Issues
Select Version
胜嗣Jinadāyāda
中文
法护-Dhammapāla
中文
နိဿယ
မြန်မာဘာသာ
Itivuttakapāḷi
Itivuttakapāḷi

3. Tikanipāto

Author: နိဿယ @ IAPT

တီဏိမာနိ ဘိက္ခဝေ (လ) အကုသလမူလာနီ'တိ၊ အကုသလမူလာနိ'ဟူသော။ ဧတံ၊ ဤမူလသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ အပ်ပြီ။ အရဟတာ၊ သည်။ ဝုတ္တိ'န္တိ၊ အပ်ပြီ'ဟူ၍။ မေ၊ အကျွန်ုပ်အာန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီ။ ဘိက္ခဝေ၊ တို့။ **အကုသလ မူလာနိ**၊ အကုသိုလ်၏ အခြေအမြစ် ဖြစ််သော ‌အကြောင်းတို့သည်။ ဣမာနိ တီဏိ၊ ဤသုံးပါးတို့သည်း
ကတမာနိ တီိဏိ၊ အဘယ်သုံးပါးတို့နည်း။
‌လောဘော၊ လောဘဟူသော။ အကုသလမူလံ၊ အကုသိုလ်၏ အခြေခံအမြစ်ဖြစ်သော အကြောင်းလည်းကောင်း။ ဒေါသော၊ ဒေါသဟူသော။ အကုသလမူလံ၊ အကုသိုလ်၏ အခြေအမြစ်ဖြစ်သော အကြောင်းလည်းကောင်း။ မောဟော၊ မောဟဟူသော။ အကုသလမူလံ၊ လည်း ကောင်းတည်း။ ‌အကုသလမူလာနိ။ ။ အကုသလာနိ စ+တာနိ+မူလာနိ စာတိ-ဟု ကမ္မဓာရဲတစ်မျိုး။အကုသလာနံ+ ဟေတုပစ္စယပဘတဇနကသမုဋ္ဌာပကနိဗ္ဗတ္တကဋ္ဌေန မူလာနိ စာတိ-ဟု ဆဋ္ဌီတပ္ပုရိသ်တစ်မျိုး ၂-မျိုး ဋ္ဌ-၌ ဖွင့်၏။ ထိုတွင် တပ္ပရိသ်အလိအားဖြင့် 'အကုသလမူလာနီတိ အကုသလာနံ သုပ္ပတိဋ္ဌတဘာဝသာဓနာနိ၊ ကာရဏာနီတိ ဝုတ္တံ ဟောတိ' ဟူသည်နှင့် အညီ အကုသိုလ်တရားတို့၏ တည်တံ့ခိုင်မြဲခြင်း၏ အကြောင်းဖြစ်သောကြောင့် လောဘ ‌ဒေါသ မောဟ-တို့သည် အကုသိုလ် သစ်ပင်ကြီး၏ရေသောက်မြစ်နှင့် တူသော အကြောင်းတရားများဖြစ်၍ 'အကုသလမူလ' တို့မည်၏ဟု ဆိုလိုသည်။ ဘိက္ခဝေ၊ တို့။ ဣမာနိ ခေါ တီဏိ၊ ဤသုံးပါးတို့သည်််။ အကုသလူမလာနိ၊ အကုသိုလ်၏ အခြေအမြစ်ဖြစ်သော အကြောင်းတို့တည်း။
ဧတမတ္တံ၊ ဤအနက်အဓိပ္ပာယ်ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ ပြီ။
တတ္ထ၊ ထိုမူလသုတ်၌။ လေဘော ဒေါသော စမောဟော စ (လ) တစသာရံဝ သမ္ဖလ'န္တိ၊ သမ္ဖလံ'ဟူသော။ ဧတံ၊ ဤဂါထာကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ဆိုအပ်၏။
သမ္ဖလံ၊ မိခင်သဖွယ်ဖြစ်သော မိမိဝါးပင်ကြီးမှ မွေးထုတ်လိုက်သကဲ့သို့သော ဝါးသီးသည်။ တစသာရံ၊ အခွံလျှင်အနှစ်ရှိသော မိခင်သဖွယ်ဖြစ်သော ဝါးပင်ကြီးကို။ ဟန္တိ ဣတ၊ နှိပ်စက်သတ်ဖြတ်ဘိသကဲ့သို့။ အတ္တသမ္ဘူတာ၊ မိမိကမွေးထုတ်လိုက်သည့်အလား မိမိသန္တာန်၌ ဖြစ်ပွားကြကုန်သော။ လောဘော စ၊ လောဘသည်၎င်း။ ဒေါသော စ၊ သည်၎င်း။ မောဟော စ၊ သည်၎င်း။ ပါပစေတသံ၊ ယုတ်ညံံ့သော စိတ်ထားရှိသော။ ပုရိသံ၊ ပုဂ္ဂိုလ် သတွာကို။ **ဟိံသန္တိ**၊ နှိပ်စက်ညှင်းပန်းကြကုန်၏။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
ပဌမံ။ဟိံသန္တိ။ ။ လောဘော စသော ကတ္တား ၃-ခု အပေါင်းကို ငဲ့သော စယာသိတ အနေအားဖြင့် 'ဟိန္တိ ဟိံသတိ'ဟု ဧကဝုစ်ဖြင့် မချဘဲ အစိတ်အစိတ်ကို ငဲ့သော အင်္ဂါသိတ အနေဖြင့် ဗဟုဝုစ်ဖြင့် ဟိံသန္တိ-ဟု ချသည်။ ထို့ကြောင့် ဤနည်းအတိုင်း "အယံ စ နာဂေါ အယံ စ ဒတ္တော တိဿဿ ဥပသမ္ပါပေက္ခာ'ဟု ဗဟုဝုစ်ဖြင့် ဒွန်ကမ္မဝါစာများ ရေးသားကြသည်ကို တွေ့ရှိလေသည်။
ရှားပင်သည် အတွင်း၌ အနှစ်ရှိသကဲ့သို့ ဝါးပင်သည်အတွင်း၌ အနှစ်မရှိဘဲဲ အပြင်၌သာ အနှစ်သောကြောင့် မိမိဟူသော ဝါးပင်မှ မွေးထုတ်ဘိသည့် အလား ဝါးပင်မှဖြစ်ပွားသော ဝါးသီးသည် မိခင်သဖွယ်ဖြစ်သော ဝါးပင်ကြီးကို သတ်ဘိသကဲ့သို့ အတွင်းသန္တာန်၌ သီလစသော အနှစ်သာရမရှိသော ယုတ်ညံ့သော စိတ်ထားရှိသော ပုဂ္ဂိုလ်ကို ၎င်းတို့သန္တာန်၌ဖြစ်သော လောဘစသော တရားများက နှိပ်စက်ညှင်းပန်းကြကုန်၏ ဟူလို။

တိဿော ဣမာ ဘိက္ခဝေ (လ) တိဿော ဓာတုယော'တိ၊ ဓာတုယော'ဟူသော။ ဧတံ၊ ဤဓာတုသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ'န္တိ၊ အပ်ပြီဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ ‌နာခံမှတ်သားဆောင်ထားအပ်ပါပြီ။

ဘိက္ခဝေ၊ တိို့။ **ဓာတုယော**၊ ဓာတ်တို့သည်။ နမာ တိဿော၊ ဤသုံးပါးတို့တည်း။

ကတမာ တိဿော၊ အဘယ် သုံပါးတို့နည်း။
**ရူပဓာတု**၊ ရူပဘဝတည်းဟူသော ရူပဓာတ်လည်းကောင်း။ ဝါ၊ ရူပါဝစရတရားတည်းဟူသော ရူပဓာတ်လည်းကောင်း။ **အရူပဓာတု**၊ အရူပဘဝတည်းဟူသော အရူပဓာတ်လည်းကောင်း။ ဝါ၊ အရူပါဝစရတည်း ဟူသော အရူပဓာတ်လည်းကောင်း။ **နိရောဓဓာတု**၊ နိဗ္ဗာန်တည်းဟူသော နိရောဓဓာတ်လည်းကောင်းတည်း။‌‌‌‌ဓာတုယော။ ။ သဘာဝံ ဓာတုယော-ဟူသသည်နှင့် အညီ ပရမတ္တ ဓမ္မမှန်သမျှ မိမိတို့၏ ကက္ခဋ္ဌ ဖုသန-စသော သဘာဝတို့ကို ဆောင်တတ်သောကြောင့် ဓာတု-မည်၏။ အတ္တနော ဖလံ ဓာရေတီတိ ဓာတု-အရ ကုသိုလ် အကုသိုလ်တို့သည် မိမိတို့၏သုခဒုက္ခဝိပါက-ကိုလည်း ဆောင်တတ်သောကြောင့် ဖလကရဏဓာတု-လည်းမည်၏။ သဘာဝဓာရဏဓာတု-လည်း မည်၏။ အဗျာကတတရားတို့ကား အဝိပါကလက္ခဏာ-ရှိသည့်အတွက် ဖလဝိပါက-ကို မဆောင်တတ်သောကြောင့် သဘာဝဓာရဏ-သာ မည်၍ ဖလကရဏဓာတ် မမည်။
ရူပဓာတု အရူပဓာတု နိ‌ရောဓဓာတု။ ။ ရူပဓာတ်ဟူသည် ရူပဘုံ၌ ဖြစ်သမျှ ရူပါဝစရ-တရားမှန်သမျှတည်း။ အရူပဓာတ်ဟူသည် အရူပဘုံ၌ဖြစ်သမျှ အရူပါဝစရ-တရားတို့တည်း။ နိဗ္ဗာန်သည် နိရောဓဓာတ်တည်း။ တစ်နည်းအားဖြင့် ရုပ်နှင့် စပ်၍ ဖြစ်သမျှ ပဉ္စဝေါကာရ ‌ဧကဝေါကာရ ဘုံတို့သည် ရူဓာတ်။ နာမ်နှင့် စပ်၍ ဖြစ်သမျှ စတုဝေါကာရ-သည် အရူပဓာတ်။ ဤနည်းအလို ကာမ ရူပ အရူပဘုံ ၃-ခုလုံး အစုံအလင် ရ၏။ ပ-နည်းအလို ကာမဘုံ ကျန်သည်။ နိရောဓဓာတု-အရ ပနှင့် ဒုနည်း မထူး။ မဂ်နှင့်ဖိုလ်တို့ကား ဓာတ် ၃မျိုးတွင် မည်သည့်ဓာတ်၌မျှ မပါဝင်။ တိကဝိမုတ်တည်း။
ဘိက္ခဝေ၊ တို့။ ဣမာ တိဿော၊ ဤသုံးပါးတို့သည်။ ဓာတုယော၊ ဓာတ်တို့တည်း။
ဧတမတ္တံ၊ ဤအနက် အဓိပ္ပါယ်ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ ပြီ။
တတ္ထ၊ ထိုဓာတုသုတ်၌။ ရူပဓာတုံ ပရိညာယ (လ) အသောကံ ဝိရဇံ ပဒ'န္တိ၊ ပဒံ'ဟူသော။ ဧတံ၊ ဤဂါထာ အနက်အဓိပ္ပါယ်ကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ဆိုအပ်၏။
ယေ ဇနာ၊ အကြင်ခီဏာသဝတို့သည်။ ရူပဓာတုံ၊ ရုပ်နှင့်စပ်၍ဖြစ်သမျှ တရားအားလုံးကို။ ပရိညာယ၊ ညာတစသော ပရိညာသုံးပါးတို့ဖြင့် သိမြင်၍။ အာရုပ္ပေသု၊ အရူပါဝစတရားတို့၌။ အသဏ္ထိတာ၊ ဘဝရာဂ ဘဝဒိဋ္ဌိတို့၏ အစွမ်းအားဖြင့် မကပ်ငြိကြကုန်ဘဲ။ နိရောဓေ၊ နိဗ္ဗာန်တည်းဟူသောအာရုံ၌။ ဝိမုစန္တိ၊ (အရဟတ္တမဂ် အရဟတ္တဖိုလ်တို့၏ သမုစ္ဆေဒပဟာနသတ္တိ' ပဋိပဿဒ္ဓိတို့၏ အစွမ်းအားဖြင့်) အကြွင်းမရှိ ကိလေသာအားလုံးမှ လွတ်မြောက်ကြကုန်၏။ တေ ဇနာ၊ ထိုခီဏာသဝါတို့သည်။ မစ္စုဟာယိနော၊ သေခြင်းကို စွန့်ကြ သေခြင်းကို လွန်မြောက်ကြကုန်၏။ ဝါ၊ သေခြင်းမှ ယုတ်လျော့ကြကုန်၏။ (ပဟီနာ ကို ပါရာဇိကဏ်၌ နှစ်နည်း ဖွင့်သကဲ့သို့ အ၌လည်း ဟာ+စာဂေ+ပရိဟာနိယံ နှစ်နည်းကြံလျှင် ၂-နက် ထွက်၏။)
နိရုပဓိံ၊ ခန္ဓုပဓိစသည်မှ ကင်းသော။ ဥပဓိပဋိနိဿဂ္ဂံ၊ ခန္ဓုပဓိစသည်တို့ကို စွန့်လွှတ်ကြောင်းဖြစ်သော။ အမတံ ဓာတုံ၊ အမြိုက်နိဗ္ဗာန်တည်းဟူသော နိရောဓကို။ နာမကာယေနာ၊ မဂ်ဖိုလ်တည်းဟူသော နာမကာယဖြင့်။ ဖုသယိတွာ၊ ရရောက်၍။ သစ္ဆိကတွာ၊ ဖလသမာတ်ပတ်ဝင်စားသောအားဖြင့် မျက်မှောက်ပြု၍။ အနာသဝေါ၊ အာသဝေါကင်းတော်မူသော။ သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ အသောကံ၊ စိုရိမ်ရခြင်းမရှိသော။ ဝိရဇံ၊ ကိလေသာမြူအညစ်အကြေးကင်းသော။ ပဒံ၊ နိဗ္ဗာန်ကို။ ဒေသေတိ၊ ဟောတော်မူ၏။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
ဒုတိယံ။

တိဿေ ဣမာ ဘိက္ခဝေ (လ) တိ‌‌‌‌ဿော ဝေဒနာ’တိ၊ ဝေဒနာ’ဟူသော။ ဧတံ၊ ဤပဌမဝေဒနာသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ အပ်ပြီ’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။

ဘိက္ခဝေ၊ တို့။ ဝေဒနာ၊ တို့သည်။ ဣတိမာ တိဿော၊ ဤသုံးပါးတို့တည်း။

ကတမာ တိဿော၊ အဘယ်သုံး ပါးတို့နည်း။
**သုခါ ဝေဒနာ**၊ ဣဋ္ဌာရုံကို ခံစားတတ်သော သုခဝေဒနာလည်းကောင်း။ **ဒုက္ခာ** ဝေဒနာ၊ အနိဋ္ဌာရုံကို ခံစား တတ်သော ဒုက္ခဝေဒနာလည်းကောင်း။ **အဒုက္ခမသုခဝေဒနာ**၊ မဇ္ဈတ္တာရုံကို ခံစားတတ်သော ဥပေက္ခာဝေဒနာ လည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။ ဝေဒနာ၊ တို့သည်။ ဣမာ တိဿော၊ ဤသုံးပါးတို့တည်း။ ဧတမတ္ထံ၊ ဤအနက်အဓိပ္ပါယ်ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ ပြီ။သုခ ဒုက္ခ အဒုက္ခဝေဒနာ။ ။ ဝေဒနာသုံးပါးဟု ဘုရားရှင် ဟောတော်မူသော်လည်း သုခနှင့် ဒုက္ခဝေဒနာနှစ်ပါးကသာ ထင်ရှား၍ အဒုက္ခမသုခဝေဒနာကား မထင်ရှားပေ။ သားကောင်၏ အတက်ခြေရာ ဆင်းသက်သော ခြေရာနှစ်ခုကို ထောက်၍ ကျောက်ဖြာ၌ မထင်ရှားသော ခြေရာကို မှန်းဆ သိရသကဲ့သို့ သုခ၏ထင်ရှားသော ဣဋ္ဌာရမ္မဏာနုဘဝန, ဒုက္ခ၏ အနိဋ္ဌာရမ္မဏာနုဘဝနကို ထောက်ဆ၍ မထင်ရှားသော ကျောက်ဖျာပေါ်မှ ခြေရာနှင့်တူသော ‘မဇ္ဈတ္တာရမ္မဏာနုဘဝန ဥပေက္ခာဝေဒနာ’ ကို မိဂပဒဝဠဉ္ဇနနည်းဖြင့်သာ သိနိုင်သည်။
ဤနေရာ၌ ဝေဒနာသုံးပါး ဟောကြားထားသော်လည်း အချို့နေရာ၌ ဝေဒနာသည် ဒုက္ခဝေဒနာတစ်မျိုးတည်းသာ ရှိသည်ဟူ၍လည်းကောင်း, ဝေဒနာသည် သုခနှင့်ဒုက္ခနှစ်မျိုးသာ ရှိသည်ဟူ၍လည်းကောင်း၊ သုခဝေဒနာကိုပင် တည်ရှိခိုက်သုခ၊ ဖောက်ပြန်ပျက်စီးသွားလျှင် ဒုက္ခ။ ဒုက္ခဝေဒနာကို တည်ရှိခိုက် ဉာနသုခ အဉာန ဒုက္ခ-ဟု လည်းကောင်း ဝေဒနာသုံးပါးတို့ နှစ်မျိုးစီ အသီးသီး ကွဲပြားသည်ဟူ၍လည်းကောင်း၊ ဟော‌တော်မူသည်လည်း ရှိ၏။
သုခနှင့်အဒုက္ခမသုခဝေဒနာ ၂-ပါးတို့သည် ဒုက္ခသဘောလက္ခဏာ မရှိသောကြောင့် ဒုက္ခဝေဒနာ မဖြစ်နိုင်။ ဝေဒနာသည် ဒုက္ခတစ်မျိုးသာ, ဝေဒနာသည် သုခနှင့် ဒုက္ခနှစ်မျိုးသာ ဟောခြင်းသည် ပရိယာယဒေသနာသာ ဖြစ်သည်။ သုံးမျိုးဟု ဟောခြင်းသာ (မုချ) နိပ္ပရိယာယ ဒေသနာတည်း။ ဤကား အာစရိယသမာနကထာ တည်း။
ဣမာနိ တီဏိ၊ ဤသုံးပါးတို့တည်း။
ဧတမတ္ထံ ဘဂဝါ အဝေါစ၊ ပေးမြဲ။
တတ္ထ၊ ထိုစက္ခုသုတ်၌။ ဧတံ၊ ဤဆိုအပ်လတ္တံ့သောဂါထာ ကို။ ဣတိ၊ ဤသို့။ မံသစက္ခု ဒိဗ္ဗစက္ခု (လ) သဗ္ဗဒုက္ခာ ပမုစ္စတီ’တိ၊ ပမုစ္စတိဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ဝိတဏ္ဍဝါဒီ။ ။ စိတ်ဝင်စားဖွယ်ကောင်းသောကြောင့် ဝိတဏ္ဍုဝါဒီ၏ အဆိုနှင့် ထိုအဆိုကို ချေပထားသော အဋ္ဌကထာဆရာ၏ ရှင်းချက်ကို အနည်းငယ် ချုံး၍ပြဥုးအံ့။ ဝေဒနာသည် ဒုက္ခတစ်မျိုးသာ ဖြစ်ပါလျက် အချို့ဒုက္ခကိုသုခ၊ အချို့ဒုက္ခကို အဒုက္ခမသုခဟု မူလဒုက္ခဝေဒနာ၌ ၂-မျိုး ၂-စား ခွဲခြားကာ ထပ်ထည့်ပြသောကြောင့် ‘တိဿေ ဣမာ ဝေဒနာ’ ဟူသော ဝါဒသာလျှင် ပရိယာယဒေသနာ ဖြစ်သည်။ ဝေဒနာသည် ဒုက္ခတစ်မျိုးတည်းသာ ဝါဒသည် နိပ္ပရိယာယဝါဒဟု ဝိတဏ္ဍိကဆို၏။
ယံ ကိဉ္စိ ဝေဒယိတံ၊ သဗ္ဗံ တံ ဒုက္ခသ္မိ’န္တိ- ဟူသော ဒုက္ခတစ်မျိုးတည်းသာ ဟူသော ဝါဒ၏ ပရိယာဒေသနာဖြစ်ကြောင်း ‘သင်္ခါရ နိစ္စတံ အာနန္ဒ မယာ သန္ဓာယဘာသိတံ သင်္ခါရဝိပရိဏာမတံ- ဟူသော ဤပါဠိကိုထောက်သဖြင့်သိနိုင်၏။ အကယ်၍ ‘တိဿေ ဣမာ ဝေဒနာ’ဟူသော ဝေဒနာ သုံးပါးဝါဒ၏။ ပရိယာယ ဒေသနာဖြစ်ခဲ့ပါလျှင် ‘ဣဒံ မယာ သန္ဓာယ ဘာသိတံ တိဿေ ဝေဒနာ’ ဟု ဟောတော်မူရာ၏။ ဟောတော်မမူပါ။ ထို့ကြောင့် ဝေဒနာသုံးပါးဝါဒသည် ပရိယာယ ဒေသနာ မဟုတ်၊ နိပ္ပရိယာယ (မုချ) ဒေသနာဖြစ်ကြောင်း သေချာ၏ဟု အဋ္ဌကထာဆရာ ရှင်းပြချေပ၏။
နောက်တစ်မျိုး။ ။ ဝေဒနာသည် ဒုက္ခဝေဒနာသည် တစ်မျိုးတည်း ဖြစ်ပါလျက် မသိမသာ မုဒုဖြစ်သောဒုက္ခကိုတော့ သုခဟု၊ သိသာလွန်ကဲသော ဒုက္ခကိုတော့ ဒုက္ခဟုအလယ်အလတ်ဖြစ်သောဒုက္ခကိုတော့ အဒုက္ခမသုခဟု ဝေနေယျဇ္ဈာသယအားဖြင့် ဝေဒနာသုံးပါးဟု ယူဆကြသည်ဟု ဝိတဏ္ဍီက ဆိုပြန်၏။
ဝေဒနာသည် ဒုက္ခတစ်မျိုးတည်းသာ ဟူသောဝါဒ၊ သုံးမျိုးဟူသောဝါဒ၊ ဘယ်ဝါဒမှန်သည်ကို သဘာဝပေတံ သဘာဝချိန်ခွင်ဖြင့် တိုင်းတာကြည့်ရာ၏။ အကြင်ဝေဒနာဖြစ်ပေါ်လာခဲ့သော် ထိုဝေဒနာမှ လွတ်ကင်းချင်စိတ် ပေါ်လာအံ့၊ ထိုဝေဒနာသည် ဒုက္ခဝေဒနာတည်း။ အကြင်ဝေဒနာ ဖြစ်ပေါ်လာခဲ့သော် ထိုဝေဒနာမှ မလွတ်ကင်းခြင်းကို အလိုရှိကြသည်။ လွတ်ကင်းခြင်း၊ မလွတ်ကင်းခြင်း နှစ်မျိုးကို အလိုမရှိကြ။ ထို (သုခ၊ ဥပေက္ခာ) ဝေဒနာသည် ဒုက္ခ ဘယ်နည်းနှင့်မျှ မဟုတ်နိုင်။ ထို့ကြောင့် ဝေဒနာသည် ဒုက္ခတစ်မျိုးတည်းမဟုတ်။ သဘာဝအားဖြင့် သုံးမျိုးသာ ဖြစ်သည်ဟု အဋ္ဌကထာဆရာ ချေပရှင်းလင်း၏။
အကြင်ဝေဒနာသည် မိမိမှီခိုရာ တည်ရာ ပုဂ္ဂိုလ်ကို နှိပ်စက်တတ်၏။ ထို ဝေဒနာသည် ဒုက္ခဝေဒနာတည်း။ အကြင်ဝေဒနာသည် မိမိမှီရာတည်ရာပုဂ္ဂိုလ်ကို ကောင်းစားအောင် ချီးမြှောက်မှုပြု၏။ ထိုဝေဒနာသည် ဒုက္ခ ဘယ်နည်းနှင့်မျှ မဟုတ်နိုင်။ ထို့ကြောင့် ဒုက္ခဝေဒနာ တစ်မျိုးတည်း မဟုတ်။ သုံးမျိုးဖြစ်ရမည်ဟု ချေပရှင်းလင်းပြန်၏။
အရိယာပုဂ္ဂိုလ်တို့သည် တေဘူမကခန္ဓပဉ္စကကို ဒုက္ခဟု ရှုတော်မူကြ၏။ ယင်းသို့ ရှုခြင်းသည် သင်္ခါရဒုက္ခဖြစ်၍ အဘိဏှသဘာဝအားဖြင့် ရှုမြင်ခြင်းသာ။ ထို့ကြောင့် ဒုက္ခဝေဒနာကိုပင် မုဒုကာ, အမိမတ္တာ, မဇ္ဈိမာဟူသော အခိုက်အတန့်သုံးမျိုးဖြင့် ဝေဒနာသုံးမျိုးဟု ခွဲပြခြင်း မဟုတ်။ သဘာဝအားဖြင့် သုံးမျိုးရှိခြင်းကြောင့် သုံးမျိုးဟု ဟောတော်မူခြင်းဖြစ်သည်ဟု ချေပရှင်းပြပြန်၏။
ဝေဒနာမှန်သမျှ သဗ္ဗေ သင်္ခါရာ ဒုက္ခာ ဟူသော ဒေသနာအရ သုခ, အဒုက္ခမသုခဟု မရှိနိုင်၊ ဒုက္ခတစ်မျိုးတည်းသာ ရှိရမည်ဆိုလျှင် ‘တိဿော ဣမာ ဘိက္ခဝေ ဒုက္ခတာယောယော ဒုက္ခဒုက္ခ ဝိပရိဏာမဒုက္ခတာ သင်္ခါရဒုက္ခတာ-ဟု ဒုက္ခသုံးမျိုးခွဲခြားဝေဖန်သည့် ဒေသနာ အချည်းနှီး ဖြစ်သွားရာ၏။ ထိုဒေသနာကို ပယ်ရာလည်း ရောက်ရာ၏။
ဒုက္ခဝေဒနာ တစ်မျိုးတည်းကိုပင် မုဒုကာ အဓိမတ္တာ မဇ္ဈိမတာဖြင့် ခွဲခြား၍ သုခဒုက္ခ အဒုက္ခမသုခ-ဟု ဝေဒနာသုံးမျိုးဖြစ်အောင် ကြံဖန်တီထွင်ခြင်းသာ ဖြစ်လျှင် သမာပတ်ရှစ်ပါးတို့တွင် ပ, ဒု, တ, ဟူသော ရူပဈာန်သုံးပါးက သုခဝေဒနာနှင့် ယှဉ်ခြင်းကြောင့် ပဏီတတရသန္တတရစတုတ္ထဈာန်နှင့် အရူပဈာန်တို့က ဥပေက္ခာနှင့် ယှဉ်ခြင်းကြောင့် သန္တပဏီတမျှသာဟူသော အဓိပ္ပါယ် သက်ရောက်ရာ၏။ ပ ဒု တ ဈာန်တို့က အဆင့်မြင်၍ ရူပစတုတ္ထနှင့် အရူပဈာန်တို့က အဆင့်နိမ့်ခြင်းသည် သဘာဝမကျ၊ မဟုတ်နိုင်ဟု ချေပရှင်းပြပြန်၏။
အထက်ပါ စကားရပ်အားလုံးကို မှတ်ချက်ချလျှင်ခ ဝေဒနတ္တယဒေသနာသည် နိပ္ပရိယာယ (မုချ) ဒေသနာ။ ဝေဒနာဟူသည် ဧက ဒွယဟူသော‌ဒေသနာသည် ပရိယာယဒေသနာမျှသာ ဟူလိုသည်။
ထို့ပြင် ဒုက္ခေ သုခန္တိ သညာဝိပလ္လာသော-ဟူသော ပါဠိတော်ကို ကိုး၍ ဒုက္ခကိုပင်သုခဟု အထင်အမြင်လွဲခြင်းသာ၊ သုခဝေဒနာမရှိဟု ယူဆကာ ဒီဒေသနာကို ဘယ်လိုယူဆမလဲ၊ ဘယ်လိုပြောချင်သလဲဟု ဝိဘဏ္ဍီက မေးခွန်းထုတ်ပြန်၏။
ဝိပရိဏာမဒုက္ခနှင့် သင်္ခါရဒုက္ခကို အတိအကျ အမှန်အတိုင်း မသိသည့်အတွက် တကယ့်သုခအစစ်ဟု မှတ်ထင်ခြင်း၊ ဒုက္ခကိုပင် သုခဟု အထင်လွဲခြင်းကို ရည်၍ ဟောတော်မူခြင်း ဖြစ်သည်။ ဒုက္ခဝေဒနာ တစ်မျိုးတည်းသာ ရှိပါလျက် ၎င်းဒုက္ခကို သုခဟု အထင်လွဲခြင်း မဟုတ်ဟု အဋ္ဌကထာဆရာ ရှင်းပြ၏။
ထို့ပြင် ‘သုခါ ဘိက္ခဝေ ဝေဒနာ ဒုက္ခတော ဒဋ္ဌဗ္ဗာ’ ဟူသော ပါဠိကိုထုတ်ပြ၍ ဤပါဠိ၏ ဆိုလိုရင်းက ဘယ်လိုလဲဟု အမေး ထုတ်ပြန်၏။ သုခဝေဒနာကို ဒုက္ခဟုသာ မှတ်ရမည်ဟု ဟောတော်မူခြင်းသည် စင်စစ် သုခဝေဒနာဆိုတာ မရှိ၊ ထို့ကြောင့် ဒုက္ခဟု မှတ်ရမည်ဟု ဟောတော်မူသည်ဟု ဝိတဏ္ဍီက ယူဆသည်။ ထိုကို ဋ္ဌ-ဆရာက သုခကို ဒုက္ခဟုရှုမှတ်ခြင်းက ရာဂပျက်ပြယ်ခြင်းအကြောင်း ဖြစ်သောကြောင့်လည်းကောင်း၊ သုခဝေဒနာ၏ နောက်သို့ ဒုက္ခတွေ တစ်သီတစ်တန်းကြီး လိုက်ပါသောကြောင့်လည်းကောင်း၊ ဝိပရိဏာမဒုက္ခကို ရှုစေရန် ဟောတော်မူခြင်း ဖြစ်သည်။ သုခဝေဒနာဟူ၍ မရှိ၊ ဒုက္ခတစ်မျိုးတည်းသာ ရှိသည်ဟု အဓိပ္ပါယ်ဖြင့် ဟောတော်မူခြင်း မဟုတ်ဟု ရှင်းပြချေပ၏။
ထို့ပြင် သုခဝေဒနာ၏ ဟေတု တစ်ထစ်ချ သတ်မှတ်ချက် မရှိသောကြောင့် သုခ ဝေဒနာဆိုတာ လုံးဝမရှိဟု ဝိတဏ္ဍီက ဆိုပြန်၏။ ထို့သို့ ဆိုရုံမက သုခ၏ ဟေတုမမြဲပုံကို အောက်ပါအတိုင်း ပြဆိုပြန်သည်။
ဆာလောင်မွတ်သိပ်မှုကို ဖြေဖျောက်ခြင်းစသည်သည် သုခ၏ ဟေတုဟု သတ်မှတ်ကြသည်။ ယင်းသို့ သတ်မှတ်သော်လည်း ဆာလောင်မှုကို ဖြေဖျောက်သည့်အနေဖြင့် လွန်လွန်ကဲကဲ အစားအစာကို မှီဝဲသော်လည်းကောင်း၊ အချိန်မဟုတ် မှီဝဲသော်လည်းကောင်း ထိုဖြေဖျောက်မှုသည် သုခဟေတုမဖြစ်တော့ပဲ ဒုက္ခဟေတု အဖြစ်သို့ပြောင်းလွဲသွား၏။ ဆာလောင်မှု ဖြေဖျောက်ခြင်း တစ်ခုတည်းက သူသည်ပင် သုခဟေတု သူသည်ပင် ဒုက္ခဟေတုဟု ယူဆလျှင် ယုတ္တိမရှိ၊ ထို့ကြောင့် ထိုဖြေဖျောက်မှုသည် သုခ‌ဟေတု ဘယ်နည်းနှင့်မျှ မဟုတ်တော့ပေ။
ဆက်လက်၍ နောက်တစ်မျိုး ဝိဝဏ္ဍဝါဒီက ပြောပြန်သည်။ ရပ်နေရတာ ကြာလို့ ညောင်းညာမှုဒုက္ခ ဖြစ်လျှင် ထိုင်ခြင်းစသော ဣရိယာပုထ် တစ်မျိုး ပြောင်းပစ်သော်လည်းကောင်း၊ လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးကို သယ်ဆောင်ရတာ ကြာ၍ ဒုက္ခရောက်လျှင် ထိုဝန်ထုပ်ကို မသယ်တော့ဘဲ ချပစ်ခြင်းဖြင့်သော်လည်းကောင်း၊ ဒုက္ခပျောက်၍ သုခဖြစ်သည်ဟု ထင်ကြသည်။ ထိုအထင်သည် သုခအကြောင်း မဟုတ်ဘဲ သုခ၏ အလင်းဟု နားမလည်သူတို့၏ အထင်မျှသာ။ ဒုက္ခပျောက်ရုံသာ ပျောက်၍သုခကား ဖြစ်မလာ၊ ထို့ကြောင့် သုခဝေဒနာဆိုတာ လုံးဝမရှိ-ဟူ၏။
ဋ္ဌ-ဆရာ၏ ရှင်းလင်းချေပချက်။ ။ အာရုံသည်သာ သုခဝေဒနာဖြစ်ခြင်းအကြောင်းဟု ရည်ရွယ်၍ ဝိဝဏ္ဍီက သုခဟေတုနိယာမ မရှိဟုဆို၏။ စင်စစ် သုခ ဟေတုသည် ဣဋ္ဌာရုံတစ်ခုတည်းသာ မဟုတ်၊ အတွင်းအစိတ်အပိုင်းဖြစ်သောကိုယ်ခန္ဓာ၏ အခါတစ်ပါးနှင့်မတူသော အခိုက်အတန့်အားဖြင့် ထူးခြားမှုဟူ၍ ရှိသည်။ ဥပမာ-အလွန် မြတ်နိုးလိုလားအပ်သော ပုဂ္ဂိုလ်က ကျေကျေနပ်နပ် အတွေ့ခံ၍ တွေ့မြင်ရသောအခါ ၎င်းပုဂ္ဂိုလ်ထံမှ ကိုယ်ကြားချင်သော အဖြေကို ကြားရသောအခါ ကိုယ် ကိုင်တွယ်တွေ့ထိချင်သော ကိုယ်အင်္ဂါကို တွေ့ထိခွင့်ပြု၍ တွေ့ထိသောအခါတို့၌ အခိုက်အတန့်အားဖြင့် ထူးခြားမှု ထူးခြားချက်ကို ဉာန်ဖြင့် သုံးသပ်လျှင် သိနိုင်ပေသည်။ ထိုထူးခြားမှုသည် သူချည်းသက်သက် မဖြစ်။ ဣဋ္ဌဖြစ်သော ရူပ သဒ္ဒဖောဋ္ဌဗ္ဗတို့နှင့် တွဲဖက်၍ တစ်ပြိုင်နက်ဖြစ်သော အဝတ္ထာဝိသေသတည်း။ ထို့ကြောင့် သုခဟေတုသည် ဣဋ္ဌာရုံနှင့် အဇ္ဈတ္တိကသရီရ၏ အဝတ္ထာဝိသေသ နှစ်မျိုးဖြစ်သည်ဟု သတ်မှတ်ချက်ရှိ သည်သာ။ ဝိတဏ္ဍီပြောသကဲ့သို့ နိယမာဘာဝမဟုတ်ဟု ဋ္ဌ-ဆရာ ရှင်းပြချေပ၏။ ထို့ကြောင့် ဝေဒနာသည် ဒုက္ခတစ်မျိုးသာ ရှိသည်မဟုတ်၊ သုခဝေဒနာလည်း ရှိသည်-ဟူလို။
ဋ္ဌ-ဆရာ၏ ရှင်းလင်းချက်နောက်ဆက်တွဲ။ ။ ဒုက္ခကင်းကာမျှ၌ သုခဟု ထင်မှတ်ခြင်း မဟုတ်၊ သုခအစစ်၌ သုခဟု အမှန်အတိုင်း ထင်မြင်ယူဆခြင်းလည်းရှိသည်။ ထို့ကြောင့် တစ်ခါတစ်ရံ ဒုက္ခကင်းခြင်းကြောင့် သုခဟူသော ဝေဒနာအထူးကို ရအပ်ရနိုင်၏။ ထိုကို နမူနာဖြင့် ရှင်းပြဥုးအံ့။ မိုင်ပေါင်းမြောက်များစွာ သွားရ၍ ပင်ပန်းနွမ်းနွယ်နေသော ခရီးသည်အား နင်းနှိပ်ဆုတ်နယ်ပေးသောအခါ ထိုသူ့၌ သုခတကယ်ဖြစ်၏။ ဒုက္ခကင်းရုံမျှဖြင့် ချမ်းသာသုခ မဖြစ်ပါ။ ဒုက္ခကင်းရုံမျှဖြင့် ချမ်းသာအစစ်ဖြစ်သော သုခဝေဒနာအထူး ဘယ်နည်းနှင့်မျှ မဖြစ်ပေါ်လာနိုင်ပါ။ ဒုက္ခကင်းလျှင် ထိုဒုက္ခ၏အစား သုခဝေဒနာပေါ်လာသည်ဟုထင်လျှင် ထိုသူ၏ ထင်မြင်ချက်မျှသာ။ တကယ် မဟုတ်ပါ။
အထက်ပါ ခရီးပန်းသူအား နင်းနှိပ်ဆုပ်နယ်ပေးခြင်းကြောင့် ဖြစ်ပေါ်လာသော သုခသည် ဒုက္ခကင်းရုံမျှကြောင့် ဖြစ်ပေါ်လာသော သုခ မဟုတ်၊ တကယ်ဖြစ်လာသော သုခဖြစ်သည့်အတွက် သုခဝေဒနာဆိုတာ တကယ်ရှိ ပရမတ္ထအားဖြင့် အဟုတ်ရှိသော တရားဖြစ်သောကြောင့် “နတွေဝ သုခဝေဒနာ” ဟူသော ဝိတဏ္ဍီစကား အမှားသာ။
ဋ္ဌ-ဆရာ၏ ရှင်းလင်းချက် နောက်ဆက်တွဲ မပြီးသေး။ ။ ပုထုဇဉ်သတွာတို့သည် ကောင်းသည်ထက်ကောင်း, မွန်မြတ်သည်ထက် မွန်မြတ်သော အာရုံစည်းစိမ်တို့ကို လိုလားတောင့်တကြ၏။ သတွာတို့၏ တဏှာကြောင့် ထိုတောင့်တချက်သည် သာမန် ရရုံဖြင့် မကျေနပ်ကြ။ ယင်းသို့ တောင့်တခြင်းသည် တံလျှပ်ကို ရေထင်သော ရွှေသမင်ကဲ့သို့ ဒုက္ခကို သုခထင်၍ တောင့်တခြင်း မဟုတ်။ ဒုက္ခာပဂမမတ္တ-ဒုက္ခကင်းရုံမျှ၌ သုခထင်၍ တောင့်တခြင်းသည် မဟုတ်၊ တကယ့်သုခအစစ်ကို တွေ့ကြုံဖူးလို့ တောင့်တခြင်းသာ။
ယာနဒွါရနှင့် မွှေးကြိုင်သောအနံ့၊ ဇိဝှါဒွါရနှင့် ကောင်းမွန်သော အစားအစာကာယဒွါရနှင့် ချမ်းသာသော အတွေ့တို့ အသီးသီးထိခိုက် တွေ့ထိသောအခါ ဖြစ်ပေါ်လာသော ထူးခြားသောသုခကို မည့်သည့်ဆိုးဝါးသော ဒုက္ခကင်းခြင်းကြောင့် သုခသညာ ဖြစ်တာပါဟု ပြောမလဲ?
သောတဒွါရ၌ ဒိဗ္ဗဂီတနှင့်တူသော သာယာလှပသော တူရိယာအသံတို့ ပေါင်းဆုံထိခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ထူးခြားသော ချမ်းသာသုခကို မည်သည့်ဆိုးဝါးသော ဒုက္ခမှ ကင်းခြင်းကြောင့် ဖြစ်ပေါ်လာသော သုခသညာ ဖြစ်တာပါဟု ပြောမလဲ?
ဆိုးဝါးသော ဒုက္ခပျောက်သွားလို့ ထိုဒုက္ခကိုပင် သုခဟု မြင်ခြင်းလည်း မဟုတ်၊ ဒုက္ခာပဂမမတ္တ၊ ဒုက္ခကင်းရုံမျှကိုပင် သုခဟုထင်မြင်ခြင်းလည်း မဟုတ်ပါ။ “သုခေယေဝ သုခသညာ” ဟု အထက်က ပြခဲ့သည့်အတိုင်း သုခဖြစ်၍ သုခ၌ သုခဟု မှန်ကန်သော မှတ်ထင်ယူဆခြင်းသာ။ ထို့ကြောင့် တိဿော ဝေဒနာ-ဟူသော ဝေဒနတ္တယဒေသတာသည် နီတတ္ထဒေသနာသာ၊ နေယျတ္ထပရိယာယဒေသနာမဟုတ်-ဟု နိဿံသယမှတ်လေဟု အဋ္ဌကထာ-ဆရာ နိဂုမ်းချုပ်ရှင်းပြ ချေပတော်မူသည်။
ယောဂီတို့အတွက် နာမ်ကမ္မဋ္ဌာန်းသည်လည်း ဖဿ ဝေဒနာ စိတ္တ-ဟု သုံးမျိုး ရှိ၏။ ထိုတွင် စက္ခုစသော အဇ္ဈတ္တိကာယတနှင့် ရူပါရုံစသော ဗဟိဒ္ဓါယတနတို့ ပေါင်းဆုံထိခိုက်သောအခါ ဖဿထင်ရှားသောယောဂီအား ဖဿကမ္မဋ္ဌာန်း၊ ခံစားမှုထင်ရှားသော ယောဂီအား ဝေဒနာကမ္မဋ္ဌာန်း၊ အာရုံကို သိတဲ့ သဘော ထင်ရှားသော ယောဂီအား စိတ္တကမ္မဋ္ဌာန်းကို ပေးတော်မူ၏။ ဟောတော်မူ၏။
ဖဿထင်ရှား၍ ဖဿကို ရှုလျှင် ဖဿသာ ထင်သည် မဟုတ်၊ အာရုံကို ခံစားမှုဝေဒနာ၊ အာရုံကို မှတ်သားမှုသညာ၊ ကြောင့်ကြမှု စေတနာ၊ သိမှုဝိဉာဏ်တို့ ထင်ရှားတော့သည်သာ။ ယင်းသို့ ဖဿပဉ္စက ထင်ရှားသောယောဂီအား ဤငါးပါးသည် ဘယ်၌ မှီသလဲ စူးစမ်းသောအခါ ဝတ္ထု၌ မှီသည်။ ဝတ္ထုဟူသည် ကရဇကာယတည်း။ ကရဇကာယဟူသည် ဘူတရုပ်ဥပါဒါရုပ်ပင်တည်းဟု သိ၏။ (ရုပ်သည် ရူပက္ခန္ဓာ၊ ဖဿစသည်သည် နာမ်ခန္ဓာလေးပါး ပေါင်းခန္ဓာငါးပါးမျှ ခန္ဓပဉ္စကမတ္တပင် ဖြစ်၏။) (ဝတ္ထုသည် ရုပ်၊ ဖဿပဉ္စကသည် နာမ်၊) ရုပ်နာမ်မှတစ်ပါး ခန္ဓပဉ္စက ဟူ၍ ခန္ဓာပဉ္စကမှ အလွတ် ရုပ်နာမ်ဟူ၍မရှိ။ ထိုခန္ဓပဉ္စကသည် အကြောင်းမဲ့ ဖြစ်လာသည်မဟုတ်။ အဝိဇ္ဇာ-စသည်ကြောင့် ဖြစ်ပေါ်လာသည်။
ထိုကြောင့် အဝိဇ္ဇာစသော ပစ္စယနှင့် ခန္ဓပဉ္စကဟူသော အကျိုးပစ္စယုပ္ပန်မှ တစ်ပါးအခြား ပုဂ္ဂိုလ် သတွာ ယောကျ်ား မိန်းမငါကောင် သူကောင်ဟူ၍ မရှိ။ သက်သက်ရုပ်နာမ်ဓမ္မ သင်္ခါရတရားအစုမျှသာ ဖြစ်ချေ၏။ ထိုရုပ်နာမ် ဓမ္မပုဉ္ဇမျှကို အနိစ္စဒုက္ခ အနတ္တဟု ဆက်လက် သုံးသပ်သောအခါ ယောဂီ၌ နာမရူပပရိစ္ဆေဒဉာန် ပစ္စယပရိဂ္ဂယဉာန် သမ္မသနဉာန် အနုလောမတိုင်အောင်သော ဗလဝဝိပဿနာဉာန်ရဟန္တာအဖြစ်သို့ ရောက်ရှိတော့၏။ ထို့ကြောင့် ဝေဒနာ နာမ်ကမ္မဋ္ဌာန်း အားထုတ်မှ မဂ်ဖိုလ်ရမည့် ယောဂီအားရည်၍ ဤဝေဒနတ္တယဒေသနာကို ဘုရားရှင် ဟောတော်မူအပ်သတည်း။
လက္ခဏဉ္စ အဓိဋ္ဌာနံ၊ ဥပ္ပတ္တိ အနုသယော တထာ။ ဌာနံ ပဝတ္တိကာလော စ၊ ဣန္ဒြိယဉ္စ ဒွိဓာဒိတာ- ဟု မာတိကာခေါင်းစဉ်၈-မျိုးရှိ၏။ ထိုတွင် လက္ခဏာကို ဤသုတ်အစ၌ အဋ္ဌကထာဆရာပြခဲ့ပြီ။ ဒုတိယဖြစ်သော အဓိဋ္ဌာန ဟူသည် ပဒဋ္ဌာန်ပင်တည်း။ ထို့ကြောင့် ဝေဒနာ၏ အဓိဋ္ဌာန် ဝါ-ပဒဋ္ဌာန်သည် “ဖဿပစ္စယာ ဝေဒနာ” ဟူသည်နှင့် အညီဖဿပင်တည်း။ “ဝေဒနာပစ္စယာ တဏှာ”ဟူသည်နှင့်အညီ ဝေဒနာသည် တဏှာ၏ ပဒဋ္ဌာန်တည်း။ ဝေဒနာသုံးမျိုးတို့တွင် သုခဝေဒနာခံစားရသူ၏ နောက်ထပ်သုခကို ခံစားလိုသော တဏှာဖြစ်ခြင်းသည် သဘာဝကျ၏။ ဒုက္ခဝေဒနာ ခံစားရသူတစ်ယောက်အဖို့ နောက်ထပ်ဒုက္ခရောက်ဖို့ ဒုက္ခဝေဒနာခံစားချင်သော တောင့်တမှု တဏှာဘယ်နည်းနှင့်မျှ မဖြစ်တန်ရာ။ ထို့ကြောင့် ဒုက္ခဝေဒနာခံစာချင်သော တောင့်တမှု တဏှာဘယ်နည်းနဲ့မျှ မဖြစ်တန်ရာ။ ထို့ကြောင့် ဒုက္ခဝေဒနာကြောင့် တဏှာ ဘယ်ပုံဖြစ်သနည်းဟု မေးဖွယ်ရှိ၏။ ဤမေးခွန်းမျိုး မေးနိုင်သည်ဟု ကြိုတင် သိနေသော အဋ္ဌကထာဆရာက “သုခဝေဒနာ တာဝ တဏှာယ ပဒဋ္ဌာနံ ဟောတု။ ဣတရာ ပန ကထန္တိ” ဟု အမေး ထုတ်၍ ဝုစ္စတေ သုခသမင်္ဂီပိ တာဝ တံသဒိသံ တတော ဝါ ဥတ္တရိတရံ သုခံ အဘိပတ္ထေတိ၊ ကိမင်္ဂံ ပန ဒုက္ခသမင်္ဂီဘူတော၊ အဒုက္ခမသုခါ စ သန္တဘာဝေန သုခမိစ္စေဝ ဝုစ္စတီတိ တိဿောပိ ဝေဒနာ တဏှာယ ပဒဋ္ဌာနံ-ဟု ဖွင့်ဆိုတော်မူ၏။
သုခဝေဒနာခံစားရသော သုခသမင်္ဂီပုဂ္ဂိုလ်သည် လက်ရှိခံစားဆဲသုခနှင့် အလားတူ သုခကိုဖြစ်စေ၊ လက်ရှိထက် သာလွန်သော သုခကိုဖြစ်စေ တောင့်တခဲ့လျှင် ဒုက္ခရောက်နေသော ဒုက္ခသမင်္ဂီပုဂ္ဂိုလ်သည် အဘယ်ကြောင့် သုခကို မတောင့်တဘဲရှိပါအံ့နည်း။ ‌‌တောင့်တမည်သော။ ‌တောင့်တလျှင် ဒုက္ခဝေဒနာသည်လည်း တဏှာ၏ ပဒဋ္ဌာန်ဖြစ်ကြောင်း သံသယဖြစ်စရာ မလို။ ငြိမ်သက်သော သဘောရှိသောကြောင့် အဒုက္ခမသုခဝေဒနာသည်လည်း သုခဝေဒနာ တစ်မျိုးပင် ဖြစ်၏။ ထို့ကြောင့် အဒုက္ခမ သုခ ဝေဒနာသည်လည်း တဏှာ၏ ပဒဋ္ဌာန်ပင် ဖြစ်၏။ ထို့ကြောင့် ဝေဒနာသုံးပါးလုံးသည် တဏှာ၏ ပဒဋ္ဌာန် ဖြစ်၏ ဟု ဖြေဆိုတော်မူ၏။
တတိယဥပ္ပတ္တိဟူသည် ဥပတ္တိကာရဏကို ဆိုလိုသည်။ သုခ၏ ဥပ္ပတ္တိကာရဏကား ဣဋ္ဌဖြစ်သော သတွာနှင့် သက်မဲ့သင်္ခါရ၊ ဒုက္ခ၏ ဥပ္ပတ္တိကာရဏကား အနိဋ္ဌဖြစ်သော သတွာနှင့်သက်မဲ့သင်္ခါရ၊ အဒုက္ခမသုခ၏ ဥပ္ပတ္တိကာရဏကား မဇ္ဈတ္တဖြစ်သော သတွာနှင့် သက်မဲ့သင်္ခါရဟု အသီးသီး သိလေ။
စတုတ္ထအနုသယ။ ။ သုခဝေဒနာ၌ ဘဝရာဂါနုသယ၊ ဒုက္ခဝေဒနာနှင့် ပဋိယာနုသယ၊ အဒုက္ခမသုခဝေဒနာနှင့် အဝိဇ္ဇာနုသယ အသီးသီး ကိန်း၏။ ဒိဋ္ဌာနုသယနှင့် မာနာနုသယကို ရာဂထဲ သွင်း၊ ဝိစိကိစ္ဆာနုသယကို အဝိဇ္ဇာနုသယ၌ သွင်းလျှင် ဝေဒနာသုံးပါးနှင့် အနုသယ (၇)ပါး တွဲပြီး ဖြစ်၏။
သုခဝေဒနာ၌ ရာဂါနုသယကိန်း၏ဟူသည် မဂ်ဖြင့်မပယ်သတ်ရသေး၏ အကြောင်းညီညွတ်လျှင် လျော်သော အကြောင်းရသော် ဖြစ်ထိုက်သောရာမ မကိန်းသော်လည်း ကိန်းသကဲ့သို့ ဖြစ်ခြင်းကိုပင် သုခဝေဒနာ၌ ရာဂါနုသယ ကိန်းသည်ဟု သုံးနှုန်းခြင်းဖြစ်သည်။ ယင်းသို့ ဆိုလျှင် အနုသယဆိုသော ဘာလဲဟု မေးစရာရှိ၏။ “အနုသယာနဉ္စတတ္ထ တတ္ထ သန္တာနေ အပ္ပဟီနဘာဝေန ထာမဂမနံ” ဟူသော အဋ္ဌကထာနှင့်အညီ ထိုထိုဝေဒနာသုံးပါးအစဉ်၌ မဂ်ဖြင့် မပယ်ရသေး၍ ဖြစ်ပေါ်လာနိုင်သော အစွမ်းသတ္တိ ဝါ-စွမ်းအင်ပင် ဝါ-စွမ်းအင်ကို အနုသယဟု ဆိုအပ်၏။ ဥပမာ-ထမင်းစားနေသော လူတစ်ယောက်ကို ခင်ဗျား ဆေးလိပ်သောက်သလားမေးလျှင် သောက်နေကျပုဂ္ဂိုလ်က ဟုတ်ကဲ့ သောက်တယ်ဟု ဖြေပေလိမ့်မည်။ သို့သော် ထိုအချိန်၌ ဆေးလိပ်မသောက်ပါ။ ထမင်းစားနေခြင်းသာ ဖြစ်သည်။ ဆေးလိပ်သောက်နေသူတစ်ယောက်ကို ခင်ဗျားအမဲသား စားသလားဟု မေးလျှင် စားမေကျ အမဲသားမဖြတ်သေးသူ တစ်ယောက်က ဟုတ်ကဲ့ ကျွန်တော်အမဲသားစားပါတယ်ဟု ဖြေပေလိမ့်မည့်။ ထိုသို့ ဖြေသော်လည်း အမဲသား စားနေခြင်း မဟုတ်ပါ။ ဆေးလိပ် သောက်နေခြင်းသာ။ ဘာကြောင့် ဤသို့ ဖြေရသနည်းဆိုသော် ဆေးလိပ်မပြတ်၍ ခံတွင်းချဉ်လျှင် သောက်ချင်လျှင် သောက်မှာမို့လို့ အမဲသားမပြတ်၍ စားလျှင်လျှင် အကြောင်းညီညွတ်လျှင် စားမှာမို့ ဆေးလိပ်သောက်တယ်၊ အမဲသားစားတယ် ဖြေဆိုခြင်း ဖြစ်သည်။ ထို့ပြင် ပါဏာတိ ပါတကံ အဒိန္နာဒါနကံ လွန်ကြူးသောသူ၌ အပြစ်ရှိသည်ဟုဆိုလျှင် ဘယ်ပုံရှိသလဲ၊ မောင်ဖြူဟာ အရည်အချင်း ရှိသည်ဟုဆိုလျှင်မောင်ဖြူ၌ အရည်အချင်း ဘယ်ပုံရှိနေတာလဲစသည်ဖြင့် မေး၍ ဖြေကြည့်လျှင် အနုသယဆိုတာ ဘယ်လို ရှိနေတယ်ဆိုတာ ပေါ်လာပါလိမ့်မည်။
တတ္ထ၊ ထိုပဌမဝေသုတ်၌။ သမာဟိတော သမ္ပဇာနော (လ) နိစ္ဆာသော ပရိနိဗ္ဗုတော'တိ၊ ပရိနိဗ္ဗုတော'ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပာယ်ကို။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ ဆိိုအပ်၏။
သမာဟိတော၊ (ဥပစာရသမာဓိ အပ္ပနာသမာဓိဖြင့်) ကောင်းစွာ တည်ကြည်သော။ သမ္ပဇာည၊ သမ္ပဇည လေးပါးဖြင့် ကောင်းစွာ အပြားအားဖြင့် သိတော်မူသော။**ရာဂါနုသယကိန်းပုံ**။ ။ သုခါယ ဝေဒနာယ၊ ၌။ ရာဂါ နုသယော၊ သည်။ အနုသေတိ။ ကိန်း၏။ ဟု မြန်မာပြန်ကြ၏။ အမိဝမ်း၌ သန္ဓေသား ကိန်းသကဲ့သို့ ကိန်းတာလား ကိန်းဆိုတာ အသုံးအနှုန်းသည် စင်စစ်မုချအားဖြင့် တကယ်ကိန်းလို့ ‘ကိန်း’ ဟု မြန်မာပြန်ကြတာလား- ဤအမေးကို ‘သုခါယ ဝေဒနာယ ရာဂါနုသယော အနုသေတီတိ မဂ္ဂေန အပ္ပဟီနတ္တာ အနုရူပကာရဏလာဘေ ဥပ္ပဇ္ဇနာရဟော ရာဂေါ တတ္ထ သယိတောဝိယ ဟောတီတိ အတ္ထော၊ သန္ဓေသားကိန်းသကဲ့သို့ တကယ်မုချ ကိန်းခြင်းမဟုတ်၊ ကိန်းသကဲ့သို့ ဖြစ်ခြင်းကိုပင် ‘ကိန်း’ သည်ဟု သဒိသူပစာဖြင့် တင်စားသုံးနှုန်းခြင်းသာ-ဟု အဋ္ဌကထာ ဆရာ သယိတော ဝိယဟု ဝိယသဒ္ဒါဖြင့် ရှင်းရှင်း ဖွင့်ပြတော်မူသည်။
သမာဟိတော- ဖြင့် သမထဘာဝနာအားထုတ်ခြင်းကို ပြသည်။ သမ္ပဇာနော- ဖြင့် ဝိပဿနာဘာဝနာအားထုတ်ခြင်းကို ပြသည်။ သတော-ဖြင့် သမထရော ဝိပဿနာပါနှစ်မျိုးလုံး ပြည့်စုံသည်ကို ပြ၏။ ဝေဒနာ ပရိဇာနာတိ-အရ ပိုင်းခြားသိဟူသည် ဝိပဿနာဉာန်ဖြင့်သိပုံ မဂ်ဉာန်ဖြင့်သိပုံဟု နှစ်မျိုးရှိ၏။ ထိုတွင် ဤတရားတို့သည် အနုဘဝနိယလက္ခဏာရှိသော ဝေဒနာတွေပါတကားဟု သဘာဝအားဖြင့်လည်း ပိုင်းခြားသိ၏။ ဝေဒနာသည် တစ်မျိုးတည်း မဟုတ်၊ သုံးမျိုးတောင်ပါကလားဟု ဝိဘာဂအားဖြင့်လည်း ပိုင်းခြားသိ၏။ ဝေဒနာတို့သည် အနိစ္စ ဒုက္ခ ဝိပရိဏာမတရား တို့ပါ တကားဟု လက္ခဏာရေးသုံးပါးအားဖြင့်လည်း သိ၏။ ဤသို့ မဂ်မရမီရှေ့အဖို့၌ ပရိညာ သုံးပါးဖြင့် သိ၍ ဆက်လက် ဝိပဿနာပွားသောအခါ မဂ်ဖြင့် ထိုးထွင်းကာ ပဋိဝေဓ အနေအားဖြင့်လည်း ပိုင်းခြား၍ သိသဖြင့် တဏှာ မျိုးပြုတ်ပြီးလျှင် သင်္ခါရဇာတ်သိမ်း အငြိမ်းကြီး ငြိမ်းလေတော့၏ဟူလို။
သတော၊ အမှတ်သတိပြုလေ့ရှိသော။ (သတောကာရီ၊ ဋ္ဌ။) ဗုဒ္ဓဿသာဝကော၊ ဗုဒ္ဓ၏ သာဝကသည်။ ဝေဒနာ၊ တို့ကို။ ပဇာနာတိ၊ ပိုင်းခြား၍ သိ၏။ ဝေဒနာနံ၊ တို့၏။ သမ္ဘဝံ စ၊ ဖြစ်ကြောင်းသမုဒယသစ္စာကိုလည်းကောင်း။
ယတ္ထ၊ အကြင်နိဗ္ဗာန်၌။ ဧတာ၊ ဤဝေဒနာတို့သည်။ နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏။ တံ စ၊ ထိုနိရောဓသစ္စာကိုလည်းကောင်း။ ခယဂါမိနံ၊ ဝေဒနာတို့၏ ကုန်ကြောင်းဖြစ်သော။ မဂ္ဂဉ္စ၊ မဂ္ဂသစ္စာကို လည်းကောင်း။ ပဇာနာတိ၊ ပိုင်းခြား၍သိ၏။ ဝေဒနာနံ၊ တို့၏။ ခယာ၊ နောက်ထပ် မဖြစ်တော့သောအားဖြင့် ကုန်ခြင်းချုပ်ခြင်းကြောင့်။ ဘိက္ခု၊ သည်။ နိစ္ဆာတော၊ ဆာလောင်မွတ်သွပ်ခြင်းတဏှာ မရှိသည်ဖြစ်၍။ ပရိ-နိဗ္ဗုတော၊ ကိလေသာ ခန္ဓာ နှစ်ဖြာလုံး ငြိမ်းအေးလေတော့၏။
အယမ္ပိ အတ္ထော ဝုတ္တော၊ စသည် ပေးမြဲ။
တတိယံ။

တိဿော ဘိက္ခဝေ (လ) အန္တမကာသိ ဒုက္ခဿာ’တိ၊ ဒုက္ခဿ’ဟူသော။ ဧတံ၊ ဤဒုတိယဝေဒနာသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ အပ်ပြီ’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီ။

ဘိက္ခဝေ၊ တို့။ ဝေဒနာ၊ တို့သည်။ ဣမာ တိဿော၊ ဤသုံးပါးတို့တည်း။

ကတမာ တိဿော၊ အဘယ်သုံးပါးတို့နည်း။
သုခါဝေဒနာ၊ လည်းကောင်း။ ဒုက္ခာဝေဒနာ၊ လည်းကောင်း။ အဒုက္ခမသုခါဝေဒနာ၊ လည်းကောင်းတို့တည်း။
ဘိက္ခဝေ၊ တို့။ သုခါ ဝေဒနာ၊ ကို။ ဒုက္ခတော၊ ဝိပရိဏာမဒုက္ခဟူ၍။ ဝါ၊ ဝိပရိဏာမဒုက္ခဝေဒနာအားဖြင့်။ ဒဋ္ဌဗ္ဗာ၊ ဉာန်မျက်စိဖြင့် ရှုကြည့်အပ်၏။ ဒုက္ခာ ဝေဒနာ၊ ကို။ သလ္လတော၊ (ခန္ဓာကိုယ်တွင်းမှ မျက်ကနဲ နင့်ခနဲနေအောင်ထိုးဆွတတ် နှိပ်စက်တတ် ထုတ်ပယ်ရန် ခက်၍ ဒုက္ခမှ တကယ့်ဒုက္ခ၏ အဖြစ်ကြောင့်) ငြောင့်ဟူ၍။ ဝါ၊ ငြောင့်၏ အဖြစ်အားဖြင့်။ ဒဋ္ဌဗ္ဗာ၊ ဉာန်မျက်စိဖြင့် ကြည့်ရှုအပ်၏။ အဒုက္ခမသုခဝေဒနာ၊ ကို။ အနိစ္စတော၊ ( ဖြစ်ပြီး၍မရှိတော့သောကြောင့်။ ဝါ၊ အခိုက်အတန့်မျှသာဖြစ်သောကြောင့်) အနိစ္စဟူ၍။ ဝါ၊ အနိစ္စ အားဖြင့်။ ဒဋ္ဌဗ္ဗာ၊ ဉာန်မျက်စိဖြင့် ရှုကြည့်အပ်၏။

ဘိက္ခဝေ၊ တို့။ ယတော၊ အကြင်အခါ၌။ ဝါ၊ အကြင်ကြောင့်။ ဘိက္ခုနော၊ သည်။ **သုခါ ဝေဒနာ**၊ ကို။ **ဒုက္ခတော**၊ ဝိပရိဏာမဒုက္ခအဖြစ်ဖြင့်။ ဒိဋ္ဌာ၊ တွေ့မြင်အပ်သည်။ ဟောတိ၊ ၏။ **ဒုက္ခာဝေဒနာ**၊ ကို။ **သလ္လတော**၊ ဒုက္ခမှတကယ့်ဒုက္ခဖြစ်၍ သလ္လဟု။ ဝါ၊ သလ္လအဖြစ်ဖြင့်။ ဒိဋ္ဌာ၊ တွေ့မြင်အပ်သည်။ ဟောတိ၊ ၏။ အဒုက္ခမသုခါ၊ ဥပေက္ခာဝေဒနာကို။ အနိစ္စတော၊ အနိစ္စဟု။ ဒိဋ္ဌာ၊ သည်။ ဟောတိ၊ ၏။

ဘိက္ခဝေ၊ တို့။ တတော၊ ထိုအခါ၌။ ဝါ၊ ထို့ကြောင့်။ အယံဘိက္ခု၊ ဤရဟန်းကို။ အရိယော၊ ကိလေသာတို့မှ ဝေးကွာခြင်း၌ ထက်ဝန်းကျင် စင်ကြယ်သည်ဖြစ်၍။ သမ္မဒ္ဒသော၊ ဝေဒနာအားလုံးကို အမှန်သိသည်ဖြစ်၍။ ဝါ၊ သစ္စာလေးပါးတို့ကို အမှန်အတိုင်း သိသည်ဖြစ်၍။ တဏှံ၊ အကြောင်းရင်းဖြစ်သော တဏှာကို။ အစ္ဆိဇ္ဇိ၊ ဖြတ်ပြီ။ သံယောဇနံ၊ သံယောဇဉ် ၁ဝ-ပါးကို။သုခကိုဒုက္ခ၊ ဒုက္ခကိုသလ္လ။ ။ ဥပေက္ခာဝေဒနာကိုသာ အနိစ္စရှုရမည်မဟုတ်။ ဝေဒနာသုံးမျိုးလုံးကို အနိစ္စဟုရှုရမည်။ သို့သော် ဒုက္ခဟုရှုခြင်း သလ္လဟုရှုခြင်းသည် အနိစ္စဟု ရှုမြင်ခြင်းထက် ပိုမို၍ ရာဂပျက်ပြယ် ကင်းဝေးစေနိုင်သောကြောင့် သုခကို ဒုက္ခဟု ဒုက္ခကို သလ္လဟု ရှုဖို့ မိန့်ဆိုခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် ပုထုဇဉ်သတွာတို့သည် ထိုထိုဝေဒနာတို့ကို သုခဟု ယူဆကြသည်။ ထိုပုထုဇဉ်တို့အား ဝေဒနာတို့၌ တပ်မက်ခြင်းကင်း၍ ငြီးငွေ့စေခြင်းငှာ သုခါယ ဝေဒနာယ ဒုက္ခတော ဒဋ္ဌဗ္ဗာ-စသည်ဖြင့် ဟောတော်မူခြင်းဖြစ်သည်။ အဓိပ္ပါယ်ကား သုခဝေဒနာကို သင်္ခါရဒုက္ခအနေဖြင့် တစ်မျိုး၊ ဝိပရိဏာမဒုက္ခ အနေဖြင့် တစ်မျိုး၊ ဒုက္ခ ဝေဒနာကို သင်္ခါရဒုက္ခအနေဖြင့် တစ်မျိုး၊ ဒုက္ခမှတကယ့်ဒုက္ခ၊ ဒုက္ခဒုက္ခဖြစ်၍ သလ္လအနေဖြင့် တစ်မျိုးရှုကြည့်ရမည်။ ဥပေက္ခာ ဝေဒနာကိုတော့ သင်္ခါရဒုက္ခမျှသာဖြစ်၍ ဝိပရိဏာမဒုက္ခမဟုတ်ခြင်းကြောင့် ဒုက္ခဟု သိစေလိုသော ဘုရားရှင်သည် အနိစ္စဟု ရှုကြည့်ရမည်-ဟု ဟောတော်မူ သည်ဟူလို။
တစ်နည်းအားဖြင့် သုခဝေဒနာသည် ရာဂါနုသယကိန်းတတ်သောကြောင့် ထိုရာဂကင်းရေးအတွက် ရာဂပပျောက်စေရန် သုခကိုဒုက္ခဟု။ ဒုက္ခဝေဒနာ၌ ပဋိဃာနုသယကိန်းတတ်သောကြောင့် ထိုပဋိဃာနုသယမကိန်းအောင် ဥပေက္ခာဝေဒနာကို အနိစ္စဟု ရှုဖို့ ဘုရားရှင် ဟောတော်မူသည်ဟူလို။ (အကျယ် ကို ဋ္ဌ-ရှုလေ)
ဝိဝတ္တယိ၊ ကင်းစေပြီ။ ဝါ၊ အမြစ်ပြုတ်အောင် ပြုပြီ။ သမ္မာ၊ အကြောင်းအားဖြင့်။ မာနာဘိသမယာ၊ မာနကို အရဟတ္တမဂ်ဖြင့် မြင်အပ် ပယ်အပ်သည်၏အဖြစ်ကြောင့်။ ဒုက္ခဿ၊ ဝဋ်ဒုက္ခ၏။ အန္တံ၊ အဆုံးအပိုင်းအခြားကို။ ဝါ၊ နောက်ဆုံးခန္ဓာမျှကြွင်းကျန်သည်ကို။ အကာသိ၊ ပြုပြီ။ ဣတိ၊ သို့။ ဝုစ္စတိ၊ ၏။

ဧတမတ္တံ၊ ဤအနက်အဓိပ္ပာယ်ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ ပြီ။
တတ္ထ၊ ထိုဒုတိယဝေဒနာသုတ်၌။ ယော သုခံ ဒုက္ခတော အဒ္ဒ (လ) သဝေ ယောဂါတိရော မုနီ’တိ၊ မုနိ’ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပါယ်ကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ဆိုအပ်၏။
ယော၊ အကြင်အရိယာသာဝကသည်။ သုခံ၊ ကို။ ဒုက္ခတော၊ (ဖောက်ပြန်ပျက်စီးတတ်သောကြောင့်) ဒုက္ခဟူ၍။ ဝါ၊ ဝိပရိဏာမဒုက္ခဟူ၍။ အဒ္ဒ၊ မြင်ပြီ။ ဒုက္ခံ၊ ကို။ သလ္လတော၊ (နှိပ်စက်တတ်သောကြောင့်) ငြောင့်တံကျင်ဟူ၍။ အဒ္ဒက္ခိ၊ မြင်ပြီ။ သန္တံ၊ သုခဒုက္ခတို့ထက် သာလွန်ငြိမ်သက်သော။ နံ အဒုက္ခမသုခံ၊ ထိုဥပေက္ခာဝေဒနာကို။ အနိစ္စတော၊ (ပျက်ခြင်းလျှင် အဆုံးရှိသောကြောင့်) အနိစ္စဟူ၍။ အဒ္ဒက္ခိ၊ မြင်ပြီ။
ယတော၊ အကြင်ကြောင့်။ သ ဘိက္ခု၊ ထိုရဟန်းသည်။ သမ္မဒ္ဒသော၊ (သုခစသည်တို့ကို ဝိပရိဏာမဒုက္ခ သလ္လ အနိစ္စဟု) အမှန်အတိုင်း သိမြင်၏။ တတော၊ ထို့ကြောင့်။ တတ္ထ၊ ထိုဝေဒနာသုံးပါး၌။ ပဋိဗဒ္ဓဆန္ဒရာဂပ္ပဟာနေန၊ နှောင့်ဖွဲ့တွယ်တာသော ဆန္ဒရာဂကို ပယ်ခြင်းကြောင့်။ (ထည့်)။ ဝိမုစ္စတိ၊ (သမုစ္ဆေဒပဟာန်၏ အစွမ်းအားဖြင့်) လွတ်မြောက်၏။ အဘိညာဝေါသိတော၊ (ဝေဒနာကမ္မဋ္ဌာန်းစီးဖြန်းခြင်းကြောင့်) အဘိညာန်ခြောက်ပါးဖြင့် ပြီးဆုံးစေအပ်သော ကိစ္စရှိ၏။ဂါထာအဓိပ္ပါယ်။ ။ သုခဝေဒနာသည် အဆိပ်ခတ်ထားသော အစာနှင့်တူ၏။ ထိုအစာသည် စားဆဲ၌ ချမ်းသာသုခကို ပေးသော်လည်း ခတ်ထားသော အဆိပ်ကဒုက္ခအကြီးအကျယ် ပေးသကဲ့သို့ သုခဝေဒနာသည်လည်း တည်ရှိခိုက် ချမ်းသာသော်လည်း ဖောက်ပြန်ပျက်စီးသောအခါ ဒုက္ခရောက်ရ၏။ ထို့ကြောင့် သုခကို ဒုက္ခဟုရှုရန် ဟောတော်မူသည်။
ငြောင့်တံကျင်သည် အသားအသွေးထဲသို့ စူးဝင်ဆဲမှာရော စူးဝင်ပြီး အခါမှာရော နှုတ်လိုက်တဲ့အချိန်မှာရော တစ်ချိန်မျှမသက်သာစေ၊ နာကျင်အောင် နှိပ်စက်သကဲ့သို့ ဒုက္ခဝေဒနာသည် ဖြစ်ဆဲ တည်ဆဲ ပျက်စီးသုံးမျိုးလုံး၌ နှိပ်စက်သည်သာ။ ထို့ကြောင့် ဒုက္ခကို သလ္လ၊ ငြောင့်တံကျင်ဟု ရှုရန်ဟောတော်မူသည်။
သ‌န္တော၊ (ကိလေသာမီးငြိမ်းခြင်းကြောင့်) ငြိမ်သက်၏။ သ-သော မုနိ၊ ထိုရဟန်းသည်။ ဝေ၊ စင်စစ်။ ယောဂါတိဂေါ၊ ယောဂလေးပါးကို လွန်မြောက်လေတော့၏။

ဣတိ၊ သို့။ အယမ္ပိ အတ္ထော၊ ဤအနက်အဓိပ္ပါယ်ကိုလည်း။ ဘဂဝတာ၊ သည်။ ဝုတ္တော၊ အပ်ပြီ။ ဣတိ၊ သို့။ မေ၊ ငါအာနန္ဒာသည်။ သုတံ၊ တစ်ဆင့်စကား ကြားနာမှတ်သား ဆောင်ထားအပ်ပြီ။

အယမ္ပိ အတ္ထော ဝုတ္တော၊ စသည် ပေးမြဲ။

စတုတ္ထံ။

တိဿော ဣမာ ဘိက္ခဝေ (လ) တိဿော ဧသနာ’တိ၊ ဧသနာ’ ဟူသော။ ဧတံ၊ ဤပဌမဧသနာသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။

ဥပေက္ခာဝေဒနာသည် ပင်ကိုယ်အားဖြင့် သန္တသဘောရှိသောကြောင့် သုခ ဒုက္ခ-တို့ထက် သာလွန်သော ငြိမ်သက်မှုရှိသော်လည်း ပျက်စီးခြင်းအနိစ္စ သဘောဖြင့် နိဂုမ်းချုပ်ရသောကြောင့် ဥပေက္ခာကို အနိစ္စဟု ရှုရန် ဟောတော်မူသည်။ သုခဝေဒနာကို ဝိပရိဏာမဒုက္ခ၊ ဒုက္ခဝေဒနာကို သလ္လဆူးငြောင့်ဟု ဥပေက္ခာဝေဒနာကို အနိစ္စဟု အမြင်မှန်ရသောရဟန်းသည် ဝေဒနာအမှူးရှိသော သင်္ခတနယ်မှ လွတ်မြောက်၍ အသင်္ခတနယ်သို့ရောက်၏။ ဝါ။ “ဝေဒနာပစ္စယာ တဏှာ” ဟူသည်နှင့်အညီ ဝေဒနာတို့၌ တွယ်တာနှောင်ဖွဲ့သော တဏှာကို အရဟတ္တမဂ်က သမုစ္ဆေဒပဟာန်ဖြင့် ပယ်လိုက်သည့်အတွက် သင်္ခတနယ်မှ လွတ်ကာ အသင်္ခတနယ်သို့ ရောက်၏။ အဘိညဉ်ခြောက်ပါးဖြင့် ကိစ္စအားလုံးကို ပြီးဆုံးစေအပ်ပြီးဖြစ်၍ အေးအေးဆေးဆေး ထိုရဟန်းသည် ယောဂလေးပါးကို လွန်မြောက်လေတော့၏ ဟူလို။
ဥဘယဟိတမုနနတော မုနိ-ဟူသော ဋ္ဌ-ကို ထောက်လျှင် မုနိ-သည် မနဓာတ် မဟုတ်။ မုနဓာတ်ဖြစ်သည်။ ကပစ္စည်း၌လည်း မုနာဒီဟိ စိ-ဟု သုတ်ရှိသည်။ ထို့အတူ သီမာသမ္မုတိ-ပုဒ်၌လည်း မုနဓာတ်ပင်ဖြစ်ရာ၏။ သီမာသမ္မတာ-၌ သမ္မတာ-ပုဒ်ကား သံပုဗ္ဗမနဓာတ်ပင်။
ဝုတ္တ’န္တိ၊ အပ်ပြီ’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။

ဘိက္ခဝေ၊ တို့။ ဧသနာ၊ ရှာမှီးခြင်းတို့သည်။ ဣမာ တိဿော၊ ဤသုံးပါးတို့တည်း။

ကတမာ တိဿော၊ အဘယ်သုံးပါးတို့နည်း။
**ကာမေသနာ**၊ ကာမဂုဏ်အာရုံတို့ကို ရှာမှီးခြင်း ဟူသော ကာမေသနာလည်းကောင်း။ **ဘဝေသနာ**၊ ရူပဘဝ, အရူပဘဝကို ရှာမှီးခြင်း ဘဝေသနာလည်းကောင်း။ **ဗြဟ္မစရိယေသနာ**၊ ဒိဋ္ဌိဟု သမုတ်အပ်သော ဗြဟ္မစရိယကို ရှာမှီးခြင်း ဗြဟ္မစရိယေသနာလည်းကောင်းတည်း။ကာမေသနာ။ ။ ကာမ-အရ ကာမီယတီတိ ကာမော-ဟု ကမ္မသာဓ် ပြုလျှင် ဝတ္ထုကာမ-ရသည်။ ဝတ္ထုကာမ-ကောက်လျှင် ဧသနာပုဒ်နှင့် ကာမနံ+ဧသနာဟု ဆဋ္ဌီတွဲ၊ ကာမရာဂရ၏။ ကာမေတီတိ ကာမော-ဟု ကတ္တုသာဓ် ပြုလျှင် ကိလေသာကာမ-ရ၏။ ဧသနာအရလည်း ကိလေသာပင် ရသောကြောင့် ကာမော ဧဝ+ဧသနာ ဟု အရတူ ကမ္မဓာရဲတွဲ။ ကာမရာဂပင် ရ၏။
ဘဝေသနာ။ ။ ဘဝဿ+ဧသနာဟု ဆဋ္ဌီတွဲ။ ဘဝဿ၊ ရူပဘဝ, အရူပဘဝ-ကို။ ဧသနာ၊ တောင့်တရှာမှီးခြင်း။ ဘဝေသနာ၊ ရူပါရူပဘဝ-ကို တောင့်တရှာမှီးခြင်း။ ဗြဟ္မာ့စည်းစိမ်ကို လိုလားတောင့်တခြင်း။ ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် ကမ္ဘာပေါင်း သိန်းသန်းချီ၍ မပူမပင်နေချင်ခြင်းသည် ဘဝေသနာ-ပင်တည်း။
ဗြဟ္မစရိယေသနာ။ ။ သံသရာဝဋ်မှ လွတ်မြောက်ရေးအတွက် အဖြေမှန်ရဖို့ရန် အမျိုးမျိုး တွေးခေါ်ကြံဆကြသော်လည်း သတ္တလောကကြီးသည် အဆက်မပြတ်ဖြစ်နေသည်-ဟူ၍လည်းကောင်း၊ အဆက်ပြတ်သည်ဟူ၍လည်းကောင်း၊ ဘဝဟူသည် မည်ရွေ့မည်မျှဟု အဆုံးအပိုင်းအခြားရှိသည်, မရှိဘူးဟူ၍လည်းကောင်း၊ အသက်လိပ်ပြာ ဝိညာဉ်ကောင်းသည်ပင် သရီရ-ကိုယ်ကောင်၊ သရီရ-သည်ပင် အသက်လိပ်ပြာဝိညာဉ်ကောင် စသည်ဖြင့် မှားယွင်းသော အဖြေသာထွက်သောကြောင့် ဗြဟ္မစရိယ-ပုဒ်သည် ပင်ကိုယ်မူလအနက် အားဖြင့် မြင့်မြတ်သော အကျင့်လမ်းစဉ်ကို ရှာမှီးခြင်းဟု ကောင်းမွန်သောအနက်ကို ဟောသော်လည်း ဤသို့မှားယွင်းသော အယူဝါဒကို ရှာမှီးခြင်းဟူသော မကောင်းသော အနက်အဓိပ္ပါယ်သို့ ပြောင်းသွားလေ၏။ ထို့ကြောင့် ဝေဒိတဗ္ဗာ-ဟု ဖွင့်ဆိုလေသည်။ ထိုအဖွင့်နှင့်အညီ ဗြဟ္မစရိယဿ+ဧသနာ-ဟု ဆဋ္ဌီတွဲ၍ ဒိဋ္ဌိအရ-ကောက်ရမည်။
ဘိက္ခဝေ၊ တို့။ ဧသနာ၊ တို့သည်။ ဣမာ တိဿော၊ ဤသုံးပါးတို့တည်း။
ဧတမတ္ထံ၊ ဤအနက် အဓိပ္ပါယ်ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ ပြီ။
တတ္ထ၊ ထိုပဌမဧသနာသုတ်၌။ သမာဟိတဿ သမ္ပဇာနော (လ) နိစ္ဆာတော ပရိနိဗ္ဗုတော’တိ၊ ပရိနိဗ္ဗုတော’ဟူသော။ ဧတံ၊ ဤဂါထာအပေါင်းကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ဆိုအပ်၏။
သမာဟိတော၊ (ဥပစာရ အပ္ပနာ နှစ်ဖြာသောသမာဓိဖြင့်) ကောင်းစွာ တည်ကြည်သော။ သမ္ပဇာနော၊ (သမ္ပဇညလေးပါးဖြင့်) ကောင်းစွာအပြားအားဖြင့် သိတော်မူသော။ သတော၊ အမှတ်သတိပြုလေ့ရှိသော။ ဗုဒ္ဓဿသာဝကော၊ ဗုဒ္ဓ၏ သာဝကသည်။ ဧသနာစ၊ ရာဂ ဒိဋ္ဌိဟူသော ဧသနာတို့ကိုလည်းကောင်း။ ပဇာနာတိ၊ ပိုင်းခြားသိ၏။ ဧသနာနံ၊ တို့၏။ သမ္ဘဝံ စ၊ ဖြစ်ကြောင်း သမုဒယသစ္စာကိုလည်းကောင်း။
ယတ္ထ၊ အကြင်နိဗ္ဗာန်၌။ ဧတာ၊ ဤဒေသနာတို့သည်။ နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏။ တံ စ၊ ထိုဧသနာတို့ချုပ်ရာ နိရောဓသစ္စာကိုလည်းကောင်း။ ခယဂါမိနံ၊ ဧသနာတို့၏ ကုန်ကြောင်းဖြစ်သော။ မဂ္ဂဉ္စ၊ မဂ္ဂသစ္စာကိုလည်းကောင်း။ ပဇာနာတိ၊ ၏။ ဧသနာနံ၊ တို့၏။ ခယာ၊ နောက်ထပ် မဖြစ်တော့သောအားဖြင့် ချုပ်ခြင်း ကုန်ခြင်းကြောင့်။ ဘိက္ခု၊ သည်။ နိစ္ဆာတော၊ ဆာလောင် မွတ်သိပ်ခြင်း ရာဂမရှိသည် ဖြစ်၍။ ပရိနိဗ္ဗုတော၊ ကိလေသာခန္ဓာမှ နှစ်ဖြာငြိမ်းအေးလေတော့၏။ ဧသနာ-သုံးမျိုးတို့တွင် ပ-ဒု ဧသနာ-အရ ရာဂ, တတိယ ဧသနာ-အရ ဒိဋ္ဌိသာတိုက်ရိုက်ပြသော်လည်း ကာမရာဂ-နှင့် တဒေကဋ္ဌ-ဖြစ်သော အကုသိုလ် ကာယကံ ဝစီကံ မနောကံတို့ကိုလည်း ကာမေသနာ-အရ ကောက်ရမည်။ ရူပါရူပဘဝပတ္ထနာသာမက ၎င်းနှင့် တဒေကဋ္ဌ-ဖြစ်သော အကုသိုလ် ကာယ, ဝစီ, မနောကံ-တို့ကိုလည်းကောက်ရမည်။ သဿတ ဥစ္ဆေဒ-ဟူသော အန္တဂ္ဂါဟိတဒိဋ္ဌိသာမက ထိုနှင့် တဒေကဋ္ဌဖြစ်သော အကုသိုလ် ကာယ, ဝစီ, မနောကံ တို့ကိုလည်း ဗြဟ္မစရိယေသနာ-အရ ကောက်လေ။
အယမ္ပိ အတ္ထော၊ ဤဂါထာအနက်အဓိပ္ပာယ်ကိုလည်း။ ဘဂဝတာ၊ သည်။ ဝုတ္တော၊ ပြိိိိိီ။ စသည် ပေးမြဲ။
ပဉ္စမံ။
(တိဿော ဣမာ ဘိက္ခဝေ ဧသာန-စသည်သာ် ပဌမဟသနာသုတ်နှင့် မထူးပြီ။)
ဗြဟ္မစရိယေသနာ-ဗြဟ္မစရိ‌ယေသနာယ၊ ဗြဟ္မစရိယေသနာနှင့်။ သဟ၊ တကွ။ ကာမေသနာ၊ ဝတ္ထုကာမကို ရှာမှီးခြင်းလည်းကောင်း။ ဘဝေသနာ၊ ကို။ ရှာမှီးခြင်းဘဝေသနာလည်းကောင်းတည်း။
ဣတိ သစ္စပရာမာသော၊ (ဤယူသာအမှန်၊အခြားအယူသည်အချည်းအနှီးဟု) ဤသို့ အမှားကို အမှန်ဟု သုံးသပ်ခြင်းသည်။ **ဒိဋ္ဌိဋ္ဌာနာ**၊ ဒိဋ္ဌိတွေဆက်လက်ဖြစ််ကြောင်းတည်း။ သမုဿယာ၊ ကိလေသာ တိုးပွားကြောင်းဖြစ်၏။
သဗ္ဗရာဂဝ်ိရတ္တဿ၊ အလုံးစုံသောကာမဘဝရာဂတို့ဖြင့် တက်မက်ခြင်းကင်းသော။ တဏှာက္ခယ ဝိမုတ္တိနော၊ တဏှာကုန်ရာ နိဗ္ဗာန်၌ လွတ််မြောက်တော်မူသော ရဟန္တာသည်။ ဧသနာ၊ ကာမေသနာ,ဘဝေသနာနှစ်မျိုးတို့ကို။ ပဋိနိဿဋ္ဌာ၊ အထက်မဂ်သုံးပါးတို့ဖြင့်ပယ်စွန့်အပ်ကုန်ပြီ။ ဒိဋ္ဌိဋ္ဌာနာ၊ ဗြဟ္မစရိယသေသနကို။ သမူဟတာ၊ ပဌမမဂ််ဖြင့်ပယ်နှုတ်အပ်ပြီိ။ဒိဋ္ဌိဋ္ဌာနာ။ ။ ဒိဋ္ဌိဋ္ဌာနာ သမူဟတာ၊ ဗြဟ္မစရိယေသနာ-တည်းဟူသော ဒိဋ္ဌိ-ကို ပဌမမဂ်ဖြင့် ပယ်အပ်၏ဟူသော နောက်စကားဖြင့် ဧသနာ ပဋိနိဿဋ္ဌာ- ၌ ဧသနာ-အရ ဧသနာ-သုံးပါးလုံး မရတော့ဘဲ ‌ရှေ့နှစ်ပါးသာရတော့၏။ ရှေ့နှစ်ပါးတွင် ကာမေသနာ-ကို အနာဂါမိမဂ်ဖြင့် အကြွင်းမဲ့၊ ဘဝေသနာ-ကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ပယ််၏။ သကဒါဂါမိမဂ်ဖြင့် ထိုနှစ်ပါးလုံးကို ခေါင်းပါးအောင် ပြုသောအားဖြင့် ပယ်၏။ ဗြဟ္မစရိယေသနာ-တည်းဟူသော ဒိဋ္ဌေသနာ-ကို ပယ်လျှင် တဒေကဋ္ဌဖြစ်သော ဝိစိကိစ္ဆာ-ကိုလည်း တစ်ပါးတည်း ပယ်ပြီးပင်။ ထို့ကြောင့် ဒိဋ္ဌေသနာ-နှင့် အလားတူဖြစ်သော ဝိစိကိစ္ဆ-မရှိသော အကထံကထီပုဂ္ဂိုလ်ဟု ဘိက္ခုကို ချီးကျူးထားခြင်းဖြစ်၏။ ဧသနာနံ၊ ဧသာနသုံးမျိုးတို့၏။ ခယာ၊ ကုန်ခြင်းကြောင့်။ ဘိက္ခု၊ ကို။ နိရာသော၊ ကာမေသနာ, ဘတေသနာ ဟူသော အာသာမရှိသော ပုဂ္ဂိုလ်ဟူ၍။ အကထံကထီ၊ သို့လော့သို့လော့ ဟူသော ယုံမှားမရှိသူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
အယမ္ပိ အတ္ထော၊ ကိုလည်း။ ဘဂဝတာ၊ သည်။ ဝုတ္တော၊ ‌ဟောတော်မူအပ်ပြိီ။ ဣတိ၊ သို့။ မေ၊ သည်။ သုတံ၊ ပြီ။ ဣတိ၊ ပြီီးပြီ။
ဆဋ္ဌံ။

တယောမေ ဘိက္ခဝေ (လ) တယော အာသဝါ'တိ၊ အာသဝါ'ဟူသော။ ဧတံ၊ ဤပဌမအာသဝုသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီိ။ အရဟတ္တ၊ သည်။ ဝုတ္တ'န္တိ၊ အပ်ပြီ'ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီ။

ဘိက္ခဝေ၊ တို့။ အာသဝါ၊ တို့သည်။ ဣမေ တယော၊ ဤသုံးပါးတို့တည်း။

ကတမေ တယော၊ အဘယ် သုံးပါးတို့နည်း။
**ကာမာသဝေါ**၊ (ဝတ္ထုကာမတို့ကြောင့် ယိုစီိးဖြစ်ပေါ်လာသော) ကာမရာဂဟူသော ကာမာသဝလည်ကောင်း။ **ဘဝါ သဝေါ**၊ ရူပါရူပဘဝတို့၌ လိုလားတက်မက်သော ဘဝါသဝလည်ကောင်း။**ကာမသဝ**။ ။ ကာမေသု+အာသဝေါဟု သတ္တမီတွဲ။ ဝတ္ထုကာမတို့၏၌ ဝါ-‌ကြောင့် ယိုစိီးထွက်ကျ ဖြစ်ပေါ်လာသော ကာမရာဂကောက်။ စက္ခုတော အာသဝန္တီတိ အာသ- ဝါစသည်ဖြင့် ဖွင့်သော အဋ္ဌသာလိနီအလို စက္ခုစသော ဝတ္ထုမှ ယိုစီိးထွက်ကျလာသော ဝါ-ဖြစ်ပေါ်လာသော ကာမရာရာဂ-ကို အရကောက်။ တစ်နည်း- ရူပစသော ငါးဖြာအာရုံကမဂုဏ်တို့၌ မွေ့လျော်ခြင်း ဟူသော တဏှာရာဂ-အရကောက်။ တစ်နည်း-ကာမော-ဧဝ၊ အာသဝေါ ကာမာသဝေါ-ဟု ကမ္မဓာရဲတွဲ၊ ကိလေသာကာမ-တည်းဟူသော ရာဂကို အရကောက်။ ဘဝါသဝ။ ။ ဘဝေသု+အာသဝေါ ဟုသတ္တမီတွဲ။ ရူပါရူပဘဝ-တို့၌ လိုလား တက်မက်ခြင်း ဆန္ဒရာဂ၊ သို့မဟုတ် ရူပါရူပါဘဝ-တို့သို့ ရရောက်စေတတ်သော ဒိဋ္ဌိ-သဟဂတ စျနနိကန္တိ-ဟူသော တဏှာရာဂ-အရကောက်။ တစ်နည်း- ရူပါရူပဘဝ တို့ကို တောင့်တခြင်း တဏှာရာဂ-ကောက်။ ဝါ၊ ရူပါရူပဘဝတို့ကို ဖြစ်စေတတ်သော ဒိဋ္ဌိဂတစျနနနိကန္တိဟူသော ဘဝါသဝလည်ကောင်း။ **အဝိဇ္ဇာသဝ လည်းကောင်းတည်း။ ဘိက္ခဝေ၊ တို့။ အာသဝါ၊ တို့သည်။ ဣမေ တယော၊ ဤသုံးပါးတို့တည်း။
ဧတမတ္တံ၊ ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ ပြီိ။
တတ္ထ၊ ထိုပဌမအာဝသုတ်၌။ သမာဟိတော သမ္ပဇနော (လ) န်ိစ္ဆာတော ပရိနိဗ္ဗုတော'တိ၊ ပရိနိဗ္ဗုတော'ဟူသော။ ဧတံ၊ ဤဂါထာအနကအဓိပ္ပာယ်ကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ဆိုအပ်၏။
သမာဟိ‌‌‌တော၊ (ဥပစာရ အပ္ပနာဖြစ်သော သမာဓိဖြင့် လိုလားအပ်သော အာရုံ၌ ကောင်းစွာ ထားနိုင်သည်ဖြစ်၍) တည်ကြည်သော။ သမ္ပဇာနော၊ (သမ္ပဇညလေးပါးဖြင့်) ကောင်းစွာ အပြားအားဖြင့် သိသော။ သတော၊ ‌(ပေါ်လာဆဲအာရုံ၌ မပြတ်) ရှုမှတ်သော။ ဗုဒ္ဓဿ သာဝကော၊ ဗုဒ္ဓသာဝကသည်။ အာသဝေ စ၊ အာသဝေါတို့ကိုလည်း။ ပဇာနာတိ၊ (သဘာဝအားဖြင့်လည်း‌ကောင်း၊ ဝိဘားအားဖြင့်လည်ကောင်း၊ လက္ခဏာအားဖြင့်လည်းကောင်း၊ သမုစ္ဆေဒပဟာန်အားဖြင့်လည်ကောင်း) အပြားအားဖြင့်သိ၏။ အာသဝါနံ၊ တို့၏။ သမ္ဘဝဉ္စ၊ ဖြစ်ကြောင်းသမုဒယကို လည်ကောင်း။
ယတ္ထ၊ အကြင်နိဗ္ဗာန်၌။ ဧတော၊ ဤအာသဝေါတို့သည်။ နိရုဇ္စျန္တိ၊ ချုပ်ကုန်၏။ တံ စ၊ ထို (အာသ‌ဝေါချုပ်ရာ နိဗ္ဗာန်ဟူသော) နိရောဓသစ္စာကို လည်ကောင်း။ ခယဂါမိနံ၊ အာသဝေါကုန်ခမ်းခြင်းဟူသော နိဗ္ဗာန်သို့‌ရောက်ကြောင်းဖြစ်သော။ မဂ္ဂဉ္စ၊ မဂ္ဂသစ္စာကိုလည်းကောင်း။ ပဇာနာတိ၊ ၏။ အာသဝါနံ၊ တို့၏။ ခယာ၊ ကုန်ခမ်းခြင်းကြောင့်။ ဘိက္ခု၊ သည်။ နိစ္ဆာ‌တော၊ ဆာလောင်ခြင်းတဏှာမရှိသည်ဖြစ်၍။ ပရ်ိနိဗ္ဗာန်ဝင်စံခိုကိန်း ငြိမ်းအေးလေတော့၏။အဝိဇ္ဇာသဝ။ ။ အဝိဇ္ဇာယေဝ+အာသဝေါ ကမ္မဓာရဲတွဲ။ ‌ရွှေကို‌ရွှေမှန်း မသိခြင်းသည်လည်း လူအ၊ ကြေးကို ရွှေထင်ခြင်းသည်လည်း လူအပင်။ ထို့အတူ ရုပ်နာမ်ဓမ္မသင်္ခါရ-တည်းဟူသော ခန္ဓာပဉ္စက-ကို ဒုက္ခမှန်းမသိလျှင် အဝိဇ္ဇာ၊ ထိုခန္ဓာကပဉ္စက-ကို သုခဟုအထင်လွဲခြင်းသည်လည်း အဝိဇ္ဇာ-ပင်။ တရားကိုယ်အားဖြင့် အမှန်တ်ိုင်း မသိဖြင်း မောဟ-ပင်တည်း။
အယမ္ပိ အတ္ထော၊ ကိုလည်း။ ဘဂဝတာ၊ သည်။ ဝုတ္တော၊ အပ်ပြိီိ။ ဣတိ၊ သို့။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ ကြားနာမှတ်သား ဆောင်ထားအပ်ပါပြီိ။ ဣတိ၊ ဤတွင်အားလုံးပြီိးပြီ။
သတ္တမံ။
ယသာ၊ အကြင် အရိဘာသာတက၏။ ကာမာသဝေါ၊ သည်။ ခီဏော၊ ကုန်ခန်းပြီိ။ အဝိဇ္ဇာ၊ သည်။ ဝိရာဇာတာ၊ ကင်းပြီ။ ဘဝေါသဝေါ၊ သည်။ ပရိက္ခီ-ဏော၊ ကုန်ခမ်းပြီ။ သော၊ ထိုအရိယာသဝါဥသည်။ ဝိပ္ပမုတ္တော၊ ကိလေသာတို့မှ လွတ်မြောက်ပြီိ။ နိရုပဓိ၊ ကိလေသုပဓိစသည်လည်း မရှိတောပြီဖြစ်၍။ သဝါဟိနိံ၊ စစ်သည်ဗိုလ်ပါနှင့် တကွသော။ မာရံ၊ ကိလေသာမာရ်ကို။ ဇေတါာ၊ အနိုင်ရ၍။ အန္တိမံ၊ တစ်သံသရာလုံး၏ နောက်ဆ့ုးဖြစ်သော။ ဒေဟံ၊ ခန္ဓာကိုယ်အတ္တဘောကို။ ဓာရေတိ၊ ဆောင်၏။ (ဒုတိယအာသဝုတ်သုတ် စုဏ္ဏိယအနက် မထူး။ သို့ဖြစ်၍ ဂါထာအနက်ကိုသာ ရေးသားလိုက်သည်)။
အဋ္ဌမံ။
တိဿော ဣမာ ဘိက္ခဝေ (လ) တိဿော တဏှာတိ၊ တဏှာဟူသော။ ဧတံ၊ ဤတဏှာသုတ်ကို။ ဘဂဝဆာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ'န္တိ၊ အပ်ပြီဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီ။ ဘိက္ခဝေ၊ တို့။ တဏှာ၊ တို့သည်။ ဣမာ တိဿော၊ ဤသုံးပါးတို့တည်း။
ကတမာ တိဿော၊ အဘယ်သုံး ပါးတို့နည်း။

**ကာမတဏှာ**၊ လည်းကောင်း။ **ဘဝတဏှာ**၊ (သတွာဟူသည် အဆက်မပြတ် ဖြစ်၏ဟူသော သဿတအယူ၌တပ်နှစ်သက်ခြင်း) ဘဝတဏှာလည်းကောင်း။ **ဝိဘဝတဏှာ**၊ (သတွာဟူသည် ဆက်လက်မဖြစ် ဤမျှဖြင့် ပြတ်၏ဟူသော) ဥစ္ဆေဒအယူ၌ တပ်နှစ်သက်ခြင်း ဝိဘဝတဏှာ လည်ကောင်းတည်း။

ဘိက္ခဝေ၊ တို့။ တဏှာ၊ တို့သည်။ ဣမာ တိဿော၊ ဤသုံးပါးတို့တည်း။

ဧတမတ္တံ၊ ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ ပြိီ။
တတ္ထ၊ ထိုတဏှာသုတ်၌။ တဏှာယောဂေန သံယုတ္တာ (လ) ‌ယေ ပတ္တာ- အာသဝက္ခယန္တိ၊ အာသဝက္ခယံ' ဟူသော ။ ဧတံ၊ ဤဂါထာ အနက် အဓိပ္ပါယ်ကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ၏။ကာမတဏှာ။ ။ ငါးဖြာအာရုံကာမဂုဏ်၌ တပ်နှစ််သက်ခြင်း တဏှာ သည် ကာမတဏှာ။ ဘဝတဏှာ။ ။ ရူပရူပဘဝတို့၌ လိုလားသော သဿတဒိဋ္ဌိနှင့်တကွ သောစျာနနိကန္တိကရာဂသည် ဘဝတဏှာ။ တစ်နည်း- သတွာသည်ဆက်မပြတ်ဖြစ်၏ဟူသော သဿတအယူနှင့် စပ်သော တောင့်တမှုသည် ဘဝတဏှာ။ ဝိဘဝတဏှာ။ ။ သတွာ-ဟူသည် ဤဘဝ အမျှ နောက်ထပ်မဖြစ် ပြတ်၏ ဟူသော ဥစ္ဆေဒ-အယူနှင့်တကွသော ရာဂ-သည် ဝိဘဝတဏှာ တစ်နည်းအားဖြင့် ဘဝတဏှာ ဝိဘဝတဏှာ-နှစ်မျိုးမှ တစ်ပါး အလုံးစုံသော တက်မက်မှုမှန်သမျှ ကာမ-တဏှာ-ဟူ၏။ တဏှာအစစ် တစ်ရာ့ရှစ်။ ။ တဏှား- သုံးပါးတည်၊ အာရုံခြောက်မျိုးဖြင့်မြှောက် ၁၈- ပါး။ ထို ၁၈- ပါးကို အဇ္စျတ္တ ဗဟိဒ္ဓ-အာရုံ ၂- ပါးဖြင့် မြှောက ၃၆-ပါး။ ထိုကိုကာလသုံးမျိုးဖြင့် မမြှောက်လျှင် ၃၆-ပါး။ ယင်းကို အဇ္စျတ္တ ဗဟိဒ္ဓ-ဖြင့်မမြှောက်လျှင် ၁၈-ပါး။ ယင်းကို အာရုံခြောက်မျိုးဖြင့် မမြှောက်လျှင် တဏှာသည် သုံးပါးသာ။
ရူပါဒိဝိသယံ တသတီတိ တဏျာ-ဟူသော ဋ္ဌ-ဝိဂ္ဂဟအရ အာရုံ ၆-ပါး၌ တွယ်တာမှုသက်သက်အနေဖြင့်ဆိုလျှင်် ဝါ၊ ကာမ ဘဝ ဝိဘဝ-ဟု မခွဲခြားဘဲ အာရုံ ၆-ပါး၌တွယ်တာမှု တဏှာ-အနေဖြင့် ရှုလျှင် တဏှာသည် ၆-ပါးသာဟု ဋ္ဌ-ဆရာ ဖွင့်ဆို၏။
တဏှာယောဂေန၊ ကာမတဏှာ ဘဝတဏှာဟူသော ယောဂနှင့်။ ဝါ၊ ဘဝကြီးငယ်တို့၌ တက်မက်မှု တဏှာယောဂနှင့်။ (ဒု-ဝိကပ်အရ ကာမ တဏှာသာ) သံယုတ္တာ၊ ဆက်စပ်ကြကုန်သော။ ဘဝါဘဝေ၊ ဘဝကြီးငယ်၌။ ရတ္တာစိတ္တာ၊ တက်မက်သောစိတ်ရှိကြကုန်သော။ တေ ဇနာ၊ ထိုသူတို့သည်။ မရဿ၊ မာရ်မင်း၏။ ယောဂယုတ္တာ၊ ကြော့ကွင်းတည်းဟူသော ယောဂနှင့် ယှဉ်ကြကုန်သည်ဖြစ်၍။ အယောဂက္ခမိ‌နော၊ ရောဂကုန်ရာ အရဟတ္တဖိုလ် နိဗ္ဗာန်ကိုမရရှိကြလေကုန်။ တေ သတ္တာ၊ ထိုသတွာတို့သည်။ သံသာရံ၊ ခန္ဓာအာယတနတို့၏ အဆက်မပြတ် ဖြစ်ခြင်းဟူသော သံသရာသို့။ ဂစ္ဆန္တိ၊ ရောက်ကြရကုန်၏။ ဇာတိမရဏဂါမိနော၊ ပဋိန္ဓေနေခြင်း,သေခြင်းသို့ ကပ်ရောက်ကြကုန်၏။
လောကေ၊ ၌။‌ ယေ စ၊ အကြင်သတွာတို့သည်ကား။ တဏှံ၊ ကို။ ပဟန္တွာန၊ ပယ်ရှားခြင်းကြောင့်။ ဘဝါဘဝေ၊ ဘဝ ကြီးငယ် အသွယ်သွယ်၌။ ဝီတတဏှာ၊ တွယ်တာတက်မက်ခြင်းမရှိကုန်။ ယေ၊ အကြင်သူတို့သည်။ အာသဝက္ခယံ၊ အာသဝေါကင်းရာ နိဗ္ဗာန်သို့။ ပတ္တာ၊ ရောက်ကြကုန်၏။ တေ၊ ထိုသူအားလုံးတို့သည်။ ဝေ၊ စစ်စစ်။ ပါရံ၊ သံဿရာ တစ်ဖက်ကမ်းသို့။ ဂတာ၊ ရောက်ကြကုန်ပြီ။
အယမ္ပိ အတ္ထော၊ ကိုလည်း။ ဘဂဝတာ၊ သည်။ ဝုတ္တော၊ ပြီ။ ဣတိ၊ သို့။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ ပြီ။ ဣတိ၊ ပြီးပြိီ။
နမဝံ။

တီဟိ ဘိက္ခဝေ ဓမ္မေဟိ (လ) အာဒိစ္စောဝ ဝိရောစတီ'တိ၊ ဝိရောစတိ'ဟူသော။ ဧတံ၊ ဤမာရဓေယျ သုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။သေက္ခ အသေက္ခ။ ။ သိက္ခာသု+ဇာတာတိ သေက္ခာ။ သတ္တန္နံ သေက္ခာနံ+ဧတေတိ သေက္ခာ။ ကျင့်ရန် လမ်းမဆုံးသေး၍ သိက္ခန္တီ သေက္ခာ-ဟု ဝစနတ္တ-ပြု၍ မဂ်လေးပါးနှင့် အောက်ဖိုလ်သုံးပါး အရကောက်။ အရဟတ္တဖိုလ် စိတ္တုပ္ပါဒ်တို့လည်း မဂ်လေးပါးနှင့် အောက်ဖိုလ်သုံးပါးတို့ကဲ့သို့ သေက္ခဓမ္မ-တို့ပင် ဖြစ်လေ‌ရော့သလားဟု ယုံမှားဖွယ်ရှိ၍ န နိပါတ်ဖြင့် ပဋိသေဓ-ပြုကာ န+သေက္ခာတိ အသေက္ခာ-ဟု နနိပါတ ပုဗ္ဗဒကမ္မဓာရဲ တွဲရဲသည်။
ယတ္ထ ဟိ သေက္ခာဘာဝါသင်္ကာ အတ္တိ၊ တတ္ထာယံ ပဋိသေဓော-ဟူသည်နှင့် အညီအရဟတ္တဖိုလ် စိတ္တုပ္ပါဒ်၌ အာသင်္ကာဖြစ်ဖွယ်ရှိ၍ န+သေက္ခာတိ အသေက္ခ-ဟု န ဖြင့် မြစ်သည်။ လောကီစိတ် ဧကာသီိတိ၊ စေတသိက် ‌ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ-နှင့် နိဗ္ဗာန်၌ကား အာသင်္ကာ ဖြစ်စရာမလို။ ထို့ကြောင့် န+ သေက္ခာ၊ အသေက္ခာ-အရလောကီ ဓမ္မနှင့်နိဗ္ဗာန် မကောက်ရ။ ယုံမှားဖွယ်ရာ အရဟတ္တဖိုလ် စိတ္တပ္ပါဒ်ကိုသာ အရကောက်ရမည်။
အရဟတ္တဖိုလ်၌ ရှိသော သိက္ခာသုံးပါးသည် ကျင့်ရန် ကိစ္စပြိီိးဆုံးသောကြောင့် အကျင့်ကိစ္စ မပြုကြတော့ပေ။ သိက္ခာ၏ အကျိုး ဖလာသာ ဖြစ်သည်။ ထို့ကြောင့် ၎င်းသုံးတို့ကို သိက္ခာဟု အသုံးအနှုံးမပြုသင့်။ အရဟတ္တဖလသင်္ဂီများကိုလည်းသေက္ခ-ဟု မသုံးနှုန်ူးထိုက်။ တံသမ္ပယုတ္တဓမ္မ-များလည်း ကျင့်ဆဲမဟုတ်၍ သေက္ခဓမ္မ- ဟု မဆိုသင့်။
အောက်ဖိုလ်၌ရှိသော သိက္ခာသုံးပါးတို့သာ သကဒါဂါမိမဂ် ဝိပဿနာ စသည် တို့အား ပနိဿဘသတ္တိ-ဖြင့် ကျေးဇူးပြု၍ ကျင့်ခြင်းကိစ္စကို ပြုကြ၏။ ထို့ကြောင့် အောက်ဖိုလ်နှင့်ယှဉ်သော သီလစသည်ကိုလည်း သိက္ခာ-ဟု၊ တံမသင်္ဂကိုလည်း သေက္ခ-ဟု၊ တံသမ္ပယုတ္တဓမ္မ-ကိုလည်း သိက္ခနသီလ-ဟု ခေါ်ဆိုထိုက်သည်။
အထက်ပါ နပဋိသေဓ-နည်းမှတစ်ပါး အ-ကို ဝုဍ္ဎိ- အနက်ဟော ကြံ၍ ဝုဍ္ဎိပတ္တာ+သေက္ခာ-ပြု၍ အရဟတ္တဖိုလ် ကောက်လေ။ အရဟတ္တမဂ််သည်လည်း ပရိညာဒိကိစ္စ၊ ဝိပါကယာဝ-မှတစ်ပါး အရဟတ္တဖိုလ်နှင့် ထူးမခြား ဖြစ်သောကြောင့် သေက္ခပင် မဟုတ်လောဟူမူ အရဟတ္တဖိုလ်ိကုသာ ဝုဍ္ဎိပတ္တအသေက္ခ-ဟု ဆိုသင့်သည်။ အရဟတ္တမဂ်ကို ဝုဍ္ဎပတ္တအသေက္ခ-ဟု မဆိုသင့်။
ဝုတ္တိ'န္တိ၊ ပြိီ'ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီ။

ဘိက္ခဝေ၊ တို့။ တီိဟ၊ သုံးပါးကုန်သော။ ဓမ္မေဟိ၊ တရားနှင့်။ သမန္နာ-ဂတော၊ ပြည့်စုံသော။ ဘိက္ခု၊ သည်။ မာ‌ရဓေယျံ၊ မာရ်မင်း၏ အာဏာပြန့်ရာ ဌာနကို။ ဝါ၊ ကိလေသာမာရ်၏ တည်ရာ တေဘူမကဓမ္မဟူသောနယ်ကို။ အတိက္ကမ္မ၊ လွန်မြောက်လွှမ်းမိုး၍။ အာဒိစ္စောဝ၊ နေမင်းကဲ့သို့။ ဝိရောစတိ၊ တင့်တယ်တောက်ပ၏။

ကတမေဟိ တီဟိ၊ အဘယ်သုံးပါးတို့နှင့်နည်း။

ဘိက္ခဝေ၊ တို့။ ဣဓ ဘိက္ခု ဤသာသနာတော်က ရဟန်းသည်။ အသေက္ခေန၊ သေက္ခတို့၏ဥစ္စာမဟုတ်သော။ **သီလက္ခန္ဓေန**၊ သီလတည်းဟူသောဂုဏ်နှင့်။ သမန္နဂတေတာ၊ ပြည့်စုံသည်။ ဟောတိ၊ ၏။ သေက္ခေန၊ သော။ သမာဓိက္ခန္ဓေနေ၊ သမာဓိတည်းဟူသောဂုဏ်နှင့်။ သမန္နာဂတော၊ သည်။ ဟောတိ၊ ၏။ အသေက္ခန၊ သော။ ပညာက္ခန္ဓေန၊ ပညာတည်းဟူသောဂုဏ်နှင့်။ သမန္နာဂတော၊ သည်။ ဟောတိ၊ ၏။ ဣမေဟိ ဓမ္မေဟိ၊ ဤတရားသုံးပါးတို့နှင့်တည်း။

ဘိက္ခဝေ၊ တို့။ တီိဟိ၊ သုံးပါးကုန်သော။ ဣမေဟိ ဓမ္မေဟိ၊ တို့နှင့်။ သမန္နာ-ဂတော၊ သော။ ဘိက္ခု၊ သည်။ မာ‌ရေဓယျံ၊ ကိလေသာမာရ်၏တည်ရာ အာဏာပြန့်ရာ တေဘူမကဓမ္မကို။ အတိက္ကမ္မ၊ လွန်မြောက်လွှမ်းမိုး၍။ အာဒိစ္စောဝ၊ နေမင်းကဲ့သို့။ ဝိရောစတိ၊ တောက်ပတင့်တယ်၏။

တတ္ထ၊ ထိုမာရဓေယျသုတ်၌။ သိီလံ သမာဓိ ပညာစ (လ) အာဒိစ္စောဝ ဝိရောစတီတိ၊ ဝိရောစတိဟူသော။ ဧတံ၊ ဤဂါထာအကနက်အဓိပ္ပာယ်ကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ၏။သီလက္ခန္ဓစသည်။ ။ ခန္ဓသဒ္ဒါသည် ရာသိ, ပညတ္တိ, ရဠှီ, ဂုဏ-ဟု လေးနက်ထွက်ရာဝယ် ဤ၌ ဂုဏဝါစက-တည်း။ ထို့ကြောင့် သိီလက္ခ‌န္ဓေန၊ သီလတည်းဟူသော ဂုဏ်နှင့်ဟု အနက်ပြန်ပြန်ဆိုသည်။
အရဟတ္တဖိုလ် နှင့် ခန္ဓာသုံးပါး။ ။ သမ္မာဝါစာ,သမ္မာကမ္မန္တ, သမ္မာအာဇီဝ-တို့သည် သဘာဝအားဖြင့် အသေက္ခသီလက္ခန္ဓ။ သမ္မာသမာဓိသည် သဘာဝအားဖြင့် အသေက္ခသမာဓိက္ခန္ဓ။ သမ္မာဝါယာမ သမ္မာဝါယာမ သမ္မာသတိ-တို့သည် သမာဓိအားဖြင့်ကျေးဇူးပြုတတ်သောကြောင့် ပရိယာယ်အားဖြင့် သမာဓိက္ခန္ဓ။ သမ္မာဒိဋ္ဌိ-သည် သဘာဝမုချအားဖြင့် ပညာက္ခန္ဓ။ သမ္မာသင်္ကပ္ပ-သည် ပညာအား ပကတူပသတ္တိဖြင့် ကျေးဇူးပြုသောကြောင့် ပရိယာယ်အားဖြင့် ပညာက္ခန္ဓ။ ဤသို့ အရဟတ္တဖိုလ် တရားရှစ်ပါးကို ခန္ဓာသုံးပါး မုချ ဥပစာအားဖြင့် ဖွဲ့လေ။
ယဿ၊ အကြင်ပုဂ္ဂိုလ်သည်။ သီလံ၊ အသေက္ခသီလကိုလည်းကောင်း။ သမာဓိ၊ အသေက္ခသမာဓိကိုလည်းကောင်း။ ပညာ၊ အသေက္ခပညာကိုလည်းကောင်း။ ဧတေ၊ ဤ မသေက္ခသီလစသော ခန္ဓာသုံးပါးတို့ကို။ သုဘာ-ဝိတာ၊ ကောင်းစွာပွားများ အပ်ကုန်၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ မာ‌ရဓေယျံ၊ မာရ်မင်း၏ အာဏာပြန့်နှံ့ရာအရပ်ကို။ ဝါ၊ ကိလေသာမာရ်၏ အာရုံ ပြုရာတေဘူမကသင်္ခါရဌာန ကို။ အတိက္ကမ္မ၊ လွန်မြောက်လွှမ်းမိုး၍။ အာဒိစ္စောဝ၊ ဂြိုလ်အားလုံးတို့၏သနင်း ရှင်နေမင်းကြီးကဲ့သို့။ ဝိရောစတိ၊ ထွန်းလင်းတောက်ပတင့်တယ်လှပေ၏။
အယမ္ပိ အတ္ထော ဝုတ္တော-စသည် ပေးမြဲ။
ဒသမံ။
တဿ၊ ထိုတိကနိပါတ် ပထမဝဂ်၏။ ဥဒ္ဒါနံ၊ အကျဉ်းခေါင်းစဉ် မာတိကာကား။

မူလဓါတု၊ မူလသုတ် ဓါတုသုတ်လည်းကောင်း-အထ-ထိုမှတစ်ပါး။ ဒုဝေ၊ နှစ်ပါးကုန်သော။ ဝေဒနာ၊ ပဌဝေဒနာသုတ်-ဒုတိယဝေဒနာသုတ်တို့လည်းကောင်း။ ဒုဝေ၊ နှစ်ပါးကုန်သော။ ဧသနာ၊ ပဌမဧသနာသုတ်-ဒုတိယဧသနာသုတ်တို့လည်ကောင်း။ ဒုဝေ၊ ကုန်သော။ အာသဝါ၊ ပဌမအာသဝသုတ်-ဒုတိယအာသဝသုတ်တို့လည်ကောင်း။ အထ၊ ထို့အပြင် တဏှာတောစ-တဏှာသုတ်အားဖြင့်လည်ကောင်း။ မာရဓေယျတော စ၊ မာရဓေယျသုတ်အားဖြင့်လည်းကောင်း-ဣတိ-ဤသို့။ ဥတ္တမံ၊ မြတ်သော။ ပဌမံ၊ ရှေးဦးစွာသော။ ဝဂ္ဂံ၊ ဝဂ်ကို။ သင်္ဂီတိကာရကာ၊ သံယနာတင်ဆရာတို့သည်။ အာဟု၊ ဆိုကြကုန်ပြီ။

တိက ပဌမဝဂ် ပြီး၏