Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
元亨寺·CBETA
中文
(VN)Pārājikapāḷi
(VN)Pārājikapāḷi

9. Rūpiyasaṃvohārasikkhāpadaṃ

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဆဗ္ဗဂ္ဂိယာ။ ဘိက္ခူ၊ တို့သည်။ နာနပ္ပကာရကံ၊ အထူးထူးသောအပြားရှိသော။ ဝါ၊ အထူးထူး အပြားပြား များစွာသော။ [တန်ဆာပြုလုပ်အပ်ပြီးသော ရွှေ,ငွေ တန်ဆာမပြုလုပ်အပ်သေးသော ရွှေငွေအစရှိသောအားဖြင့်အထူးထူးအပြားပြား များစွာသော၊ ဟု ဆိုလိုသည်။] ရူပိယသံဝေါဟာရံ၊ ရွှေငွေကို လဲလှယ်ခြင်းသို့။ သမာပဇ္ဇန္တိ၊ ရောက်ကြကုန်၏။ ပေ။
ကထံဟိ၊ အဘယ်ကြောင့်။ ပေ။ ရူပိယသံဝေါဟာရံ၊ သို့။ သမာပဇ္ဇိဿန္တိနာမ၊ ရောက်ကြရသနည်း။ (ရောက်ကြရပါလိမ့်)။ ကာမဘောဂိနော၊ ကာမဂုဏ်ကို ခံစားခြင်းရှိကုန်သော။ ဝါ၊ ကာမဂုဏ်ကို ခံစားလေ့ရှိကုန်သော။ ဂိဟီသေယျထာပိ၊ လူတို့ကဲ့သို့ပါတကား။
ပါတိမောက်နိဿယအတိုင်း ပေးပါ။
နာနပ္ပကာရကံနာမ၊ မည်သည်။ ကတံပိ၊ အတည်ဝတ္ထုပြုလုပ်အပ်ပြီးသော ရွှေငွေလည်းကောင်း။ အကတံပိ၊ အထည်ဝတ္ထု မပြုလုပ်အပ်သေးသော‌ရွှေငွေလည်းကောင်း။ ကတာကတံပိ၊ အထည်ဝတ္ထု ပြုလုပ်အပ်ပြီး, မပြုလုပ်အပ်သေးသော ၂၊ မျိုးလုံးသော ရွှေ,ငွေ လည်းကောင်းတည်း။
ကတံနာမ၊ မည်သည်။ သီသူပဂံ၊ ဦးခေါင်းသို့ ကပ်ရောက်သော တန်ဆာလည်းကောင်း။ (ဦးခေါင်းတန်ဆာလည်းကောင်း)။ ဂီဝူပဂံ၊ လည်ပင်းသို့ ကပ်ရောက်သောတန်ဆာလည်းကောင်း။ (လည်ဆွဲတန်ဆာလည်းကောင်း)။ ဟတ္ထူပဂံ၊ လက်သို့ကပ်ရောက်သော တန်ဆာလည်းကောင်း။ (လက်ဝတ်တန်ဆာလည်းကောင်း)။ ပါဒူပဂံ၊ ခြေသို့ကပ်ရောက်သော တန်ဆာလည်းကောင်း။ (ခြေဝတ်တန်ဆာလည်းကောင်းလည်းကောင်း)။ ကဋူပဂံ၊ ခါးသို့ကပ်ရောက်သော တန်ဆာလည်းကောင်းတည်း။ (ခါးကြိုးတန်ဆာ လည်းကောင်းတည်း)။
ဃနကတံ၊ အတုံးအခဲပြုအပ်သောရွှေငွေကို။ (ရွှေတုံး, ငွေတုံး, ရွှေချောင်း,ငွေချောင်းကို)။ အကတံနာမ၊ အကတမည်၏ ဟူ၍။ ဝုစ္စတိ၊ ၏။
ကတာကတံ နာမ၊ မည်သည်။ တဒုဘယံ၊ ထိုနှစ်ပါးစုံတည်း။ ပေ။
စေတာပေတိ၊ လဲလှယ်စေအံ့။ ဝါ၊ ရောင်းဝယ်အံ့။ အမှာ။ ။ကြွင်းဝါကျများ ရှေ့သိက္ခာပုဒ်နှင့်တူပြီ။
ရူပိယသံဝေါဟာရသိက္ခာပဒံ နိဋ္ဌိတံ နဝမံ။