ရူပေဟိ ဘိက္ခဝေ အရူပါ (လ) သန္တတရော"တိ၊ သန္တတရော'ဟူသော။ ဧတံ၊ ဤသန္တတရသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ'န္တိ၊ အပ်ပြီ'ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံ မှတ်သားဆော်ငထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။ ရူပေဟိ၊ ရူပါဝစရတရားတို့ကို။ အရူပါ၊ အရူပါဝစရ တရားတို့သည်။ **သန္တတရာ**၊ ပိုလွန်ငြိမ်သက်ကုန်၏။ အရူပေဟိ၊ အရူပါဝစရ တရားတို့ထက်။ **သန္တာတရာ**။ ။ "ရူပါဝစရဓမ္မ" ကိလေသာတို့ကို ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်သော အားဖြင့်လည်းကောင်း၊ ရုန့်ရင်းသော ဝိတက်စသော စျာန်အင်္ဂါတို့ကို အင်္ဂါတိက္က-မပဟာန်ဖြင့် ပယ်သောအားဖြင့်လည်းကောင်း၊ သမာဓိ၏တည်ရာ ဘူမိအနေအားဖြင့်လည်းကောင်း ရူပါဝစရတရားတို့သည် သန္တ၊ ငြိမ်သက်ကြကုန်၏။ အင်္ဂသန္တအာရမ္မဏသန္တအားဖြင့် ရူပါဝစရတရားတို့ထက် ပိုလွန် ငြိမ်သက်သောကြောင့် အရူပါ-ဝစရတရားတို့သည် သန္တတရဖြစ်ကုန်၏။ အရဟတ္တ ဖိုလ်သည် သင်္ခါရပင် ဖြစ်သော် လည်း အလွန်တရာ သိမ့်မွေ့သည်၏ အဖြစ်သို့ ရောက်သည့် အနေ, ကိလေသာ ပူလောင်ခြင်းကို ထပ်မံငြှိမ်းသတ်သောအနေ, နိဗ္ဗာန်ကိုအာရုံပြု သော အနေအားဖြင့် အရူပါဝစရတရားတို့ထက် ဝါ-စတုတတ္ထာရုပ္ပစျာန်ထက် ဖလ သမာပတ်တို့သည် ပိုလွန်ငြိမ်သက်သော သန္တတရတို့ဖြစ်ကုန်၏။ အလုံးစုံသော သင်္ခါရတရားတို့ငြိမ်းရာဖြစ်သော နိဗ္ဗာန်ကား ဆိုဖွယ်မရှိ၊ အဆိုပါအားလုံးတိုထက် အငြိမ်းသက်ဆုံး သန္တတရ သန္တတမ ဖြစ်ပေ၏။ နိရောဓော၊ နိဗ္ဗာန်သည်။ သန္တတရော၊ ပို၍ ငြိမ်သက်၏။