Issues
Select Version
နိဿယ
မြန်မာဘာသာ
Itivuttakapāḷi
Itivuttakapāḷi

7. Ātāpīsuttaṃ

Author: နိဿယ @ IAPT

အာတာပီ ဘိက္ခဝေ ဘိက္ခု မနောတ္တာပီ (လ) အဓိဂမာယာ’တိ၊ အဓိဂဓာယ’ဟူသော။ ဧတံ၊ ဤအာတာပီသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ ပြီဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။

ဘိက္ခဝေ၊ တို့။ အနာတာပီ၊ ကိလေသာတို့ကို ပူလောင်စေတတ် ရှို့မြှိုက်တတ်သော လုံ့လမရှိသော။ အနောတ္တာပီ၊ မကောင်းမှုမှကြောက်လန့်သောဩတ္တပ္ပမရှိသော။ ဘိက္ခု၊ သည်။ သမ္ဗောဓာယ၊ သစ္စာလေးပါးကို သိသောမဂ်ဟူသော အကျိုးငှာ။ အဘဗ္ဗော၊ မထိုက်။ နိဗ္ဗာနာယ၊ ကိလေသာမှငြိမ်းအေးသော အမြိုက်နိဗ္ဗာန်အလို့ငှာ။ အဘဗ္ဗော၊ မထိုက်။ အနုတ္တရဿ၊ အတုမဲ့ဖြစ်သော။ ယောဂက္ခေမဿ၊ ယောဂီလေးပါးတို့ မနှိပ်စက်အပ်သည်ဖြစ်၍ ဘေးကင်းသော အရဟတ္တဖိုလ်ကို။ အဓိဂမာယ၊ ရခြင်းငှာ။ အဘဗ္ဗော၊ မထိုက်။

ဘိက္ခဝေ၊ တို့။ **အာတာပီ**၊ ကိလေသာတို့ကို လောင်ကျွမ်းစေတတ်သော ရှို့မြှိုက်တတ်သော လုံ့လရှိသော။ **ဩတ္တပ္ပီ**၊ မကောင်းမှုမှ ကြောက်လန့်ခြင်းရှိသော။ဩတ္တပ္ပီ အာတာပိ။ ။ ဩတ္တပ္ပ၊ ဝီရိယနှစ်ပါးပြည့်စုံရုံဖြင့် မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်ပါ့မလား? ဩတ္တပ္ပနှင့် ပြည့်စုံလျှင် အဝိနာဘာဝနည်းအရ ဟီရီနှင့်လည်း ပြည့်စုံတော့သည်သာ။ ဟိရီရော ဩတ္တပ္ပရော နှစ်ဖြာပြည့်စုံသူသည် အဏုမြူမျှသော အပြစ်ကို ‌ဧရာမ အပြစ်ကြီးဟု ယူဆကာ သီလကိုလည်း လုံခြုံစေတော့၏။ ထို့ကြောင့် ဩတ္တပ္ပီပုဒ်ဖြင့် သီလသမ္ဒါသီလနှင့်ပြည့်စုံခြင်းကို ပြရောက်၏။ အာတာပီဖြင့် ကိလေသာတို့ကိုလောင်ကျွမ်းစေတတ် ရှို့မြှိုက်တတ်သည်၏အဖြစ်ကို ပြခြင်းကြောင့် သမထဝိပဿနာ ဘာဝနာကို အားထုတ်သည်၏ အဖြစ်ကို ပြရောက်၏။ အာတာပီ၌ အာတာပ-အရ ဝီရီယကို ကောက်ယူသဖြင့် ထိုနှင့် မကင်းသော သဒ္ဓါ သတိ သမာဓိ ပညာ-တည်းဟူသော ဝိမုတ္တိပရိပါစက ခေါ် အရဟတ္တဖိုလ်ကို ရင့်ကျက်စေကုန်သော ကျန် ဣန္ဒြေ ၄-ပါး တို့ကိုလည်း ကောက်ယူအပ်သည်သာ။
ပြဆိုအပ်ပြီးသော သီလနှင့် ဣန္ဒြေငါးပါး ပြည့်စုံလျှင် အနိစ္စေ အနိစ္စသညာ၊ အနိစ္စေဒုက္ခသညာ၊ ဒုက္ခေ အနတ္တသညာ၊ ပဟာနသညာ, ဝိရာဂသညာ, နိရောဓသညာ-ဟူသော သစ္စာ၄-ပါးတို့ကို ဖောက်ထွင်းသိမြင်ခြင်း၏အဖို့ဖြစ်သော ၆-ပါးသော သညာတို့လည်း ပြီးစီးတော့သည်သာ။
ဤသို့ဝီရိယ ဩတ္တပ္ပတရား နှစ်ပါးနှင့်ပြည့်စုံသော အာတာပီ ဩတ္တပ္ပီပုဂ္ဂိုလ်သည် လောကီ သီလ သမာဓိ ပညာပြီးစီးသောကြောင့် လောကုတ္တရာမဂ်ဖိုလ်နိဗ္ဗာန်ကိုလည်း ရနိုင် ရထိုက်သည်မှာ သေချာ၏။ ထို့ကြောင့် ‘အာတာပီ စ ခေါ ဘိက္ခဝေ ဘိက္ခုဩတ္တပ္ပီ ဘဗ္ဗော သမ္ဗောဓာယ’ စသည်ဖြင့် ဟောတော်မူလေသည်။
ဘိက္ခု၊ သည်။ သမ္ဗောဓာယ၊ သစ္စာလေးပါးကို သိတတ်သောမဂ်အလို့ငှာ။ ဘဗ္ဗော၊ ထိုက်၏။ (ကျန်ပါဠိများ ရှေးနည်းမှီ ပေးပါ)
ဧတမတ္ထံ၊ စသည် ပေးမြဲ။
တတ္ထ၊ ထိုအာတာပီသုတ်၌။ အနာတာပီ အနောတ္တာပီ ကုသိတောဟီနဝီရိယော (လ) ဣဓေဝ သမ္ဗောဓိမနုတ္တရံ ဖုသေ’တိ၊ ဖုသေ-ဟူသော။ ဧတံ၊ ဤဂါထာ အနက်အဓိပ္ပါယ်ကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ဆိုအပ်၏။
ယော၊ အကြင်သို့သဘောရှိသော ရဟန်းသည်။ အနာတာပီ၊ ကိလေသာတို့ကို လောင်ကျွမ်းစေတတ် ရှို့မြှိုက်တတ်သော လုံ့လမရှိ။ အနောတ္တာပီ၊ မကောင်းမှုမှ မကြောက်လန့်တတ်။ ကုသိတော၊ စက်ဆုပ်ဖွယ်ရာ မိစ္ဆာဝိတက်တို့နှင့် ဆက်စပ် ယှဉ်ကပ်နေ၏။ (ကာမဗျာပါဒဝိဟိံသာဝိတက္ကသင်္ခါတေဟိ ကုစ္ဆိတေဟိ ပါပဓမ္မေဟိ သိတော သမ္ဗန္ဓော ယုတ္တောတိ ကုသီတော။ (ဋ္ဌ-၁၀၁)ကု-စက်ဆုပ်ဖွယ် မိစ္ဆာဝိတက် ပါပဓမ္မတို့နှင့်+သိတော သမ္ဗန္ဓော ယုတ္တော-မှီတွယ်ဆက်စပ် ယှဉ်နေသည် ဟူလို။) ဟီနဝီရီယော၊ လုံ့လဝီရိယမရှိ။ ထိနမိဒ္ဓဗဟုလော၊ အားမထုတ်ချင်အောင် ဖျက်တတ်သော။ ထိန၊ သတ္တိကင်းအောင် ဖျက်တတ်သော မိဒ္ဓ အားကြီး၏။ အဟိရိကော၊ မကောင်းမှုမှရှက်တတ်သော ဟီရိလည်း မရှိ။ အနာဒရော၊ (ဟီရိ ဩတ္တပ္ပ ဝီရိယမဲ့သောကြောင့် ကောင်းသောအကျင့် (သမ္မာပဋိပတ်) ၌ လေးစားခြင်းမရှိ။ တာဒိသော၊ ထိုသို့သဘော ရှိသော။ ဘိက္ခု၊ သည်။ သမ္ဗောဓိံ၊ အရဟတ္တဖိုလ်ကို။ ဖုဋ္ဌုံ၊ ရခြင်းငှာ။ အဘဗ္ဗော၊ မထိုက်။
ယော၊ အကြင်သူသည်။ သတိမာ၊ သတိပဋ္ဌာန်းလေးပါးနှင့် စပ်ယှဉ်သောသတိရှိ၏။ (လွန်ခဲ့သော နှစ်ပေါင်း လပေါင်းများစွာက တွေ့ကြုံပြုလုပ်ပြောဆိုခဲ့သည်ကို မမေ့ဘဲ သတိရခြင်း နေပက္ကသတိ၊ ကမ္မဋ္ဌာန်းအာရုံကို ဆက်တိုက် သတိပြု ရှုမှတ်ခြင်းဟူသော သတိပဋ္ဌာန်လေးပါး အားထုတ်ခြင်း သတိတို့နှင့် ပြည့်စုံသည်ဟူလို။) နိပကော စ၊ ရင့်ကျက်သောပညာလည်း ရှိ၏။ (သတ္တဋ္ဌာနိယသမ္ပဇည ကမ္မဋ္ဌာန ပရိဟရဏ ပညာတည်းဟူသော ရင့်ကျက်သောပညာနှင့် ပြည့်စုံသည်ဟူလို။) ဈာယီ၊ အာရမ္မဏူပနိဇ္ဈာန် လက္ခဏူပနိဇ္ဈာန်တို့ဖြင့်ရှုလေ့ရှိ၏။ ဝါ၊ ကိလေသာနီဝရဏတို့ကို ရှို့မြှိုက်လေ့ရှိ၏။ (သမထဘာဝနာတည်းဟူသော အာရမ္မဏူပနိဇ္ဈာန်ဖြင့် နီဝရဏတို့ကို, ဝိပဿာနာ ဘာဝနာတည်းဟူသော လက္ခဏူပနိဇ္ဈာန်ဖြင့် ကိလေသာတို့ကို ကုန်ခန်းအောင် ရှို့မြှိုက်ပစ်သည်ဟူလို။) အာတာပီ၊ ကိလေသာတို့ကို လောင်ကျွမ်းစေတတ် ရှို့မြိုက်တတ်သောလုံ့လရှိ၏။ ဩတ္တပ္ပီ၊ မကောင်းမှုမှ ထိန့်လန့်သောဩတ္တပ္ပရှိ၏။ အပ္ပမတ္တော၊ ကမ္မဋ္ဌာန်း အားထုတ်ခြင်း၌ မမေ့မလျော့။ သော၊ ထိုသူသည်။ **ဇာတိဇရာယ**၊ ဇာတိဇရာနှင့်။ **သံယောဇနံ**၊ ဆက်သွယ် ဆက်စပ်ပေးတတ်သော သံယောဇဉ် ၁ဝ-ပါးကို။ **ဆေတွာ**၊ ဖြတ်တောက်၍။ တစ်နည်း-ဇာတိဇရာယ၊ ဇာတိဇရာ၏။သံယောဇနံ ဇာတိဇရာယ ဆေတွာ။ ။ သတ္တဝါတို့၏ ခန္ဓာအသစ် ရခြင်းဟူသော ပဋိသန္ဓေ-ဇာတိ၊ ရပြီးခန္ဓာကိုယ် အိုမင်း ရင့်ရော်ဇရာဖြစ်အောင် သံယောဇဉ် ၁ဝ-ပါးက ဖန်တီးပြုလုပ်နေသည်။ ထို့ကြောင့် ဇာတိ ဇရာတို့နှင့် ဆက်သွယ်ဆက်စပ်နေသော သံယောဇဉ်ကို မဂ်ဉာန်ဖိုလ်ဉာန်တို့ဖြင့် ဖြတ်တောက်ပစ်သည်။ ဤကား ဋ္ဌ-ပ ဝိကပ်အလို။ သံယောဇဉ် ၁ဝ-ပါးက ဖန်တီးလို့ ဇာတိရော ဇရာပါဖြစ်ပေါ်ရသည်။ ထို့ကြောင့် သံယောဇဉ်သည် အကြောင်း၊ ဇာတိဇရာသည်အကျိုးအကြောင်းသံယောဇဉ်ကို ပယ်လျှင် အကျိုးဇာတိဇရာ မျိုးပြုတ် တော့သည်သာ။ သို့ဖြစ်၍ ဇာတိဇရာ၏ အကြောင်းဖြစ်သော သံယောဇဉ်ကို ၁ဝ-ပါးကို ဖြတ်တောက်ရမည်။ ဖြတ်တောက်ပစ်သည်။ ဤကား ဋ္ဌ-ဒု ဝိကပ်အလို။ သံယောဇနံ၊ အကြောင်းဖြစ်သော ဖြစ်သော သံယောဇဉ် ၁ဝ-ပါးကို။ ဆေတွာ၊ ဖြတ်တောက်၍။ အနုတ္တရံ၊ အတုမဲ့သော။ ဝါ၊ မိမိထက် သာလွန်သော တရားမရှိသော။ သမ္ဗောဓိံ၊ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို။ ဣဓေဝ၊ ဤဘဝ၌ပင်။ ဖုသေ၊ ရရာ၏။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
သတ္တမံ။