစေတတ်သော။ နိဗ္ဗာနပ္ပဋိသံယုတ္တံ၊ နိဗ္ဗာန်နှင့် စပ် ယှဉ်သော။ ခန္ဓဓာတုအာယတနဣန္ဒြိယဗလဗောဇ္ဈင်္ဂသတိပဌာနပရိဒီပကံ၊ ခန္ဓာ, ဓာတ်, အာယတန, ဣန္ဒြေဗိုလ်, ဗောဇ္ဈင်, သတိပဋ္ဌာန်တို့ကို ပြတတ်သော။ ဧကမ္ပိ၊ သော။ တံ ပဒံ၊ ထိုပုဒ်သည်။ **သေယျောယော**၊ မြတ်သည်သာ။ ဣတိ အတ္ထော၊ နက်။
ဆက်ဥုးအံ့-“တဒ္ဓိတာဘိဓေယျလိင်္ဂ-ဝိဘတ္တိဝစနာ သိယုံ(ဗာ-၁၉၆)ဓမ္မေ စ မင်္ဂလေ သေယျော, သော ပသတ္ထတရေ တိသု(ဓာန်-၉၁၈)"ဟူသော စကားများအရ သေယျသဒ္ဒါသည် အဘိဓေယျအားလျော်စွာ လိင်၃ပါး၌ ဖြစ်၏၊ ဣတ္ထိလိင်အတွက် “ဣတ္တီပိ ဟိ ဧကစ္စိယာ, သေယျာ ပေါသ ဇနာဓိပ(သံ-၁, ၈၆)၊ နပုံလိင်အတွက် “သေယျ ဇိနေရိတနယေန ဗုမာ လဘန္တိ (ကစ္စည်း-၁)"လောက်သာ တွေ့ ရ၏၊ အများ အားဖြင့် ပုံလိင်ဖြင့် ရှိ၏၊ ပုံလိင်အရာ၌ တည်သော်လည်း တစ်ခုတည်းသော အခြင်းအရာဖြင့်သာ တည်သောကြောင့် လိင်၃ပါးအား လျော်၏ ဟု နီတိပဒ-၁၃၀၌ ဆို၏။
မှန်၏- အများနှင့် ဆက်ဆံသော သာမညကို ဆိုလိုရာ၌ လိင်သုံးပါးတွင် တစ်ပါး ပါးဖြင့် ညွှန်ပြရိုး ရှိသည်၊ (သီဋီသစ်၁, ၁၂၊ ဗာ၊ ဗာဋီ-၁၉၈)၊ (တစ်နည်း) နပုံလိင်မှ လိင်သို့ ပြန်နေသော လိင်္ဂဝိပလ္လာသဟုယူပါ။(မဋီ-၃,၂၀၆)