**ပုညတ္ထိကာနံ** ပန၊ ကောင်းမှုဖြင့် အလိုရှိသူတို့၏ကား။
ဝါ၊ ကောင်းမှုကို အလိုရှိသူတို့၏ကား။ပုညတ္တိကာနံ ။ ။ပုညကရဏမေဝ, ဘာရောတို့၌စပ်၊ အရှင်မဟာကဿပထရ်၏ တာဝန်မှတစ်ပါး ကောင်းမှုလိုလားသူတို့၏ တာဝန်တစ်ပါးကို ပြသောကြောင့် ပနကား ပက္ခန္တရအနက်ဟောတည်း၊ “ပုညတ္တိကာနံ”၌ ကောင်းမှုဖြင့် လိုလားခြင်း(ကောင်းမှုကိုလိုလားခြင်း)ဟူသည် ကောင်းမှုပြုလိုသည့် ဓမ္မစ္ဆန္ဒယှဉ်တွဲဖြစ်နေခြင်းကို ဆိုလိုသည်၊ (စရိယာ. ဋ္ဌ-၂၃၈၊) [ဆန္ဒအမျိုးမျိုးကို ရှေ့ဝတ္ထု ဂါထာဖွင့်၌ ရေးခဲ့ပြီ “အတ္ထော+ ယေသံ အတ္ထိတိ အတ္ထိကာ၊ ပုညေန+အတ္ထိကာ ပုညတ္တိကာ-ကောင်းမှုဖြင့် အလိုရှိသူတို့၊ (စရိယာ. ဋ္ဌ-၂၃၈၊ ရူ-၁၉၄၊ နိဒီ-၃ဝ၈)၊ (တစ်နည်း) ပုညေန+အတ္ထော ပုညတ္ထော၊ ပုညတ္ထော+ယေသံ အတ္ထီတိ ပုညတ္ထိကာ၊ (ပါရာယော-၄၊ ပါရာဘာ-၁, ၁၁)၊ (တစ် နည်း) ပုညံ+အတ္ထိကာ ပုညတ္တိကာ-ကောင်းမှုကို အလိုရှိသူတို့”ဟု ပြုပါ။
ဆက်ဥုးအံ့-အတ္ထိကယှဉ်ရာဝယ် ပြအပ်ခဲ့သည့်အတိုင်း ဒုတိယာတပ္ပုရိသ်, တတိ ယာတပ္ပုရိသ်အားဖြင့် ၂မျိုးပြုကြရာတွင် ဒုတိယန္တကို “အတ္ထ”ဟူသော အန္တတ္ထတွင် စပ်၍ တတိယန္တကို “အတ္ထ”ဟူသော အန္တတ္ထနှင့် ဣက၏ အနက်ဖြစ်သော ဗာဟျတ္ထ၂ ပါးလုံး၌ စပ်ရသည်ဆရာတို့ကား နှစ်သက်တော်မမူပါ၊ (ပါရာဘာ-၁, ၁၁)၊ [အတ္ထိက အယှဉ်, ရှေ့ပုဒ်စဉ်မှာ, ဒုတိယာဝိဘတ်, သက်တုံလတ်က, အန္တတ်တွင်သာ, စပ်လေပါ၊ တတိယာကား, ၂ပါးအန္တတ်, စပ်ဗာဟျတ်။(ဘုရား-၁၂၆)]
“အယံ၊ ဤကောင်းမှုပြုခြင်းဖြင့်။ နော၊ ငါတို့အား။ အတ္ထော၊ အကျိုးသည်။ (အတ္ထိ၊ ၏)”။ ဣတိ၊ သို့။ သလ္လက္ခေတွာ၊ မှတ်သား၍။ ပုညကရဏမေဝ၊ ကောင်းမှုကို ပြုခြင်းသည်သာ။ ဘာရော၊ တာဝန်တည်း။ ဟိ၊ မှန်။ ပုညကရဏံ၊ သည်။ ဣဓ စေဝ၊ ၌လည်းကောင်း။ သမ္ပရာယေ စ၊ ၌လည်းကောင်း။ သုခမေ၀၊ ချမ်း သာ ကြောင်းသာတည်း။” ဣတိ၊ သို့။ ဝတွာ၊ ၍။ အနုသိန္ဓိံ ဃဋေတွော ဓမ္မံ။ ဒေသေန္တော၊ သော်။ ဣမံ ဂါထံ။ အာဟ။ (ကိံ)။ “ပုညဉ္စေ ၊ ပ၊ ပုညဿ ဥစ္စယောတိ၊ ၍။ (အာဟ)။ အယံ နော အတ္ထော ။ ။ဥဒါန-၁၁၁၌ “အမှာကမ္ပိ. . . ပုညေန အတ္ထော”ဟု ရှိ၏၊ အခြားပါဠိအဋ္ဌကထာဋီကာတို့၌လည်း အတ္ထသဒ္ဒါရှေ့တွင် “အတ္ထေနေဝ မေ အတ္ထော”စသည်ဖြင့် တတိယာဆုံးသောပုဒ်, စတုတ္ထဆုံးသောပုဒ်များ ရှိလေ့ရှိ၏၊ ထိုကြောင့် အယံ၌ ပထမာဝိဘတ်ကို တတိယာအနက်ကြံပါ၊ အတ္ထသဒ္ဒါကား ယောဇနအနက်ကို ဟော၏။ [အတ္ထော တိ ပယောဇနံ၊ အတ္တီတိ ဝစနသေသော၊- ဥဒါန- ဋ္ဌ-၁၈၀။]
ဆန္ဒံ ရုစိံ ဥဿာဟံ ။ ။ဆန္ဒံအရ ကတ္တုကမျတာဆန္ဒနှင့် ဝီရိယဆန္ဒကို ယူစေ လို၍ “ဆန္ဒံ ရုစိံ ဥဿာဟံ”ဟု ဖွင့်သည်။ ထိုတွင် ကတ္တုကမျတာဆန္ဒအရ မဟာကုသိုလ်ရှိ ဆန္ဒကို ယူ၍ ဝီရိယဆန္ဒအရ ဝီရိယကို ဖြစ်စေလိုမှုဆန္ဒ, (တစ်နည်း) ဆန္ဒသမ္ပယုတ် ဝီရိယကို ယူပါ။ (အဘိ. ဋ္ဌ-၂, ၂၇၆၊ သံဋီ-၂, ၄၀၁)
သုခေါ ပုညဿ ဥစ္စယော ။ ။သုခသဒ္ဒါသည် သုခဝေဒနာ, သုခမူလ(သုခ၏ အကြောင်းရင်းအခြေခံ), ဣဋ္ဌာရုံ, သုခဟေတု(သုခ၏ဇနကအကြောင်း), သုခပစ္စယ ဋ္ဌာန(သုခ၏ ဥပတ္ထမ္ဘကအကြောင်းဖြစ်သော ဣဋ္ဌာရုံစသည်တို့၏ တည်ရာဌာန), အဗျာဗဇ္ဈ(စိတ်ကို ညှဉ်းဆဲတတ်သော နီဝရဏစသည်မရှိသော ပဌမဈာန်စသော သုခဝိဟာရ), နိဗ္ဗာန်စသော အနက်တို့ကို ဟော၏၊ ဤ၌ သုခပစ္စယ(သုခ၏ ဇနက အကြောင်း)ဟူသော အနက်ကို ယူပါ၊ အကျိုးသုခအမည်ကို အကြောင်းကောင်းမှု၌တင်စား၍ ဖလူပစာရအားဖြင့် ကောင်းမှုကို “သုခေါ်”ဟု ဟောတော်မူသည်၊ ထိုကြောင့် “ဣဓလောကပရလောကသုခါဝဟနတော”ဟု ဖွင့်သည်။ (အဘိ. ဋ္ဌ-၁, ၈၃၊ ဣတိ.ဋ္ဌ-၇၁၊ သံ. ဋ္ဌ-၂, ၁၃၊ အံဋီ-၁၈၁၊ နီဘာ-၁, ၃၀၁)
သာမဏေရာ ဝါ ဒဟရာ ဝါ ။ ။များသောအားဖြင့် ကိုရင်နှင့် ရဟန်းငယ်များ မှာသာ ထိုထိုအာရုံတို့၌ လျပ်ပေါ်လော်လီခြင်းထင်ရှားသောကြောင့် “သာမဏေရာ ဒဟရာ ဝါ”ဟု ဆိုသည်၊ ဧကဒေသူပစာရအားဖြင့် ရဟန်းလတ်, ရဟန်းကြီးများ ဝါ ကိုလည်း ယူနိုင်သည်။ (ဇာဋီသစ်-၁, ၂၄၈) (ဟောတိ။ တသ္မာ၊ ထိုကြောင့်တည်း။)