ဇာဂရော စဿ ဘိက္ခဝေ (လ) အနာဂါမိတာ’တိ၊ အနာဂါမိတာ’ ဟူသော။
ဧတံ၊ ဤဇာဂရိယသုတ်ကို။
ဘဂဝတာ၊ သည်။
ဝုတ္တံ၊ ပြီ။
အရဟတာ၊ သည်။
ဝုတ္တ’န္တိ၊ အပ်ပြီ’ဟူ၍။
မေ၊ အကျွန်ုပ် အာနန္ဒာသည်။
သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။
ဘိက္ခု၊ သည်။
ဇာဂရော စ၊ (ကမ္မဋ္ဌာန်းမစွန့်သောအားဖြင့်) နိုးနိုးကြားကြား ရှိသူသည်လည်း။
အဿ၊ ဖြစ်ရာ၏။
သတော စ၊ (အမှတ်မလွတ်သဖြင့်) အမြဲအမှတ်ရနေသည် လည်းကောင်း။
ဝါ၊ မှတ်နေသူသည် လည်းကောင်း။
(သဗ္ဗတ္ထ သဗ္ဗဒါစ ကမ္မဋ္ဌာနဝိဇဟနဝသေန သတိအဝိပ္ပဝါသေန သတော။
ဋ္ဌ။)
သမ္ပဇာနော စ၊ (သမ္ပဇညလေးပါး၏ အစွမ်းဖြင့်) ကောင်းစွာ အပြားအားဖြင့် သိမြင်သူသည်လည်းကောင်း။
သမာဟိတော စ၊ (တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍) ကောင်းစွာ တည်ကြည်သူသည် လည်းကောင်း။
ပမုဒိတော စ၊ (ပဋိပတ်၏အကျိုးကို သိမြင်ခြင်းကြောင့်) များစွာဝမ်းမြောက်သူသည်လည်းကောင်း။
တစ်နည်း-(အထက်အထက်သော တရားထူးတို့ကိုရခြင်းကြောင့်) များစွာဝမ်းမြောက်သူသည်လည်းကောင်း။
ဝိပ္ပသန္နော စ၊ အထူးကြည်လင်သူသည်လည်းကောင်း။
(သိက္ခာ ၃-ပါးနှင့် ပဋိပတ်ကျင့်စဉ်ကို ညွှန်ကြားသော ဘုရား၌ သဒ္ဓါတရား များစွာဖြစ်ခြင်းကြောင့် စိတ်ဓာတ်တွေ ခါတိုင်းထက် ပို၍ ထူးထူးခြားခြား ကြည်လင်လာသည်-ဟူလို)။
ဟုတွာ၊ ၍။
ဝိဟရေယျ၊ နေရာ၏။
**တတ္ထ**၊ ထိုကမ္မဋ္ဌာန်း အားထုတ်ရာ၌။
**ကုသလေသုဓမ္မေသု**၊ ကုသိုလ် တရားတို့၌။
**ကာလဝိပဿီ စ**၊ အခါကာလ အားလျော်စွာ အထူးသဖြင့် ရှုမှတ်လေ့ရှိသူသည်လည်းကောင်း။
အသပ္ပါယဖြစ်သော အာဝါသာဒိ ၇-မျိုးကို ရှောင်ရှား၍ သပ္ပါယဖြစ်သော အာသာဝါသာဒိ ၇-မျိုးကို မှီငြမ်းပြုကာ ဝိပဿနာပွားများသော ယောဂီသည် မိမိရည်မှန်းသော တရားပန်းတိုင်သို့ မရောက်မီ ကြားကာလ၌ ရပ်ဆိုင်းမပစ်ဘဲ မိမိစိတ်ကို နိဗ္ဗာန်သို့ ပို့ဆောင် စေလွှတ်ကာ အနိစ္စာနုပဿနာ စသည်ကို မရပ်မနား မပြတ်ဖြစ်ပွားစေရမည်။ ထိုအချိန် ထိုသို့ အားထုတ်ရာ၌ အကယ်၍ ပွားများသော ဝိပဿနာစိတ်သည် ဆုတ်နစ်ခဲ့သော် အပြစ်ကင်းသော ဓမ္မဝိစယ ဝီရိယ ပီတိသမ္ဗောဇ္ဈင်တရားတို့ကို ပွားများအားထုတ်ပါ။ အကယ်၍ မဆုတ်နစ်ဘဲ လွန်လွန်ကဲကဲ တက်ကြွနေခဲ့လျှင် အပြစ်ကင်းသော ပဿဒ္ဓိ သမာဓိ ဥပေက္ခာသမ္ဗောဇ္ဈင်တရားတို့ကို ပွားများအားထုတ်ပါ။ ဤသို့ လီနဖြစ်ခိုက် ဥဒ္ဓတ ဖြစ်ခိုက်အားလျော်စွာ ဗောဇ္ဈင် ၂-မျိုးနှင့်ခွဲခြား၍ ပွားများခြင်းသည်ပင် ‘ကာလဝိပဿီ’ အချိန်အခါအားလျော်စွာ ရှုသည်မည်၏။ သတိသမ္ဗောဇ္ဈင်ကတော့ ‘သဗ္ဗတ္ထေဝ ဣစ္ဆိတဗ္ဗော’ ဟူသည်နှင့် အညီ လီန၊ ဆုတ်နစ်ခိုက်မှာရော၊ ဥဒ္ဓတ=တက်ကြွခိုက်မှာရော ပါဝင်စေရမည်သာ။
ဟုတွာ၊ ၍။
ဝိဟရေယျ၊ နေရာ၏။
ဘိက္ခဝေ၊ တို့။
ဇာဂရဿ၊ (ကမ္မဋ္ဌာန်းမစွန့်သောအားဖြင့်) နိုးနိုးကြားကြားရှိသည်ဖြစ်၍။
သတဿ၊ အမှတ်မလွတ်သဖြင့် အမြဲမှတ်နေသည်ဖြစ်၍။
သမ္ပဇာနဿ၊ ကောင်းစွာအပြားအားဖြင့် သိမြင်သည်ဖြစ်၍။
သမာဟိတဿ၊ ကောင်းစွာတည်ကြည်သည် ဖြစ်၍။
ပမုဒိတဿ၊ ကောင်းစွာဝမ်းမြောက်သည်ဖြစ်၍။
ဝိပ္ပသန္နဿ၊ ထူးထူးခြားခြား ကြည်လင်သည်ဖြစ်၍။
တတ္ထ၊ ထိုကမ္မဋ္ဌာန်းအားထုတ်ရာ၌။
ကုသလေသု ဓမ္မေသု၊ တို့၌။
ကာလဝိပဿိနော၊ အခါကာလအားလျော်စွာ အထူးရှုမှတ်သည်ဖြစ်၍။
ဝိဟရတော၊ သော။
ဘိက္ခနော၊ ရဟန်းသည်။
ဒိဋ္ဌေဝ ဓမ္မေ၊ ပစ္စုပ္ပန်မျက်မှောက်ဘဝ၌ပင်။
အညာ ဝါ၊ အရဟတ္တဖိုလ်ကိုသော်၎င်း။
ဥပါဒိသေသေ၊ ကိလေသာအကြွင်းသည်။
သတိ၊ ရှိသော်။
အနာဂါမိတာ ဝါ၊ အနာဂါမိဖိုလ်ကိုသော်၎င်း။
ဒွိန္နံ၊ ကုန်သော။
ဖလာနံ၊ အနာဂါမိဖိုလ် အရဟတ္ထဖိုလ်တို့တွင်။
အညတရံ၊ တစ်ပါးပါးသော။
ဖလံ၊ ဖိုလ်ကို။
ပါဋိကင်္ခံ၊ မချွတ်မုချ မျှော်လင့် တောင့်တအပ်၏။
ဧတမတ္တံ၊ ဤအဓိပ္ပာယ်ကို။
ဘဂဝါ၊ သည်။
အဝေါစ၊ ပြီ။
တတ္ထ၊ ထိုဇာဂရိယသုတ်၌။
ဇာဂရန္တာ သုဏာထေတံ (လ) သမ္ဗောဓိမနုတ္တရံ ဖုသေ’တိ၊ ဖုသေ’တိဟူသော။
ဧတံ၊ ဤဂါထာ အနက်အဓိပ္ပါယ်ကို။
ဣတိ၊ သို့။
ဝုစ္စတိ၊ ဆိုအပ်၏။
ဧတံ၊ ဤဆိုအပ်လတ္တံ့သော ငါ၏စကားကို။
ဇာဂရန္တာ၊ (သတိသမ္ပဇည- တရားလက်ကိုင်ထားသောအားဖြင့်) နိုးကြားကုန်သည်ဖြစ်၍။
ဝါ၊ နိုးကြားခြင်း၌ယှဉ်ကုန်သည် ဖြစ်၍။
တုမှေ၊ တို့သည်။
သုဏာထ၊ နာကြကုန်လော့။
ယေတုမှေ၊ အကြင် သင်တို့သည်။
သုတ္တာ၊ (ငါးဖြာအာရုံ ကာမဂုဏ်တို့၌)မူးယစ်စေခြင်း။
ပမာဒ၊ (သစ္စာလေးပါးစသည်ကို) မသိခြင်း မောဟဖြင့် အိပ်ပျော်နေကြကုန်၏။
တေတုမှေ၊ ထိုသင်တို့သည်။
ပဗုဇ္ဈထ၊ (သတိပဋ္ဌာန်ဝိပဿနာရှုသောအားဖြင့်) ထိုအိပ်ပျော်ခြင်းမှ နိုးကြ ထကြကုန်လော့။
ကသ္မာ၊ အဘယ်ကြောင့်နည်း။
ယသ္မာ၊ အကြင့်ကြောင့်။
သုတ္တာ၊ အဆိုပါ ပမာဒ အဝိဇ္ဇာတို့ဖြင့် အိပ်ပျော်ခြင်းထက်။
ဇာဂရိတံ၊ နိုးကြားခြင်းသည်။
သေယျော၊ အထူးချီးမွမ်းအပ် မြတ်၏။
ဇာဂရတော၊ နိုးကြားသောသူ၏။
ဘယံ၊ အတ္တာနုဝါဒစသော သံသရာဝဋ်ဘေးသည်။
နတ္ထိ၊ မရှိ။
တသ္မာ၊ ထို့ကြောင့်တည်း။
တစ်နည်း- တသ္မာ၊ ကြောင့်။
တေတုမှေ၊ တို့သည်။
သုတ္တာ၊ ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ။
ပဗုဇ္ဈထ၊ (အရိယမဂ်တည်းဟူသော နိုးကြားခြင်းဖြင့်) နိုးကြားကြကုန်လော့။
ယော၊ အကြင်အရိယာသာဝကသည်။
ဇာဂရော စ၊ ပမာဒ အဝိဇ္ဇာဟူသော အိပ်ပျော်ခြင်းမှ နိုးကြားနေသူသည်လည်းကောင်း။
သတိမာ စ၊ အမှတ်မလွတ်မူ၍ မပြတ်ရှုမှတ် နေသူသည်လည်းကောင်း။
သမ္ပဇာနော စ၊ (သမ္ပဇညတရားလေးပါးတို့၌) ကောင်းစွာ အပြားအားဖြင့် သိသူသည်လည်းကောင်း။
သမာဟိတော စ၊ (ဥပစာ အပ္ပနာ နှစ်ဖြာသော သမာဓိဖြင့်) တည်ကြည်သူသည်လည်းကောင်း။
ပမုဒိတော စ၊ (ပဋိကတ်အကျိုးကို သိမြင်၍) ဝမ်းမြောက်နေသူသည်လည်းကောင်း။
ဝိပ္ပသန္နော စ၊ အထူးကြည်လင်သူသည်လည်းကောင်း။
အဿ၊ ဖြစ်ရာ၏။
ကာလေန၊ သပ္ပါယဖြစ်သော အာဝါသာဒိကို ရရှိသောအခါ၌။
(သော-နိပါတမတ္ထ)သမ္မာ၊ အသင့်အားဖြင့်။
ဓမ္မံ၊ ဝိပဿနာဘူမိ ဖြစ်သော တေဘူမကတရားကို။
ပရိဝီမံသမာနော၊ ထက်ဝန်းကျင်ရှုဆင်ခြင်လတ်သော်။
သော၊ ထိုအရိယာသာဝကသည်။
ဧကောဒိဘူတော၊ ဖြစ်ပေါ်လာသော မြတ်သောသမာဓိရှိသည်ဖြစ်၍။
ဝါ၊ အထက်တန်းစားဖြစ်၍ သမ္ပယုတ်တရားတို့ကို တက်ကြွစေတတ်သော သမာဓိကို ရရှိသည်ဖြစ်၍။
တမံ၊ အဝိဇ္ဇာဟူသော အမိုက်တိုက်ကို။
ဝိဟနေ၊ သမုစ္ဆေစ ပဟာန်ဖြင့် ပယ်ရှားနိုင်၏။
တသ္မာ၊ ထို့ကြောင့်။
ဟဝေ၊ စင်စစ်။
ဇာဂရိယံ၊ ပမာဒ အဝိဇ္ဇာကိလေသာဟူသော အိပ်ပျော်ခြင်းမှ နိုးကြားမှုကို။
ဘဇေထ၊ မှီဝဲဆည်းကပ်ရာ၏။
အာတာပီ၊ ကိလေသာတို့ကို လောင်ကျွမ်းအောင် အပြင်းအထန် ရှို့မြှိုက်တတ်သော လုံ့လရှိသော။
နိပကော၊ ရင့်ကျက်သော ပညာရှိသော။
ဈာနလာဘီ၊ ဈာန်ရဖြစ်သော။
ဘိက္ခု၊ သည်။
ဇာတိ ဇရာယ၊ ဇာတိဇရာ၏။
ဝါ၊ နှင့်။
သံယောဇနံ၊ အနှောင့်အဖွဲ့ကို။
ဝါ၊ နှောင်ဖွဲ့ပေးတတ်သော သံယောဇဉ်ကို။
ဆေတွာ၊ ဖြတ်တောက်၍။
ဣဓေဝ၊ ဤလက်ရှိဘဝ၌ပင်။
အနုတ္တရံ၊ အတုမဲ့ဖြစ်သော။
သမ္ဗောဓိံ၊ အရဟတ္ထဖိုလ်ကို။
ဝါ၊ သို့။
ဖုသေ။
ပါပုဏေ၊ ရရာ ရောက်ရာ၏။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
ဒသမံ။