ဝုတ္တံဟေတံ ဘဂဝတာ ဝုတ္တမရဟတာတိ မေ သုတံ၊ ပေးမြဲ။
ဘိက္ခဝေ၊ တို့။ အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော။ ဝိတက္ကာ၊ ဝိတက်တို့သည်။ ဣမေ တယော၊ ဤသုံးမျိုးတို့တည်း။
တရားကိုယ်အားဖြင့် သူတစ်ပါးတို့က ငါ့ကို အထင်မသေးလျှင် ကောင်းလေစွ၊ ဝါ-သူတစ်ပါးတို့က ငါ့ကိုအထင် ကြီးလျှင် ကောင်းလေစွဟူသော စိတ်ဓာတ် အညံ့စား အလိုဆိုး ဣစ္ဆာစာရပင်တည်း။
အနပညတ္တိယာ+ပဋိသံယုတ္တော-သံသဋ္ဌော- အနဝညတ္တိပဋိသံယုတ္တော-ဟုပြု။သို့မဟုတ် အနဝညတ္တိ+အာရဗ္ဗ ပဝတ္တော+ပဋိသံယုတ္တော- အနဝညတ္တိပဋိသံယုတ္တောဟု ပြု။ ဝိတက်အရကောက်။
ထိုဝိတက်သည်လည်း ရဟန်းရှင်လူ ပြည်သူတို့သည် ငါ့ကို အောက်တန်းစား နေရာ မထားဘဲ အထက်တန်းစား နေရာရောက်အောင် ဘယ်လို မြှင့်တင်ကြပါမလဲ-ဟု အောက်ကျနောက်ကျ ဣစ္ဆာစာရအခြေခံ၍ ဖြစ်ပေါ်လာသော အကြံအစည်ဝိတက်တည်း။
လာဘသက္ကာရသိလောကပဋိသံယုတ္တဝိတက်။ ။ ရှေ့သုံးပုဒ်ကို ဒွန်တွဲ။ ။ “ဒွန်၏ နောက်၌၊ ရှိသောပိုဒ်၊ ယှဉ်လိုက် ပုဒ်တိုင်းသာ” နှင့်အညီ နောက်ပုဒ် နှင့် လာဘပဋိသံယုတ္တ သက္ကာရပဋိသံယုတ္တ သိလောကပဋိသံယုတ္တ-ဟု အသီးသီး တွဲလေ။ ပစ္စည်းလေးပါးလာဘ်လာဘရရှိရေးကို အာရုံပြုကာ ကြံစည်ခြင်း လာဘ ပဋိသံယုတ္တဝိတက်။ အရိုအသေအပူဇော်ခံရမှုကို အာရုံပြုကာ ကြံစည်ခြင်း သက္ကာရ ပဋိသံယုတ္တဝိတက်။ ကျော်ကြားထင်ရှားမှုကို အာရုံပြုကာ ကြံစည်ခြင်း သိလောက ပဋိသံယုတ္တဝိတက် ဤသုံးမျိုးသည် လာဘသက္ကာရ သိလောကပဋိသံယုတ္တ မည်၏။
ပရာနုဒ္ဒယတာပဋိသံယုတ္တဝိတက် ။ ။ ပရ - ပရာနုဒ္ဒယတာပဋိသံယုတ္တဝိတက်၊ သူတစ်ပါးတို့အား+အနုဒယာ-သနားသည်၏+တာ-အဖြစ်နှင့်+ပဋိသံယုတ္တော ပတ်သက်သော အကြံအစည်ဝိတက်။ တစ်ဖက်သားအား တကယ်သနားသော ကရုဏာအစစ်မဟုတ်။ ကရုဏာအတုဖြစ်သော ဂေဟဿိတပေမနှင့်စပ်သော အကြံအစည်ဝိတက်တည်း။ ဝိတက္ကော၊ ဝိတက်လည်းကောင်းတည်း။
ဝုတ္တံဟေတံ၊ စသည်ပေးမြဲ။
ဘိက္ခဝေ၊ တို့သည်။
သက္ကာရေန၊ ပူဇော်သက္ကာရသည်။
အဘိဘူတာ၊ လွှမ်းမိုးနှိပ်စက်အပ်ကုန်ဖြစ်၍။
ပရိယာဒိန္နစိတ္တာ၊ ကုန်ခမ်းစေအပ်သော ကုသိုလ်စိတ်ရှိကုန်သည်ဖြစ်၍။
**သက္ကာရေန**၊ ပူဇော်သက္ကာရအကြောင်းခံ၍ ဖြစ်လာသောဣစ္ဆာစာရ မာန မဒ မစ္ဆရိယဟူသော အကြောင်းတရားသည်။
ပရိယာဒိန္နစိတ္တာ၊ ကုန်ခြင်းသို့ ရောက်စေအပ်သော ကုသိုလ်စိတ် ရှိကုန်သည်ဖြစ်၍။
ဝါ၊ ကုသိုလ်မဖြစ်အောင် ထက်ဝန်းကျင် သိမ်းကြုံးယူအပ်ပြီးသော အကုသိုလ်စိတ်အစဉ်ရှိကုန်သည်ဖြစ်၍။သက္ကာကြောင့် အပါယ်ရောက်ပုံ။ ။ ဒီနေရာ ကြွပါ ဒီနေရာ ထိုင်ပါ-ဟု ဖိတ်ခေါ်ခြင်း၊ နေရာပေးခြင်း ခရီးဦးကြိုပြုခြင်း ကျို့ကျို့ရို့ရို့ ကိုယ်ကိုညွတ်ကိုင်းခြင်းဦိးခေါင်းနှိမ်ချခြင်း ပစ္စည်းလေးပါး ပေးကမ်း လှူဒါန်းခြင်းစသော ကောင်းသော အမူအရာမှန်သမျှ သက္ကာရချည်းတည်း။ စိတ်ထား ညံံ့သူအချို့သော သူတို့သည် အထက်ပါ သက္ကာရတို့ကို မက်မောသဖြင့် မလုပ်သင့်မလုပ်ထိုက် မလျော်သော အနေသန အလုပ်မျိုးကို လုပ်ကြ၏။ လုပ်ခြင်းကြောင့် အပါယ်ငရဲ ရောက်ကြရသည်။ ဤကား သက္ကာရတည်းဟူသော တိုက်ရိုက်ကြောင်းကြောင့် အပါယ်ရောက်ခြင်းတည်း။
အခြားသော ပုဂ္ဂိုလ်တို့သည် သက္ကာရအမျိုးကို ရကြ၏။ ထိုရရှိသော သက္ကာရကြောင့် ထောင်လွှားခြင်းမာန၊ ကာမဂဒဏ် ရေယဉ်ကျောမြောပါခြင်း မဒ၊ မိမိရသော သက္ကာရမျိုး သူတစ်ပါးရမှာ မလိုလားခြင်း မစ္ဆရိယ- စသည်တို့ ဖြစ်ပေါ်လာကုန်၏။ ထိုမာန မဒ မစ္ဆရိယစသည်ကြောင့် သိက္ခာသုံးပါး ကျင့်ရန် မေ့လျော့ကာ အပါယ်ငရဲ ကျရောက်ကြကုန်၏။ သက္ကာရေန၊ ပူဇော်သက္ကာရဟူသော တိုက်ရိုက်အကြောင်းကြောင့်။
ဝါ၊ ပူဇော်သက္ကာရအကြောင့်ခံ၍ ဖြစ်ပေါ်လာသော ဣစ္ဆာစာရ မာန မဒ မစ္ဆရိယဟူသော အကြောင်းတရားကြောင့်။
ကာယဿ၊ ဥပါဒိန္နက ခန္ဓာကိုယ်၏။
ဘေဒေါ၊ ပျက်စီး ခြင်းဟူသော။
မရဏာ၊ သေသည်မှ။
ပရံ၊ နောက်ကာဠ၌။
အပါယံ၊ ချမ်းသားကင်းသော။
ဒုဂ္ဂတိံ၊ မကောင်းသူတို့၏ လာရားဖြစ်သော။
ဝိနိပါတံ၊ ဖရိုဖရဲ ကျရောက်ရာဖြစ်သော။
နိရယံ၊ ငရဲသို့။
ဥပပန္နာ၊ ကပ်ရောက်ကြရကုန်သော။
သတ္တာ၊ သတွာတို့ကို။
မယာ၊ ငါဘုရားသည်။
ဒိဋ္ဌာ၊ တွေ့မြင်အပ်ကုန်ပြီ။
အပရေ ယထာသက္ကာရံ လဘိတွာ တန္နမိတ္တံ မာနမဒမစ္ဆရိယာဒိဝေသေန ပမာဒံ အာပဇ္ဇိတွာ ဣတော စုတာ အပါယေသု နိဗ္ဗတ္တန္တိ-ဟူသော ဒုတိယဝိတ္တာရဝါကျ၊ ပေါင်းနှစ်ဝါကျ ဖွင့်ပြီးနောက် ယံ သန္ဓာယ သက္ကာရေန အဘိဘူတာ ပရိယာဒိန္နာ-ဟူသော မူရင်းပါဠိနှင့် ဆက်စပ်ကာ အပြီးသတ်လိုက်လေသည်။ အသက္ကာရေန၊ ပူဇော်သက္ကရမဲ့မူဟူသော တိုက်ရိုက်အကြောင်းကြောင့်။ ဝါ၊ ပူဇော်သက္ကာရမဲ့မှုကို အကြောင်းပြု၍ ဖြစ်လာသော ဣစ္ဆာစာရ မာန မု မစ္ဆရိစသော အကြောင်းတရားကြောင့်။ ကယဿ၊ ဥပါဒိန္နကခန္ဓာကိုယ်၏။ ဘေဒေါ၊ ပျက်စီးခြင်းဟူသော။ မရဏာ၊ သေသည်မှ။ ပရံ၊ နောက်ကာလ၌။ အပါယံ၊ ချမ်းသားကင်းသော။ ဒုဂ္ဂတိံ၊ မကောင်းသူတို့၏ လားရာဖြစ်သော။ ဝိနိပါတံ၊ ဖရိုဖရဲ ကျရောက်ရာ ဖြစ်သော။ နိရယံ၊ ငရဲသို့။ ဥပပန္နာ၊ ကပ်ရောက်ကုန်သော။ သတ္တာ၊ သတွာတို့ကို။ မယာ၊ ငါဘုရားသည်။ ဒိဋ္ဌာ၊ တွေ့မြင်အပ်ကုန်ပြီ။
ဘိက္ခဝေ၊ တို့။ **သက္ကာရေန စ**၊ ပူးဇော်သက္ကာရဟူသော အကြောင်းသည်လည်းကောင်း။ ဝါ၊ ပူဖော်သက်ကာရ အကြောင်းခံ၍ ဖြစ်လာသော မာနာ မဒ မစ္ဆရိယစသော အကြောင်းတရားသည်လည်းကောင်း။ **အသက္ကာရေနစ**၊ ပူဇော်သက္ကာရမဲ့မှုဟူသော အကြောင်းသည်လည်းကောင်း။ ဝါ၊ ပူဇော်သက္ကာရမဲ့မှု အကြောင်းခံ၍ ဖြစ်လာသော မာန မဒ မစ္ဆရိယစသော အကြောင်းတရားသည်လည်းကောင်း။
ပုဂ္ဂိုလ်တစ်ဥုးတည်းကိုပင် အုပ်စုနှစ်စုရှိသည့်အနက် အုပ်စုတစ်ခုက ပူဇော်သက္ကာရအမှုပြု၍ အုပ်စုတစ်ခုက ပူဇော်သက္ကာရအမှုမပြုသောကြောင့် သက္ကာရေန စ အသက္ကာ ရေန စ အဘိဘူတာဟု ဟောသည်။
တစ်နည်း- အုပ်စုတစ်ခုတည်း ဝါ-ပုဂ္ဂိုလ်တစ်ဥုးတည်းက ပုဂ္ဂိုလ်တစ်ဥုးတည်းကို ပဌမတော့ ပူဇော်သက္ကာရအမှု ပြု၍ သီလ သမာဓိ ပညာအနှစ်သာရမရှိဟု သိသောအခါ ပူဇော်သက္ကာရအမှု မပြုသောကြောင့် သက္ကာရေန စ အသက္ကာရေန စ အသက္ကာရေန စ အဘိဘူတာဟု ဟောတော်မူသည်။
မှတ်ချက်။ ။ ဤသုတ် ဝါကျအနေအထားနှင့်စပ်၍ ဆဠမူနှင်သျာမူ မတူ။ ဘယ်မူက ပိုကောင်း သည်ကို အောက် ၂၃၅-နှာရှိ မိစ္ဆာဒိဋ္ဌိက သမ္မာဒိဋ္ဌိကတို့နှင့်နှိုင်းယှဉ်ကာ စိစစ်ထားသည်ကို ပါဠိတော်အောက်ခြေ၌ (၁) းဏန်းပြ၍ ရှင်းလင်းပြီး ရှိသောကြောင့် ထိုကို ရှုလေ။ တဒုဘယေန၊ ထိုနှစ်ပါး စုံသည်။
အဘိဘူတာ၊ လွှမ်းမိုးနှိပ်စက် အပ်ကုန်သည်ဖြစ်၍။
ပရိယာဒိန္နစိတ္တာ၊ ကုန်ခမ်းစေအပ်ပြီးသော ကုသိုလ်စိတ်ရှိကုန်သည်ဖြစ်၍။
သက္ကာရေနစ၊ ပူဇော်သက္ကာရဟူသော တိုက်ရိုက်အကြောင်းကြောင့်လည်းကောင်း။
ဝါ၊ ပူဇော်သက္ကာရ အကြောင်းပြု၍ ဖြစ်လာသော ဣစ္ဆာစာရ မာန မဒ မစ္ဆရိယစသော အကြောင်း တရားကြောင့်လည်းကောင်း။
အသက္ကာရေနစ၊ ပူဇော်သက္ကာရမဲ့မှုဟူသော တိုက်ရိုက်အကြောင်းကြောင့်လည်းကောင်း။
တဒုယယေန၊ ထိုနှစ်ပါးစုံကြောင့်။
အပါယံ၊ သော။
ဒုဂ္ဂတိံ၊ သော။
ဝိနိပါတံ၊ သော။
နိရယံ၊ သို့။
ဥပပန္နာ၊ ကပ်ရောက်ကြရကုန်သော။
သတ္တာ၊ တို့ကို။
မယာ၊ သည်။
ဒိဋ္ဌာ၊ ကုန်ပြီ။
ဘိက္ခဝေ၊ တို့။ ယသ္မိံ သမယေ၊ (ကာမဂုဏ်နှင့် အိမ်ရာတည်ထောင်ခြင်း၏ အပြစ်ကို မြင်၍ ရဟန်းပြုခြင်း၏ အကျိုးကို မြင်ရာ) အကြင်အခါ၌။ အရိယဿာဝကော၊ ဘုရား၏ တပည့်သာဝကသည်။ ဝါ၊ အရိယာဧကန်ဖြစ်မည့် အရိယသာဝက လောင်းလျာသည်။ ကေသမဿုံ၊ ဆံမုတ်ဆိတ်ကို။ သြဟာရေတွာ၊ ပယ်ရှား၍။ ကာသာယာနိ၊ ဖန်ရည်ဆိုးအပ်ကုန်သော။ ဝတ္ထာနိ၊ (ဗြဟ္မစရိယအကျင့် ကျင့်သူတို့နှင့်လျော်သော) အဝတ်တို့ကို။ ပဋိစ္ဆာဒေတွာ၊ (ကိုယ်ခန္ဓာကို ဖုံးလွှမ်းအပ်သောအားဖြင့်) ဝတ်ရုံ၍။ အဂါရသ္မာ၊ အိမ်မှ။ ဝါ၊ အိမ်ရာတည်ထောင် လူ့ဘောင်မှ။ နိက္ခမိတွာ၊ ထွက်၍။ အနဂါရိယံ၊ အိမ်ရာမထောင် ရဟန်းဘောင်သို့။ ပဗ္ဗဇ္ဇာယ၊ ရှင်ရဟန်းဖြစ်ဖို့ရန်။ စေတေတိ၊ လုံးပန်၏။ ဝါ၊ ပဗ္ဗဇ္ဇာယ စေတေတိ= ရှင်ရဟန်း ပြု၏။
ဘိက္ခဝေ၊ တို့။ တသ္မိံ သမယေ၊ ရှင်ရဟန်းဖြစ်ရန် လုံးပန်းလေရာ ထိုအခါ၌။ ဝါ၊ ရှင်ရဟန်းပြုရာ ထိုအခါ၌။ ဧသော အရိယာလောင်းလျာသည်။ မာရေန၊ ကိလေသာမာရ်နှင့်။ တါ၊ မာရ်နတ်သားနှင့်။ သဒ္ဓိံ၊ တကွ။ သင်္ဂါမာယ၊ တိုက်ခိုက်ခြင်းငှာ= စေတေတီတိ= လုံးပန်းနေ၏ ဟူ၍။ ဒေဝေသု၊ အရူပနှင့် အသညသတ်မှတစ်ပါးသော ဥပပတ္တိနတ်တို့၌။ ဒေဝသေဒ္ဒေါ၊ အချင်းချင်း ပြောဆိုကြသော နတ်တို့၏ အသံသည်။ နိစ္ဆရတိ၊ ဖြစ်ပေါ်လာ၏။
ဘိက္ခဝေ၊ တို့။
ပုန စပရံ၊ နောက်ထပ်တစ်မျိုးကား။
ယသ္မိံ သမယေ၊ ၌။
အရိယသာဝကော၊ ဘုရား၏တပည့် သဝကသာ်။
အာသဝါနံ၊ အာသဝေါ တရားလေးပါးတို့၏။
ခယာ၊ ကုန်ခြင်းကြောင့်။
(အာသဝေါကင်းလျှင် ကိလေသာမှန်သမျှ အားလုံးကင်းတော့သည်သာ။
ဤပါဌ်ဖြင့် အရဟတ္တမဂ်ကို ရည်သည်။)
အနာသဝံ၊ အာသာဝေါ ကင်းသော။
**စေတောဝိမုတ္တိံ**၊ အရဟတ္တဖိုလ်သမာဓိကို။
ဝါ၊ သို့။
**ပညာဝိမုတ္တိံ**၊ အရဟတ္တဖိုလ်သမာဓိနှင့်ယှဉ်သော အဝိဇ္ဇာမှလွတ်သောပညာကို။
ဝါ၊ သို့။
ဒိဋ္ဌေဝ ဓမ္မေ၊ ပစ္စုပ္ပန်လက်ရှ်ိဝ၌ပင်။
သယံ၊ ကိုယ်တိုင်။
အဘိညာ-အဘိညာယ၊ ထူးသောဉာန်ဖြင့်သိ၍။
သစ္ဆိကတွာ၊ မျက်မှောက်ပြု၍။
ဥပသမ္ပဇ္ဇ၊ ပြည့်စုံစေ၍။
ဝါ၊ ရောက်၍။
ဝိဟ- ရတိ၊ နေ၏။ဘာဝနာနုယောဂမနုယုတ္တော။ ။ဘာဝနာနုယောဂံ-၌ ဘာဝနာအရ ဝိပဿနာ ဘာဝနာ မဂ္ဂယာဝနာ နှစ်မျိုးလုံးကိုပင် အရကောက်။ သို့သော် ဝိပဿနာအခိုက်၌သတိပဋ္ဌာန်စသော ခုနစ်မျိုးသည် ဗောဓိပက္ခိယအစစ် မဟုတ်၊ ပရိယညယသာ။ မဂ်အခိုက်၌ ထိုခုနှစ်မျိုးသည် ပရိယာယ်မဟုတ် မုချေဗောဓိပက္ခိယ။
စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ။ ။ ရာဂမှလွတ်မြောက်သောကြောင့် အရဟတ္တဖိုလ်သမာဓိကို စေတောဝိမုတ္တိ ဟူ၍ အဝိဇ္ဇာ လွတ်မြောက်သောကြောင့် အရဟတ္တဖိုလ်သမာဓိနှင့်ယှဉ်သော ပညာကို ပညာဝိမုတ္တိဟူ၍ မိန့်သည်။ တစ်နည်းအားဖြင့် သမယဖလကို စေတောဝိမုတ္တိ၊ ဝိပဿနာ ဖလကို ပညာဝိမုတ္တဟု ဆိုလိုသည်။
ဘိက္ခဝေ၊ တို့။ တသ္မိံ သမယေ၊ စေတောဝိမုတ္တိ ပညာဝိမုတ္တိကို ပြည့်စုံစေရာ ထိုအခါ၌။ ဒေဝေသု၊ နတ်တို့၌။ ဒေဝသဒ္ဒေါ၊ အချင်းချင်းပြောဆိုကြသော နတ်တို့၏အသံသည်။ နိစ္ဆရတိ၊ ဖြစ်ပေါ်လာ၏။ ကိန္တိ၊ အဘယ်သို့လျှင်။ နိစ္ဆရတိ၊ ဖြစ်ပေါ်လာသနည်း။
ဣတိ၊ ဤသို့ပြဆိုအပ်သော ဂုဏ်အမျိုးမျိုးဖြင့်။ ဧတံ ပတ္တမာနသံ၊ အရဟတ္တဖိုလ် ပေါက် ဆိုက်ရောက်လေပြီး ထိုရဟန္တာအရှင်မြတ်ကြိိီးကို။ ဒေဝတာ၊ နတ်တို့သည်။ နမဿန္တိ၊ အမြတ်တနိုး ရှိခိုးကြကုန်၏။ (ဤအလို ဣတိသဒ္ဒါ ပကာရတ္တ) တစ်နည်း-ဣတိ ဣမိနာ ကာရဏေန၊ မာရ်မင်း၏ စစ်သည်တို့ကို အောင်မြင်ခြင်းဟူသော ဤအကြောင်းကြောင့်။ ဧတံ ပတ္တမာနသံ၊ ထိုအရဟတ္တဖိုလ်ပေါက်ဆိုက်ရောက်လေပြီး ထိုရဟန္တာအရှင်မြတ်ကြီးကို။ ဒေဝတာ၊ နတ်တို့သည်။ နမဿန္တိ၊ ကုန်၏။ (ဤအလို ဣတိသဒ္ဒါ ဟေတွတ္ထ။)
အထက်ပါ ကိလေသာ စစ်သည်ဗိုလ်ပါတို့ကို အောင်မြင်ခြင်း အကြောင်းကိုပင် အကျိုးဖလနှင့်တွဲဲစပ် ပြလို၍ တဉှိ တဿ န ပဿန်တိ-စသည်ကို မိန့်သည်။
ယေန၊ အကြင်အကြောင်းကြောင့်။ ပုရိသာဇညော၊ ယောက်ျားမြတ်အာဇာနည််သည်။ မစ္စု၊ ကိလေသာမာရ်မင်း၏။ ဝသံ၊ အလိုသို့။ ဝဇေ၊ ကပ်ရောက်လိုက်ပါရာ၏။ တဿ၊ ထိုယောက်ျားမြတ် အာဇာနည်၏။ တံကာရဏံ၊ ထိုအကြောင်းကို။ ဟိ ယသ္မာ၊ အကြင်ကြောင့်။ (ဂဝေသန္တာပိ၊ ဝိသုဒ္ဓိနတ်တို့က ဘယ်လိုပင်ရှာကြသော်လည်း။) န ပဿန္တိ၊ ဆံချည်မြူမျှ မတွေ့မြင်ကြရကုန်။ (ရှိလျက်နဲ့ နတ်တို့ ညံံလို့မတွေ့သည် မဟုတ်၊ လုံးဝ မရှိ၍ မတွေ့မြင်ရခြင်းသာ။) တသ္မာ၊ ထိုသို့ မတွေ့ မြင်ကြရသောကြောင့်။ ဒေဝတာ၊ ဝိသုဒ္ဓိနတ်တို့သည်။ ဧတံ ပတ္တမာနသံ၊ အရဟတ္တဖိုလ်ပေါက် ဆိုက်ရောက်လေပြိီး ထိုရဟန္တာ အရှင်မြတ်ကြီးကို။ နမဿန္တိ၊ မြူးကြွကြွ ဖူးမဝအောင် ဉုးချရှိခိုးကြကုန်သည် သတည်း။
ဒေဝါနံ၊ တို့၏။ သုလဒ္ဓလာဘသင်္ခါတံ၊ ကောင်းစွာလှလှ ရသင့်သော လာယ်လာဘဟုချိီးကျူးစကား ကောင်းစွာပြောကြားအပ်သောအရာသည်။ ဝါ၊ လာဘ်သည်။ ဣဒံ ခေါ၊ သာသနာတော်ဤသဒ္ဓါတရား ရရှိခြင်းပင်တည်း။
အဿ ဣမဿ၊ ဤနတ်သား၏။ သာ သဒ္ဓါ၊ ထိုယုံကြည်မှုသဒ္ဓါသည်။ နိဝိဋ္ဌာ၊ စိတ်အစဉ်သို့ သက်ဝင်၏။ မူလဇာတာ၊ (သဒ္ဓေယျဝတ္ထု၌ သက်ဝင်ယုံကြည်ကြောင်း ဥပါယမနိသိကာရဟူသော) ဖြစ်သော မြစ်ရှိ၏။ ပတိဋ္ဌိတာ၊ (မဂ်ရခြင်းကြောင့်) မတုန်မလှုပ် တည်၏။ ဒဠှာ၊ ခိုင်မြဲ၏။ လောကသ္မီံ၊ ၌။ သမဏေန ဝါ၊ တစ်စုံတစ်ယောက်သော သူသည်သော်လည်းကောင်း။ အသံဟာရိယာ၊ မပယ်ရှားနိုင် ဆောင်မပစ်နိုင်။
ယဒါ၊ အကြင်အခါ၌။ ဒေဝေါ၊ နတ်သည်။ ဒေဝကာယာ၊ နတ်လောကမှ။ အာယုသင်္ခယာ၊ သက်တမ်းကုန်ခြင်းကြောင့်။ စဝတီ၊ စုတေ၏။ တဒါ၊ ထိုအခါ၌။ အနုမေဒတံ၊ ဝမ်းမြောက်ကုန်သော။ (ကာရိတ်အကြေကြံ၍ ဝမ်းမြောက်စေကြကုန်သောပေးလျှင် အဓိပ္ပါယ် ပိုဖြောင့်၏။) ဒေဝါနံ၊ တို့၏။ တယော၊ သုံးမျိုးကုန်သော။ သဒ္ဒါ၊ အချင်းချင်း ပြောဆိုကြသော အသံတို့သည်။ နိစ္ဆရန္တိ၊ ဖြစ်ပေါ်လာကုန်၏။
(အာယုက္ခယ,ရော၊ ပုညက္ခယ,ရော= မရဏနှစ်မျိုလုံး ဇီဝိတိန္ဒြိယုပစ္ဆေဒမရဏချည်း ဖြစ်သောကြောင့် အာယုသင်္ခယာဖြင့် ပုညက္ခာယာကိုပါ ဟောပြီးဖြစ််၏။ စဝတိဖြင့် ကုတော အာဂစ္ဆသိ တုဝံ-၌ အာဂစ္ဆသိကဲ့သို့ သမီပဝတ္တမာန် ဖြစ်ခြင်းကြောင့် သေခါနီးနတ်ကို ယူ။)
ဝါ၊ အပြစ်နှင့်တကွဖြစ်၍ အပြစ်မကင်းသော။
ယံ အညံ၊ အကြင် အခြားသောကမ္မပထမမြောက်သော မှုကိစ္စသည်။
အတ္တိ၊ ၏။
တဉ္စ၊ ထို အမှုကိစ္စကိုလည််း။
ဟိတွာ၊ ပယ်စွန့်၍။
အပ္ပမာဏံ၊ အနည်းအများ အပိုင်းခြားမရှိသော။
ဝါ၊ အကြိမ် အရေတွက် အပိုင်းအခြားမရှိသော။
နိရုပဓိံ၊ ကိလေသာ ဥပဓိကင်းသော။
**ကုသလံ**၊ ကာမဝစရကုသိုလ်ကို။
ကာယေန၊ ကာယဒွါရဖြင့်။ကုသလံသုံးပုဒ်။ ။ ကာယေန ကုသလံ ကတွာ (လ) အပ္ပမာဏံ နိရုပဓိံ-ဂါထာ၌ ကုသလံ- သုံးပုဒ်ကား ဝိသေသျ။ အပ္ပမာဏံ နိရုပဓီံ-နှစ်ပုဒ်ကား ဝိသေသန။ ထိုတွင် ဝိသေသျ ကုသလံအရ ကာမာဝစရကုသိုလ်ကောက်လျှင် အပ္ပမာဏံဟူသော ဝိသေသနက အနည်းအများ ပမာဏ၊ အကြိမ်ပမာဏ များသောကြောင့် အတိုင်းအတာပမာဏမရှိသော ကာမာ ဝစရ ကုသိုလ်ဟု ဝိသေသန မ,ခြင်း ဖြစ်သည်။ နိရုပဓိံ- ဟူသော ဝိသေသနဖြင့်လည်း ဥပဓိလေးမျိုးအနက် ကိလေသုပဓိ မရှိသောကြောင့် စင််ကြယ်သော ကာမာဝစရ ကုသိုလ်-ဟု ဝိသေသန မ ခြင်း ဖြစ်သည်။
ဒုတိယနည်း၌ ကုသလံ-သုံးပုဒ်အရ သောတာပတ္တိမဂ် သကဒါမိမဂ် ကုသိုလ်ကို အရကောက်ရသည့်အတွက် အပ္ပမာဏံ-ဟူသော ဝိသေသနဖြင့် အနည်းအများ ပမာဏ အကြိမ်ပမာဏနှင့်မဆိုင်၊ လောကုတ္တရာမဂ်ကုသိုလ် ဖြစ်သည် အားလျော်စွာ အပ္ပမာဏံ၊ မည်ရွေ့သာ မည်မျှသာဟု မည်သည့် နည်းနှင့်မျှ တိုင်းတာလို့ မရနိုင်။ အတိုင်းအတာပမာဏ လုံးဝ မရှိသော ကုသလံ = သောတာပတ္တိမဂ် သကဒါဂါမိမဂ် လောကုတ္တရာကုသိုလ်ဟု သိစေသည်။
နိရုပဓိံ-ဟူသော ဝိသေသနဖြင့်လည်း ပဌမနည်း၌ကဲ့သို့ ကိလေသုပဓိ တစ်မျိုးသာမက သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်သည် ခုနစ်ဘဝသာ အများဆုံး ပဋိသန္ဓေနေသောအားဖြင့် ခန္ဓာငါးပါး ရနိုင်တော့သည်။ သတ္တမမြောက်ခန္ဓာမှနောက်နောင်ခန္ဓာတွေကို မဂ်၏အစွမ်းသတ္တိကြောင့် မရနိုင်တော့။ ထို့ကြောင့် နိရုပဓိံ၊ ခန္ဓုပဓိမရှိသော။ ကုသလံ၊ သောတာပတ္တိမဂ် သကဒါဂါမိမဂ် ကုသိုလ်ဟူ၍၎င်း။ မဂ်၏အစွမ်းကြောင့် ထိုခန္ဓုဓိကို ဖြစ်စေတတ်သော အဘိသင်္ခါရုပဓိလည်း မရှိနိုင်ရကား နိရုပဓိံ၊ အဘိ သင်္ခါရုပဓိမရှိသော။ ကုသလံ၊ လောကုတ္တရာ အောက်မဂ်ကုသိုလ်ဟူ၍၎င်း။ မဂ်၏ အစွမ်းကြောင့် ဒိဋ္ဌိဝိစိကိစ္ဆာ သြဠာရိက ကာမဝစရကုသိုလ် အပါယမနီယ အကုသိုလ်တို့ မရှိနိုင်သောကြောင့် နိရုပဓိံ၊ ဒိဋ္ဌိစသော ကိလေသုပဓိမရှိသော။ ကုသလံ၊ လောကုတ္တရာ အောက်မဂ်ကုသိုလ်-ဟူ၍လည်းကောင်း။ ထို့အပြင် နိဗ္ဗာန် အာရုံပစ္စည်းတရား၊အောက်မဂ်နှစ်ပါးက အာရမ္မဏိက ပစ္စယုပ္ပန်တရား ဖြစ်ခြင်းကြောင့် နိရုပဓိံ၊ နိရုပဓိဟုခေါ်ဆိုအပ်သော နိဗ္ဗာန်ကို အာရုံ အာရမ္မဏိက အကြေင်းအကျိုး အနေအားဖြင့်မှီိနေသော။ ကုသလံ၊ လောကုတ္တရာ အောက်မဂ်ကုသိုလ်ူ၍လည်းကောင် သိစေသည်။
ထို့ကြောင့် ဝိသေသျ ကုသလံပုဒ်၏ အရကောက် လောကီကုသိုလ် လောကုတ္တရာ ကိုသုလ်နှစ်မျိုး ကွဲသလို အပ္ပမာဏံ နိရုပဓိံ-ဟူသော ဝိသေသန နှစ်ပုဒ်လည်း အဓိပ္ပါယ် ပြောင်းလွဲသွားလေသတည်း။ (ဋ္ဌ၊၂၄၇) ဝါ၊ အကြိမ်များစွာ။
ကတွာ၊ ပြု၍။
အပ္ပမာဏံ၊ အနည်းများ အပိုင်းအခြားမရှိသော။
ဝါ၊ အကြိမ်အရေတွက် အပိုင်းအခြားမရှိသော။
နိရုပဓိံ၊ ကိလေသာအညစ်အကြေးဟူသော ဥပဓိကင်ေးသာ။
ကုသလံ၊ ကာမဝစရ ကုသိုလ်ကို။
ဝါစယ၊ ဝစိုဒွါရဖြင့်။
ဗဟုံ၊ များပြားစွာ။
ဝါ၊ အကြိမ်များစွာ။
ကတွာ၊ ပြု၍။
အပ္ပမာဏံ၊ အနည်းအများ အပိုင်းအခြားမရှိသော ဝါ= အကြိမ်အရေအတွက် အပိုင်းအခြား မရှိသော။ နိရုပဓိံ၊ ကိလေသာ အညစ်အကြေး ဟူသော ဥပဓိကင်းသော။ ကုသလံ၊ ကမာဝစရကုသိုလ်ကို။ ဗဟုံ၊ စါာ။ မနသာ၊ မနောဒွါရဖြင့်။ ကတွာ၊ ပြု၍။
တစ်နည်း- အပ္ပမာဏံ၊ အပိုင်းခြားကို ပြုတတ်သော ဒိဋ္ဌိနှင့် ရုန့်ရင်းသော ကာမရာဂ စသော ကိလေသာတို့ကို သမုစ္ဆေဒပဟာန်ဖြင့် ပယ်ဖြတ်ခြင်းကြောင့်) မည်ရွေ့မည်မျှဟု အတိုင်းအတာမရှိသော။ နိရုပဓိံ၊ (သတ္တမဘဝမှ နောက်ဖြစ်ထိုက်သော ခန္ဓုပဓိ= ထိုခန္ဓုပဓိကိုဖြစ်စေတတ်သော အဘိသင်္ခါရုပဓိ= ဒိဋ္ဌိဝိစိကိစ္ဆာ အပါယဂမနီယ တနုကရဏီယ-တည်းဟူသော ကိလေသုပဓိတို့ကို သောတာပတ္တိမဂ် သကဒါဂါမိမဂ်တို့ဖြင့် ပယ်ရှားပြီးသောကြောင့်) ဥပဓိမရှိသော။ တစ်နည်း-နိရုပဓိ၊ နိရုပဓိဟု ခေါ်ဆိုအပ်သော နိဗ္ဗာန်ကိုမှီသော။ ကုသလံ၊ သောတာပတ္တိ သကဒါဂါမိ မဂ်ကုသိုလ်ကို။ ကာယေန၊ ဖြင့်။ ကတွာ၊ ပြု၍။ ဝါစာယ၊ ဖြင့်။ ကုသလံ၊ သောတာပတ္တိ သကဒါဂါမိမဂ်ကုသိုလ်ကို။ ကတွာ၊ ၍။ မနဿာ၊ ဖြင့်။ ကုသလံ၊ သောတာပတ္တိ သကဒါဂါမိမမဂ်ကုသိုလ်ကို။ ကတွာ၊ ၍။ (ဤ ဒု-နည်း၌ ဗဟုံ ထည့်ရန်မလို။)
တယောမေ ပုဂ္ဂလာ လာကေ ဥပ္ပဇ္ဇာမာနာ (လ) အတ္တာယ ဟိတာယ သုခါယ ဒေဝမနုဿာန’န္တိ၊ ဒေဝမနုဿာနံ’ဟူသော။ ဧတံ၊ ဤဗဟုဇနဟိတသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ ဟိ၊ ဟောတော်မူအပ်သည်သာ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ ဟူ၍။ မေ၊ သည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။
**လောကေ**၊ သတ္တလောက၌။
ဝါ၊ လူ့လောက၌။
**တယော**၊ သုံးမျိုးကုန်သော။
**ဣမေ ပုဂ္ဂလာ**၊ ဤပုဂ္ဂိုလ်တို့သည်။
ဥပ္ပဇ္ဇမာနာ၊ ဖြစ်ပြီးကုန်သည်ရှိသော်။တယောမေ ပုဂ္ဂလာ လောကေ ။ ။ လောကသည် သတ္တလောက သင်္ခါရလောက သြကာသာလောက ဟု သုံးမျိုးရှိ၏။ ထိုတွင် ဤလောကအရ သတ္တလောက ကိုသာယူပါ။ ထိုသတ္တလောကသည်လည်း အမျိုးအမျိုး ရှိ၏။ ထိုတွင် ဒေတလောကဗြဟ္မလောကကို မယူရ၊ မနုဿလောကကိုသာ ယူပါ။ ထိုမနုဿ လောကသည်လည်း ဤစကြာဝဠာရှိ မနုဿ အခြားသောစက္ကဝဠာရှိမနုဿဟု ၂-မျိုး ရှိ၏။ ထိုတွင် ဤ၌ ဤစကြာဝဠာရှိ မနုဿတို့ကိုသာ ယူပါ။ အခြားသော စကြာဝဠာရှိမနုဿတို့ကို မယူရ။ ဤစကြာဝဠာရှိ မနုဿတို့တွင်လည်း အရှေ့လားသော် ဂဇင်္ဂနိဂုမ်း, ထို၏တစ်ဖက်၌ မဟာသာလာ၊ အရှေ့တောင်ဝယ် သလ္လာဝတီမြစ်၊ တောင်လားသော် သေတကဏ္ဏိက နိဂုမ်း၊ အနောက်လားသော် ထူဏဗြဟ္မဏရွာ၊ မြောက်လားသော် ဥသိရဒ္ဓဇတောင်၊ ဤသတ်မှတ်ချက် အတွင်းရှိ မုဿလောကကိုသာယူ။ ကျန် ပစ္စန္တိမဇနာပဒရှိမနုဿာတို့ကို မယူရ။
ဤလောကပုဒ်အဖွင့်နှင့် စပ်၍ မနုသာလောကေပိ န အညသ္မိံ စက္ကဝါဠေ၊ စက္ကဝါဠေ၊ ဣမသ္မိံ- ယေဝ စက္ကဝါဠေ-ဟူသော ဠ-အဖွင့်ကို အထူးသတ်ပြုသင့်၏။ ပြုလျှင် အခြားသောစက္ကဝါဠတို့၌လည်း လူသားတွေရှိသည်-ဟူသော အဓိပ္ပါယ် သိရ၏။
ဗဟုဇနဟိတာယ၊ များစွာသော သတ္တဝါတို့၏ အစီးပွားအလို့ငှာ။ ဗဟုဇနသုခါယ၊ များစွာသော သတ္တဝါတို့၏ ချမ်းသာဖို့အလို့ငှာ။ လောကနုကမ္ပာယ၊ သတ္တလောကကို စောင့်ရှောက်ခြင်းအကျိုးငှာ။ ဒေဝမနုဿာနံ၊ နတ်လူတို့၏။ အတ္ထာယ၊ အကျိုးငှာ။ ဟိတာယ၊ အစီးပွား အလို့ငှာ။ သုခါယ၊ ချမ်းသာဖို့ အလို့ငှာ။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။
ဝိပ္ပကတ-သဒ္ဒါသည် အခြားနောရာတို့၌ ‘မပြီးဆုံးသေး’ ဟူသော အနက် ဟောသာတွေ့ရ၏။ ယင်းသို့ တွေ့ရသော်လည်း ဤ၌ ဝတ္တမာန အန္တိဝိဘတျန္တ ‘ဥပ္ပဇ္ဇန္တိ’သည် ပစ္စုပ္ပန်ကာလကို မဟော၊ ဝိပ္ပကတ- ပြီးဆုံးပြီ ဟူသော အနက် ဟော။ မာနာပစ္စယန္တဥပ္ပဇ္ဇမာနပုဒ်သည် ဝတ္တမာနေ မာနန္တာနှင့်အညီ ပစ္စုပ္ပန် ကာလ၊ သေသေဿန္တုမာနာနာနှင့်အညီ အနာဂတ်ကာလကို မဟော။ ဝိပ္ပကတ ‘ပြီးဆုံးပြီ’ဟူသော အနက်ကိုဟောသည်။ ယင်းသို့ ထုံးစံ မာနပစ္စယန္တပုဒ် တိဝိဘတ္တျန္တပုဒ်တို့သည် ဘယ်နည်းနှင့်မျှပြီးဆုံးချင်းအနက်မဟောဟု အကန့်ကွက်မမြစ်နိုင်ဟူသော အဓိပ္ပါယ်ကို ဧဝရူပံဟေတ္ထသဒ္ဒလက္ခဏံ န သက္ကာ အညေန သဒ္ဒလက္ခဏေန ပဋိဗာဟိတုံ-ဟု နှုတ်ပိတ်ဖွင့်ဆိုလိုက်သည်။ ဆဠ-အဘိဓာန် အဝိပ္ပကာလပုဒ်၌လည်း ဝိပ္ပကတကို အပြီးအဆုံးသို့မရောက်သေးသောအချိန်ကာလဟု တွေ့ရသည်။
အများနှင့် မဆန့်ကျင်အောင် အောက်ပါအတိုင်းယူသော ရနိုင်၏။ ဥပမာ-ဘုဇဉ္ဇန္တောဘုဉ္ဇမာနောပုဒ် ဘုဉ္ဇတိပုဒ်တို့သည် ပုဂ္ဂိုလ်တစ်ဉုး၏ စားတုန်းစားဆဲ ပစ္စုပ္ပန်ကာလကွက်ကွက်ကိုသာ ဟောသည်။ မစားခင်အနာဂတ်၊ စားပြီး အတိတ်ကာလနှင့် ဘုဉ္ဇန္တော ဘုဉ္ဇမာနော ဘုဉ္ဇတိ- ပုဒ်တို့ လုံးဝ မဆိုင်ပေ။ ဤဥပ္ပဇ္ဇမာနပုဒ် ဥပ္ပဇ္ဇန္တိပုဒ်တို့ကားသမ္မာသမ္ဗုဒ္ဓ၏ အရဟတ္တမဂ္ဂက္ခဏကာလ သက်သက်ကိုသာ ကွက်၍ ဟောသည်မဟုတ်။ ဘရား ရဟန္တာ သေခ ဖြစ်ပြီး,နောက်ပိုင်းအနာဂတ်ကာလတို့ကိုလည်း ဤဥပ္ပဇ္ဇမာနာပုဒ် ဥပ္ပဇ္ဇန္တိပုဒ်တို့ကဟောသည်။
ဤသို့ ဘုဉ္ဇန္တော ဘုဉ္ဇမာနော ဘုဉ္ဇတိ-တို့နှင့် မတူဘဲ ကျယ်ကျယ်ပြန့်ပြန့်ဟောခြင်းကို ဝါ-အတိတ်ရော အနာဂတ်ပါ ဥပ္ပဇ္ဇမာနဟူသော မာနပစ္စယန္တပုဒ်က ဟောခြင်းဥပ္ပဇ္ဇန္တိဟူသော ဝတ္တမာန အန္တိဝိဘတ္တျန္တပုဒ်က ဟောခြင်းကို ကစ္စည်းစသော ဗျာကရုဏ်းအဆိုတို့နှင့် မညီဟု မကန့်ကွက် မတားမြစ်နိုင်-ဟူသော အဓိပ္ပါယ်ကိုရည်၍ ဧဝရူပံ ဟေတ္ထ သဒ္ဒလက္ခဏံ (လ) ပဋိဗာဟိတုံ-ဟုဖွင့်သည်ဟူ၍သော်လည်းကြံလေ။
ဣဓ အရဟတ္တဖလက္ခဏံ သန္ဓာယ ဥပ္ပဇ္ဇတီတိ ဝုတ္တော။ဥပ္ပန္နော ဟောတီတိ အယံ ဟေတ္ထ အတ္ထော-ဟူသော အဋ္ဌကထာကောက်ချက်ကို ရှုသော် ပဌမနည်းသာ ယုတ္တတရတည်း။
ဥပ္ပဇ္ဇတိအရ ဘုရားအလို အရဟတ္တမဂ်အခိုက် ဥပ္ပဇ္ဇတိ၊ သေက္ခပုဂ္ဂိုလ် အလိုကားသောတာပတ္တိမဂ်အခိုက် ဥပ္ပဇ္ဇတိ။ ဥပ္ပန္နောအရ ဘုရားအလို အရဟတ္တမဂ်ရသည်နှင့်တစ်ပြိုင်နက် သလကဗုဒ္ဓဂုဏ်တွေအလိုအလို ရရောက်လာသည့်အတွက် အရဟတ္တဖိုလ််အခိုက် ဥပ္ပန္န၊ ရဟန္တာအလိုလည်း အရဟတ္တဖိုလ် ဥပ္ပန္န၊ သေက္ခပုဂ္ဂိုလ်အလို သောတာပတ္တိဖိုလ်မှ စ၍ ဥပ္ပန္န၊ ဤသို့ အစဉ်အတိုင်း ပုဂ္ဂိုလ်သုံးမျိုးနှင့် ဥပ္ပဇ္ဇမာနော စသည် ပုဒ်သုံးမျိုး စပ်ဟပ်ကာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇန္တိ-ဟူသော ပါဠိ အဓိပ္ပါယ်ကို သိလေ။
ဣဓ အရဟတ္တဖလက္ခဏံ သန္ဓာယ ‘ဥပ္ပဇ္ဇတီ’တိ ဝုတ္တောဟူသည်နှင့်အညီ ဥပ္ပဇ္ဇတိ-ဟု ပစ္စုပ္ပန္နကာလိက ဝတ္တမာန်တိဝိဘတ်ဖြင့် ရှိစေကာ အရဟတ္တဖိုလ် အခိုက်ကိုရည်၍ ဟောအပ်သော ဥပ္ပဇ္ဇတိကြိယာဖြစ်ခြင်းကြောင့် ဥပ္ပန္နော ဟောတီတိ အယံဟေတ္ထ အတ္ထော-ဟု အဓိပ္ပေတတ္ထ ချမှတ်သည့်အတိုင်း ဥပ္ပဇ္ဇတိ၊ ဥပ္ပန္နော ဖြစ်ပြီး အတိတ်အနက် ကိုသာ မှတ်ယူအပ်၏။
ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇန္တီတိ ဣဒံ ပန ဥဘယမ္ပိ ဝိပ္ပကတဝစနမေဝ-ဟူသော ဋ္ဌ-ပဌမနည်းအလိုအားဖြင့် ဥပ္ပဇ္ဇမာနာ-ရော ဥပ္ပဇ္ဇန္တိ-ရော နှစ်ပုဒ်လုံး ဥပ္ပဇ္ဇန္တိနှင့် အလားတူ အတိတ်အနက်ချည်းတည်း။
၁။ ဗဟုဇနဟိတာယ။ ။ပညာအရည်အချင်း ပြည့်စုံခြင်းဖြင့် ဗဟုဇနတို့အား ပစ္စုပ္ပန်သံသရာနှစ်ဖြာသော အစီးအပွား ညွှန်ကြားတော်မူသည်။ ညွှန်ကြားသည့်အတိုင်း ဗဟုဇနတို့ စီးပွားဖြစ်ထွန်းသည်ကို ရည်၍ တထာဂတော လောကေ ဥပ္ပဇ္ဇ-မာနော ဗဟုဇနဟိတာယ ဥပ္ပဇ္ဇတိ-ဟုဟောတော်မူသည်။ ရဟန္တာနှင့်သက္ခ နည်းတူသိ။
၂။ ဗဟုဇနသုခါယ။ ။ စွန့်ကြဲပေးကမ်းမှုပြည့်စုံခြင်းဖြင့် ဗဟုဇနတို့ကို ကျေးဇူးများသော ချမ်းသာသုခနှင့်ပြည့်စုံစေတော်မူသည်။ ယင်းသို့ ပြည့်စုံစေသည့်အတိုင်း ဗဟုဇနတို့ ချမ်းသာသုခနှင့် ပြည့်စုံသည်ကို ရည်၍ တထာဂတော လောကေ ဥပ္ပဇ္ဇမာနော ဗဟုဇနသုခါယ ဥပ္ပဇ္ဇတိ-ဟု ဟောတော်မူသည်။ ရဟန္တာနျင့် သေက္ခနည်းတူသိ။
၃။ လောကာနုကမ္ပာယ။ ။မေတ္တာကရုဏာ နှစ်ပါး ပြည့်စုံခြင်းဖြင့် သတ္တလောကကြီးကို မိဘသဖွယ် စောင့်ရှေက်တော်မူ၏။ စောင့်ရှောက်သည့်အတိုင်းလောကသူ လောကသားတို့ အေးအေးချမ်းချမ်း နေရခြင်း၊ အညှင်း အနှိပ်စက်လောကာနုကမ္ပာယ ဥပ္ပဇ္ဇတိ-ဟု ဟောတော်မူသည်။ ဤ လောကာနုကမ္ပာယနှင့်စပ်၍ ရှေ့ပိုင်း၌ ဤသို့ တစ်နည်း ပြသေး၏။ လောကနုကမ္ပာယ၌ လောကအရသတွာ မှန်သမျှ မယူရ၊ ဘုရား၏ တရား နာကြားရ၍ သစ္စာလေးပါးသိသူ အမြိုက်ရည်သောက်စို့ရသူကိုသာ ယူရမည်။
ဥပမာ- ဓမ္မာစကြာဟောလို့ အရှင်ကောဏ္ဍာထေရ် စသည်တို့ သစ္စာလေးပါးသိသကဲ့သို့ အရှင်သာရိပုတြာ၊ အရှင်အာနန္ဒာ ရဟန္တာကြီးတို့ ဟောကြာသဖြင့်များစွာသော ဝေနေယျတို့ ကျွတ်တမ်းဝင်ကုန်သကဲ့သို့ အရှင်မဟာမဟိန္ဒထေရ် စသည်တို့ ပြောကြားသဖြင့် သံသရာမှ လွတ်မြောက်ကြသလို ထိုထိုဝေနေယျတို့ကို ဘုရားရဟန္တာ သေက္ခ တို့က သံသရာဝဋ်ဒုက္ခမှ လွတ်စေခြင်းကိုပင် ရည်၍ တထာဂတောခီဏာသဝေါ သေခေါ လောကေ ဥပ္ပဇ္ဇမာနော လောကာနုကမ္ပာယ ဥပ္ပဇ္ဇတိ-ကမ္ဘာသူ ကမ္ဘာသား သတွာများကို စောင့်ရှောက်ဖို့ ဘုရား ရဟန္တာ သေက္ခတို့ ဖြစ်ထွန်းပေါ်ပေါက်လာသည်ဟု ဆိုလိုသည်။
၄။ အတ္ထာယ ဒေဝမနုဿာနံ။ ။ ကျွတ်ထိုက်သော ဝေနေယျတို့ကိုသာ ဒေဝမနုဿ-အရ ယူရမည်။ ထိုကျွတ်ထိုက်သော ဝေနေယျတို့ နိဗ္ဗာန်ကို မျက်မှောက်ပြနိုင်ရေးအတွက် ဘုရား ရဟန္တာ သေက္ခတို့ ဖြစ်ထွန်းတော်မူသည်။ မျက်မှောက်လည်းပြုကြ၏။ ထိုကို ရည်၍ တထာဂတော လောကေ ဥပ္ပဇ္ဇမာနော ဒေဝမနုဿာနံ အတ္တာယ ဥပ္ပဇ္ဇတိ ဟူ၍ လည်းကောင်း။ ခီဏာသဝေါ လောကေ ဥပ္ပဇ္ဇမာနော ဒေဝမနု-ဿာနံ အတ္ထာယ ဥပ္ပဇ္ဇတိဟူ၍လည်းကောင်း၊ သေခေါ လောကေ ဥပ္ပဇ္ဇမာနော ဒေဝမနုဿာနံ အတ္ထာယ ဥပ္ပဇ္ဇတိ ဟူ၍လည်းကောင်း ဟောတော်မူသည်။
၅။ ဟိတာယ ဒေဝမနုဿာနံ။ ။ သံသရာတစ်ဖက်ကမ်း နိဗ္ဗာန်နန်းသို့ ရောက်စေတတ်သော မဂ်တည်းဟူသော အစီးအပွား ရရှိစေရန် ဘုရားရဟန္တာသေက္ခတို့ ဝေနေယျတို့အား မဂ်တည်းဟူသော အစီးပွား ရရှိစေရန် ဘုရားရဟန္တာသေက္ခတို့ ဝေနေယျတို့အား နိယျာနိကဓမ္မကို ဟောကြားပြသတော်မူကြသည်။ ပြသည့်အတိုင်း မဂ်တည်းဟူသော စီးပွား ဖြစ်ထွန်းကြသည်။ ထိုကို ရည်၍ တထာဂတော လောကေဥပ္ပဇ္ဇမာနော ဒေဝမနုဿာနံ ဟိတာယ ဥပ္ပဇ္ဇတိဟူ၍လည်းကောင်း၊ သေခေါလောကေ ဥပ္ပဇ္ဇမာနော ဒေဝမနုဿနံ ဟိတာယ ဥပ္ပဇ္ဇတိဟူ၍လည်းကောင်း ဟောတော်မူသည်။ (မဂ်အစီး အပွားသည် အကောင်းဆုံး။သူ့ထက်သာတာမရှိ) **ဒေဝမနုဿာနံ**၊ နတ်လူတို့၏။ **အတ္ထာယ**၊ အကျိုးငှာ။ **ဟိတာယ**၊ အစီးပွားအလို့ငှာ။ သုခါယ၊ ချမ်းသာဖို့ အလို့ငှာ။ ဥပ္ပဇ္ဇတိ၊ ဖြစ်ပြီ။
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ နောက်ထပ်တစ်မျိုးကား။ တဿေဝ သတ္ထု၊ ထိုဆိုအပ်ခဲ့သော ဘုရားရှင်၏။ သာဝကော၊ တပည့်သာဝကသည်။ သေခါ၊ ကျင့်ဆဲ။ ပါဋိပဒေါ၊ မဂ်အကျင့်ဖြင့် အရိယာ ဖြစ်လာသည်။ ဗဟုဿုတော၊ များသော ပရိယတ် အကြားအမြင် ရှိသည်။ ဝါ၊ ပရိယတ် အကြားအမြင်များသည်။ သီလဝတူပပန္နော၊ စတုပါရိသုဒ္ဓိသီလ အာရညကင်ဓုတင်အကျင့်နှင့်ပြည့်စုံသည်။ ဟောတိ၊ ၏။
သောပိ၊ ထိုသေက္ခပုဂ္ဂိုလ်သည်လည်း။ အာဒိကလျာဏံ၊ သော။ မဇ္စျေ-ကလျာဏံ၊ သော။ ပရိယောသာနကလျာဏံ၊ သော။ ဓမ္မံ၊ တရားကို။ ဒေသေတိ၊ ဟော၏။ သာတ္ထံ၊ အနက်နှင့် ပြည့်စုံသော။ သဗျဉ္ဇနံ၊ သဒ္ဒါနှင့်ပြည့်စုံသော။ ကေဝလပရိပုဏ္ဏံ၊ ထက်ဝန်းကျင်အားလုံးပြည့်စုံသော။ ပရိသုဒ္ဓံ၊ ထက်ဝန်းကျင် စင်ကြယ်သော။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ ပကာ-သေတိ၊ ပြ၏။ ဘိက္ခဝေ၊ တို့။ တတိယော၊ သုံးယောက်မြောက်သော။ အယံ ပုဂ္ဂလော၊ ဤသေက္ခပုဂ္ဂိုလ်သည်။ လောကေ၊ သတ္တလောက၌။ ဥပ္ပဇ္ဇ-မာနော၊ ဖြစ်ပေါ်လာခဲ့သော်။ ဗဟုဇနဟိတာယ၊ ငှာ။ ဗဟုဇနသုခါယ၊ ငှာ။ လောကာနုကမ္ပာယ၊ ငှာ။ **ဒေဝမနုဿာနံ**၊ တို့၏။ အတ္ထယာယ၊ ငှာ။ ဟိတာယ၊ ငှာ။ **သုခါယ**၊ ငှာ။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်ပြီ။
အသုဘာနုပဿီ-စသော ရှေ့နှစ်ဝါကျ။ ။ အသုဘာနုပဿီ အာနာပါန-ဿတိ ရှေ့ပါဠိ နှစ်ဝါကျဖြင့် ရာစရိုက် ဝိတက်စရိုက် သမားများနှင့်လျော်သော ပဋိကူမနိသိကာရ ကာယာနုပဿနာတို့၏ အစွမ်းဖြင့် သထမရော ဝိပဿနာပါ တွဲအားထုတ် ရန် အကျဉ်းပြသည်။
အနိစ္စာပနုပဿိနော။ ။ ဤ အနိစ္စနုပဿိနော ဝါကျဖြင့်ကား သမထဖက်ဝိပသနာဘာဝနာ သက်သက် အားထန်ရန်ပြသည်။ ဤနည်း၌ ၁။ အနိစ္စ ၂။ အနိစ္စလက္ခဏာ ၃။ အနိစ္စာနုပဿနာ ၄။ အနိစ္စာနုပဿီ-ဟု လေးမျိုးကို အထူးသိထားဖို့ လိုသည်။
ဘိက္ခဝေ၊ တို့။
ကာယသ္မိ့၊ ကိုယ်ခန္ဓာ၌။
အသုဘာနုပဿီနံ၊ မတင့်တယ်သော အခြင်းအရာကို (၃၂-ကောဋ္ဌာသ အဖြင်းအရာ၏ အစွမ်း= အလောင်းကောင်၌ ယူအပ်ပြီးသော နိမိတ်ကို ကပ်ဆောင်ခြင်း၏ အစွမ်းဖြင့်) အဖန်ဖန်ရှုကြကုန်သည်ဖြစ်၍။၁။ဟုတွာ အဘာဝတော၊ ဖြစ်ပြီးသည်နှင့် တစ်ပြိုင်နက် မရှိတော့ဘဲပျောက်သွားခြင်း။ ဥဒယဗ္ဗယယောဂတော၊ဖြစ်ခြင်းပျက်ခြင်းမက်း ယှဉ်စပ်နေခြင်း။ တာဝကာလိကတော၊ လျှပ်တစ်ပြက်ပင်မကြာ တစအောင့် တစ်ခဏမျှသာ ခံခြင်း။ နိစ္စပဋိပက္ခတော၊ ခိုင်မြဲခြင်းနိစ္စသဘောနှင့် ဆန့်ကျင်ဘက် ဖြစ်ခြင်းကြောင့် ခန္ဓာပဉ္စက-ခန္ဓာငါးပါးသည်အနိစ္စ။
၂။ ဖြစ်သည်နှင့်တစ်ပြိုင်နက် မရှိတော့ဘဲ ပျောက်ပျက်သွားသော အခြင်းအရာသည် တဿ ယော ဟုတွာ အဘာဝါကောရော။ တံ အနိစ္စလက္ခဏံ-ဟူသည်နှင့် အညီ”အနိစ္စလက္ခဏာ”။
၃။ တံ အာရဗ္တ ပဝတ္တာ ဝိပဿနာနှင့်အညီ ထိုအခြင်းအရာကို အာရုံပြု၍ဖြစ်သော ဝိပဿနာသည် အနိစ္စာနုပဿနာ။
၄။ တံ အနိစ္စန္တိ ဝိပဿကော၊ ထိုခန္ဓာငါးပါးကို အနိစ္စဟု ရှုသော ယောဂီသည် အနိစ္စာနုပဿီမည်၏။
အထက်ပါလေးမျိုးနှင့် ပတ်သက်၍ ဝိပဿနာရှဒပုံ ရှုနည်းကို သိသင့်၏။ ဥပမာ-အဆောက်အအုံတစ်ခုကို မလှမ်းမကမ်းမှ ကြည့်လျှင် အိမ်၏ တစ်ထပ် နှစ်ထပ် အကြီးအငယ် အနိမ့်အမြင့် ဆင်ဝင်ပါ, မပါစသည်တော့သိနိုင်၏။ ထိုအိမ်၏ တိုင်တန်းထုတ်လျောက် ဒိုင်းမြား ကျည်းခွေစသည်တို့၏ အသားမာလား အခြားသားလား ကျွန်းလား စသည် မသိနိုင်။ လက်သမားမျက်စိဖြင့်ကြည့်မှ အထူးအားဖြင့် အနီးကပ်ကြည့်မှ ပုံသဏ္ဌာန်နိမိတ်ကို အာရုံမပြုဘဲ အသားမျိုး မှန်မမှန် ထိုအဆောက်အအုံ ထိုအိမ်၏အုတ် အသားသွပ်တို့၏ ခိုင်မခိုင် ကြာရှည်ခံ မခံကို သိနိုင်သည်။ အိမ်၏ အကြီးအငယ် အနိမ့်အမြင့် ဆင်ဝင်ပါမပါ ပုံ အချိုးကျမကျကို ကြည့်လျှင် ခိုင်မခိုင် ရည်ရှည်ခံ မခံ မသိနိုင်။
ထို့အတူ မိမိ၏ကိုယ်ခန္ဓာကို အားလုံး ခြုံငုံကြည့်လျှင် အပိန်အဝ အနိမ့်အမြင့် သွားက ဘယ်လို မျက်စိက ပြူးတယ် မှေးတယ် နှာခေါင်းက ချွန်တယ် ပြားချပ်ချပ်ရယ်စသော ပုံသဏ္ထာန်နိမိတ်ကိုသာ အသိရောက်မည်။
နိမိတ်ကိုသာ အသိရောက်လျှင် ကျိုးသွားပြီး၊ ဒူးပွန်းနေတယ် ခေသလုံး အနာပေါက်တယ်စသည်ဖြင့် ပညတ်အနေဖြင့် ဖောက်ပြန်ပုံကိုသာ သိမည်။
ထို့ကြောင့် ဒွါရခြောက်ပါးဝယ် ပေါ်လာသော အာရုံတို့ကို ပေါ်လာတိုင်း ပေါ်လာတိုင်း ပေါ်တုန်းဆဲဆဲမှာ သတိချပ် ရှုမှတ်ရမည်။ အကယ်၍ စက္ခဒွါရခေါ် မျက်စိထဲမှာ ပေါ်လာသော ရူပါရုံကို မြင်လျှင် မြင်ရတဲ့ အဆင်ရူပါရုံ ရူပက္ခန္ဓာ၊ ထိုရူပါရုံကိုမြင်ရအောင် ကြောင့်ကျစိုက်တဲ့ စေတနာ၊ နှလုံးသွင်းတဲ့ မနသိကာရကြောင့် ဖြစ်ပေါ်လာသော တွေ့ထိခြင်း ဖဿ စသည် တို့က သင်္ခါရက္ခန္ဓာ၊ ထိုဖသကြောင့် ကောင်း,မကောင်း ခံစားမှုဝေဒနာက ဝေဒနာက္ခန္ဓာ၊ စက္ခုဒွါရ (မျက်စိ) ၌ ပေါ်လာသော အာရုံကို အဆင်းရူပါရုံဟု မှတ်ထားတဲ့ သဘောက သညာက္ခန္ဓာ၊ မြင်သိစိတ် စက္ခုဝိညာဏ်က ဝိညာက္ခန္ဓာ-ဟု ခန္ဓာငါးပါး၌ အသိရောက်မည်။ ဝါ၊ ဝေဒနာ သညာသင်္ခါရ ဝိညာဉ်ဟူသော နာမ်ခန္ဓာ ၄-ပါးက နာမ်တရား၊ ရူပါရုံ ရုပ်တရားဟု ရုပ်နာမ်တည်းဟူသော တကယ့်အရှိတရား၌ အသိရောက်မည်။ ယင်းသို့ ရုပ်နာမ်ခန္ဓာပဉ္စသင်္ခါရ၌ အသိရောက်မှသာ ရုပ်နာမ်ကွဲတဲ့ နာမရူပပရိစ္ဆေဒဉာန်၊ ဤမျက်စိ၌ပေါ်လာတဲ့ ရုပ်နာမ်ခန္ဓာတွေဟာ အကြောင်းမဲ့ ပေါ်ပေါက်လာသည်မဟုတ်၊ မျက်စိရယ် အဆင်းရယ် အလင်းရောင်ရယ် နှလုံးသွင်းခြင်းရယ်ဟု ဆိုအပ်သော အကြောင်းကြောင့်သာ ပေါ်လာသည်ဟု သိသော ပစ္စယပရိဂ္ဂဟဉာန်၊ ထိုပေါ်ပေါက်လာသော ရုပ်နာမ်ဓမ္မ ခန္ဓာပဉ္စကတို့သည် အခုမြင် အခုပျက် ပေါ်ပေါက်လာပြီး ပျောက်ပျောက်ပျက်သွားကြတယ်။ ထိုအဖြစ်အပျက်၏ ဒဏ် ခံနေရသည့်အတွက် တန်ဖိုးမရှိ အချည်းအနှီးဒုက္ခ၊ မပျက်စေချင် ဒုက္ခမရောက်စေချင်ပေမဲ့ တားမရသောကြောင့် အနတ္တဟု ဉာန်၌ ပေါ်လာခြင်းသမ္မသနဉာန်ဟူသော ဉာန်သုံးပါးတို့သည် မျက်စိ၌ ပေါ်လာခိုက် ရုပ်နာမ်ခန္ဓာကို ရှုခြင်းကြောင့် ယောဂီ၏ သန္တာန် ထင်ရှားစွာ သိရှိလာပေမည်။ ဤအထိ တရုဏဝိပဿနာအဆင့် ရောက်ပြီ။
ဆက်ရှုလျှင် ထိုရုပ်တို့၏အဖြစ်အပျက်ကို၌ သိမြင်သော ဥဒယဗ္ဗယဉာန်၊ အပျက်ချည့်သိမြင်သော ဘင်္ဂဉာန်, ဆက်လက်၍ ကြောက်စရာ ရုပ်နာမ်တွေပါလား သိမြင်သော ဘယဉာန်,နောက် ထိုရုပ်နာမ်တွေကို ငြီးငွေ့တဲ့နိဗ္ဗိဉာန်,ထို ရုပ်နာမ်တွေပါလား သိမြင်သော ဘယဉာန်,နောက ထိုရုပ်နာမ်တို့မှ လွတ်မြောက်ချင်သော မုစ္စိတုကမျတာဉာန်စသည် ပေါ်ပေါက်ကာ မဂ်ဖိုလ်အထ ပေါက်ရောက်သွားပေမည်။ စက္ခုဒွါရ၌ ပေါ်ပေါက်လာသော ရုပ်နာမ်ဓမ္မ ခန္ဓာပဉ္စကကိုသိလျှင်၊ ကျန်ဒွါရငါးပါး၌ ပေါ်လာသော ရုပ်နာမ်တို့ကိုလည်း နည်းတူ သိလေ။
ဤကား “ဒွါရခြေက်ဖုံ၊ ပေါ်လာကုန်သည့်၊ အာရုံမှန်သမျှ၊ မလွတ်ရအောင်၊ မုချလက်ငင်း၊ ရှုမှတ်ခြင်း၊ မှတ်လျှင်း ဝိပဿနာ”ဟူသည်နှင့်အညီ ဝိပဿနာ ရှုပုံအကျဉ်း အမြွက်တည်း။
ဝိဟရတံ၊ နေကြသော ယောဂီတို့၏။
**သုဘာယဓာတုယာ**၊ တင့်တယ်သည်၏ အဖြစ်ဟူသော သုဘနိမိတ်အာရုံ၌။
**ယောရာဂါနုသယော**၊ အကြင်ဖြစ်ထိုက်သော ကာမရာဂါနုသယသည်။
ဟောတိ၊ လျော်သော အကြောင်းကို ရခြင်းကြောင့် ဖြစ်၏။
သော၊ ထို ကာမရာဂါ-နုသယကို။
မဂ္ဂေန၊ အနာဂါမိမဂ်သည် (ထည့်)။
ပဟီယတိ၊ ပယ်အပ်၏။သုဘာယ ဓာတု ရာဇဂါနုသယော ။ ။ သုဘာယ ဓာတုယာ ရာဂ်နုသယော-ဟူသော ပါဠိကို သုဘာယဓာတုယာတိ သုဘာဝေ သုဘနိမိတ္တေ-ဟု လည်းကောင်း၊ ရာဂါနုသယောတိ သုဘာရမ္မဏေ ဥပ္ပဇ္ဇနာရာဟော ကာမရာဂါနုသယောဟု လည်းကောင်း ဖွင့်သောကြောင့် အနုသယသည် အတွင်းအဇ္စျတ္တစိတ် အစဉ်တည်းဟူသော သန္တာန်၌ကိန်းသော သန္တာနာနုသယသာရှိသည် မဟုတ်။ အာရုံ၌ကိန်းသော အာရမ္မဏာနုသယဟူ၍လည်း ရှိသောကြောင့် သုဘာရမ္မဏေ ဥပ္ပဇ္ဇနာ-ရဟော ကာမရာဂါနုသယော-ဟု ဋ္ဌ-ဖွင့်ဆိုချက်ဖြင့် တိတိပပ သိရသည်။ ဥပမာ- ဖိုးသတွာသည် မသတွာ၏တင်ရင်၏ပုံသဏ္ဍာန် နိမိတ်အာရုံ မျက်စိ နှာခေါင်း ပါးစပ်စသော အင်္ဂါငယ်တို့၏ ပုံသဏ္ဌန်နိမိတ်ကို အာရုံပြလျှင် အယောနိသောလည်း ဖြစ်ခဲ့လျှင် နှစ်သက်သော သာယာမှုကာမဂတဏှာကို ဥပါဒ် ဌီ ဘင်အားဖြင့် ဖြစ်၏။ ထိုကား ပရိယုဌာနကိလေသာတည်း။ မသတွာ၏ သုဘနိမိတ်အာရုံ လူချင်း ကွဲ၍ မျက်စိအောက်မှ ပျောက်သွားသော်လည်း သတိရတိုင်းရတိုင်း ထိုကိလေသာ ကာမရာဂ ပေါ်လာနိုင်သည်။ ယင်းသို့ ပေါ်လာနိုင်သောကြောင့် ကုသိုလ်ကောင်းမှုပြုခိုက် ကာမ ရာဂ ဥပါဒ် ဌီ ဘင်အားဖြင့်မဖြစ်သည့်အတွက် ထိုဖိုသတွာ၌ ကိလေသာ ကာမရာဂ လုံဝမရှိဟု မဆိုနိုင်။ အကြောင်း ညီညွတ်လျှင် ပေါ်လာပေမည်။ မဂ်ဖြင့် မပယ်ရ သေးသည့်အတွက် ပေါ်လာနိုင်သေးသည်ကိုပင် ကာမရာဂါနုသယ ကိန်းသည်ဟု ဆိုရပေသည်။
ဥပမာ- ထမင်းစားနေသော လူတစ်ယောက်ကို ခင်ဗျား ဆေးလိပ်သောက် သလားဟု မေးလျှင် ဟုတ်ကဲ့ ကျွန်တော် ဆေးလိပ်သောက်ပါတယ်။ ဘာဆေးလိပ်သောက်သလဲဟုထပ်မေးလျှင် ဆေးပြင်းလိပ်သောက်ပါတယ်။ ဘာဆေးသောက်သလဲဟု ထပ်မေးလျှင် ဆေးပြင်းသောက်ပါတယ်ဟု ဖြေအံ့။ ထိုအဖြေ မှားတယ်ထင်ရ၏။ မမှားပါ၊ အဘယ်ကြောင့်ဆိုသော် ထမင်းစားတုန်းမို့ ဆေးလိပ်သောက်တာ မမြင်ရ စေကာမူ ထမင်းစားပြီးလို့ အကြောင်းညီညတ်လျှင် ဆေးပြင်းလိပ်ကို ဖွာမိပေလိမ့်မည်။ ဘာကြောင့်နည်း။ သောက်လက်စလည်းရှိတယ်၊ ဖြတ်လည်းမဖြတ်သောကြောင့်တည်း။ ထို့အတူ လောလောဆယ် ကာမရာဂမဖြစ်စေကာမူ အကြောင်းညီညွတ်လျှင် ဖြစ်နိုင်သော သတ္တိရှိသည်ကိုပင် သုဘနိမတ်အာရုံ၌ ကာမရာဂါနုသယ ကိန်းသည်ဟု အဋ္ဌကထာဆရာ ဖွင့်ဆိုခြင်းဖြစ်သည်။
သဗ္ဗသင်္ခါရေသု၊ အလုံးစုံသော တေဘူမကသင်္ခါရတရားတို့၌။ **အနိစ္စာ-နုဿီနံ**၊ အနိစ္စဟု အဖန်ဖန် ရှုသည်ဖြစ်၍။ ဝိဟရတံ၊ နေသောသူတို့၏ သန္တာန်၌။
ထိုကာမရာဂါနုသယကို အသုဘာနုပဿနာဘာဝနာက ပယ်နိုင်ပါသလား၊ အကြွင်းမဲ့တော့ တိုက်ရိုက်မပယ်နိုင်။ တဒင်္ဂသာ ပယ်နိုင်သည်။ သို့သော် အသုဘဟု ပွားများဖန်များလျှင် ပဌမဇ္စျာန်ရနိုင်သည်။ ထိုပဌမစျာန်ကို အခြေခံ၍ ဝိပဿနာဘဝနာ ဆက်လက် ရှုမှတ်ခြင်းဖြင့် အနာဂါမိမဂ်အထိ ရနိုင်သည်။ ရလျှင် ထိုအနာဂါမိမဂ်က ကာမရာဂါနုသယကို သမုစ္ဆေဒပဟာန်ဖြင့် အကြွင်းမဲ့ ပယ်ရှားနိုင်တော့၏။ ထို့ကြောင့် အသုဘာ ဘာဝေတဗ္ဗာ၊ ကာမရာဂသော ပဟာနာယ ‘ဟု အံ့-၃-၁၆၉၊ ခု၁-၁၂၀တို့၌ မိန့်ပြီ။
မိစ္ဆာဝိတက်ကို ပယ် ။ ။ အတွင်းအကျဆုံးသော သားသမီးပင်ဖြစ်စေကာမူ မိဘ၏ အကျိုးမဲ့ကို ပြုလုပ်လျှင် သားသမီးအဖြစ်မှစွန့််၍ အပသို့ထုတ်ပစ်ရသည်။ ဝိတက္ကာသယတည်းဟူသော မိစ္ဆာဝိတက်တို့သည်လည်း မိမိ၏ အတွင်းသန္တာန်၌ ဖြစ်စေကာ အပြင်ပငါးဖြာအာရုံ ကာမဂုဏ်ကို မှီငြိမ်းပြုခြင်း၊ မိစ္ဆာဝိက္ကီပုဂ္ဂိုလ်၏ အကျိုးမဲ့ ပြုခြင်းကြောင့် ဗာဟိရ ချမ်းသာဖို့မမြင် ဆင်းရဲဒုက္ခရောက်ဖို့သာရှိခြင်းကြောင့် ဝိဃာတပက္ခိကတို့သာဖြစ်ကြ၏။
ထို့ကြောင့် အာနာပါနသတိ ဘာဝနာ၌ပွားများလျှင် သမာဓိတည်၏။ ထိုသမာဓိကို မှီငြမ်းပြု၍ ဝိပဿနာရှုလျှင် အကြွင်းမဲ့ပယ်ရှားနိုင်တော့သည်သာ။ အာနာပါနဿတိဘာဝေတဗ္ဗာ၊ ဝိတက္ကုပစ္ဆေဒါယ’ဟု အံ့-၃-၁၆၉၊ ခု-၁-၁၂၀-တို့၌မိန့်ပြီ။
အနိစ္စာနုပဿီနံ။ ။ဤကား သုက္ခဝိပဿကရဟန္တာကိုရည်၍ ဟောအပ်သောဒေသနာတည်း။ မှန်၏။ သုက္ခဝိပဿကရရဟန္တာလောင်းလျာသည် ခန္ဓာပဉ္စက ရုပ်နာမ်သင်္ခါရတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု သုံးသပ်ရှုမှတ်ခြင်းကြောင့် ဝုဋ္ဌာနဂါမိနီဝိပဿနာ အဆင့်ထိဆိုက်ရောက်သဖြင့် သောတာပတ္တိမဂ်နှင့် ဆက်သွယ်မိ၏။ ထိုအခါ အမှန်သဘာဝကို ဖုံးလွှမ်းသော အဝိဇ္ဇာအမှောင်ထုလျော့သွား ပျော့သွား၏။ သကဒါဂါမိမဂ် အနာဂါမိမဂ် အထိရောက်လျှင် အမှောင်ထုလုံးဝ ပျောက်၍ ဝိဇ္ဇာဉာန်ရောင်အဆင်းသည် ထင်းချင်း တိုင်းထင်း လင်းချင်တိုင်း လင်းလေ၏။ လက္ခဏာရေးသုံးပါးတို့တွင် အနိစ္စလက္ခဏာသည် ကျန်နှစ်ပါး
ထက် ထင်ရှားခြင်းကြောင့်၎င်း အနိစ္စလက္ခဏာသည် ကျန်နှစ်ပါး ရခြင်း၏ အကြောင်းဖြစ်သောကြောင့်၎င်း ဒုက္ခာနုပဿီ အနတ္တာနုပဿီဟု မဟောဘဲ အနိစ္စာနုပဿီနံဟုသာ ဟောတော်မူသည်။ ထို့ကြောင့်ယဒနိစ္စံ တံ ဒုက္ခံ၊ ယံ ဒုက္ခံ တဒနတ္တာ’ဟု သံ-၂-၁၉-၌ဟောတော်မူပြီ။ ယာ အဝိဇ္ဇာ၊ (အမှန်သဘာဝကို ဖုံးလွှမ်းတတ်-အကျိုးမဲ့အားလုံးကို ဖန်တီးတတ် ဝဋ်ဆင်းရြအားလုံး၏ ပင်မူလဖဖြစ်သော) အကြင်အဝိဇ္ဇာသည်။
အတ္ထိ၊ ၏။
သာ၊ ထိုအဝိဇ္ဇာကို။
ပဟီယတိ၊ မဂ်ဖြင့်ပယ်အပ်၏။
ယာ အဝိဇ္ဇာ၊ အဝိဇ္ဇာမှောင်ထုကို ဖောက်ခွင်းနိုင်သော အကြင်ဝိဇ္ဇာသည်။
အတ္ထိ၊ ၏။
သာဝိဇ္ဇာ၊ ထိုအရဟတ္တမဂ်ဉာန်ဝိဇ္ဇာသည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်လာ၏။
**ယံ-ယေန အနုဓမ္မေန**၊ အကြင်လောကုတ္တရာကိုးပါးအား လျော်လျောက်ပတ်သော သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိ စသော ပုဗ္ဗဘာဂပဋိပဒါဖြင့်။ ဓမ္မာနု-**ဓမ္မပဋိန္နောတိ**၊ လောကုတ္တရာတရားအား လျော်စွာကျင့်သူဟူ၍။ ဝေယျာ-ကရဏာယ၊ ပြောဆိုခြင်းငှာ။ (ယုတ္တော၊ သင့်လျော်သည်။ ဟောတိ၊ ၏။) အယံ၊ ဤသီလဝိသုဒ္ဓိစသော ပုဗ္ဗဘာဂပဋိပဒါ အကျင့်သည်။ ဓမ္မနုဓမ္မပဋိ-ပန္နဿ၊ ဓမ္မာနုဓမ္မပဋိပန္နဖြစ်သော။ ဘိက္ခုနော၊ အား။ အနုဓမ္မော၊ လျော်လျောက်ပတ်သောသဘောသည်။ ဟောတိ၊ ၏။
(ဤကား ယန္တိ ကရဏတ္ထေ ပစ္စတ္တဝစနံ-နှင့် အညီ ယံ-အနိယမ အယံနိယမအဖြစ် ပေးသော အနက်တည်း။)
**ဓမ္မာနုဓမ္မပဋိပန္နောယံ**။ ။ ပဌမဝိကပ်အလို သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိစသော ပုဗ္ဗဘာဂပဋိပဒါသည် မဂ်ဖိုလ်နိဗ္ဗာန်ရရှိရေးတွက် လျော်သော အနုဓမ္မဖြစ်သလို ထိုပုဗ္ဗဘာဂပဋိပဒါသည် ဓမ္မာနုဓမ္မပဋိပန္နဘိက္ခုအဖို့လည်း လျော်သောအနုဓမ္မပင်ဟု ဆိုလိုသည်။ ဒုတိယဝိကပ်အလို ဓမ္မဘာသနဦ ဓမ္မဝိတက္ကန ဉာနု-ပေက္ခဝိဟရဏဟူသော ပုဗ္ဗဘာဂပဋိပဒါ သုံးမျိုးသည် မဂ်ဖိုလ်နိဗ္ဗာန် ရရေး အတွက် လျော်သော အနုဓမ္မ ဖြစ်သကဲ့သို့ ထိုသုံးမျိုးသည် ဓမ္မာနုဓမ္မ ပဋိပန္နဘိက္ခုဟု ကထနာ- ယာနုရဓပဟေတု၊ အနုစ္ဆဝက ကာရဏေ ဖြစ်၏ ဟူလိုသည်။
ဣတိ၊ ဤသို့။
ဘာသမာနော၊ ပြောဆိုလတ်သော်။
**ဓမ္မညေဝ**၊ တရားနှင့်စပ်သည်ကိုသာ။
ဝါ၊ တရားနှင့် မကင်းသည်ကိုသာ။
**ယံ ဘာသတိ**၊ အကြင်ပြောဆို၏။
အဓမ္မံ၊ တရားနှင့်မစပ် တရားနှင့်ကင်းသည်။
နော ဘာသာတိ၊ မပြောဆို။
ဝိတက္ကယမာနော ဝါ၊ ကြံစည်သော်လည်း။
ဓမ္မဝိတက္ကညေဝ၊ တရားနှင့်စပ် တရားနှင့် မလွတ်ကင်းသည်ကိုသာ။
ယံ ဝိတက္ကညေဝ၊ တရားနှင့်မစပ် မပတ်သက်သော ကာမဝိတက်စသည်ကို။
နော ဝိတက္ကေတိ၊ မကြံစည်။
တဒုဘယံ၊ ထိုနှစ်ပါးစုံသော ဓမ္မဘာသန ဓမ္မဝိတက္ကနိကို။
အဘိနိဝဇ္ဇေတွာ၊ မပြုကျင့်မူ။
သတော၊ အမှတ်သတိပြုလျက်။
သမ္ပဇောနော၊ သမ္ပဇဉ်ဖြင့် ကောင်းစွာ အပြားအားဖြင့် သိလျက်။
ဥပေက္ခကော၊ ဉာနုပေက္ခာ ပြုသည်ဖြသ်၍။
ယံ ဝိဟရတိ၊ အကြင်နေ၏။
အယံ၊ ဤဖြေဆိုခြင်းငှာ လျောက်ပတ်သောအကြောင်းသုံးမျိုးသည်။
ဓမ္မာနုဓမ္မပဋိပန္နဿ၊ လောကုတ္တရာအားလျော်သော သီလဝိသုဒ္ဓိစသော ပုဗ္ဗဘာဂအကျင့်ကို ကျင့်သော။
ဘိက္ခုနော၊ အား။
အနုဓမ္မော၊ လျော်လျောက်ပတ်သော သဘောတရားသည်။
ဟောတိ၊ ၏။ဓမ္မညေဝ ဘာသတိ-စသည်။ ။ ဓမ္မညေဝ ဘာသတိအရ တရားနှင့်စပ်သည်ကိုသာ ပြောရမည်။ ဓမ္မနှင့် စပ်သော စကားဟူသည် အပ္ပိစ္ဆကထာ သန္တုဋ္ဌိကထာ ပဝိဝေကကထာ အသံသဂ္ဂကထာ ဝီရီယာ-ရမ္ဘကထာ သီလကထာ သမာဓိကထာ ပညာကထာ ဝိမုတ္တိကထာ ဝိမုတ္တိဉာနဒဿနကထာ ဤ ၁၀-မျိုးကိုသာ ပြောခြင်းပင်တည်း။ ဤ ၁၀-မျိုးသာပြော၍ မဟိစ္ဆကထာ စသည် မပြောခဲ့သော် နိဗ္ဗိဒဝိရာဂ စသည်ဖြစ်၍ နိဗ္ဗာန်အထိ ရောက်နိုင်၏။
နေက္ခမ္မဝိတက်စသော ဓမ္မဝိတက်ကိုသာ ကြံစည်၍ ကာမဝိတက်စသော အဓမ္မဝိတက်ကို မကြံစည်လျှင်လည်း နိဗ္ဗာန်အထိ ရောက်နိုင်၏။ ထိုဓမ္မဘာသန ဓမ္မဝိတက္ကနိကု မပြုကျင့်တော့ဘဲ သတိသမ္ပဇဉ်ဖြင့် ဉာနုပေက္ခာအထိ ကျင့်လျှင်လည််း နိဗ္ဗာန်အထိ ရောက်၏။
ထို့ကြောင့် ဓမ္မဘာသနဟူသော ကထာ ၁၀- ပါးကိုသာ ပြောကြား၍ ဓမ္မဝိတက္ကနဟူသော နေက္ခဓမ္မဝိတက် စသည်ကိုသာ ကြံစည်လျက် ထိုနှစ်မျိုးကို မပြုကျင့်ခိုက်ဉာနုပေက္ခာဖြစ်အောင် သတိသမ္ပဇဉ်အမြဲယှဉ်စေခြင်းဖြင့် ဓမ္မာနုဓမ္မလည်းဖြစ် ဓမ္မာနု ဓမ္မပဋိပန္နာနုဓမ္မလည်းဖြစ်သော တရားသုံးပါး ဝါ- သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိစသော ပုဗ္ဗဘာဂပဋိပဒါခေါ် အနုဓမ္မတရားတို့ကို ကြိုးစားအားထုတ်နိုင်ကြပါစေ။
ဝိတက်သုံးမျိုး ။ ။ ဝိတက်သုံးမျိုးတို့တွင် ကာမဝိတက်သည် ပိယ မနာပသတွာနှင့် သက်မဲ့ သင်္ခါရတို့ကို တွေးတောကြံစည်သူ၏ သန္တာန်၌ဖြစ်၏။ ဗျာပါဒဝိတက်သည် အပ္ပိယအမနာပသတွာနှင့် သက်မဲ့သင်္ခါရတို့ကို စိတ်ဆိုး၍ ကြည့်ရှုသည်မှ စ၍ပျက်စီးအောင် ဖျက်ဆီးသည်အထိ ကြံစည်သူ၏သန္တာန်၌ ဖြစ်၏။ ဝိဟိံသာဝိတက်သည်သက်ရှိသတွာတို့၌ ဖြစ်၏။ သက်မဲ့ တော တောင် ရေ မြေ စသည်တို့၌မဖြစ်။ ချဲ့ဉုးအံ့။ ဝိပရိဏာမဒုက္ခကို ခံစားတတ်သော သဘောမရှိသောကြောင့် ဒုက္ခရောက်စေအပ်သော သက်မြံသင်္ခါရဟူ၍ မရှိ။ ထို့ကြောင့် ဝိဟိံသာဝိတက်သည် သင်္ခါရတို့၌ မဖြစ်။ သက်ရှိသတွာတို့၌ ဖြစ်ပြန်တော့လည်း ဤသူတွေ ဤပုဂ္ဂိုလ်တွေ ဤကောင်တွေ အနှိပ်စက်အညှင်းဆဲ ခံရပါစေ။ အသတ် ခံရပါစေ။ အင်္ဂါကြီးငယ် အဖြတ်ခံရပါစေ ပျက်စီးကြပါစေ စသည်ဖြင့် ကြံစည်သောအခါ၌သာ ဖြစ်သည်။
(ယောဂါဝစရော၊ ယောဂါဝစရပုဂ္ဂိုလ်သည်။) တယော၊ သုံးမျိုးကုန်သော။ ကုသလ ဝိတက္ကေ၊ ကုသိုုသိုဝိတက်တို့ကို။ ဝိတက္ကေ-ဝိတက္ကေယျ၊ ကြံစည်ရာ၏။ တယော၊ ကုန်သော။ အကုသလေ ဝိတက္ကေ၊ အကုသိုလ် မိစ္ဆာဝိတက် တို့ကို။ နိရာကရေ၊ တားမြစ် ပယ်ဖျောက်ပစ်ရာ၏။ ဝုဋ္ဌီ၊ အခါမဲ့မိုဃ်းသည်။ သမူဟတံ၊ ထက်ဝန်းကျင် မြေပြင်မှ ထလာသော။ ရဇံ၊ အခါမဲ့မိုဃ်းသည်။ သမေတိ ဣဝ၊ တစ်ဏချင်း ငြိမ်းပျောက်စေသကဲ့သို့။ သ-သော၊ ထိုယောဂါဝစပုဂ္ဂိုလ် သည်။ ဝိတက္ကာနိ စ၊ မိစ္ဆာအကုသိုလ်ဝိတက်တို့ကိုလည်းကောင်း။ ဝိစာရိတာနိ၊ ထိုဝိတက်နှင့်ယှဉ်သော ဝိစာရတို့ကိုလည်းကောင်း။ ဝေ၊ စစ်စစ်။ သမေတိ၊ ပျောက်ငြိမ်းစေ၏။
သ-သော၊ ထိုယောဂါဝစရ ပုဂ္ဂိုလ်သည်။ ဝိတက္ကူပသမေန၊ အကုသိုလ်ဝိတက်ကို ပျောက်ငြိမ်းစေသော။ စေတသာ၊ အရိယာမဂ်ဖြင့်။ သမေန္တော၊ ပျောက်ငြိမ်းစေသည်ရှိသော်။ (ထည့်)။ ဣဓေဝ၊ ဤပစ္စုပ္ပန်ဘဝ၌ပင်။ သန္တိပဒံ၊ ဒုက္ခခပ်သိမ်းငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို။ သမဇ္စျဂါ၊ ကောင်းစွာလှလှ ရပြီ။
(အနန္ဓကရဏာ အနန္ဓကရဏော။ အမြင်မှန်ကိုပိတ်ပင်သောအားဖြင့် ကန်းသည်ကို ပြုတတ်ကုန်၊ မပြုတတ်။ ပညာဝုဒ္ဓိကော၊ အသိဉာန်အမျိုးမျိုးတိုးပွားစေတတ်ကုန်၏။ တိုးပွားစေတတ်၏။ ဟုပေးလေ။ ကျန်သုက္ကပက္ခပါ ပုဒ်တို့ကို ကဏှပက္ခ ပြောင်းပြန်လှန်ရုံသာ ထူး၏။ ထို့ကြောင့်အနက်မပေးတော့ဘဲ ချန်ထား၏။)
ဘိက္ခဝေ၊ တို့။ တယော၊ သုံးမျိုးကုန်သော။ ဣမေ၊ ဤတရားတို့သည်။ **အန္တရာ**၊ စိတ်၌ (မှီ၍) ဖြစ်ကုန်သော။ မလာ (မှီရာစိတ်ကိုညစ်နွမ်းအောင်ပြုတတ်သော) အညစ်အကြေးတို့တည်း။ အန္တရာ၊ စိတ်၌ (မှီ၍) ဖြစ်ကုန်သော။
ရန်သူတစ်ဦးတစ်ယောက်သည် ပျော့ကွက် ဟာကွက်အပေါက်ကို တွေ့ခဲ့သော် ရန်သူ၏ ဦးခေါင်းကို ဓားဖြင့် ပိုင်းဖြတ်သကဲ့သို့ အခြားနည်းအားဖြင့်သော်လည်း အကျိုးမဲ့ကို ပြုလုပ်သကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ စက္ခုဒွါရ၌ ဣဋ္ဌဖြစ်သောရူပါရုံ ထင်လျှင် နှစ်သက်သာယာခြင်းလောဘ၊ အနိဋ္ဌဖြစ်သော ရူပါရုံ ထင်လာလျင် မကျေနပ်ခြင်း ဒေါသ၊ ထိုထင်လာသော ဣဋ္ဌ, အနိဋ္ဌ ရူပါရုံတို့ကို ရုပ်တရားဟု မမြင်ပုဂ္ဂိုလ်သတွာဟု အထင်လွဲခြင်း၊ ဒုက္ခဟုမမြင် သုခဟု အထင်လွဲခြင်း၊ အနိစ္စဟုမမြင် နိစ္စဟု အထင်လွဲခြင်းတည်းဟူသော မောဟတို့ ဖြစ်ကြခြင်း ထိုပုဂ္ဂိုလ်၏ ပညာတည်းဟူသော ဦးခေါင်းကို ပြုတ်အောင် ဖြုတ်လိုက်ခြင်းပင်တည်း။
ထို့အပြင် အဆိုပါ လောဘာဒိအကုသိုလ်စေတသိက်တို့သည် ကမ္မနိဒါန ကံအကြောင်းတရား လက်ကိုင်ရရှိကြသည်ဖြစ်၍ အဏ္ဍဇ ဇလာဗုဇစသော ယောနိလေးပါးသို့ကပ်၍ ပို့ဆောင်ကြ၏။ ထို့အခါ ယောနိလေးပါးသို့ ကပ်ရောက်ခြင်းလျှင်အမြစ်အရင်းရှိသော နှစ်ဆယ့်ငါးပါးသောဘေး သုံးဆယ့်နှစ်ပါးသော ကံကြံမ္မာတို့သည် ထိုပုဂ္ဂိုလ်၏ ထံသို့ ရောက်လာကုန်တော့၏။
ထို့သို့ စိတ်ကို မှီ၍ မှီစရာစိတ်ကို ညစ်နွမ်းစေတတ် စိတ်၏မှီရာ စက္ခဒိဝတ္ထုပိုင်ရှင် ပုဂ္ဂိုလ်သတွာတို့ကိုလည်း အကျိုးမဲ့ပြုတတ် ဒုက္ခအမျိုးမျိုးတို့ကို ဖန်တီးတတ်သောကြောင့် အဆိုပါ လောဘာဒိတရားသုံးမျိုးတို့ကို အန္တရာမလ အန္တရာအမိတ္တ သပတ္တ ဝဓက ပစ္စတ္ထိကတို့ဟူ၍ ဘုရားရှင် သတ်မှတ်တော်မူသည်။
အမိတ္တာ၊ (မိတ်ဆွေ၏ဆန်ကျင်ဘက်ဖြစ်သောကြောင့်) မိတ်ပျက်ဆွေပျက်တို့တည်း။ အန္တရာ၊ စိတ်၌ (မှီ၍) ဖြစ်ကုန်သော။ သပတ္တာ၊ (ရန်သူတို့၏ အလုပ်ကို လုပ်သောကြောင့်) ရန်သူတို့ပင်တည်း။ အန္တရာ၊ စိတ်၌ (မှီ၍) ဖြစ်ကုန်သော။ ဝဓကာ၊ (ညှင်းပန်းနှိပ်စက်ကြသော) အသတ်အဖြတ်သမားတို့တည်း။ အန္တရာ၊ စိတ်၌ (မှီ၍) ဖြစ်ကုန်သော။ ပစ္စတ္ထိကာ၊ ဆန့်ကျင်ဘက်အတိုက်ခံ တရားတို့သည်။
လုဒ္ဓေါ၊ လောဘရမက်ကြီးသူသည်။ အတ္တံ၊ သူ့အကျိုး ကိုယ့်အကျိုးနှစ်ဦးသားတို့၏ အကျိုးကို။ န ဇာနာတိ၊ ဟုတ်တိုင်းမှန်စွာ မသိ။ လုဒ္ဓေါ၊ သည်။ ဓမ္မံ၊ ကုသိုလ်ကမ္မပထထထက် သာလွန်သော စျာန်မဂ်ဖိုလ် တရားကို သိဖို့ကား ဆိုဖွယ်မရှိပြီ။) ယံ ယသ္မိံ ကာလေ၊ အကြင်အခါ၌။ လောဘော၊ သည်။ နရံ၊ လူကို။ သဟတေ၊ လွှမ်းမိုးနှိပ်စက်၏။ တဒါ၊ ထိုအခါ၌။ အန္ဓတမံ၊ ကန်းအောင် ပြုတတ်သော အမိုက်မှောင်ကြီးသည်။ ဟောတိ၊ ဖြစ်တော့၏။
တစ်နည်း-ယံ-ယသ္မာ၊ အကြင်ကြောင့်။ လောဘော၊ သည်။ ဥပ္ပဇ္ဇမာနော၊ ဖြစ်သည်ရှိသော်။ နရံ၊ လူကို။ သဟတေ၊ လွှမ်းမိုးနှိပ်စက်၏။ တသ္မာ၊ ထို့ကြောင့်။ တဒါ၊ ထိုအခါ၌။ အန္ဓတမံ၊ ကန်းအောင်ပြုတတ်သော အမိုက် မှောင်ကြီးသည်။ ဟောတိ၊ ဖြစ်တော့၏။
တစ်နည်း-လောဘော၊ သည်။ နရံ၊ လူကို။ ယံ သဟတေ၊ အကြင်လွှမ်းမိုး နှိပ်စက်၏။ ဧတံ၊ ထိုလောဘ လွှမ်းမိုးနှိပ်စက်ခြင်းသည်။ အန္ဓတမံ ဟောတိ၊ အမှန်တရား ပျောက်ကွယ်သွားအောင် ကန်းအောင်ပြုတတ်သော အမိုက် မှောင်ကြီး ကျလာခြင်းပင်တည်း။
တစ်နည်း-ယံနရံ၊ အကြင်လူကို။ လောဘော၊ သည်။ သဟတေ၊ လွှမ်းမိုးနှိပ်စက်၏။ ထိုလောဘ လွှမ်းမိုးခံရသော ထိုသူ၏သန္တာန်၌။ တဒါ၊ ထိုအခါ၌။ အန္ဓတမံ ဟောတိ၊ အမြင်မှန် မရအောင် ကန်းအောင် ပြုတတ်သော အမိုက်မှောင်ကြီး ကျလာတော့၏။
(အနက်ဉာန်ရင့်သန်စေရန် အဋ္ဌကထာဖွင့်အတိုင်း အမျိုးမျိုး ယောဇနာလိုက်သည်။ တတော၊ ထို့ကြောင့်။ လုဒ္ဓေါ၊ သည်။ အတ္ထံ၊ ကို။ န ဇာနာတိ၊ မသိ။ လုဒ္ဓေါ၊ သည်။ ဓမ္မံ၊ ကို။ န ပဿတိ၊ မမြင်။ ဟု ရှေ့ပါဒ ပြန်စပ်နိုင်သည်။ စပ်လိုက်စပ်လေ။)
ဘိက္ခဝေ၊ တို့။ ပါပမိတ္တတာယ၊ ယုတ်မာသော မိတ်တွေရှိသူ၏ အဖြစ်သည်။ အဘိဘူတော၊ လွှမ်းမိုး နှိပ်စက်အပ်သည်ဖြစ်၍။ ပရိယာဒိန္နစိတ္တော၊ ထက်ဝန်းကျင် သိမ်းကျုံးယူအပ်သော စိတ်ရှိသော။ ဝါ၊ ကုသိုလ်တရားတို့ကို ကုန်ခမ်းစေအပ်သော စိတ်ရှိသော။ ဒေဝဒတ္တော၊ သည်။ အာယာပါယိကော၊ အပါယ်၌ဖြစ်၏။**ပါပိစ္ဆတာ**။ ။မိမိ၌ ထင်ရှားမပါဘဲလျက် ထိုထင်ရှားမရှိသောဂုဏ်ကို အမွှမ်းတင်လိုသဖြင့် ဖြစ်ပေါ်လာသော အလိုဆိုး ပါပ+ဣစ္ဆာ၊ ပါပိစ္ဆာဟု ဆိုလိုသည်။ ထို့ကြောင့် ဋ္ဌ-၌ အသန္တဂုဏသမ္ဘဝနာဓိပ္ပါယေန ပဝတ္တာ ပါပါ+ဣစ္ဆာ+ ဧတဿာတိ= ပါပိစ္ဆော။ တဿ- ဘာဝေါ ပါပိစ္ဆတာဟု ဖွင့်ပြီ။ ဒေဝဒတ်၌ အရဟတ္တမဂ်ဖိုလ်နှင့်တကွ သကလ- ဗုဒ္ဓဂုဏ် ဟူ၍ လုံးဝ မရှိ။ စျာန်အဘိညာဉ်မျှသာ ရှိ၏။ သို့ပါလျက် ငါဘုရားဖြစ်ရမည်။ သံဃာထုကို သိမ်းကျုံးခေါ်ဆောင်သွားမည်ဟူသော သူနှင့်မတန်သော အလိုအာသာ ဖြစ်ပေါ်လာ၏။ ယင်းဖြစ်ပေါ်လာသော အလိုဆိုးကို ရည်၍ အဟံ ဗုဒ္ဓေါ ဘဝိဿာမိ၊ သံဃံ ပရိဟရိဿာမီ’တိ တဿ ဣစ္ဆာ ဥပ္ပန္နာဟု ထပ်ဆင့် ဖွင့်ပြလေပြီ။
နေရိကော၊ ငရဲ၌ဖြစ်၏။ ကပ္ပဋ္ဌော၊ အန္တရကပ်ပတ်လုံး တည်၏။ အတေကိစ္ဆော၊ မကုစားသင့် မကုစားထိုက်။ ဝါ၊ ကုစားသော်လည်း ကု၍မရ။
(ပမာဒမနုဇီဝိနော-ဟူ၍ မူကွဲရှိကြောင်း ဋ္ဌ-၌ ပြ၏။ ထိုပါဌ်အလို-သော၊ ထိုဒေဝဒတ်သည်။ ပမာဒံ၊ မေ့လျော့ခြင်းသို့။ အာပန္နော၊ ရောက်သည် ဖြစ်၍။ (တာထာဂတာ သဒ္ဓိံ ယုဂဂ္ဂါဟစိတ္တုပ္ပါဒေန သဟေဝ၊ ဘုရားနှင့်အန်တု ဖက်ပြိုင်ပြုသောစိတ် ဖြစ်သည်နှင့်တစ်ပြိုင်နက်။ ထည့်။) အနုဇီဝိနော၊ စျာန် အဘိညာဉ်မှဆုံးရှုံးပြီ။ ဟု ပေးလေ။ အခြားမူကွဲများကို ကျေးဇူးများအံ့ မထင်၍ စိတ်မပြတော့။)
ပါပကမ္မံ၊ မကောင်းမှုကို။ အကုဗ္ဗတော၊ မပြုသော။ အဒုဋ္ဌဿ၊ မပြစ်မှားသင့်သော သူအား။ ယော၊ အကြင်သူသည်။ ဒုဗ္ဘေ၊ ပြစ်မှား၏။ အနာဒရံ၊ ရိုသေခြင်းမရှိသော။ ဒုဋ္ဌစိတ္တံ၊ ပြစ်မှားသောစိတ်ရှိသော။ တမေဝ၊ ထိုပုဂ္ဂိုလ်သို့သာလျှင်။ ပါပံ၊ မကောင်းမှုကံသည်။ ဝါ၊ မကောင်းကျိုးသည်။ ဖုသတိ၊ ကျရောက်၏။
တဿ၊ ထိုစတုတ္ထဝဂ်၏။ ဥဒ္ဒါနံ၊ သုတ်အကျဉ်းအချုပ်ကား။ ဝိတက္ကာ သက္ကာရ-သဒ္ဒ စဝနလောကေ၊ စိတက္ကသုတ်,သက္ကါရသုတ်,ဒေဝသဒ္ဒသသုတ်,ပဉ္စပုဗ္ဗနိ-မိတ္တသုတ်,ဗဟုဇနဟိတသုတ်တို့ လည်းကောင်း။ အသုဘံ၊ အသုဘာနုပဿီသုတ်လည်းကောင်း။ ဒေဝဒတ္တေန၊ ဒေဝဒတ္တသုတ်နှင့် တကွ။ ဓမ္မအန္ဓကာရမလံ၊ ဓမ္မာနုဓမ္မပဋိပသန္နသုတ်, အန္ဓကရဏသုတ်’ အန္တရာမလသုတ်လည်းကောင်း။ ဣတိ၊ သို့။ တေ၊ ထိုသုတ်တို့သည်။ ဒသ၊ ဆယ်သုတ်တို့သည်။ ဟောန္တိ၊ ကုန်၏။ ဣတိ၊ ပြီးပြီ။
တိက စတုတ္ထဝဂ်ပြီးပြီ။