Issues
Select Version
နိဿယ
မြန်မာဘာသာ
Itivuttakapāḷi
Itivuttakapāḷi

4. Atapanīyasuttaṃ

Author: နိဿယ @ IAPT

ဒွေမေ ဘိက္ခဝေ ဓမ္မာ အတပနီယာ (လ) ဣမေ ခေါ ဘိက္ခဝေ ဓမ္မာ အတပနီယာ'တိ၊ အတပနီယာ'ဟူသော။ ဧတံ၊ ဤအတပနီယသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ'န္တိ၊ ပြီ'ဟူ၍။ မေ၊ အကျွန်ုပ် အာန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြိီ။ ဘိက္ခဝေ၊ တို့။ အတပနီယာ၊ မနှိပ်စက် မညှင်းပန်းတတ်ကုန်သော။ ဓမ္မာ၊ တို့သည်။ ဣမေ ခေါ ဒေါ၊ ဤနှစ်ပါးတို့ပင်တည်း။
ကတမေ ‌ဒွေ၊ အဘယ်နှစ်ပါးတို့နည်း။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့သောသူသည်။ ကတကလျာဏော၊ ပြုအပ်ပြီးသောကောင်းမှူရှိသူသည်။ ဝါ၊ ကောင်းမှုကို ပြုလုပ်ပြီးသူသည်။ ကတကုသလော၊ ပြုအပ်ပြီးသောကုသိုလ်ရှိသူသည်။ ဝါ၊ ကု သိုလ်ပြုလုပ်ပြီးသူသည်။ ကတဘီရုတ္တာဏော၊ ပြုလုပ်အပ်ပြီးသော ဆင်းရဲ ကြောက်သူ သံသရာဘေး ကြောက်သူတို့ကို (ဆင်းရဲ =နှင့် သံသရာဘေးမှ) စောင့်ရှောက်တတ်သော ကုသိုလ်ကောင်းမှုရှိသူသည်။ ဝါ၊ ဆင်းရဲကြောက်သူ သံသရာဘေးကြောက်သူတို့ကို (ထိုဆင်းရဲနှင့် သံသရာဘေးမှ) စောင့်‌ရှောက်တတ်သော ကုသိုလ်ကောင်းမှုကို ပြုလုပ်ပြီးသူသ်ည။ ဟုတွာ၊ ၍။ အကတပါ-ပေါ၊ မပြုအပ်သောမကောင်းမှု ရှိသူသည်။ ဝါ‌၊ မကောင်းမှုကို အပြုလုပ်သူသည်။ အကတလု‌ဒ္ဓေါ၊ ကြမ်းတမ်းသော အလုပ်ကို မလုပ်သူသည်။ ဝါ၊ ပြုအပ်သော ကြမ်းတမ်းသော အလုပ်မရှိသူသည်။ အကတကိဗ္ဗိသော၊ ပြုအပ်ပြီးသော ရက်စက်ကြမ်းကြုတ်သော အမှု မရှိသူသည်။ ဝါ၊ ရက်စက်ကြမ်းကြုတ်သော အမှုကို မပြုလုပ်သူသည်။ ဟောတိ၊ ၏။
သော၊ ထိုသူသည်။ "မေ၊ ငါသည်။ ကလျာဏံ၊ ကောင်းသောအလုပ်််ကို။ ကတံ၊ ပြုလုပ်အပ်ပြီ။" ဣတိပိ၊ ဤအကြောင်းကြောင့်လည်း။ န တပ္ပတိ၊ မပူပန်ရပေ။ (ဣတိပိ၌ ဣတိ-ကို အာကာရတ္တလည်း‌ ပေးနိုင်သည်)
ဘိက္ခဝေ၊ တို့။ အတပနီယာ၊ မပူပန် မနှိပ်စက်တတ်ကုန်သော။ ဒွေ၊ နှစ်ပါးကုန်သော။၏ ဓမ္မာ၊ တရားတို့သည်။ ဣမေ ခွေ၊ ဤသို့ပင်တည်း။
ဧတမတ္ထံ၊ စသည်ပေးမြဲ။
ကာယဒုစ္စရိတံ ဟိတွာ (လ) သဂ္ဂံ သော ဥပပဇ္ဇတီ'တိ၊ ဥပပဇ္ဇတိ'ဟူသော။ ဧတံ၊ ဤဂါထာ အနက်အဓိပ္ပာယ်ကို။ တတ္ထ၊ ထိုအတပနီယသုတ်၌။ ဣတိ၊ သို့။ ဝုစ္စတိ၊ ၏။
ကာယဒုစ္စရိတံ၊ ကမ္မပထေမြာက်ေသာ ကာယဒုစရိုက်ကို။ ဟိတွာ၊ ပယ်စွန့်၍။ ဝစီဒုစ္စရိတာနိ၊ ကမ္မပထေမြောက်သော ဝစီဒုရိုက်တို့ကို။ ဟိတွာ စ၊ ပယ်စွန့်သောကြောင့်လည်ကောင်း။ မနောဒုစ္စရိတာနိ၊ ကမ္မပထမြောက်သော မနော ဒုစရိုက်တို့ကို။ ဟိတွာ စ၊ ပယ်စွန့်သောကြောင့်လည်ကောင်း။ ‌‌ဒေါသသဉှိတံ၊ ရာဂစသော အပြစ်နှင့်စပ်သော‌။
အညံ၊ ကမ္မပထမြောက်သော ဒုစရိုက်မှတစ်ပါးသော။ ယံ၊ အကြင်ကမ္မပထ မမြောက်သော သာမန်အကုသုလ်သည်။ အတ္ထိ၊ ၏။ တံ၊ ကို။ ဟိတွာစ၊ သောကြောင့်လည်ကောင်း။ အကုသလံ ကမ္မံ၊ အကုသိုလ်အမှုကို။ အကတွာ၊ မပြုလုပ်ခြင်းကြောင့်။ ကုသလံကမ္မံ၊ ကုသိုလ်ကောင်းမှုကို။ ဗဟုံ၊ များစွာ။ ကတွာ၊ ပြုလုပ်ခြင်း‌ကြောင့်။ ကာယသာ၊ ဥပါဒိန္နခန္ဓာကိုယ်၏။ ဘေဒေါ၊ ပျက်စီးသည်မှ။ ပရံ၊ နောက်၌။ သပ္ပညော၊ ပညာရှိသော။ သော၊ ထိုသူသည်။ သဂ္ဂံ၊ ရူပ သဒ္ဒစသော စည်းစိမ်တို့ဖြင့်။ ကောင်းမြတ်သော နတ်ပြည်၌။ ဥပပဇ္ဇတိ၊ ဖြစ်ရ၏။
အယမ္မိ အတ္ထော၊ စသည်ပေးမြဲ။
စတုတ္ထံ။