ဓမ္မဒါန။ ။ နိဗ္ဗာန်ရောက်ကြောင်းတရားကို ဟောကြားခြင်းသည် ဓမ္မဒါနမည်၏။ ထင်ရှား အောင် ပြဥုးအံ့။ နိဗ္ဗာန်သို့ရောက်စေတတ်သော သဘောတရားသည် ဓာရေတီတိ ဟူသော ဝစနတ္ထအရ ဓမ္မလည်းဟုတ်၏။ ဟောကြားသောအားဖြင့် ပေးလှူအပ်သောကြောင့် ဒါတဗ္ဗန္တိဟူသော ဝစနတ္ထအရ ဒါနလည်းဟုတ်သောကြောင့်ဓမ္မဒါနမည်၏။ တစ်နည်း- နိဗ္ဗာန်ရောက်ကြောင်းဓမ္မကို ပေးလှူကြောင်း စေတနာသည်လည်း ဒီယတေ+ဧတေနာတိ ဓါနံ၊ ဓမ္မဿ ဒါနံ ဓမ္မါနံနှင့် အညီ ဓမ္မဒါနမည်၏။
စာတတ်ပေတတတ် ရဟန်းဒြပ်ကို ဆွမ်းကပ်ခြင်း သင်္ကန်းစသည်ကို လှူဒါန်ခြင်းပြုလုပ်လျှင် ထိုပုဂ္ဂိုလ်၏ သန္တာန်၌ တည်သော ပရိယတ္တိဓမ္မကို လှူဒါန်းရာရောက်၏။ ထို့ကြောင့် ဌာနီ ပရိယတ်တတ်မြောက်ထားသော စာပေသည် ဓမ္မလည်းမည်၊ ဆွမ်းကပ်ခြင်းစသည်ဖြင့် လှူဒါန်းအပ်သောကြောင့် ဒါနည်း မည်ရကား ဓမ္မဒါနပင်တည်း။ တစ်နည်း-ကျွမ်းကျင်တတ်မြောက်ထားသော ပရိယတ္တိဓမ္မကို ဆွမ်းကပ်ခြင်းစသည်ဖြင့် ပေးလှူကြောင်းစေတနာသည်လည်း ဒီယေတေ+ဧတေနာတိ ဒါနံ၊ ဓမ္မဿ+ဒါနံ၊ ဓမ္မဒါနံနှင့်အညီ ဓမ္မဒါနပင်တည်း။ ထို့အတူ လဇ္ဇီပေသလပုထုဇဉ်နှင့် အရိယာသံဃာတို့ကို သင်္ကန်းစသည် လှူဒါန်းခြင်းသည်လည်း ဌာနီပဋိပတ္တိဓမ္မနှင့် ပဋိဝေဓ-ဓမ္မတို့ကို ပေးလှူရာရောက်သောကြောင့် ဒါတဗ္ဗန္တိ ဒါနံ= ဓမ္မဒါနံ= ဓမ္မဒါနံနှင့်အညီ ဓမ္မဒါနမည်၏။ ဒီယတေ+ဧတေနောတိ ဒါနံ၊ ဓမ္မဿ+ဒါနံ= ဓမ္မဒါနံနှင့်အညီ တစ်နည်းအားဖြင့် ဓမ္မဒါနမည်သည်သာ။ ဝါ၊ ပစ္စည်းလေးပါးဟူသော အာမိသဝတ္ထုကို ပေးလှူကြောင်းစေတနာလည်းကောင်း။ **ဓမ္မဒါနဉ္စ**၊ နိဗ္ဗာန်ရောက်ကြောင်း တရားတည်းဟူသော ပေးလှူဖွယ်ဝတ္ထုလည်းကောင်း။ ဝါ၊ နိဗ္ဗာန်ရောက်ကြောင်း တရားဓမ္မကိုပေးလှူကြောင်းစေတနာလည်းကောင်း။ ဝါ၊ နိဗ္ဗာန်ရောက်ကြောင်း တရားဓမ္မကိုပေးလှူကြောင်းစေတနာလည်းကောင်း။ ဣမာနိ ဒွေ၊ ဤနှစ်ပါးတို့တည်း။
(တစ်နည်းအားဖြင့် ဝိဝဋ္ဋဂါမိဒါန၊ ဝဋ္ဋဂါမိဒနဟု နှစ်မျိုးရှိ၏။ ထိုတွင် ပဌမအမျိုးအစားသည် အလုံးစုံသော အကျိုးမဲ့မှ လွတ်မြောက်၍ ဝဋ်ဆင်းရြအားလုံးကို လွန်မြောက်စေနိုင်၏။ ဒုတိယအမျိုးအစားသည် ဒါနအားလုံး၏ ဖြစ်ကြောင်း စည်းစိမ်ချမ်းသာတို့၏ အမြစ်သဖွယ် ဖြစ်၏။ သူတစ်ပါးအသက်ကို ကယ်ဆယ်ဖြင်း၊ ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်း အဘယ ဒါနကို ဓမ္မဒါန၌ သွင်းယူလေ။)
ဒွေ သံဝိဘာဂါ ။ ။ မိမိတစ်ဦးတည်းပိုင် ပစ္စည်းဖြစ်စေကာမှု မိမိတစ်ဦးတည်း မသုံးတောင် မသုံးစွဲမှု၍ မိမိနှင့် အလားတူ အခြားသူတို့ပါ သုံးဆောင်စေလိုသောဆန္ဒ ခွဲခြမ်းဝေဘန် မျှတ သုံးစွဲခြင်းသည် အာမိသသံဝိဘာဂမည်၏။ မိမိသိထားရထားသောတရားကို ကြောင့်ကြမဲ့မနေဘဲ သူတစ်ပါးတို့ကိုလည်း သိစေလိုသော ဆန္ဒဖြင့် ညွှန်ပြခြင်းသည် ဓမ္မသံဝိဘာဂမည်၏။
**ယံ ဒါနံ**၊ အကြင်အာမိသဒါနကို။ **အနုတ္တရံ**၊ အတုမရှိ။ **ပရမံ**၊ မြတ်၏ဟူ၍။ **အာဟု**၊ ဘုရားအဆူဆူတို့ မိန့်တော်မူကုန်ပြီ။ ယံ သံဝိဘာဂံ၊ အကြင် ဓမ္မသံဝိဘာဂကို။ **အနုတ္တရံ**၊ အတုမရှိ။ ပရမံ၊ မြတ်၏ ဟူ၍။ ဘဂဝါ၊ သည်။*ယမာဟုဒါနံ ပရမံ အနုတ္တရံ။ ။စိတ်ထားလည်း ကြည်လင်၊ ဘုရား အရိယာသံဃာဟူသော အလှူခံ ပုညခောတ်က အထက်တန်းကျပြန်၊ လှူဖွယ်ဝတ္ထုကလည်းအပြစ်ကင်းသောကြောင့် ဒါနသည် ကောင်းမြတ်၏။ တစ်နည်းအားဖြင့် ဒါနသည်လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကိုပေးတတ်၊ ဆန့်ကျင်ဖက် လောဘေ မစ္ဆရိယ စသည်ကို နှိမ်နင်းတတ်သောကြောင့် ကောင်းမြတ်၏။ အလှူပေးပုဂ္ဂိုလ်၏ စေတနာသုံးတန် ထက်သန်ခြင်း ရတနတ္တယနှင့် ကမ္မ ကမ္ဖလကိုသက်ဝင်ယုံကြည်မှု သဒ္ဓါတရားပြည့်စုံ၍လွန်ကဲစွာ ထက်ထက်သန်သန် ဖြစ်ခြင်းကြောင့် ဒါန၏ မြင့်မြတ်ရုံမကအကျိုးပေးလည်း အဆင့်မြင့်သောကြောင့် ဒါနကို သူ့ထက် သာလွန်ခြင်းကင်း၍ အတုမဲ့အဖြစ် ပြီးစေဘတ်၏ဟု ဘုရားအဆူဆူတို့ ချီးကျူးတော်မူသည်။ အဝဏ္ဏယိ၊ ချီးမွမ်းတော်မူပြီ။ အဂ္ဂမှိ၊ သီလစသော ဂုဏ်ထူးနှင့် ယှဉ်ခြင်းကြောင့်မြတ်သော။ ခေတ္တမှိ၊ ကောင်းမှုတိူ့၏ စိုက်ပျိုးရာ မြေကောင်းသဖွယ်ဖြစ်သော ဘုရား အရိယာသံဃာ၌။ ပသန္နစိတ္တော၊ ကြည်ညိုသော စိတ်ရှိသော။ ပဇာနံ- ပဇာနန္တော၊ ကံ၏ အကျိုးကို ကောင်းစွာ သိသော။ ကော ဝိညူ၊ အဘယ်ပညာရှိသည်။ ကာလေ၊ အလှူခံပုဂ္ဂိုလ်အား ပေးလှူရန် သင့်လျော်သော အခါ၌။ ဝါ-သဒ္ဓေါ၊ ဒေယျဓမ္မ ပါဋိဂ္ဂါဟက သုံးပါးစုံရာအချိန်အခါ၌။ ဒါနံ၊ ပေးလှူမှုကို။ န ယဇေထ၊ မပေးလှူဘဲ ရှိပါအံ့နည်း။ ယဇထ ယေဝ၊ ပေးလှူရာသည် သာတည်း။
ယမာဟုဒါနံ ပရမံ အနုတ္တရံ- ဂါထာဖြင့် အာမိသဒါန အာမိသသံဝိဘာဂါ-နုဂ္ဂဟကို ပြပြီး၍ ယခုအခါ ဓမ္မဒါန ဓမ္မသံဝိဘာဂါနုဂ္ဂဟကို ပြလိုသောကြောင့် ယေ စ ဘာသန္တိ စသော ဂါထာကို မိန့်တော်မူသည်။အဂ္ဂမှိ ခေတ္တမှိ ပသန္နစိတ္တော၊
ဝိညူ ပဇာနံ ကော နယဇေထ ကာလေ။
အလှူခံကလည်း သီလ သမာဓိ ပညာဟူသော မြတ်သောဂုဏ်တို့၏ တည်ရာ ပုညခေတ္တလည်းဖြစ်မည်၊ အလှူပေးကလည်း သဒ္ဓါတရား ထက်သန်မှုကြောင့် မစ္ဆေရ အညစ်အကြေးတွေ လွင့်စင်ကာ စိတ်ထားကြည်လင်မည်၊ ကံ ကံ၏ အကျိုးကိုလည်း ကောင်းမွန်စွာ သိသည့် ပညာရှင်ဖြစ်မည်ဆိုလျှင် အလှူခံပုဂ္ဂိုလ်အား ပေးလှူသင့်သောအခါ၊ သို့မဟုတ် သဒ္ဓါ လှူဖွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ်အား ပေးလှူသင့်သောအခါ၊ သို့မဟုတ် သဒ္ဓါ လှူဖွယ်ဝတ္ထု အလှူခံဝတ္ထု အလှူခံ သုံးမျိုးစုံသော အခါ၌ အဘယ်ပညာရှိသည် မပေးလှူဘဲရှိပါအံ့နည်း။ ပေးလှူမည်မှာ သေချာ၏။
ဒါနပြုရာ၌ စိတ်ထားကြည်ကြည်လင်လင်နှင့် မြင့်မြတ်သော အလှူခံပုဂ္ဂိုလ်ကို တွေ့ကြုံဖို့ အရေးကြီးသည်။ လှူဖွယ်ဝတ္ထု နည်းမှုများမှုသည် ပဓာန မဟုတ်။ ရှေ့နှစ်ပါး ပြည့်စုံလျှင် လှူဖွယ်ဝတ္ထုနည်းသော်လည်း ကြီးကျယ်သော အကျိုးပေး၏။
ယေ စေဝ ဘာသန္တိ သုဏန္တိ စူဘယံ၊
ပသန္နစိတ္တာ သုဂတဿ သာသနေ။
တေသံ သော အတ္ထော ပရမော ဝိသုဇ္စျတိ၊
မြတ်ဗုဒ္ဓသာသနာ၌ သက်ဝင်ယုံကြည်ကြသော အကြင်ဒေသက ပဋိဂ္ဂါဟကနှစ်ဥုးတို့သည် ဟောသူကဟော၍ နာသူကနာယူကြမည်ဆိုလျှင် ထိုပုဂ္ဂိုလ်နှစ်ဥုးတို့၏ ဓမ္မဒါနသံဝိဘာဂ- တို့ဖြင့် ချီးမြှောက်ခြင်းဟု ဆိုအပ်သော အနုဂ္ဂဟသည် မြင့်မြတ်သော အကျိုးကိုပြီးစေတတ်သောကြောင့် အနုဂ္ဂဟတ္ထနှစ်ပါးသည်လည်း ပရမ၊ မြတ်တော့၏။ ကိလေသာအညစ်အကြေးကို သုဓ်သင်တတ်သောကြောင့် လွန်စွာ ဖြူစင်သန့်ရှင်းတော့၏။
ယေ အပ္ပမတ္တာ သုဂတဿ သာသနေ
မြင့်မြတ်သန့်ရှင်းစင်ကြယ်သည်ဆိုသော်လည်း ငါးဖြာအာရုံ ကာမဂုဏ်တို့၌ ယစ်မူးခြင်းကင်း၍ မမေ့မလျော့ သိက္ခာသုံးရပ်ကို ပြည့်အောင် ဖြည့်ကျင့်ကြသော ယောဂီတို့သာ ဖြူစင်သန့်ရှင်းနိုင်သည် ဟူလို။
ယေ၊ အကြင်သူတို့သည်။ ဘာသန္တိ စေဝ၊ တရားကိုလည်း ဟောတော်မူကြကုန်၏။ သုဏန္တိ စ၊ တရားတို့ကိုလည်း နာကြားကြကုန်၏။ တေ ဥဘယံ၊ ထိုဟောသူ နာသူနှစ်ဥုးသားတို့သည်။ သုဂတဿ သာသနေ၊ ဘုရားသာသနာတော်၌။ ပသန္နစိတ္တာ၊ ကြည်ညိုသောစိတ်ရှိကုန်၏။ တေသံ၊ ထိုနှစ်ဥုးသားတို့၏။ သော အတ္ထော၊ ထိုဓမ္မဒါန ဓမ္မသံဝိဘာဂ ဓမ္မာနုဂ္ဂဟဟု ဆိုအပ်သော သဘောသည်။ ပရမော၊ မြတ်သောအကျိုးကို ပြီးစေတတ်သောကြောင့် မြတ်၏။ ဝိသုဇ္စျတိ၊ အလုံးစုံသော ကိလေသာ အညစ်အကြေးကို သုဓ်သင်တတ်သောကြောင့် သန့်ရှင်းဖြူစင်၏။
ကီဒိသာနံ၊ အဘယ်ကဲ့သို့သော ပုဂ္ဂိုလ်တို့အား။ ဝိသုဇ္စျတိ၊ စင်ကြယ်သနည်း။ (ထည့်)။ သုဂတဿ သာသနေ၊ ဘုရားရှင် သာသနာတော်၌။ ဝါ-သဗ္ဗပါပဿအကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။ သစိတ္တပရိယောဒါပနံ၊ ဧတံ ဗုဒ္ဓါန-သာသနံ-ဟူသော အဆုံးအမသုံးဖြာ မြတ်ဗုဒ္ဓသာသနာ၌။ ယေ၊ အကြင်သူတို့သည်။ အပ္ပမတ္တာ၊ မမေ့လျော့ကုန်သည်ဖြစ်၍။ အဓိသီလသိက်ခာဒယော၊ အဓိသီလသိက္ခာအစရှိသည်တို့ကို။ သက္ကစ္စံ၊ ရိုသေစွာ။ သမ္ပါဒေန္တိ၊ ပြည့်စုံစေကြကုန်။ တေသံ၊ ထိုပုဂ္ဂိုလ်တို့အား။ ဝိသုဇ္ဇျတိ၊ အရဟတ္တဖိုလ် ဝိသုဒ္ဓိဖြင့် လွန်စွာ သန့်ရှင်းဖြူစင်၏။