Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
文喜中译稿
中文
Dhammapada-aṭṭhakathā
Dhammapada-aṭṭhakathā

5. Sāriputtattherassa mātulabrāhmaṇavatthu

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

မာသေ မာသေတိ၊ ဟူသော။ ဣမံ ဓမ္မဒေသနံ သတ္ထာ ဝေဠုဝန ဝိဟရန္တော သာရိပုတ္တတ္ထေရဿ၊ ၏။ မာတုလဗြာဟ္မဏံ၊ ဦးကြီးပုဏ္ဏားကို။ အာရဗ္တ ကထေ သိ။
ကိရ၊ ချဲ့။ ထေရော၊ သည်။ တဿ၊ ဦးကြီးပုဏ္ဏား၏။ သန္တိကံ၊ သို့။ ဂန္တွာ၊ ၍။ အာဟ၊ ပြီ။ (ကိံ)။
“ဗြာဟ္မဏ၊ ဏ္ဏား! ကိဉ္စိဒေဝ၊ တစ်စုံတစ်ခုသာလျှင်ဖြစ်သော။ ကုသလံ၊ ကို။ ကရောသိ ကိံ နု ခေါ၊ ပြုပါသလော?" ဣတိ၊ မေးပြီ။
“ဘန္တေ! ကရောမိ၊ ပြုပါ၏။” ဣတိ၊ လျှောက်ပြီ။
“ကိံ၊ အဘယ်ကုသိုလ်ကို။ ကရောသိ၊ နည်း?” ဣတိ၊ ပြီ။
“မာသေ မာသေ၊ လတိုင်း လတိုင်း၌။ သဟဿပရိစ္စာဂေန၊ တစ်ထောင်သော ဥစ္စာကို စွန့်ကြဲခြင်းဖြင့်။ ဒါနံ၊ ကို။ ဒမ္မိ၊ ၏။” ဣတိ၊ ပြီ။
“ကဿ၊ အား။ ဒေသိ၊ နည်း?” ဣတိ၊ ပြီ။
“ဘန္တေ၊ ရား! နိဂဏ္ဌာနံ၊ တို့အား။ (ဒေမိ၊ ၏။)” ဣတိ၊ ပြီ။“
ကိံ၊ အဘယ်အကျိုးကို။ ပတ္ထယန္တော၊ တောင့်တလျက်။ ဒေသိ၊ နည်း?” ဣတိ၊ ပြီ။
“ ဘန္တေ! ဗြဟ္မလောကံ၊ ကို။ ပတ္ထယန္တော၊ လျက်။ (ဒေမိ)။” ဣတိ၊ ပြီ။
“အယံ၊ ဤနိဂဏ္ဌတို့အား လှူခြင်းသည်။ ဗြဟ္မလောကဿ၊ ၏။ မဂ္ဂေါ ကိံ ပန၊ ကျင့်စဉ်လမ်းလော?” ဣတိ၊ ပြီ။
“ဘန္တေ! အာမ၊ ပါ။” ဣတိ၊ ပြီ။
“ကော၊ သည်။ ဧဝံ၊ သို့။ အာဟ၊ နည်း?” ဣတိ၊ ပြီ။“
ဘန္တေ၊ ရား! အာစရိယေဟိ၊ တို့သည်။ မေ၊ အား။ ကထိတံ၊ အပ်ပြီ။” ဣတိ၊ ပြီ။
“တွံ၊ သည်။ ဗြဟ္မလောကဿ၊ ၏။ မဂ္ဂံ၊ ကျင့်စဉ်လမ်းကို။ နေဝ ဇာနာသိ၊ မသိ။ တေ၊ ၏။' အာစရိယာ အပိ၊ တို့သည်လည်း။ (ဗြဟ္မလောကဿ၊ ၏။ မဂ္ဂံ၊ ကို။) န (ဇာနန္တိ)၊ ကုန်။ ဧကော၊ သော။ သတ္တာဝ၊ သည်သာ။ [သတ္ထာဝ ဧကော-မြတ်စွာဘုရားတစ်ပါးသာ။] ဇာနာတိ၊ ၏။ ဗြာဟ္မဏ! ဧဟိ၊ လော။ ဗြဟ္မလောကဿ၊ ၏။ မဂ္ဂံ၊ ကို။ တေ၊ အား။ ကထာပေ ဿာမိ၊ စေမည်။” ဣတိ၊ ဤသို့ ပြော၍။ တံ၊ ထိုပုဏ္ဏားကို။ အာဒါယ၊ ၍။ သတ္ထု၊ ၏။ သန္တိကံ၊ သို့။ နေတွာ၊ ၍။ “ဘန္တေ၊ ရား! အယံဗြာဟ္မဏော၊ သည်။ ဧဝံ၊ သို့။ အာဟ၊ ပြီ။” ဣတိ၊ သို့။ တံ ပဝတ္တိံ၊ ကို။ အာရောစေတွာ၊ ၍။ “သာဓု၊ တောင်းပန်ပါ၏။ ဝတ၊ စင်စစ်။ အဿ၊ ထိုပုဏ္ဏားအား။ ဗြဟ္မလောကဿ၊ ၏။ မဂ္ဂံ၊ ကို။ ကထေထ၊ မူပါကုန်။” ဣတိ၊ ပြီ။
သတ္ထာ၊ သည်။ “ဗြာဟ္မဏ! ဧဝံ ကိရ၊ ဤသို့ တဲ့လော? (ဤလျှောက်သည့်အတိုင်း မှန်သလော?)” ဣတိ၊ သို့။ ပုစ္ဆိတွာ၊ ၍။ “ဘော ဂေါတမ၊ မ! အာမ၊ မှန်ပါ။” ဣတိ၊ သို့။ ဝုတ္တေ။ “ဗြာဟ္မဏ! ဧဝံ၊ သို့။ ဒဒမာနေန၊ သော။ တယာ၊ သည်။ ဝါ၊ ၏။ ဝဿသတံ၊ လုံး။ ဒိန္နဒါနတောပိ၊ ပေးလှူအပ်သော အလှူထက်လည်း။ မုဟုတ္တမတ္တံ၊ တစ်မုဟုတ်မျှ။ ပသန္န စိတ္တေန၊ ကြည်ညိုသောစိတ်ဖြင့်။ မမ၊ ၏။ သာဝကဿ၊ အား။ ဝါ၊ ကို။ ဩလော ကနံ ဝါ၊ ဖူးမြင်ရခြင်းသည်လည်းကောင်း။ ကဋစ္ဆုဘိက္ခာမတ္တဒါနံ ဝါ၊ တစ်ဇွန်း သောဆွမ်းမျှ(ဆွမ်းသက်သက်)ကို လှူခြင်းသည်လည်းကောင်း။ မဟပ္ဖလတရံ၊ အထူးအားဖြင့် ကြီးသောအကျိုးရှိ၏။ ဝါ၊ သာ၍အကျိုးကြီး၏။” ဣတိ၊ သို့။ ဝတွာ၊ ၍။ အနုသန္ဓိံ။ ဃဋေတွာ။ ဓမ္မံ။ ဒေသေန္တော။ ဣမံ ဂါထံ၊ ကို။ အာဟ၊ ပြီ။ (ကိံ)။ “မာသေ ၊ ပေ ၊ ဟုတ" န္တိ၊ ၍။ (အာဟ)။
ယော၊ အကြင်သူသည်။ မာသေ မာသေ၊ လတိုင်း လတိုင်း၌။ သဟဿေန၊ တစ်ထောင်ကို စွန့်ခြင်းဖြင့်။ သတံ၊ တစ်ရာသော။ သမံ၊ နှစ်ပတ်လုံး။ ယဇေထ၊ လောကီလူအများအား လှူဒါန်းရာ၏။
ယော စ၊ အကြင်သူသည်ကား။ ဧကံ၊ တစ်ပါးသော။ ဘာဝိတတ္တာနံ၊ သီလစသော ဂုဏ်အထူးဖြင့် တိုးပွားစေအပ်ပြီး သော စိတ်ရှိသော အရိယာသူတော်ကောင်းကို။ မုဟုတ္တံ အပိ၊ တမုဟုတ်မျှ လည်း။ [အစ္စန္တသံယောဂ၌ ဒုတိယာ၊-မောဂ် နိ-၂, ၃၉၂၊] ပူဇယေ၊ ပူဇော်လှူဒါန်း ရာ၏။
(တေသံ၊ ထိုသူတို့၏။ ပူဇနာသု၊ လှူဒါန်းပူဇော်ခြင်းတို့တွင်။) ဝဿသတံ၊ အနှစ်တစ်ရာပတ်လုံး။ ယံ ဟုတံ၊ အကြင်လောကီလူအများအား လှူဒါန်းခြင်း သည်။ (အတ္ထိ၊ ၏။ တတော၊ ထိုလောကီလူအများအား လှူဒါန်းခြင်းထက်။) သာယေဝ ပူဇနာ၊ ထိုအရိယာသူတော်ကောင်းကို ပူဇော်လှူဒါန်းခြင်းသည်သာ။ သေယျော၊ မြတ်၏။
တတ္ထ၊ ထိုဂါထာ၌။ **သဟဿေနာ** တိ၊ ကား။ သဟဿပရိစ္စာဂေန၊ တစ် ထောင်သော ဥစ္စာကို စွန့်ခြင်းဖြင့်။
ယော ယဇေထ သတံ **သမ** န္တိ၊ ကား။ ယော၊ သည်။သဟဿေန ။ ။“သဟဿဿ+ပရိစ္စာဂေါ သဟဿံ-တစ်ထောင်ကို စွန့်ခြင်း ၊ သဟဿနောင် ပရိစ္စာဂပုဒ်ကျေသည်ဟု သိစေလို၍ “သဟဿပရိစ္စာဂေန”ဟု ဖွင့် သည်။ (တစ်နည်း) နောက်“ယော ယဇေထ သတံ သမံအဖွင့်၌ “သဟဿံ ပရိ စ္စဇန္တော"ဟူသော အဖွင့်ကို ကြည့်၍ ဒုတိယာအနက်၌ တတိယာသက်သည်ဟု ကြံ၊ “သဟဿေန-တစ်ထောင်ကို၊ (ပရိစ္စဇန္တော-စွန့်လှူလျက်၊) သတံ-သော၊ သမံ-ပတ်လုံး၊ ယဇေထ-၏”ဟု ပေးပါ။
သမံ ။ ။ “သမာ ဝဿေ သမော ဝေဒ-သန္တီသု သော နိဘေ တိသု(ဓာန်-၉၂၂)” ဟူသော ဂါထာအရ ဣတ္ထိလိင်သမာသဒ္ဒါသည် ဝဿ(နှစ်)ဟူသော အနက်ကို ဟော၏၊ထိုကြောင့် “ဝဿသတံ”ဟု ဖွင့်သည်၊ “သမယတိ ဝိကလယတိ ဘာဝေတီတိ သမာ”ဟု ပြုပါ။(ထောမ၊ ဓာန်ဋီ-၈၁) [သမာ တိ သံဝစ္ဆရော၊ “ယော ယဇေထ သတံ သမ"န္တိ ဧတ္ထ ဟိ သမာသဒ္ဓေါ ဣတ္ထိလိင်္ဂေါ၊ ဥပယောဂဝသေန ပန “သမ” န္တိ ဝုတ္တော၊-နီတိ ဓာတု-၃၃၃။]
ဝဿသတံ၊ နှစ်တို့၏အရာပတ်လုံး။ ဝါ၊ နှစ်၁ရာပတ်လုံး။ မာသေ မာသေ၊ လတိုင်းလတိုင်း၌။ **သဟဿံ**၊ တစ်ထောင်ကို။ **ပရိစ္စဇန္တော**၊ စွန့်လှူလျက်။ ကိယမဟာဇနဿ၊ လောက၌ အကျုံးဝင်သော များစွာသော လူအပေါင်းအား။ ဝါ၊ လောကီလူအများအား။ **ဒါနံ**၊ ကို။ **ဒဒေယျ**၊ ၏။ ဧကဉ္စ **ဘာဝိတတ္တာန** န္တိ၊ ကား။ ပန၊ အဖို့တစ်ပါးကား။ ယော၊ အကြင်သူသည်။ ယရဒွါရံ၊ အိမ်၏တံခါးသို့။ဒါနံ ဒဒေယျ ။ ။ယဇဓာတ်သည် ဒေဝပူဇာ(နတ်ပူဇော်ခြင်း), သင်္ဂတိကရဏ (အပေါင်းအစုပြုခြင်း), ဒါန(ပေးလှူခြင်း)အနက်တို့ကို ဟောရာ “ဒါနံ ဒဒေယျ”ဖြင့် ယဇေထ၌ ယဇဓာတ် ဒါနအနက်ဟောကြောင်းနှင့် ဧထဝိဘတ်ဖြစ်ကြောင်းကို ပြသည်၊ “သဟဿံ ပရိစ္စဇန္တော”ဖြင့် သဟဿေန၌ တတိယာဝိဘတ်၏ ဒုတိယာအနက်၌ ဖြစ်ကြောင်းနှင့် “ပရိစ္စဇန္တော”ဟု ပါဌသေသ ထည့်စပ်ရကြောင်းကို ပြသည်“လောကိ ယမဟာဇနဿ”ဖြင့် ယဇေထ၏ သမ္ပဒါန်ကို ပြသည်။
ဘာဝိတတ္တာနံ ။ ။ဘာဝိတော+အတ္တာ ယေနာတိ ဘာဝိတတ္တာ၊ ကွစိ သမာသန္တ သုတ်ဖြင့် သမာသ်အဆုံးကို အ,ပြု(သမာသ်အဆုံး၌ အပစ္စည်းသက်)၍ ပုရိသာဒိဂိုဏ်း ဟု နီတိပဒ-၂၁၁၌ ဆို၏၊ သို့သော် “ပုဗ္ဗေ ဝုတ္တော ဝိဓိ တပ္ပုရိသေ ဧဝ(ကာတန္တ- ၃၇၈)”သုတ်အရ သမာသန္တအ,သည် တပ္ပုရိသ်သမာသ်၌သာ ဖြစ်၍ ဗဟုဗ္ဗီဟိသမာသ် ၌ မဖြစ်သောကြောင့်လည်းကောင်း “ရူပံ ဘိက္ခဝေ အနတ္တာ”ဟု ရာဇာဒိရုပ်ရှိသော ကြောင့်လည်းကောင်း ဤ၌လည်း ရာဇာဒိဒုတိယန္တတည်း။ (မောဂ်နိ-၁, ၄၈၀)
အတ္တ၏အနက် ။ ။ဤအဋ္ဌကထာ၌ ဘူဓာတ် ဝုဒ္ဓိအနက်ဟောကြောင်းကိုသာ “ဝဍ္ဎိတအတ္တာနံ”ဟု ဖွင့်၏၊ အတ္တ၏အနက်ကို မဖွင့်၊ ထေရ- ဋ္ဌ-၁, ၈၌ အတ္တ၏ အနက်ကို “စိတ်, သဘာဝ, ခန္ဓာကိုယ်"ဟု ၃မျိုးဖွင့်၏၊ ထိုအလို “ဘာဝိတတ္တာနံ သမထဝိပဿနာဖြင့် တိုးပွားစေအပ်ပြီးသောစိတ်ရှိသော အရိယာသူတော်ကောင်းကို၊ (စိတ်အနက်)၊ ဝါ-တိုးပွားစေအပ်ပြီးသော သီလစသောသဘောတရားရှိသော အရိ ယာ သူတော်ကောင်းကို(သဘာဝအနက်)ဝါ-အပ္ပမာဒဘာဝနာဖြင့် တိုးပွားစေအပ် (ထုံထားအပ်)ပြီးသော ခန္ဓာကိုယ်ရှိသော အရိယာသူတော်ကောင်းကို၊ (ခန္ဓာကိုယ်အနက်)”ဟု ပေးရမည်“ဝဍ္ဎိတအတ္တာနံ”လည်း နည်းတူပင်၊ ဘာဝိတတ္တအရ သောတာ ပန်စသော ဖလဋ္ဌာန်ပုဂ္ဂိုလ်တို့ကို ယူရကြောင်းကို ပြလို၍ “ဟေဋ္ဌိမကောဋိယာ ၊ပေ၊ ခီဏာသဝံ”ကို ဆိုသည်။
သမ္ပတ္တံ၊ သော။ ဧကံ၊ သော။ သီလာဒိဂုဏဝိသေသေန၊ သီလအစရှိသော ဂုဏ်အထူးဖြင့်။ ဝဍ္ဎိတအတ္တာနံ၊ ပွားစေအပ်ပြီးသောစိတ်ရှိသူကို။ ဝါ၊ ရှိသော။ ဟေဋ္ဌိမ ကောဋိယာ၊ အောက်၌ဖြစ်သော အစွန်းအပိုင်းအခြားအားဖြင့်။ ဝါ၊ အောက်ဆုံး အစွန်းအပိုင်းအခြားအားဖြင့်။ သောတာပန္နံ၊ ကို။ ဥပရိမကောဋိယာ၊ အထက်၌ ဖြစ်သော အစွန်းအပိုင်းအခြားအားဖြင့်။ ဝါ၊ အထက်ဆုံး(အမြင့်ဆုံး)အစွန်း အပိုင်းအခြားအားဖြင့်။ ခီဏာသဝံ၊ ကို။ ကဋစ္ဆုဘိက္ခာဒါနဝသေန ဝါ၊ ၁ဇွန်း သောဆွမ်းကို ပေးလှူခြင်း၏အစွမ်းဖြင့်လည်းကောင်း။ ယာပနမတ္တအာဟာရ ဒါနဝသေန ဝါ၊ မျှတလောက်ရုံသော အာဟာရကို လှူဒါန်းခြင်း၏အစွမ်းဖြင့် လည်းကောင်း။ ထူလသာဋကဒါနမတ္တေန ဝါ၊ ထူသောအဝတ်ကို ပေးလှူခြင်း ဖြင့်လည်းကောင်း။ ပူဇေယျ၊ ၏။
ဣတရေန၊ (သောတာပန်စသည်ကို လှူဒါန်း သူမှ) အခြားသောသူသည်။ ဝါ၊ ၏။ ဝဿသတံ၊ လုံး။ ယံ ဟုတံ၊ အကြင်ပူဇော်ခြင်းသည်။ (အတ္ထိ)။
တတော၊ ထိုလောကီလူအများကို ပေးလှူခြင်းထက်။ သာယေဝ ပူဇနာ၊ ထိုသောတာပန်စသော အရိယာသူတော်ကောင်းကို လှူ ဒါန်းပူဇော်ခြင်းသည်သာ။
သေယျော သေဋ္ဌော ဥတ္တမော၊ မြတ်၏။ ဣတိ အတ္တော။ ဣတိ၊ ဂါထာဖွင့် ပြီးပြီ။
ဒေသနာဝသာနေ၊ ၌။ သော ဗြာဟ္မဏော၊ သည်။ သောတာပတ္တိဖလံ ပတ္တော။ အညေပိ၊ ကုန်သော။ ဗဟူ၊ တို့သည်။ သော တာပတ္တိဖလာဒီနိ ပါပုဏိံသု။ ဣတိ၊ သာရိပုတ္တတ္ထေရဿ မာတုလဗြာဟ္မဏ ဝတ္ထု ပြီးပြီ။ အပ္ပမာဒဘာဝနာ ။ နောက်ဆုံးနည်း၌ “အပ္ပမာဒဘာဝနာ”ဟူသည် သီးခြား ဘာဝနာတစ်မျိုးမဟုတ်၊ ကုသိုလ်တရားကို ဖြစ်ပွားစေခြင်း, အထူးအားဖြင့် ဝဋ်ကင်း ခြင်း၏ အကြောင်းဖြစ်သော သရဏဂုံနှင့် ကိုယ်နှုတ်စောင့်စည်းမှုမှ စ၍ သိက္ခာ၃ပါး ကုသိုလ်တရားဖြစ်ပွားစေခြင်းကို “အပ္ပမာဒဘာဝနာ”ဟု ဆိုရသည်။ (ဣတိ. ဋ္ဌ-၇၆၊ စရိယာ. ဋ္ဌ-၃၂၆)
သာရိပုတ္တတ္ထေရဿ မာတုလဗြာဟ္မဏဝတ္ထုဘာသာဋီကာပြီးပြီ။