ဆက်ပါဦးမည်-ဒိသွာအရ မြင်ရာ၌ ဒိဗ္ဗစက္ခုအဘိညာဏ်ဖြင့် မြင်ခြင်းဖြစ်သည်ပသာဒစက္ခုဖြင့် မြင်ခြင်းမဟုတ်မှန်၏-ပြိတ္တာတို့၏ ကိုယ်သည် ပသာဒစက္ခု (ပင်ကိုယ် မျက်စိ)သို့ မကျရောက်, မထင်ပေါ်လာနိုင်ပြိတ္တာများက မြင်စေလိုသည့်ဆန္ဒရှိမှ (ကိုယ်ထင်ပြမှ)သာ ပသာဒစက္ခုသို့ ကျရောက်ထင်ပေါ်လာနိုင်သည်။ (သံ. ဋ္ဌ-၁၁၉၉၊ ဝိ ဋ္ဌ-၁, ၂၉၃၊ သံဋီ-၂, ၁၈၂သာရတ္ထ-၂ ၂၉၂)။ ၊ ၍။ **သိတံ**၊ ပြုံးခြင်းကို။ (သာသာညင်းညင်းပြုံးခြင်းကို)။ ပါတွာအကာသိ(ပါတု+အကာသိ)သိတံ ပါတွာကာသိ။ ။မိဟနံ ဤသံဟသနံ သိတံမိဟ+တမိဟကို သိပြု၊ ဓာန်ဋီ-၁၅၇၊] ဟသနံ ဝါ သိတံ၊ ဟသ+တ၊ ဟချေ, ဣလာ၊ နီတိဓာတု-၇၅၊] မှယန ဤသံဟသနံ သိတံ၊ မြို+တက်မှိကို သိပြု၊-မောဂ်-၇၈၄ ဒုက္ခရောက်နေသော မြွေပြိတ္တာကို မြင်လျှင် သနားခြင်းဖြစ်ထိုက်ပါလျက် အဘယ်ကြောင့် ပြုံးပါသနည်း?ဟု မေးဖွယ်ရှိ၏၊ အဖြေကား မိမိ၏ ပြည့်စုံခြင်းနှင့် ဘုရားဉာဏ်တော်၏ ပြည့်စုံခြင်းကို တွေးတောကျေနပ်အားရခြင်းကြောင့် ပြုံးသည်ဟု ဖြေပါ။
ချဲ့ပါဦးမည်-အရှင်မောဂ္ဂလ္လာန်သည် ထိုပြိတ္တာကို မြင်သောအခါ “သစ္စာမမြင်သူ တို့ ဖြစ်ရသော ဤလိုဘဝမျိုးမှ ငါလွတ်ပေပြီ၊ ဈာန်စသော ဂုဏ်တို့ကို ငါရထားပေ ကုန်ပြီ၊ ငါသည် ဤသာသနာတော်မြတ်ကို ကောင်းစွာ ရအပ်ပေပြီ”ဟု မိမိ၏ ပြည့် စုံခြင်းကို တွေးတောကာ အားရကျေနပ်ခြင်း ဖြစ်၏၊ ထို့ပြင် “ကံ၏အကျိုးကို မကြံစည် ကောင်းဟု ဟောတော်မူသော ဘုရားရှင်၏ ဉာဏ်တော်ပြည့်စုံခြင်းမှာ အံ့ဩစရာ ကောင်းပေစွ၊ အမှန်တကယ် ကိုယ်တွေ့ဖြင့် တရားဟောတော်မူသော ဘုရားရှင် တို့သည် တရားသဘောကို ကောင်းစွာ ထိုးထွင်းသိမြင်ပါကုန်စွ”ဟု ဘုရားဉာဏ်တော် ၏ ပြည့်စုံခြင်းကို တွေးတောကာ အားရကျေနပ်ခြင်းဖြစ်၏။ (သံ. ဋ္ဌ-၁, ၁၉၉) ပိ. ဋ္ဌ ၁, ၂၉၃၊ သံဋီ-၂, ၁၈၂၊ သာရတ္ထ-၂၂၉၂) ၊ ထင်ရှားစွာပြုပြီ။
မင်းခင်းနီဂံ-၉၊ ၁ဝ၊ ၁၁။ ။ထို၌ ပြခဲ့သော ဝိဂြိုဟ်များအပြင် “မဟန္တေ သတ္တေ နိဗ္ဗာနံ နေတုံ ဣသတိ ဣစ္ဆတီတိ မဟေသီ-များစွာသော သတ္တဝါတို့ကို နိဗ္ဗာန်သို့ ဆောင်ခြင်းငှာ အလိုရှိတော်မူသောဘုရားရှင်၊ မဟန္တာနံ ဒေဝမနုဿာနံ ဟိတံ ဣသ တိ ဣစ္ဆတီတိ ဝါ မဟေသီ-များစွာသော လူနတ်တို့၏ စီးပွားကို လိုလားတော်မူသော ဘုရားရှင်၊ မဟန္တေန ရူပကာယေန ဣသတိ အဘိဘဝတီတိ ဝါ မဟေသီ-ကြီးမြတ် သော ရူပကာယဖြင့် လွှမ်းမိုးတော်မူသောဘုရားရှင်၊ မဟိဒ္ဓိယာ ဣသတိ အဘိဘဝ တီတိ ဝါ မဟေသီ-ကြီးစွာသော တန်ခိုးဖြင့် လွှမ်းမိုးတော်မူသောဘုရားရှင်၊ ဤသတိ အဘိဘဝတီတိ ဤသော၊ မဟန္တော+ဤသော မဟေသော၊ မဟေသော+အဿ အတ္တီ တိ ဝါ မဟေသီ-ကြီးသောတန်ခိုးရှိသောဘုရားရှင်”ဟု ပြုသေး၏။
ကာရန် ၂မျိုး။ ။ပြအပ်ခဲ့သောစကားအရ ဣကာရန္တဤကာရန္တ ၂မျိုးရှိရာ ဆရာတို့ကား ဣကာရန္တကိုသာ နှစ်သက်တော်မူ၏(နီဘာ-၁၅)“မဂ်ကိစ္စပြီးပြီးသော အရိယာကိုရလျှင် ဣကာရန္တ၊ မဂ်ကိစ္စမပြီးသေးသော ရသေ့စသော ပုထုဇဉ်, သေက္ခ ကိုရလျှင် ဤကာရန္တ”ဟုလည်း ယူကြ၏။ (မြို့နီယံသစ်-၄-၅)
အာချာတ်နှင့် သမာသ်စပ်ဝါဒ။ ။“အဟောသိကမ္မံ”ကဲ့သို့ မဟန္တနှင့် ဧသိဟူ သော အာချာတ်ပုဒ်ကို သမာသ်စပ်၍ “မဟေသိ”ဖြစ်သည်ဟုလည်း ဆိုကြ၏သို့သော် အာချာတ်ပုဒ်မှန်က အ-လိင်ဖြစ်၍ ယင်းနောင် နာမ်ဝိဘတ်မသက်ကောင်းရကား “မဟေသိနော”စသည်မရှိနိုင်သောကြောင့် မသင့်ပါ။ (မဏိဒီပကင်္ခါယောဋီ-၂၅မြို့နီဂံ-၄၅ကျော်နီဂံ-၇) ၊ မြတ်စွာဘုရား၏။
**သံဃဿ**၊ သံဃာဖို့။ ဝါ၊ သံဃာ၏အတွက်။ **အာဘတံ**၊ ဆောင်ယူအပ်သော။ ဘတ္တံ အာဘတံ သံဃဿ အာဘတံ ဘတ္တံ။ ။ “သံဃဿ မေ ဘတ္တံ အာဘတံ(ဝိ. မြ-၄, ၉၇)”၌ “သံဃဿ”ကို “သံဃဿ-ဖို့”ဟု စူဘာ-၃၃၃၌ တဒတ္ထသမ္ပဒါန်အနက်ပေးတော်မူ သည်အထက်၌ ထိုအတိုင်း ပေးခဲ့သည်ပါစိယော-၅ဝ၇အလို သံဃဿ၏ စပ်ပုဒ်ကို “အတ္ထာယ”ဟု ထည့်၍ “သံဃဿ-၏၊ (အတ္ထာယ-အကျိုးငှာ၊) အာဘတံ-သော၊ ဘတ္တံ ကို”ဟု ပေးပါဓမ္မယော-၄၆၌ “ကဿပဿ-သောမဟေသိနော-၏ (သာသနေ ၌) သံဃဿ-ကို(ဥဒ္ဒိဿ-ရည်မှန်း၍၊) အာဘတံ-သောဘတ္တံ-ကို၊ ယဒိစ္စကံ စွာ၊အာဟာရေသိ”ဟု ထည့်ပါဌ်များ ထည့်ပေး၏။ ၊ ဆွမ်းကို။ ယဒိစ္ဆကံ ယဒိစ္ဆကံ။ ။ ယာ ယာ+ဣစ္ဆာ ယဝိစ္ဆာ၊ ယဒိစ္ဆာယ+ပဝတ္တံ ယဒိစ္ဆကံ- အကြင်အကြင် အလိုဖြင့် ဖြစ်သည့်အတိုင်း၊ယ+ဣစ္ဆာ+က၊-သာရတ္ထ-၁၊ ၂၉၇၊ (တစ်နည်း) ယံ ယံ+ ဣစ္ဆာ ဝါ ယဒိစ္စကံ-အကြင်အကြင်အရာကို အလိုရှိတိုင်းယ+ဣစ္ဆာ+သမာသန္တ ကပစ္စည်း၊-ပဋိသံဌ-၁, ၂ဝ၅] ရှေ့နည်း တဒ္ဓိတ်ပုဒ်, နောက်နည်း သမာသ်ပုဒ်တည်း။ ၊ အလိုဆန္ဒအားလျော်စွာ။ ဝါ၊ အလိုရှိသလောက်။ **အာဟာရေသိံ**၊ စားခဲ့မိပါပြီ။ အာဟာရေသိံ။ ။ဟရဓာတ်သည် ဘူဝါဒိသာ ရှိ၏စုရာဒိမရှိထိုကြောင့် “အာ ဟာရံ”ဟူသော ဒုတိယန္တနာမ်ပုဒ်နောင် ဓာတုတ္ထ နာမသ္မိ(မောဂ်-၅၁၂)သုတ်ဖြင့် ကရဓာတ်အနက်၌ ဣပစ္စည်းသက်ဧကတ္ထတာယံ(မောဂ်-၂၁၁၉ )သုတ်, တေသံ ဝိဘတ္တိယော လောပါ စသုတ်, ၎င်းသုတ်တေသံသဒ္ဒါပိုတို့ဖြင့် အံဝိဘတ်ချေ၊ ဣကို ဧပြု၊(နီဘာ-၄, ၂၆၂)(တစ်နည်း) ဓာတုရူပေ နာမသ္မာ ဏယော စ၌ စသဒ္ဒါဖြင့် အာဟာရနောင် ဏေပစ္စည်းသက်၊ (ဝိဗော-၂၂၃)၊ “အာဟာရေသိ ခံတွင်းသို့ ဆောင် ခြင်းကို ပြုခဲ့ပါပြီ၊ (သဒ္ဒတ္ထ)၊ ဝါ-စားခဲ့ပါပြီ(ဝေါဟာရတ္ထ)”ဟု ပေးပါ။
ဣတိ၊ သို့။
တစ်နည်း။ ။ဓာတုတ္ထ နာမသို့(မောဂ်-၅, ၁၂)သုတ်ဖြင့် “သမ္ပိယာယေန”ဟူ သော တတိယန္တနာမ်ပုဒ်နောင် အယဓာတ်၏အနက်၌ ဣပစ္စည်းသက်ဧကတ္ထတာယံ (မောဂ်-၂၁၁၉ )သုတ်, တေသံ ဝိဘတ္တိယော လောပါ စသုတ်, ၎င်းသုတ်၌ တေသံ သဒ္ဒါပိုတို့ဖြင့် နာဝိဘတ်ချေ၊ ဣကို ဧပြု, ဧကို အယပြု, အ-ကို အာဒီယပြု၊ ထိုနောင် မာနပစ္စည်းသက်၊ “သမ္ပိယာယန္တိ သမ္ပိယေန အယန္တီတိ သင်္ဂြိုယာယမာနာ”ဟု ပြု၍ အနက်ကို ရှေ့နည်းတူ ပေးပါ။ ကစ္စည်းအလို “ဓာတုရူပေ နာမသ္မာ ဏယော စ” သုတ်ဖြင့် ဏယပစ္စည်းသက်, အ-ကို အာဒီဃပြု။
တစ်နည်း။ ။သမ္ပိယံဟူသော ဒုတိယန္တနောင် သဒ္ဒါဒီနိ ကရောတိ(မောဂ်-၅, ၁ဝ)သုတ်ဖြင့် ကရောတိအနက်၌ အာယပစ္စည်းသက်ကစ္စည်းအလို အာယ နာမတော စသောသုတ်၌ “နာမတော”ဟူသော ယောဂဝိဘာဂဖြင့် အာယသက်၊(သပြေ-၂ ၄၅၉)၊ ရှေ့နည်း၌ ပြခဲ့သောသုတ်တို့ဖြင့် အံဝိဘတ်ချေ၊ ထိုနောင် မာနပစ္စည်းသက်၊ “သမ္ပိယာ ယန္တိ သမ္ပိယံ ကရောန္တီတိ သမ္ပိယာယမာနာ-လွန်စွာ နှစ်သက်ခြင်းကို ပြုကုန်လျက်၊ (သဒ္ဒတ္ထ)၊ ဝါ-လွန်စွာ နှစ်သက်ကုန်လျက်(ဝေါဟာရတ္ထ)”ဟု ပြုပါ။ ၊ လွန်စွာနှစ်သက်ခြင်းဖြင့်ဖြစ်ကုန်လျက်။ ဝါ၊ လွန်စွာနှစ်သက်ကုန်လျက်။ အာသနသာလာယံ၊ နေထိုင်ရာဇရပ်၌။ နိသီဒါပေတွာ၊ ထိုင်စေ၍။ ပါဒေ၊ ခြေတို့ကို။ ဓောဝိတွာ၊ ဆေး၍။ တေလံ၊ ဆီကို။ မက္ခေတွာ၊ သုတ်လိမ်း၍။ ယာဂုံ၊ ယာဂုကို။ ပါယေတွာ၊ သောက်စေ၍။ ခဇ္ဇကံ၊ ခဲဖွယ်ကို။ ဒတွာ၊ ၍။ ပိဏ္ဍပါတကာလံ၊ ဆွမ်းခံချိန်ကို။ အာဂမယမာနာ၊ စောင့်ဆိုင်းကုန်လျက်။ ဓမ္မံ၊ ကို။ သုဏန္တာ၊ ကုန်လျက်။ နိသီဒိံသု၊ ထိုင်နေကုန်ပြီ။
မှတ်ချက်။ ။ ဤကား အဋ္ဌကထာ, ဋီကာအသီးအသီး၌ ပြအပ်သော ဂိဇ္ဈကူဋော ၏ ဝိဂြိုဟ်များတည်း၊ ထိုတွင် နောက်ဆုံးနည်းကို “ဂိဇ္ဈသဒိသော ကူဋာတိ (ဂိဇ္ဈ ကူဋာတိ ဝါ) မဇ္ဈေပဒလောပီသမာသော ယထာ သာကပတ္ထိဝေါတိ(မရီ-၂, ၄၇၊ သာရတ္ထ-၂, ၁၁၂)"ဟူသော အဖွင့်နှင့်အညီ ပြုသည်၊ ဤအဖွင့်၌ “ဂိဇ္ဈကူဋောသည် “သာကပတ္တိဝေါ”ဟူသောပုဒ်နှင့် တူသည်”ဟူသော စကားကို သတိပြုရမည်၊ “သာက ပတ္ထိဝေါ”ကို “သာကော+ပိယော ယဿာတိ သာကပ္ပိယော-နှစ်သက်အပ်သော အစွမ်း သတ္တိရှိသောမင်း၊ ပထဝိယာ+ဣဿရော ပစ္စိဝေါ-မြေ၏အစိုးရမင်း၊ သာကပ္ပိယော သာကဘက္ခော ဝါ+ပတ္ထိဝေါ သာကပတ္တိဝေါ-နှစ်သက်အပ်သော အစွမ်းသတ္တိရှိသော မင်း၊ ဝါ-ဟင်းရွက်ကို စားသောမင်း၊ သာကပိယ+ပတ္ထိဝ၊ ပိယချေ၊ (တစ်နည်း) သာက ဘက္ခပတ္ထိဝ၊ ဘက္ခချေ၊”ဟု ပြုပါ။ (သံဋီ-၁, ၆၁၊ သိဒ္ဓန္တ၊ မောဂ်နိ-၁, ၃၉၆-၇၊ ကစ်ဘာ ၁, ၅၁၈)
တူပုံ။ ။သာကပတ္ထိဝေါ၌ သာကနောင် ပိယပုဒ်, ဘက္ခပုဒ်ကျေခြင်းနှင့် ဂိဇ္ဈ ကုဋော၌ ဂိဇ္ဈနောင် သဒိသကျေခြင်း, ပတ္ထိဝေါ၏ တဒ္ဓိတ်ပုဒ်ဖြစ်ခြင်းနှင့် ကူဋော၏ တဒ္ဓိတ်ပုဒ်ဖြစ်ခြင်း, “သာကပ္ပိယော သာကဘက္ခော ဝါ+ပတ္ထိဝေါ သာကပတ္ထိဝေါ”ဟု ကမ္မဓာရယမိဿကမရွှေလောပီတပ္ပုရိသ်ပြုခြင်းနှင့် “ဂိဇ္ဈသဒိသော+ကူဋော ဂိဇ္ဈ ကူဋော”ဟု ကမ္မဓာရယမိဿကမဇ္ဈလောပီတပ္ပုရိသ်ပြုခြင်းတို့သည် တူကြ၏၊ ထို ကြောင့် “ဂိဇ္ဈသဒိသော+ကူဋော ဂိဇ္ဈကုဋော”ဟု ပြုရသည်။
ဆက်ဥးအံ့-သာရတ္ထ၌ “ဂိဇ္ဈသဒိသော ကူဋာတိ(မရီ-၂, ၄၇)”ဟု မရှိဘဲ “ဂိဇ္ဈ သဒိသကူဋောတိ”ဟု ရှိနေ၏သာရတ္ထစာအရှိကိုသာ ကြည့်၍ “ဂိဇ္ဈေဟိ+သဒိသာနိ+ ကူဋာနိ ဧတဿာတိ ဂိဇ္ဈကုဋော(မအူပါရာနိ-၃, ၂၉၁)"ဟု မဇ္ဈေလောပီဗဟုဗွီဟိ ပြုခြင်းမှာ ဥပမာပြုထားသော “သာကပတ္ထိဝေါ”ပုဒ်၏ ဝိဂြိုဟ်နှင့် မညီပါထိုကြောင့် ထိုမဇ္ဈေလောပီဗဟုဗွီဟိဝိဂြိုဟ်ကို အဖွင့်မှအလွတ်ဖြစ်သော ဝိဂြိုဟ်ဟု မှတ်ရာ၏။ ထို့ပြင် “ဂိဇ္ဈာနံ+ဝသနာနိ ကူဋာနိ ဧတဿာတိ ဂိဇ္ဈကုဋော-လင်းတတို့ နေရာအထွတ် ရှိသောတောင်”ဟုလည်း ပြုသေး၏။ ၊ ၌။ **အဟိပေတော**၊ မြွေပြိတ္တာသည်။ **ဟုတွာ**၊ ဖြစ်၍။ နိဗ္ဗတ္တိအဟိပေတော ဟုတွာ နိဗ္ဗတ္တိ။ ။ ဖြစ်ခြင်းကြိယာတစ်ခုတည်းကိုပင် “ဟုတွာ နိဗ္ဗတ္တိ”ဟု ခွဲ ဆိုသော အဘေဒဘေဒူပစာရ(မကွဲသော်လည်း ခွဲဆိုသောနည်း)အားဖြင့် အထက်၌ ပေးခဲ့သည်၊ ဤအလို နိဗ္ဗတ္တိသည် နိပုဗ္ဗ ဝတ္တု(ဝတု)ဓာတ်ဤဝိဘတ်ဖြင့် ပြီးသော အာချာတ်ပုဒ်တည်း။
တစ်နည်း။ ။ဟုတွာ၌ လက္ခဏအနက်, ဟိတ်အနက်ကြံ၍ “အဟိပေတော-၏နိဗ္ဗတ္တိနှင့် ဟိတ်အနက်ဟော ဟုတွာ၌စပ်၊] ဝါ-သည်၊ လက္ခဏအနက်ဟော ဟုတွာ၌ လက္ခဏဝန္တစပ်၊] ဟုတွာ-ဖြစ်လသော်(အဖြစ်ဖြင့်)၊ ဝါ-ဖြစ်ခြင်းကြောင့်၊ နိဗ္ဗတ္တိ ဖြစ်ခြင်းသည်ဟောတိ-၏”ဟုလည်း ပေးနိုင်သည်၊ ဤနည်း၌ ဟုတွာ၏ ကတ္တားသည် “အဟိပေတော”တည်း၊ ”ဟူသော ထည့်ပါဌ်ကြိယာ၏ ကတ္တားကား နိဗ္ဗတ္တိ” ဟောတိ” တည်းဤသို့ ကတ္တားမတူသောကြောင့် ဟုတွာ၌ တွာပစ္စည်းကို ပုဗ္ဗကာလေစသော သုတ်ရင်းဖြင့် မသက်ဘဲ “တုနတွာနတွာ ဝါ”ဟူသော ယောဂဝိဘာဂဖြင့်သက်၊ နိဗ္ဗတ္တိ လည်း “နိပ္ပဇ္ဇနံ နိဗ္ဗတ္တိ[နိ+ပဒ+တိပကို ဗြပြု၊ (တစ်နည်း) နိဗ္ဗတ္တနံ နိဗ္ဗတ္တိနိ+ ဝတု+တိ]”ဟု ပြုရသော ဘောဟောကိတ်ပုဒ်တည်း။ ကတ္တားကွဲဘိ, မတူရှိသော်, မိမိကတ္တား, သမ္ပန်ထား၍, ဖြစ်ငြားဟိတ်မှာ, သက်တို့လာသည်, တွာဒိပစ္စည်းသဘော တည်း။ (ဘုရား-၂၄၄)]
တစ်နည်း။ ။ဟုတွာအရ ပဋိသန္ဓေအခါဖြစ်ခြင်း, နိဗ္ဗတ္တိအရ ပဝတ္တိအခါ ဖြစ်ခြင်း ကို ယူ၍၊ “အဟိပေတော-သည်၊ ဟုတွာ-ပဋိသန္ဓေ၏အစွမ်းဖြင့် ဖြစ်၍၊ နိဗ္ဗတ္တိ ပဝတ္တိ၏ အစွမ်းဖြင့် ဖြစ်ပြီ”ဟုပေး။
တစ်နည်း။ ။ပဋိသန္ဓေ၏အစွမ်းဖြင့် ဖြစ်ခြင်းသာ ပို၍ဖြစ်သင့်ကြောင်းကို သိ စေခြင်းငှာ ပဋိသန္ဓေအခါဖြစ်ခြင်းတစ်မျိုးတည်းကိုပင် “ဟုတွာ နိဗ္ဗတ္တိ”ဟု ကြိယာ ၂မျိုးဖြင့် ဆိုသည်၊ တစ်ပုဒ်တည်းဆိုလျှင် ဖြစ်ပါလျက် အလွန်အားဖြင့် ဆိုအပ်သော ဥက္ကဋ္ဌနည်းတည်း၊ ဤအလို “အဟိပေတော-သည်၊ ဟုတွာ-ပဋိသန္ဓေ၏အစွမ်းဖြင့် ဖြစ်၍၊ နိဗ္ဗတ္တိ-ဖြစ်ပြီ”ဟုပေး။ (ဘေဒဘာ, ၃၉ဝ၊ သီဋီသစ်-၂, ၉) ၊ ဖြစ်ပြီ။
“န ဟိ ။ပေ။ ပါဝကော”တိ၊ ၍။ (အာဟ)။
သဇ္ဇုခီရံ၊ ယခု၌ပင် နို့မှထွက်သော နို့ရည်သည်။
န မုစ္စတိ ဣဝ၊ တစ်ခဏချင်း, မူရင်းအရသာ, စွန့်ကာပျက်ယွင်း, မလွတ်ကင်းသကဲ့သို့။
(ဧဝမေဝ၊ ဤအတူသာလျှင်။)
ပါပံ၊ မကောင်းသော။
ကမ္မံ၊ ကံသည်။
ဝါ၊ ကို။
ကတံ ဟိကတံ ဟိ။ ။ “ကရိယမာနမေဝ(ဓမ္မ ဋ္ဌ-၁, ၃၂၃)ကိရိယက္ခဏေယေဝ(နေတ္တိ၄- ၂၅ဝ)”ဟူသော အဖွင့်အရ ကတံ၌ ပထမာဝိဘတ် သတ္တမီ(လက္ခဏ)အနက်, တပစ္စည်း ပစ္စုပ္ပန်ကာလ, “န ဟိ”၌ ဟိကို အဝဓာရဏအနက်ဟု ယူ၍ ပေးခဲ့သည်။
နေတ္တိဝိ-၃၁၈။ ။ထို၌ နိယမ,အနိယမ, န မုစ္စတိ, န ဝိပစ္စတိတို့၏ အာဓာရ ရဟန္တိ၏ ကံပုဒ်များထည့်၍ “သဇ္ဇခီရံ-သည်၊ (နိက္ခန္တက္ခဏေ-ထွက်ဆဲခဏ၌) န မုစ္စတိ ဣဝ-သို့(ဧဝံ-တူ၊ ယေန ဗာလေန-အကြင်လူမိုက်သည်၊) ပါပ-သော၊ (ယံ) ကမ္မံ-အကြင်ကံကိုကတံ-ပြုအပ်ပြီ၊ (တဿ ဗာလဿ-ထိုလူမိုက်၏၊ တံ) ကမ္မံ-ထို မကောင်းမှုသည်၊ (ကရဏက္ခဏေ-ပြုဆဲခဏ၌၊) န ဟိ ဝိပစ္စတိ-အကျိုးမပေး၊ အနက်မဲ့၊ ဘသစ္ဆန္နော-သော၊ ပါဝကော-သည်(အက္ကန္တံ-နင်းသော၊ ဇနံ-လူကို၊ ဍဟ တိ) ဣ၀-လောင်မြိုက်သကဲ့သို့၊ (ဧဝံ-တူ၊ ယေန ဗာလေန-သည်၊ ပါပံ-သော၊ ယံ ကမ္မံကိုကတံ-ပြီတံ ကမ္မံ-သည်တံ ဗာလံ-ထိုလူမိုက်ကို) ရဟန္တ-ပူလောင်စေလျက်အနွေ၏”ဟု ပေးစေ၏။ ၊ ပြုအပ်စဉ်သာ။
ဝါ၊ ပြုအပ်ဆဲခဏ၌သာလျှင်။
(ပြုပြုချင်းသာ)။
န (ဝိပစ္စတိ)၊ အကျိုးမပေး။
(ဝိပစ္စမာနံ၊ အကျိုးပေးလသော်။)
ဝါကျယူပေးပုံ။ ။သဇ္ဇခ်ိဳရံကို သမာသ်ပုဒ်မယူဘဲ သKတစ်ပုဒ်, ခီရံတစ်ပုဒ်ဟု ယူကြသေး၏၊ ထိုအလို “ခီရံ-နွားနို့မှ ထွက်လာသော နို့ရည်သည်၊ သဇ္ဇ၊ ဟိ (သဇ္ဈ ဧ၀)-ထိုခဏ၌ပင်၊ ဝါ-ချက်ချင်းပင်၊ န မုစ္စတိ ဣ၀-ပင်ကိုယ်သဘောမှ မကင်းလွတ် သကဲ့သို့၊ (ဧဝမေဝ-လျှင်၊) ကတံ-သော၊ ပါပံ-သော၊ ကမ္မံ-သည်၊ (သဇ္ဇ ဟိ-၌ပင်၊) န ဟိ ဝိပစ္စတိ-အကျိုးမပေး”ဟု ပေးပါ။ (နိဒီ-၁၅၄နီတိသုတ္တနိ-၂, ၁၈၅)။ ၊ ပူနွေးလတ်ဆတ်သော။ ခီရံ၊ နို့ရည်သည်။ န မုစ္စတိ၊ ပင်ကိုယ်သဘောမှမကင်းလွတ်။ န ပရိဏမတိ၊ မပြောင်းလဲ။
ပန၊ ဆက်။ ယာ၀၊ လောက်။ ကုသလာဘိနိဗ္ဗတ္တာ၊ ကုသိုလ်ကြောင့်ဖြစ်ကုန်သော။ ခန္ဓာ၊ ခန္ဓာတို့သည်။ **ဓရန္တိ**၊ တည်ရှိနေကုန်၏။ ဝါ၊ ဆက်ဖြစ်နေကုန်၏။ တာဝ၊ လောက်။ **နံ**၊ ထိုမကောင်းမှုကို။ **တေ**၊ ထိုကုသိုလ်ကြောင့်ဖြစ်သောခန္ဓာတို့သည်။ ရက္ခန္တိ `` ဓရန္တိ၊ နံ တေ ရက္ခန္တိ။ ။ဓရန္တိ၌ ဓရဓာတ် ဌိတိအနက်ဟောကုသိုလ်ကြောင့် ဖြစ်သော ခန္ဓာများ တည်ရှိခြင်းဟူသည် ကုသိုလ်ကြောင့် ဖြစ်သောခန္ဓာများ ဆက်၍ ဖြစ်နေခြင်းတည်း၊ “နံ တေ ရက္ခန္တိ”၌ နံဖြင့် ပါပကမ္မကို စွဲရသည်“နံ-ထိုသူ့ကို”ဟု မပေးရ၊ တေဖြင့် ကုသလာဘိနိဗ္ဗတ္တက္ခန္ဓာကို စွဲရသည်“တေ-ထိုမကောင်းမှုတို့သည်”ဟု မပေးရ၊ အကျိုးပေးခွင့်မရအောင် တားဆီးခြင်းကို “ရက္ခန္တိ”ဟု ဆိုသည်၊ ကုသိုလ် ကြောင့်ဖြစ်သော ခန္ဓာများသည် မိမိဖြစ်နေသရွေ့ မကောင်းမှုအကျိုးပေးခွင့်ကို တား ဆီးထားသည်၊ မကောင်းကျိုးပေးဖို့ ခွင့်မပေး-ဟူလို။ ဓရန္တီတိ ပဗန္ဓဝသေန ပဝတ္တန္တိ၊ တန္တိ (န) ပါပကမ္မံ၊ တေတိ ကုသလာဘိနိဗ္ဗတ္တက္ခန္ဓာ၊ ရက္ခန္တိ ဝိပါကဒါနတော ဝိ ပစ္စိတုံ ဩကာသံ န ဒေန္တိ-နေတ္တိဋီ-၁၄၂။]
`` ၊ (အကျိုးပေးခွင့်မရအောင်) တားဆီးထားကုန်၏။ ဝါ၊ အကျိုးပေးဖို့ခွင့်မပေးကုန်။