ဝုတ္တံဟေတံ ဘဂဝတာ ဝုတ္တမရဟတာတိ မေ သုတံ၊ ပေးမြဲ။
ဘိက္ခဝေ၊ တို့။ အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော။ ဝိတက္ကာ၊ ဝိတက်တို့သည်။ ဣမေ တယော၊ ဤသုံးမျိုးတို့တည်း။
ကတမေ တယော၊ အဘယ်သုံးမျိုးတို့နည်း။
အနဝညတ္တိ ပဋိသံယုတ္တော၊ အထင် မသေးခြင်းနှင့် စပ်သော။ ဝိတက္ကော၊ ဝိတက်လည်းကောင်း။ လာဘသက္ကာရသိလောက-ပဋိသံယုတ္တော၊ လာဘ်ရမှု ရိုသေလေးစားစွာပြုမှု ချီးမွမ်းမှုနှင့် စပ်သော။ ဝိတက္ကော၊ ဝိတက်လည်းကောင်း။ ပရာနုဒယတာပဋိသံယုတ္တော၊ သူတစ်ပါးတို့၌ ချစ်ခင်မှုနှင့်စပ်သော။အနဝညတ္တိပဋိသံယုတ္တဝိတက်။ ။အဝဇာနနံ အဝညတ္တိ၊ န+ အပညတ္တိ အနဝညတ္တိ-ဟုပြု။ အဓိပ္ပါယ်ကား - သူတစ်ပါးတို့၏ ကဲ့ရဲ့ရှုတ်ချမှု မိမိမခံရသည်၏ အဖြစ်၊ သူတစ်ပါးတို့၏ မထေမဲ့မြင်ပြုမှု သူတစ်ပါးတို့၏ အပေါ်စီးဗိုလ်ကျမှု မိမိ မခံရသည်၏ အဖြစ်ပင်တည်း။
တရားကိုယ်အားဖြင့် သူတစ်ပါးတို့က ငါ့ကို အထင်မသေးလျှင် ကောင်းလေစွ၊ ဝါ-သူတစ်ပါးတို့က ငါ့ကိုအထင် ကြီးလျှင် ကောင်းလေစွဟူသော စိတ်ဓာတ် အညံ့စား အလိုဆိုး ဣစ္ဆာစာရပင်တည်း။
အနပညတ္တိယာ+ပဋိသံယုတ္တော-သံသဋ္ဌော- အနဝညတ္တိပဋိသံယုတ္တော-ဟုပြု။သို့မဟုတ် အနဝညတ္တိ+အာရဗ္ဗ ပဝတ္တော+ပဋိသံယုတ္တော- အနဝညတ္တိပဋိသံယုတ္တောဟု ပြု။ ဝိတက်အရကောက်။
ထိုဝိတက်သည်လည်း ရဟန်းရှင်လူ ပြည်သူတို့သည် ငါ့ကို အောက်တန်းစား နေရာ မထားဘဲ အထက်တန်းစား နေရာရောက်အောင် ဘယ်လို မြှင့်တင်ကြပါမလဲ-ဟု အောက်ကျနောက်ကျ ဣစ္ဆာစာရအခြေခံ၍ ဖြစ်ပေါ်လာသော အကြံအစည်ဝိတက်တည်း။
လာဘသက္ကာရသိလောကပဋိသံယုတ္တဝိတက်။ ။ ရှေ့သုံးပုဒ်ကို ဒွန်တွဲ။ ။ “ဒွန်၏ နောက်၌၊ ရှိသောပိုဒ်၊ ယှဉ်လိုက် ပုဒ်တိုင်းသာ” နှင့်အညီ နောက်ပုဒ် နှင့် လာဘပဋိသံယုတ္တ သက္ကာရပဋိသံယုတ္တ သိလောကပဋိသံယုတ္တ-ဟု အသီးသီး တွဲလေ။ ပစ္စည်းလေးပါးလာဘ်လာဘရရှိရေးကို အာရုံပြုကာ ကြံစည်ခြင်း လာဘ ပဋိသံယုတ္တဝိတက်။ အရိုအသေအပူဇော်ခံရမှုကို အာရုံပြုကာ ကြံစည်ခြင်း သက္ကာရ ပဋိသံယုတ္တဝိတက်။ ကျော်ကြားထင်ရှားမှုကို အာရုံပြုကာ ကြံစည်ခြင်း သိလောက ပဋိသံယုတ္တဝိတက် ဤသုံးမျိုးသည် လာဘသက္ကာရ သိလောကပဋိသံယုတ္တ မည်၏။
ပရာနုဒ္ဒယတာပဋိသံယုတ္တဝိတက် ။ ။ ပရ - ပရာနုဒ္ဒယတာပဋိသံယုတ္တဝိတက်၊ သူတစ်ပါးတို့အား+အနုဒယာ-သနားသည်၏+တာ-အဖြစ်နှင့်+ပဋိသံယုတ္တော ပတ်သက်သော အကြံအစည်ဝိတက်။ တစ်ဖက်သားအား တကယ်သနားသော ကရုဏာအစစ်မဟုတ်။ ကရုဏာအတုဖြစ်သော ဂေဟဿိတပေမနှင့်စပ်သော အကြံအစည်ဝိတက်တည်း။ ဝိတက္ကော၊ ဝိတက်လည်းကောင်းတည်း။

ဘိက္ခဝေ၊ တို့။
အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော။
ဝိတက္ကာ၊ ဝိတက်တို့ဟူသည်။
ဣမေ ခေါ တယော၊ ဤသုံးမျိုးတို့ပင်တည်း။
ဧတမတ္ထံ ဘဂဝါ အဝေါစ၊ ပေးမြဲ။
တတ္ထ၊ ထိုဝိတက္ကသုတ်။
အနုဝညတ္တိ သံယုတ္တော (လ) ဖုဋ္ဌုံ သမ္ဗောဓိ- မုတ္တမန္တိ၊ သမ္ဗောဓိမုတ္တမံ'ဟူသော။
ဧတံ၊ ဤဂါထာကို။
ဣတိ၊ ဤသို့။
ဝုစ္စတိ၊ ဆိုအပ်၏။
အနဝညတ္တိသံယုတ္တော၊ အထင်မသေးခြင်းနှင့် စပ်သော ပုဂ္ဂိုလ်သည် လည်းကောင်း။
(ချီးမွမ်းခံရဖို့ အထင်သေးခံရခြင်းမှ လွတ်မြောက်အောင်ကြံစည်နေသူ-ဟူလို။)
လာဘသက္ကာရဂါရဝေါ၊ လာဘ်ပူဇော်သက္ကာရ၌ လေးစားသူသည်လည်းကောင်း။
(တရားကိုတော့ မလေးစား လာဘ်ရဖို့ အရိုအသေ မပြုခံရဖိို့ အချီးကျူးခံရ၍ ကောင်းသတင်း ကျော်ကြားဖို့လောက်သာ အရေးထားသူ လေးစားသူ-ဟူလို။)
အမစ္စေဟိ၊ အပေါင်းအသင်းတို့နှင့်။
သဟနန္ဒီအတူတကွ ပျော််ပိုက်နှစ်ခြိုက် လေ့ရှိသူလည်းကောင်း။
(ဤတတိယပါဒဖြင့်ပရာနုဒ္ဒယတာပဋိသံယုတ္တဝိတက်ကို သိစေသည်။
ဣမိနာပရာနုဒ္ဒယ ပဋိ-သံယုတ္တံ ဝိတက္ကံ ဒဿောတိ။
အဋ္ဌကထာ။)
သံယောဇနယ္ခယာ၊ သံယောဇဉ် ကုန်ရာ အရဟတ္တဖိုလ်မှ။
အာရာ၊ ဝေး၏။
ယော စ၊ အကြင်သူသည်ကား။
**ပုတ္တပသုံ စ**၊ သားသမိီး ဇနီး ဆင်မြင်းကျွဲနွား လယ်ယာကိုလည်းကောင်း။
(သမာဟာရဒွန်) ဝိဝါဟေ၊ (သားပေးခြင်း သမီးပေးခြင်း သားယူဆောင်ခြင်း သမီးယူဆောင်ခြင်းဟူသော) ထိမ်းမြားခြင်းအမှုတို့ကိုလည်းကောင်း။
ပုတ္တပသု-စသည်။ ။ ပုတ္တဖြင့် ဇနီးပါ။ ပသုံ-ဖြင့် ကျွဲနွားသာမက သက်မဲ့ လယ်ယာပါ အဝိနာဘာဝနည်း အရ ယူ။ ဝိဝါဟေ- ဖြင့် ကိုယ်ကပေးရခြင်းဝိပါဟ ကိုယ်ကဆောင်ယူရရှိခြင်း အာဝါဟ ကိုပါ ယူ။ သံဟရာနိ- ဖြင့် ကောင်းစွာဆောင်ထားသော ပစ္စည်းဟူသည် ကိုယ်ပိုင်ပစ္စည်း ဟူသော ဘုံကြည်ချက်ဖြင့် သိမ်းဆည်းထားသော အသုံးအဆောင်မှန်သမျှတည်း။
သံဟရာနိ စ၊ ကောင်းစွာဆောင်ထား သိမ်းဆည်းထားအပ်သော အသုံးဆောင်တို့ကိုလည်းကောင်း။
ဟိတွာ၊ ပယ်စွန့်၍။
ပဗ္ဗဇိ၊ ရဟန်းပြုပြီ။
တာဒိသော၊ ထိုကဲ့သို့ရှုအပ်သော။
သောဘိက္ခု၊ ထိုသမ္မာပဋိပန္နရဟန်းသည်။
ဥတ္တမံ၊ မြတ်သော။
သမ္ဗောဓိံ၊ အရဟတ္တဖိုလ်သို့။
ဖုဋ္ဌုံ၊ ရောက်ခြင်းငှာ။
ဘဗ္ဗော၊ ထိုက်၏။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
ပဌမံ။