Issues
Select Version
နိဿယ
မြန်မာဘာသာ
Itivuttakapāḷi
Itivuttakapāḷi

5. Sukkadhammasuttaṃ

Author: နိဿယ @ IAPT

ဒွေမေ ဘိက္ခဝေ သုက္ကာဓမ္မာ (လ) ‘ဂရုနံ ဒါရာ’တိ ဝါ’တိ၊ ‘ဂရူနံ ဒါရာတိ’ဝါ’ဟူသော။ ဧတံ၊ ဤ သုက္ကဓမ္မသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ အပ်ပြီး’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။

ဘိက္ခဝေ၊ တို့။ သုက္ကာ၊ ဖြူစင်ကုန်သော။ ဣမေ ဒွေ ဓမ္မာ၊ ဤတရားနှစ်ပါးတို့သည်။ လောကံ၊ သတ္တလောကကို။ ပါလေန္တိ၊ စောင့်ရှောက်ကြကုန်၏။

ဒွေ၊ တရားနှစ်ပါးတို့ဟူသည်။ ကတမေ၊ အဘယ်တို့ပါနည်း။
ဟိရီ စ၊ မကောင်းမှုမှ ရှက်ခြင်းဟီရိလည်းကောင်း။ ဩတ္တပ္ပဉ္စ၊ မကောင်းမှုမှ ကြောက်လန့်ခြင်း ဩတ္တပ္ပလည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။ သုက္ကာ၊ ဖြူစင်ကုန်သော။ ဣမေ ဒွေ ဓမ္မာ၊ ဤတရားနှစ်ပါးသည်။ လောကံ၊ သတ္တလောကကို။ ဝါ၊ လူသားတည်းဟူသော လောကကို။ န ပါလေယျုံ၊ မ‌စောင့်ရှောက်ကုန်ငြားအံ့။ မာတာတိဝါ၊ မွေးသည့်မိခင်ဟူ၍လည်းကောင်း။ မာတုစ္ဆာတိ ဝါ၊ အမေ၏ အမ ညီမ-ဒေါ်ကြီးဒေါ်လေးဟူ၍ လည်းကောင်း။ မာတုလာနီတိ-ဝါ၊ ဥုးကြီးဥုးလေး၏ မယားဟူ၍လည်းကောင်း။ အာစရိယဘရိယာတိ ဝါ၊ ဆရာ၏ ဇနီး ဝါ-ဆရာကတော်ဟူ၍လည်းကောင်း။ ဂရူနံ၊ လေးစားထိုက်သော ဘကြီး ဘထွေး အကိုကြီးစသည်တို့၏။ **ဒါရာတိ**ဝါ၊ မယားဟူ၍လည်းကောင်း။ ဣဓ၊ ဤလောက၌။ န ပညာယေထ၊ မကွဲပြားမထင်ရှားနိုင်ရာ။
အဇေဠကာ ယထာ၊ ဆိတ်တို့သို့တို့ကဲ့သို့လည်းကောင်း။ ကုက္ကုဋသူကရာယထာ၊ ကြက်ဝက်တို့ကဲ့သို့လည်းကောင်း။ သောဏသိင်္ဂါလာ ယထာ၊ အိမ်ခွေးတောခွေးတို့ကဲ့သို့၎င်း။မှတ်ချက်။ ။ ဤပါဠိတော်၌ အာစရိယဘရိယာတိ ဝါ ဂရူနံဒါရာတိ ဝါ ဟု ၂-မျိုးတွဲလျက် ယှဉ်လျက် တွေ့ရ၏။ ရှေ့ပုဒ် အာစရိယ-သဒ္ဒါက ဆရာ သေချာ၏။ ယင်းသို့ ဆရာဟောအာစရိယ-သဒ္ဒါ ရှေ့၌ ပါပြီးပါလျက် ဂရူနံဟု တွေ့ရသည်။ ထို့ကြောင့် ဂရုသဒ္ဒါသည် ဆရာဟောမဟုတ်နိုင်သည်မှာ သေချာ၏။ ‘ဂရု ‘သဒ္ဒါကားဆရာဟော ပုဒ်တည်း။ အာစရိယ ပါပြီးဖြစ်၍ ဤ၌ ဂုရုနံဟု မလာ။ ထို့ကြောင့် ဂုရုသဒ္ဒါကသာ ဆရာဟော၍ ဂရုသဒ္ဒါသည် ဆရာမဟော၊ လေးစားထိုက်သူကိုသာ ဟောကြောင်း သတိပြုလေ။
အဇ္ဈတ္တသမုဋ္ဌာနာ ဟီရိ။ ။ ငါလို အမျိုးမြတ်သူ ငါလို ဆွေကြီး မျိုးကြီးတစ်ယောက်က ဒုစရိုက်မှုတွေ မပြုသင့်ဘူး။ ဇာတ်နိမ့်သူ တံငါ မုဆိုး စသော ကလေကချေတွေသာ ဒုစရိုက်ကို လွန်ကျူးကြတာ စသည်ဖြင့် အမျိုးဇာတ်ကို ဆင်ခြင်သုံးသပ်ကာ ဒုစရိုက် မလုပ်တော့ဘဲ ဟိရီ ဖြစ်ပေါ်လာပေ၏။
ဝယ အရွယ်။ ။ ဒုစရိုက်ဆိုတာ ပုဆိုးမမြဲတမြဲ မြဲကာစ သာသာ လူပျိုပေါက်ကျောင်းသားလေးများသာ လုပ်လေ့လုပ်ထရှိတယ်။ ငါလို သိတတ်တဲ့ အရွယ်ရောက်နေတဲ့သူက ဒါမျိုးကိုမလုပ်သင့်ဘူး ဟု အရွယ်ကို ဆင်ခြင်သုံးသပ်၍လည်း မကောင်းမှုမှ ရှောင်ကြဉ်ခြင်း ဟိရီ ဖြစ်တတ်သည်။
လောကော၊ လူ့လောကကြီးသည်။ သမ္ဘေဒံ၊ မကွဲပြားတော့ဘဲ ရော‌နှောခြင်းသို့။ အဂမိဿ၊ ရောက်သွားရာ၏။
ဘိက္ခဝေ၊ တို့။ ယသ္မာ၊ ကြောင့်။ သုက္ကာ၊ ဖြူစင်ကုန်သော။ ဣမေ ဒွေဓမ္မာ၊ ဟိရီ ဩတ္တပ္ပဟူသော ဤတရားနှစ်ပါးတို့သည်။ လောကံ၊ လူ့လောကကြီးကို။ ပါလေန္တိ၊ သားနှင့်အမိ ကွဲပြားအောင် မောင်နှင့်နှမ ကွဲပြား‌အောင် စသည်ဖြင့် စောင့်ရှောက်ကြကုန်၏။ တသ္မာ၊ ကြောင့်။ မာတာတိ ဝါ၊ ဟူ၍၎င်း။ မာတုစ္ဆာတိ ဝါ၊ အမေ၏ အမ ညီမ ဒေါ်ကြီး ဒေါ်လေးဟူ၍၎င်း။ မာတုလာနီတိ ဝါ၊ ဥုးကြီး ဥုးလေး၏ မယားဟူ၍၎င်း။ အာစရိယဘရိယာတိ ဝါ၊ ဟူ၍၎င်း။ ဂရူနံ၊ လေးစားသင့် လေးစားထိုက်သော ဘကြီးဘထွေးအကိုကြီးစသည်တို့၏။ ဒါရာတိ ဝါ၊ မယားဟူ၍၎င်း။ ပညာယတိ၊ ကွဲပြားသိသာထင်ရှား၏။
ဧတမတ္ထံ၊ ဤအနက်အဓိပ္ပါယ်ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ ပြီ။
တတ္ထ၊ ထိုသုက္ကမသုတ်၌။ "ယေသံ စေ ဟိရီဩတ္တပ္ပံ (လ) သန္တော ခီဏပုနဗ္ဘါ'ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပာယ်ကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ဆိုအပ်၏။
ယေသံ၊ အကြင်သူတို့၏ သန္တာန်၌။ ဟိရီ စ၊ သည်လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ ဩတ္တပ္ပဉ္စ၊ သည်လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ သဗ္ဗဒါ၊ နေ့ရောညပါ အခါခပ်သိမ်း။ ဝါ၊ အရွယ်သုံးပါးဟူသော အလုံးစုံသော အခါ၌။သူရဘာဝ။ ။ အဖက်ဖက်မှ အားနည်းသတ္တိကြောင်သော သူများသာတစ်ဖက်သာ အငြိုအငြင် မခံနိုင်လို့ စိတ်ပါပါ, မပါပါ ရောယောင်၍ ဒုစရိုက်လွန်ကျူးကြတာ။ ငါလို သတ္တိဗျတ္တိနှင့် ပြည့်စုံသူတစ်ယောက်အဖို့ မည်သူ၏ အငြိုအငြင်ကိုမှ ကြောက်နေစရာမလို၊ မလုပ်ဘဲ ရဲရဲရှောင်ကြဉ်ကာ ဟိရီကို ဖြစ်စေတော့၏။
ဗာဟုဿစ္စ။ ။ ဒုစရိုက်မှန်း သုစရိုက်မှန်းမသိ၊ ကုသိုလ်မှန်း အကုသိုလ်မှန်းမသိ၊ လုပ်သင့် မလုပ်သင့် မခွဲခြားတတ်သောသူများသာ မကောင်းမှုကို လွန်ကျူးကြတာ။ ငါလို ဒုစရိုက်စသည်ကို ခွဲခြားသိတတ်သော ဗဟုသုတနှင့် ပြည့်စုံသူတစ်ယောက်က လိမ်ခြင်းညာခြင်း သူများပစ္စည်းခိုးခြင်းဝှက်ခြင်း လာဘ်စားခြင်းစသည်ကို မလုပ်သင့်ဟု ဆုံးဖြတ်ကာ ရှောင်ကြဉ်ကာ ဟိရီကို ဖြစ်စေတော့၏။
န ဝိဇ္ဇတိ၊ မရှိ။ ဝါ၊ မရအပ်။ တေ၊ ထိုသူတို့သည်။ သုက္ကမူလာ၊ ကုသိုလ်မှန်သမျှတို့၏ တည်ရာ အမြစ်သဖွယ်ဖြစ်သော ဟိရီဩတ္တပ္ပ သုက္ကတရားနှစ်ပါး။ ဝေါက္ကန္တာ၊ လျှောကျကင်းကွာကြကုန်သည်ဖြစ်၍။ ဇာတိမရဏဂါမိနော၊ အဖန်ဖန် ပဋိသန္ဓေနေရခြင်း သေရခြင်းသဘောသို့ ဆိုက်ရောက်ကြကုန်၏။
ယေသဉ္စ၊ အကြင်သူတို့၏သန္တာန်၌ကား။ ဟိရီ စ၊ ကောင်း။ ဩတ္တပ္ပဉ္စ၊ ကောင်း။ သဒါ၊ နေ့ရောညပါ အရွယ်သုံးပါးမရွေး ရှိသမျှအချိန်တိုင်း၌။ သမ္မာ၊ ကောင်းစွာ။ ဥပဋ္ဌိတာ၊ ကပ်၍ တည်နေကြကုန်၏။ ဝိရူဠှဗြဟ္မစရိယာ၊ စည်ပင်သော သာသန, မဂ္ဂဟူသော အကျင့်မြတ်ရှိကြကုန်သော။ သန္တော၊ အရဟတ္တမဂ်ကို ရသဖြင့် ကိလေသာငြိမ်းပြီးကုန်သော။ တေ၊ ထိုသူတို့သည်။ ခီဏပုနဗ္ဘဝါ၊ ကုန်းပြီးသော ဘဝသစ်ရှိကုန်၏။
အယမ္ပိ အတ္ထော၊ ကိုလည်း။ ဘဂဝတာ၊ သည်။ ဝုတ္တော၊ ပြီ။ ဣတိ၊ သို့။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှန်သား ဆောင်ထားအပ်ပါပြီ။ ဣတိ၊ ပြီးပြီ။
ပဉ္စမံ။ဗဟိဒွါသမုဋ္ဌာနံ ဩတ္တပ္ပံ။ ။ ဩတ္တပ္ပက ပတ်ဝန်းကျင်နှင့် ပတ်သက်၍ ဖြစ်သည်။ ကျော်မကောင်း ကြားမကောင်း မလျော်သော အလုပ်တွေ လုပ်ခဲ့လျှင် အတူနေအချင်းချင်းကလည်း အထင်သေးမည်။ ဆွေမျိုးသားချင်းတွေ စိတ်ပျက်ကြမည်။ သိတဲ့လူအပေါင်းက ဖြစ်မှဖြစ်ရလေ သူက ဒါမျိုးလုပ်သတဲ့လားဟု ပြောကြားနိုင်သည်။
အိုဘယ့်လာသား မြို့ကြီးသူမြို့ကြီးသားများသည် တစ်ချို့ခရီးသည်တို့၏ ကားရထားပေါ်၌ တံတွေးထွေးခြင်း ငှက်ပျောခွံမြေပဲခွံစသည်ကို စွန့်ပစ်ခြင်းစသည်ကို တွေ့မြင်၍ လူကြီးလူကောင်းများသည် စိတ်ပျက်ကာ ကိုယ်တိုင်ရှောင် ကြဉ်ကြသကဲ့သို့ ကိုယ်ကျင့်စာရိတ္တကောင်းသူမှန်သမျှ မကောင်းမှုမှ ရှောင်ကြဉ်ကြပါလျက် အဘယ်ကြောင့် အသင်လူသားသည် မကြောက်မရွံ့မကောင်းမှုကို ပြုလုပ်ဘိသနည်းဟု မကောင်းမှုပြုရမှာ မကြောက်ရွံ့သူကို ပညာရှင်တို့ ကဲ့ရဲ့ကြလိမ့်မည်ဟု ပတ်ဝန်းကျင် အကြောင်းပြု၍ မကောင်းမှုဒုစရိုက်မှ ရှောင်ကြဉ်ခြင်း ဩတ္တပ္ပတရား ဖြစ်ပေါ်ပေ၏။
ဤသို့ အဋ္ဌကထာ၌ မှတ်သားစရာများစွာ ဖွင့်ပြတော်မူသည်။ ရှုလေ။