Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
法护-Dhammapāla
中文
သာရဒဿီ-sāradassī
မြန်မာဘာသာ
Dhammapada-aṭṭhakathā
Dhammapada-aṭṭhakathā

2. Seyyasakattheravatthu

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

ပါပဉ္စ ပုရိသောတိ ဣမံ ဓမ္မဒေသနံ သတ္ထာ ဇေတဝနေ ဝိဟရန္တော သေယျသကတ္ထေရံ အာရဗ္ဘ ကထေသိ။
ဟိ၊ ချဲ့။ သော၊ ထိုသေယျသကထေရ် သည်။ လာဠုဒါယိတ္ထေရဿ၊ ၏။ သဒ္ဓိဝိဟာရိကော၊ အတူနေတပည့်တည်း။ အတ္တနော၊ ၏။ အနဘိရတိံ၊ မပျော်ခြင်းကို။ တဿ၊ ထိုလာဠုဒါယီထေရ်အား။ အာရောစေတွာ၊ ၍။ တေန၊ ထိုလာဠုဒါယီထေရ်သည်။ **ပဌမသံဃာဒိသေသ ကမ္မေ**၊ ပဌမသံဃာဒိသေသ်အာပတ်ကို ပြုတတ်သော အမှု၌။ သမာဒပိတော၊ ကောင်းစွာ ယူစေအပ်သည်။ ဝါ၊ ဆောက်တည်စေအပ်သည်။ (ဟုတွာ)။ အနဘိ ရတိယာ၊ မပျော်ခြင်းသည်။ ဥပ္ပန္နု ပ္ပန္နာယ၊ ဖြစ်ပေါ်လာ ဖြစ်ပေါ်လာလသော်။ (ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်း၌)။ ပဌမသံဃာဒိသေသကမ္မေ ။ ။သိဿတိ အဝသိဿတီတိ သေသော၊ အာဒိ စ+ သေသော စ အာဒိသေသာ-အစဖြစ်သော ပရိဝါသဒါန+ကြွင်းသော မာနတ္တဒါန, အဗ္ဘာနတို့၊ သံဃော+အာဒိသေသေသု ဣစ္ဆိတဗ္ဗော အဿာတိ သံဃာဒိသေသော၊ [သံဃ+အာဒိသေသ၊ ဒွိပဒဗဟုဗွီဟိ၊] (တစ်နည်း) သံယော အာဒိမှိ စေဝ သေသေ စ ဣစ္ဆိတဗ္ဗော အဿာတိ သံဃာဒိသေသော၊ [သံဃာဒိသေသ+အ၊ ဣစ္ဆိတဗ္ဗတဒ္ဓိတ်၊ (နီတိ-၇၈၅)သုတ်ဖြင့် အပစ္စည်းသက်၊ ဣစ္ဆိတဗ္ဗတဒ္ဓိတ်၊ (တစ်နည်း) သံဃ+အာဒိ+ သေသ၊ တိပဒဗဟုဗွီဟိ-ကင်္ခါမဟာဋီ-၂, ၁၆၈။] ပဌမော+သံဃာဒိသေသော ပဌမ သံဃာဒိသေသော၊ ပဌမသံဃာဒိသေသဿ+ကာရကံ+ကမ္မံ ပဌမသံဃာဒိသေသ ကမ္မံ-ပဌမသံဃာဒိသေသ်အာပတ်ကို ပြုတတ်သော သုက္ကဝိဿဋ္ဌိအမှု၊ ကာရကပုဒ် အကျေကြံ။
ဆက်ဥုးအံ့-အာပတ်မှ ထမြောက်ခြင်း(အာပတ်ကုစားခြင်း)ကိစ္စကို ပြုရာဝယ် အစ၌ သံဃာက ပရိဝါသ်ပေးရ၏၊ အလယ်၌ မာနတ်ပေးရ၏၊ မာနတ်ကျင့်နေစဉ် ထပ်သင့်ပြန်လျှင် မူလာယ ပဋိကဿနခေါ် ညဉ့်မဖုံးသော် မာနတ်ပြန်ပေး၍ ညဉ့်ဖုံး သော် ပရိဝါသ်နှင့်တကွ မာနတ်ပါ ပေးရ၏၊ အဆုံး၌ အဗ္ဗာန်သွင်းပေးရ၏၊ အာပတ်မှ ထမြောက်ခြင်း(အာပတ်ကုစားခြင်း)ကိစ္စ၌သာ သံဃာလို၏၊ အာပတ်မှာ သံဃာမလိုထိုကြောင့် ဝိဂြိုဟ်အလို အာပတ်ကို မရ၊ အာပတ်မှထမြောက်ခြင်း(ကုစားခြင်း) ပတ္တိဝုဋ္ဌာနကံကို ရ၏၊ အကျိုးဖြစ်သောအာပတ္တိဝုဌာန၏ အမည်ကို အကြောင်း ဖြစ်သော အာပတ်၌ တင်စား၍ ဖလူပစာရအားဖြင့် အာပတ်ကိုလည်း “သံဃာဒိ သေသ”ဟု ခေါ်သည်။
တံ ကမ္မံ၊ ထိုပဌမသံဃာဒိသေသအမှုကို။ ကာသိ၊ ပြီ။
သတ္ထာ၊ သည်။ တဿ၊ ထိုသေယျသကထေရ်၏။ ကိရိယံ၊ အပြုအမူ ကို။ သုတွာ၊ ၍။ တံ၊ ထိုသေယျသကထေရ်ကို။ ပက္ကောသာပေတွာ၊ ၍။ “တွံ၊ သည်။ ဧဝံ၊ ဤသို့။ ကရောသိ ကိရ၊ ပြုသတဲ့ဆို။” ဣတိ၊ သို့။ ပုစ္ဆိတွာ၊ ၍။ “ဘန္တေ၊ ရား! အာမ၊ ပါ။” ဣတိ၊ သို့။ ဝုတ္တေ။ “ကသ္မာ၊ ကြောင့်။ ဘာရိယံ၊ ကြီးလေးသော။ ကမ္မံ၊ အမှုကို။ အကာသိ၊ သနည်း? မောဃပုရိသ၊ မဂ်ဖိုလ်မမှီး, အချည်းနှီး ယောက်ျား! (တဝ၊ ၏။ ကမ္မံ၊ အမှုသည်။) အနနုစ္ဆဝိကံ၊ မလျောက်ပတ်။ (ရဟန်း အဖြစ်ကိုပြုတတ်သော ဟိရီဩတ္တပ္ပအစရှိသောတရား, မဂ်ဖိုလ်နိဗ္ဗာန်သာသနာ တော်၏ အရိပ်အရောင်ဖြစ်သော သုန္ဒရတာဂုဏ်သို့ အစဉ်မလိုက်။)” ဣတိ၊ ဤသို့ မိန့်တော်မူ၍။ နာနပ္ပကာရတော၊ အထူးထူးအပြားပြားအားဖြင့်။ ဂရ ဟိတွာ၊ ၍။ သိက္ခာပဒံ၊ ကို။ ပညာပေတွာ၊ ပညတ်တော်မူ၍။ “ဧဝရူပံ၊ သော။ ကမ္မံ၊ မကောင်းမှုသည်။ ဒိဋ္ဌဓမ္မေပိ၊ မျက်မှောက်ဘဝ၌လည်းကောင်း။ သမ္ပရာ ယေပိ၊ တမလွန်ဘဝ၌လည်းကောင်း။ ဒုက္ခသံဝတ္တနိကမေဝ၊ ဆင်းရဲကို ဖြစ်စေ တတ်သည်သာ။ ဟောတိ၊ ၏။” ဣတိ၊ သို့။ ဝတွာ။ အနုသသန္ဓိံ ဃဋေတွာ။ ဓမ္မံ ဒေသန္တော ဣမံ ဂါထံ အာဟ။ (ကိံ) “ပါပဉ္စေ၊ ပေ၊ ဥစ္စယော”တိ၊ ၍။ (အာဟ)။
ပုရိသော၊ ယောက်ျားသည်။ ပါပံ၊ မကောင်းမှုကို။ စေ ကယိရာ၊ အကယ်၍ (တစ်ကြိမ်တစ်ခါ) ပြုမိငြားအံ့။ (ဧဝံသတိ၊ ဤသို့ ပြုမိသည်ရှိသော်။) နံ၊ ထို မကောင်းမှုကို။ ပုနပ္ပုနံ၊ ထပ်ခါထပ်ခါ။ န ကယိရာ၊ မပြုရာ။ တမှိ၊ ထိုမကောင်း မှု၌။ ဆန္ဒံ၊ ပြုလုပ်လိုခြင်းတဏှာကို။ န ကယိရာထ၊ မပြုရာ။ (ကသ္မာ၊ နည်း? ယသ္မာ၊ ကြောင့်။) ပါပဿ၊ ၏။ ဥစ္စယော၊ တိုးပွားခြင်းသည်။ ဒုက္ခော၊ ဆင်းရဲ သည်။ ဝါ၊ ဒုက္ခ၏ ဇနကကြောင်းသည်။ (ဟောတိ၊ ၏။ တသ္မာ၊ တည်း။) [“ပါပဿ- ကို။ ဥစ္စယော၊ ပွားစေခြင်း(ဆည်းပူးခြင်း)အကုသိုလ်စေတနာသည်။ ဒုက္ခော၊ ဒုက္ခ ၏ ဇနကအကြောင်းဖြစ်၏”ဟု ပါပဿကို အနက် ပေးသေး၏။(ပြည် နီ. ဋ္ဌနိ- ၁, ၂၉၁)]
တဿာ၊ ထိုဂါယာ၏။ အတ္တော၊ ကား။ ပုရိသော၊ သည်။ သကိံ၊ တစ်ကြိမ်။ ပါပကမ္မံ၊ ကို။ သစေကရေယျ၊ ပြုမိအံံ။ (ဧဝံသတိ)။ တင်္ခဏေယေဝ၊ ထိုခဏ၌ပင်။ “ဣဒ္ဒံ၊ ဤအမှုသည်။ အပ္ပတိရူပံ၊ မသင့်တော်။ သြဠာရိကံ၊ ယုတ်ညံ့၏။" ဣတိ၊ ဤသို့။ ပစ္စဝေက္ခိတွာ၊ ဆင်ခြင်၍။ နံ၊ ထိုမကောင်းမှုကို။ ပုနပ္ပုနံ၊ ထပ်ခါထပ်ခါ။ န ကယိရာ၊ မပြုရာ။
ယောပိ၊ အကြင်ပုဂ္ဂိုလ်သည်လည်း။ [န ကသိရာထ၌စပ်၊] တမှိ၊ ထိုမကောင်းမှု၌။ **ဆန္ဒော ဝါ**၊ လိုချင်ခြင်းသည်လည်းကောင်း။ (အလိုသည် လည်းကောင်း) ။ **ရုစိ ဝါ**၊ နှစ်သက်ခြင်းသည်လည်းကောင်း။ (အကြိုက်သည် လည်းကောင်း)။ ဥပ္ပဇ္ဇေယျ၊ ဖြစ်အံ့။ တမ္ပိ၊ ထိုလိုခင်, နှစ်သစ်ခြင်းကိုလည်း။ (အလိုအကြိုက်ကိုလည်း)။ ဝိနောဒေတွာ၊ ပယ်ဖျောက်၍။ န ကယိရာထေဝ၊ မပြုရာသည်သာ။
ကိံ ကာရဏာ၊ နည်း?
**ပါပဿ**၊ ၏။ **ဥစ္စယော**၊ ပွားစီး ခြင်းသည်။ **ဒုက္ခော**၊ ဆင်းရဲသည်။ ဝါ၊ ဒုက္ခ၏ ဇနကအကြောင်းသည်။ (ဟောတိ။ တသ္မာ၊ ထိုကြောင့်တည်း)။
ဟိ၊ ချဲ့။ ပါပဿ၊ ၏။ ဥစ္စယော၊ ပွားစီးခြင်းသည်။ဆန္ဒော ဝါ ရုစိ ဝါ ၊ ။“ရုစိ”သည် “ဆန္ဒော”၏ ပရိယာယ်တည်း၊ ချဲ့ဥုးအံ့-ဆန္ဒ သည် တဏှာဆန္ဒ, ဒိဋ္ဌိဆန္ဒ, ဝီရိယစ္ဆန္ဒ, ဓမ္မစ္ဆန္ဒ(ကတ္တုကမျတာဆန္ဒ)အားဖြင့် အမျိုးမျိုး ရှိ၏။ ထိုတွင် ကတ္တုကမျတာဆန္ဒသည်လည်း လောဘနှင့်ယှဉ်ခိုက် တဏှာဆန္ဒ, ဒေါသ နှင့်ယှဉ်ခိုက် ပဋိဃစ္ဆန္ဒ, ကောသဇ္ဇ, ဥဒ္ဓစ္စ, ထိနမိဒ္ဓ, ကာမ၀ိတက်စသည်တို့နှင့်ယှဉ်ခိုက် အစဉ်အတိုင်း အတိလီနစ္ဆန္ဒ, အတိပ္ပဂ္ဂဟိတဆန္ဒ, သံခိတ္ထဆန္ဒ, ဝိက္ခိတ္တဆန္ဒဟု ခေါ်၍ အလောဘ, အဒေါသ, အမောဟတို့နှင့်ယှဉ်ခိုက် အစဉ်အတိုင်း နေက္ခမ္မစ္ဆန္ဒ, အဗျာပါဒ စ္ဆန္ဒ, အဝိဟိံသာဆန္ဒဟု ခေါ်သည်၊ ဤ၌ ကတ္တုကမျတာဆန္ဒ ဖြစ်သင့်သည်။ ကတ္တု ကမျတာဆန္ဒအမျိုးမျိုးတွင်လည်း “ဆန္ဒော ဝါ ရုစိ ဝါ"ဟု ကဏှာအနက်ဟောပရိ ယာယ်ဖြင့် ဖွင့်သောကြောင့် တဏှာဆန္ဒဖြစ်သင့်သည်။ (အဘိ- ဋ္ဌ-၂ ,၂၇၆၊ သံဋီ ၂, ၄၀၁၊ မ- ဋ္ဌ-၂, ၃၊ မဋီ-၂ ,၇၈)
ဒုက္ခော ပါပဿ ဥစ္စယော ။ ။ဒုက္ခသဒ္ဒါသည် ဒုက္ခဝေဒနာ, ဒုက္ခဝတ္ထု(ဒုက္ခ၏ တည်ရာ), အနိဋ္ဌာရုံ, ဒုက္ခပစ္စယ(ဒုက္ခ၏ ဇနကအကြောင်း), ဒုက္ခပစ္စယဋ္ဌာန(ဒုက္ခ၏ ဥပတ္ထမ္ဘကအကြောင်းဖြစ်သော အနိဋ္ဌာရုံစသည်တို့၏ တည်ရာဌာန)စသော အနက် တို့ကို ဟော၏၊ ဤ၌ ဒုက္ခပစ္စယ(ဒုက္ခ၏ ဇနကအကြောင်း)ဟူသော အနက်ကို ယူပါ၊ အကျိုးဒုက္ခအမည်ကို အကြောင်းမကောင်းမှု၌ တင်စား၍ ဖလူပစာရအားဖြင့် ကောင်းမှုကို “ဒုက္ခောဟု ဟောတော်မူသည်၊ ထိုကြောင့် “ပါပဿ ဟိ...ဣဓ-လောကေပိ သမ္ပရာယေပိ ဒုက္ခမေဝ အာဝဟတိ”ဟု ဖွင့်သည်၊ ဟိကား ဝိတ္ထာရ အနက်ဟောတည်း၊ ဝုဍ္ဎိဖြင့် ဥစ္စယော၌ စိဓာတ်သည် ဥရှေးရှိသောကြောင့် ဝဍ္ဎန အနက်ဟောကြောင်းကို ပြသည်။ (မ. ဋ္ဌ-၁, ၂၂၃၊ အဘိ. ဋ္ဌ-၁, ၈၄၊ ဣတိ. ဋ္ဌ ၁၇၅၊ ဗုဒ္ဓ• ဋ္ဌ-၈၄၊ သံ.ဋ္ဌ-၂၊ ၁၃၊ မဋီ-၁, ၃၁၈၊ ဓာတွတ္ထ)
ဝုဍ္ဎိ၊ တိုးပွားခြင်းသည်။ ဣဓလောကေပိ၊ ၌လည်းကောင်း။ သမ္ပရာယေပိ၊ ၌ လည်းကောင်း။ ဒုက္ခမေဝ၊ ဆင်းရဲကိုသာ။ အာဝဟတိ၊ ရွက်ဆောင်၏။ ဣတိ၊ ဂါထာဖွင့်ပြီးပြီ။
ဒေသနာဝသာနေ ဗဟူ သောတာပတ္တိဖလာဒီနိ ပါပုဏိံသု။ ဣတိ၊ သေယျသကတ္ထေရဝတ္ထု ပြီးပြီ။
သေယျသကတ္ထေရ၀တ္ထုဘာသာဋီကာ ပြီးပြီ။