Issues
Select Version
နိဿယ
မြန်မာဘာသာ
Itivuttakapāḷi
Itivuttakapāḷi

7. Kāmayogasuttaṃ

Author: နိဿယ @ IAPT

ဘိက္ခဝေ၊ တို့။ **ကာမေယောဂယုတ္တော**၊ ငါးဖြာအာရုံ ကာမဂုဏ်ကို တက်မက်သော ကာမရာဂနှင့်ယှဉ်သည်ဖြစ်၍။ **ဘဝယောဂယုတ္တော**၊ ရူပ အရုပဘဝ၌ တက်မက်,ရုပစျာန်အရူပစျာန်၌ တက်မက်,သဿတဒိဋ္ဌိနှင့် တကွဖြစ်သောရာဂနှင့်လည်းယှဉ်သောပုဂ္ဂိုလ်သည်။ ဣတ္ထံတ္တံ၊ ဤလူ့လောကသို့။ အာဂန္တာ၊ ပဋိသန္ဓေနေသောအားဖြင့် လာတတ်သည်ဖြစ်၍။ အာဂါမီ၊ သကဒါဂါမီပုဂ္ဂိုလ်သည်။ ဟောတိ၊ ၏။
ဘိက္ခဝေ၊ တို့။ **ကာမယောဂ ဝိသံယုတ္တော**၊ ငါးဖြာအာရုံ ကာမဂုဏ်၌ တက်မက်သော ကာမရာဂနှင့် မယှဉ်သော ပုဂ္ဂိုလ်ဖြစ်၍။ ဘဝယောဂယုတ္တော၊ ရူပါရူပဘဝ၌ တက်မက်သောဆန္ဒရာဂ, ရူပါရူပစျာန်၌ တပ်နှစ်သက်သောာ စျာနနိကန္တိ, သဿတဒိဋ္ဌိနှင့်တကွ ဖြစ်သော ရာဂနှင့်သာ ယှဉ်သော ပုဂ္ဂိုလ်သည်။ ဣတ္ထတ္တံ၊ ဤလူ့လောကသို့။ အနာဂန္တာ၊ ပဋိသန္ဓေနေသောအားဖြင့် မလာသည်ဖြစ်၍။ အနာဂါမီ၊ အနာဂါမ်ပုဂ္ဂိုလ်သည်။ ဟောတိ၊ ၏။**ကာမယောဂယုတ္တော**။ ။ ကာမယောဂ-ဟူသည် တရားကိုယ်အားဖြင့် ငါးဖြာအာရုံကာမဂုဏ်တို့၌ တက်မက် ဆွယ်တာသော ကာမရာဂပင်တည်း။ ၎င်းရာဂကို အနာဂါမိမဂ်ဖြင့် အကြွင်းမဲ့ မပယ်ရသေးလျှင် ထိုပုဂ္ဂိုလ်ကို ကာမယောဂနှင့်ယှဉ်သူ ကာမယောဂယုတ္တဟု ခေါ်ဆိုအပ်၏။ ၎င်းပုဂ္ဂိုလ်ကို ကာမယောဂနှင့်ယှဉ်သူ ကာမယောဂယုတ္တဟု ခေါ်ဆိုအပ်၏။ ၎င်းပုဂ္ဂိုလ်သည် ဗြဟ္မာ့ဘုံ၌ တည်နေစေကာမူ လူ့ပြည်လောကသို့ ပဋိသ‌န္ဓေနေသောအားဖြင့် လာတတ်သောကြောင့် သကဒါဂါမီပုဂ္ဂိုလ်မည်၏။ ထို့ကြောင့် အာဂါမီ ဟောတိ အာဂန္တာ ဣတ္ထတ္တံ၊ ဟု ဟောတော်မူသည်။ ကာမယောဂ= ကာမရာဂသည်သာ လူ့လောကသို့ လာရောက်ကြောင်း ဖြစ်၏။
ဘဝယောဂယုတ္တော ။ ။ ဘဝရာဂသည် လူ့လောကသို့ လာရောက်ကြောင်းမဟုတ်။ သို့သော် ကာမယောဂယုတ္တဖြစ်လျှင် ဘဝယောဂယုတ္တအဖြစ် သေချာသောကြောင့် ကာမယောဂယုတ္တော ဘိက္ခဝေ အာဂါမီ ဟောတိ အာဂန္တွ ဣတ္တတ္တံ-ဟုသာ မဟောဘဲ ဘဝယောဂယုတ္တော ပုဒ်ကိုပါ ဟော‌တော်မူသည်။
ကာမယောဂတိသံယုတ္တော- စသည်။ ။ ဘဝယောဂဟူသည် ရူပါရူပါဘဝတို့၌ တက်မက်သောရာဂ၊ ရူပါရူပစျာန်၌ တပ်နှစ်သက် သော စျာနနိကန္တိ၊ သဿတဒိဋ္ဌိနှင့် တကွဖြစ်သော ရာဂ ဤသုံးမျိုးတည်း။ ကာမယောဂ- ဝိသံယုတ္တဖြစ်လျှင် ဘဝယောဂယုတ္တဖြစ်စေကာမူ အာဂါမီ မဟုတ်တော့၊ အနာဂါမီသာဖြစ်၏။ ကာမ-ယောဂ-ရော ဘဝယောဂ-ရော နှစ်ပါး ဝိသံယုတ္တဖြစ်လျှင် အာဂါမီလည်းမဟုတ်အနာဂါမီလည်းမဟုတ်၊ ရဟန္တာတည်း။
ဘိက္ခဝေ၊ တို့။ ကာမယောဂဝိသံယုတ္တော၊ ကာမရာဂနှင့်လည်း မယှဉ်သော။ ဘဝယောဂဝိသံယုတ္တော၊ ဘဝရာဂ စျာနနိကန္တိ သဿတဒိဋ္ဌိသဟဂတရာဂနှင့်လည်း မယှဉ်သော ပုဂ္ဂိုလ်သည်။ ခီဏာသဝေါ၊ အာသဝေါကုန်ခမ်းသည်ဖြစ်၍။ အရဟာ၊ ရဟန္တာသည်။ ဟောတိ၊ ဖြစ်၏။ (အကျဉ်းချုံး၍ ယောဇနာလိုက်သည်။)
ဧတမတ္ထံ ဘဂဝါ အဝေါစ၊ ပေးမြဲ။
တတ္ထ၊ ထိုကာမယောဂသုတ်၌။ ကာမ-ယောဂေနသံယုတ္တာ (လ) ယေ ပတ္တာ အာဿဝက္ခယ’ န္တိ၊ အာသသဝက္ခယံ’ဟူသော။ ဧတံ၊ ဤဂါထာအပေါင်းကို။ ဣတိ၊ သို့။ ဝုစ္စတိ၊ ဆိုအပ်၏။
ကာမယောဂေန၊ ကာမရာဂနှင့်လည်းကောင်း။ ဘဝယောဂေနစ၊ ဘဝ-ရာဂနှင့်လည်းကောင်း။ ဥဘယံ၊ ဥဘယေန၊ နှစ်မျိုးလုံးနှင့်။ သံယုတ္တာ၊ ယှဉ်စပ်ကုန်သော။ **သတ္တာ**၊ ပုထုဇဉ် သောတာပန် သကဒါဂါမ်ဟူသော သုံးမျိုးသောသတွာတို့သည်။ **သံသာရံ**၊ အကြိမ်ကြိမ် ကျင်လည် ပြေးသွားရခြင်းဟူသော သံသရာသို့။ **ဂစ္ဆန္တိ**၊ ရောက်ကြရကုန်၏။ တစ်နည်း- သံသာရံ ဂစ္ဆန္တိ၊ ခန္ဓာအာယတန ဓာတ်တို့ မပြတ် ဖြစ်ကြရကုန်၏။ထိုရဟန္တာသည်လည်း ဘဝယောဂဝိသံယောဂဖြစ်၍ အဝိဇ္ဇာဒိဝိသံယောဂ မဖြစ်လျှင် ဝါ-အဝိဇ္ဇာမကင်းသေးလျှင် ရဟန္တာ မဟုတ်နိုင်။ ထို့ကြောင့် အဝိဇ္ဇာ-ယောဂဝိသံယုတ္တော ဘိက္ခဝေ ဘဝယောဂဝိသံယုတ္တော အရဟာ ဟောတိ ခီဏာသဝေါ-ဟု ဟောသင့်၏-ဟု စောဒနာငြားအံ့။ အဝိဇ္ဇာယောဂဝိသံယုတ္တော ဟု ထည့်စွက်ဟောဖို့မလို။ ဘဝယောဂဝိသံယောဂဖြစ်လျှင် လက္ခဏာဟာနရနေတ္တိနည်းအရ ဧကဋ္ဌချင်းတူသော အဝိဇ္ဇာယောဂကိုလည်း ပယ်ပြီးဖြစ်‌ကြောင့် လက်ရှိဒေသနာအတိုင်း လုံလောက်သည်သာ။
လက်ရှိဒေသနာ၌ခညည်း အနာဂါမ်ပုဂ္ဂိုလ်နှင့်သာ အထူးသက်ဆိုင်သော ကာမ-ယောဂဝိသံယုတ္တောပုဒ်ကိူ ထည့်ရန် မလို။ ဘဝယောဂဝိသံယုတ္တော တစ်ပုဒ်တည်းဖြင့် ရဟန္တာအတွက် လုံလောက်၏။ သို့ပါလျက် ကာမယောဂ ဝိသံယုတ္တောပုဒ်ကို ထည့်ဖြင်းသည် ရဟန္တာ၏ အရဟတ္တမဂ်ကို ဂုဏ်တင်ဂုဏ်ပြသောအားဖြင့် ထည့်ဟောခြင်းဖြစ်သည်။
သတ္တာ ဂစ္ဆန္တိ သံသာရံ ။ ။ပုထုဇဉ် သောတာပန် သကဒါဂါမ် ဤသုံးမျိုးကို ရည်၍ သတ္တာ ဂစ္ဆန္တိ သံသာ-ရံဟုမိန့်သည်။ ထိုသုံးမျိုးတို့တွင် ကာမဘုံသား သတ္တက္ခတ္တုပရမသောတာပန်သည် ၇-ဘဝထက် ပို၍ ၈-ဘဝထိအောင် သံသရာမကျင်လည်ရ။ ကျန်ဧကဗီဇ ကောလံကောလ သောတာပန်တို့လည်း ပိုင်းခြားထားသော ဇာတိအားလျော်စွာသော ဧကဗီဇ ၁-ဘဝ ကောလံကောလ ၆-ဘဝသာကျင်လည်ရ၏။ ရူပ အရူပ သောတာပန်တို့ကား ပါရမီ မရင့်ကျက်မခြင်း ကျင်လည်သည်။ ပဋိသမ္ဘိဒါမဂ် ဋ္ဌ-ကိုလည်းရှု။
**သကဒါဂါမ် နှစ်မျိုး**။ ။ ဒေဝမနုဿဝေါမိဿက သကဒါမ် ဒေဝမနုဿ-သုဒ္ဓကဒါဂါမ်ဟု နှစ်မျိုးရှိရာ ပဌမအမျိုးသည် ဤလူ့ပြည်၌ သကဒါဂါမဂ်ရ၍ နတ်ပြည်သို့သွားကာ ပဋိသ‌န္ဓေ နေပြီးလျှင် ဤလူ့ပြည်သို့ ပဋိသန္ဓေနေသောအားဖြင့် ပြန်လာပါက သကိံ+အာဂါမီ၊ သက်ဒါဂါမီဟူသည်နှင့်အညီ သံသရာ၌ တစ်ကြိမ်သာ၊ အကြိမ်ကြိမ် မကျင်လည်ရတော့ ပေ။ ဒုတိယအမျိုးကား လူ့ပြည်မှာ ပဋိသ‌န္ဓေနေ၍ မဂ်ရပြီးလျှင် နတ်ပြည်သို့ မသွားတော့သည်ဖြစ်အံ့။ နတ်ပြည်မှ ပဋိသ‌န္ဓေနေ၍ မဂ်ရပြီးလျှင် လူ့ပြည်သို့ မလာတော့သည်ဖြစ်အံ့။ အထက်မဂ် ရရှိရေးအတွက် ဣန္ဒြေမရင့်ကျက်မချင်း မိမိရောက်ရာ လူ့ဘုံ၌ဖြစ်စေ နတ်ဘုံ၌ဖြစ်စေ တစ်ကြိမ်သာမက, အကြိမ်ကြိမ် သံသရာ၌ ကျင်လည် ရမည် ကျင်လည်နိုင်သည်သာ။ ဋ္ဌ- ၂၈၈ ရှု။
ဆိန္နသံသယာ၊ ခီဏမာနပုနဗ္ဘဝါ။ ။ ယုံမှားသံသယကို သောတာပတ္တိမဂ်ဖြင့် ပယ်ပြီးဖြစ်သော်လည်း အရဟတ္တမဂ်ကို ဂုဏ်ပြုချီးကျူးသော အားဖြင့် အရဟတ္တမဂ်က ပယ်သယောင် ဤ၌ထည့်၍ ဆိန္နသံသယာ-ဟု ဟောတော်မူသည်။ အဝိဇ္ဇာ စသော တရားတို့ကိုလည်း ပယ်မှသာ ရဟန္တာဖြစ်နိူင်သော်လည်း မာနနှင့် အဆင့်တူ ဧကဋ္ဌဖြစ်၍ အဝိဇ္ဇာစသည်တို့ကို လက္ခဏာဟာရနေတ္တိနည်းအရ ပယ်ပြီးဟုသိရ၏။ ထို့ကြောင့် ဤ၌ ခီဏမာနဟုသာ ဟောတော်မူသည်။ ခီဏမာနဖြင့် သဥပါဒိ-သေသနိဗ္ဗာနဓာတ်ကို ပြ၍ ခီဏပုနဗ္ဘဝဖြင့် အနုပါဒိသေသနိဗ္ဗာဓာတ်ကို ပြသည်။
တတော ဧဝ၊ ထို့ကြောင့်ပင်။ ဇာတိမရဏဂါမိနော၊ ပဋိသန္ဓေနေရခြင်း သေရခြင်းသဘောသို့လည်း ရောက်ကြရကုန်၏။ ဝါ၊ ပဋိသန္ဓေလည်းန သေလည်း ဟေရကုန်၏။
ယေ စ၊ အကြင်ပုဂ္ဂိုလ်တို့သည်ကား။ ကာမေ၊ ကာမရာဂ ကိလေသာကာမတို့ကို။ ပဟန္တွာန၊ အနာဂါမိမဂ်ဖြင့် ပယ်၍။ ဘဝယောဂန၊ ဘဝရာဂနှင့်။ သံယုတ္တာ၊ ယှဉ်စပ်ကုန်သည်ဖြစ်၍။ **ဝါ**၊ ယှဉ်စပ်ကုန်သောကြောင့်။ အာသ-ဝက္ခယံ၊ အာသဝေါတရားကုန်ခြင်းသို့။ အပတ္တာ၊ မ‌ရောက်ကုန်သေး။ တေ၊ ထိုပုဂ္ဂိုလ်တို့ကို။ အနာဂါမီတိ၊ အနာဂါမ်တို့ဟူ၍။ ဝုစ္စရေ၊ ဆိုအပ်ကုန်၏။
ယေ စ ခေါ၊ အေကြင်သူတို့သည်ကား။ **ဆိန္နသံသယာ**၊ ဖြတ်တောက်အပ်ပြီးသော ယုံမှားသံသယရှိကုန်။ **ခီဏမာနပုနဗ္ဘဝါ**၊ အကြွင်းမဲ့ကုန်ခမ်းပြီးသော ၉-ပါး သောမာန-အကြွင်းမဲ့ကုန်ခန်းပြီးသော ဘဝသစ်ရှိကုန်၏။ ယေ၊ အကြင်သူတို့သည်။ အာသဝက္ခယံ၊ အာသဝေါတရားကုန်ခြင်းသို့။ ပတ္တာ၊ ရောက်ကြကုန်၏။ တေ၊ ထိုသူတို့သည်။ ဝေ၊ စစ်စစ်။ ‌လောကေ၊ လောက၌။ ပါရံ၊ သံသရာ တစ်ဖက်ကမ်း နိဗ္ဗာန်နန်းသို့။ ဂတာ၊ ရောက်ကြကုန်၏။
အယမ္ပိ အတ္ထော ဝုတ္တော၊ စသည် ပေးမြဲ။
သတ္တမံ။