Issues
Select Version
နိဿယ
မြန်မာဘာသာ
Itivuttakapāḷi
Itivuttakapāḷi

10. Nadīsotasuttaṃ

Author: နိဿယ @ IAPT

၁၀၉။ သေယျထာပိ၊ (ဤသို့ ဖြစ်ရာ၏ ဤသို့လည်း ဖြစ်နိုင်၏ဟု ကြံဆအပ်‌သော) ဥပမာကား။
ဘိက္ခဝေ၊ တို့။ နဒိယာ သောတေန၊ သယ်ဆောင်အပ်သော သက်ရှိသက်မဲ့တို့ကို သယ်ဆောင်တတ်သော လျှင်မြန်‌သော မြစ်ရေ အလျဉ်အဟုန်သည်။ ပုရိသော၊ ယောက်ျားတစ်ယောက်ကို။ ပိယရူပသာ-တရူပေန၊ ချစ်ဖွယ် သာယာဖွယ်သဘောရှိသော အရာဝတ္ထု ကြောင့်။ ဝါ၊ ကျောက်သံပတ္တမြားစသော အရာဝတ္ထုကြောင့်။ ဩဝုယှေဘျ၊ အောက်သို့သယ်ဆောင်အပ်ရာ၏။ ဝါ၊ မျှောပစ်ရာ၏။
တမေနံ၊ ထိုရေမျှောခံရသော ယောက်ျားကို။ ဝါ၊ ရေမျောပါသွားသောယောကျ်ားကို။ စက္ခုမာ၊ မျက်စိအမြင်ရှိသော။ ပုရိသော၊ မြစ်ကမ်းပေါ်မှယောက်ျားသည်။ “အမ္ဘော ပုရိသ၊ အို- အမောင်ယောက်ျား။ တွံ၊ သင့်ကို။ **ပိယရူပသာတရူပေန**၊ ချစ်ဖွယ်သာယာသဘောရှိသော ကျောက်သံ ပတ္တမြားစသော အရာဝတ္ထုဟူသော အကြောင်းကြောင့်။ နဒိယာသောတေန၊ သယ်ဆောင်စရာ သက်ရှိသက်မဲ့တို့ကို သယ်ဆောင်တတ်သော မြစ်ရေအလျဉ်အဟုန်သည်။

ကိဉ္စာပိ ဩဝုယှသိ၊ အကယ်ကား အောက်မြစ်အကြေသို့ သယ်ဆောင်ပေးအပ်ပါ၏။ စ၊ ထိုသို့ပင် သယ်ဆောင်ပေးအပ်သော်လည်း။ ဧတ္တ၊ ဤမြစ်၌။ ‌ဟေဋ္ဌာ၊ အောက်အကြေ၌။ သဥုမိ၊ ကြီးမားသော လှိုင်းထမ်းပိုးနှင့် တကွသော။ သာဝဋ္ဋော၊ ဗလဝါမုခသဖွယ် ဝဲသြဃနှင့် တကွသော။ သဂဟော၊ ဖမ်းယူတတ်သော ငါးမကရ်းနှင့်တကွသော။ သရက္ခသော၊ စောင့်ကာ ဖမ်းစားတတ်သော ဘီလူးရက္ခိုသ်နှင့် တကွသော။ ရဟဒေါ၊ ရေအိုင်ကြီးသည်။ အတ္ထိ၊ ရှိ၏။

အမ္ဘော ပုရိသ၊ အမောင်ယောက်ျား။ ယံ တွံ၊ အကြင်သင်သည်။ ရဟဒံ၊ ရေအိုင်ကြီးသို့။ ပါပုဏိတွာ၊ ရောက်သွားခဲ့သော်။ မရဏံ ဝါ၊ သေကျေခြင်းသို့သော်လည်း။ နိဂစ္ဆသိ၊ ရောက်နိုင်၏။ မရဏမတ္တံ ဝါ ဒုက္ခံ၊ သေလုနီးပါးဆင်းရဲရခြင်းသို့သော်လည်း။ နိဂစ္ဆသီတိ၊ ရောက်နိုင်သည်ဟူ၍။ ဧဝံ၊ ဤသို့။ ဝဒေယျ၊ ပြောပြရာ၏။

ဘိက္ခဝေ၊ တို့။ အထခေါ၊ ထိုသို့ပြောပြသောအခါ၌။ သော ပုရိသော၊ ရေမျောပါသွားသော ထိုယောကျ်ားသည်။ တဿ ပုရိသဿ၊ ကမ်းပေါ်မှပြောပြသောယောက်ျား၏။ သဒ္ဒံ၊ အသံကို။ သုတွာ၊ ကြားရ၍။ ဟတ္ထေဟိ၊ လက်တို့ဖြင့်လည်းကောင်း။ ပါဒေဟိ၊ ခြေတို့ဖြင့်လည်းကောင်း။ ပဋိသောတံ၊ မျှော်တတ်သော ရေအလျဉ်အဟုန်၏ ဆန့်ကျင်ဘက်သို့။ ဝါ၊ ရောညာဘက်သို့။ ပါပုဏိတုံ၊ ရောက်ခြင်းငှာ။ ဝါယမေယျ၊ ကြိုးစာအားထုတ်ရာ၏။
ဘိက္ခဝေ၊ တို့။ မေ၊ ငါဘုရားသည်။ အတ္ထဿ၊ သစ္စာလေးပါးနှင့် လျော်သောအဓိပ္ပါယ်ကို။ ဝိညာပနာယ၊ သိစေခြင်းငှာ။
အယံ ဥပမာ၊ ဤရေမျောယောက်ျားဥပမာကို။ ကတာ၊ ပြုအပ်ပြီ။ စ၊ ဆက်ဥုးအံ့။ အယံ- ဤ ‘နဒိယာ သော‌တော’ တိ ခေါ ဘိက္ခဝေ တဏှာယေတံ အဓိဝစနံ-စသည်ဖြင့် ဆိုအပ်လတ္တံ့သည်ကား။ ဧတ္တ၊ ဤရေမျော ယောက်ျားဥပမာ၌။ အတ္ထော၊ နှိုင်းယှဉ်အပ်သော ဥပမေ-ယျတ္ထ-တည်း။
ဘိက္ခဝေ၊ တို့။ **နဒိယာ သောတော’တိ**၊ နဒိယာ သောတော”ဟူသော။ ဧတံ၊ ဤအမည်သည်။ တဏှာယ၊ တွယ်တာတတ်သော တဏှာ၏။ အဓိဝစနံ၊ အမည်တည်း။နဒီသောတနှင့်တဏှာ။ ။ မိုဃ်းအကြီးအကျယ် ရွာလျှင် တောင် လျှိုမြောင်ချပ်ကြား ထိုမှအင်းအိုင် ထိုမှချောင်းမြောင်း ထိုမှမြစ် ထိုမှသမုဒြာ တိုင်အောင် ရေလုံးသည် ပို၍ပို၍ ကြီးကျယ်လာ၏။ ထို့အတူ တဏှာသည်လည်း ရူပါရုံစသောအာရုံငါးပါးနှင့် ပတ်သက်၍ ပဌမမြင်ရသည်ထက် ဒုတိယ၊ ဒုတိယမြင်ရသည်ထက် တတိယ၊ ပဌမရက်ထက် ဒုတိယရက်၊ ဒုတိယရက်ထက် တတိယရက်၌ မြင်ရကြားရသောအခါ ‘နေမြင့်လေ အရူးရင့်လေ’ဟူဘိသို့ ပို၍ပို၍ တတ်မတ်မှု ရင့်သန်တိုးပွားလာသည်။ ဤသို့ အနုက္ကမပရိသုဒ္ဓိအားဖြင့်လည်းကောင်း။
နဒီသော‌တေ-သည် စတင်ဖြစ်ရာမှ သမုဒြာ-တိုင် ဖြစ်သွားသည်အထိ ရေလုံး‌‌ရေကြောင်း မပြတ်သကဲ့သို့ တဏှာ-သည်လည်း စတင်ဖြစ်ရာမှ အပါယ်ငရဲဟူသော သမုဒြာ-ရောက်သည်အထိ အဆက်မပြတ် ဖြစ်၏။ ဤသို့ အနုပ္ပဗန္ဓ-အားဖြင့်လည်းကောင်း။
နဒီသောတ-သည် ၎င်း၏ အတွင်းသို့ သက်ဆင်း‌မျောပါလာသူတို့ကို နှစ်မြှုပ်ခြင်းဖြင့်စေသေစေတတ်၊ မသေသော်လည်း သေလုမတတ်ဒုက္ခ ရောက်စေသကဲ့သို့ တဏှာသောတ-သည် ၎င်း၏ အတွင်းသို့ သက်ဆင်းလာသူ သတွာ-တို့ကို ပညာဥက္ခောင်းမပေါ်အောင် နှစ်မြှုပ်ခြင်း’ကုသိုလ်၏အမြစ်တို့ကို ဖြတ်တောက်ခြင်းဖြင့် ပူပန် ညစ်ငြူးခြင်းသို့ ရောက်စေသောအားဖြင့် သေခြင်း သို့မဟုတ် သေလုမတတ် ဒုက္ခကိုပေးတတ်၏။ ဤသို့ ဩသီဒါပနအားဖြင့်လည်းကောင်း။
နဒီသောတသည် ရေစီးအလွန်သန်သောအခါ လှေ ဖောင် မော်တော် သင်္ဘောစသည် တစ်မျိုးမျိုးဖြင့် ကျွမ်းကျင်သူကို အမှီပြုကာ သွားမှသာ တစ်ဖက်ကမ်းရောက်နိုင်သည်။ တော်အောင် ‌ရော်အောက် ကူးရုံဖြင့် တစ်ဖက်ကမ်း မ‌ရောက်နိုင်သလို တဏှာသောတ-သည်လည်း သံသာကမ်းတိုင် ရောက်နိုင်ဖို့အရေး အဇ္စျသယကိုရှေးဥုးစွာ မွေး၍ ထို့နောက် ကလျာဏမိတ်ကို အမှီပြုကာ သမထ ဝိပဿနာဟူသော လှေဖောင်ကို စီးပြီးလျှင် မှန်ကန်သောလုံ့လဖြင့် ကူးမှသာအောင်မြင်နိုင်သည်။ သာမန်လုံ့လ သာမန်မိတ်ဆွေ တွေ့ရုံဖြင့်မအောင်မြင်နိုင်။ ဤသို့ဒုက္ကရဏအားဖြင့်လည်းကောင်း နဒီသောတနှင့်တဏှာ တူ၏။
ဘိက္ခဝေ၊ တို့။ **’ပိယရူပံ သာတရူပ’**န္တိ၊ သာတရူပံ’ဟူသော။ ဧတံ၊ ဤအမည်သည်။ ဆန္နံ၊ ခြောက်ပါးကုန်သော။ **အဇ္စျတ္တိကာနံ**၊ အဇ္စျတ္တဖြစ်ကုန်သော။ (သောတ္ထ။) ဝါ၊ အဇ္စျတ္ထဓမ္မ-၌ အပါအဝင်ဖြစ်ကုန်သော။ (ဘာဝတဒ္ဓိတ်) အာယတနာနံ၊ စက္ခာယတနစသည်တို့၏။ အဓိဝစနံ၊ အမည်တည်း။

ဘိက္ခဝေ၊ တို့။ **’ဟေဋ္ဌာ ရဟဒေါ’**တိ၊ ရဟဒေါ’ဟူသော။ ဧတံ၊ ဤအမည်သည်။ ပဉ္စန္နံ၊ ငါးပါးကုန်သော။ **ဩရမ္ဘာဂိယာနံ**၊ အောက်အဖို့၌ဖြစ်ကုန်သော။ သံယောဇနာနံ၊ သံယောဇဉ်တို့၏။ အဓိဝစနံ၊ အမည်တည်း။

ပိယရူပသာတရူပနှင့် အဇ္စျတ္တိကာယန။ ။ ရူပံ လောကေ ပိယရူပံသာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ’ဟူသည်နှင့် အညီ ရူပါယတန သဒ္ဒါယတန စသည်လည်း နှစ်သက်သာယာမှုတဏှာဖြစ်ခြင်း၏ အကြောင်းဖြစ်၍ ပိယရူပသာတရူပ-တို့ပင်တည်း။ သို့သော် စက္ခာယတန-စသော အဇ္စျတ္တိကာယတန-တို့ကို ချန်လှပ်၍ ခန္ဓာကိုယ်အတ္တဘော-ဟု ပညတ်ရန် မဖြစ်နိုင်သောကြောင့် “ငါ့မျက်စိ ငါ့နား”ဟု လွန်လွန်ကဲကဲ တဏှာကို ဖြစ်စေတတ်သော စက္ခုစသည်ကိုသာ ပိယရူပသာတရူပ-အနေဖြစ် ဤ၌ ဟော‌တော်မူသည်။
**ဟေဋ္ဌာ ရဟဒနှင့် ဩရမ္ဘာဂိယသံယောဇဉ်**။ ။ ကာမဓာတု-သည် ဩရ၊ ထိုကာမဓာတ် ဩရ၌ အကျုံးဝင်သော စိတ် စေတသိက် ရုပ်တရားတို့သည် ဩရံ+ဘာဂါ၊ ဩရမ္ဘာဂါ-ဟူသည်နှင့် အညီ ဩရမ္ဘာဂ။ ဩရမ္ဘဂါနံ+ဟိတာ= ဩရမ္ဘာဂိယာ-အရကာမဘဝတည်းဟူသော ဩရမ္ဘာဂ-နှင့် သတွာ-တို့ကို ဆက်သွယ်ပေးတတ်သောကြောင့် ‘သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ကာမရာ ဗျာပါဒ’ ဟူသော သံယောဇဉ်ငါးပါးတို့ကို ‌ကောက်ယူရာ၏။
ရူပဓာတ် အရူပဓာတ်နှင့် စာလျှင် အောက်ကျသော ကာမဓာတ် ကာမဓာတု ပရိပန္န-တရားတို့နှင့် သတွာ-တို့ကို ဆက်သွယ်ပေးတတ်သောကြောင့် သက္ကာယဒိဋ္ဌိ-စသော သံယောဇဉ်ငါးပါးတို့သည် ဟေဋ္ဌာရဟဒ-နှင့် တူ၏။
ဘိက္ခဝေ၊ တို့။ **ဥုမိဘယန္တိ**၊ ဥုမိဘယံ-ဟူသော။ ဧတံ၊ ဤအမည်သည်။ **ကောဓုပါယာသဿ**၊ အမျက်ထွက်ခြင်း ပြင်းပြစွာပူပန်ခြင်း၏။ အဓိဝစနံ၊ အမည်တည်း။

ဘိက္ခဝေ၊ တို့။ **’သဝဋ္ဋ’**န္တိ၊ သာဝဋ္ဋံ-ဟူသော။ ဧတံ၊ ဤအမည်သည်။ ပဉ္စန္နံ၊ ငါးပါးကုန်သော။ **ကာမဂုဏာနံ**၊ ရုပါရူံစသော ကာမဂုဏ်တို့၏။ အဓိဝစနံ၊ အမည်တည်း။

ဘိက္ခဝေ၊ တို့။ **ဂဟရက္ခသော’**တိ၊ ဂဟရက္ခသော’ဟူသော။ ဧတံ၊ ဤအမည်သည်။ **မာတုဂါမဿ**၊ မာတုဂါမ၏။ အဓိဝစနံ၊ အမည်တည်း။

ဥုမိဘယနှင့်ကောဓုပါယာသ။ ။ နဒီသောတ-၌ မျောပါလာသူတို့ကို လှိုင်းထမ်းပိုးတို့က လွှမ်းမိုးရိုက်ခတ်နှစ်မြှုပ်တတ်သကဲ့သို့ ကောဓနှင့်ဥပါယာသတို့သည်လည်း ပုဂ္ဂိုလ်တစ်ယောက်သန္တာန်၌ အကြိမ်ကြိမ် ဖြစ်၍ မိမိနှင့် အညီအမျှ တစ်သားတည်းဖြစ်သော သတွာ- ကို ဥက္ခောင်းမဖော်နိုင်အောင် ညှင်းဆဲဖျက်ဆီးသည်။ ဤသို့ဥုမိဘယ-နှင့် ကောဓုပါယာသ-တူသည်။
ကာမဂုဏ်နှင့်အာဝဋ္ဋ။ ။ နဒီသောတ၌ ရှိသောဝဲသည် မျောပါလာသူတို့ကို ဝဲမှ မထွက်နိုင်အောင် ခြာခြာလည်စေကာ နှစ်မြှုပ်တတ်သကဲ့သို့ ငါးဖြာအာရုံ ကာမဂုဏ်တို့သည်လည်း ကိလေသာလွှမ်းမိုးခြင်းခံရသော သတွာတို့ကို မိမိတည်းဟူသောရူပါရုံသဒ္ဒါရုံစသည်၌ အကြိမ်ကြိမ်လည်ပတ်စေကာ နှိပ်စက်ဖျက်ဆီး၏။ ဤသို့ကာမဂုဏ်ငါးပါးနှင့် မြစ်၌ ဖြစ်ပေါ်သောဝဲ တူသည်။
ဂဟရက္ခသနှင့်မာတုဂါမ။ ။ ဖမ်းစားတတ်သော ဘီလူးရက္ခိုက်သည် အစောင့်အရှောက်မဲ့၍ မိမိပိုင်နက်သို့ ရောက်လာသူကို အနိုင်ကျင့်ဖမ်းဆီး၍ ပိုင်နက်ထဲမရောက်လာသူတို့ကိုလည်း ဘီလူးတို့၏ မာယာဖြင့် ပိုင်နက်ထဲသွင်း၍ ကြောက်မက်ဖွယ်ရုပ်အဆင်းပြခြင်းစသည်ဖြင့် အလိုမတူသူကို မိမိအား ကျေးဇူးများမည့် အလုပ်ကို မလုပ်နိုင်အောင် ပြုပြီး၍ အတင်းဝင်ပူးခြင်းဖြင့် ဝဏ္ဏ ဗလ ဘောဂ သုခတို့မှ ကင်းစေကာ အကြီးအကျယ်ပျက်စီးစေသကဲ့သို့ မာတုဂါမ သည်လည်း ယောနိသော-မနသိကာရ-နည်းပါး၍ သူရဲဘောကြောင်သူမိန်းမတို့၏ အသွင်ပြင် အမူအရာတည်းဟူသော တင့်တယ်သောအပြုအမူ ဟန်ပန်တို့ဖြင့် အမိဖမ်းစားတတ်၏။ ရဲရင့်သော သူရဲကောင်းကိုလည် ကိုယ်ပိုင် ကာမဂုဏ်တို့ဖြင့် ဖျားယောင်းကာ မိန်းမတို့ မာယာဖြင့် ပူးကပ်ပြီးလျှင် အလိုမတူသူကို မိမိအား ကျေးဇူးများသော သီလစသော အရာတို့ မပြည့်စုံအောင် ပြုလျက် ဂုဏ်ကျေးဇူ ဆုတ်ယုတ်စေကာ ပျက်စီးအောင်ဖျက်ဆီး တတ်၏။ ဤသို့ ကာမဂုဏ်နှင့် မာတုဂါမ တူ၏။ ဩပမ္မသံသန္ဒန-လွယ်၏။
ဘိက္ခဝေ၊ တို့။ **ပဋိသောတော’တိ**၊ ပဋိသော‌တော’ဟူသော။ ဧတံ၊ ဤအမည်သည်။ **နေက္ခမ္မဿ**၊ ကာမ-မှ ထွက်မြောက်ကြောင်း နေက္ခမ္မတရား၏။ အဓိဝစနံ၊ အမည်တည်း။

ဘိက္ခဝေ၊ တို့။ **ဟတ္ထေဟိ စ ပါဒေဟိ စ ဝါယာမော’**တိ၊ ဝါယာမော’ဟူသော။ ဧတံ၊ ဤအမည်သည်။ **ဝီရိယာရမ္ဘဿ**၊ ကြိုးစားအားထုတ်ခြင်း၏။ အဓိဝစနံ၊ အမည်တည်း။

ဘိက္ခဝေ၊ တို့။ **စက္ခုမာ ပုရိသော တီရေ ဌိတော’**တိ၊ စက္ခုမာ ပုရိသောတီရေ ဌိတော’ဟူသော။ ဧတံ၊ ဤအမည်သည်။ အရဟတော၊ ပူဇော်အထူးကိုခံယူတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သစ္စာလေးပါးအမှန်တရားကို ဆရာသမားမရှိ မိမိဘာသာ တိကျပိုင်နိုင်စွာ သိတော်မူသော။ **တထာဂတဿ**၊ မြတ်စွာဘုရား၏။ အဓိဝစနံ၊ အမည်တည်း။**ပဋိသောတနှင့်နေက္ခမ္မ။ ။ ပဗ္ဗဇ္ဇာ ဥပစာရစျာန်နှင့်တကွ အပ္ပနာပဌမဇ္စျာန်,ဝိပဿနာဉာန်,နိဗ္ဗာန်, ကုသိုလ်အားလုံးသည် သံသရာဝဲဩဃ-မှ ထွက်မြောက်စေတတ်၏။ တဏှာကား သံသရာရေယဉ်‌ကျော၌ မျောစေတတ်၏။ ဤသို့ တဏှာက-အစုံ၊ နေက္ခမ္မက-အဆန်ဖြစ်သောကြောင့် ပဋိသောတ-အမည်သည် နေက္ခမ္မ-၏ အမည်ဟု မိန့်တော်မူသည်။
ဟတ္ထပါဒေဟိ ဝါယာမနှင့်ဝီရိယာရမ္ဘ။ ။နဒီသောတ-‌မျောပါမသွားအောင် လက်ခြေလှုပ်ရှားကူးခပ်မှုကို ကြိုးစားရခြင်းနှင့် တဏှာသောတ-၏တစ်ဖက်ကမ်းသို့ ရောက်ဖို့ရန် သမ္မပ္ပဓာန်တရားလေးပါးဟူသော ဝီရိယာရမ္ဘဓာတ်ကို အသုံးပြုရသည်။ ဤသို့ ဟတ္ထပါဒါဝါယာနှင့်ဝီရိယာရမ္ဘဓာတ် တူ၏။
တီရဋ္ဌိတစက္ခုမန္တပုရိသနှင့် တထာဂတ။ ။ မျက်စိအမြင်ရှိသော မြစ်ကမ်း၌ရပ်တည်နေသော ယောက်ျားနှင့် ဩဃလေးဖြားကို ကူမြောက်ပြီး၍ နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်း၌ ရပ်တည်တော်မူသော စက္ခုငါးမျိုး ရှိတော်မူသော ဘုရားရှင်တူ။ (ဩပမ္မသံသန္ဒန-လွယ်၏။ ဋ္ဌ-ရှု။)
အာဒိကမ္ပိက ယောဂီရဟန်းသာ ဒုက္ခနှင့်တကွ ကိလေသာကာမ-တို့ကို ပယ်ခွာ ပယ်ပစ်မည်လော မေးဖွယ်ရှိ၍ ယောဂက္ခေမံ၊ အနာဂါမိမ် အရဟတ္တမဂ်ကို။ ပတ္ထယ-မာနော၊ လိုလားသော။ ဘိက္ခုပိ၊ ယောဂီရဟန်းသည်လည်း။ “ယဒိပိ ဧတရဟိ ကိစ္ဆေနကသိရေ စျာနပုရိမမဂ္ဂေ အဓိဂစ္ဆာမိ’ အကယ်၍လည်း ဆင်းရဲပင်ပန်းကြီးစွာ စျာန် ပုရိမမဂ်တို့ကို ရစေကာမူ” ဒုက္ခနေ၊ ဆင်းရဲနှင့်။ သဟာပိ၊ အတူတကွလည်း။ ကာမေ၊ ကိလေသာကာမတို့ကို။ ပဇဟေယျ၊ စျာန်တို့ဖြင့် ပယ်ရှားပစ်ရာ၏။

ဧတမတ္ထံ၊ ဤပြဆိုအပ်ပြီးသောအနက်အဓိပ္ပါယ်ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ ပြီ။
တတ္ထ၊ ထိုအနက်အဓိပ္ပါယ်၌။ ဝါ၊ ထိုသုတ်၌။ သဟာပိ၊ ဒုက္ခနေ ဇဟေယျ ကာမေ (လ) လောကန္တဂူ ပါရဂတောတိ ဝုစ္စတီ,တိ၊ ဝုစ္စတိ,ဟူသော။ ဧတံ၊ ဤဂါထာကို။ ဝုစ္စတိ၊ ဆိုအပ်၏။

ယော ဘိက္ခု၊ စျာန်မဂ်ရရန် ဘာဝနာအားထုတ်သော ရဟန်းသည်။ ဒုက္ခေန၊ ဆင်းရဲနှင့်။ သဟာပိ၊ အတူတကွလည်း။ ကာမေ၊ ကိလေသာကာမ တို့ကို ပဇယေယျ၊ ပဌမစျာန်ဖြင့် ပယ်ခွာ အနာဂါမိမဂ်ဖြင့် အကြွင်းမဲ့ ပယ်ရှားပစ်ရာ၏။

အာယတိံ၊ နောင်အခါ၌။ ယောဂက္ခေမံ၊ ယောဂလေးပါးတို့၏ ကုန်ရာ နိဗ္ဗာန်ကို။ ပတ္ထယာနော၊ လိုလားတောင့်တသော။ သမ္မပ္ပဇာနော၊ ဝိပဿနာဉာန် မဂ်ဉာန်တို့ဖြင့် ကောင်းစွာ အပြားအားဖြင့် သိသော။ သုဝိမုတ္တိစိတ္တော၊ ဖလဝိမုတ္တိဖြင့် ကောင်းစွာ ကိလေသာတို့မှလွတ်သောစိတ်ရှိသော။ ပုဂ္ဂလော၊ သည်။ တတ္ထ တတ္ထ၊ ထိုမဂ်ဖိုလ်ကို ရသော အခါ၌။ ဝိမုတ္တိယာ၊ နိဗ္ဗာန်ကို။ ဝါ၊ သို့။ ဖဿယေ၊ တွေ့ထိရာ၏။ ဝါ၊ ရောက်ရာ ရရာ၏။ တစ်နည်း- တတ္ထ တတ္ထ၊ ထိုထို ဖလသမာပတ် တင်စားရာအခါ၌။ ဖလစိတ္တံ၊ မိမိမ၏အာရမ္မဏိက ဖြစ်သော ဖိုလ်စိတ်သည်။ ဝိမုတ္တိယာ၊ အာရုံဖြစ်သော နိဗ္ဗာန်နှင့်။ ဝါ၊ နိဗ္ဗာန်သို့။ ဖဿယေ၊ တွေ့ထိရာ၏။ ဝါ၊ ရောက်ရာ၏။ (ပဌမနည်း၌ ဖဿယေ၌ ကတ္တားသည် ပုဂ္ဂိုလ်။ ဒု- နည်း၌ ကတ္တားသည် ဖလစိတ္တံ၊ ပဌမနည်း၌ ဝိမုတ္တိယာသည် ဥပယောဂတ္ထဆဋ္ဌီ-ဒု-နည်း၌ ဖဿယေယျသည် ဖုသန-အနက်ဟောခိုက် တတီယန္တ။ ပါပုဏန- အနက် ဟောခိုက် သတ္တမျန္တ၊ သာဝတ္ထိယံ- သို့ ဟု ပေးသကဲ့သို့ ပေးရသည်။)

အထက်ပါ နှစ်ဝါကျတွင် ပဌမဝါကျဖြင့် “စျာန်မဂ်ကို လုံးဝမရဖူးသေးသော ယောဂီသည် စျာန်မဂ် ရရှိရေးအတွက် ကျင့်ကြံခြင်းဟူသော ပုဗ္ဗဘာဂပဋိပဒါ- အခိုက်ဝယ် ဆင်းရဲပင်းပန်းခြင်းတို့နှင့် တွေ့ရတတ်သည်။ တွေ့စေကာမူ နောက်မဆုတ်ဘဲ ထိုဒုက္ခကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ကာ စျာန်တရား မဂ်တရားဖြင့် ပယ်ခွာ ပစ်ပါ၊ အကြွင်းမဲ့ဖယ်ရှားပစ်ပါ”ဟု ဆိုလိုသည်။
ဒုတိယဝါကျဖြင့် “စျာန်နှင့် ပုရိမမဂ်တို့ကို ရစဉ်အခါက ဆင်းရဲငြိုငြင်ပင်ပန်းစေကာမူ နောက်မဆုတ်ဘဲ ထိုဒုက္ခကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခြင်းဖြင့် ဝါ- ဒုက္ခခ့ကာ အနာဂါမိမဂ် အရဟတ္တမဂ်ကို လိုချင်သော ဝါ-အနာဂါမ် ရဟန္တာ ဖြစ်လိုသော ပုဂ္ဂိုလ်သည် ကိလေသာကာမ-တို့ကို ပယ်ခွာပယ်ရှားပစ်ပါဟု ဆိုလိုသည်။
(တစ်နည်း- ကာမဝိတက်လွန်စွာအားကြီးသောပုဂ္ဂိုလ်သည် ထိုကာမဝိတက်ကို ပယ်ခွာရာ၌ မျက်ရည်ပေါက် ကြီးငယ် ကျရသည်အထိ ငိုကြွေးပြီးမှ ဝါ-ငိုကြွေး ရသည်အထိ ကြိုးစားကျင့်ကြ့ရသည်။ ထိုသို့ မျက်ရည်ကျသည်အထိ ကျင့်ကြံ အားထုတ်ခြင်း ယင်းသို့အားထုတ်ခြင်းဖြင့် ကိလေသာကာမတို့ကို ပယ်ရှားသည်ကို ရည်ရွယ်၍ ‘သဟာပိ ဒုက္ခနေ ပဇဟေယျ ကာာမေ’ဟု ဟောတော်မူခြင်း ဖြစ်သည်။
ထိုသို့ ဆင်းရဲပင်းပန်းခံကာ ကိလေသာကာမတို့ကို ပယ်ခွာခြင်းကြောင့် စျာန်ရ၊ ထိုစျာန်ကို အခြေခံ၍ ဝိပဿနာပွားသောအခွ အစဉ်အတိုင်း အရဟတ္တမဂ်ရကာ ရဟန္တာအဖြစ်သို့ ရောက်နိုင်သည်။ ထိုကို ရည်၍ ‘ယောဂက္ခမံ အာယတိံ ပတ္ထယ-မာနော’ဟု ဟောတော်မူသည်။
ဤအဋ္ဌကထာလာ အထ ဝါ နည်း၌ ‘သဟာပိ ဒုက္ခန ပဇဟေယျ ကာမေ၌ ပဇဟေယျ-၏ ကတ္တား နှစ်မျိုးမပြား တစ်မျိုးတည်းသာ။
“ဤဣတိဝုတ် ပါဠိအဋ္ဌကထာ- အလို ‘စျာနာနံ ပုဗ္ဗဘာဂပဋိပဇ္ဇန္တော ကိစ္ဆေန ကသိရေန အဿုမုခေါ ရောဒမာ‌နော တံ ဝိတက္ကံ ဝိက္ခမ္ဘေတိ’’ကို ထောက်လျှင် ခုခေတ် အချို့သော ရိပ်သာများ၌ ခေတ်စားနေသော ငိုတရားကို အတည်ပြုထောက်ခံ့ရမည်ကဲ့သို့ရှိ၏။
သို့သော်-ပုဂ္ဂလပညတ် စတုက္ကစာပိုဒ် ၁၈၈-အဋ္ဌကထာနှင့် ညှိ၍ ငိုကြွေးရာ‌ရောက် ငိုကြွေးသည်မည်၏ဟု နာမသဒ္ဒါ-ဖြင့် ဋ္ဌ-၌ ဖွင့်ပြထားသည်။ ထိုကိုထောက်လျှင်မုချ ငိုကြွေးသည် မဟုတ်ဟု ယူဆရသည်။”
စျန်တရား မဂ်တရားရရှိရေးအတွက် တရားအားထုတ််သော ယောဂီများ တရားအားထုတ်နေစဉ် ငို, မငို “သဟာပိ ဒုက္ခန ဇဟေယျကာမေ”ဟူသော ဣတိဝုတ်ပါဠိတော်နှင့် ပတ်သက်၍ “စျာန်နာဒီနံ ပုဗ္ဗဘာဂဋိတ္တိံ ပဋိပဇ္ဇန္တော ကိစ္ဆေန ကသိရေန အဿုမု ခေါ ရောဒမာနော တံ ဝိတက္ကံ ဝိက္ခမ္ဘေတိ၊ စျာန်စသည် ရရှိရေးအတွက် မရမီ ရှေ့အဖို့၌ ပုဗ္ဗဘာဂပဋိပဒါ (ပဉ္စင်္ဂိကမဂ်) အကျင့်ကို ကျင့်သော ယောဂီသည် ငြိုငြင်ပင်ပန်းကြီးစွာ ဒုက္ခခံပြီးကျင့်ရသဖြင့် မျက်ရည်ကျသည်အထိ ငိုကြွေးကာ ကာမဝိတက်ကို ဝိက္ခမ္ဘနပဟာန်ဖြင့်ပယ်နိုင်သည်။ ဝါ= လိုချင်သော စျာန်ကို ရသည်” ဟု အဋ္ဌကထာဆရာ ဒုတိယဝိကပ်အနေဖြင့် ဖွင့်ဆို၏။
“စျာန်မဂ္ဂါမိဂမတ္တံ သမထာဝိပဿနာနုယောဂံ ကရောန္တော ဘိက္ခု ယဒိပိ တေသံ ပုဗ္ဗဘာဂပဋိပဒါ ကိစ္ဆေန ကသိ‌ရေန သမ္ပဇ္ဇတိ (လ) တထာ သတိ သဟာပိ ဒုက္ခေန ဇဟေယျ ကာမေ၊ ပဌမဇ္စျာနေန ဝိက္ခမ္ဘောန္တော တတိဘမဂ္ဂေန သမုစ္ဆိန္ဒန္တော ကိလေသကာမေ ပဇဟေယျ၊ ဧတေန ဒုက္ခပဋိပဒေ စျာနမဂ္ဂေ ဒဿေတိ၊ စျာန်တရား၊ မဂ်တရား ရရှိရေးအတွက် သမထဝိဿနာ အားထုတ်သော ယောဂီရဟန်းသည် ထိုစျာန်မဂ်တို့ကို မရမီ ရှေ့အဖို့၌ ဖြစ်သော ပုဗ္ဗဘာဂပဋိပဒါခေါ် ပဉ္စင်္ဂိကမဂ်အကျင့်သည် လွယ်လွယ်ကူကူဖြင့် မပြီး၊ ငြိုငြိုငြင်ငြင် ပင်ပင်ပန်း ကျင့်မှ ပြီးစေကာမူ ထိုငြိုငြင်ပင်ပန်း ဒုက္ခခံကာ ကျင့်ခြင်းကြောင့် ရရှိအပ်သောစျာန်၏ ဝိက္ခမ္ဘန ပဟာန်ဖြင့် ကိလေသာကာမတို့ကို ပယ်ရာ၏။။ရရှိအပ်သော တတိမဂ်သည် ကိလေသာကာမတို့ကို သမုစ္ဆေဒပဟာန်ဖြင့် ပယ်ရာ၏ဟူ၍လည်းကောင်း”
‘’ဤစကားရပ်ဖြင့် သုခပဋိပဒါဖြင့် ရအပ်သော စျာန်မဂ်မဟုတ်၊ ဒုက္ခပဋိပဒါဖြင့်ရအပ်သော စျာန်မဂ်တို့ဖြစ်သည်” ဟူ၍လည်းကောင်း အဋ္ဌကထာဆရာ ဖွင့်တော်မူ၏။
အထက်ပါ နှစ်ဝိကပ်တို့တွင် ဒုတိယဝိကပ်၌ ပါရှိသော “သဟာပိဒုက္ခေန ဟူသောပါဠိနှင့် ထိုစာအဖွင့် ‘’ကိစ္ဆေန ကသိရေန” ဟူသော အဋ္ဌကထာစကား၊ ပထမဝိကပ်၌ ပါရှိသော “ဧတေန ဒုက္ခပဋိပဒေ စျာနမဂ္ဂေ ဒဿေတိ”ဟူသော အဋ္ဌကထာစကားတို့ကို ထောက်လျှင် ပုဗ္ဗဘာဂပါဋိပဒါအကျင့်ကို ကျင့်စဉ်အကြီးအကျယ် ဒုက္ခခံပြီး ကျင့်ရသည် ဟူသော အဓိပ္ပါယ် ထင်ရှား၏။
ဤသို့ကာယိကဒုက္ခ ရောက်လျှင် စေတသိက ဒုက္ခလည်းနောက်ဆက်တွဲအနေဖြင့်အနေဖြင့်အနေဖြင့်အနေဖြင့်ကပ်၍လိုက်လာ၏။ ထိုစေတသိကဒုက္ခဖြင့် ၎င်းနှင့်ယှဉ်ဖက် ပဋိဃတို့၏ နောက်ဆက်တွဲ သောကစသော အကုသိုလ် ကိလေသာတွေ အထိုက်အလျောက် ပေါ်လာ‌တော့၏။ ပေါ်လျှင် ထိုဒုက္ခစသည်တို့၏ ဒဏ်ကို မခံနိုင်သောကြောင့် ယောဂီမျက်စိမှ မျက်ရည်စို့ခြင်း၊ ကျခြင်း ဖြစ်ရလေတော့၏။
ထိုစကား မှန်၏။ စတုက္ကင်္ဂုတ္တရ အနုသောတသုတ် စာပိုဒ် ၅-၌လည်း “သဟာပိဒုက္ခေန သဟာပိ ဒေါမနဿေန အဿုမုခေါ ရုဒမာ‌နော ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ စရတိ-ဟု ဟောတော်မူ၏။ ထိုပါဠိ၌ “အဿုမုခေါ ရုဒမာနော” ၂-ပုဒ် ‌ထောက်လျှင် ပုဗ္ဗဘာဂပဋိပဒါ ကျင့်နေစဉ်မျက်ရည်စို့ခြင်း (သို့မဟုတ်) ကျခြင်းမှာ ယုံမှားဖွယ် မရှိ။
ယင်းသို့ မျက်ရည်ကျလျှင် ငိုသည်မှာ သေချာ၏၊ ဘာကြောင့် ငိုတာ သေချာတယ် ဆိုနိုင်သလဲ၊ ငို,မငို ကို မျက်ရည်ကျ,မကျ မျက်ရည်စို့, မစို့ဖြင့်တိုင်းတိာကာ ဆုံးဖြတ်ရသောကြောင့်တည်း။
ဤမျှဖြင့်မလုံလောက်သေးပါ၊ ငိုခြင်းသည် မျက်ရည်စို့ရုံ, မသိမသာ မျက်ရည်ကျရုံငိုခြင်းတစ်မျိုး၊ စိတ္တဇဝိပလ္လာသသဒ္ဒဖြင့် မြည်တမ်းကာ ငိုခြင်းတစ်မျိုးဟု နှစ်မျိုးရှိ၏။
မဋ္ဌကုဏ္ဍလီ၏ ဖခင်ကြီးသည် မဋ္ဌကုဏ္ဍလီအလောင်း မြှုပ်ရာ မြေပုံသို့ ‌ရောက်၍ “ကဟံ ဧကပုတ္တက၊ ကဟံ ဧကပုတ္တက - သနားစဖွယ် ငါ့သားငယ်,သင် ဘယ်သွားနေသလဲ၊ သင်ဘယ်မှာလဲ’’ ဟု အသံထုတ်၍ ငိုကြွေးမြည်တမ်းဖြင်းသည် သာမာန်မဟုတ်၊ ပရိဒေဝအဆင့်ထိ ရောက်အောင် ငိုခြင်းတည်း။
သိဒ္ဓတ္ထမင်းသား တောထွက်သွားသတဲ့ဟူသော သတင်းစကား ကြားရတော့ ခမည်းတော် သုဒ္ဓေါဒနဘုရင်ကြီး၏ ငိုခြင်းသည် လင်သေ- မယားသေလို့ငို သားသေ-သမီးသေလို့ငိုသော ပရိဒေဝ ငိုကြွေးခြင်းအဆင့် မရောက်ဘဲ မသိမသာ မျက်ရည်စို့ မျက်ရည်ကျရုံမျှ ငိုကြွေခြင်းတည်း။
ယောဂီတို့၏ ဒုက္ခပါဋိပဒါကြောင့် ငိုခြင်း၊ ဗဟုလကာမဝိတက်ကြောင့် ငိုခြင်းသည်လည်း သု‌ဒ္ဒေါဒနဘုရင်ကြီးကဲ့သို့ မျက်ရည်စို့ရုံ ကျရုံ ပရိဒေဝအဆင့် မရောက်သော မသိမသာငိုခြင်းသာ ဖြစ်သည်။
မဟာသိဝထေရ်၏ ငိုခြင်းကားအသံထွက်သည်ဖြစ်စေ၊ အသံတိတ် မသိမသာငိုသည်ဖြစ်စေ၊ ပဋိပဒါအခိုက် ငိုခြင်းမဟုတ်၊ သူများတွေ တရားထူးသော်လည်းငါ မရလေခြင်း,သူများတွေ သီတင်းကျွတ် ဝိသုဒ္ဓိပဝါရဏာပြုကြသော်လည်း - ငါကား သုဒ္ဓိပဝါရဏ, မပြုနိုင်လေခြင်းဟု သူများတစ်ကာကို အားကျ,သူ့ကိုယ်သူ အားမရသောငိုကြွေးခြင်း ဖြစ်၍ဤယောဂီတို့ ငို, မငိုနျင့် မဆိုင်ချေ။
ထို့ကြောင့် ယခုခေတ် အချို့သောတရားစခန်းတို့၌ လင်သေ သားသေ မယားသေ သမီးသေလို့ ငိုခြင်မျိုးဖြင့် အသံထွက် ပရိဒေဝငိုကြွေးမြည်တမ်းခြင်းသည် သမထဝိပဿနာတရားတို့၏ ဂုဏ်ကိုပင် ထိခိုက်သောကြောင့် အဓိပ္ပါယ်မရှိသောကြောင့် ငိုကြွေးခြင်းသာဟု သံသယကင်းစွာ မှတ်လေ။
ဤအဓိပ္ပါယ်ကို ရည်၍ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန - ဗြဟ္မစရိယံ စရတိ -ဟူသော ပုဂ္ဂလပညတ်ပါဋ္ဌိစာပိုဒ် ၁၈၈၈- ၏ အဖွင့်၌ “ဣမိန, ဝါရေန သောတာပန္နသကာဒါမနော ကထိတာ။ ကိံ ပ န တေရုဒန္တာ စရန္တီတိ အာမ။ ကိလေသ-ရောဒနေန ရုဒန္တာစရန္တိနာမ -ဟု အသံထွက် ပရိဒေဝ- စိတ္တဇဝိပလ္လာသသဒ္ဒဖြင့် ငိုကြွေးသည်ဟု ယူဆမှာ စိုးသဖြင့် စရန္တိ နာမသဒ္ဒါထည့်ကာ ခပ်ထိန်းထိန်း ခပ်အုပ်အုပ် ဖွင့်ဆိုတော်မူသတည်း။
(ဤကား တရားအားထုတ်နေကြသော ယောဂီများ တရားအားထုတ်နေစဉ်အတွင်း ငို, မငို အဆုံးအဖြတ်တည်း။)
သ-သော၊ ထိုပုဂ္ဂိုလ်ကို။ ဝေဒဂူ၊ မဂ်ဉာန်ဖြင့် သစ္စာလေးပါးကို သိသူဟူ၍။ ဝုသိတဗြဟ္မစရိယော၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးသူဟူ၍။ လေကန္တဂူ၊ ခန္ဓာလောက၏ အဆုံးသို့ ရောက်သူဟူ၍။ ပါရဂတော၊ သံသရာတစ်ဖက်ကမ်းသို့ ရောက်သူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

အယမ္ပိ အတ္ထော၊ ဤအနက်အဓိပ္ပါယ်ကိုလည်း။ ဘဂဝတာ၊ သည်။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ သို့။ မေ၊ သည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီ။ ဣတိ၊ ဤတွင် ပြီးပြီ။
ဒသမံ။