ပေ။
ဗဟူ၊ ကုန်သော။
ပတ္တေ၊ သပိတ်တို့ကို။
သန္နိစယံ၊ သိုမှီးသိမ်းဆည်းမှုကို။
ကရောန္တိ။
ပေ။
ကရိဿန္တိနာမ၊ ပြုကြရသနည်း။
ပတ္တဝါဏိဇ္ဇံဝါ၊ သပိတ်ကုန်သွယ်မှုကိုလည်း။
ကရိဿန္တိ၊ ပြုကြလိမ့်မည်လော။
အာမတ္တိကာပဏံဝါ
၁။ အညွှန်း။ ။၁-ပါရာဇိကဏ် ဘာသာဋီကာ-၃၆၁။
ပါစိတ်ဘာသာဋီကာ( )လည်းရှု။
၊ အိုးခွက်ဘဏ္ဍာရှိသူ ကုန်သည်တို့၏ ဈေးဆိုင်ကိုလည်း။
ဝါ၊ အိုးခွက်ရောင်းသူတို့၏ ဈေးဆိုင်ကိုလည်း။
ပသာရေဿန္တိ၊ ဖြန့်ခင်းကြ လိမ့်မည်လော။
ဣတိ၊ ပြီ။
ပေ။
အတိရေကပတ္တံ၊ အဓိဋ္ဌာန်တင်အပ်, ဝိကပ္ပနာပြု အပ်သောသပိတ်မှအပိုဖြစ်သောသပိတ်ကို။
ဓာရေဿန္တိနာမ၊ ဆောင်ထား ကြရသနည်း။
ပေ။
ပါတိမောက် နိဿယအတိုင်းပေးပါ။
စီဝရဝဂ် စာပိုဒ်နံပါတ် ၄၆၁-ကို နည်းမှီပေးပါ။
ပါတိမောက် နိဿယအတိုင်းပေးပါ။
ဒသာဟပရမန္တိ၊ ကား (ယာ)
ဒသာဟပရမတာ၊ အကြင်ဆယ်ရက်အလွန် အပိုင်းအခြား ရှိသည်၏အဖြစ်သည်။
(အတ္ထိ)။
(တံ၊ ထိုဆယ် ရက်အလွန် အပိုင်းအခြားရှိသော ကာလပတ်လုံး)။
ဓာရေတဗ္ဗံ၊ ဆောင်ထားအပ်, ဆောင်ထားနိုင်၏။
အတိရေကပတ္တောနာမ၊ မည်သည်။
အနဓိဋ္ဌိတော၊ အဓိဋ္ဌာန် မတင်အပ်သော။
အဝိကပ္ပိတော၊ ဝိကပ္ပနာမပြုအပ်သော သပိတ်တည်း။
ပတ္တောနမ၊ မည်သည်။
ပတ္တာ၊ တို့သည်။
ဒွေ၊ နှစ်မျိုးတို့တည်း။
အယောပတ္တော၊ သံသပိတ် လည်းကောင်း။
မတ္တိကာပတ္တော၊ မြေသပိတ် လည်းကောင်းတည်း။
[ပတ္တောနာမ၊ မည်သည်။
အယောပတ္တော၊ လည်းကောင်း။
မတ္တိကာပတ္တော၊ လည်းကောင်း။
ဣတိ၊ သို့။
ပတ္တာ၊ တို့သည်။
ဒွေ၊ တို့တည်း။
ဤသို့လည်း ပေးနိုင်၏။]
ပတ္တဿဝဏ္ဏာ၊ ပမာဏတို့သည်။
ဝါ၊ အတိုင်း အတာတို့သည်။
တယော၊ လည်းကောင်း။
[မဇ္ဈိမ၊ အလယ်အလတ်။
ဩမက၊ အငယ်။]
ပတ္တော၊ လည်းကောင်းတည်း။
ဥက္ကဋ္ဌော၊ သော။
ပတ္တောနာမ၊ မည်သည်။
အဍ္ဎာဠှကောဒနံ၊ တစ်ပြည်ထက်ဝက်,တစ်ခွက်ချက် ထမင်းကိုလည်းကောင်း။
စတုဘာဂံ၊ ထိုထမင်း၏လေးဖို့တစ်ဖို့ဖြစ်သော။
ခါဒနံ၊ မကျဲမပျစ်,လက်ကောက်၍ဖြစ်သော ပဲဟင်းကိုလည်းကောင်း။
တဒုပိယံ၊ ထိုထမင်းသို့ကပ်ရောက်သော။
ဝါ၊ ထိုထမင်းအား သင့်လျော်သော။
ဗျဉ္ဇနံ၊ အမဲသား, ငါး တစ်ပါးပါးသော ဟင်းလျာကိုလည်းကောင်း။
[ငါး,အမဲ,ဟင်းရွက်, ဟင်းသီး,အညွန့် စသော ဟင်းလျာ။]
ဂဏှာတိ၊ ယူနိုင်၏။
ဝါ၊ ဆံ့၏။
[**အမှာ**။ ။"အဍ္ဎဠှကောဒန၊ အဍ္ဎ+အာဠှက+ဩဒန
၊ တစ်ပြည်+ထက်ဝက်
၊ တစ်ခွက်ချက်+ထမင်း။
မဂဓတိုင်းသုံးပြည်ဖြစ်၍ ထိုပြည်သူ၏ ထက်ဝက်သည် မြန်မာနိုင်ငံသုံး တစ်ပြည်နှင့် ညီမျှ၏။
ထို့ကြောင့် "တစ်ခွက်ချက်" ဟု ဆိုသော်လည်း မြန်မာသုံးအနေဖြင့်မူ "တစ်ပြည်" ပင်။]
မဇ္ဈိမော၊ သော။
ပတ္တောနာမ၊ မည်သည်။
နာဠိကောဒနံ၊ တစ်ကွမ်းစားချက်ထမင်းကို လည်းကောင်း။
[မဂဓတိုင်းသုံးကွမ်းစာ။]
ဝါ၊ တစ်ခွက်ချက် ထမင်းကိုလည်းကောင်း။
ပေ။
ဩမကော၊ သော။
ပတ္တောနာမ၊ သည်လည်း။
ပတ္ထောဒနံ၊ တစ်စလယ်ချက်ထမင်းကိုလည်းကောင်း။
ပေ။
တတော၊ ထို(ဆိုအပ်ပြီးသော)ဥက္ကဋ္ဌသပိတ်ထက်။
ဥက္ကဋ္ဌော၊ ကြီးသောသပိတ်သည်။
အပတ္တော၊ အဓိဋ္ဌာန်ဝိကပ္ပနာပြုထိုက်သော သပိတ်မဟုတ်။
["ဥက္ကဋ္ဌုက္ကဋ္ဌ" သပိတ် ဟုခေါ်သည်။]
တတော၊ ထို(တိုအပ်ပြီးသော)ဩမကသပိတ်အောက်။
ဩမကော၊ ငယ်သောသပိတ်သည်။
အပတ္တော၊ မဟုတ်။
["ဩမကောမက" သပိတ်ဟု ခေါ်သည်။]
အမှာ။ ။ကြွင်းဝါကျများ၌ အနက်ကို ရှေး၌ ပေးခဲ့ပြီ။
ပတ္တသိက္ခာပဒံ နိဋ္ဌိတံ ပဌမံ။