Issues
Select Version
Itivuttakapāḷi
Itivuttakapāḷi

Itivuttakapāḷi

Author: နိဿယ @ IAPT

ဘဂဝတာ၊ ရွှေဘုန်း‌တော်သခင် ဘုရားရှင်သည်။ ဧကဓမ္မံ ဘိက္ခေဝေ ပဇဟထ (လ) အနာဂါမိတာယာ'တိ၊ အနာဂါမိတာယ' ဟူသော။ **ဧတံ**၊ ဤသုတ်ကို။ **ဝုတ္တံ**၊ ဟောကြားတော်မူအပ်ပြီ။ အရဟတာ၊ ပူဇော်အထူးကိုခံတော်မူထိုက်သော ဘုရားရှင်သည်။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ် အာနန္ဒသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။[ဝုတ္တံ ဟေတံ ဘဂဝတာ-ဟူသောဝါကျဖြင့် ဤသုတ်သည် ဘုရားဟော ဖြစ်ကြောင်းလုံလောက်ပြီမဟုတ်လော။ ဘာကြောင့် ဝုတ္တမရဟတာ-ဟူသော ဝါကျကို ထပ်၍မိန့်တော်မူအပ်ပါသနည်း။ (မေး)
ဤဣတိဝုတ်ပါဠိ၌ ပါရှိသမျှသုတ်တို့သည် ဘုရားဟောမှ ဘုရားဟောပါ။ အရှင်သာရိပုတ္တရာစသော သာဝကများ ဟောအပ်သော သာဝကများ ဟောအပ်သော သာဝကဘာသိတ မဟုတ်ပါဟူသောအဓိပ္ပါယ်ကိုလည်းကောင်း၊ ဘုရားရှင် ဟောတော််မူအပ်သော အမှန်ပါ၊ ဘုရားရှင်မှ တစ်ပါး အခြားတစ်ဥုး တစ်ယောက်ထံမှ ကြားခဲ့တဲ့ သုတ်မဟုတ်ပါ-ဟူသောအဓိပ္ပါယ်ကိုလည်းကောင်း သိစေလိုသောကြောင့် နှစ်ဝါကျ ဟောတော်မူခြင်းဖြစ်သည်။ (ဖြေ)]
အမှာ။ ။ နှစ်ဝါကျဟောခြင်းနှင့်စပ်၍ ရှင်းလင်းချက်များစွာ ရှိသေး၏။ အဋ္ဌကထာ ရှုလေ။
ဘိက္ခဝေ၊ တို့။ **ဧကဓမ္မံ**၊ ပူပန်စေတတ် နှိပ်စက်တတ်သော တစ်ခုသော သဘောတရားကို။ ပဇဟထ၊ ပယ်စွန့်ကြကုန်လော့။ အဟံ၊ ငါဘုရားသည်။ ဝေါ၊ သင်တို့အား။ အနာဂါမိတာယ၊ အနာဂါမ် ဖြစ်ဖို့ရန်အတွက်။ **ပါဣိဘောဂေါ**၊ အာမခံ၏။ ဝါ၊ အာမခံပုဂ္ဂိုလ်တည်း။
ကတမံ၊ အဘယ်မည်သော။ ဧကဓမ္မံ၊ တခုသော သဘောတရားကို။ ပဇဟထ၊ ပယ်စွန့်ကြရမည်နည်း။
**ဘိက္ခဝေ**၊ တို့။ **လောဘံ**၊ လိုချင်မက်မောတတ်သော။ ဧကဓမ္မံ၊ ပူပန်စေတတ် နှိပ်စက်တတ်သော တခုသော သဘောတရားကို။ **ပဇဟထ**၊ ပယ်စွန့်ကြကုန်လော့။ အဟံ၊ ငါဘုရားသည်။ ဝေါ၊ သင်တို့အား။ အနာဂါမိတာယ၊ အနာဂါမ်ဖြစ်ဖို့ရန်အတွက်။ဧကဓမ္မံ။ ။ ဧကသဒ္ဒေါ သင်္ခါယမေဝ ဒဋ္ဌဗ္ဗော-နှင့်အညီ ဧကသဒ္ဒါ-တစ်ဟူသော သင်္ချာဝါစက။ ဓမ္မသဒ္ဒေါ ဣဓာပိ သဘာဝေါ-နှင့်အညီ ဓမ္မသဒ္ဒါ သဘာဝဝါစက။ ဧကဓမ္မန္တိ ဧကံ သံကိလေသဘာဝန္တိ အတ္ထော-နှင့်အညီ ပူပန်စေတတ်နှိပ်စက်တတ်သော တခုသော သဘောကို ဟု အနက်ပြန်ဆိုသည်။
ဧဝါ ဘိက္ခဝေ။ ။ တရားဟောရမှာ မဟောသေးဘဲ ဘိက္ခဝေ-ဟု ခေါ်တော်မူခြင်းသည် တရားနာပရိတ်သတ်တို့ကို သတိပေးသည့်အနေဖြင့် ခေါ်တော်မူခြင်းတည်း။ (ဋ္ဌ။) ဝေါ- သည် ပဌမာ, ဒုတိယာ, ကရိုဏ်း, သာမိအနက်တို့ကို မဟော၊ သမ္ပဒါန်အနက်ဟော သမ္ပဒါနဝါစက။
ပါဋိဘောဂေါ။ ။ ငွေချေးငှားသူ မြီစားကို အကြောင်းပြု၍ မြီရှင်ငွေရှင်ကို အာမခံသူ၊ မြီရှင် ငွေရှင်ကို အကြောင်းပြု၍ မြီစား ငွေချေးငှားအတွက် အာမခံသူတာဝန်ယူသူကို ပဋိသူ-ဟု ခေါ်ဆိုအပ်၏။ ထို့အတူ ဘုရားရှင်သည်လည်း ကာမရာဂကို ပယ်စွန့်သော ပုဂ္ဂိုလ်အတွက် အနာဂါမ်ဖြစ်ရန် တာဝန်ခံသည်။ ထို့ကြောင့် ဘုရားရှင်လည်း ပဋိဘူ-ပုဂ္ဂိုလ်တည်း။ ထို့ကြောင့် "ပါဋိဘောဂေါတိ ပဋိဘူ၊ သောဟိ ဓာရဏကံ ပဋိစ္စ ဓနိကဿ ဓနိကံ ပဋိစ္စ ဓာရဏကဿ ပဋိနိဓိဘူတော ဓနိကသန္တကဿ တတော ဟရဏာဒိသင်္ခါတေန ဘုဉ္ဇနေန ဘောဂေါတိ ပဋိဘောဂေါ၊ ပဋိဘောဂေါ ဧဝ ပါဋိဘောဂေါ"ဟု မိန့်ပြီ။ (ဋ္ဌ၊ ၃၆)
လောဘံ ဘိက္ခဝေ။ ။ နောက်ထပ် လောဘံ ဘိက္ခဝ-ဟုခေါ်တော်မူခြင်းသည် ရှေးရှုနားထောင် နားစွင့်နေသော ဓမ္မပဋိဂ္ဂါဟကတို့အား ထိုတရားတော်၌ ရိုသေလေးစားစေရန် ဖြစ်သည်။ အာဒရဇနနတ္ထံ။ (ဋ္ဌ၊၃၈)
လောဘံ ပဇဟထ။ ။ လောဘံ ပဇဟထ- ဖြင့် ပဟာနပရိညာ-ကို တိုက်ရိုက်သိစေသည်။ ထို ပဟာနပရိညာ-သည် တီရဏပရိညာ၌ တည်သောကြောင့် တီရဏပရိညာနှင့် မကင်းနိုင်။ တီရဏပရိညာသည်လည်း ဉာတပရိညာ၌ တည်သောကြောင့် ဉာတပရိညာနှင့် မကင်းနိုင်။ ထို့ကြောင့် ပရိညာသုံးပါးလုံးကို သိစေသည်-ဟုဆိုအပ်၏။ ပရိညာသုံးပါးအထူးကို ဋ္ဌ-နှာ ၅၀-၌ ရှု။
ပါဋိဘောဂေါ၊ အာမခံ၏။ ဝါ၊ အာမခံပုဂ္ဂိုလ်တည်း။
ဧတမတ္ထံ၊ ဤအနက်ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ ဟောတော်မူပြီ။
တတ္ထ၊ ထိုသုတ်၌။ 'ယေန လောဘေန လုဒ္ဓါသေ (လ) ဣမံ လောကံ ကုဒါစန'န္တိ၊ ကုဒါစနံ-ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပါယ်ကို။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ ဆိုအပ်၏။
ယေန လောဘေန၊ အကြင်လောဘဖြင့်။ **လုဒ္ဓါသေ**၊ တပ်မက်ကြကုန်၏။ လုဒ္ဓတ္တာ၊ တပ်မက်ကုန်သောကြောင့်။ သတ္တာ၊ သတ္တဝါတို့သည်။ **ဒုဂ္ဂတိံ**၊ မကောင်းသောသူတို့၏ လားရာ ဒုဂ္ဂတိဘုံဘဝသို့။ ဂစ္ဆန္တိ၊ ရောက်ကြကုန်၏။**လုဒ္ဓါသေ**။ ။ လုဒ္ဓါသေ၌ သေကား နိပါတမတ္တဖြစ်၍ တပ်မက်ကုန်၏ဟူ၍၎င်း၊ တပ်မက်ကုန်သောဟူ၍၎င်း နှစ်နက် ပေးနိုင်သည်။ ဒုတိယအနက်ကား သတ္တာ၏ ဟေတုမန္တဝိသေသနတည်း။ ထိုကြောင့် ဋ္ဌ-၌ လုဒ္ဓတ္တာဟု ဖွင့်ဆိုသည်။ လောဘဖြင့်ရူပါရုံစသော အာယတန ၁၂-ပါးတို့၌ တပ်မက်သောကြောင့် သုစရိုက်တို့ကိုတော့မပြု၊ ဒုစရိုက်တို့ကိုသာ ဆည်းပူးပြုကျင့်လျက် အာယတန ၁၂-ပါးတို့၌ ကပ်ငြိတွယ်တာတတ်သောကြောင့် ၎င်းတို့ကို သတ္တ၊ သတ္တဝါ ဟု ခေါ်ဆိုကြသည် ဟူလို။
ဒုဂ္ဂတိံ။ ။ ဒုဂ္ဂတိံ ၌ ဒုအရ မကောင်းသောသူတို့ကို အချို့နေရာ၌ ဖွင့်ဆိုသော်လည်း ဤ၌ ဒု-ကို ဒုက္ခဿ-ဟုဖွင့်ဆိုခြင်းကြောင့် ဒုက္ခ၏ ဖြစ်ရာ တည်ရာဖြစ်သော ငရဲ တိရစ္ဆာန် ပြိတ္တာတို့ကို ဒုဂ္ဂတိ-ဟုဆိုလိုသည်။ ဂါထာရှေ့ထက်ဝက်၏ ဆိုလိုရင်းကား အာယတန ၁၂-ပါးတို့၌ လောဘဖြင့် တပ်မက်တွယ်တာ ကပ်ငြိသော သတ္တဝါတို့သည် ငရဲစသော ဒုဂ္ဂတိဘုံဌာနသို့ ပဋိသန္ဓေနေသောအားဖြင့် ရောက်ကုန်ကြသည် ဟူလို။
**ဝိပဿိနော**၊ ရုပ်နာမ်နှစ်ဖြာ ဥပါဒါနက္ခန္ဓာကို အနိစ္စစသည်ဖြင့် ရှုမြင်ကုန်သောသူတို့သည်။ **တံ လောဘံ**၊ ထိုလောဘကို။ သမ္မာ၊ မှန်ကန်စွာ။ **အညာယ**၊ ဉာတပရိညာ တီရဏပရိညာဟု ဆိုအပ်သော ပညာဖြင့် သိ၍။ ပဇဟန္တိ၊ ပယ်စွန့်ကုန်၏။ **ပဟာယ**၊ ပယ်စွန့်၍။ **ဣမံ လောကံ**၊ ဤလောကသို့။ **ကုဒါစနံ**၊ တစ်ခါတစ်ရံမျှ။ **ပုန**၊ နောက်ထပ်။ **န အာယန္တိ**၊ မလာတော့ကုန်။
အယမ္ပိ အတ္ထော၊ ဤအနက်အဓိပ္ပါယ်ကိုလည်း။ (ပိ-ဖြင့် ဆိုအပ်လတ္တံ့သော သုတ်တို့၏ အနက်ကို ပေါင်း၏။) ဘဂဝတာ၊ ဘုရားရှင်သည်။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ ဤသို့။ ‌မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ ဣတိ၊ ပြီးပြီ။
ပဌမံ။
ဧကဓမ္မံ ဘိက္ခဝေ ပဇဟထ(လ)အနာဂါမိတာယာ'တိ၊ အနာဂါမိတာယ'ဟူသော။ ဧတံ၊ ဤသုတ်ကို။ ဘဂဝတာ၊ ရွှေဘုန်းတော်သခင် ဘုရားရှင်သည်။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ အရဟတာ၊ ပူဇော်အထူးကို ခံတော်မူထိုက်သော ဘုရားရှင်သည်။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ ဘိက္ခဝေ၊ တို့။ ဧကံ၊ တစ်ခုသော သဘောတရားကို။ ပဇဟထ၊ ပယ်ကြကုန်လော့။ အဟံ၊ ငါဘုရားသည်။ ဝေါ၊ သင်တို့အား။ အနာဂါမိတာယ၊ အနာဂါမ်ပုဂ္ဂိုလ်ဖြစ်ဖို့ရန်။ ပါဋိဘောဂေါ၊ အာမခံတည်း။ ဝါ၊ အာမခံပုဂ္ဂိုလ်တည်း။
ကတမံ၊ အဘယ်သို့သော။ ဧကဓမ္မံ၊ တခုသော သဘောတရားကိုနည်း။
**ဘိက္ခဝေ**၊ တို့။ **ဒေါသံ**၊ အမျက်ဒေါသ ဟူသော။ **ဧကဓမ္မံ**၊ ပူပန်စေတတ်နှိပ်စက်တတ်သော တစ်ခုသော သဘောကို။ **ပဇဟထ**-သမုစ္ဆိန္ဒထ၊ အကြွင်းမဲ့စွန့်ပယ်ကြကုန်လော့။ အဟံ၊ ငါဘုရားသည်။ ဝေါ၊ သင်တို့အား။ အနာဂါမိတာယ၊ အနုဂါမ်ပုဂ္ဂိုလ်ဖြစ်ဖို့ရန်။ ပါဋိဘောဂေါ၊ အာမခံတည်း။ ဝါ၊ အာမခံပုဂ္ဂိုလ်တည်း။
ဧတံ အတ္ထံ၊ ဤအနက်အဓိပ္ပါယ်ကို။ ဘဂဝါ၊ ဘုရားရှင်သည်။ အဝေါစ၊ ဟောတော်မူပြီ။
တတ္ထ၊ ထိုသုတ်၌။ 'ယေန ဒေါသေန ဒုဋ္ဌာသေ (လ) ဣမံလောကံ ကုဒါစနံ'န္တိ၊ ကုဒါစနံ-ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပါယ်ကို။ ဘဂဝတာ၊ သည်။ (ထည့်) ဝုစ္စတိ၊ ဟောတော်မူအပ်၏။ (သင်္ဂီတိကာရကတို့၏လက်ရာ ဥပနိဗန္ဓဂါထာမဟုတ်-ဗုဒ္ဓဘာသိတ-ဂါထာ-ဟူလို)ဒေါသံ ဘိက္ခဝေ ဧကဓမ္မံ ပဇဟထ။ ။ အနတ္ထံ မေ အစရိ-စသည်ဖြင့် ၉-ပါး၊ အတ္ထံ မေ နာစရိ-စသည်ဖြင့် ၉-ပါး၊ ခလုတ်တိုက်ခြင်း, နေပူ မိုးရွာခြင်းကိုအဓိပ္ပါယ်မရှိ အမျက်ထွက်ခြင်းဟူသော အဋ္ဌာနကောပ၊ ပေါင်း ၁၉-ပါး သော ဒေါသတို့အနက် တစ်ခုခုသော အမျက်ဒေါသကို ဤ၌ ယူလေ။ (ဋ္ဌ၊၄၂)
ယေန လောဘေန လုဒ္ဓါသေ-ဂါထာမှ တစ်မျိုးတစ်ဖုံ တစ်နည်းပြောင်း၍ ယေနဒေါသေန ဒုဋ္ဌာသေ-ဂါထာကို အနက်ပြန်ဆိုလိုက်သည်။
ယေန ဒေါသေန၊ အကြင် အမျက်ဒေါသသည်။ ဒုဋ္ဌာသေ၊ ဖျက်ဆီးအပ်ကုန်၏။ ဒုဋ္ဌတ္တာ၊ ဖျက်ဆီးအပ်ကုန်သည်၏ အဖြစ်ကြောင့်။ သတ္တာ၊ သတ္တဝါတို့သည်။ ဒုဂ္ဂတိံ၊ ဆင်းရဲ၏ ဖြစ်ရာတည်ရာ ဒုဂ္ဂတိဘုံဘဝသို့။ ဂစ္ဆန္တိ၊ ပဋိသန္ဓေနေသောအားဖြင့် ရောက်ကြကုန်၏။ ဝိပဿိနော၊ ရုပ်နာမ်နှစ်ဖြာ ဥပါဒါနက္ခန္ဓာတို့ကို အနိစ္စစသော အထူးထူးသော အခြင်းအရာတို့ဖြင့် ရှုကုန်သော ယောဂီတို့သည်။ တံ ဒေါသံ၊ ထို အမျက်ဒေါသကို။ သမ္မာ၊ မှန်ကန်စွာ။ ဝါ၊ နည်းမှန်လမ်းမှန်ဖြင့်။ အညာယ၊ ဉာတ ပရိညာ တီရဏပရိညာပညာဖြင့် သိ၍။ ပဇဟန္တိ၊ အကြွင်းမဲ့ ပယ်စွန့်ကုန်၏။ ပဟာယ၊ ပယ်စွန့်ခြင်းကြောင့်။ ဣမံ လော၊ ဤကာမဘုံ ကာမဓာတ်သို့။ ကုဒါစနံ၊ တစ်ခါတစ်ရံမျှ။ န ပုနာယန္တိ၊ တစ်ဖန်ပြန်မလာရောက်တော့ကုန်။
အယမ္ပိ အတ္ထော၊ ဤအနက်အဓိပ္ပါယ်ကိုလည်း။ ဘဂဝတာ၊ သည်။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ ဤသို့။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ ဣတိ၊ ပြီးပြီ။
ဒုတိယံ။
ဘဂဝတာ၊ ရွှေဘုန်းတော်သခင် ဘုရားရှင်သည် (ပ) အာမခံပုဂ္ဂိုလ်တည်း။
ကတမံ၊ အဘယ်မည်သော။ ဧကဓမ္မံ၊ တစ်ခုသော သဘောတရားကိုနည်း။ ဘိက္ခဝေ၊ တို့။
မောဟံ၊ အာရုံ၏ သဘာဝအမှန်ကို မသိတတ် တွေဝေတတ်သော။ ဧကဓမ္မံ၊ တစ်ခုသော သဘောတရားကို။ ပဇဟထ၊ ပယ်စွန့်ကြကုန်လော့။ အဟံ၊ ငါဘုရားသည်။ ဝေါ၊ သင်တို့အား။ အနာဂါမိတာယ၊ အနာဂါမ်ပုဂ္ဂိုလ်ဖြစ်ဖို့ရန်။ ပါဋိဘောဂေါ၊ အာမခံ၏။ ဝါ၊ အာမခံပုဂ္ဂိုလ်တည်း။ ဣတိ၊ ဤသို့။ ‌မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီ။ (မေသုတံ၊ ပြန်စပ်သည်။)
တတ္ထ၊ ထိုမောဟသုတ်၌။ 'ယေန မောဟေန မူဠှာသေ (လ) ဣမံ လောကံကုဒါစန'န္တိ၊ ကုဒါစနံ-ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပါယ်ကို။ ဘဂဝတာ၊ သည်။ ဝုစ္စတိ၊ မိန့်ဆိုအပ်၏။
ယေန မောဟေန၊ အကြင်မောဟဖြင့်။ မူဠှာသေ၊ အာရုံ၏ သဘာဝအမှန်ကိုမသိ တွေဝေကြကုန်၏။ မူဠှတွတာ၊ မသိကြ တွေဝေကြ‌သောကြောင့်။ သတ္တာ၊ သတ္တဝါတို့သည်။ ဒုဂ္ဂတိံ၊ ဆင်းရဲဒုက္ခ၏ ဖြစ်ရာတည်ရာ ဒုဂ္ဂတိဘုံဘဝသို့။ ဂစ္ဆန္တိ၊ ပဋိသန္ဓေ တည်နေသောကြောင့် ရောက်ကြရကုန်၏။ ဝိပဿိနော၊ ရုပ်နာမ်ဓမ္မဥပါဒါနက္ခန္ဓကို အနိစ္စစသော အထူးထူးသော အခြင်းအရာတို့ဖြင့် ရှုမှတ်သောယောဂီတို့သည်။ မောဟံ၊ အာရုံ၏ သဘာဝအမှန်ကို မသိ တွေဝေမှုကို။ သမ္မာ၊ မှန်ကန်စွာ။ အညာယ၊ ဉာတပရိညာ တီရဏပရိညာ ပညာအားဖြင့်သိ၍။ ပဇဟန္တိ၊ အကြွင်းမဲ့ပယ်စွန့်ကုန်၏။ ပဟာယ၊ ပယ်စွန့်ခြင်းကြောင့်။ ဣမံလောကံ၊ ဤကာမလောက ကာမဓာတ်သို့။ ကုဒါစနံ၊ တစ်ခါတစ်ရံမျှ။ ပုန၊ နောက်ထပ်။ န အာယန္တိ၊ မလာရောက်တော့ကုန်။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
တတိယံ။
ဘဂဝတာ၊ ရွှေဘုန်း‌တော်သခင် ဘုရားရှင်သည် (ပ) အာမခံပုဂ္ဂိုလ်တည်း။
ကတမံ၊ အဘယ်မည်သော။ ဧကဓမ္မံ၊ တစ်ခုသော သဘောတရားကိုနည်း။
ဘိက္ခဝေ၊ တို့။ ကောဓံ၊ စိတ်ဆိုးခြင်း အမျက်ထွက်ခြင်းဟူသော။ ဧကဓမ္မံ၊ တစ်ခုတည်းသော သဘောတရားကို။ ပဇဟထ၊ ပယ်စွန့်ကြကုန်လော့။ အဟံ၊ ငါဘုရားသည်။ ဝေါ၊ သင်တို့အား။ အနာဂါမိတာယ၊ အနာဂါမ်အဖြစ်အလို့ငှာ။ ဝါ၊ အနာဂါမ်ပုဂ္ဂိုလ် ဖြစ်ဖို့ရန်။ ပါဋိဘောဂေါ၊ အာမခံတည်း။ ဝါ၊ အာမခံပုဂ္ဂိုလ် တည်း။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ (မေသုတံ-ပြန်စပ်။)
ဧတံ အတ္တံ၊ ဤအနက်အဓိပ္ပါယ်ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ ဟောတော်မူပြီ။
တတ္ထ၊ ထိုကောဓသုတ်၌။ 'ယေန ကောဓေန ကုဒ္ဓါသေ (လ) ဣမံ လောကံ ကုဒါစန'န္တိ၊ ကုဒါစနံ' ဟူသော။ ဧဝံ၊ ဤဂါထာအနက်အဓိပ္ပါယ်ကို။ ဘဂဝတာ၊ သည်။ ဝုစ္စတိ၊ မိန့်ဆိုတော်မူအပ်၏။
ယေန **ကောဓေန**၊ အကြင် အမျက်ဒေါသဖြင့်။ ကုဒ္ဓါသေ၊ အမျက်ထွက်ကြကုန်၏။ ကုဒ္ဓတ္တာ၊ အမျက်ဒေါသ ထွက်ကုန်သောကြောင့်။ သတ္တာ၊ သတ္တဝါတို့သည်။ ဒုဂ္ဂတိံ၊ ဆင်းရဲဒုက္ခ၏ ဖြစ်ရာတည်ရာ ဒုဂ္ဂတိဘုံဘဝသို့။ ဂစ္ဆန္တိ၊ ပဋိသန္ဓေတည်နေသောအားဖြင့် ရောက်ကြကုန်၏။ ဝိပဿိနော၊ ရုပ်နာမ်ဓမ္မဥပါဒါနက္ခန္ဓကို အနိစ္စစသော အထူးထူးသော အခြင်းအရာတို့ဖြင့် ရှုမှတ်သော ယောဂီတို့သည်။ တံ ကောဓံ၊ ထိုအမျက်ဒေါသကို။ သမ္မာ၊ မှန်ကန်သောအကြောင်းယုတ္တိဖြင့်။ ဝါ၊ မှန်ကုန်စွာ။ အညာယ၊ ဉာတပရိညာ တီရဏပရိညာပညာဖြင့်သိ၍။ ပဇဟန္တိ၊ အကြွင်းမဲ့ ပယ်စွန့်ကုန်၏။ ပဟာယ၊ ပယ်စွန့်ခြင်းကြောင့်။ ဣမံ၊ ဤကာမဘုံ ကာမဓာတ်သို့။ ကုဒါစနံ၊ တစ်ခါတစ်ရံမျှ။ ပုန၊ နောက်ထပ်။ န အာယန္တိ၊ မလာရောက်တော့ကုန်။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
စတုတ္ထံ။
ကတမံ၊ အဘယ်မည်သော။ ဧကဓမ္မံ၊ တစ်ခုသော သဘောတရားကိုနည်း။ မှတ်ချက်။ ။ ကောဓ-အရ ဒေါသ-ပင်ရ၏။ ဒေါသ-သုတ်နှင့် ထူးမခြားပင်။ သို့သော် ကောဓအမည်ဖြင့် ဟောမှ သိမည့် ဝေနေယျတို့အတွက် ထပ်မံဟောတော်မူသည်။ (ဋ္ဌ၊ ၄၆)
ဘိက္ခဝေ၊ တို့။ မက္ခံ၊ သူ့ကျေးဇူးကို ချေဖျက်တတ်သော။ ဧကဓမ္မံ၊ တစ်ခုသော သဘောတရားကို။ ပဇဟထ၊ အကြွင်းမဲ့ ပယ်စွန့်ကြကုန်လော့။ အဟံ၊ ငါဘုရားသည်။ ဝေါ၊ သင်တို့အား။ အနာဂါမိတာယ၊ အနာဂါမ်အဖြစ် အလို့ငှာ။ ဝါ၊ အနာဂါမ်ပုဂ္ဂိုလ် ဖြစ်ဖို့ရန်။ ပါဋိဘောဂေါ၊ အာမခံတည်း။ ဝါ၊ အာမခံပုဂ္ဂိုလ်တည်း။
ဧတံ အတ္ထံ၊ ဤအနက်အဓိပ္ပါယ်ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ ဟောတော်မူပြီ။
တတ္ထ၊ ထိုမက္ခသုတ်၌။ 'ယေန မက္ခေန မက္ခာသေ (လ) ဣမံ လောကံကုဒါစန'န္တိ၊ ကုဒါစနံ'ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပါယ်ကို။ ဘဂဝတာ၊ ဘုရားရှင်သည်။ ဝုစ္စတိ၊ ဟောကြားတော်မူအပ်၏။
ယေန မက္ခေန၊ အကြင်သူ့ကျေးဇူးကို ချေဖျက်တတ်သော ဒေါမနဿသဟဂုတ် စိတ္တုပ္ပါဒ်ဖြင့်။ မက္ခာ‌သေ၊ သူတစ်ပါးကျေးဇူးကို ဖျက်ဆီးကုန်၏။ မက္ခိတတ္တာ၊ သူ့တစ်ပါးကျေးဇူးကို ချေဖျက်တတ်သောကြောင့်။ သတ္တာ၊ သတ္တဝါတို့သည်။ ဒုဂ္ဂတိံ၊ ဆင်းရဲဒုက္ခ၏ ဖြစ်ရာတည်ရာ ဒုဂ္ဂတိဘုံဘဝသို့။ ဂစ္ဆန္တိ၊ ပဋိသန္ဓေ တည်နေသောအားဖြင့် ရောက်ကြကုန်၏။ ဝိပဿိနော၊ ရုပ်နာမ်ဓမ္မဥပါဒါနက္ခန္ဓကို အနိစ္စစသော အထူးထူးသော အခြင်းအရာတို့ဖြင့် ရှုမှတ်သော ယောဂီတို့သည်။**မက္ခံ**၊ မက္ခဟူသည် တရားကိုယ်အားဖြင့် ‌ဒေါမနဿဝေဒနာနှင့် တကွဖြစ်သောဒေါမနဿသဟဂုတ်စိတ်၊ ထိုစိတ်နှင့်ယှဥ်သော ဒေါသသမ္ပယုတ္တ ဓမ္မပင်တည်း။ ဝါ၊ ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ်တည်း။ ထိုစိတ္တုပ္ပါဒ်သည် သူတစ်ပါး ကျေးဇူးကိုသာဖျက်ဆီးသည် မဟုတ်၊ မိမိ, သူတပါး နှစ်ဥုးသားတို့၏ ဂုဏ်ကျေးဇူးကို ဖျက်ဆီး၏။ သို့သော် သူတစ်ပါးဂုဏ်ကျေးဇူးကို ဖျက်လိုဖျက်ဆီးသဘောဖြင့် ပြုအပ်ဖြစ်စေအပ်သော တရားဖြစ်ခြင်းကြောင့် မက္ခန္တိ ပရဂုဏမက္ခနံ-ဟု ဖွင့်ဆိုသည်။ လက္ခဏာအားဖြင့်လည်း 'ပရဂုဏမက္ခနလက္ခဏော'ဟု မိန့်တော်မူသည်။
ထိုကြောင့် ဂါထာ၌ မက္ခာသေ-ပုဒ်ကိုလည်း ပရေသံ ဂုဏာနံ မက္ခိတာရောဟူ၍၎င်း၊ တတော ဧဝ အတ္တနောပိ ဓံသိတဂုဏာတိအတ္တော-ဟူ၍၎င်း နှစ်မျိုးရအောင်ဖွင့်ဆိုလေသည်။
တံ မက္ခံ၊ ထို သူ့ကျေးဇူးကို ချေဖျက်တတ်သော မက္ခကို။ သမ္မာ၊ မှန်ကန်စွာ။ ဝါ၊ သင့်သော အကြောင်း ယုတ္တိဖြင့်။ အညာယ၊ ဉာတပရိညာ တီရဏပရိညာပညာဖြင့် သိ၍။ ပဟာယ၊ အကြွင်းမဲ့ ပယ်စွန့်ခြင်းကြောင့်။ ဣမံ လောကံ၊ ဤကာမဘုံ ကာမဓာတ်သို့။ ကုဒါစနံ၊ တစ်ခါတစ်ရံမျှ။ ပုန၊ နောက်ထပ်။ န အာယန္တိ၊ မလာရောက်တော့ကုန်။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
ပဉ္စမံ။
ကတမံ၊ အဘယ်မည်သော။ ဧကဓမ္မံ၊ တစ်ခုသော သဘောတရားကိုနည်း။ ဘိက္ခဝေ၊ တို့။
**မာနံ**၊ မောက်မာထောင်လွှားခြင်းဟူသော။ ဧကဓမ္မံ၊ တစ်ခုသောတရားသဘောကို။ ပဇဟထ၊ အကြွင်းမဲ့ ပယ်စွန့်ကြကုန်လော့။ အဟံ၊ ငါဘုရားသည်။ ဝေါ၊ သင်တို့အား။ အနာဂါမိတာယ၊ **အနာဂါမ်**အဖြစ်အလို့ငှာ။ ဝါ၊ အနာဂါမ်ပုဂ္ဂိုလ် ဖြစ်ဖို့ရန်။ ပါဋိဘောဂေါ၊ အာမခံတည်း။ ဝါ၊ အာမခံပုဂ္ဂိုလ်တည်း။
ဧတံ အတ္ထံ၊ ဤအနက်အဓိပ္ပါယ်ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ မိန့်တော်မူပြီ။
တတ္ထ၊ ထိုသုတ်၌။
'ယေန မာနေန မတ္တာသေ (လ) ဣမံ လောကံ ကုဒါစန'န္တိ၊ ကုဒါစနံ-ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပါယ်ကို။ ဘဂဝတာ၊ သည်။ (ထည့်) ဝုစ္စတိ၊ မိန့်ဆိုတော်မူအပ်၏။**မာနအပြား ၉-ပါး**။ ။ မာနသည် သေယျာမာန်, သဒိသမာန်, ဟိနမာန်-ဟု မူလအနေဖြင့် ၃-မျိုး။ ထိုသုံးမျိုးသည်ပင် တစ်မျိုးတစ်မျိုး၌ သေယျ, သဒိသ, ဟီန-ဟုသုံးမျိုးစီ ထပ်မံပြားသောကြောင့် ၃×၃၊ လီ ၉-မျိုးပြား၏။ (ဋ္ဌ-၄၇)
အနာဂါမ်အမျိုးအစား ၅-ပါး။ ။ သုဒ္ဓါဝါသဘုံ၌ အသီးသီး ပဋိသန္ဓေနေမှုကို အကြောင်းပြု၍ အဝိဟာ-အနာဂါမ်, အတပ္ပါအနာဂါမ်, သုဒဿာအနာဂါမ်, သုဒဿီအနာဂါမ်, သုဒဿီအနာဂါမ်, အကနိဋ္ဌအနာဂါမ်-ဟု ၅-မျိုး။ ထို ၅-မျိုးတွင် ရှေ့လေးမျိုးတို့၌ တစ်မျိုးမျိုးလျှင် အန္တရာပရိနိဗ္ဗာယီ, ဥပဟစ္စပရိနိဗ္ဗာယီ, ဥပဟစ္စပရိနိဗ္ဗာယီ, အသင်္ခါရပရိနိဗ္ဗာယီ, သသင်္ခါရပရိနိဗ္ဗာယီ, ဥဒ္ဓံသောတပရိနိဗ္ဗာယီ-ဟု ၅-မျိုးရ၏။ နောက်ဆုံး အကနိဋ္ဌအနာဂါမ်၌ကား ဥဒ္ဓံသောတအကနိဋ္ဌ အနာဂါမ် မရှိသောကြောင့် လေးမျိုး ရ၏။
အဝိဟာအနာဂါမ် ၅-မျိုး၊
အတပ္ပါအနာဂါမ် ၅-မျိုး၊
သုဒဿာအနာဂါမ် ၅-မျိုး၊
သုဒဿီအနာဂါမ် ၅-မျိုး၊
အကနိဋ္ဌအနာဂါမ် ၄-မျိုးသာ (ဥဒ္ဓံသောတမရသောကြောင့်)ဟူလို။
**တစ်နည်းအနာဂါမ် ၄၈**။ ။ အထက်ပါ အဝိဟာအနာဂါမ် ၅-မျိုး အနက်အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်၊ သသင်္ခါရပရိနိဗ္ဗာယီအနာဂါမ် ပုဂ္ဂိုလ်မည်မျှရှိသလဲဟု ထပ်မံ စစ်ကြည့်လျှင် ကပ္ပါတစ်ရာ၏အထက် တစ်ချိန်ချိန် ပရိနိဗ္ဗာန်စံမည့် အန္တရာပရိနိဗ္ဗာယီ ၁, ကပ္ပါနှစ်ရာ၏အဆုံး၌ ပရိနိဗ္ဗာန်စံမည့် အန္တရာပရိနိဗ္ဗာယီ ၁, ကပ္ပါငါးရာ မပြည့်မီ ပရိနိဗ္ဗာန်စံမည့် အန္တရာပရိနိဗ္ဗာယီ ၁၊ ပေါင်း အန္တရာပရိနိဗ္ဗာယီ ၃-ယောက်၊ ဥပဟစ္စအန္တရာပရိနိဗ္ဗာယီ ၁-ယောက်၊ ဥဒ္ဓံသောတအကနိဋ္ဌဂါမီ ၁-ယောက်၊ပေါင်း၃+၁+၁၊ ၅- ယောက်။ ထို ၅-ယောက်သည် အသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ် ၅-ယောက်လည်း ဟုတ်၏၊ သသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ် ၅-ယောက်လည်း ဟုတ်၏။ ထိုကြောင့်--
အဝိဟာအနာဂါမ်ကို အသင်္ခါရ, သသင်္ခါရနှစ်မျိုးဖြင့် စိစစ်ဝေဖန်သောအခါအထက်ပါအတိုင်း အသင်္ခါရ ၅-ယောက်၊ သသင်္ခါရ၅-ယောက် ပေါင်း ၁၀-ယောက်ရ၏။ အတပ္ပါ, သုဒဿာ, သုဒဿီ-တို့၌လည်း ၁၀-ယောက် စီပင်ရ၏။ နောက်ဆုံး အကနိဋ္ဌအနာဂါမ်ကား ဥဒ္ဓံသောတပုဂ္ဂိုလ်မရနိုင်သောကြောင့် အသင်္ခါရ ၄-ယောက် သသင်္ခါရ ၄-ယောက် ပေါင်း ၈-ယောက်သာ ရ၏။ နောက်ဆုံခြုံလိုက် လျှင် အဝိဟာစသော ရှေ့လေးဘုံရှိ အနာဂါမ်က ၁၀-ယောက်စီရသောကြောင့် ၄၀၊ နောက်အကနိဋ္ဌ အနာဂါမ်က ၈-ယောက်သာရ၍ ပေါင်း အနာဂါမ်ပုဂ္ဂိုလ် ၄၈-ယောက်ဖြစ်၏။
ဥဒ္ဓံသောတ အကနိဋ္ဌဂါမီအနာဂါမ် ၄-မျိုး သုဒ္ဓါဝါသအောက်လေးဘုံ၌ နေပြီးနောက် အကနိဋ္ဌဘုံရောက်မှ ပရိနိဗ္ဗာန်စံလျှင် ဥဒ္ဓံသောတအကနိဋ္ဌဂါမီအနာဂါမ်တည်း။
ယေန မာနေန၊ အကြင်မာနဖြင့်။ မတ္တာသေ-မတ္တာ၊ ဇာတိမာန် ပုရိသမာန် ပညာမာန်စသောအားဖြင့် ကိုယ့်ကိုယ်ကို ပင့်မြှောက်ကာ မူးမေ့နေကြကုန်၏ မတ္တတ္တာ၊ ကြောင့်။ သတ္တာ၊ သတ္တဝါတို့သည်။ ဒုဂ္ဂတိံ၊ ဆင်းရဲဒုက္ခ၏ ဖြစ်ရာတည်ရာ ဒုဂ္ဂတိဘုံဘဝသို့။သုဒ္ဓါဝါသအောက်သုံးဘုံ၌ နေပြီးနောက် စတုတ္ထသုဒဿီဘုံရောက်မှ ပရိနိဗ္ဗာန်စံလျှင် ဥဒ္ဓံသောတ န အကနိဋ္ဌဂါမီအနာဂါမ်တည်း။
ပဋိသန္ဓေနေသောအားဖြင့် သုဒဿီဘုံရောက်နေသော အနာဂါမ်သည် အကနိဋ္ဌဘုံရောက်မှ ပရိနိဗ္ဗာန်စံခဲ့လျှင် န ဥဒ္ဓံသောတ အကနိဋ္ဌဂါမီအနာဂါမ်တည်း။
သုဒ္ဓါဝါသအောက်လေးဘုံသို့ ပဋိသန္ဓေနေသောအားဖြင့် ရောက်လာ၍၊ ထိုရောက်ရာဘုံအသီးသီး၌ပင် ပရိနိဗ္ဗာန်စံလျှင် န ဥဒ္ဓံသောတ န အကနိဋ္ဌဂါမီအနာဂါမ်တည်း။
အနာဂါမ် ၅-မျိုးအထူး အကြင်အနာဂါမ်သည် အဝိဟာစသော သုဒ္ဓါဝါသဘုံတို့၌ ပဋိသ‌န္ဓေနေ၏။ ထိုအနာဂါမ်သည် မိမိပဋိသန္ဓေနေရာဘုံ၏ သက်တမ်းတစ်ဝက်ကို၊ ဝါ၊ သက်တမ်းအလယ်ကို မလွန်ဘဲ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံလျှင် အန္တရာပရိနိဗ္ဗာယီအနာဂါမ်တည်း။
အကြင်အနာဂါမ်သည် မိမိပဋိသန္ဓေနေရာဘုံ၏ သက်တမ်းထက်ဝက်၊ ဝါ၊ သက်တမ်းအလယ်ကိုလွန်၍ ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန်စံလျှင် ဥပဟစ္စပရိနိဗ္ဗာယီ အနာဂါမ်တည်း။
လွန်လွန်ကဲကဲ လုံ့လပယောဂမစိုက်ရဘဲ မငြိုမငြင် အနည်းငယ်သော ဆင်းရဲဖြင့် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံလျှင် အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်တည်း။
လွန်လွန်ကဲကဲ လုံလပယောဂစိုက်၍ ငြိငြင်ဆင်းရဲစွာ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံလျှင် သသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်တည်း။
အဝိဟာဘုံတို့၌ ပဋိသန္ဓေနေသောအားဖြင့် ရောက်လာကြသော အနာဂါမ်တို့သည် ရဟန္တာအဖြစ်သို့ မရောက်နိုင်ဘဲ ထိုရောက်ရာဘုံ၏ သက်တမ်းရှိသမျှ တည်နေပြီး အကနိဋ္ဌဘုံသို့ ပဋိသန္ဓေတည်နေသောအားဖြင့် ရောက်သွားလျှင် ထိုအနာဂါမ်သည် ဥဒ္ဓမဿ တဏှာသောတံ ဝဋ္ဋသောတံ မဂ္ဂသောတမေဝဝါတိ ဥဒ္ဓံသောတော၊ ပဋိသန္ဓိဂ္ဂဟဏဝသေန အကနိဋ္ဌံ ဂစ္ဆတီတိ အကနိဋ္ဌဂါမီနှင့်အညီ ဥဒ္ဓံသောတ အကနိဋ္ဌဂါမီအနာဂါမ်မည်၏။ (ဋ္ဌ၊၄၈)
ဂစ္ဆန္တိ၊ ပဋိသန္ဓေတည်နေသောကြောင့် ရောက်ကြကုန်၏။ ဝိပဿိနော၊ ရုပ်နာမ်ဓမ္မ ဥပါဒါနက္ခန္ဓကို အနိစ္စစသော အထူးထူးသောအခြင်းအရာတို့ဖြင့် ရှုမှတ်သောယောဂီတို့သည်။ တံ မာနံ၊ ထိုထောင်လွှားခြင်းမာန်ကို။ သမ္မာ၊ မှန်ကန်စွာ။ ဝါ၊ မှန်ကန်စွာ အကြောင်းယုတ္တိဖြင့်။ အညာယ၊ ဉာတပရိညာ တီရဏပရိညာ ပညာဖြင့် သိ၍။ ပဇဟန္တိ၊ အကြွင်းမဲ့ ပယ်စွန့်ကြကုန်၏။ ပဟာယ၊ ပယ်စွန့်ခြင်းကြောင့်။ ဣမံ လောကံ၊ ဤကာမဘုံ ကာမဓာတ်သို့။ ကုဒါစနံ၊ တစ်ခါတစ်ရံမျှ။ ပုန၊ နောက်ထပ်။ န အာယန္တိ၊ မလာ‌ရောက်တော့ကုန်။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
ဆဋ္ဌံ။
'သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ (လ) ဘဗ္ဗော ဒုက္ခက္ခယာယာ'တိ၊ ဒုက္ခက္ခယာယ'ဟူသော။ ဧတံ၊ ဤသဗ္ဗပရိညာသုတ်ကို။ ဘဂဝတာ၊ ရွှေဘုန်းတော်သခင်ဘုရားရှင်သည်။ ဝုတ္တံ၊ ‌ဟောတော်မူအပ်ပြီ။ အရဟတာ၊ ပူဇော်အထူးကိုခံတော်မူထိုက်သော မြတ်စွာဘုရားသည်။ ဝုတ္တ'န္တိ၊ ဟောတော်မူအပ်ပြီ' ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ (ဒုက္ခက္ခယာယာတိ-ဟူသောသုတ်အဆုံး ဣတိကို မေ သုတံဝယ် သုတံ၌ရှေးရှေးသုတ်တို့၌ စပ်၍ အနက်ယောဇနာခဲ့သည်။ ဤသုတ်၌ သဗ္ဗံ ဘိက္ခဝေ (လ) ဒုက္ခက္ခယာယာတိ၊ ဒုက္ခက္ခယာယ-ဟူသောဟု ဝုတ္တံဟေတံ၌ ဧဝံဝယ်အာကာရဝိသေသနအနေဖြင့် အနက်ယောဇနာသည်။ ဝုတ္တမရဟတာတိ၌ ဣတိကိုလည်း ရှေးရှေးသုတ်တို့၌ နိဒဿနတ္ထ ကြံ၍ သုတံ၌ စပ်ခဲ့သည်။ ဤသုတ်၌ ဣတိကို ဝုတ္တံနှင့်တွဲ၍ အာကာရတ္ထ ကြံပြီးလျှင် သုတံ၌ စပ်ရသည်။ အနက်ဉာန် ကြီးစေရန် နှစ်နည်းပေးလိုက်သည်။) **ဘိက္ခဝေ**၊ တို့။ **သဗ္ဗံ**၊ အလုံးစုံသော တေဘူမကရုပ်နာမ်ဓမ္မသင်္ခါရကို။ အနဘိဇာနံ၊ ထူးသောဉာန်ဖြင့် မသိသော်။ **အပရိဇာနံ**၊ ဉာတ ပရိညာ တီရဏေပရိညာနှစ်မျိုးဖြင့် ပိုင်းခြား၍မသိသော်။ တတ္ထ၊ ထိုပရိညေယျ တေဘူမက ရုပ်နာမ်ဓမ္မ၌။ စိတ္တံ၊ မိမိ၏ စိတ်အစဥ်ကို။ အဝိရာဇယံ၊ တပ်မက်ခြင်းမကင်းစေနိုင်သော်။ ဝါ၊ တပ်မက်ခြင်း ကင်းအောင်မပြုနိုင်သော်။ အပ္ပဇဟံ၊ တေဘူမက၌ ပယ်ထိုက်သော ကိလေသာဝဋ်ကို မပယ်သော်။ ဒုက္ခက္ခယာ၊ ဆင်းရဲကုန်ခန်းခြင်းငှာ။ အဘဗ္ဗော၊ မထိုက်။သဗ္ဗပရိညာသုတ်၌ သိမှတ်ဖွယ် **သဗ္ဗံ ဘိက္ခဝေ**- ၌ သဗ္ဗသဒ္ဒါသည် အနဝသေသဝါစက၊ အကြွင်းမဲ့ဟူသော အနက်ကို ဟော၏။ ဤသဗ္ဗမှ မဟုတ်၊ မည်သည့်သဗ္ဗသဒ္ဒါမဆို အနဝသေသ=အကြွင်းမဲ့အနက်ဟောချည်းတည်း။ ထိုသဗ္ဗသည် အကျဥ်းအားဖြင့် နိပ္ပ‌ဒေသ သဗ္ဗ, သပ္ပဒေသ-သဗ္ဗ-ဟုနှစ်မျိုး၊ အကျယ်အားဖြင့် ၁-သဗ္ဗသဗ္ဗ၊ ၂-ပဒေသသဗ္ဗ၊ ၃-အာယာတနသဗ္ဗ၊ ၄-သက္ကာယသဗ္ဗဟု ၄-မျိုး။
ထိုအကျယ်လေးမျိုးကို အကျဥ်းနှစ်မျိုး၌ သွင်းလျှင် သဗ္ဗသဗ္ဗသည် နိပ္ပဒေသသဗ္ဗ၊ ကျန်သုံးမျိုးသည် သပ္ပဒေသသဗ္ဗတည်း။ အကျဥ်းနှစ်မျိုး ဖြစ်ဖြစ် အကျယ်လေးမျိုးဖြစ်ဖြစ် သဗ္ဗသဒ္ဒါမှန်သမျှ၏ ဟောနက်ကား အနဝသေသ၊ အကြွင်းမဲ့အနက်ဟောချည်းတည်း။ ဤအဓိပ္ပါယ်ကို သတိရှိစေ။ အနဝသေသ=အကြွင်းမဲ့ အနက်ကိုဟောသော်လည်း သဗ္ဗပုဒ်၏ စပ်ရာ ဝိသေသျကို ကြည့်၍ အနဝသေသကို ခွဲခြားရာ၏။ ဥပမာ-သဗ္ဗံ ရူပံ ဝေဒနာ၊ သဗ္ဗသက္ကာယ ပရိယာပ‌န္နေသု ဓမ္မေသု-ဟူသောပါဠိတို့၌ ပဌမသဗ္ဗသည် ရူပံ၏ ဝိသေသန ဖြစ်သောကြောင့် ရုပ်မှန်သမျှ အကြွင်းမဲ့အကုန် ဟောရကား အနဝသေသဝါစကတည်း။ ဝေဒနာ သညာစသည်ကို မဟောလို့ ဤသဗ္ဗကို အနဝသေသဝါစကမဟုတ်၊ သာဝသေသသဗ္ဗဟု မဆိုသင့်။ သဗ္ဗာ ဝေဒနာ၌ သဗ္ဗလည်း ဝေဒနာ၏ ဝိသေသန၊ဝါ၊ ဝေဒနာနှင့်သာ ဝိသေသန ဝိသေသျစပ်သောကြောင့် ဝေဒနာမှန်သမျှ အကြွင်းမဲ့ ‌ဟောရကား အနဝသေသဝါစကတည်း။ ရုပ်သညာ သင်္ခါရတို့ကို မဟောလို့ သာဝသေသသဗ္ဗဟု မဆိုသင့်။
ထိုကြောင့် ဤသုတ်လာ သဗ္ဗသဒ္ဒါကို အကျဥ်းနှစ်မျိုး၌ သွင်းလျှင် သပ္ပဒေသသဗ္ဗ အကျယ်လေးမျိုး၌သွင်းလျှင် ဝိပဿာနာဉာန်၏ အာရုံဖြစ်သော တေဘူမက ဥပါဒါနက္ခန္ဓာကို ရသောကြောင့် သက္ကာယသဗ္ဗ။ ဟောနက်ဝစ္စအနေအားဖြင့် အနဝသေသဝါစက-ဟု မှတ်။
**မှတ်သားဖွယ်**။ ။ ဤဂါထာ၌ သဗ္ဗတ္ထေသု န ရဇ္ဇတိ-ဖြင့် တဏှာဂါဟ၊ တဏှာစွဲကင်းကြောာင်း မုချအားဖြင့် သိစေသည်။ အကြောင်းတဏှာစွဲကင်းသဖြင့် အကျိုးဒိဋ္ဌိစွဲမာနစွဲတို့ ကင်းကြောင်းကိုလည်း အဝိနာဘာဝနည်းဖြင့် သိစေသည်။ သဗ္ဗတ္ထ-ဟူသောဝိဘတ္တိ ပစ္စယန္တနောင် သုဒ္ဓဝိဘတ်ဖြစ်သော သတ္တမီ သုဝိဘတ်သက် ထားခြင်းသည် သတိထား မှတ်သားဖွယ်ရာတည်း။ သို့မဟုတ် သဗ္ဗနှင့်တကွ သမာသ်၊ ထို့နောင် ဝိဘတ်သက်သည်ဟူ၍သော်လည်း ကြံ။
အပရိဇာနံ ပရိညာသုံးမျိုး အာရဒ္ဓဝိပဿက ယောဂါဝစရပုဂ္ဂိုလ်သည် တေဘူမက ရုပ်နာမ်ဓမ္မကို သိသည်ဟုဆိုရာ၌ ပရိညာသုံးမျိုးဖြင့် သိမှသာ သိသည်မည်၏။ ထို့ကြောင့် ပရိညာသုံးမျိုးအထူးကို ပြဥုးအံ့။
က။ ဘူတရုပ် ဥပါဒါရုပ်စသော ရုပ်တရားနှင့် ဖဿစသော နာမ်တရားတို့ကို လက္ခဏရသ စသောအားဖြင့်လည်းကောင်း၊ ထိုရုပ်နာမ်တို့၏ဖြစ်ကြောင်းအဝိဇ္ဇာ သင်္ခါရ စသော ပစ္စယအားဖြင့်လည်းကောင်း ကွဲကွဲပြားပြားသိခြင်းသည် ဉာတပရိညာတည်း။
ခ။ ဤသို့ ဉာတပရိညာဖြင့် သိပြီး၍ ထိုရုပ်နာမ်ဓမ္မတို့ကို အနိစ္စတော ဒုက္ခတော ပရတော စသော ၄၂-ပါး သော အခြင်းအရာဖြင့် ဆုံးဖြတ်နိုင်ခြင်းသည် တီရဏ ပရိညာတည်း။
ဂ။ ထိုသို့ဆုံးဖြတ်ပြီးနောက် ထိုရုပ်နာမ်ဓမ္မတို့၌ တွယ်တာကပ်ငြိသော ဆန္ဒဘဝကို အရဟတ္တမဂ်ဖြင့် ပယ်ခြင်းသည် ပဟာနပရိညာတည်း။
တစ်နည်း ပရိညာသုံးမျိုး အထူး က။ ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိနှစ်မျိုးသည် ဉာတပရိညာ။ ခ။ မဂ္ဂါမဂ္ဂဉာနဒဿနဝိသုဒ္ဓိ, ပဋိပဒါဉာနဒဿနဝိသုဒ္ဓိနှစ်မျိုးသည် တီရဏပရိညာ။ တစ်နည်း- ကလာပသမ္မသနအစ အနုလောမတိုင်အောင်သော ဝိပဿနာဉာန်သည် တီရဏပရိညာ။
**စ**၊ ဗျတိရိက်ကို ဆိုဥုးအံ့။ **ဘိက္ခဝေ**၊ တို့။ သဗ္ဗံ၊ အလုံးစုံသော ပရိညေယျတေဘူမက ရုပ်နာမ်ဓမ္မကို။ **အဘိဇာနံ** ခေါ၊ ထူးသောဉာန်ဖြင့် သိသော်သာ။ **ပရိဇာနံ ခေါ**၊ ဉာတ, တီရဏပရိညာနှစ်ပါးဖြင့် ပိုင်းခြားသိသော်သာ။ **တတ္ထ**၊ ထို တေဘူမက ရုပ်နာမ်ဓမ္မ၌။ **စိတ္တံ**၊ စိတ်အစဥ်သည်။ **ဝိရာဇယံ**၊ တပ်မက်ခြင်းကင်းသော်သာ။ ဝါ၊ တပ်မက်ခြင်းကင်းအောင် ပြုနိုင်သော်သာ။ **ပဇဟံ**၊ ထိုတေဘူမကရုပ်နာမ်ဓမ္မ၌ ပယ်ထိုက်သောကိလေသာဝဋ်ကို ပယ်ခွာနိုင်သော်သာ။ **ဒုက္ခက္ခယာယ**၊ ဆင်းရဲ ကုန်ခြင်းငှာ။ **ဘဗ္ဗော**၊ ထိုက်၏။ဂ။ မဂ်ဖြင့် ဆန္ဒရာဂကို ပယ်ခြင်းသည် ပဟာနပရိညာတည်း။
သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ တတ္ထ စိတ္တံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ-ဝါကျ၏ ပိဏ္ဍတ္ထ
သဗ္ဗံ အဘိဇာနံ။ ။ ထင်ရှားရှိသော ဥပါဒါနက္ခန္ဓပဉ္စက အားလုံးကို သရုပ်အားဖြင့်လည်းကောင်း၊ ပစ္စည်းအားဖြင့်လည်းကောင်း၊ ဉာန်အားရှေးရှု မျက်မှောက်ပြုသည်၏ အစွမ်းဖြင့် ထူးသောဉာန်ဖြင့် သိမည်၊
ပရိဇာနံ။ ။ ဖြစ်ပြီး၍ မရှိတော့သော အခြင်းအရာစသည်ကို သိမ်းဆည်းသောအားဖြင့် ထိုခန္ဓပဉ္စကကို အနိစ္စစသော လက္ခဏာတို့ဖြင့် ပိုင်းခြားသိမည်၊
ဝိရာဇယံ။ ။ မှန်ကန်စွာ အနိစ္စစသော အခြင်းအရာဖြင့် ထိုးထွင်းသိခြင်းကြောင့် ဖြစ်ပေါ်လာသော ဘယဉာန် အာဒီနဝဉာန် နိဗ္ဗိဒါဉာန်တို့၏ အာနုဘော်ဖြင့် မိမိ၏စိတ်အစဥ်ကို တပ်မက်ခြင်းကင်းအောင် တပ်မက်မှုပျက်ပြယ်အောင်ပြုမည်၊
ပဇဟံ။ ။ ဝုဋ္ဌာနဂါမိနီ ဝိပဿာနာနှင့်တကွ မဂ်ဉာန်ဖြင့် သမုဒယအသင်းဝင် ကိလေသဝဋ်ကို အကြွင်းမဲ့ ပယ်နိုင်မည်ဆိုလျှင်-
ဘဗ္ဗော ဒုက္ခက္ခယာယ။ ။ ကိလေသာ အငြစ်အကြေးကို ပယ်သဖြင့် ကမ္မဝဋ်ပြုတ်၊ ကမ္မဝဋ်ပြုတ်သဖြင့် ဝိပါကဝဋ်လည်းချုပ်ကာ အလုံးစုံသော သံသရာဝဋ်ဒုက္ခ ပြုတ်ပြုတ်ပြုန်း၍ အနုပါဒိသေသနိဗ္ဗာန်သို့ ရရောက်ဖို့ သေချာ၏- ဟူလို။
ဤဝါကျ၏ ပိဏ္ဍတ္ထကို ပြောင်းပြန်လှန်လျှင် 'သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ'စသော ဝါကျ၏ ပိဏ္ဍတ္ထကိုလည်း သိနိုင်၏။ (ဋ္ဌ၊၅၁)
ဧတံ အတ္ထံ၊ ဤအနက်အဓိပ္ပါယ်ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ ဟောတော်မူပြီ။
တတ္ထ၊ ထိုသုတ်၌။

'ယော သဗ္ဗံ သဗ္ဗတော ဥတွာ (လ) သဗ္ဗဒုက္ခမုပစ္စဂါ'တိ၊ **မုပစ္စဂါ'**ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပါယ်ကို။ ဘဂဝတာ၊ သည်။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ မိန့်ဆိုတော်မူအပ်၏။

ယော သဗ္ဗံ သဗ္ဗတော ဉတွာ-ဂါထာအနက် ယော၊ အကြင်အာရဒ္ဓဝိပဿကပုဂ္ဂိုလ်သည်။ သဗ္ဗံ၊ အလုံးစုံသော တေဘူမကသင်္ခါရကို။ သဗ္ဗတော၊ (ကုသိုလ် အကုသိုလ်, သာဝဇ္ဇ အနဝဇ္ဇ, ခန္ဓာအာယတန ဓာတ် သစ္စာစသော) အလုံးစုံသောအဖို့အားဖြင့်။ ဝါ၊ ဒုက္ခစသောအဖို့အစု၊ ပိဠနစသော အဖို့အစုအားဖြင့်။ တစ်နည်း၊ သဗ္ဗတော၊ (ကက္ခဠဖုသနစသော လက္ခဏာ အနိစ္စစသော) အလုံးစုံသောအခြင်းအရာအားဖြင့်။ ဉတွာ၊ ဝိပဿနာရှေ့သွားရှိသော မဂ်ဉာန်ဖြင့် သိ၍။ ဝါ၊ ဝိပဿနာဉာန်ဖြင့်သိခြင်းကြောင့်။ သဗ္ဗတ္ထေသု၊ (အတိတ်အနာဂတ်စသည်ပြားသော) အလုံးစုံသောသက္ကာယဓမ္မတို့၌။ န ရဇ္ဇတိ၊ မတပ်မက်။ ဝေ၊ စင်စစ်။ ဝါ၊ ထင်ထင်ရှားရှား။ သဗ္ဗပရိညာ၊ အလုံးစုံသော တေဘူမကသင်္ခါရတို့ကို ပိုင်းခြား၍သိခြင်းကြောင့်။ (သဗ္ဗပရိညာ-သည် တွာပစ္စယန္တမဟုတ်၊ ကာရဏတ္ထ ပဉ္စမျန္တ၊ ထိုကြောင့်သဗ္ဗနှင့် ပရိညာသမာသ်စပ်သည်။) သော၊ ထိုအာရဒ္ဓဝိပဿက ယောဂါဝစရပုဂ္ဂိုလ်သည်။ ဝါ၊ အရိယာပုဂ္ဂိုလ်သည်။ သဗ္ဗဒုက္ခံ၊ အလုံးစုံသော ဝဋ်ဒုက္ခကို။ အစ္စဂါ၊ လွန်မြောက်ပြီ။

အယမ္ပိ အတ္ထော၊ ဤအနက်အဓိပ္ပါယ်ကိုလည်း။ ဘဂဝတာ၊ ဘုရားရှင်သည်။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံ မှတ်သား ဆောင်ထားအပ်ပါပြီ။
သတ္တမံ။
မာနံ ဘိက္ခဝေ အနဘိဇာနံ(လ)ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယာ'တိ၊ ဒုက္ခက္ခယာယ'ဟူသော။ ဧတံ၊ ဤမာနသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ အရဟတာ၊ ပူဇော်အထူးကိုခံတော်မူထိုက်သော မြတ်စွာဘုရားသည်။ ဝုတ္တံ၊ ပြီ။ ဣတိ၊ သို့။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ (အာကာရကို ငုံ၍ ယောဇနာသည်။) ဘိက္ခဝေ၊ တို့။ မာနံ၊ မောက်မာထောင်လွှားခြင်းမာနကို။ အနဘိဇာနံ၊ ထူးသောဉာန်ဖြင့် မသိသော်။ အပရိဇာနံ၊ ဉာတပရိညာ, တီရဏပရိညာဖြင့် ပိုင်းခြား၍မသိသော်။ (အဝိရာဇယံ အပ္ပဇဟံ-ဟူသော နောက်ဝါကျဖြင့် ပဟာနပရိညာ ဟောလတ္တံ့ဖြစ်၍ ပါရိသေသနည်းဖြင့် ရှေ့ပရိညာနှစ်ပါးကိုသာယူ၍ သမ္ဗန်သည်)။ တတ္ထ၊ ထိုမာန၌။ စိတ္တံ၊ မိမိ၏စိတ်အစဥ်ကို။ အဝိရာဇယံ၊ တပ်မက်ခြင်းမကင်းစေသော်။ ဝါ၊ တပ်မက်ခြင်းကင်းအောင် မပြုနိုင်သော်။ အပ္ပဇဟံ၊ အကြွင်းမဲ့မပယ်စွန့်သော်။ ဒုက္ခက္ခယာယ၊ ဒုက္ခကုန်ရာနိဗ္ဗာန်အလို့ငှာ။ အဘဗ္ဗော၊ မထိုက်။
စ၊ ဗျတိရိက်ကိုဆိုဥုးအံ့။ ဘိက္ခဝေ၊ တို့။ မာနံ၊ မာနကို။ အဘိဇာနံ ခေါ၊ ထူးသောဉာန်ဖြင့် သိသော်သာ။ ပရိဇာနံ ခေါ၊ ဉာတပရိညာ, တီရဏပရိညာဖြင့်သိသော်သာ။ တတ္ထ၊ ထိုမာန၌။ ဝိရာဇယံ ခေါ၊ တပ်မက်ခြင်းကင်းစေနိုင်သော်သာ။ ဝါ၊ တပ်မက်မှုကင်းအောင် ပြုနိုင်သော်သာ။ ပဇဟံ ခေါ၊ အကြွင်းစွန့်ပယ်သော်သာ။ ဒုက္ခက္ခယာယ၊ ဆင်းရဲကုန် ရာ နိဗ္ဗာန်အလို့ငှာ။ ဘဗ္ဗော၊ ထိုက်၏။
ဧတံ အတ္ထံ၊ ဤအနက်အဓိပ္ပါယ်ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ ဟောတောမူပြီ။
တတ္ထ၊ ထိုမာနပရိညာသုတ်၌။ 'မာနုပေတာ အယံ ပဇာ (လ) သဗ္ဗဒုက္ခမုပစ္စဂု'န္တိ၊ သဗ္ဗဒုက္ခမုပစ္စဂုံ'ဟူသော။ ဧတံ၊ ဤဂါထာ အနက်အဓိပ္ပါယ်ကို။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဝုစ္စတိ၊ မိန့်ဆိုအပ်၏။
အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။ မာနုပေတွာ၊ မာနနှင့်ပြည့်စုံမာနနှင့် ပူးတွဲကပ်နေကုန်၏။ မာနဂန္ထာ၊ မာနဟူသော သံယောဇဥ်နှောင်ကြိုးသည် ရစ်ပတ်ထုံးဖွဲ့အပ်ကုန်သည်ဖြစ်၍။ ဝါ၊ ထုံးဖွဲ့အပ်ကုန်သောကြောင့်။ ဘဝေ၊ ကာမ ရူပ အရူပဟူသော ဘုံဘဝ၌။ ရတာ၊ မွေ့လျော်ပျော်ပိုက်ကြကုန်၏။ မာနံ၊ ကို။ အပရိဇာနန္တာ၊ ပရိညာသုံးပါးဖြင့် မသိကုန်သည်ဖြစ်၍။ ဝါ၊ မသိကြသောကြောင့်။ ပုနဗ္ဘဝံ၊ နောက်ထပ်အနာဂတ် ဥပတ္တိဘဝသို့။ ဝါ၊ အဖန်ဖန် ဖြစ်ခြင်းကြောင့် ပုနဗ္ဗဘဝဟူသောသံသရာသို့။ အာဂန္တာရော၊ အကြိမ်ကြိမ် လည်ပတ်သည်၏ အစွမ်းအားဖြင့်။ ဝါ၊ အကြိမ်ကြိမ် လည်ပတ်သည့်အနေဖြင့် ရောက်လာကြကုန်၏။အယံ ပဇာ။ ။ အယံ ပဇာ-ဟု ဧကဝစနန္တိရှိသော်လည်း ဇာတျာပေက္ခ-ပုဒ်ဖြစ်သောကြောင့် သတွာအများ ရ၏။ ထို့ကြောင့် ဣမေ သတ္တာ-ဟုဖွင့်၏။
မာနဂန္ထာ ဘဝေ ရတာ။ ။ မာနအနှောင့်အဖွဲ့ခံရသူတို့သည် ယင်းသို့ခံရသည့်အတွက် ကြာမြင့်စွာ မာန၏ အထုံအမွှမ်းရရှိခံစားသည်အားလျော်စွာ 'အဟံကာရ' မာန၏အစွမ်းဖြင့် ကာမာဒိဘဝ၌ မွေ့လျော်ကြကုန်၏။
တစ်နည်း။ ။ 'ဧဝံ မမ'ဟူသော တဏှာစွဲဖြင့် သင်္ခါရတရားတို့၌ မျိုချသည့်အလား သိမ်းပိုက်ဖန်များသောကြောင့် နိစ္စ၊ သုခ၊ သုဘ၊ အတ္တ-ဟူသော ဝိပလ္လာသ၏အစွမ်းအားဖြင့်လည်း ထိုကာမာဒိဘုံဘဝ၌ မွေ့လျော်ကြကုန်၏။
အာဂန္တာရော ပုနဗ္ဘဝံ။ ။ ပုနကို အာယတိံ၊ ဘဝံကို ဥပတ္တိဘဝံ၊ အာကိုအပရာပရံ ပရိဝတ္တနဝသေန၊ ဂန္တာရောကို ဥပဂန္တာရောဟု ဖွင့်ခြင်းကြောင့် တစ်ဖန်နောင်တစ်ချိန် ဥပပတ္တိဘဝသို့ အကြိမ်ကြိမ် လည်ပတ်သောအားဖြင့် ကပ်ရောက်ကြရသည်။ (ဋ္ဌ၊ ၅၂)
တစ်နည်း။ ။ ပုနဗ္ဘဝကို သံသာရံ၊ အာဂန္တာရောကို ရှေးနည်းတူ ဖွင့်ခြင်းကြောင့်အဖန်ဖန် ဖြစ်ခြင်းဟူသော သံသရာသို့ အကြိမ်ကြိမ် ကျင်လည်သောအားဖြင့် ကပ်ရောက်ကြရသည် ဟူလို။
**ယေစ**၊ အကြင်သူတို့သည်ကား။ မာနံ၊ ကို။ ပဟန္တွာန၊ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ပယ်ကုန်၍။ **မာနသင်္ခယေ**၊ မာန၏ စင်စစ်ကုန်ရာ အရဟတ္တဖိုလ်၌။ ဝါ၊ နိဗ္ဗာန်၌။ **ဝိမုတ္တာ**၊ (တဒေကဋ္ဌဖြစ်သော ကိလေသာအားလုံးမှ လွတ်‌မြောက်ခြင်းဖြင့်) ကောင်းစွာလှလှ လွတ်မြောက်ကြကုန်ပြီ။ တေ၊ ကုန်ခန်းပြီးသောနှောင်ကြိုးရှိသော‌ ထိုရဟန္တာတို့သည်။ မာနဂန္ထာဘိဘူနော၊ မာနနှောင်ကြိုး အထုံးအဖွဲ့ကို အကြွင်းမဲ့ ပယ်ခြင်းဖြင့် အနိုင်ယူလွှမ်းမိုးနိုင်ကြသည်ဖြစ်၍။ သဗ္ဗဒုက္ခံ၊ အကြွင်းမရှိ အလုံးစုံသော ဝဋ်ဒုက္ခကို။ ဥပစ္စဂုံ၊ လွန်မြောက်တော်မူကြကုန်ပြီ။
အယမ္ပိ အတ္ထော ဝုတ္တော၊ စသည် ပေးမြဲ။
အဋ္ဌမံ။
'လောဘံ ဘိက္ခဝေ အပရိဇာနံ (လ) ဘဗ္ဗော ဒုက္ခက္ခယာယ'တိ၊ ဒုက္ခက္ခယာယ' ဟူသော။ ဧတံ၊ ဤလောဘပရိညာသုတ်ကို။ ဘဂဝတာ၊ ရွှေဘုန်းတော်သခင် ဘုရားရှင်သည်။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ အရဟတာ၊ ပူဇော် အထူးကိုခံတော်မူထိုက်သော မြတ်စွာဘုရားသည်။ ဝုတ္တန္တိ၊ ဟောတော်မူအပ်ပြီဟူ၍။ဝိမုတ္တာ မာနသင်္ခယေ။ ။ မာနသင်္ခယေကို မာနဿ အစ္စန္တသင်္ခယာဘူတေ အရဟတ္တဖလေ နိဗ္ဗာနေ ဝါ ဖွင့်ခြင်း၊ ဝိမုတ္တာကို တဒေကဋ္ဌ သဗ္ဗကိလေသဝိမုတ္တိယာ သုဋ္ဌုမုတ္တာ-ဟုဖွင့်ခြင်းကြောင့် မာနစင်စစ်ကုန်ရာ အရဟတ္တဖိုလ်၊ ဝါ-နိဗ္ဗာန်၌ တဒေ-ကဋ္ဌဖြစ်သော ကိလေသာအားလုံးမှ လွတ်မြောက်ခြင်းဖြင့် ကောင်းစွာလှလှ လွန်မြောက်တော်မူကြကုန်သည်။
ယေ စ မာနံ ပဟန္တွာန။ ။ ယေ စ ကို ယေ ပန၊ ပဟန္တွာနကို အရဟတ္တမဂ္ဂေန သဗ္ဗတော ပဇဟိတွာ၊ မာနံကို မာနံဟုဖွင့်ခြင်းကြောင့် ဘာကြောင့်လွတ်မြောက်တော်မူကြသနည်း၊ အရဟတ္တမဂ်ဖြင့် မာနကို အကြွင်းမရှိ ပယ်လိုက်သောကြောင့်ဟူလို။
မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ ဘိက္ခဝေ၊ တို့။ လောဘံ၊ လောဘကို။ အနဘိဇာနံ၊ ထူးသောဉာန်ဖြင့် မသိသော်။ အပရိဇာနံ၊ ဉာတပရိညာ တီရဏပရိညာဖြင့် ပိုင်းခြား၍ မသိသော်။ တတ္ထ၊ ထိုလောဘ၌။ စိတ္တံ၊ ကို။ အဝိရာဇယံ၊ တပ်မက်ခြင်းမကင်းစေသော်။ ဝါ၊ တပ်မက်ခြင်းကင်းအောင် မပြုနိုင်သော်။ အပ္ပဇဟံ၊ အကြွင်းမဲ့ မပယ်နိုင်သော်။ ဒုက္ခက္ခယာယ၊ ဆင်းရဲကုန်ခြင်းငှာ။ အဘဗ္ဗော၊ မထိုက်။
စ၊ ဗျတိရိက်ကို ဆိုဥုးအံ့။ ဘိက္ခဝေ၊ တို့။ လောဘံ၊ ကို။ အဘိဇာနံ ခေါ၊ ထူးသောဉာန်ဖြင့်သိသော်သာ။ ပရိဇာနံခေါ၊ ဉာတပရိညာ တီရဏပရိညာဖြင့်ပိုင်းခြား၍ သိသော်သာ။ တတ္ထ၊ ထိုလောဘ၌။ စိတ္တံ၊ ကို။ ဝိရာဇယံ၊ တပ်မက်ခြင်း ကင်းစေသော်သာ။ ဝါ၊ တပ်မက်ခြင်း ကင်းအောင်ပြုနိုင်သော်သာ။ ပဇဟံခေါ၊ ပဟာနပရိညာဖြင့် အကြွင်းမဲ့ပယ်နိုင်သော်သာ။ ဒုက္ခက္ခယာယ၊ ဆင်းရဲကုန် ခြင်းငှာ။ ဘဗ္ဗော၊ ထိုက်၏။
ဧတမတ္ထံ၊ ဤပြဆိုအပ်သောအဓိပ္ပါယ်ကို။ ဘဂဝါ၊ ရွှေဘုန်းတော်သခင် ဘုရားရှင်သည်။ အဝေါစ၊ မိန့်‌တော်မူပြီ။
တတ္ထ၊ ထိုလောဘသုတ်၌။ 'ယေန လောဘေန လုဒ္ဓါသေ (လ) ဣမံ လောကံ ကုဒါစန'န္တိ၊ ကုဒါစနံ'ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပါယ်ကို။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ ဆိုအပ်၏။
ယေန လောဘေန၊ အကြင်လောဘဖြင့်။ လုဒ္ဓါ‌သေ၊ တပ်မက်ကြကုန်၏။ လုဒ္ဓတ္တာ၊ ကြောင့်။ သတ္တာ၊ သတ္တဝါတို့သည်။ ဒုဂ္ဂတိံ၊ ဆင်းရဲတို့၏ ဖြစ်ရာတည်ရာ ဒုဂ္ဂတိဘုံဘဝသို့။ ဂစ္ဆန္တိ၊ ပဋိသန္ဓေနေသောအားဖြင့် ရောက်ကြကုန်၏။ ဝိပဿိနော၊ ရုပ်နာမ်နှစ်ဖြာ ဥပါဒါနက္ခန္ဓာကို အနိစ္စစသော အထူးထူးသောအခြင်းအရာတို့ဖြင့် ရှုမှတ်သော ယောဂီတို့သည်။ တံ လောဘံ၊ ထိုလောဘကို။ သမ္မာ၊ မှန်ကန်သော အကြောင်းယုတ္တိဖြင့်။ အညာယ၊ ပရိညာပညာဖြင့် သိ၍။ ပဇဟန္တိ၊ အကြွင်းမဲ့ ပယ်စွန့်ကုန်၏။ ပဟာယ၊ ပယ်စွန့်ခြင်းကြောင့်။ ဣမံ လောကံ၊ ဤသတ္တလောကသို့။ ပုန၊ နောက်ထပ်။ ကုဒါစနံ၊ တစ်ခါတစ်ရံမျှ။ အာယန္တိ၊ မလာရောက်တော့ကုန်။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
နဝမံ။
'ဒေါသံ ဘိက္ခဝေ အပရိဇာနံ (လ) ဘဗ္ဗော ဒုက္ခက္ခယာယံ တိ၊ ဒုက္ခက္ခယာယ'ဟူသော။ ဧတံ၊ ဤဒေါသပရိညာသုတ်ကို။ ဘဂဝတော၊ ‌ ရွှေဘုန်းတော်သခင် ဘုရားရှင်သည်။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ အရဟတာ၊ ပူဇော်အထူးကို ခံယူတော်မူထိုက်သော ဘုရားရှင်သည်။ ဝုတ္တိန္တိ၊ ဟောတော်မူအပ်ပြီဟူ၍။ မေ၊ အကျန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီ။ ဘိက္ခဝေ၊ တို့။ ဒေါသံ၊ ကို။ အနဘိဇာနံ၊ ထူးခြားသောဉာန်ဖြင့် မသိသော်။ အပရိဇာနံ၊ ဉာတပရိညာ တီရဏပရိညာဖြင့် ပိုင်းခြား၍ မသိသော်။ တတ္ထ၊ ထို‌‌ဒေါသစိတ်၌။ စိတ္တံ၊ ကို။ အဝိရာဇယံ၊ တက်မက်ခြင်းမကင်းစေ‌သော်။ ဝါ၊ တက်မက်ခြင်းကင်းအောင် မပြုနိုင်သော်။ အပ္ပဇဟံ၊ ပဟာနပရိညာဖြင့် အကြွင်းမဲ့မပယ်နိုင်သော်။ ဒုက္ခက္ခယာယ၊ ဆင်းရဲကုန်ခြင်းငှာ။ အဘဗ္ဗော၊ မထိုက်။
စ၊ ဗျတိရိက်ကိုဆိုဥုးအံ့။ ဘိက္ခဝေ၊ တို့။ ဒေါ‌သံ၊ ကို။ အဘိဇာနံခေါ၊ ထူးသောဉာန်ဖြင့်သိသော်သာ။ တတ္ထ၊ ထိုဒေါသ၌။ စိတ္တံ၊ ကို။ ဝိရာဇယံ ခေါ၊ တပ်မက်ခြင်းကင်းစေသော်။ ဝါ၊ =တက်မက်ခြင်းကင်းအောင် ပြုနိုင်သော်သာ။ ဒုက္ခက္ခယာယ၊ ဆင်းရဲကုန်ခြင်းငှာ။ ဘဗ္ဗော၊ ထိုက်၏။
ဧတမတ္တံ၊ ဤအနက်အဓိပ္ပာယ်ကို။ ဘဂဝါ၊ ‌ရွှေဘုန်းတော်သခင် ဘုရားရှင်သည်။ အဝေါစ၊ မိန့်တော်မူပြီ။
တတ္ထ၊ ထိုဒေါသပရိညာသုတ်၌။ 'ယေနဒေါသေန‌ ဒုဠာသေ ‌(လ) ကုဒါစန"န္တိ၊ ကုဒါစနံ'ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပာယ်ကို။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ ဆိုအပ်၏။
ယေန ‌ဒေါသေန၊ အကြင်‌ဒေါသသည်။ ဝါ၊ ကြောင့်။ ဒုဠာသေ၊ ဖျက်ဆီးအပ်ကုန်၏။ ဒုဠာတ္တာ၊ ကြောင့်။ သတ္တာ၊ သတ္တာဝါတို့သည်။ ဒုဂ္ဂတိံ၊ ဆင်းရဲတို့၏ဖြစ်တည်ရာ ဒုဂ္ဂတိဘုံဘဝသို့။ ဂစ္ဆန္တိ၊ ပဋိသန္ဓတည်နေသောအားဖြင့် ရောက်ကုန်ကြကုန်၏။ ဝိပဿနော၊ ရုပ်နာမ်ဓမ္မ ဥပါဒါနက္ခန္ဓကိုအနိစ္စစသော အထူးထူးသော အခြင်းအရာတို့ဖြင့် ရှုမှတ်သော ယောဂီတို့သည်။ တံ ဒေါသံ၊ ထို‌ဒေါသကို။ သမ္မာ၊ မှန်ကန်စွာ။ ဝါ၊ မှန်ကန်သောအကြောင်းယုတ္တိဖြင့်။ အညာယ၊ သိ၍။ ပဇဟန္တိ၊ ပဟာနပရိညာဖြင့် အကြွင်းမဲ့ ပယ်စွန့်ကုန်၏။ ပဟာယ၊ ပယ်စွန့်ခြင်းကြောင့်။ က္ကမံ လောကံ၊ ဤကာမဘုံမဓာတ်သို့။ ပုန၊ နောက်ထပ်။ ကုဒါစနံ၊ တစ်ခါတရံမျှ။ န အာယန္တိ၊ မလာ‌ရောက်တော့ကုန််၏။
အယမ္ပိ အတ္ထော-စသည် ‌ပေးမြဲ၏။
ဒသမံ
ပါဋိဘောဂဝဂ္ဂေါ၊ ပါဋိဘောဂဝဂ်သည်။ ပဌ‌မော၊ ပဌမဝဂ်တည်း။
တဿ၊ ထိုပါဋိဘောဂဝဂ်၏။ ဥဒါနံ၊ အကျဉ်းခေါင်းစဉ်ကား။
ရာဂဒေါသာ၊ လောဘသုတ် ဒေါသသုတ်တို့၎င်း။
ရာဂဒေါသာ၊ လောဘသုတ် ဒေါသသုတ်တို့၎င်း။ အထ၊ ထို့အပြင်။ မောဟော၊ မောာဟသုတ်၎င်း။ မာနံ၊ မာနသုတ်၎င်း။ သိဗ္ဗံ၊ သဗ္ဗံပရိညာသုတ်လည်းကောင်း။ မာန‌တော၊ မာနပရိညာသုတ်၎င်း။ ပုန၊ ‌ နောက်ထပ်။ ‌ဒွေ၊ နှစ်ခုကုန်သော။ ရာဂဒေါသာ၊ လောဘပရိညာသုတ် ‌ဒေါသပရိညာသုတ်တို့၎င်း။ ဣတိ၊ ဤသို့။ တေ၊ ထိုသုတ်တို့ကို။ ပကာသိတာ၊ ပြအပ်ကုန်ပြီ။ ဝဂ္ဂ့၊ ပါဋိဘောဂဝဂ်ကို။ ပဌမံ၊ ရှေးဥုးစွာ။ သင်္ဂီတိကာရကာ ထေရာ၊ တို့သည်။ အာဟု၊ ဟောတော်မူကုန်ပြီ။ ဣတိ၊ ပါဋိဘောဂဝဂ် ပြီးပြီ။
နာဟံ ဘိက္ခဝေ (လ) သန္ဓာဝန္တိ သံသရန္တီ'၊ သံသရန္တိ' ဟူသော။ ဧတံ၊ ဤအဝိဇ္ဇာနီဝသုတ်ကို။ ဘဂဝတာ၊ သည်။ ဝတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တန္တိ၊ ပြီဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ ယေန နီဝရဏေန၊ အကြင်နီဝရဏတရားသည်။ နိဝုတာ၊ ပိတ်ဆို့ထားအပ်ကုန်သော။ ပဇာ၊ သတ္တဝါတို့သည်။ ဒီဃဘရတ္တံ၊ ရှည်မြင့်စွာသော ကာလပတ်လုံး။ **သန္ဓာဝန္တိ**၊ တစ်ပြောင်းပြောင်း တစ်ပြန်ပြန်ပြေးသွားကြရကုန်၏။ **သံသရန္တိ**၊ တစ်ပြောင်းပြောင်း တစ်ပြန်ပြန် ကျင်လည်ကြရကုန်၏။ ဘိက္ခဝေ၊ တို့။ တတော၊ ထိုနီဝရဏမှ။ အညံ၊ အခြားသော။ ဧကနီဝရဏမ္ပိ၊ တစ်ခုသော နီဝရဏတရားမျှ။ အဟံ၊ ငါဘုရားရှင်သည်။ န **သမနုပဿာမိ**၊ မြင်တော်မမူ။**သမနုပဿာမိ**။ ။သမနုပဿာမိနှင့် စပ်၍ ရှုမြင်သုံးသပ်ပုံသည် ဒိဋ္ဌိသမနု-ပဿာန,ဉာနသမနုပဿနာဟုနှစ်မျိုးရှိ၏. ရုပ် ဝေဒနာ သညာစသည်ကို 'အတ္တ'ဟုရှုမြင်ခြင်းသည် ဒိဋ္ဌိသမနုပဿနာ၊ မှားသောရှုမြင် ခြင်းတည်း။ ရုပ် ဝေဒနာ သညာ စည်ကို အနိစ္စ ဒုက္ခ အသုဘ အနတ္တ-ဟု ရှုမြင်ခြင်းသည် ဉာနသမနုပဿနာ=ဉာန်ဖြင့်မှန်ကန်သော ရှုမြင်ခြင်းတည်း။ ဤ၌ ဉာနသမနုပဿနာကိုယူ။
သန္ဓာဝန္တိ သံသရန္တိ။ ။ မဟန္တေသု စေဝ ခုဒ္ဒကေသု စ ဘဝါဒီသု အပရာ-ပရုပ္ပတ္တိဝသေန သဗ္ဗတော ဓာဝန္တိ စေဝ သံသရန္တိ စ-ဟူသော ဋ္ဌ-အ လို သန္ဓဝန္ဓာဝနနှင့် သံသရာမထူး။ အာရမ္မဏန္တရသင်္ကမနဝသေန သန္ဓာဝနံ။ အာရုံတစ်မျိုးမှ အာရုံတစ်မျိုးသို့ ပြောင်းလွှဲခြင်းသည် သန္ဓာဝန။ ဘဝန္တရသင်္ကမနဝသေန သံသရဏံ-ဘဝတစ်ခုမှ ဘဝတစ်ခုသို့ ပြောင်းရွှေ့ခြင်းသည် သံသရဏ။ (ဋ္ဌ၊၅၄)
ဘိက္ခဝေ၊ တို့။ ဣဒံ၊ ဤတစ်ခုတည်းသော နီဝရဏဟူသည်။ ယထာ၊ ကတမံ= အဘယ်နည်း။ **အဝိဇ္ဇာနီဝရဏံ**၊ ဤအဝိဇ္ဇာနီဝရဏပင်တည်း။ ဟိ၊ မှန်၏။ တစ်နည်း-ဟိ၊ အဝိဇ္ဇာနီဝရဏ၏ အစွမ်းသတ္တိကို ပြဥုးအံ့။ ဘိက္ခတေ၊ တို့။ အဝိဇ္ဇာနီဝရဏနေ၊ သည်။ နိဝုတာ၊ ပိတ်ဆို့ထားအပ်ကုန်သော။ ပဇာ၊ သတ္တဝါတို့သည်။ ဒီဃရတ္တံ၊ ကြာမြင့်စွာသောကာလပတ်လုံး။ သန္ဓတန္တိ၊ တစ်ပြောင်းပြေင်း တစ်ပြန်ပြန် ပြေးသွားကြရကုန်၏။ သံသရန္တိ၊ တစ်ပြောင်းပြောင်း တစ်ပြန်ပြန်ကျင်လည်ကြရကုန််၏။
ဧတမတ္တံ၊ ဤအနက်အဓိပ္ပာယ်ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ မိန့်တောာ်မူပြီ။
တတ္တေ၊ ထိုအဝိဇ္ဇာနီတရဏသုတ်၌။ 'နတ္ထညော ဧကဓမ္မာပိ (လ) ဟေတု တေသံန ဝိဇ္ဇတိ'န၊ န ဝိဇ္ဇတိ ဟူသော။ ဧတံ၊ ဤဂါထာ အနက်အဓိပ္ပာယ်ကို။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ ဆိုအပ်၏။တစ်နည်း။ ။ ကိလေသာအားကြီးသောအားဖြင့် တစ်ပြောင်းပြောင်း တစ်ပြန်ပြန်် ဖြစ်ခြင်းသည် သံသရဏ။
**တစ်နည်း**။ ။ စိတ္တက္ခဏတစ်ခု၌ ဥပါဒ် ဌီ ဘင်ဟု ခဏတ္တဘ၊ အခိုက်အတန့်သုံးခုရှိ၏။ ထိသုံးတွင် ဥပါဒ်သည် ဇာတိ, ဌီသည် ဇရာ, ဘင်သည် မရဏတည်း။လက်ဖျစ် တစ်တွက်အတွင်း၌ စိတ္တက္ခဏပေါင်း ကု‌ဋေချီ၍ ဖြစ်သည်။ တစ်ဘဝအတွင်း၌ စိတ္တခဏ မည်မျှဟု ပြောပြလို့ပင် မဖြစ်နိုင်။ ထိုမဖြစ်နိုင်သော စိတ္တခဏတိုင်း၌ ဘငါဟူသော အခိုက်အတန့်မရဏ မ‌ရေမတွက်နိုင်အောင် ပါဝင်သောအားဖြင့် တစ်ဘဝတည်းမှာပင် တစ်ဘင်တည်းဘင်၊ တစ်သေတည်း သေနေခြင်းသည် သန္ဓာဝန။ လောကအလိုအားဖြင့် ပုခက်နှင့် ခေါင်းကြားကာလသည် တစ်ဘဝ၊ ပရမတ် အလိုအားဖြင့် ပဋိသန္ဓေ တည်နေသည်မှ နောက်ဆုံးစုတိိတ်အတွင်းသည် တစ်ဘတမည်၏။ သတ္တတါ တစ်ဥုး တစ်ယောက် နောက်ဆုံးစုတီိ စိတ်ကျခြင်း ဖြစ်ခြင်းကို မရဏ=သေသည်ဟုဆိုအပ်၏။ ထိုသေခြင်းကို သမ္မတိမရဏဟုခေါ်ဆို၏။ ဘတပေါင်းများစွာ ဘဝတိုင်း ဘဝတိုင်း သမ္မုတိမရဏအနေဖြင့် အကြိမ်ကြိမ်ဖြစ်ခြင်းသည် သန္ဓာဝန၊ ကံနေ ကံအလို အားဖြင့် အကြိမ်ကြိမ် ဖြစ်ခြင်းသည် သံသရဏ။ ဤသို့ သန္ဓာတန္တိနှင့် သံသရန္တိထူး၏။
**အဝိဇ္ဇာနိီဝရဏ။ ။ ပရတ်မျက်စိဖြင့် ကြည့်လျှင် ယောကျာ်းလည်း မရှိ၊ မိန်းမလဲမရှိ၊ယောကျာ်းရယ် မိန်းမရယ် မရှိသော်လည်း ရုပ်နာမ််အနေ ရုပ်နာမ်အနေ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်အနေအားဖြင့် ရှိ၏။ ပထဝီ အာပေါ တေဇ ဝါယော ဖဿဟေတု၊ သံသရာ၏ မူလဝဋ်မြစ် မမောဟေသည်။ န ဝိဇ္ဇ၊ မရှိ‌တော့။ (တသ္မာ၊ကြောင့်။ထည့်)တေ၊ ထိုရဟန္တာအရိယာ သာဝကတို့သည်။ ပုန၊‌ နောက်ထပ်။ န သံသရန္တိ၊ တစ်ပြေားပြောင်း တစ်ပြန်ပြန် မကျင်လည်ရ‌တော့ကုန်။
**ယေန မောဟေန**၊ အကြင်အဝိဇ္ဖာနီဝရဏတည်းဟူသောမောဟသည်။ **ယထာ**၊ အကြင်သို့သောအပြားအားဖြင့်။ **နိဝုတာ အာဝုတာ**၊ ပိတ်ဆို့လွှမ်းမိုးခြင်းခံရကုန်သော။ **ပဇာ**၊ သတ္တဝါတို့သည်။ သံသရန္တိ၊ တစ်ပြောင်းပြောင်း တစ်ပြန်ပြန် ကျင်လည်ကြရကုန်၏။ ဧဝံ၊ ဤသို့သဘောရှိသော။ အညော၊ မောဟမှအခြားသော။ ဧကဓမ္မောပိ၊ တစ်ခုသော တရားမျှလည်း။ နတ္ထိ၊ မရှိချေ။
ယေ၊ အကြင် အရိယာသာဝကတို့သည်။ မောဟံ၊ အဝိဇ္ဇာမောဟကို။ ပဟန္တွာန၊ ပဟန် ၃ပါးဖြင့် ပယ်ရှား၍။ တ‌မောခန္ဓံ၊ မောဟအမှောင်ထုကို။ ပဒါလယုံ၊ ဖောက်ခွဲဖျက်စီးကုန်ပြီ။ တေသံ၊ ထိုရဟန္တာ အရိယာသာဝကတို့၏။အဝိဇ္ဇာနီဝရဏ။ ။ အဝိဇ္ဇာနီဝရဏေန ဟိ ဘိက္ခဝေ (လ) သံသရန္တိ-ဟု ဟောသကဲ့သို့ ကာမစ္ဆန္ဒနီတရဏေန ဟိ ဘိက္ခဝေ, ‌ဗျာပါဒနီဝေရဏေန ဟိ ဘိက္ခဝေ နိဝုတာ (လ) သံသရာန္တိ-ဟု ဘာကြောင့် မဟောသလဲ?
အာဒီနဝပဋိစ္ဆာဒနေန ကာမစ္ဆန္ဒာဒီနံဝသေသပ္ပစ္စယဘာဝတော၊ အပြစ်ကို ဖုံးကွယ်ထားသဖြင့် ကာမစ္ဆန္ဒနီဝရဏ စသည်တို့ ဖြစ်ခြင်း၏ ထူးကဲသောအကြောင်းဖြစ်သောကြောင့် ‌အဝိဇ္ဇာနီဝရဏေန ဘိက္ခဝေ-ဟုသာ ဟောတော်မူ၍ ကာမစ္ဆန္ဒနီဝရဏေနဘိက္ခဝေ-စသည်ဖြင့် ဟောတော်မမူခြင်းဖြစ်သည်။
**ယေနေတ နိဝုတာ ပဇာ၊ ယထာ မောဟေန အာဝုတာ**။ ။ ဤနှစ်ပါးဒဝယ် ယထာကို ယေန ပကာယေန၊ ယေနကို မေဟေန-ဟု ဖွင့်၏။ တစ်ဖန် မောဟေနကို အဝိဇ္ဇာနီဝရဏသခင်္ါတေန-ဟုဖွင့်၏။ နိဝုတာကို နိဝိရိတာ ပလိဂုဏ္ထိတာ ပဋိစ္ဆာဒိ-တာတိ အတ္တော-ဟုဖွင့်၏။ ထို့ကြောင့် ၎င်းနှစ်မျိုးကို အဓိပ္ပါယ်တူ ပေါင်းစပ်၍ အနက်ယောဇာနာလိုက်သည်။ (ဋ္ဌ၊၅၄)
ဟေတု၊ သံသရာ၏ မူလမြစ်ဝဋ် မောဟသည်။ န ဝိဇ္ဇတိ၊ မရှိတော့။ (တသ္မာ၊ ကြောင့်။ထည့်) တေ၊ ထိုရဟန္တာ အရိယာ သာဝကတို့သည်။ ပုန၊ နောက်ထပ်။ န သံသရန္တိ၊ တစ်ပြောင်းပြောင်း တစ်ပြန်ပြန် မကျင်လည် ရတော့ကုန်။
အယမ္ပိ တ္ထော-စသည် ပေးမြဲ။
စတုတ္ထံ။
'နာဟံ ဘိက္ခဝေ အညံ ဧကသံယောဇနမ္ပ (လ) သံသရန္တီ'တိ၊ သံသရန္တိ'ဟူသော။ ဧတံ- ဤတဏှာသံယောဇနသုတ်ကို။ ဘဂဝတာ၊ ရွှေဘုန်းတော် ဘုရားရှင်သည်။ ဝုတ္တံ၊ ပြီ။ အရဟာတ၊ ပူဇော်အထူးကို ခံယူထိုက်မူသော ဘုရားရှင်သည်။ ဝုတ္တ'န္တိ၊ ဟောတောမူအပ်ပြီဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ ဘိက္ခဝေ၊ တို့။ ယေန သံယောဇနေန၊ အကြင်သံယောဇဉ်နှင့်။ သံယုတ်တ္တာ၊ ယှဉ်စပ်ကုန်သော။ သတ္တာ၊ တို့သည်။ ဒီဃရတ္တံ၊ ရှည်မြင့်စွာသောကာလပတ်လုံး။ သန္ဓာတန္တိ၊ တစ်ပြောင်းပြောင်း တစ်ပြန်ပြန်ပြေးသွား ကြရကုန်၏။ ဧဝံ၊ ဤသို့သောသဘောရှိသော။ အညံ၊ တဏှာမှ တစ်ပါးသော။ ဧကသံယောဇနမ္ပိ၊ တစ်ခုသော သံယောဇဥ်မျှကိုလည်း။ အဟံ၊ ငါဘုရားသည်။ နသမနုပဿာမိ၊ မြင်တော်မမူ။
ဘိက္ခဝေ၊ တို့။ ဣဒံ၊ ထိုတစ်ခုသောသံ‌ယောဇဉ်ဟူသည်။ ယထာ၊ အဘယ်နည်း။ ဘိက္ခဝေ၊ တို့။ ဣဒံ၊ ဤတစ်ခုသောသံယောဇဉ်ဟူသည်။ တဏှာသံယောဇနံ၊ တဏှာသံယောဇင်ပင်တည်း။ ဟိ၊ ထိုစကားမှန်၏။ တစ်နည်း-ဟိ၊ ထိုတဏှာသံယောဇဉ်၏ အစွမ်းသတ္တိကို ပြဥုးအံ့။ ဘိက္ခတေ၊ တို့။ တဏှာသံယောဇဉ်နေန၊ တဏှာသံယောဇဉ်နှင့်။ ယုတ္တာ၊ ယှဉ်စပ်ကုန်သော။ သတ္တာ၊ တို့သည်။ ဒိဃရတ္တံ၊ ရှည်မြင့်စွာသောကာလ ပတ်လုံး။ သန္ဓာဝန္တိ၊ တစ်ပြောင်းပြောင်းတစ်ပြန်ပြန်ပြေးသွားကြရကုန်၏။ သံသရန္တိ၊ တစ်ပြောင်းပြောင်းတစ်ပြန်ပြန်ကျင်လည်ကြရကုန်၏။
ဧတမတ္တံ၊ ဤပြဆိုအပ်ခဲ့သော အနက်အဓိပ္ပါယ်ကို။ ဘဂဝါ‌၊ ရွှေဘုန်းတော်သခင်ဘုရားရှင်သည်။ အဝေါစ၊ မိန့်တော်မူပြီ။
တတ္ထ၊ ထိုသံယောဇဉ်နသုတ်၌။ 'တဏှာဒုတိယော ပုရိသော (လ) သတော ဘိက္ခု ပရိဗ္ဗဇေ'တိ၊ ပရိဗ္ဗဇေ'ဟူသော။ ဧတံ၊ ဤဂါထာကို။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ ဆိုအပ်၏။အဝိဇ္ဇာသည် နိဝါရဏလည်းဟုတ် သံ‌ယောဇဥ်လည်းဟုတ်၏။ ထို့အတူ တဏှာသည် သံယောဇဉ်လဲဟုတ် နီဝရဏလည်းဟုတ်၏။ ထိုနှစ်မျိုးနှစ်စား အသီးသီဖြစ်နိုင်သော်လည်း တဏှာသည် သတ္တဝါတို့ကို အဝိဇ္ဇာ ဖုံးလွှမ်းထားအပ်သော အပြစ်ရှိသော ဘဝတို့နှင့် ဆက်သွယ်ဆက်စပ်ပေးသည် ဟူသော ဤထူးခြားချက်ကို သိစေလိုသောကြောင့် ရှေ့သုတ်၌ အဝိဇ္ဇာကို နီဝရဏ၊ ဤသုတ်၌ တဏှာကို သံယောဇဉ်နအဖြစ်ဖြင့်ဟောတော်မူအပ်သည်။တစ်နည်း- အဝိဇ္ဇာသည် နီဝရဏအဖြစ်ဖြင့် သံကိလေသသတရားတို့၏ ရှေ့သွားခေါင်းဆောင်၊ တဏှာသည် သံယောဇဉ်အဖြစ်ဖြင့် သံကိလေသတရား တို့၏ ရှေ့သွားခေါင်းဆောင်-ဤသို့ ၎င်းတို့နှင့် စပ်သော တရားတို့၌ ပဓာနအဖြစ်ကို ပြခြင်းငှာ ရှေ့သုတ်၌ အဝိဇ္ဇာကို နီဝရဏ, ဤသုတ်၌ တဏှာကို သံယောဇဉ်နဟု ဟောတော်မူသည်။
**တစ်နည်း။ ။ အဝိဇ္ဇာသည် နိဗ္ဗာန်ချမ်းသာကို အထူးသဖြင့် ပိတ်ဆို့တတ်သောကြောင့် ရှေ့သုတ်၌ အဝိဇ္ဇာကို နီဝရဏ၊ တဏှာသည် သတ္တဝါတို့ကို သံသရာဒုက္ခနှင့် အထူးဆက်သွယ်ပေးတတ်သောကြောင့် ဤသုတ််၌ တဏှာကို သံယောဇဉ်ဇန-ဟု ဟောတော်မူသည်။
တစ်နည်း။ ။ အဝိဇ္ဇာသည် နိဗ္ဗာန်ကို မဂ်ဉာန်ဖြင့် သိမြင်ခြင်း မျက်မှောက်ပြုခြင်းကို၎င်း၊ မှားယွင်းသောအမြင်ကို၎င်း အထူးသဖြင့် အန္္တာယ်ပြုသည်။ တဏှာသည် နိဗ္ဗာန်‌ေရာက်ကြောင်း အကျင့်ကောင်း အကျင့်မှန်သမျှကို အထူးသဖြင့်အန္တာရယ် ပြုသည်။ ထို့ကြောင့် ရှေ့သုတ်၌ အဝိဇ္ဇာကို နီဝရဏ၊ ဤသုတ်၌ တဏှာကို သံယောဇဥ််န-ဟု နှစ်မျိုးဟောတော်မူသည်။
တစ်နည်း။ ။ အသိဉာန်မဲ့သော ပုဂ္ဂိုလ်သည် မိုက်မဲသည်၏အဖြစ်ကြောင့်ကိုယ်ကျိုးကို လည်းယုတ်စေ၏။ မိမိ၏အကျိုးကိုလည်း ပြုလုပ်၏။ မသင့်လျှော်သည်ကိုပြုလုပ်ခြင်း ကြောင့် နာကျင်ရသော မလိမ္မာသော လူမမာနှင့်တူ၏။ လူမိုက်သည် သိလျက်နဲ့ မိုက်သည်၏အဖြစ်ကြောင့် ကိုယ်ကျိုးယုတ််စေ၏။ မိမိ၏အကျိုးမဲ့ကိုပြု၏။ သိလျက်နှင့် မသင့်တာ မှီဝဲသော ရေဂါသည်နှင့် တူ၏။ ဤသို့ အကျိုးမဲ့ ဖြစ်စေသောအကြောင်း ၂-ပါးကို ပြုခြင်းငှာ ရှေ့သုတ်နှင့် ဤတဏှာသံယောဇဉ်သုတ် ၂_သုတ်ကို ဟောတော်မူ၏။ တစ်နည်း- အဝိဇ္ဇာ၏နယ်ပယ်သည် အတိတ်ကာလ၊ အဝိဇ္ဇာသည် အတိတ်ကာလ၏ ( အတိတ်ကာလကို လွမ်းဆွတ်ခြင်း၏) အကြောင်းအရင်း။ တဏှာ၏နယ်ပယ် သည် အနာဂတ်ကာလ ၊ တဏှာသည် အနာဂတ်ကာလ၏ (အနာဂတ်ကာလကိုတောင်းတခြင်း၏)မူလအကြောင်းအရင်း။ ဤသို့ သိစေခြင်းငှာ ရှေသုတ်၌ အဝိဇ္ဇာ၊ ဤသုတ်၌ တဏှာကို ဟောတော်မူသည်။
တဏှာဒုတိယော၊ တဏှာတည်းဟူသောအဖော်ရှိသော။ ပုရိသော၊ သတ္တဝါသည်။ ဒီဃမဒ္ဓါနံ၊ ရှည်မြင့်စွာသော အဓွန့်ကာလပတ်လုံး။ သံသရံ- သံသရန္တော၊ ကျင်လည်ဖြစ်သည်၍။ **ဣတ္တဘာဝညထာဘာဝံ**၊ ဤလူအဖြစ် အခြားသော သတ္တဝါတို့၏ အဖြစ်ရှိသော။ရေမဟုတ်သော တံလှပ်ကို ရေဟု အထင်လွဲသော ယောကျာ်းနှင့် တူသော တဏှာသည် အလွန်တရာ ရေငတ်နေသော ကုစားမရနိုင်လောက်အောင် ဒုက္ခရောက်နေသော ပုဂ္ဂိုလ်သတ္တဝါတစ်ဥုးတစ်ယောက်ကို ထိုထိုဘဝတို့၌ မငြီးမငွေ့ အောင်ပြု၍ ကျင်လည်စေ၏။ထိုကြောင့် တဏှာသည် သံသရာ့ခရီးသည်၏ အဖော်ကောင်းဟုဆိုနိုင်သည်။တဏှာမှတစ်ပါးသော မောဟ မာန စသောကိလေသာတို့သည်လည်း ထိုထိုဘဝ၌ဖြစ်ခြင်း၏ အကြောင်းအရာတို့ပင် မဟုတ်ပါလော-ဟုစောကြောဖွယ်ရှိ၏။ ဟုတ်ပါသည်။။ သို့သော် တဏှာကဲ့သို့ ဝိသေသပစ္စယ မဟုတ်၊ သာမညပစ္စယ-သာဖြစ်သည်။ ချဲ့ပြအံ့။ တဏှာသည် ကုသိုလ်မဖက် အကုသိုလ်သက်သက်၏ အကျိုးပေးရာဖြစ်သော အပယ်ဘုံတို့၌လည်း ဘဝဖြစ်ခြင်း၏ ထူးသောအကြောင်းဖြစ်သည်။ ရူပါဝစာရ စသော ကုသိုလ်မဖက် ကာမကုသိုလ်သက်သက်၏ အအကျိုးပေးရာ ကာမသုဂတိဘုံတို့၌လည်းဘဝဖြစ်ခြင်း' ထူးသောအကြောင်း ဖြစ်သည်။ ရူပါဝစရ စသော ကုသိုလ်တို့၏ အကျိုးပေးရာ ရူပဘုံ၊ အရူပဘုံတို့၌လည်း ဘဝဖြစ်ခြင်း ထူးသောအကြောင်း ဖြစ်သည်။ ထို့ကြောင့် တဏှာကိုသာ ဒုတိသဟာယော-ဟု ဟောတော်မူသည်။
**ဣတ္တဘာဝညထာဘာဝံ**။ ။ ဣမဿ+ဘာဝေါ၊ ဣတ္္ဘာဝေါ၊ မနုဿတ္တအရကောက် ။ အညေသံ+ ဘာဝေါ=အညာထာဘာဝေါ၊ လူ့အဖြစ်မှ ကြွင်းကျန်သော သတ္တဝါတို့၏အဖြစ် ကောက်။ ယင်းနှစ်ပုဒ် ဒွန်တွဲ၊ အဿတ္တိဆင့်၊ သံသရာ အရကောက်။သံဿရံနှင့် ဝိသေသန ဝိသေသျစပ်။ ဤကား ဋ္ဌ-ပ နည်းအရအနက်ယောဇနာသည်။
သံသာရံ၊ ခန္ဓာ အာယတန ဓာတ်တို့၏ မပြတ်ဖြစ်ရာသံသရာကို။ နာတိဝတ္တိ၊ မလွတ်မြောက်နိုင်။
ဒုက္ခဿ၊ အလုံးစုံသောဝဋ်ဆင်းရဲ၏။ သမ္ဘဝံ၊ ဖြစ်ကြောင်းဖြစ်သော။ ဧတံတဏှံ၊ ဤတဏှာကို။ အာဒီနဝံ-အာဒီနဝေါ၊ အပြစ်အနေဖြင့်။ ဉတွာ၊ သိ၍။ တစ်နည်း-ဧတံ၊ ဤပြဆိုအပ်ခဲ့သော သံသရာမှမလွတ်မြောက်နိုင်သော သဘောရှိသော။ အာဒီနဝံ၊ အပြစ်ကို။ ဉတွာ၊ သိ၍။ တဏှံ၊ တဏှာကို။ ဒုက္ခဿ၊ အလုံးစုံသော ဝဋ်ဆင်းရဲ၏။ သမ္ဘဝံ၊ ဖြစ်ကြောင်းဟူ၍။ ဉတွာ၊ သိ၍။ ဘိက္ခု၊ သည်။ ဝိတတဏှော၊ တဏှာကင်းသည်ဖြစ်၍။ အနာဒနော၊ စွဲလန်းမှု ဥပါဒါန်မရှိသည်ဖြစ်၍။ သတော၊ သတိရှိသည်ဖြစ်၍။ ပရိဗ္ဗဇေ၊ ကျင့်ရာ၏။ တစ်နည်း၊ ဝီတတဏှော၊ ကင်းပြီးသော တဏှာရှိသော။ အနာဒါနော၊ ပဋိသန္ဓေယူခြင်းမရှိသော။ သာတော၊ ပြည့်စုံပြီးသော သတိရှိသော။ ဘိက္ခု၊ ရဟန္တာရဟန်းသည်။ ပရိဗ္ဗဇေ၊ သင်္ခါရတို့၏ မပြတ်ဖြစ်ရာသံသရာမှ ကင်းလွတ်ရာ၏။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ၏။
ပဉ္စမံ။တစ်နည်း။ ။ ဣတ္ထဘောဝေါအရ သတ္တါတိုင်း၏ လက်ရှိ ပစ္စုပ္ပန်ခန္ဓာကိုယ် အတ္တသဘောကို ကောက်၍ အညထဘာဘာဝေါအရ လက်ရှိအတ္တဘောမှ တစ်ပါးသောနောင်အနာဂတ် အတ္တဘောကိုကောက်ပြီးလျှင် သံသာရံ၌ ဝိသေသန ဝိသေသသျစပ်၍ ဋ္ဌ-ုနည်း အလို ပေးနိုင်သည်။
တစ်နည်း။ ။ ဣတ္ထသာဘဝအရ လက်ရှိလူ့ခန္ဓာသဘောနှင့် လက််ရှိလူ့ခန္ဓာကိုယ် အတ္တသဘောမှတစ်ပါးသော အလားတူ လူ့ခန္ဓာကိုယ် အတ္တဘောဖြစ်စေ အရကောက်၍ အညထာဘာဝေါအရ လူ့ခန္ဓာကိုယ်အတ္တဘောလုံးဝမဟုတ်သော အခြားခန္ဓာကိုယ် အတ္တဘောကို ကောက်ပြီးလျှင် သံသာရံ၌ ဝိသေသနဝိသေသျစပ်ကာ- တတိယနည်းအလိုလည်းပေနိုင်သည်။
သေခဿ ဘိက္ခဝေ ဘိက္ခုနော (လ) ကုသလံဘာဝေတီ'တိ၊ ကုသလံ ဘာဝေတိ'ဟူသော။ ဧတံ၊ ဤပဌမသေခသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ အပ်ပြီ။ အရဟတာ၊ သည်။ ဝုတ္တန္တိ၊ အပ်ပြီဟူ၍။ မေ၊ သည်။ သုတံ၊ နာခံ မှတ်သားဆောင်ထားအပ်ပါပြီ။ ဘိက္ခဝေ၊ တို့။ ဣဒံ-အယံ ယောနိသော မနသိကာရော၊ ဤယောနိသော မနသိကာရသည်။ အပ္ပတ္တမာနသဿ၊ အရဟတ္တဖိုလ်သို့ မရောက်သေးသော။ အနုတ္တရံ၊ မြတ်သော။ ဝါ၊ တူသော တရားမရှိသော။ ယောဂက္ခေမံ၊ ယောဂ တရားတို့သည် မနှိပ်စက်သည်ဖြစ်၍ ဘေးကင်းသော။ ဝါ၊ ယောဂဘေးကင်းသော နား အရဟတ္တဖိုလ်ကို။ ပတ္ထယမာနဿ၊ လိုလားတောင့်တသည်ဖြစ်၍။ “**အဇ္ဈတ္တိကံ**၊ အတွင်းသန္တာန်၌ဖြစ်သော။ အင်္ဂ-ကာရဏံ၊ အကြောင်းတည်း။” **ဣတိ ကရိတွာ**၊ ဤသို့ အသိအမှတ်ပြု၍။ ဝိဟရတော၊ နေသော။ သေခဿ ဘိက္ခုနော၊ သေခ ရဟန်းအား။ ဗဟူပကာရော ယထာ၊ ကျေးဇူးများသကဲ့သို့။ ယံ၊ အကြင်အကြောင်း သည်။ ဧဝံ၊ ဤအတူ။ ဗဟူပကာရံ၊ ကျေးဇူးများ၏။ ဘိက္ခဝေ၊ တို့။ တံ၊ ထိုကဲ့သို့ ကျေးဇူးများသော။ အညံ၊ ယောနိသောမနသိကာရမှ တစ်ပါးသော။ ဧကင်္ဂမ္ပိ၊ တစ်ခုသော အကြောင်းကိုမျှလည်း။ အဟံ၊ ငါဘုရားသည်။ န သမနုပဿာမိ၊ ဉာန်ဖြင့် သုံးသပ် ရှုမြင်တော်မမူ။ (သေခဿ ဘိက္ခုနော၊ ၏။ အဇ္ဈတ္တိကံ၊ မိမိ၏အတွင်းသန္တာန်၌ ဖြစ်သော။ အင်္ဂ-ကာရဏံ၊ အကြောင်းတည်း။ ဣတိ ကရိတွာ- ဣတိ ကတွာ ဣတိတသ္မာ၊ ထို့ကြောင့်။ အညံ၊ အခြားတစ်ပါးသော။ ဧကင်္ဂမ္ပိ၊ တစ်ခုသော အကြောင်းကိုမျှ။ အဟံ၊ ငါဘုရားသည်။ နသမနုပဿာမိ၊ မမူ။ ယံ၊ အကြင်ကြောင်းသည်။ "အဇ္ဈတ္တိကံ အင်္ဂ” န္တိ ကရိတွာ ။ ။ န အညံ ဧကင်္ဂမ္ပိ သမနုပဿာမီတိ ဧတ္ထအယံ သင်္ခေပ‌တ္ထောဘိက္ခဝေ အဇ္ဈတ္တံ အတ္တနော သန္တာနေ သမုဋ္ဌိတံ ကာရဏန္တိကတွာ အညံ ဧကကာရဏမ္ပိ န သမနုပဿာမိ။ ယံ ဧဝံ ဗဟူပကာရံ- ဟူသော ဋ္ဌ-၌ အဇ္ဈတ္တိကံ အင်္ဂံကို အဇ္ဈတ္တံ အတ္တနော သန္တာနေ သမုဋ္ဌိတံ ကာရဏန္တိ ကတွာ-ဟုဖွင့်။ ထိုအဖွင့်၌ ဣတိကတွာနှင့် ဣတိတသ္မာသည် အဓိပ္ပါယ်တူ၏။ (ဋ္ဌ၊၅၉) ဧဝံ၊ ဤ ဆိုခဲ့သည့်အတိုင်း။ ဗဟူပကာရံ၊ ကျေး၊ များ၏။ တံ၊ ထိုအကြောင်းသည်။ ယထာ၊ အဘယ်နည်း။ ဘိက္ခဝေ၊ တို့။ တံ၊ ထိုအကြောင်းဟူသည်။ ဣဒံ ယောနိသော မနသိကာရော၊ ဤယောနိသော မနသိကာရပင်တည်း။ ဤသို့ သော်လည်းပေးပါ။)
ဘိက္ခဝေ၊ တို့။ ဘိက္ခု၊ သည်။ ယောနိသော၊ သင့်သောအကြောင်းအားဖြင့်။ မနသိကရောန္တော၊ နှလုံးသွင်း သည်ရှိသော်။ အကုသလံ၊ အကုသိုလ်ကို။ ပဇဟတိ၊ စွန့်ပယ်၏။ ကုသလံ၊ ကုသိုလ်ကို။ ဘာဝေတိ၊ တိုးပွားစေ၏။
ဣတိ - ဧတံ အတ္ထံ၊ ဤပြဆိုခဲ့သောအနက်အဓိပ္ပါယ်ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ သံသာချိုမြိန် ဟောမိန့်တော်မူပြီ။
တတ္ထ၊ ထိုပဌမသေခသုတ်၌။ ‘ယောနိသောမနသိကာရော (လ) ခယံ ဒုက္ခဿ ပါပုဏေ'တိ၊ ပါပုဏေ' ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပါယ်ကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ဆိုအပ်၏။
ယောနိသော၊ သင့်သော အကြောင်းအားဖြင့်။ မနသိကာရော၊ နှလုံး သွင်းခြင်းဟူသော။ ဓမ္မော၊ တရားသည်။ သေခဿ ဘိက္ခုနော၊ သေက္ခဓမ္မကို ကျင့်သော သေက္ခ ရဟန်းအား။ ဥတ္တမတ္ထဿ၊ မြတ်သော အကျိုး ဟူသော အရဟတ္တဖိုလ်ကို။ ပတ္တိယာ၊ ရခြင်းငှာ။ ဗဟုကာရော၊ ကျေးဇူးများ၏။ ဧဝံ၊ ဤယောနိသော မနသိကာရလောက်။ ဗဟုကာရော၊ ကျေးဇူးများသောအညော။ အခြား တရားသည်။ နတ္ထိ၊ မရှိ။ ဘိက္ခု၊ သည်။ ယောနိသောပဒဟန္တော၊ အားထုတ်သည်ရှိသော်။ ဒုက္ခဿ၊ ဝဋ်ဒုက္ခ၏။ ခယံ၊ ကုန်ဆုံးခြင်း ဟူသော နိဗ္ဗာန်သို့။ ပါပုဏေ၊ ရောက်နိုင်ရာ၏။
အယမ္ပိ အတ္တော၊ စသည်ပေးမြဲ။
ဆဋ္ဌံ။
သေခဿ ဘိက္ခဝေ ဘိက္ခုနော (လ) ကုသလံ ဘာဝေတီ'တိ၊ ဘာဝေတိ' ဟူသော။ ဧတံ၊ ဤဒုတိယသေခ သုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တန္တိ၊ ပြီဟူ၍။ မေ၊ သည်။ သုတံ၊ နာခံမှတ်သားဆောင် ထားအပ်ပါပြီ။ ဘိက္ခဝေ၊ တို့။ ဣဒံ-အယံ ကလျာဏမိတ္တတာ၊ ဤမိတ်ကောင်းရှိသူ၏ အဖြစ် သည်။ အပ္ပတ္တမာနသဿ၊ အရဟတ္တဖိုလ်သို့ မရောက်သေးသော။ အနုတ္တရံ၊ မြတ်သော။ ဝါ၊ တူသော တရားမရှိသော။ ယောဂက္ခေမံ၊ ယောဂတရားတို့သည် မနှိပ်စက်အပ်သည်ဖြစ်၍ ဘေးကင်းသော။ ဝါ၊ ယောဂဘေးကင်းသော အရဟတ္တဖိုလ်ကို။ ပတ္ထယမာနဿ၊ လိုလားတောင့်တသည်ဖြစ်၍။ “ဗာဟိရံ၊ အပသန္တာန်၌ဖြစ်သော။ အင်္ဂံ-ကာရဏံ- အကြောင်းတည်း” ဣတိ ကရိတွာ၊ ဤသို့ အသိအမှတ်ပြု၍။ ဝိဟရတော၊ နေသော။ သေခဿ ဘိက္ခုနော၊ သေခ ရဟန်းအား။ ဗဟူပကာရော ယထာ၊ ကျေးဇူးများသကဲ့သို့။ ယံ၊ အကြင် အကြောင်းသည်။ ဧဝံ၊ ဤအတူ။ ဗဟူပကာရံကျေးဇူးများ၏။ ဘိက္ခဝေ၊ တို့။ တံ၊ ထိုကဲ့သို့ ကျေးဇူးများသော။ အညံ၊ ကလျာဏမိတ္တတာမှ တစ်ပါးသော။ ဧကင်္ဂမ္ပိ၊ တစ်ခုသော အကြောင်းကိုမျှလည်း။ အဟံ၊ ငါဘုရားသည်။ နသမနု-ပဿာမိ၊ ဉာဏ်ဖြင့် သုံးသပ် ရှုမြင်တော်မမူ။
ဘိက္ခဝေ၊ တို့။ ကလျာဏမိတ္တော၊ မိတ်ကောင်းရှိသော။ ဘိက္ခု၊ ရဟန်းသည်။ အကုသလံ၊ အကုသိုလ်ကို။ ပဇဟတိ၊ ပယ်စွန့်၏။ ကုသလံ၊ ကုသိုလ်ကို။ ဘာဝေတိ၊ တိုးပွားစေ၏။
ဧတမတ္ထံ ဘဂဝါ အဝေါစ၊ စသည်ပေးမြဲ။
တတ္ထ၊ ထိုဒုတိယသေခသုတ်၌။ “ကလျာဏမိတ္တော ယော ဘိက္ခု (လ) သဗ္ဗသံယောဇနက္ခယ"န္တိ၊ သံယော ဇနက္ခယံ'ဟူသော။ ဧတံ၊ ဤဂါထာ အနက်အဓိပ္ပါယ်ကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ၏။
ကလျာဏမိတ္တော၊ မိတ်ကောင်းရှိသော။ ယော ဘိက္ခု၊ အကြင်ရဟန်းသည်။ သပ္ပတိသော၊ အဆုံးအမကို နာယူ နားထောင်ခြင်းရှိ၏။ သဂါရဝေါ၊ ရိုသေလေးစားခြင်းရှိ၏။မိတ်ကောင်းရှိသူသည် မိတ်ကောင်းကို မှီ၍ ကံ, ကံ၏အကျိုးကို သိသော ဿကတာဉာန်ကို ဖြစ်စေ၏။ ဖြစ်ပြီးသဒ္ဓါတရားကို ကြီးထွားစေ၏။ ထိုသဒ္ဓါတရားကြောင့် သူတော်ကောင်းကို ဆည်းကပ်၏။ ဆည်းကပ်၍ တရားနာ၏။ တရားနာရ၍ ဘုရား အပေါ်ယုံကြည်မှု တိုး၍ ထပ်ရ၏။ ထိုသို့ထပ်ရခြင်းကြောင့် လူဝတ်ကြောင် အဖြစ်ကို ပယ်စွန့်၍ ရဟန်း အဖြစ်၌ တည်၏စတုပါရိသုဒ္ဓိသီလနှင့် ပြည့်စုံလျက် ဓုတင်လည်း ဆောက်တည်၏။ အပ္ပစ္တကထာ သန္တုဋ္ဌိကထာစသော ဒသကထာဝတ္ထုကိုလည်း ရ၏။ ဇွဲလုံ့လလည်းရှိကပ်၍တည်သော သတိရှိလျက် မှန်ကန်စွာ အပြားအားဖြင့် သိသည် ဖြစ်၍ နေ့ရောညပါ ဗောဓိပက္ခိယတရား ၃၇-မျိုးကို ကြိုးစားခြင်း၊ ဝိပဿနာပွားခြင်း ကြောင့် မဂ်ဆိုက်ကာ အကုသိုလ် အားလုံးကိုပယ်၏။ ဘာဝနာပြည့်စုံလုံလောက်သဖြင့် ကုသိုလ်အားလုံး တိုးပွားစေ၏။ ဤထက် အကျယ်ပြည့်စုံစွာသိလိုက ဥဒါန်းပါဠိ မေဃိယသုတ္တန်ရှူ။
သပ္ပတိဿာ။ ။ သပ္ပတိဿာတိ ပတိဿဝသင်္ခါတေန သဟ ပတိဿေနာတိ သပ္ပတိသော၊ ကလျာဏမိတ္တဿ ဩဝါဒံ သိရသာ သမ္ပဋိစ္ဆကော သုဗ္ဗစောတိ အတ္ထော။ ဤအလို သပ္ပတိဿာကို သဟ+ ပတိသော နှစ်ပုဒ်ခွဲ။ သ-ကို သဟ၊ ပတိ‌ဿော-ကို ပတိဿဝေါ-ဟု ဖွင့်၍ သဟ+ပတိဿန+ ယော ဝတ္တတီတိ သပ္ပတိ သော-ဟု ပဌမာဗဟုဗွီဟိပြု။ ပတိသော-ကား ပတိပုဗ္ဗ သုဓာတ်၊ဏ-ပစ္စည်း။ ပတိဿဝနံ-ပတိ ဿော-ဟု ဘာဝသာဓ်ပြု။ သဟနှင့် ဗဟုဗွီဟိတွဲလျှင် နားထောင်ခြင်း နှင့်တကွဖြစ်သူ။ ကလျာဏမိတ်၏ အဆုံးအမကို နားထောင်သူ။
အထ ဝါ ဟိတသုခေ ပတိဌာပနေန ပတိ ဣသေတီတိ ပတိဿော။ ဩဝါဒ ဒါယ ကော။ ဂရုအားရယောဂေန တေန ပတိဿန သဟ ဝတ္တတီတိ သပ္ပတိသော။ ဂရုသု ဂရုစိတ္တိကာရဗဟုလော။ ဤအလို ပတိဿောကို ပတိပုဗ္ဗဣသဓာတ်၊ အ-ပစ္စည်း၊ သို့မဟုတ် ဏ-ပစ္စည်း။ ပတိ+ဣသေတီတိ ပတိသော-ဟုပြု။ ဩဝါဒ ဒါယကကို အရကောက်။ သဟ+ပတိဿေန+ ယော ဝတ္တတီတိ သပ္ပတိ‌ဿော-ဟု ပဌမာဗဟုဗွီဟိတွဲ။ အဆုံးအမပေးသူရှိသောသူ အရကောက်။ အဆုံးအမပေးသူ ရှိသည်-ဟု ဆိုသဖြင့် နတ်နေကိုင်း ထားသူ၊ ဝါ၊ နတ်နေကိုင်းသဖွယ်ဖြစ်သော ဆရာ အကြီးအကဲရှိသူ-ဟုအဓိပ္ပါယ် ရ၏။ ဆရာမရှိ ဆုံးမပဲ့ပြင်သူမရှိသော ပေါက်လွှတ်ပဲစား မဟုတ်ဟူလို။
**မိတ္တာနံ**၊ မိတ်ကောင်းတို့၏။ **ဝစနံ**၊ ဆုံးမစကားကို။ **ကရံ**-ကရောန္တော၊ လိုက်နာပြုကျင့်၏။ သမ္ပဇာနော၊ ကောင်းစွာအပြားအားဖြင့်သိ၏။ ပတိဿတော၊ ပေါ်လာသောအာရုံကို မြင်တယ် မြင်တယ် စသည်ဖြင့် သတိပြုရှုမှတ်၏။ သော ဘိက္ခု၊ သည်။ အနုပုဗ္ဗေန၊ ဝိသုဒ္ဓိအစဉ် ဝိပဿနာဉာန်စဉ် မဂ်ဉာန် အစဉ်ဖြင့်။ သဗ္ဗသံယောဇနက္ခယံ၊ အလုံးစုံသော သံယောဇဉ်တို့ကို ကုန်စေ တတ်သော မဂ်၏အဆုံးအရဟတ္တဖိုလ်သို့။ ဝါ၊ အရိဟတ္တဖိုလ်၏ အာရုံဖြစ်သော နိဗ္ဗာန်သို့။ ဝါ၊ ကို။ ပါပုဏေ၊ ရောက်ရာ ရရာ၏။
အယမ္ပိအတ္ထော၊ ဤအနက်အဓိပ္ပါယ်ကိုလည်း။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ် ၏ အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ ဣတိ၊ ပြီးပြီ။
သတ္တမံ။ ကရံ မိတ္တာနံ ဝစနံ။ ။ ဤဝါကျ၏အနက်ကို တိုက်ရိုက်ပြန်ဆိုလျှင်“မိတ်ကောင်းတို့၏စကားကို ပြုလုပ်သူ' ဟု အနက်ထွက်၏။ မြန်မာစာပေ မြန်မာ အသုံးအနှုန်းအနေဖြင့် အဓိပ္ပါယ် မဖြောင့်၊ ထောင့်၏။ ထို့ကြောင့် ‘ဝစနံ ကရံ' ကို ယထောဝါဒံ ပဋိပဇ္ဇန္တော-မိတ်ကောင်းတို့၏ဩဝါဒစကားအတိုင်း ပြုကျင့်သည်-ဟု အဋ္ဌကထာ ဥဇုကတ္ထ-ဖြောင့် ပြတော်မူသည်။ ထို့ကြောင့် ကရံ မိတ္တာနံ ဝစနံ-၏ အဓိပ္ပါယ်ကို မိတ်ကောင်းဆွေကောင်းတို့၏ အဆုံးအမစကား အတိုင်း လိုက်နာပြုကျင့် သူ-ဟု သိလေ။ ကရံ ဗုဒ္ဓါန သာသနံ-စသော အလားတူဝါကျတို့ကိုလည်း ဤနည်းတူ မှတ်လေ။
ဘိက္ခဝေ၊ တို့။ လောကေ၊ သတ္တလောက၌။ ဧကဓမ္မော၊ အပြစ်ကြီးသော အကုသိုလ်တရားတစ်ခုသည်။ ဥပ္ပဇ္ဇမာနော၊ ဖြစ်လတ်သော်။ ဗဟုဇနာဟိတာယ၊ လူအများ၏ စျာန်ချမ်းသာ မဂ်ချမ်းသာစသော ပြည့်စုံမှုကို တားဆီးခြင်းဖြင့် စီးပွားမဲ့ခြင်းငှာ။ ဗဟုဇနာ သုခါယ၊ လူအများ၏ နတ်ခြမ်းသာကို တားဆီးခြင်းဖြင့် ချမ်းသာမဲ့ခြင်းငှာ။ ဗဟုနော ဇနဿ၊ များစွာသော လူအပေါင်း၏။ အနတ္တာယ၊ အပါယ်လားသောအားဖြင့် အကျိုးမဲ့ခြင်းငှာ။ ‌‌ဒေဝမနုဿာနံ၊ နတ်လူတို့၏။ (ပုဂ္ဂိုလ်သာမညမှ ပုဂ္ဂိုလ်ဝိသေသ အထက်တန်းစားတို့ကို ဥက္ကဋ္ဌနိ‌ဒ္ဒေသနည်းဖြင့် ပြပြန်သည်။ အဟိတာယ၊ မဂ်စီးပွားမဲ့ရန် အလို့ငှာ။ ဒုက္ခာယ၊ အရိယာ ချမ်းသာမှ လွဲသွားခြင်းဖြင့် ဝဋ်ဆင်းရဲအလို့ငှာ။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဧကဓမ္မော၊ တစ်ခုသောတရားသည်။
ကတမော၊ နည်း။
**သံဃဘေဒေါ**၊ သံဃာကွဲခြင်းပင်တည်း။
ဘိက္ခဝေ၊ တို့။ သံဃေ ဘိန္နေ၊ သံဃာကွဲပြားခြင်းကြောင့်။သံဃဘေဒေါ။ ။ သံဃာလောက၌ ဘဏ္ဍန ပရိဘာသနစသည် ဖြစ်သော် လည်းကောင်း၊ ဓမ္မ, အဓမ္မစသော ဘေဒကရဝတ္တု ၁၈-ပါးထဲမှ တစ်ခုခုထုတ်ပြကာ ပြောကြဆိုကြသော်လည်းကောင်း၊ ထို့သို့ပြောပြ ရာ၌ နှစ်သိမ့် သဘောကျစေရန် ထပ်မံကြားသိစေကြကုန်သော်လည်းကောင်း၊ ကြားသိစေပြီးနောက် မဲခွဲသော်လည်းကောင်း။သံဃဘေဒဖြစ်တော့မလို့ ကွဲအက်နေပြီ။ ကွဲပြားလတ္တံဟူလိုသည်။ ကွဲလတ္တံ့ ကို 'ဥပ္ပဇ္ဇမာနော' ဟုသေသေဿန္တု မာနာနာသုတ်ဖြင့် မာနပစ္စည်းကို အနာဂတ် ကာလ ဝါစီကြံကာ ဋ္ဌ- ဆရာ ဖွင့်ဆိုသည်။
မဲခွဲပြီးနောက် သံဃာ ၄-ပါးဖြစ်စေ သီးခြား ပါတိမောက် ပြသောအားဖြင့် ဥပေါသထကံ ပြုသည်ဖြစ်စေ၊ အခြားသ့ခကံ တစ်ခုခုပြုသည်ဖြစ်စေ သံဃဘေဒ၊ သံဃာ ကွဲသွားပြီ။ သံဃဘေဒေါ ဥပ္ပဇ္ဇတိ-ဟု တိဘက်ကို ဝတ္တမာနာ ပစ္စုပ္ပန္နေ-ဖြင့် ကွဲပြားဆဲ ပစ္စပ္ပန်ကာလ၌သက်ကာ 'ဥပ္ပဇ္ဇိတိ'ကြိယာဖြင့်ဖွင့်ဆို၏။
သံဃာချင်းခွဲလို့ ကွဲပြားပြီး နောက်ပိုင်းကာလကို ဥပ္ပန္နော-ဟု အတီတောတ-တဝန္တ,တာဝီသုတ်ဖြင့် အတီတ ကာလိက တပစ္စည်းဖြင့်ပြီးသော 'ဥပ္ပန္န' သဒ္ဒါဖြင့် ဋ္ဌ_၌ ဖွင့်ဆိုတော်မူ၏။ (ဋ္ဌ၊၆၅)
အညမညံ၊ ပရိတ်သတ်လေးပါးနှင့် ၎င်းပရိတ်သတ်၏ ဘက်တော်သားအချင်းချင်း။ ဘဏ္ဍနာနိ စေဝ၊ ဓမ္မဟုတ်မဟုတ်စသည်ဖြင့် ငြင်းခုံခြင်းသည် လည်းကောင်း။ အညမညံ၊ အချင်းချင်း။ ပရိဘသာစ၊ အကျိုးမဲ့အောင်မည်သို့ပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်းသည်လည်ကောင်း။ အညမညံ၊ အချင်းချင်း။ ပရိက္ခေပေါ စ၊ အမျိုးမျိုး မှိုချိုး မျှစ်ချိုး ဆဲဆိုတိုင်းထွာခြင်း၊ ရှုတ်ချခြင်း တို့သည်လည်ကောင်း။ အညမညံ၊ အချင်းချင်း။ ပရိစ္စဇနာ စ၊ ဥက္ခေပနီယကံပြုခြင်းဖြင့် စွန့်ပစ်နှင်ထုတ်ခြင်းတို့သည်လည်ကောင်း။ ဟောန္တိ၊ ဖြစ်ကုန်၏။
တတ္ထ၊ ထိုသို့သံဃာကွဲပြားရာ၌။ တစ်နည်း- ထို့သံဃာကွဲပြားကြောင်းဖြစ်သော ငြင်းခုံခြင်းစသည်ကို ပြုရာ၌။ အပ္ပသန္နာစေဝ၊ သာဿနာကို မကြည်ညိုသေးသောသူတို့သည်လည်း။ န ပသီဒန္တီ၊ မကြည်ညို‌တော့ကုန်။ ပသန္နာနံ၊ ကြည်ညိုပြီးကုန်သော။ ဧကစ္စာနဥ္စ၊ အချို့သောသူတို့၏လည်း။ အညထတ္တံ၊ ကြည်ညိုသည်မှတစ်ပါး မကြည်ညိုခြင်းသည်။ ဟောတိ= ၏။
ဧတမတ္ထံ ဘဂဝါ အဝေါစ၊ ပေးမြဲ။
တတ္ထ၊ ထိုသံဃဘေဒသုတ်၌။ အာပါယိကော (လ) နိရဘံ ပစ္စတီ'တိ၊ ပစ္စတိ'ဟူသော။ ဧတံ၊ ဤဂါထာအနက် အဓိပ္ပါယ်ကို။ ဝုစ္စတိ၊ ဆိုအပ်၏။
အာပါယိကော၊ အပါယ်လေးဘုံ၌ ဖြစ်ထိုက်သော။ နေရယိကော၊ အဝီစိငရဲ၌ဖြစ်လတ္တံသော။ ကပ္ပဋ္ဌော၊ အဝီစိငရဲ၌ အန္တရကပ်ပတ်လုံး တည်လတ္တံ့သော။ ဝဂ္ဂရာမော၊ သံဃာကွဲပြားသူတို့၏ အစု၌ မွေ့လျှော်ပျော်ပိုက်သော။ အဓ္ဓဋ္ဌော၊ မတရားမှု၌တည်သော။ သံဃဘေဒကော၊ သံဃာကွဲပြားအောင် သင်းခွဲတတ််သူသည်။ ယောဂက္ခေမာ၊ ယောဂလေးပါးနို့ မနှိပ်စက်အပ်သောကြောင့် ယောဂက္ခေမမည်သော အရဟတ္တဖိုလ်နိဗ္ဗာန်မှ။ ပဓံသတိ၊ ဆုတ်ယုတ်၏။ ကမ္မ, ဥဒ္ဒေသ, ‌ဝေါဟာရ, အနုဿာဝနာ, သလာဂ္ဂါဟ-ဟု သံဃာကွဲခြင်းကြောင်း ၅-မျိုးရှိရာ ကမ္မနှင့် ဥဒေသ ၂-မျိုးသာလိုရင်း ပမာဏ၊ ကျန်သုံးမျိုးတို့က ရှေ့ပြေး ပုဗ္ဗဘာဂအလုပ်သာ။ သမဂ္ဂံ သံဃ၊ ညီညွတ်သောသံဃာကို။ ဘေတွာန- ဘိန္ဒိတွာ၊ ခွဲခြင်းကြောင့်။ ကပ္ပံ၊ အန္တရကပ်ပတ်လုံး။ (ကပ္ပန္တိ အာကုကပ္ပံ၊ သော ပနေတ္တ အန္တရကပ္ပေါဝ။ဋ္ဌ) နိရယမှိ၊ အဝီစိငရဲ၌။ ပစ္စတိ၊ ကျက်ရ၏။ (ပစ-ဓာတ်သည် ကျက်ခြင်းချက်ခြင်း ၂-နက်. ချက်ချင်းအနက်ကား သဗျာပါရ- ကျက်ခြင်းအနက်ကား အဗျာပါရ၊ အဗျာပါရအနက်‌ဟောလျှင် ပစတိ- ဟု ဘူဝါဒိ။ ဤ၌ ပစ္စတိ- ဟုဒိဝါဒိတည်း။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
အဋ္ဌမံ။
ဧကဓမ္မော ဘိက္ခဝေ (လ) ဘိယျော ဘာဝေါ ဟောတီ'တိ၊ ‌ဟောတိ'ဟူသော။ ဧတံ၊ ဤသံဃသာမဂ္ဂမီ သုတ််ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တန္တိ၊ ဟောအပ်ပြီဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆော်ထားအပ်ပါပြီ။ ဘိက္ခဝေ၊ တို့။ လောကေ၊ သုံးပါးသော လောက၌။ ဧကဓမ္မော၊ အပြစ်ကင်း၍ ကောင်းကျိုးပေးခြင်း လက္ခဏာရှိသော တစ်ခုသောကုသိုလ်တရားသည်။ ဥပ္ပဇ္ဇမာနော၊ ဖြစ်ပေါ် လတ်သော်။ ဗဟုဇနဟိတာယ၊ လူအများ၏ စျာန်ချမ်းသာ မဂ်ချမ်းသာအလို့ငှာ။ ဗဟုဇာနသုခါယ၊ လူအများ၏ နတ်ချမ်းသာအလို့ငှာ။ ဗဟုနော ဇနဿ၊ များစွာသောလူအပေါင်း၏။ အတ္တာယ၊ သုဂတိဘုံသို့လာရောက် အကျိုးငှာ။ သုခါယ၊ သုဂတိဘုံ၌ ကိုယ်ချမ်းသာ စိတ်ချမ််းသာခြင်း အလို့ငှာ။ ဒေဝမနုဿာနံ၊ နတ်လူတို့၏။ အတ္တာယ၊ သုဂတိသို့ ထပ်မံ ‌ရောက်ရခြင်းအကျိုးငှာ။ ဟိတာယ၊ ကုသိုလ်၏ အစွမ်းဖြင့် စီးပွားဖြစ်ထွန်းခြင်းအကျိုးငှာ။ သုခါယ၊ သုဂတိဘုံ၌ စိတ်ရောကိုယ်ပါ နှစ်ဖြာချမ်းသာဖို့အလို့ငှာ။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဧကဓမ္မော၊ အပြစ်ကင်း၍ ကောင်းကျိုးပေးခြင်းလက္ခဏာရှိသော တစ်ခုသောတရားသည်။ ကတမော၊ အဘယ်ပါနည်း။
သင်္ဃသာမဂ္ဂီ၊ သံဃာ၏ညီညွတ်ခြင်းသည်၏ အဖြစ်တည်း။
ဘိက္ခဝေ၊ တို့။ သံဃေ၊ သည်။ သမဂ္ဂေ၊ ညီညွတ်သည်ရှိသော်။ အညမညံ၊ ပရိသတ်လေးပါးနှင့် ၎င်းတို့၏ ဘက်တော်သားများအချင်းချင်း။ ဘဏ္ဍာနာနိစေဝ၊ ဓမ္မ အဓမ္မစသည်တို့ဖြင့် ငြင်းခုံရခြင်းတို့သည်လည်း။ န ဟောန္တိ၊ မဖြစ်တော့ကုန်။ အညမညံ၊ အချင်းချင်း။ ပရိဘာသာစ၊ ကျိုးမဲ့အောင် မည်သို့ပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်းတို့သည်လည်ကောင်း။ နဟောန္တိ၊ ကုန်။ အညမညံ၊ အချင်းချင်း။ ပရိက္ခေပါ စ၊ အမျိုးမျိုး မျှစ်ချိုးမှိုချိုး ဆဲဆိုတိုင်းထွာ ရှုတ်ချကဲ့ရဲ့ခြင်းသည်လည်း။ နဟောတိ၊ ကုန်။ အညမညံ၊ အချင်းချင်း။ ပရိစ္စဇနာ စ၊ ဥက္ခေပနီယကံ ပြုခြင်းဖြင့် စွန့်ပစ်ခြင်း နှင်ထုတ်ခြင်းတို့သည်လည်း။ နဟောန္တိ၊ ကုန်။
တတ္ထ၊ ထိုသံဃာညီညွတ်ခြင်း၊ ညီညွတ်ကြောင်းဖြစ်သော မငြင်းခုံခြင်းစသည်တို့၌။ အပ္ပသန္နာစေဝ၊ သာသာနာကို မကြည်ညိုသူတို့သည်လည်း။ ပသီဒန္တိ၊ ကြည်ညိုကြကုန်၏။ ပသန္နာနဥ္စ၊ ကြည်ညိုသူတို့၏လည်း။ ဘိယျောဘာဝေါ၊ လွန်စွာတိုးပွားသည်၏ အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။
ဧတ္တမ ဘဂဝါ အဝေါစ၊ စသည် ပေးမြဲ။
တတ္ထ၊ ထိုသံဃာသာမဂ္ဂီသုတ်၌။ "သုခါ သံဃဿ သာမဂ္ဂီ(လ) ကပ္ပံ သဂ္ဂမှိ မောဒတီ'တိ၊ မောဒတီ'ဟူသော။ ဧတံ၊ ဤဂါထာအနက််အဓိပ္ပာယ်ကို။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ ဆိုအပ်၏။
သံဃာဿ၊ ၏။ သာမဂ္ဂီ၊ ညီညွတ်သည်၏အဖြစ်သည်။ သုခါ၊ ချမ်းသာခြင်း၏ အကြောင်းတည်း။ **သမဂါနံ၊ ညီညွတ်သောသူတို့ကို။ **အနုဂ္ဂဟော ** စ၊ ခြီးမြှောက်ခြင်းသည်လည်း။သံဃာညီညွတ်ခြင်းသည် ချမ်းသာမဟုတ်သေး။ ချမ်းသာခြင်း၏အကြောင်းသာ။ ထို့ကြောင့် သုခါ-ချမ်းသာ၏ ဟု မပေးပဲ ချမ်းသာခြင်း၏ အကြောင်းတည်း-ဟု ပေးသည်။ သုခေါဗုဒ္ဓါ'မုပ္ပါ‌ဒေါ-၌လည်း ဘုရားပွင့်ရုံနဲ့ ချမ်းသာသည်မဟုတ်။ ဘုရားပွင့်ပြီး ဘုရားစကားလိုက်နာသူတို့ အပါယ်မှလွတ်မြောက်သဖြင့် ချမ်းသာသုံးမျိုးရနိုင်သောကြောင့် ချမ်းသာခြင်း၏ အကြောင်းသာဖြစ်သည်။
သမဂ္ဂါနံ အနုဂဟော။ ။ ညီညွတ်မှုကို ကောင်းချီးပြုသောအားဖြင့် ညီညွတ်သူတို့အား ချီးမြှောက်ခြင်းသည် သမဂ္ဂါနုဟမည်၏။ ကြင်ခြင်းအားဖြင့် ပြောဆိုလုပ်ကိုင်လျှင် ညီညွတ်မှု မပျက်စီးမပြိုကွဲနိုင်။ထိုအခြင်းအရာအားဖြင့် နှုတ််ဖြင့် ဖြစ်စေ ကိုယ်ထိလက်ရောက်ဖြစ်စေ အားပေးခြင်းသည် 'သမဂ္ဂါနုဂ္ဂဟ'ဟုဆိုလိုသည်။
သုခေါ၊ ချမ််းသာခြင်း၏ အကြောင်းတည်း။ သမဂ္ဂရတော၊ ညီညွတ်သောသံဃာ၌ မွေ့လျှော်သည်ဖြစ်၍။ ဓမ္မဋ္ဌော၊ တရား၌တည်သောသူသည်။ ယောဂက္ခေမာ၊ ( ယောဂ လေးပါးတို့သည် မနှိပ်စက်အပ်သည်ဖြစ်၍) ယောဂဘေးကင်းရာနိဗ္ဗာန်မှ။ န ဓံသတိ၊ မဆုတ်ယုတ်ပေ။ သံဃံ၊ ကွဲပြားသောသံဃာကို။ ဝါ၊ ကွဲတော့မလို့ အက်ကြောင်းထင်နေသောသံဃာကို= သမဂ္ဂ၊ တစ်စည်းတစ်လုံးတည်း ညီညွတ်သည်ကို။ ကတွာန၊ ပြုလုပ်ပေးခြင်း ကြောင့်။ ကပ္ပံ၊ အာယုကပ်ပတ်လုံး။ သဂ္ဂမှိ၊ ကာမာဝစရနတ်ပြည်ခြောက်ထပ်၌။ မောဒတိ၊ (ဒိဗ္ဗေန သုခေန ဒိဗ္ဗေန အာယုနာ စသော ၁ဝ-မျိုးတို့ဖြင့် မြေ အခြားသော နတ်တို့ကို လွှမ်းမိုး၍) နတ်စည်းစိမ် ခံစားကာ မွေ့လျော်ရ၏။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
နဝမံ။
'ဣဓာဟံ ဘိက္ခဝေ(လ) နိရယံ ဥပပဇ္ဇန္တီ' တိ၊ ဥပပဇ္ဇန္တိ'ဟူသော။ ဧတံ၊ ဤပဒုဋ္ဌစိတ္တသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ'န္တိ၊ ပြီဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤလောက၌။ ပဒုဋ္ဌစိတ္တံ၊ အာဃာတဒေါသသည် ဖျက်စီးအပ်သောစိတ်ရှိသော။ ဝါ၊ ရာဂစသော အပြစ်ဒေါသသည် ဖျက်စီးအပ်သော စိတ်ရှိသော။ ဧကစ္စံ၊ အမှတ်မရှိ တစ်စုံတစ်ယောက်သော။ ပုဂ္ဂလံ၊ ကုသိုလ် အကုသိုလ်နှင့် ယင်းတို့၏ အကျိုးကိုဖြည့်တတ်' သေသည်၏အစွမ်းအားဖြင့် ရွေ့လျားတတ်သောကြောင့် ပုဂ္ဂိုလ်ဟု ခေါ်ဆိုအပ်သော သတ္တဝါကို (ယထာ ပစ္စယံ ကုသလာကုသလာနံ တဗ္ဗိပါကာနဥ္စ ပူရဏတော, မရဏဝေသေနဂလနတောစ ပုဂ္ဂလောတိ ဝုစ္စတိ) (အဋ္ဌကထာ)။ ဧဝံ= ဤဆိုအပ်လတ္တံသောအခြင်းအရာအားဖြင့်။ စေတသာ၊ မိမိ၏စေတောပရိယ အဘိညာဉ်စိတ်ဖြင့်။ စေတော၊ သူတစ်ပါး၏စိတ်ကို။ ပရိစ္စ၊ ပိုင်းခြား၍။ အဟံ၊ ငါဘုရားရှင်သည်။ ပဇာနာမိ၊ သိတော်မူ၏။ ကိဥ္စ၊ တစ်စုံတစ်ခုသော အရာဝတ္ထကို။ အာဘတံ- အာဟရိတွာ၊ ဆောင်ယူ၍။ နိက္ခိတ္တံ-ဌပိတံ ယထာ၊ ချထားသကဲ့သို့။ ဧဝံ၊ ဤအတူ။ သော၊ ထိုပုဂ္ဂိုလ်ကို။ နိရယေ၊ ငရဲ၌။ နိက္ခိတ္တော၊ မိမိ၏အကုသိုလ်ကံက ပစ်ချအပ်ပြီ။
တံ၊ ထို့သို့ ငရဲ၌ပစ်ချခံရခြင်းသည်။ ကိဿ ဟေတု၊ အဘယ်ကြောင့်နည်း။
ဘိက္ခဝေ၊ တို့။ ဟိ ယသ္မာ၊ ကြောင့်။ အဿ၊ ထို့သူ၏။ စိတ္တံ၊ စိတ်ကို။ ပဒုဋ္ဌံ၊ အာဃာတဒေါသ ရာဂါဒိဒေါသသည် ဖျက်ဆီးအပ်ပြီ။ တသ္မာ၊ ထို့ကြောင့်တည်း။
ဘိက္ခဝေ၊ တို့။ စေတောပဒေါဟေတု၊ စိတ်ပြစ်မှားခြင်းဟူသောအကြောင်းကြောင့်။ ဧဝ၊ ဤသို့။ ဣဓ၊ ဤလောက၌။ ဧကစ္စေ၊ အချို့ကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ ကာယဿ၊ ဥပါဒိန္နခန္ဓာကိုယ်၏။ ဘေဒေါ၊ ပျက်စီးခြင်းကြောင့်။ မရဏာ၊ သေသည်မှ။ ပရံ၊ ခန္ဓာသစ်ကို ရယူရာ အခြားမဲ့ဖြစ်သော နောက်ကာလ၌။ အပါယံ၊ ချမ်းသာကင်းသော။ ဒုဂ္ဂတိံ၊ ဆင်းရဲ၏တည်ရာဖြစ်သော။ ဝိနိပါတံ၊ ဖရိုဖရဲ အလိုမတူဘဲ ကျရောက်ရာဖြစ်သော။ နိရဘံ၊ ငရဲ၌။ ဥပပဇ္ဇန္တိ၊ ပဋိသန္ဓ၏ အစွမ်းဖြင့်ဖြစ်ကုန်၏။
ဧတမတ္ထံ ဘဂဝါ ဝေါစ၊ ပေးမြဲ။
တတ္ထ၊ ထိုပဒုဋ္ဌစိတ္တသုတ်၌။ 'ပဒုဋ္ဌစိတ္တံ ဉ တွာန (လ) သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိ' န္တိ၊ ဒုဂ္ဂတိ' ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပာယ်ကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ၏။
ဣဓ၊ ဤလောက၌။ ပဒုဋ္ဌစိတ္တံ၊ ဒေါသအာဃာတသည် ဖျက်ဆီးအပ်သော စိတ်ရှိသော။ ဝါ၊ ရာဂစသော အပြစ်ဒေါသသည်ဖျက်ဆီးအပ်သော စိတ်ရှိသော။ ဧကစ္စံ၊ အမှတ်မရှိ တစ်စုံတစ်ယောက်သော။ ပုဂ္ဂလံ၊ ကို။ ဉ တွာန၊ သိတော်မူ၍။ (ပုဗ္ဗကာလကြိယာ) (သိမှုနှင့်မိန့်ဆိုမှု နှစ်မျိုးတွင် သိမှုက အရင် ပုဗ္ဗကာလ-မိန့်ဆိုမှုနောက် အပရကာလ၊ ထို့ကြောင့် ဉ တွာနကို ပုဗ္ဗကာလကြိယာအနက်ယောဇနာသည်။ တစ်နည်း-တွာနပစ္စည်းကို ဟိတ်အနက်ကြံ၍'ဉ တွာန-သိခြင်းကြောင့်' ဟု သီဟံဒိသွာဘယံဟောတိကဲ့သို့ အနက်ယောဇနာ နိုင်သည်။) ဗုဒ္ဓေါ၊ သည်။ အတ္တနော၊ မိမိ၏။ သိန္တိကေ၊ အနီး၌။
ဣမမှိ သမယေ၊ ပဒုဋ္ဌစိတ် ကိန်းရာ ဤအခါ၌။ တစ်နည်း- ဣမမှိ သမယေ- ဣမာယံ ပစ္စယသာမဂ္ဂိယံ၊ ဤအကြောင်းညီညွတ်ခါ၌။ အယံ ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်။ စေ ကာလံ ကယိရာထ၊ အကယ်၍ (ဇော နောင် သို့မဟုတ် ဇေ, တဒါရုံနောင် စုတိစိတ်ကျ၍) သေငြားအံ့။ နိရယံ၊ ငရဲ၌။ ဥပပဇ္ဇေယျ၊ ပဋိသန္နေနေသောအားဖြင့် ဖြစ်ရာ၏။ ကသ္မာ၊ နည်း။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ အဿ၊ ထိုပုဂ္ဂိုလ်၏။ စိတ္တံ၊ ကို။ ပဒူသိတံ၊ အာဃာတဒေါသ ရာဂါဒိအပြစ်ဒေါသသည် ဖျက်ဆီးအပ်၏။ တသ္မာ၊ ထို့ကြောင့်တည်း။ (ဣမသ္မိံကာလေ၊ ဣမာယံ ဝါ ပစ္စယသာမဂ္ဂိယံ' ဟူ၍၎င်း-'အယံ ပုဂ္ဂလော ဇဝနဝီထိဘာ အပရဘာဂေ ကာလံ ကရေယျ စေတိအတ္တော'ဟူ၍၎င်း စုဏ္ဏိယ၌ ဋ္ဌ-ဖွင့်ခဲ့သည်။ (ဋ္ဌ၊၆၉)
(ကိဉ္စိ၊ တစ်စုံတစ်ခုသောပစ္စည်းဝတ္ထုကို။) ဟရိတွာ၊ ယူဆောင်၍။ နိက္ခိပေယျ ယထာ= ပစ်ချထားသကဲ့သို့။ ဧဝမေဝံ၊ ဤအတူ။ တထာဝိဓော၊ ထိုသို့ပဒုဋ္ဌ စိတ်သဘော ရှိသော ပုဂ္ဂိုလ်ကို။ နိက္ခိတ္တော၊ ငရဲ၌ ပစ်ချထားအပ်၏။ ဟိ၊ မှန်၏။ စေတောပဒေါသဟေတု= အာယာတဒေါသ ရာဂါဒိအပြစ်ဒေါသရှိသော စိတ်၏ ပျက်စီးခြင်းဟူသော အကြောင်းကြောင့်။ သတ္တာ၊ သတ္တဝါတို့သည်။ ဒုဂ္ဂတိ၊ မကောင်းသူတို့၏လားရောက်ရာ ဆင်းရဲ၏တည်ရာ ဒုဂ္ဂတိဘဝသို့။ ဂစန္တိ၊ သွားရောက်ကြရကုန်၏။
အယမ္ပိ အတ္ထော၊ စသည်ပေးမြဲ။
ဒသမံ။
ဒုတိယော၊ နှစ်ခုမြောက်သော။ ဝဂ္ဂေါ၊ သုတ်အစုတည်း။ (ဒုတိယဝဂ်၌ ပါဝင်သော သုတ်အမည်များကိုမာတိကာရှု။)
'ဣဓာဟံ ဘိက္ခဝေ (လ) သဂ္ဂံ လောကံ ဥပပဇ္ဇန္တိ'တိ၊ ဥပပဇ္ဇန္တိ'ဟူသော။ ဧတံ၊ ဤပသန္နစိတ္တသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ'န္တိ၊ ဟောအပ်ပြီ'ဟူ၍။ မေ၊ သည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤလောက၌။ **ပသန္နစိတ္တံ**၊ ကြည်လင်သောစိတ်ရှိသော။ ဧကစ္စံ၊ အမှတ်မရှိသော တစ််စုံတစ်ယောက်သော။ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်က်ို။ အဟံ၊ ငါဘုရားသည်။ စေတသာ၊ ငါ၏ စေတောပရိယအဘိညာဉ်စိတ်ဖြင့်။ စေတော၊ သူတစ်ပါးစိတ်ကို။ ပရိစ္စ၊ ပိုင်းခြား၍။ 'အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်။
ဣမမှိသမယေ၊ ဤကြည်လင်သောစိတ်ရှိရာအခါ၌။ ဝါ၊ ဤအကြောင်းညီညွတ်ရာအခါ၌။ စေ ကာလံ ကရေယျ၊ အကယ်၍ သေချိန်ကိုပြုငှားအံ့။ ဝါ၊ သေငြားအံ့။ ကိဉ္စိ၊ တစ်စုံတစ်ခုသော ပစ္စည်းဝတ္တုကို။ အာဘတံ- အာဟရိတွာ၊ ယူဆောင်၍။ နိက္ခိတ္တံ ယထာ၊ ချထားအပ်သကဲ့သို့။ ဧတံ၊ ဤအတူ။ သော၊ ထိုသူကို။ သဂ္ဂေ၊ နတ်ပြည်၌။
တံ၊ ထို့သို့နတ်ပြည်၌ ချထားခြင်းသည်။ ကိဿဟေတု၊ အဘယ်ကြောင်းကြောင့်နည်း။
ဘိက္ခဝေ၊ တို့။ ဟိ၊ အကြင့်ကြောင့်။ အဿ၊ ထိုသူ၏။ စိတ္တံ၊ သည်။ ပသန္နံ၊ ကြည်လင်၏။ တသ္မာ၊ ထို့ကြောင့်တည်း။
ဘိက္ခဝေ၊ တို့။ ခေါ ပန၊ စင်စစ်။ စေတောပသာဒဟေတု၊ စိတ်ကြည်လင်မှုဟူသော အကြောင်းကြောင့်။ ဣဓ၊ ဤလောက၌။ ဧကစ္စေ၊ အချို့ကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ ဧဝံ၊ ဤသို့။ ကာယဿ၊ ဥပါဒိန္နာခန္ဓာကိုယ်၏။ ဘေဒေါ၊ ပျက်စီးခြင်းကြောင့်။ ပသန္နစိတ္တံ။ ။ ရတနာသုံးပါးကို ယုံကြည်မှု၊ ကံ ကံ၏အကျိုးကို ယုံကြည်မှု သဒ္ဓါကြောင့် စိတ်ကြည်လင်သည်။ မရဏာ၊ သေသည်မှ။ ပရံ၊ နောက်ုစ်သောခန္ဓာသစ်ယူရာအခါ၌။ **သုဂတိံ**၊ ကောင်းသောသူတို့လားရာ ချမ်းသာ၏ တည်ရာဖြစ်ရာ သုဂတိဘုံတည်'ဟူသော။ **သဂ္ဂံ** လောကံ၊ နတ်ပြည်နတ်လောက၌။ ဥပပဇ္ဇန္တိ၊ ပဋိသန္ဓေနေသောအားဖြင့် ဖြစ်ကြကုန်၏။
ဧတမတ္တံ အဝေါစ၊ ပေးမြဲ။
တတ္ထ၊ ထိုပသန္နစိတ္တသုတ်၌။ ပသန္နစိတ္တံ ဉ တွာန(လ) သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိ'န္တိ၊ သုဂ္ဂတိ'ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပာယ်ကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ဆိုအပ်၏။
ဣဓ၊ ဤလောက၌။ ပသန္နစိတ္တံ၊ ကြည်လင်သောစိတ်ရှိသော။ ဧကစ္စံ၊ တစ်စုံတစ်ယောက်သော။ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို။ ဉတွာန၊ သိ၍။ ဝါ၊ သိခြင်းကြောင့်။ ဧတမတ္ထံစ၊ ဤပြဆိုအပ်လတ္တံသော အနက်အဓိပ္ပါယ်ကိုလည်း။ ဗု‌ဒ္ဓေါ၊ သည်။ အတ္တနော၊ ၏။ သန္တိကေ၊ အနီး၌။ ဌိတာနံ၊ တည်ရှိကုန်သော။ ဘိက္ခူနံ၊ တို့အား။ ဗျာကာသိ၊ မိန့်တော်မူပြီ။
ဣမမှိ သမယေ၊ စိတ်ကြည်လင်ရာဤအချိန်ခါ၌။ ဝါ၊ အကြောင်းညီညွတ်ရာ ဤအခါ၌။ အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်။ စေ ကာလံ ကာယိရာ-ထ၊ သေချိန်ကိုပြုငြားအံ့။ ဝါ၊ သေငြားအံ့။ သုဂ္ဂတိံ၊ ကောင်းသောသူတို့၏လားရာသုကတိဘုံဘဝ၌။ ဥပပဇ္ဇေယျ၊ ပဋိသန္ဓေနေသောအားဖြင့် ဖြစ်ရာ၏။ ကာသ္မာ၊ နည်း။ ဟိ၊ အကြင့်ကြောင့်။ အဿ၊ ထိုသူသည်။ စိတ္တံ၊ ကို။ ပသာဒိတံ၊ ကြည်လင်စေပြီ။ တသ္မာ၊ ထို့ကြောင့်တည်း။
ကိဉ္စိ၊ တစ်စုံတစ််ခုသောအရာဝတ္ထုကို။ ဟရိတွာ၊ ယူဆောင်၍။ နိက္ခိပေယျ-ယထာ၊ ချထားရာသကဲ့သို့။ ဧဝမေဝံ၊ ဤအတူ။ တထာဝိဓော၊ ထို့သို့စိတ်ကြည်လင်ခြင်းသဘောရှိသောသူကို။သုဂတိံ။ ကောင်းသောဂတိဖြစ်၍ သုဂတိ၊ သို့မဟုတ် ကောင်းသောချမ်းသာ၏ဖြစ်တည်ရာဖြစ်သောကြောင့် သုဂတိမည်၏။ သုဂတိဖြင့် နတ်ဘုံသာသို့မဟုတ် လူ့ဘုံကိုလည်းယူ။
**သဂ္ဂံ။ ။ သု+အဂ္ဂ၊ သုဋ္ဌု အဂ္ဂ။ ရူပ သဒ္ဒစသော ငါးဖြာသောအာရုံ ကာမဂုဏ်စည်းစိမ်တို့ဖြင့် ကောင်းမွန် ကောင်းမြတ်သောဘုံ။ နတ်ဘုံဟု ဋ္ဌ-ဖွင့်။ (ဋ္ဌ၊၇၀)
သဂ္ဂေ၊ နတ်ပြည်၌။ နက္ခိတ္တော၊ ချထားအပ်ပြီ။ ဟိ၊ မှန်၏။ စေတောပသာဒဟေတု၊ စိတ်ကြည်လင်ခြင်းဟူသောအကြောင်းကြောင့်။ သတ္တာ၊ တို့သည်။ သုဂတိံ၊ ကောင်းသောသူတို့၏ လားရာသုဂတိဘုံဘဝသို့။ ဂစ္ဆန္တိ၊ ရောက်ကြကုန်၏။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
ပဌမံ။
မာ ဘိက္ခဝေ ပုညာနံ ဘာယိတ္ထ (လ) ဒါနဿဒမဿ သံယမဿာ'တိ၊ သံယမသဟူသော။ ဧတံ၊ ဤမေတ္တာသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ'န္တိ၊ ပြီ'ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။ ပုညာနံ၊ တေဘူမကကုသိုလ်တို့မှ။ မာ ဘာယိတ္ထ၊ မကြောက်ကြကုန်လင့်။ (ကြောက်ရွံ့ ထိတ်လန့်ခြင်းသို့ မရောက်ကြလင့်-ဟူလို။ အချို့သောဘာမဟုတ်သည့် ပစ္စုပ္ပန်ချမ်းသာ လက်လွတ်မှာစိုးသဖြင့် လက်လွတ်မှာကြောက်သဖြင့် ကြီးကျယ်သော တမလွန်ကျိုး နိဗ္ဗာန်တိုင်အောင်အကျိုးတို့ကို ရစေနိုင်သော ကုသိုလ်တို့မှ မကြောက်လန့်ကြပါလင့်။ ဧကစ္စဿ ဒိဋ္ဌဓမ္မသုခဿ ဥပရောဓဘယေန သမ္ပရာယိကနိဗ္ဗာန်သုခဒါယကေဟိ ပုညေဟိမာဘာယိတ္တာတိ။ ဋ္ဌ။ ပုညာနံ၊ ကို, တို့ကိုဟု မသမ္ဗန်လင့်။ တို့မှဟုသာ သမ္ဗန်။ နိဿက္ကေဟိ ဣဒံ သာမိဝစနံ။ ဋ္ဌ။) (ဋ္ဌ၊၇၁) ဘိက္ခဝေ၊ တို့။ ပုညာနီတိ၊ ပုညာနိ-ဟူသော။ ယဒိဒံ၊ အကြင်အမည်သည်။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤပုညာနိဟူသော အမည်သည်။ ဣဋ္ဌဿ၊ လိုလားအပ်သော။ ကန္တဿ၊ နှစ်သက်အပ်သော။ ပိယဿ၊ ချစ်အပ်သော။ မနာပဿ၊ မြတ်နိုးအပ်သော။ သုခဿ၊ ချမ်းသာ၏။ အဓိဝစနံ၊ အမည်တည်း။ (သုခမေဝတံ ယဒိဒံ ပုညန္တိ ဖလေန ကာရဏဿ အဘေဒူပစာရံ ဝဒတိ။ ပုည-သည်အကြောင်း၊ သုခ-သည် အကျိုး-မတူကွဲပြား၏။ သို့သော် ပုည-သည်ပင် သုခ၊ သုခ-သည်ပင် ပုည-ဟု အဘေဒူပစာအားဖြင့်ဟောတော်မူသည်။
ဘိက္ခဝေ၊ တို့။ ဒီဃရတ္တံ၊ ကြာမြင့်စွာသော ကာလပတ်လုံး။ ကတာနံ၊ ပြုအပ်ကုန်သော။ ပုညာနံ၊ ကောင်းမှု တို့၏။ ဣဋ္ဌံ၊ လိုလားအပ်သော။ ကန္တံ၊ နှစ်သက်အပ်သော။ ပိယံ၊ ချစ်ခင်အပ်သော။ မနာပံ၊ မြတ်နိုးအပ်သော။ ဝိပါကံ၊ အကျိုးကို။ ပစ္စနုဘူတံ၊ ခံစားအပ်ဖူးသည်ကို။ အဟံ၊ ငါဘုရားရှင်သည်။ အဘိ-ဇာနာမိ၊ မျက်ဝါးထင်ထင် ပိုင်းခြား သိမြင်တော်မူ၏။
သတ္တဝဿာနိ၊ ခုနစ်နှစ်တို့ပတ်လုံး။ မေတ္တစိတ္တံ၊ မေတ္တာနှင့်ယှဉ်သော စိတ်ကို။ ဘာဝေတွာ၊ ဖြစ်ပွားခြင်းကြောင့်။ သတ္တသံဝဋ္ဋဝိဝဋ္ဋကပ္ပေ၊ မဟာကပ်ခုနှစ်ကပ်တို့ပတ်လုံး။ ဣမံ လောကံ၊ ဤလူ့ပြည်သို့။ န ပုန အာဂမိံ၊ ပဋိသန္ဓေစွမ်းအားဖြင့်ပြန်မလာ။
ဘိက္ခဝေ၊ တို့။ သံဝဋ္ဋမာနေ ကပ္ပေ၊ ကမ္ဘာပျက်သည်ရှိသော်။ အာဘဿရူပဂေါ ဟောမိ၊ အာဘာဿရာဘုံသို့ ပဋိသန္ဓေတည်သောအားဖြင့်အားဖြင့်ရောက်နေ၏။ ဝိဝဋ္ဋမာနေ ကပ္ပေ၊ ကမ္ဘာတည်သောအခါ၌။ သုညံ၊ သတ္တဝါတို့မှ ဆိတ်သုဉ်းသော။ ဗြဟ္မဝိမာနံ၊ ပထမစျာန် ဗြဟ္မာ့ဘုံ၌။ ဥပပဇ္ဇာမိ၊ ၏။
တတြ၊ ထိုပထမစျာန် ဗြဟ္မာ့ဘုံ၌။ ဗြဟ္မာ၊ ကာမာဝစရ-သတ္တဝါတို့ထက်မြတ်သော ဗြဟ္မာသည်။ မဟာဗြဟ္မာ၊ ဗြဟ္မ ပါရိသဇ္ဇဗြဟ္မပုရောဟိတ်တို့ထက် သာလွန်မြင့်မြတ်သော မဟာဗြဟ္မာသည်။ အဘိဘူ၊ သူတစ်ပါးတို့ကိုအုပ်စိုး လွှမ်းမိုးသူသည်။ အနဘိ ဘူတော၊ သူတစ်ပါးတို့က မိမိကိုမလွှမ်းမိုးနိုင်သူသည််။ အညဒတ္ထု၊ စင်စစ်။ ဒသော၊ အတိတ် အနာဂတ် ပစ္စုပ္ပန်တို့ကို သိမြင်စွမ်းသူသည်။ ဝသဝတ္တီ၊ အခြားဗြာဟ္မာတို့၏စိတ်ကိုလည်ကောင်း- မိမိ အလိုသို့ လိုက်စေနိုင်သူသည်။ ဟောမိ၊ ၏။
အနေကသတက္ခတ္တုံ၊ အကြိမ်များစွာ။ ဓမ္မိကော၊ တရားသဖြင့်ကျင့်သော။ ဓမ္မရာဇာ၊ တရားကြောင့် မင်းဖြစ်လာသော။ စာတုရန္တော၊ သမုဒြာလေးစင်း အဆုံးရှိသော လေးကျွန်းလုံးကို အစိုးရသော။ ဝိဇိတာဝီ၊ ကောပစသောအတွင်းရန် မြောက်မြားစွာသောမင်းတည်ဟူသော အပရန်တို့ကို တုတ် ဓား မဆောင် အောင်နိုင်တော်မှုသော။ ဇနပဒထာဝရိယပ္ပတ္တော၊ တိုင်းပြည်၌ ထာဝရ တည်မြဲစေ၏ အဖြစ်သို့ရောက်သော။ ဝါ၊ တိုင်းပြည်သည် ထိုမင်းလက်ထက်၌ အမြဲတည်ရှိသည်၏ အဖြစ်သို့ရောက်သော။ (ဇနပဒေ ထာဝရဘာဝံ ဓုဝဘာဝံ ပတ္တော။နသက္ကာ ကေနစိ တတော စာလေတုံ။ ဇနပဒေါ ဝါတမှိ ထာဝရိ- ယပ္ပတ္တော အနုယုတ္တော သကမ္မနိရတော အစလော အသမ္ပဝေဓီတိဇနပဒထာဝရိယပ္ပတ္တော။ဋ္ဌ။) သတ္တရတနာသမန္နာဂတော၊ စက္ကရတနာ ဆင်ရာတနာ စသော ရတနာ ၇-ပါးနှင့်ပြည့်စုံသော။ စက္ကဝတ္တိ ရာဇာ၊ သည်။ အဟံ၊ ငါဘုရားသည်။ အဟောသိံ၊ ဖြစ်ခဲ့၏။
ပ‌ဒေသရဇ္ဇဿ၊ ပဒေသရာဇ် မင်းအဖြစ်ကို။ ဝါဒေါ၊ ဆိုဖွယ်စကားသည်။ ကောပနာ၊ အဘယ်မှာရှိအံ့နည်း။
ဘိက္ခဝေ၊ တို့။ တဿ မယှံ၊ ငါဘုရား၏။ (ဧတံ- ၌စပ်) ယေန၊ အကြင်ကြောင်းကံကြောင့်။ အဟံ၊ ငါဘုရားသည်။ ဧတရဟိ၊ ယ္ခုအခါ၌။ ဧဝံ မဟာနုဘာဝေါ၊ ဤအမျှထိ ကြီးကျယ်သော အစွမ်းအာနုဘော်ရှိ၏။
မေ၊ ငါ၏။ ဣဒံ၊ ဤအကျိုးသည်။ ကိဿ ကမ္မဿ၊ အဘယ်ကံ၏။ ဖလံ နု ခေါ၊ အကျိုးပါ့လိမ့်နည်း။ ကိဿ ကမ္မဿ၊ အဘယ်ကံ၏။ ဝိပါကော နုခေါတိ၊ အကျိုးဆက်လိမ့်ပါနည်းဟူသော။ ဧတံ၊ ဤအကြံသည်။ အဟောသိ၊ ဖြစ်ပြီ။
ဘိက္ခဝေ၊ တို့။ တဿမယှံ၊ ထိုငါဘုရား၏။ (ဧတံ- ၌စပ်) ယေန၊ အကြင်အကြောင်းကံကြောင့်။ အဟံ၊ သည်။ ဧတရဟိ၊ ယ္ခုအခါ၌။ ဧဝံ မဟိဒ္ဓိကော၊ ဤအမျှအထိ ကြီးကျယ်သော တန်ခိုးရှိ၏။ ဧဝံ မဟာမုဘာဝေါ၊ ဤအမျှထိကြီးကျယ််သော အစွမ်းအာနုဘော်ရှိ၏။ မေ၊ ငါဘုရား၏။ ဣဒံ၊ ဤအကျိုးသည်။
တိဏ္ဏံ ကမ္မာနံ၊ တို့၏။ ဝိပါကော ခေါ၊ အကျိုးဆက်သာတည်း။ ဣတိ ဧတံ၊ ဤအကြံသည်။ ဟောသိ၊ ဖြစ်၏။ ဣဒံ-ဣမာနိ၊ ဤကံသုံးပါးတို့ဟူသည်။ သေယျထာ၊ အဘယ်သည်တို့နည်း။ ဒါနဿ၊ လှူဖွယ်ဝတ္ထုတို့ကို စွန့်ကြဲခြင်းကံ၏၎င်း။ ဒမဿ၊ စက္ခုစသော ဣန္ဒြေတို့ကိုဆုံးမခြင်း-စက္ခုစသော ဣန္ဒြေတို့ကို ကောင်းစွာထားခြင်း၏ အစွမ်းအားဖြင့် ရာဂါဒိကိလေသာတို့ကို ဆုံးမခြင်းကံ၏၎င်း။ သံယမဿ၊ ကိုယ်နှုတ်နစ်ပါးကိုစောင့်စည်းခြင်းကံ၏၎င်း။ ဝသေန၊ အပြားအားဖြင့်။ ဣတိ-ဣမာနိ၊ ဤသုံးမျိုးတို့သည်။
ဧတမတ္ထံ၊ စသည်ကို ပေးမြဲ။
တတ္ထ၊ ထိုမေတ္တာသုတ်၌။ 'ပုညမဝေ သော သိက္ခေယျ (လ) ပဏ္ဍိတော ဥပပဇ္ဇတီ'တိ၊ ဥပပဇ္ဇတိ'ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပာယ်ကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ၏။
ယော၊ အကြင် အမျိုးကောင်းသားတို့သည်။ အတ္တကာမော၊ အကျိုးစီးပွားကို လိုလား၏။ သော၊ မိမိအကျိုးကို လိုလားသော ထိုအမျိုးကောင်းသားတို့သည်။ **ပုညမေဝ**၊ (မြတ်နိုးထိုက် သောအကျိုးကိုဖြစ်စေတတ်' မိမိ၏စိတ်အစဥ်ကိုဖြူစင်စေတတ်သောကြောင့် ပုည -ဟု ခေါ်ဆိုအပ်သော) ကုသိုလ်သုံးမျိုးကို။ သိက္ခေယျ၊ ပြုကျင့်ဆည်းပူးရာ၏။ **အာယတဂ္ဂံ**၊ ပြန့်ပြောမြင့်မြတ်သော အကျိုးရှိသော။ ဝါ၊ ယောန်ိသောမနသိကာရ စသော ရှည်လျားသော အကြောင်းကြောင့် အမြင့်မြတ်ဆုံးဖြစ်သော။ ဝါ၊ ရှည်လျားသော ကုသိုလ်အကျိုးကြောင့် ပဓာနဖြစ်သော။ ဝါ၊ ပိယ မနာပအကျိုးရှိသည်၏အဖြစ်ကြောင့် နောက်နောင်အဖို့ ကောင်းမွန်သော။ သုခုဒြယံ၊ သုခကို ပွားတိုးစေတတ်သော။ ဒါနဉ္စ၊ ပေးကမ်းလှူဒါန်း ခြင်းကိုလည်ကောင်း။ သမစရိယဉ္စ၊ မသမာမှုမှ ရှောင်ကြဉ်၍ သမာမှုတည်းဟူသော သုစရိုက် အကျင့်ကိုလည်းကောင်း။ မေတ္တစိတ္တဉ္စ၊ ဗြဟ္မတိသာရဘာဝနာဟူသော မေတ္တာနှင့်ယှဉ်သောစိတ်ကိုလည်ကောင်း။ပုညမေဝ။ ။ ပူဇေတဗ္တိ ပုညံ။ ပူဇ-ဓာတ်၊ ဏျပစ္စည်း၊ ပုနာတိ သောဓေ-တီတိ ပုညံ။ ပုန-ဓာတ်၊ ဏ-ပစ္စည်း၊ ပုနမေဝ ပုညံ၊ ပုန-ပုဒ် ဏျ-ပစ္စည်း၊ သွတ္ထ။ ထို့ကြောင့် ဋ္ဌကထာဆရာ ပုဇ္ဇဖလနိဗ္ဗတ္တတော အတ္တနော သန္တာနံ ပုနနတောစ ပုညန္တိလဒ္ဓနာမံ-ဟုဖွင့်သည်။ ကာမ မဟဂ္ဂုတ် လောကုတ် ကုသိုလ်ကုသိုလ်မျိုးလုံးကို ပုည၊ ကောက်စေလို၍ တိဝိဓံ ကုသလမေဝ သိက္ခေယျ-ဟု ဖွင့်သည်။ (ဋ္ဌ၇၄)
အာယတတ္တံ့။ ။ ဝိပုလဖလတာယ ဥဠာရဖလတာယ အာယတဂ္ဂံ-ဟူ ဋ္ဌ-အလို အာယဂ္ဂံ-သည် အာယတ+အဂ္ဂ နှစ်ပုဒ်ခွဲထားသည်။ ပိယမနာပဖလာတာ-ယဝါ အာယတိံ ဥတ္တမန္တိ-အလို အာယတိနှင့်အဂ္ဂ ၂-ပုဒ်တွဲ ထားသည်။ အာယေန ယောနိသောမနသိကာရာဒိပ္ပစ္စယေန ဥဠာရကမေန အဂ္ဂံ-ဟူသော အဖွင့်အ အာယ-ပုဒ် အဂ္ဂ-ပုဒ် ၂-ပုဒ်တွဲထားသည်။ တ-ကား ပဒသန္နိရ။ အထဝါ အာယေန ပုညဖလေန အဂ္ဂံပဓာနံ-အလိုလည်း အာယပုဒ် အဂ္ဂပုဒ် ၂-ပုဒ်တွဲပင်။ တ-ပဒသန္ဓိ ကရပင်။ အာယ-ပုဒ်အရ ပုညဖလ အဂ္ဂသည်ပဓာန၊ ဤသို့ အနက်သာ ထူး၏၊
ဘာဝယေ၊ မိမိသန္တာန်၌ဖြစ်စေ တိုးပွားစေရာ၏။
ပဏ္ဍိတော၊ အမှန်သိမြင် ပညာရှင်သည်။ သုခသမုဒ္ဒေယေ၊ ချမ်းသာခြင်းအကျိုးအာနိသင်ရှိကုန်သော။ တယော၊ သုံးမျိုးကုန်သော။ ဧတေ ဓမ္မေ၊ ထိုဒါနစသော သုစရိုက်တရားတို့ကို။ ဘာဝယိတွာ၊ ပွားစေခြင်းကြောင့်။ အဗျာပဇ္ဇံ၊ ဗျာပါဒါကင်းသဖြင့် ဆင်းရဲခြင်းမရှိသော။ သုခံ၊ စျာန်သမာပတ်၏ အစွမ်းအားဖြင့် များစွာ ချမ်းသာသော။ လောကံ၊ ဗြဟ္မလောကသို့။ ဥပပဇ္ဇတိ-ဥပေတိ၊ ကပ်ရောက်ရာ၏။
အယမ္မိ အတ္တော၊ စသည် ပေးမြဲ။
ဒုတိယံ။
ဧကဓမ္မော ဘိက္ခေဝေ (လ) သမ္ပရာယိကဉ္စာ'တိ၊ သမ္ပရာယိကဉ္စ'ဟူသော။ ဧတံ၊ ဤဥဘယတ္ထသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ ဟိ၊ ဟောတော်မူအပ်သည်သာ။ အရဟတာ၊ သည်။ ဝုတ္တ'န္တိ၊ ဟောတော်မူအပ်ပြီဟူ၍။ မေ၊ အကျန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီ။ ဘိက္ခဝေ၊ တို့။ ဧကဓမ္မော၊ တစ်ခုသောတရားသည်။ ဝါ၊ ကို။ ဘာဝိတော၊ ဖြစ်စေအပ် ပွားများအပ်သည်။ ဗဟုလီကတော၊ အဖန်ဖန်ပြုအပ်သည်။ သမာနော၊ ဖြစ်လတ်သော်။ ဒိဋ္ဌဓမ္မိကံ၊ လက်ရှိ ပစ္စုပ္ပန်အတ္တဘော၌ ဖြစ်သော။ အတ္ထဉ္စေဝ၊ အကျိုးစီးပွားကိုလည်းကောင်း။ သမ္ပရာယိကံ၊ တမလွန်လောက၌ ဖြစ်လတ္တံ့သော။ အတ္ထံ စ၊ အကျိုးစီးပွားကိုလည်းကောင်း။ ဥဘော၊ နှစ်မျိုးကုန်သော။ အတ္ထေ၊ အကျိုးစီးပွားတို့ကို။ သမဓိဂ္ဂယှ၊ ကောင်းစွာ သိမ်းယု၍။ တိဋ္ဌတိ၊ မြဲစွာတည်၏။ (အဝိဇဟိတွာ ဝတ္တတိ၊ ဟု ဘာဝတ္ထ အဓိပ္ပါ-ယတ္ထ၊ ဖွင့်၏။)
ဧကဓမ္မော၊ တစ်ခုသော တရားဟူသည်။ ကတမော၊ အဘယ်နည်း။
အပ္ပမာဒေါ၊ မမေ့မလျော့ခြင်းတည်း။ ကုသလေသု ဓမ္မေသု၊ ဒါနစသော ကုသိုလ်တရားတို့၌။
ဘိက္ခဝေ၊ တို့။ အယံ ခေါ ဧကော ဓမ္မော၊ ဤတစ်ခုသော အပ္ပမာဒတရားသည်။ ဝါ၊ ကို။ ဘာဝိတော၊ ဖြစ်စေအပ် ပွားများအပ်သည်။ ဗဟုလီကတော၊ အဖန်ဖန်ပြုလုပ်အပ်သည။ သမာနော၊ ဖြစ်လတ်သော်။ ဒိဋ္ဌဓမ္မိကံ၊ လက်ရှိ ပစ္စပ္ပန်အတ္တဘော၌ ဖြစ်သော။ အတ္ထဉ္စေဝ၊ အကျိုးစီးပွားကိုလည်းကောင်း။ သမ္ပရာယိတံ၊ တမလွန်၌ဖြစ်လတ္တံ့သော။ အတ္ထဉ္စ၊ အကျိုးစီးပွားကို လည်းကောင်း။ သမဓိဂ္ဂယှ၊ ကောင်းစွာ သိမ်းယူ၍။ တိဋ္ဌတိ၊ မြဲစွာတည်၏။
ဧတမတ္ထံ၊ စသည် ပေးမြဲ။
တတ္ထ၊ ထိုဥသယတ္တသုတ်၌။ အပ္ပမာဒံ ပသံသန္တိ (လ) ပဏ္ဍိတော’တိ ပဝုစ္စတီ’တိ၊ ဟူသော။ ဧတံ၊ ဤဂါထာလာ အနက်အဓိပ္ပါယ်ကို။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ ဆိုအပ်၏။ (တတ္ထေတံ ဣတိ ဝုစ္စတိ-၏အနက်ကို ရှေးသုတ်တို့မှ တစ်မျိုးတစ်ဖုံ ပေးလိုက်သည်)။
ပုညကိရိယာသု၊ ပြုသင့်ပြုထိုက်သော ဒါနစသော ကုသိုလ်ကောင်းမှုတို့၌။ အပ္ပမာဒံ၊ မမေ့မလျော့ခြင်းကို။ ပဏ္ဍိတာ၊ ဘုရားစသော ပညာရှိတို့သည်။ ပသံသန္တိ၊ ချီးမွမ်းတော်မူကြကုန်၏။ အပ္ပမတ္တော၊ မမေ့မလျော့သော။ ပဏ္ဍိတော၊ ပညာရှိသည်။
ဒိဋ္ဌေဓမ္မေ၊ မျက်ဝါးထင်ထင် တွေ့မြင်အပ်သော မျက်မှောက်ဘဝ၌။ ယော အတ္ထောစ၊ အကြင်အကျိုးစီးပွားသည်လည်းကောင်း။ သမ္ပရာယိကော၊ တမလွန်၌ ဖြစ်လတ္တံ့သော။ ယော အတ္ထောစ၊ အကြင်အကျိုးစီးပွားသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဥဘော၊ လွန်လွန်ကဲကဲယူနိုင်၏။ အတ္ထာဘိသမယော၊ နှစ်မျိုးသော အကျိုးစီးပွားကို ရခြင်းကြောင့်။ ဓီရော၊ လုံလနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ကို။ ပဏ္ဍိတော’တိ၊ ပညာရှိ’ ဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။
ဧကပုဂ္ဂလဿ ဘိက္ခဝေ(လ)န ဝိနဿေယျာ’တိ၊ န ဝိနဿေယျ’ဟူသော။ ဧတံ၊ ဤအဋ္ဌိပုဉ္ဇသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ ဟိ၊ ဟောတော်မူအပ်သည်သာ။ အရဟတာ၊ သည်။ ဝုတ္တန္တိ၊ ဟောတော်မူအပ်၏ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ ဘိက္ခဝေ၊ တို့။ သံဟာရကော၊ စုဆောင်းထားမည့်သူ တစ်ဦးဦးသည်။ သစေအဿ၊ အကယ်၍ ရှိခဲ့အံ့။ သမ္ဘတဉ္စ၊ စုဆောင်းထားသော အရိုးသည်လည်း။ သစေ န ဝိနဿေယျ၊ အကယ်၍ မပျက်စီးခဲ့အံ့။ ကပ္ပံ၊ မဟာကပ်ပတ်လုံး။ သန္ဓာဝတော၊ ထပ်တလဲလဲပြေးလွှားနေရသော။ သံသရတော၊ ထပ်တလဲလဲကျင်လည်နေရသော။ ဧကပုဂ္ဂလဿ၊ တစ်ဦးသော သတ္တဝါ၏။ အဋ္ဌိကင်္ကလော၊ အရိုးအစုသည်။ အဋ္ဌိပုဉ္ဇော၊ အရိုး အပေါင်းသည်။ အဋ္ဌိရာသိ၊ အရိုးစုသည်။ အယံ ဝေပုလ္လောပဗ္ဗတော၊ ဤဝေပုလ္လတောင်သည်။ မဟာ ယထာ၊ ကြီးမြင့်သကဲ့သို့။ ဧဝံ၊ ဤအတူ။ မဟာ၊ ကြီးမြင့်သည်။ သိယာ၊ ဖြစ်ရာ၏။
ဧတမတ္ထံ ဘဂဝါ အဝေါစ၊ စသည် ပေးမြဲ။
ဧကေန ကပ္ပေန၊ မဟာကပ် တစ်ကပ်အားဖြင့်။ ဝါ၊ မဟာကပ်တစ်ကပ်ပတ်လုံး။ သန္ဓာဝတော သံသရတော၊ ပြေးသွား ကျင်လည်နေရသော။ ဧကဿပုဂ္ဂလဿ၊ သတ္တဝါ တစ်ဥုးတစ်ယောက်၏။ အဋ္ဌိသဉ္စယော၊ အရိုးအစုအပုံသည်။ ပဗ္ဗတသမော၊ တောင်ကြီးသဖွယ်ဖြစ်သော။ ရာသိ၊ အစုသည်။ သိယာ၊ ဖြစ်ရာ၏။ ဣတိ၊ ဤသို့။ မဟေသိနာ၊ သီလက္ခန္ဓ စသည့်ကျေးဇူး ဂုဏ်အထူးကိုဆည်းပူး ရှာမှီးလေ့ရှိသော မြတ်ဘုရားသည်။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
သော ခေါ ပန အယံ၊ ဆိုအပ်ခဲ့သော ထို‌တောင်ကို။ မဂဓာနံ၊ မဂဓတိုင်း၏။ ဂိရိဗ္ဗဇေ၊ ရာဇဂြိုဟ်အနီး၌။ (ဌိတဿ၊ တည်သော။ ထည့်) ဂိဇ္ဈကူဋဿ၊ ဂိဇ္ဈကုဋ်တောင်၏။ ဥတ္တရော၊ မြောက်ဘက်ကျသော။ မဟာ၊ ကြီးကျယ်သော။ ဝေပုလ္လော ပဗ္ဗတော၊ ဝေပုလ္လတောင်ဟူ၍။ အက္ခာတော၊ ဟောကြားအပ်၏။
ယတော၊ အကြင်အခါ၌။ ဒုက္ခံ၊ (များစွာသော ဥပဒ္ဒဝေါတို့၏ တည်ရာဖြစ်၍ စက်ဆုပ်ဖွယ်လည်းဖြစ် လူ့ဗာလတို့ထင်မြင်သော နိစ္စ သုဘ သုခ အတ္တမှ အချည်းနှီးဖြစ်သော ဒုက္ခသစ္စာကိုလည်းကောင်း။ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာကိုလည်းကောင်း။ ဒုက္ခဿ၊ ဆင်းရဲအပေါင်းကို။ အတိက္ကမံ၊ လွန်မြောက်ကြောင်း လွန်မြောက်ရာ နိဗ္ဗာန်ဟူသော နိရောဓသစ္စာကိုလည်းကောင်း။ ဒုက္ခူပသမဂါမိနံ၊ ဒုက္ခငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း ဖြစ်သော။ အရိယံ၊ သိသင့် သိထိုက်သော။ ဝါ၊ မြတ်သော။ အဋ္ဌင်္ဂိတံ၊ အင်္ဂါရှစ်ပါးရှိသော။ မဂ္ဂဉ္စ၊ ကိလေသာတို့ကို ပတ်သတ်၍ သွားတတ်သော မဂ္ဂသစ္စာကိုလည်းကောင်း။ ဝါ၊ နိဗ္ဗာန်လိုလားသူတို့သည် ရှာမှီးအပ်သော မဂ္ဂသစ္စာကိုလည်းကောင်း။ အရိယသစ္စာနိ၊ သိသင့်သိထိုက်သော အမှန်တရားတို့ကို။ ဝါ၊ အရိယာဖြစ်အောင်ပြုတတ်သော အမှန်တရား သစ္စာ‌လေးပါးတို့ကို။ ဝါ၊ ဘုရားအစရှိသော အရိယာတို့သည် ထိုးထွင်း၍သိအပ်သော အမှန်တရားသစ္စာလေးပါးတို့ကို။ သမ္မပ္ပညာယ၊ မှန်ကန်သော ဝိပဿာနာဉာန်ပညာနှင့်တကွဖြစ်သော မဂ်ပညာဖြင့်။ ပဿတိ၊ သိမြင်၏။
တတော၊ ထိုအခါ၌။ သ-သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ သတ္တက္ခတ္တုံ ပရမံ၊ အလွန်ဆုံးခုနစ်ကြိမ်။ သန္ဓာဝိတွာန၊ ဘဝစသည်တို့၌ ထပ်တလဲလဲဖြစ်၍။ သဗ္ဗသံယောဇူနက္ခယာ၊ အလုံးစုံသော သံယောဇဉ်တို့၏ ကုန်ဆုံးရာ အရဟတ္တဖိုလ်ဖြင့်။ ဒုက္ခဿ၊ ဆင်းရဲအပေါင်း၏။ အန္တကရော၊ အဆုံးအပိုင်းအခြားကိုပြုသည်။ ဟောတီ’တိ၊ ဖြစ်၏’ဟူသော။ ဧတံ၊ ဤအနက်အဓိပ္ပါယ်ကို။ တတ္ထ၊ ထိုအဋ္ဌိပုဉ္ဇသုတ်၌။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ ဆိုအပ်၏။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
စတုတ္ထံ။

ဧကဓမ္မံ အတီတဿ (လ) သမ္ပဇာန မုသာဝါဒေါ’တိ၊ သမ္ပဇာနမုသာဝါဒေါ’ဟူသော။ ဧတံ၊ ဤမုသာဝါဒသုတ်ကို။ ဘဂဝတော၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တန္တိ၊ ပြီ’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှန်သား ဆောင်ထားအပ်ပြီ။

ဘိက္ခဝေ၊ တို့။ ဧကဓမ္မံ၊ ဝစီသစ္စာတည်းဟူသော တစ်ခုသော တရားဖြစ်သော။ သမ္မာဝါစာ၊ ကို။ အတီတဿ၊ ကျော်လွန်ပြုကျင့်သော။ ပုရိသပုဂ္ဂလဿ၊ ပုဂ္ဂိုလ်အား။ ဝါ၊ အတွက်။ (ဝဒါမိ-၌ သမ္ပဒါန်စပ်) တဿ၊ ထိုပုဂ္ဂိုလ်သည်။ အကရဏီယံ၊ မပြုနိုင်သော။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ ပါပကမ္မံ၊ မကောင်းမှုသည်။ န၊ မရှိ။ ဣတိ၊ ဤသို့။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏။ ဧကဓမ္မံ၊ တစ်ခုတည်းသောတရားဟူသည်။

ကတမံ၊ အဘယ်နည်း။
ဘိက္ခဝေ၊ တို့။ ယဒိဒံ-ယော အယံ သမ္ပဇာနမုသာဝါဒေါ၊ အကြင်သိလျက် ချွတ်ယွင်းသောစကားကို ပြောဆိုခြင်းသည်။ အတ္ထိ၊ ၏။ သော၊ ထိုသမ္ပဇာနမုသာဝါဒသည်ပင်တည်း။
ဧကမတ္ထံ ဘဂဝါ အဝေါစ၊ ပေးမြဲ။
ဧကဓမ္မံ၊ ဝစီသစ္စာဟူသော တစ်ခုသောအမှန် သမ္မာဝါစာ တရားကို။ အတီတဿ၊ ကျော်လွန်ပြုကျင့်သော။ မုသာဝါဒိဿ၊ မမှန်စကားပြောကြားလေ့ရှိသော။ **ဝိတိဏ္ဏပရလောကဿ**၊ စွန့်လွှတ်အပ်သော လူ့လောက နတ်လောကရှိသော။ ဇန္တုနော၊ ပုဂ္ဂိုလ်သတ္တဝါသည်။ (အကာရိယံ-၌စပ်) အကာရိယံ၊ မပြုသင့်သော။ ဝါ၊ မပြုဝံ့သော။ ပါပံ၊ မကောင်းမှုသည်။ ဝါ၊ မကောင်းမှုဟူ၍။ နတ္ထိ၊ မရှိ။ ဣတိ ဧတံ၊ ဤအဓိပ္ပါယ်ကို။ တတ္ထ၊ ထိုမုသာဝါဒသုတ်၌။ ဣတိ၊ သို့။ ဝုစ္စတိ၊ ဆိုအပ်၏။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
ပဉ္စမံ။
ဧဝံ စေဘိက္ခဝေ သတ္တာ (လ) စိတ္တံ ပရိယာဒါယ တိဋ္ဌတီ’တိ၊ တိဋ္ဌတိ’ဟူသော။ ဧတံ၊ ဤဒါနသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ ပြီ’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ ဝိတိဏ္ဏပရလောကဿ။ ။ ဝိတိဏ္ဏပရလောကဿကို ဝိဿဋ္ဌပရလောကဿ ဟု ဋ္ဌ-ဖွင့်။ မှန်သောစကား ရှောင်ရှား၍ မုသာစကား ပြောကြားသောဟု ပုဂ္ဂိုလ်သည လူ့လောက နတ်လောကသို့ မရောက်နိုင်သောကြောင့် ဝိတိဏ္ဏကို ဝိဿဋ္ဌဟု အဓိပ္ပါယတ္ထအားဖြင့် ဖွင့်ဆိုသည်။ လူ့လောက နတ်လောကသာ မဟုတ်သေး၊ လောကမှ အလွတ်ဖြစ်သော နိဗ္ဗာန်ချမ်းသာကိုလည်း စွန့်လွှတ်ပြီးဖြစ်၏။ ထိုကြောင့် ဤဒိသော ဟိ မနုဿသမ္ပတ္တိ ဒေဝလောကသမ္ပတ္တိ အဝသာနေ နိဗ္ဗာနသမ္ပတ္တီတိ ဣမာ တိဿောပိ သမ္ပတ္တိယော နပဿတိ-ဟု ဖွင့်တော်မူပြန်၏။ ဘိက္ခဝေ၊ တို့။ အဟံ၊ ငါဘုရားသည်။ ဇာနာမိယထာ၊ သိတော်မူသကဲ့သို့။ ဧဝံ၊ ဤအတူ။ သတ္တာ၊ တို့သည်။ ဒါနသံဝိဘာဂဿ၊ ပေးကမ်း လှူဒါန်းခြင်း။ စားသုံးမည့်အထဲမှ ခွဲခြမ်း ဝေဘန်ခြင်း၏။ ဝိပါကံ၊ အကျိုးကို။ စေ ဇာနေယျုံ၊ အကယ်၍ သိကုန်အံ့။ အဒတွာ၊ မပေးကမ်းမလှူဒါန်းမူ၍။ န ဘုဉ္စေယျုံ၊ မစားမသုံးကုန်ရာ။ နေသံ၊ ထိုသတ္တဝါတို့၏။ စိတ္တံ၊ ဖြူစင်သော စိတ်ကို။ မစ္ဆေရမလံ၊ နှမြောဝန်တိုမှု မစ္ဆရိယ အညစ်အကြေးသည်။ ပရိဘာဒါယ၊ အလုံးစုံသိမ်းကျုံးကုန်ခမ်းအောင်ယူ၍။ ဝါ၊ လွှမ်းမိုး အနိုင်ယူ၍။ န တိဋ္ဌေယျ၊ မတည်နိုင်ရာ။
နေသံ၊ ထိုသတ္တဝါတို့၏ ရှေ့မှောက်၌။ ပဋိဂ္ဂါဟကာ၊ အလှူခံမည့်သူတို့သည်။ သစေ အဿု၊ အကယ်၍ရှိကုန်အံ့။ နေသံ၊ ထိုသူတို့၏။ စရိမော၊ နောက်ဆုံးဖြစ်သော။ ယောပိ အာလာပေါ၊ အကြင်ထမင်းးလုတ်သည်လည်ကောင်း။ စရိမံ၊ နောက်ဆုံးဖြစ်သော။ ယမ္ပိ ကဗဠံ၊ အကြင်ထမင်းလုတ် ထမင်းဆုတ် ထမင်းလုတ်မှ လည်း။ အသံဝိဘဇိတွာ၊ မခွဲခြမ်း မဝေဘန်မူ၍။ ဘုဉ္စေယျုံ၊ မစားသုံးကုန်ရာ။
ဘိက္ခဝေ၊ တို့။ ယသ္မာ စ ခေါ၊ အကြင်ကြောင့်ကား။ အဟံ၊ ငါဘုရားသည်။ ဇာနာမိ ယထာ၊ သိသကဲ့သို့။ ဧဝံ၊ ဤငါဘုရားနည်းတူ။ သတ္တာတို့သည်။ ဒါနသ့ဝိဘာဂဿ၊ ပေးကမ်းလှူုဒါန်းခြင်း ခွဲဝေသုံစွဲခြင်း၏။ ဝိပါကံ၊ အကျိုးကို။ န ဇာနန္တိ၊ မသိကြကုန်။ တသ္မာ၊ ထို့ကြောင့်။ အဒတွာ၊ မပေးမူ၍။ ဘုဉ္စန္တိ၊ စားသုံးကုန်ကြ၏။ မစ္ဆေရမလဉ္စ၊ နှမြောဝန်တိုမှု အညစ်အကြေး မစ္ဆရိယ သည်လည်း။ နေသံ၊ ထိုသတ္တဝါတို့၏။ စိတ္တံ၊ ဖြူစင်သော စိတ်ကို။ ပရိယာဒါယ၊ အလုံးစုံ သိမ်််းကျုံးကုန်ခမ်းအောင် ယူ၍။ တိဋ္ဌတိ၊ တည်၏။
ဧဝံ စေသတ္တာ ဇာနေယျုံ (လ) အနုဘောန္တိ အမစ္ဆရာ'တိ၊ အမစ္ဆရာ'ဟူသော။ ဧတံ၊ ဤဂါထာအပေါင်းကို။ တတ္ထ၊ ထိုဒါနသုတ်၌။ ဣတိ၊ သို့။၊ ဝုစ္စတိ၊ ၏။ သံဝိဘာဂဿ၊ ဝေဘန်မျှတခြင်း ၏။ ဝိပါကော၊ သည်။ မဟပ္ဖလံ၊ ကြီးကျယ်သော အကျိုးသည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ မဟေသိနာ၊ မြတ်စွာဘုရားသည်။ ယထာဝုတ္တံ၊ ဧဝဉ္စေ သတ္တာ ဇာနေယျုံ- စသည်ဖြင့် ဟောတော်မူအပ်သည့်အတိုင်း။ သံဝိဘာဂဿ၊ ဝေဘန်မျှတခြင်း၏။ ဝိပါကံ၊ အကျိုးကို။ သတ္တာ၊ သတ္တဝါတို့သည်။ စေ ဇာနေယျုံ၊ အကယ်၍ သိကုန်အံ့။ ယတ္တ၊ အကြင် အရယာပုဂ္ဂိုလ် တို့၌။ ဒိန္နံ၊ ပေးလှူအပ် သော။ (ဒါနံ၊ သည်။ အပ္ပကိမ္ပိ၊ အနည်းငယ်ဖြစ်သော်လည်း။ ထည့်) မဟပ္ဖလံ၊ ကြီးကျယ််သောအကျိုးရှိ၏။ မစ္ဆရမလံ၊ မစ္ဆရိယ ဣဿာ မာန လောဘ စသော အညစ်အကြေးကို။ ဣဿာ မာန လောဘစသည်တို့လည်း ဒါနမလပင်။ မစ္ဆရိယမလံကား ဥပလက္ခဏ)။
ဝိနေယျ၊ ပယ်ဖျောက်၍။ ဝိပ္ပသန္နေန၊ ရတနာသုံပါးနှင့် ကံ,ကံ၏အကျိုးကို ယုံကြည်ခြင်းကြောင့် အထူး သဖြင့်ကြည်လင်သော။ စေတသာ၊ စိတ်ဖြင့်။ တေသု အရိယေသု၊ ထိုအရိယာပုဂ္ဂိုလ်တို့၌။ ကာလေန၊ သင့်လျော်သောအခါ အဆင်ပြေသောအခါ၌။ ဒဇ္ဇုံ၊ ပေးလှူကုန်ရာ၏။ ဗဟုနော၊ များစွာသောပုဂ္ဂိုလ်အား။ အန္နဉ္စ၊ ထမင်းစသော အစားစာကိုလည်ကောင်း။ ဒက္ခိဏေယျေသု၊ မြတ်သော အလှူကိုခံထိုက်ကုန်သော သမ္မာပဋိပန္နပုဂ္ဂိုလ်တို့၌။ ဒက္ခိဏဉ္စ၊ မြတ်သောလှူဖွယ်ဝတ္ထုကိုလည်ကောင်း။ ဒတွာ၊ ပေးလှူခြင်းကြောင့်။ ဣတော မနုဿတ္တာ၊ ဤလူ့အဖြစ်မှ။ စုတာ၊ ရွေ့လျားရကုန်သည်ရှိသော်။ ဒါယကာ၊ ပေးလှူသူတို့သည်။ သဂ္ဂံ၊ ရူပ သဒ္ဒ စသည့်ဖုံဖုံ ကာမဂုဏ်စည်းစိမ်တို့ဖြင့် အလွန်ထက်တန်းကျသော နတ်ပြည်သို့။ ဂစ္ဆန္တိ၊ ရောက်ကြကုန်လေ၏။ (သဂ္ဂန္တိ ရူပါဒိသမ္ပတ္တီဟိ သုဋ္ဌု အဂ္ဂံ။ ဋ္ဌ-နှာ ၇၁။)
(အထဝါ ဗဟုနော အန္နံ ဒတွာ၊ ကထံ ပန အန္နံ ဒါတဗ္ဗန္တိ အာဟာ။ ဒက္ခိဏေယျေဘု ဒက္ခိဏန္တိ-ဟူသော ဋ္ဌ-ဒုတိယဝိကပ်အလို ဒက္ခိဏေသု၊ တို့၌။ ဒက္ခဏံ၊ လှူဖွယ်ဝတ္ထုကို။ ဒိန္နံယထာ၊ ပေးအပ်သကဲ့သို့။ ဗဟုနော၊ အား။ အန္နံ၊ ကို။ ဒတွာ၊ ကြောင့်-ဟုပေးလေ။ စ-ကိုလည်းနောက်ဂါထာ အပရဒ္ဓကိုရှု၍'အကျိုးကိုပြဥုးအံ့'ဟုပေးပါ။) (ဋ္ဌ၊၈၅)
တေစ၊ ထိုပေးလှူသူတို့လည်း။ သဂ္ဂံ၊ ရူပါဒိစည်းစိမ်တို့ဖြင့် အလွန် အထက်တန်းကျသော နတ်ပြည်သို့။ ဂတာ၊ ရောက်ကြကုန်သည်ရှိသော်။ တတ္ထ၊ ထိုနတ်ပြည်၌။ **ကာမကာမိနော**၊ (လိုလားအပ်သော နတ်စည်းစိမ်တည်းဟူသော) ဝတ္ထုကာမနှင့်ပြည့်စုံကုန်သည်ဖြစ်၍။ မောဒန္တိ၊ စိတ်ကြိုက်မြူးတူးကြကုန်၏။ (ယထာရုစိ ပရိစာရေန္တိ။ ဋ္ဌ။) အမစ္တရာ၊ နှမြောတွန့်တိုခြင်း ငြူစူခြင်း စသည်ကင်းသူတို့သည်။သံဝိဘာဂဿ= ခွဲဝေမျှတခြင်း၏။ ဝိပါကံ၊ အကျိုးကို။ အနုဘောန္တိ၊ ခံစားကြကုန်၏။
အယမ္ပိ အတ္တော၊ စသည် ပေးမြဲ။
ဆဋ္ဌံ။

ယောနိ ကာနိစိ ဘိက္ခဝေ(လ) ဝိရောစတိ စာ’တိ၊ ဝိရောစတိ စ’ဟူသော။ ဧတံ၊ ဤမေတ္တာဘာဝနာသုတ်ကို။ ဘာဂဝတာ၊ သည်။ ဝုတ္တံ၊ ဟောတော်မှုအပ်ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ ပြီ’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။ ဘိက္ခဝေ၊ တို့။ ‌**သြပဓိကာနိ**၊ ခန္ဓာဟူသော ဥပဓိကိုဖြစ်စေတတ်ကုန်သော။ ယာနိကာနိစိ၊ အလုံးစုံကုန်သော။ ပုညကိရိယဝတ္ထူနိ၊ ပုညကြိယဝတ္ထု ကုသိုလ်တို့သည်။

ကာမကာမိနော။ ။ ကာမကာမိနော-၌ ပဌမကာမကို ကာမေတဗ္ဗနံ ဥဠာရာနံ ဒေဝဘောဂါနံ-ဟုဖွင့်သောကြောင့် ကာမအရ နတ်တို့၏ ဥဠာရဒေတဘောဂကိုယူ။ ကာမီယန္တီတိ ကာမာ-ဟု ဝစနတ္ထပြု။ ဝတ္ထုကာမကို အရကောက်။ ကာမိနော-ကို သမင်္ဂိ‌နော-ဟု ဖွင့်သောကြောင့် သမင်္ဂိသမ္ပန္နပုဂ္ဂိုလ်ကို ကောက်လေ။ ‘လိုလားအပ်သော မြတ်သော နတ်အသုံးဆောင် ဝတ္ထုကာမနှင့် ပြည်စုံသူတို့ဟု ဆိုလိုသည်။ အခြားတစ်နေရာ၌ ကာမပုဒ်ကို ကမ္မသာဓ်ပြု၍ ကာမကာမော ဖြစ်အောင် ဝိစ္ဆာ အာဘိက္ခ-ညေသု ဒေါ-ဖြင့် ဒွိတ္တပြု။ အဿတ္ထိ ဆင့်လျှင် လိုအပ်သမျှ ဝတ္ထုကာမတွေရှိကြသည်။ ဝါ၊ ပြည့်စုံကြသည်ဟူသော အဓိပ္ပာယ်ရ၏ဟု ‌ရေးခဲ့ပြီ။
**သြပဓိကာနိ**။ ။ ဥပဓိ+ဣက ဟုခွဲ၊ ဥပဓိ-အရ ခန္ဓုပဓိ-ကိုယူ။ဥပဓိဿ ကရာဏံ သီလံ ဧတေသန္တိ သြပဓိကာနိ ဟု ဝိဂ္ဂဟပြု။ သို့မဟုတ် ဥပဓိ+ပယောဇနံ-ယေသန္တိသြပဓိကာနိဟူ၍ သော်လည်းပြု။ ပြုထိုက်သော ကုသိုလ်ဖြစ်၍ ‘ပုညကြိယ၊’ထိုထိုကောင်းကျိုးတို့၏ တည်ရာဖြစ်၍ ‘ဝတ္တု’၊ ပုညကိရိယာ စ+တာ+ဝတ္ထူနိ စာတိ ပုညကိရိယဝတ္ထူနိ-ဟုတွဲ။ စိတ်၏ဆန့်ကျင်ဖက်နီဝရဏတို့မှ ကောင်းကောင်းကြီး လွတ်မြောက်သောကြောင့် အပ္ပနာစျာန်ကို 'စေတောဝိမုတ္တိ'ဟုခ ခေါ်ဆိုသည်။ ထိုအပ္ပနာ စျန်သည်လည်း မေတ္တာယနှင့် ဝိသေသန ဝိသေယျ-စပ်သောကြောင့်မေတ္တာဘာဝနာ အပ္ပစျာန်ကိုသာ ဤ၌ယူရမည်။ ဥပစာရစျာန်ကိုမယူရ။

**ကလံ နာဂ္ဃန္တိ သေဠသိံ**။ ။ မေတ္တာ အပ္ပနာစျာန်၏ အကျိုးကို ၁၆-စိတ် စိတ်၊၎င်းတစ်စိတ်ကို တစ်ဖန် ၁၆-စိတ်စိတ်, တစ်စိတ်၊ ၎င်းစိတ်တစ်စိတ်ကိုပင် သြပဓိကပုညကြိယဝတ္ထုကုသိုလ်၏ အကျိုးက မမီပေ။ ဆိုလိုရင်းကား မေတ္တာအပ္ပနာစျာန်၏အကျိုးကို ၂၅၆-စိတ်စိတ်ပါ။ ထို ၂၅၆စိတ်၏ တစ်စိတ်ကို ပင် ပုညကြိယဝတ္ထုကုသိုလ်၏ အကျိုးက မမီလို။

{{nissaya|**စန္ဒိယာ ပဘာယ**။ ။ စန္ဒဿ+အယန္တိ|စန္ဒီ၊ တဿာ စန္ဒိယာ-ဟူသော ဋ္ဌကထာ အလို 'စန္ဒိယာ၊ လမင်းပိုင်ဖြစ်သော။ ပဘာယ၊ အရောင်ဖြင့်'ဟုပေးလေ။}}

သန္တိ၊ ရှိကုန်၏။ သဗ္ဗာနိ၊ အလုံးစုံကုန်သော။ တာနိ၊ တို့သည်။ မေတ္တာယ စေတောဝိမုတ္တိယာ၊ မေတ္တာအပ္ပနာစျာန်၏။ **သောဠသိံ၊ ၁၆-စိတ်စိတ်လျှင် တစ်စိတ်မျှသော။ **ကလံ**၊ အစိတ်အပိုင်းကို။ **နာဂ္ဃန္တိ၊ မထိုက်တန်ကုန်။

မေတ္တာယေဝ စေတောဝိမုတ္တိ၊ မေတ္တာ အပ္ပနာစျာန်ကသာ။ တာနိ၊ ထိုသြပဓိက ပုညကြိယဝတ္ထု ကုသိုလ်တို့ကို။ အဓိဂ္ဂဟေတွာ၊ လွှမ်းမိုး၍။ ဘာသတေ စ၊ ထွန်းလင်းထွန်းလင်း၏။ တပတေ စ၊ တောက်လည်းတောက်ပ၏။ ဝိရောစ၊ တင့်လည်းတင့်တယ်၏။ ဘိက္ခဝေ၊ တို့။ တာရကရူပါနံ၊ ကြယ်တာယာနက္ခတ်တို၏။ ယာကာစိ ပဘာ၊ အလုံစုံကုန်သော အ‌ရောင်တို့သည်။ သန္တိ၊ ကုန်၏။ သဗ္ဗာ၊ အလုံးစုံကုန်သော။ တာ၊ ထိုအရောင်တို့သည်။ **စန္ဒိယာ ပဘာယ**၊ လ‌ရောင်၏။ သောဋ္ဌသိံ၊ ၁၆စိတ်,စိတ်လျှင် တစ်စိတ်မျှသော။ ကလံ၊ အစိတ်အပိုင်းကို။ နာဂ္ဃန္တိ၊ မထိုက်တန်ကုန်။ စန္ဒပဘာယေဝ၊ လ‌ရောင်ကသာ။ တာ၊ ထိုအ‌ရောင်အားလုံး တို့ကို။ အဓိဂ္ဂ-ဟေတွာ၊ လွှမ်းမိုး၍။ **ဘာသတေ စ တပတေ စ** ဝိ‌ရောစတိ စ သေယျထာပိ၊ ထွန်းလင်းလည်း ထွန်းလင်း တောက်ပလည်း တောက်ပ တင့်တယ်လည်းတင့်တယ်သကဲ့သို့။
ဧဝံ၊ ဤအတူ။ ဘိက္ခဝေ၊ တို့။ သြပဓိကာနိ၊ ခန္ဓာ ဟူသော ဥပဓိကို ဖြစ်စေတတ်ကုန်သော။ ဝါ၊ ခန္ဓာဟူသော ဥပဓိကို ပြုလုပ်လေ့ရှိကုန်သော။ ယာနိ ကာနိစိ၊ အလုံးစုံကုန်သော။ ပုညကိရိယဝတ္ထူနိ၊ အကြင်ပုညကြိယာဝတ္ထု ကုသိုလ်တို့သည်။ သန္တိ၊ ရှိကုန်၏။ သဗ္ဗာနိ၊ အလုံးစုံကုန်သော။ တာနိ၊ ထိုပုညကြိယဝတ္ထု ကုသိုလ်တို့သည်။ မေတ္တာယ စေတောဝိမုတ္တိယာမေတ္တာ အပ္ပနာစျာန်၏။ သောဋ္ဌသိံ၊ ၁၆-စိတ်,စိတ်လျှင် တစ်စိတ်မျှသော။ ကလံ၊ အစိတ်အပိုင်းကို။ နာဂ္ဃန္တိ၊ မထိုက် တန်ကုန်။ မေတ္တာ-ယေဝစေတောဝိမုတ္တိ၊ မေတ္တာ အပ္ပနာစျာန်ကသာ။ တာနိ၊ ထိုပုညကြိယဝတ္ထု ကုသိုလ်တို့ကို။ အဓိဂ္ဂဟေတွာ၊ လွှမ်းမိုး၍။ ဘာသတေ စ၊ ထွန်းလည်း ထွန်းလင်း၏။ တပေတ စ၊ တောက်လည်းတောက်ပ၏။ ဝိ‌ရောစတိ စ၊ တင့်လည်း တင့်တယ်။
ဘိက္ခဝေ၊ တို့။ ဝသာနံ၊ မိုးလေးလတို့၏။ ပစ္ဆိမေ၊ နောက်ဆုံးဖြစ်သော။ မာသေ၊ တန်ဆောင်မုန်းလဖြစ်သော။ သရဒသမယေ၊ သရဒဥတု၌။ (အဿယုဇကတ္တိကမာသာ ဟိလောကေ သရဒဥတူတိ ဝုစ္စန္တိ။ ဋ္ဌ။) ဝိဒ္ဓေ၊ =ထုတ်ချင်းပေါက်ဖြစ်၍ ဟာလာဟင်းလင်းပြင်ဖြစ်သော။ ဝိတဝလာဟကေ၊ မိုးတိမ်ကင်းသော။ ‌ဒေဝေ၊ ကောင်းကင်၌။ အာဒိစ္စော၊ နေမင်းသည်။ နဘံ၊ ‌ ကောင်းကင်သို့။ အဗ္ဘုဿက္ကမာနော၊ နေထွက်အရပ်မှ တက်လာသည်ရှိသော်။ သဗ္ဗံ၊ အလုံစုံသော။ အာကာသဂတံ၊ ကောင်းကင်၌ရှိသော။ တမဂတံ၊ အမိုက်အမှောင်ကို။ အဘိဝိဟစ္စ၊ ပယ်ဖျောက်၍။ ဘာသတေ စ သေယျထာပိ၊ ထွန်းလည်း ထွန်းလင်း သကဲ့သို့လည်ကေင်း။ တပတေ စ သယျေထာပိ၊ ‌တောက်လည်း တောက်ငသကဲ့သို့လည်ကောင်း။ ဝိရောစတိ စ သေယျထာပိ၊ တင့်လည်း တင့်တယ်သကဲ့သို့လည်ကောင်း။

ဘိက္ခဝေ၊ တို့။ ဧဝမေဝံ ခေါ၊ ဤအတူသာလျှင်။ဘာသာတေ စ တပတေ စ။ ။ ဘာသတေတိ ဥပက္ကိလေသဝိသုဒ္ဓိယာ ဒိပ္ပတိ-ဟူသော ဋ္ဌ-အလို ဘာသတေ စ၊ ထွန်းလည်း ထွန်းလင်း၏-ဟုပေးလေ။တပတေတိ တတောဧဝ အနသေသအဋိပက္ခဓမ္မေ သန္တတပတိ- ဟူသော ဋ္ဌ-အလို တပတေ စ၊ဆန့်ကျင်ဖက် တရားတို့ကို ရှို့မြှိုက်လည်း ရှို့မြှိုက်တတ်၏ဟု ပေးလေ။(ဋ္ဌ၊၈၆)

သြဓိကာနိ၊ ခန္ဓုပဓိကို ဖြစ်စေတတ်ကုန်သော။ ယာနိ ကာနိစိ၊ အလုံးစုံကုန်သော။ ပုညကြိယဝတ္ထု ကုသိုလ်တို့သည်။ သန္တိ၊ ကုန်၏။ သဗ္ဗာနိ၊ ကုန်သော။ တာနိ၊ ထိုပုညကြိယဝတ္ထု ကုသိုလ်တို့သည်။ မေတ္တာယစေတောဝိမုတ္တိယာ၊ မေတ္တာ အပ္ပနာစျာန်၏။ သေဋ္ဌသိံ၊ ၁၆-စိတ်စိတ်တစ်စိတ်မျှသော။ ကလံ၊ အစိတ်အပိုင်းကို။ နာဂ္ဃန္တိ၊ မထိုက်တန်ကုန်။ မေတ္တာယေဝ စေတောဝိမုတ္တိ၊ မေတ္တာ အပ္ပစျာန်ကသာ။ အဓိဂ္ဂဟေတွာ၊ လွှမ်းမိုး၍။ ဘာသတေ စ၊ ထွန်းလည်း ထွန်းလင်း၏။ တပတေ စ၊ တောက်လည်းတော်ကပ၏။ ဝိရောစတိ စ၊ တင့်လည်း တင့်တယ်၏။

ဘိက္ခဝေ၊ တို့။ ရတ္တိယာ၊ ညဉ့်၏။ ပစ္စူသသမယေ၊ မိုးသောက်ယံအချိန် အခါ၌။ သြသဓိတာရကာ၊ သောက်ရူးကြယ်သည််။ ဘာသတေ စသေ ယျ-ထာပိ၊ ထွန်းလည်း ထွန်းလင်းသကဲ့သို့လည်ကောက်း။ တပတေ စ သေယျထာပိ၊ ‌တောက်လည်း‌ တောက်ပ သကဲ့သို့လည်ကောင်း။ ဝိရောစတိစ သေယယျထာပိ၊ တင့်လည်း တင့်တယ်သကဲ့သို့လည်ကောင်း။ ဘိက္ခဝေ၊ တို့။ ဧဝမေဝံ ခေါ၊ ဤအတူသာလျှင်။ သြပဓိကာနိ၊ ခန္ဓုပဓိကို ဖြစ်စေတတ်ကုန်သော။ ယာနိ ကာနိစိ၊ အလုံးစုံကုန်သော။ ပုညကြိယဝတ္ထူနိ၊ ပုညကြိယကုသိုလ်တို့သည်။ သန္တိ၊ ရှိကုန်၏။ သဗ္ဗာနိ၊ အလုံးစုံကုန်သော။ တာနိ၊ ထိုပုညကြိယကုသိုလ်တို့သည်။ မေတ္တာယ စေတောဝိ မုတ္တိယာ၊ မေတ္တာ အပ္ပနာစျာန်၏။ သောဋ္ဌသိံ၊ ၁၆-စိတ်, စိတ်လျှင် တစ်စိတ်မျှသော။ ကလံ၊ အစိတ်အပိုင်းကို။ နာဂ္ဃန္တိ၊ မထိုက်ကုန်။ မေတ္တာယေဝ စေတောယေဝ စေ‌တောဝိမုတ္တိ၊ မေတ္တာအပ္ပနာ စျာန်ကသာ။ တာနိ၊ ထိုပုညကြိယကုသိုလ်တို့ကို။ အဓိဂ္ဂဟေတွာ၊ လွှမ်းမိုး၍။ ဘာသတေ စ၊ ထွန်းလည်း ထွန်းလင်း၏။ တပတေ စ၊ တောက်လည်း တောက်ပ၏။ ဝိရောစတိ စ၊ တင့်လည်း တင့်တယ်၏။ ဧတမတ္တံ၊ စသည်ပေးမြဲ၏။
တတ္တ၊ ထိုမေတ္တာဘာဝနာသုတ်၌။ 'ယောစ မေတ္တံဘာဝယတိ(လ) ဝေရံ တဿ န ကေနစီ'တိ၊ န ကေနစိ"ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပာယ်ကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ဆိုအပ်၏။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ပဋိဿတော၊ အဖန်ဖန် သတိပြုသည်ဖြစ်၍။ အပ္ပမာဏံ၊ (ဘာဝနာ၏အစွမ်း အာရုံ၏အစွမ်းအားဖြင့်) အတိုင်းအရှည် မရှိသော။ မေတ္တံ၊ မေတ္တာစျာန်ကို။ ဘာဝယတိ၊ တိုးပွားစေ၏။ ဥပဓိက္ခယံ၊ ကိလေသုပဓိကုန်ရာ နိဗ္ဗာန်ကို။ ပဿ‌တော၊ (မေတ္တာစျာန်အခြေခံ၍) အော််က်မဂ် ၃-ပါးဖြင့်သိမြင်သော။ တဿ၊ ထိုသူ၏။ **သံယောဇန**၊ ပဋိဃစသော သံယောဇဉ်တို့သည်။ **တနူ**၊ ((အပါယ်ခံရ၍) ခေါင်းပါးကုန်သည်။ ဟောန္တိ**၊ ဖြစ်ကုန်၏။ (တနု-ဆိုသော်လည်း ခေါင်းပါးကာမျှမဟုတ်။ ပယ်ရှားသသည်အဌိ အဓိပ္ပာယ်ယူပါ။)တနူ သံယောဇနာ ဟောန္တိ။ ။ အထဝါ တနူ သံယောဇနာ ဟောန္တီိတိ မတ္တာ စျာနပဒ-ဋ္ဌနာယ ဝိပဿနာယ အနုက္ကမေန ဥပဓိက္ခယသင်္ခါတံ အရဟတ္တံ ပတွာ တံ ပဿတော ပဂေဝ ဒသပိ သံယောဇနာ တူ ဟောန္တိ၊ ပဟီယန္တီတိ အတ္တော-ဟူသော ဋ္ဌ-ဒု ဝိကပ်အလို မေတ္တာစျာန် ပဒဋ္ဌာန်ဟူသော နီးစွာသော အကြောင်း ရှိသော တိပဿနာဉာန်စဉ် ၁၀-ပါးဖြင့် ကိလေသုပဓိကုန်ကြောင်း အရဟတ္တမဂ် တိုင်အောင် ရရှိခြင်းကြောင့် ထိုအရဟတ္တမဂ်ဖြင့် နိဗ္ဗာန်ကို သိမြင်သော ယောဂီအား သံယောဇဉ် ၁၀-ပါးလုံး ပယ်ရှားပြီးဖြစ်ကာ ခေါင်းပါးနိုင်ကုန်သည်သာ။
အထ ဝါ တနူ သံယောဇနာ ဟောန္တီတိ ပဋိဃော စေဝ ပဋိဃသမ္ပယုတ္တ သံယောဇာန စ တနုကာ ဟောန္တိ-ဟူသော ဋ္ဌ-တတိယတိကပ်အလို မေတ္တာအပ္ပနာစျာန်ကိုပွားများသော ယောဂီဖြစ်သည်အားလျှော်စွာ မေတ္တာ၏ ‌ဆန့်ကျင်ဖက် ပဋိဃသံယောဇဉ်နှင့် ထိုပဋိဃနှင့်ယှဉ်သော ပတ်သက်သော သံယောဇဉ်တို့သည် မေတ္တာအပ္ပနာစျာန်ကို ရခြင်း၏အစွမ်းအားဖြင့် ခေါင်းပါးကုန်၏ဟု ဆိုလိုသည်။
အထက်ပါ တတိယကပ်၏ အဆိုကို 'ပဿ‌ ဥပဓိက္ခယ'န္တိ တေသံယေဝကိလေသူပဓီနံ ခယသင်္ခါတံ မေတ္တံ အဓိဂမဝသေန ပဿန္တဿာတိ ဧဝမေတ္တ အတ္တော ဒဋ္ဌဗ္ဗော-ဟူသော အဖွင့်နှင့် ဆက်စပ်ကြည့်လျှင် ဥပဓိက္ခယ ပုဒ်၏အရ ရှေ့နှစ်ဝိကပ်ကဲ့သို့ နိဗ္ဗာန်ကိုအရမကော်ကမူ၍ 'ကိလေသူနပဓီနံ ခယသင်္ခါတံ မေတ္တံ'ဟူသော အဖွင့် နှင့်အညီ မေတ္တာမဂ်အပ္ပနာစျာန်ကို ကောက်ရမည်။ ထိုမေတ္တာမဂ်အပ္ပနာစျာန်ကို ရသဖြင့် ထိုမေတ္တာမဂ်အပ္ပနာစျာန်ဖြင့် နိဗ္ဗာန် ကိုမြင်သည်။၏ ထိုမေတ္တာမဂ်အပ္ပမာ စျာန်ဖြင့် နိဗ္ဗာန်ကို မြင်ဖြင်းဖြစ်၍ အခြားသံယောဇဉ်တို့ကို အမည်သီးခြား မတပ်ဘဲ မေတ္တာ၏ ဆန့်ကျင်ဖက် ပဋိဃနှင့်သမ္ပယုတ္တသံယောဇဉ်တို့ကို ဥုးစားပေးကာ ဖွင့်ဆိုတော်မှုသည်။
ဧကမ္ပိ ပါဏံ၊ သတ္တဝါတစ်ဥုးတစ်ယောက်ကိုလည်း။ အဒုဋ္ဌစိတ္တော၊ ဗျာပါဒသည် မဖျက်ဆီးအပ်သော စိတ်ရှိသည် ဖြစ်၍။ မေတ္တာယတိ၊ အကျိုးစီပွားဖြင့် မေတ္တာပွားမှုပြု၏။ တေန၊ ထိုသို့ ပွားများမှုပြုခြင်းကြောင့်။ ကုသလော၊ ကြီးမားစေသာ ပုဉ်းရှင်ကံရှင််သည်။ ဝါ၊ အကျိုးမဲ့ ဖြစ်သော ဗျာပါဒစသည် ကင်းသဖြင့် ဘေးမရှိသောသူသည်။ ဟောတိ၊ ၏။ စ၊ ဗျတိဇရိက်ကို ဆိုဥုးအံံ့။ သဗ္ဗေ ပါဏေ၊ အလုံစုံသော သတ္တဝါတို့ကို။ (အတ္တ-နော၊ မိမိ၏။ ပိယံ၊ ချစ်မြတ်နိုးအပ်သော။ ပုတ္တမိဝ၊ သားသ္မီးကဲ့သို့။) မနာသာ၊ အကျိုးစီးပွားဖြန့်သောစိတ်ဖြင့်။ အနုကမ္ပံ- အမုကမ္ပ‌န္တော၊ အစဉ်သနားစောင့်ရှောက်လျက်။ ပဟုတံ၊ (မဟာကပ် ၆၄-ကပ်ကြာအောင် အကျိုးကို ပေးစွမ်းနိုင်သောကြောင့်) အပိုင်းအခြားမရှိ များပြားလှစွာသော။ ပုညံ၊ ဥဋ္ဌရပုညံ=အထက်တန်းစား ကုသိုလ်ကို။ အရိယော၊ ဗျာပါဒအညစ်အကြေး ကင်းသဖြင့် ဖြူစင်သော စိတ်ရှိသာသူသည်။ ပကရော၊ ပြု၏။ ဝါ၊ ဖြစ်စေ၏။
ယေ ရာဇိသယော-ယေ ရာဖ+ဣသယော၊ ရသေ့ရဟန်းသဖွယ် တိုင်းပြည်ကို တရားသဖြင့် အုပ်ချုပ်သော အကြင်မင်းတို့သည်။ (ရသေ့ ရဟန်း သဖွယ် အကြင်မင်းတို့သည်ဟူ၍လည်း ပေးလေ။‌) သတ္တသဏ္ဍံ၊ အကြားမရှိ လောက်အောင် သတ္တဝါအလုံးအရင်းတို့ဖြင့် ပြည့်နှက်နေသော ပထဝိံ= မဟာပထဝီ မြေပြင်ကို။ ဝိဇိတွာ၊ ထူးခြားစွာအောင်နိုင်၍။ ယဇမာနာ၊ လှူဒါန်းပေးကမ်းကုန်လျက်။ သဿမေဓံ၊ ဆယ်ခိုင့်တစ်ခိုင် အခွန် အတုပ်ယူခြင်း သဿမေဓလည်ကောင်း။ သဿမေဓ။ ။ တောင်သူလယ်သ္မားတို့သည် ရရှိလာသော ကောက်ပဲသီးနှံမှ ‌ဆယ်ဖို့တစ်ဖို့ ‌အခွန်ကောက်ခြင်းသည် မင်း၏ ဝါ အစိုးရ၏ ကောက်ပဲ (စားနပ်ရိက္ခာ) ပြည့်စုံရေးအတွက် နားလည်မှုရှိဖြင်းတစ်မျိုးကို သဿ၊ ကော်ကပဲနှင့်စပ်၍။‌ မေဓာ။ အသိဉာန် ပညာ။ သဿမေဓ၊ ကောက်ပဲနှင့်စပ်၍ အသိညာန်ပညာဟုမိန့်သည်။ **ပုရိသမေဓံ**၊ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တို့အား ၆-လ တစ်ကြိမ် လခရိက္ခာထုတ်ပေးခြင်း ပုရိသမေဓလည်ကောင်း။ **သမ္မာပါသံ**၊ ဆင်းရဲသားတို့အား လက်မှတ်ရေးထိုးစေ၍ အသပြာတစ်ထောင် နှစ်ထောင်အတိုးအပွားမရှိ ထုတ်ချေးခြင်း သမ္မာပါသလည်ကောင်း။ **ဝါဇပေယျံ**၊ ဥုးကြီးဥုးလေး စသည်ဖြင့် သိမ့်မွေ့ ယဉ်ကျေးစွာပြော၍ ချီးမြှောက်ခြင်း ဝါဇပေယျလည်ကောင််း။ (ဧဝံ၊ ဤသို့။ စတူဟိ သင်္ဂဟဝတ္ထူဟိ၊ လေးပါးသော သိင်္ဂဟဝတ္ထုတိုဖြင့်။ သင်္ဂဟေတွာ၊ ချီမြှောက်၍) နိရဂ္ဂဋ္ဌံ၊ အိမ်ပေါက်တို့၌တံခါးမရှိသည်ကို။ ဝါ၊ အိမ်တံခါးပေါက် တို့၌ ကန့်လန့်မထိုးသည်ကို။ ကုရုမာ‌နော၊ ပြုကုန်လျက်။ အနုပရိယဂါ၊ လှည့်လည် သွားလာကြကုန်ပြီ။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တာရာဂဏာ၊ ကြယ်တာရာအပေါင်းတို့သည်။ စန္ဒပ္ပဘာ-စန္ဒဘာယ၊ လရောင်၏။ သောဋ္ဌသိံ၊ ၁၆-စိတ် စိတ် တစ်စိတ်သော။ ကလံ၊ အစတ်အပိုင်းကို။ နာနုဘဝန္တိယထာ၊ မမီကုန်သကဲ့သို့။ (န ပါပုဏန္တိ။ ဋ္ဌ။) ဧဝံ၊ ဤအတူ။ တေ သဿမေဓာဒယော၊ ထို သဿမေဓအစရှိကုန်သော။ပုရိသမေဓ ။ ။ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တို့အား ၆-လတစ်ကြိမ် လစာရိက္ခာ ထုတ်ပေးခြင်းသည်။ပုရိသ၊ စစ်ဘက်ဆိုင်ရာ စစ်ဗိုလ်စသည်တို့အား မည်သို့အခွင့်အရေး ပေး၍ ချီးမြှောက်ရမည်ကို၊ မေဓာ၊ နားလည်သိရှိမှုသည်။ပုရိသမေဓာပင်တည်း။
သမ္မာပါသ။ ။ ပြည်သူလူထုကို လက်မှတ်ရေးထိုးစေ၍ အတိုးမယူဘဲ တစ်ထောင် နှစ်ထောင် ထုတ်ချေးခြင်းသ်ည သမ္မာ၊ အလွန်ကောင်းသော။ပါသ၊ အုပ််ချုပ်သူ လူတန််းစားကား အအုပ်ချုပ်ခံလူထုအား မိမိ၏ စည်းရုံးရေး ပိုက်ကွန်ထဲ ထည့်သွင်းလိုက်ခြင်းတစ်မျိုးတည်း။
ဝါစာပေယျ။ ။ အမှုထမ်း အရာထမ်း ပြ်သူလူထုနှင့် ဆက်ဆံရာ၌ ဥုးလေး စသည်ဖြင့် ယဉ်ယဉ်ကျေးကျေး ပြောဆိုခြင်းသည် ပေယျ၊ ဆစ်ဖက်သားကျေနပ် နှစ်သက်ဖွယ်စကားကို ဝါစ၊ သုံးနှုန်းပြောဆိုလိုက်ခြင်းပင်။ အထက်ပါ သင်္ဂဟဝတ္ထုလေးမျိုးတို့ဖြင့် လူတန်းစားအသီးသီးအား ချီးမြှောက် ဆက်ဆံလျှင် တိုင်းပြည်လည်း တိုးတက် ငြိမ်သက်၊ ပြည်သူလူထုလည်း ဝမ်းသာ ကျေနပ်သော နည်းကောင်းတည်း။
ယညာ၊ ပေးကမ်းချီးမြှောက်ပူဇော်မှုတို့သည်။ သုဘာဝိတဿ၊ ကောင်းစွာပွားမြားအပ်သော။
မေတ္တဿ စိတ္တဿ၊ မေတ္တာနှင့် ယှဉ်သောစိတ်၏။ သောဋ္ဌသိံ၊ သော။ ကလံ၊ ကို။ နာနုဘဝန္တိ - န ပါပုဏန္တိ၊ မမီကုန်။ သဗ္ဗဘူတေသု၊ အလုံးစုံသော သတ္တဝါတို့အပေါ်၌။ မေတ္တံသော၊ မေတ္တာဖြင့် ပြီးသောစိတ်အဖို့စုရှိသော။ ဝါ၊ (မေတ္တာကိုလက်မလွှတ်သဖြင့်) မေတ္တာ၏ ဘက်တော်သား အစိတ်အပိုင်းဖြစ်၍ဖြစ်သော။
ယော၊ မေတ္တာဗြဟ္မဝိဟာရ-ဘာဝနာကို အားထုတ်သော အကြင်ပုဂ္ဂိုလ်သည်။ (မေတ္တာတရားလက်ကိုင်ထားသူဟူလို)။ ကဉ္စိသတ္တံ၊ မည်သည့်သတ္တဝါကိုမျှ။ န ဟန္တိ၊ မညှင်းဆဲမနှိပ်စက်။ ပရ့၊ သူတစ်ပါးကို။ သမာဒပေတွာ၊ တိုက်တွန်းဆောက်တည်စေ၍။ န ဃာတေ-တိ၊ သတ္တဝါတို့ကို မညှင်းဆဲ မနှိပ်စက်စေ။ န ဇိနာတိ၊ ညှင်းပန်းသမှု အနိုင်အထက်ပြု၍ ဘယ်သူ့ကိုမျှ အနိုင်မယူ။ (န ဇီနာတီတိ သာရမ္ဘဝိဂ္ဂါဟိက-ကထာဒိဝသေန နကဉ္စိ ဇိနာတိ၊ သာရမ္ဘဿေဝ အဘာဝတော -ဟူ၍ ၎င်း။ ဇာနိကရဏဝသေန ဝါ အဍ္ဍကရဏာဒ်ိနာ န ကဉ္စိ ဇိနာတိ-ဟူ၍၎င်း ဋ္ဌ-ဖွင့်၏။) န ဇာပယေ၊ သူတစ်ပါးကိုလည်း အနိုင်မယူစေ။ တဿ၊ ထိုသူအဖို့။ ကေနေစိ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်။ ဝေရံ၊ အကုသိုဠ်ရန်သည်။ န၊ မရှိနိုင်။ တစ်နည်း- ကေနစိ၊ တစ်စုံတစ်ယောက်သော သူနှင့်။ သဒ္ဓိံ၊ အတူတကွ။ ဝေရံ၊ ရန်သူ ဟူသော ဆန့်ကျင်ဘက်သည်။ ဝါ၊ ငြိုးသူရန်ဖက်သည်၊ န၊ မရှိနိုင်။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
သတ္တမံ။
တတိယော၊ သုံးခုမြောက်သော။ ဝဂ္ဂေါ၊ ဝဂ်တည်း။
တဿ၊ ထို ဧကကနိပါတ်၏။ ဥဒ္ဒါနံ၊ အကျဉ်းခေါင်းစဉ်ကား . . .
စိတ္တံ၊ ပသန္နစိတ္တသုတ်၎င်း။ မေတ္တံ၊ မေတ္တသုတ်၎င်း။ ကဘောအတ္ထေ၊ နှစ်းပါးသော အကျိုးတို့ကို ပြရာဖြစ်သော ဥဘယတ္ထသုတ်၎င်း။ ဝေပုလ္လပဗ္ဗတံ၊ ဝေပုလ္လတောင်လျှင် ဥပမာရှိသော။ ပုဉ္ဇံ၊ အဋ္ဌိပုဉ္ဖသုတ်လည်းကောင်း။ သမ္ပဇာနမုသာ-ဝါဒေါဒသုတ်လည်ကောင်း။ ဒါနဉ္စ၊ ဒါနသုတ်လည်ကောင်း။ မေတ္တာဘာဝနာ၊ မေတ္တာဘာဝနာသုတ်လည်းကောင်း။
သတ္တ၊ ခုနှစ်ပါးကုန်သော။ ဣမာနိ သုတ္တာနိ၊ တတိယဝဂ်လာ ဤသုတ်တို့လည်ကောင်း။ ဝီသတိ၊ ၂၀-သော။ ပုရိမာနိစ၊ ရှေးဖြစ်သော သုတ်တို့လည်ကောင်း။ ဧကဓမ္မေ သု၊ တစ်ခုသော တရားတို့၌။ ဝါ၊ ဧကကနိပါတ်၌။ သုတ္တန္တာ၊ သုတ်တို့ကို။ သတ္တဝိီသတိသင်္ဂဟာ၊ ၂၇-သုတ်တို့ဖြင့် သိမ်းကျုံး ယူအပ်ကုန်၏။ ဣတိ၊ ပြီးပြိီ။
**ဧကကနိပါတော၊ ဧကကနိပါတ်သည်။** **နိဋ္ဌိတော၊ ပြီးဆုံးခြင်းသို့ ရောက်ပြီ။**