တီဏိမာနိ ဘိက္ခဝေ (လ) တီဏိ ပုညကိရိယဝတ္ထုနီ'တိ၊ ပုညကိရိယ-ဝတ္ထုနိ'ဟူသော။ ဧတံ၊ ဤပုညကိရိယဝတ္ထုသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီိ။ အရဟတာ၊ သည်။ ဝုတ္တန္တိ၊ အပ်ပြီ'ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။ **ပုညကိရိယဝတ္ထူနိ**၊ ပုညကိရိယဝတ္ထုတို့သည်။ ဣမာနိ တီဏိ၊ ဤသုံးပါးတို့တည်း။
**ဒါနမယံ**၊ ဒါနတည်းဟူသော။
ပုညကိရိယဝတ္ထု၊ လည်းကောင်း။
**သိီလမယံ**၊ သီလတည်းဟူသော။**ပုညကိရိယဝတ္ထု**။ ။ ပုဇ္ဇဘဝဖလံ နိဗ္ဗတ္တေန္တိ ပုညာနိဖြစ်စေ, အတ္တနော သန္တာနံ ပုနန္တီ ပုညာနိ ဟုဖြစ်စေ ဝိဂြိုလ်ပြု။ ဟေတုပစ္စယေဟိ ကာတဗ္ဗာတိ ကိရိယာ-ဟုပြု။ တေသံ တေသံ အာနိသံသာန ဝသန္တိ+ဧတ္ထာတိ ဝတ္ထူနိဟုပြု။ ပုညာနိစ+တာနိ+ကိရိယာစေတိ၊ ပုညကိရိယာ။ ပုညကိရိယာဧဝ+ဝတ္ထူနိ=ပုညကိရိယဝတ္ထူနိဟု ကမ္မဓာရဲတွဲ။ ပြုလည်းပြုသင့် ထိုထိုအကျိုးတို့၏ တည်ရာလည်းဖြစ် ပုဇ္ဇဖလကိုလည်းဖြစ်စေတတ်၊ ဝါ- မိမိ၏စိတ် အစဉ်ကိုလည်း ဖြူစင်စေတတ်သော ကုသိုလ်တို့ကို အရကောက်။
ဒါနမယံ။ ။ ဒီယတိ ဧတာယာတိ ဒါနံ။ ဒါနမေဝ ဒါနမယံ-ဟု ဝိဂြိုလ်ပြု။ မိမိအောက်နိမ့်သူအား ချိီးမြှောက်သည့်အနေဖြင့် မိမိထက်မြင့်သူအား ပူဇော်သည့်အနေဖြင့် ကိုယ်ပိုင်ပစ္စည်းကို သူတစ်ပါးတို့အား စွန့်လွှတ်ခြင်း စေတနာအရကောက်။ ပုဗ္ဗ မုဉ္စ အပရ-ဟူသော သုံမျိုးတွင် မုဉ္စ-သည် မုချ။ ပုဗ္ဗ အပရ-တို့ကား ဥပစာဒါန။
သီလမယံ။ ။ တိဝိဓသမ္ပတ္တိသုခံ သီလတိ ပတိဋ္ဌာတိ+ဧတ္တာတိ သိီလံ-ဟုပြု။ လူနာတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာသည် သီလစင်ကြယ်မှရနိုင်သောကြောင့် သီလသည် ချမ်းသာ၏ တည်ရာ ဖြစ်၏။ နိစ္စသီလ ဥပေါသထ နိယမ-ဟူသော ငါးပါး ရှစ်ပါး ဆယ်ပါးသိီလ အရကောက်။ ပါတိမောက္ခသံဝရသီလ-ကို သဒ္ဓါ-ဖြင့် ပစ္စယသံနိဿိတသီလ-ကို ပညာဖြင့်၊ ဣန္ဒြိယသံဝရသီလ-ကို သတိဖြင့်၊ အာဇာဝ- ပါရိသုဒ္ဓိသီလ-ကို ဝီရိယဖြင့် စောက်ရှောက်မှ လုံခြုံသည်။ ပုညကိရိယဝတ္ထု၊ လည်းကောင်း။
**ဘာဝနာမယံ**၊ ဘဝနာတည်းဟူသော။
ပုညကိရိယဝတ္ထု၊ လည်းကောင်း။
(ဒါနမယစသည်၌ မယပစ္စည်းသွတ္ထ)
ဘိက္ခဝေ၊ တို့။ ဣမာနိ တီဏိ၊ ဤသုံးပါးတို့သည်။ ပုညကိရိယဝတ္ထူနိ၊ ပုညကိရိယဝတ္ထုတို့တည်း။
လှူပုံ ကွဲ၍ ဒါနသုံးမျိုး ကွဲပြား။ ။ အလှူပေးပုဂ္ဂိုလ်က ဤဆွမ်းကို လှူဒါန်းပါ၏ဟု လှူသည်ဖြစ်စေ၊ ဤဆွမ်းအလှူသည်ဗောဓိဉာန်၏ အထောက်အပံ့ ဖြစ်ပါစေဟု ဆင်ခြင်၍ လှူသည်ဖြစ်စေ ထိုအလှူသည် ဒါနမယပုညကိရိယဝတ္ထုမည်၏။ မိဘလက်ထက် ဆွမ်းလောင်းတယ် ဆွမ်းကျွေးတယ်၊ ငါ့လက်ထက်မာလည်း ထိုဝတ်မပျက်အောင်ရည်ရွယ်၍ လှူလျှင် ထိုအလှူသည် သီလမယပုညကိရိယဝတ္ထု-ဖြစ်၏။ လှူဖွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ် အလှူပေးပုဂ္ဂိုလ်တို့ကို ခဘဝယ-အားဖြင့် သုံးသပ်၍ လှူသော်လည်းကောင်း၊ ကံကံ၏ အကျိုးကို သုံးသပ်၍ လှူသော်လည်းကောင်း ထိုအလှူသည် ဘာဝနာမယ ပုညကိရိယဝတ္ထု-ဟု ခေါ်ဆိုရလေသည်။
ပုညကိရိယဝတ္ထု ၁၀-ပါး။ ။ ဤသုတ်၌ တီဏိမာနိ ဘိက္ခဝေ ပုညကိရိယဝတ္ထူနိ ဟု သုံးမျိုးသာဟောအပ်သော်လည်း အပစာယန, ဝေယျာဝစ္စ, ပတ္တိဒါန၊ အဗ္ဘာ-နုမောဒန, ဓမ္မဿဝန,ဓမ္မဒေသနာ, ဒိဋ္ဌိဇုကမ္မ-ဟု ၇-မျိုး ရှိသေးသည်။ ထိုထို ၇မျိုးနှင့် ဒါနသီလ ဘာဝနာပေါင်းလျှင် ၁၀-မျိုးအထိ ရှိသည်။ ထို ၇-မျိုးတွင် သရဏဂုံ ဆောက်တည်ခြင်းကို ဒိဋ္ဌိ ဇုကမ္မ-၌ သွင်းယူရမည်ဟု 'သရဏဂမနမ္ပိ ဟိ ဒိဋ္ဌိဇုဂတဝသေန သင်္ဂယှတိ'ဟု အဋ္ဌကထာဆရာမိန့်သည်။
အဗ္ဘာနုမောဒန။ ။ အလှူရှင်တို့က ပေးဝေသော ကုသိုလ်ကို သာဓု ခေါ်မှ အဗ္ဘာမုမောဒန-ဖြစ်သည် မဟုတ်။ သူတစ်ပါးတိုပြုလုပ်အပ်သော ကိုသုလ်ကို မိမိဘာသာ ဝမ်းသာအည့်လဲ သာဓုခေါ်ဆိုလျှင်လည်းအဗ္ဘာနုမောဒနပုညကိရိယဝတ္ထုကုသိုလ်ဖြစ်၏။
(ယော၊ အကြင်အမျိုးကောင်းသားသည်။ အတ္ထကာမော၊ အကျိုးစီိးပွားကိုလိုလား၏။) သော၊ ထိုအမျိုးကောင်းသားသည်။ အာယတဂ္ဂံ၊ ကြီးကျယ်ပြန့်ပြော၍ အထက်တန်းကျသောအကျိူးရှ်ိသော။ ဝါ၊ (မြတ်နိုးအပ်သော အကျိုးရှိသောကြောင့်) နောင်တစ်ချိန်၌ကောင်းမွန််သော။ သုခုဒြယံ၊ ချမ်းသာကိုပွားတိုးစေတတ်သော။ ပုညမေဝ၊ (ပုဇ္ဇဖလက်ို ဖြစ်စေတတ်၊ မိမိ စိတ်အစဉ်ကို ဖြူစင်စေတတ်သောကြောင့် ပုည-ဟုခေါ်ဆိုအပ်သော) ဒါန သီိလ ဘာဝနာ တည်းဟူသော ကုသိုလ်သုံးမျိုးကို။ သိက္ခေယျ၊ လေ့ကျင့် ဆည်းပူးရာ၏။
(ကတမံ ပုညံ၊ အဘယ်ကုသိုလ်ကို။ ကထံ သိက္ခေခယျ။ ဘယ်ပုံလေ့ကျင့် ဆည်းပူးရမည်နည်း။) ဒါနဉ္စ၊ ဒါနကုသိုလ်ကို လည်းကောင်း။ သမာစရိယဉ္စသုစရိုက်ဆယ်ပါးတည်းဟူသော သီိလကုသိုလ်ကိုလည်းကောင်း။ မေတ္တစိတ္တဉ္စ၊ မေတ္တာနှင့်ယှဉ်သော စိတ်ကိုလည်းကောင်း။ ဘာဝယေ၊ မိမိသန္တာန်၌ ဖြစ်စေရာ၏။ သုခ သမုဒ္ဒယေ၊ ချမ်းသာခြင်း အကျိုးရှိကုန် သော။ တယော၊ သုံးပါးကုန်သော။
ဒါ သီ ဘာ သုံးမျိုး၌ သွင်းပုံ ဝါဒကွဲ။ ။ ဒါနသီလာ၊ ဘာဝနာ၊ သုံးဖြာစဉ်တိုင်းခင်း။ စ နှစ်ကို လယ်,လယ်နှစ်ကို စ၊ နောက်မှ နောက်ချင်းသွင်းဟူသော လင်္ကာအရအပစာယန-နှင့် ဝေယျဝစ္စ-ကို သီလ၌သွင်း၊ ပတ္တိဒါန-နှင့် အဗ္ဘာနုမောဒန-ကို ဒါန၌သွင်း၊ ကျန်် ဓမ္မဒေသနာ ဓမ္မဿဝန ဒိဋ္ဌိဇုကမ္မ ၃-မျိုး ဘာဝနာ၌ သွင်းရမည်ဟုဝါဒတစ်မျိုး ရှိသေး၏။ ဒိဋ္ဌိဇုကမ္မ-ကို သုံးမျိုးလုံး၌ သွင်းခြင်းနှင့် ဘာဝနာ-တစ်မျိုး၌သာ သွင်းခြင်းထူး၏။ ဝါ၊ (အခြားသော ကာမာဝဏရ ကုသိုလ်၏ အစွမ်းအားဖြင့်) သမ္ပတ္တိယတတည်းဟူသော လူ့လောက နတ်လောကသို့။ ပဏ္ဍိတော၊ သည်။ ဥပပဇ္ဇတိ၊ ကပ်ရောက််ရ၏။
တီဏိမာနိ ဘိက္ခဝေ စက္ခူနိ (လ) တီဏိ စက္ခူနီ'တိ၊ စက္ခူနိ'ဟူသော။ ဧတံ၊ ဤစက္ခုသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီီ။ အရဟတာ၊ သည်။ ဝုတ္တ'န္တိ၊ အပ်ပြီ'ဟူ၍။ မေ၊ အကျွန်ုအာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီိ။
ဘိက္ခဝေ၊ တို့။ စက္ခူနိ၊ စက္ခုတို့သည်။ ဣမာနိ တီဏိ၊ ဤသုံးပါးတို့တည်း။
အကျဉ်းချုပ်အားဖြင့် အဋ္ဌကလာပ်ရှပ်ရှစ်ခု သမ္ဘဝ သဏ္ဌာနနှင့် ပေါင်း ၁၀-ခု၊ ထို့ပြင် ဇီဝိတရုပ် ဘာဝရုပ် ကာယပသာဒ စက်ခုပသာဒ ၄-မျိုး၊ အားလုံး ၁၄-မျိုးကို သသမ္ဘာရစက္ခု-ဟု ခေါ်သည်။ ဤ ၁၄-မျိုးတို့တွင် ရှေ့ ၁၀-မျိုးတို့သည် စတုဇရုပ် ဖြစ်ခြင်းကြောင့် ၁၀-တည် ၄-ဖြင့်မြှောက်သော် ၄၀-ဖြစ်၏။ နောက်လေးမျိုးဧကဇရုပ်ဖြစ်ခြင်းကြောင့် မြှောက်ရန် မလို။ ထို့ကြောင့် ၄၀-နှင့် ၄-ပေါင်းလျှင် ၄၄-ဖြစ်၏။ ထို ၄၄-မျိုးသည် သသမ္ဘာရစက္ခု-မည်၏။
ပသာဒစက္ခု။ ။ အဆိုပါ သသမ္ဘာရစက္ခု-၌ မှီသော မဟာဘုတ် လေးပါးကို အစွဲပြုကာ ဖြစ်သော ပသာရုပ်သည် ပသာဒစက္ခု-မည်၏။ ထို ပသာစက္ခု-သည်ပင် စက္ခုဝိဉာဏ်၏ တည်ရာ ဖြစ်၍ ဝတ္ထု၊ သမ္ပဋိစ္ဆိုင်း စသည်တို့၏ အကြောင်း ဖြစ်၍ ဒွါရမည်ပြန်၏။
ပညာစက္ခု။ ။ အာသဝက္ခယဉာနသင်္ခါတာ ပညာ စတုသစ္စဒဿနဋ္ဌေန ပညာ-စက္ခုတိ အဓိပ္ပေတာ-ဟူ သည်နှင့် အညီ စတ္တာရိ သစ္စာနိ ပဇာနာတိတိ-ပညာ။ ပညာဧဝ+စက္ခု ပညာစက္ခု-ဟူသော ဝစနတ္ထအရ အာသဝက္ခယဉာန်သည် ပညာစက္ခု-မည်၏။
ပကတိကောင်းမွန်သော မံသစက္ခု-ဖြင့် ဥဂ္ဂဟနိမိတ်ထင်သည်အထိ အာလောကကသိုဏ်းကို ပွားများရမည်း။ ယင်းသို့ ပွားများမှ ဒိဗ္ဗစက္ခု-အဘိညာဉ် ရနိုင်သည်။ ထိုအဘိညာဉ်ကို အခြေခံ၍ အာသဝက္ခယဉာန်တည်းဟူသော ပညာစက္ခု ရရှိနိုင်သည်။ ယင်းကို ရမှ သံသရာမှလွတ်မြောက်မည်။ ထို့ကြောင့် စက္ခုသုံးမျိုးကို ဟော၍ ယဿ စက္ခုဿ ပဋိလာဘာ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ-ဟု မိန့်ဆိုလေသည်။
တီဏိမာနိ ဘိက္ခဝေ ဣန္ဒြိယာနိ (လ) တီဏိ ဣန္ဒြိယာနီ'တိ၊ ဣန္ဒြိယာနိ'ဟူသော။ ဧတံ၊ ဤဣန္ဒြိယသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ'န္တိ၊ အပ်ပြီ'ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီိ။
ဘိက္ခဝေ၊ တိို့။ ဣန္ဒြိယာနိ၊ တို့သည်။ ဣမာနိတီဏိ၊ ဤသုံးပါးတည်း။
သောတာပတ္တိမဂ်သည် သိအပ်ပြီိးသော အပိုင်းအခြားကို မလွန်မူ၍ သိသော ပညာသည် အညိန္ဒြေ-သည်မည်၏။ တရားကိုယ်အားဖြင့် အထက်မဂ်သုံးပါးနှင့် အောက်ဖိုလ်သုံးပါးပင်တည်း။
သစ္စာလေးပါးနှင့် ပတ်သက်၍ သိဖွယ်မှန်သမျှ သိအပ်ပြီးသော ကိစ္စရှိသောရဟန္တာ၏ ဣန္ဒြေ-သည် အညာတာဝိန္ဒြေ-မည်၏။ တရားကိုယ်အားဖြင့် အရဟတ္တဖိုလ်တည်း။
ဣန္ဒြိယပုဒ် ဝစနတ္ထသုံးမျိုး။ ။ သဟဇာတ်တရားတို့၏ အကြိီးကဲ ဥုးစီးဥုးကိုင် ဖြစ်သောကြောင့် 'သဟဇာတဓမ္မေသု ဣန္ဒတိ ပရမိဿရိယံ ကရောတီတိ ဣန္ဒြိယံ'အရ မဂ်ဉာန်ဖိုလ်ဉာန် အားလုံးသည် ဣန္ဒြေ-မည်၏။
တစ်နည်း။ ။ ဣန္ဒေန (ဘဂဝတာ) ဒိဋ္ဌာနိ အဓိဂတာနိ၊ ဣန္ဒေန (ဘဂဝတာပရေသံ) ဒိဋ္ဌာနိ ဒေသိတာနိ။ ဣန္ဒေန (ဘဂဝတာ ဂေါစရဘာဝနာသေဝနာဟိ) ဒိဋ္ဌာနိ ဣန္ဒြိယာနိဟူသော ဒိဋ္ဌတဒ္ဓိတဝစနတ္ထအရ ဣန္ဒြေ မည်၏။
တစ်နည်း။ ။ ဣန္ဒဿ (မဂ္ဂါဓိဂမဿ ဥပနိဿယဘူတဿ ပုဉကမ္မဿ) လိင်္ဂါနိ ဣန္ဒြိယာဟူသော လိင်္ဂ- တဒ္ဓိတ ဝစနတ္ထအရ ဣန္ဒြေမည်၏။ ဣတိ၊ သို့။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ ပြီ။
ပုဂ္ဂိုလ်သတွာ မဟုတ်ပါဘဲလျက် ခန္ဓာငါးပါးကို ပုဂ္ဂိုလ်သတွာဟု အထင်အမြင်လွဲနေကြသော သတ္တဝါတို့သည် ခန္ဓာငါးပါး၌ ငါ့ခြေ ငါ့လက် ငါ့မျက်စိ စသော တဏှာစွဲဖြင့်တည်၏။ ငါကောင်သူကောင်ဟူသော အတ္တစွဲအားဖြင့်လည်း တည်၏။ တစ်နည်း-လောဘသ္မားကလည်း လောဘ၏အစွမ်းအားဖြင့်, ဒေါသ သ္မားကလည်း ဒေါသ၏အစွမ်းအားဖြင့်, မောဟသ္မားကလည်း မောဟ၏ အစွမ်းအားဖြင့်, မကောင်းမြင် အမှားမြင်သ္မားများကလည်း ဒိဋ္ဌိ၏အစွမ်းအားဖြင့်, ကိလောသာတို့ကို ပရိယုဋ္ဌာန စသည်ဖြင့် ဖြစ်စေနိုင်သော စွမ်းအင် လက်ကိုင်ရှိသူတို့ကလည်း အနုသယ၏ အစွမ်းအားဖြင့်,လက်မထောင်သော အထောင် အလွှားသ္မားတို့ကလည်း မာန၏ အစွမ်းအားဖြင့်, မရေမရာသ္မားတို့ကလည်း ဝိစိကိစ္ဆာ၏ အစွမ်းအားဖြင့်, မတည်မငြိမ်သူတို့ကလည်း ဥဒ္ဓစ္စ၏ အစွမ်းအားဖြင့်, (ပေါင်း ရှစ်မျိုး၏အစွမ်းအားဖြင့်) ခန္ဓာငါးပါး၌တည်နေ၏။
ခန္ဓာငါးပါးတည်းဟူသော အက္ခေယျ-ကို ပရိညာသုံးပါးဖြင့် အတိအကျ မသိကြသည့်အတွက် သေမင်းနှင့် ပတ်သက်် ဆက်သွယ်နေရ၏။ တစ်နည်းအားဖြင့် အက္ခေယျကို ပရိညာဉ်သုံးပါးဖြင့် ပိုင်ပိုင်နိုင်နိုင် မသိခြင်းကြောင့် သေမင်းဖြန့်ကျက်ထောင်ထားအပ်သော ပိုက်ကွန်ကျော့ကွင်းသို့ ကပ်ရောက်ကြရသည်ဟူလို။ ဝါ၊ လော,ဒေါ,မော,ဒိဋ္ဌ်- နု, မာ, ကိစ်ဝြွိက္ခိပ်, ဥဒ္ဓစ် ရှစ်၏ အစွမ်းအားဖြင့် တည်ကြကုန်၏။ အက္ခေယျသ္မိံ၊ အက္ခေယျဟု ခေါဆိုအပ်သော တေဘူမကသင်္ခါရတရား၌။ အပရိညာယ၊ ပရိညာသုံးပါးဖြင့် ပိုင်းခြား၍ မသိခြင်းကြောင့်။ မစ္စုနော၊ သေမင်းနှင့်။ ယောဂံ၊ ဆက်သွယ်ပတ်သက်ခြင်းသို့။ အာယန္တိ ဥပဂစ္ဆန္တိ၊ ကပ်ရောက်ကြရကုန်၏။ တစ်နည်း- မစ္စုနော၊ သည်။ ယောဂံ၊ ယှဉ်စပ် ဖြန့်ထောင်ထားအပ်သော ပိုက်ကွန်သို့။ အာယန္တိ ဥပဂစ္ဆန္တိ၊ ကပ်ရောက်ကြရကုန်၏။
သင်္ခတနယ်မှ လွတ်မြောက်လာသော အသင်္ခတဖြစ်သောနိဗ္ဗာန်၊ ကိလေသာ အပူငြိမ်းသော နိဗ္ဗာန်ကို အရဟတ္တဖိုလ်စိတ်ဖြင့် တွေ့ထိအပ်် ရောက်အပ်ပြီဖြစ်သောကြောင့် ကာရကဟူ၍လည်းကောင်း၊ ဝေဒကဟူ၍လည်းကောင်း၊ သာမီဟူ၍လည်းကောင်း၊ ပြောပြသကဲ့သို့ဖြစ်သော အတ္တကောင်ကို အသိအမှတ်မပြုတော့၊ မယုံကြည် လက်မခံတော့ဟူလို။ ထို့အပြင် ဖုဋ္ဌော (လ) မနုတ္တရံ- ဟူသောဝါကျက ဟေတု၊ အက္ခာတာရံ န မညိတိ-က ဖလ အဖြစ်ဖြင့်လည်း အဓိပ္ပါယ်တစ်မျိုးယူလေ။ တစ်နည်း-ဝိမောက္ခာ၊ ကိလေသာအားလုံးမှ လွတ်မြောက်သော အရဟတ္တမဂ်ကို။ မနသာ၊ အရဟတ္တမဂ်စိတ်ဖြင့်။ ဖုဋ္ဌော ဖုသိတော ဘာဝိတော၊ တွေ့ထိအပ် ပွားများအပ်ပြီ။ အနုတ္တရံ၊ အတုမဲ့ဖြစ်သော။ သန္တိပဒံ၊ ကိလေသာအပူ ဇာတ်သိမ်း ငြိမ်းအေးသော နိဗ္ဗာန်ကို။ ဖုဋ္ဌံ ဖုသိတံ သစ္ဆိကတံ၊ မျက်မှောက်ပြုအပ်ပြိီ။
ရဟန္တာတို့ကိုကား ၎င်းတို့၏ ခန္ဓာငါးပါးက နိစ္စ သုခ သုဘ အတ္တဟု အထင်မှားအောင်မလှည့်စားနိုင်တော့ပေ။ ထို့ကြောင့် ရဟန္တာတို့သည် ၎င်းတို့၏ခန္ဓာငါးပါးကို ပိုင်သည်ဟု ဆိုနိုင်၏။ ဆိုနိုင်သောကြောင့် အက္ခေယျသမ္ပန္န တို့မည်၏။
အဆိုပါ အက္ခေယျသမ္ပန္နဖြစ်သော ရဟန္တာသည် ငြိမ်းချမ်းသော နိဗ္ဗာန်၌ မွေ့လျော်ကာ ပစ္စည်းလေးပါးတို့ကို ပညာဖြင့် ဆင်ခြင် သုံးဆောင်မှီဝဲ၍ နိဗ္ဗာန်တရား၊ သို့မဟုတ်အသေက္ခတရားတို့၌ တည်သောကြောင့် ပုဂ္ဂိုလ်သတွာ ယောကျာ်းမိန်းမ ဟူသောခေါ်ဝေါ်သုံးနှုန်းအပ်သည်၏ အဖြစ်သို့ မရောက်တော့ဘဲ အနုပါဒိသေသနိဗ္ဗာန် ဝင်စံနေတော့၏ ဟူလို။
တီီဏိမာနိ ဘိက္ခဝေ ဒုစ္စရိတာနိ (လ) တီဏိ ဒုစ္စရိတာနီ'တိ၊ ဒုစ္စရိတာနိ'ဟူသော။ ဧတံ၊ ဤဒုစ္စရိတသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီိ။ အရဟတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ'န္တိ၊ အပ်ပြီ'ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြိီ။
ဘိက္ခဝေ၊ တို့။ ဒုစ္စရိတာနိ၊ မကောင်းသော အကျင့်တို့သည်။ ဝါ၊ အကျင့်ပျက်တို့သည်။ ဣမာနိ တီဏိ၊ ဤသုံးပါးတို့တည်း။
ကာယဒုစ္စရိတံ၊ ခန္ဓာကိုယ်ဖြင့် မကောင်းသဖြင့် ပြုကျင့်ခြင်းလည်းကောင်း။ ဝါ၊ ခန္ဓာကိုယ်နှင့် ပတ်သက်သော အကျင့်ပျက်လည်းကောင်း။ ဝစီဒုစ္စရိတံ၊ နှုတ်ဖြင့် မကောင်းသဖြင့်ပြုကျင့်ခြင်းလည်းကောင်း။ ဝါ၊ နှုတ်နှင့် ပတ်သက်သော အကျင့်ပျက်လည်းကောင်း။ မနောဒုစ္စရိတံ၊ စိတ်ဖြင့် မကောင်းသဖြင့် ပြုကျင့်ခြင်းလည်းကောင်း။ ဝါ၊ စိတ်နှင့် ပတ်သက်သော အကျင့်ပျက်လည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။ ဒုစ္စရိတာနိ၊ မကောင်းသောအကျင့်တို့သည်။ ဝါ၊ အကျင့်ပျက်တို့သည်။ ဣမာနိ ခေါ တီဏီ၊ ဤသုံးမျိုးတို့တည်း။
စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ-ဟူသော ပါဠိနှင့်အညီ ကာယနှင့်ဝစီ ဒုစရိုက် နှစ်မျိုးကား တရားကိုယ်အားဖြင့် စေတနာရသောကြောင့် ကာယကံ ဝစီကံဟု သတ်မှတ်ခြင်းသည် သင့်တန်စေ။ စေတနာကို အရမကောက်ပါပဲလျက် အဘိဇ္စျာစသောသုံးမျိုးသည် စေတနာမဟုတ်သော်လည်း အဘိဇ္စျာ ဗျာပါဒေါ မိစ္ဆာဒိဋ္ဌိတိ တယောစေတနာသမ္ပယုတ္တဓမ္မာ မနောဒုစရိတန္တိ ဟူသော အဋ္ဌကထာအလို စေတနာသမ္ပယုတ္တဖြစ်သောကြောင့် ဝါ-စေတနာနှင့်ယှဉ်သော သမ္ပယုတ်တရား ဖြစ်ခြင်းကြောင့် မနောကံအမည်ရသည်ဟူလို။
ပညာတတ် လူပြန်တော်ကြီးတစ်ဦးက "ဥုဇင်း ငရဲကြီးဖို့များ လွယ်တယ်များမှတ်သလပား။ အကုသိုလ်ဖြစ်တိုင်း ငရဲမကြီးဘူး ဥုးဇင်းရဲ့"ဟု လျှောက်ထားဖူးသည်။ ထိုစကားကြားရစဉ် ဒကာကြီး ဘာအဓိပ္ပါယ် ပြောတာပါလိမ့် ဟု ဖြစ်ခဲ့သည်။ ယဉ္စညံ ဒေါသသဉှိတံ ဟူသောပါဠိနှင့် ယင်းအဖွင့်ကို ရည်ရွယ်ပြောလေသလားဟု ဤစာရေးစဉ် အကြံ ဖြစ်မိသည်။
တီဏိမာနိ ဘိက္ခဝေ သုစရိတာနိ (လ) တီဏိ သုစရိတာနီ'တိ၊ သုစရိတာနိ'ဟူသော။ ဧတံ၊ ဤ သုစရိတသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ'န္တိ၊ အပ်ပြီ'ဟူ၍။ မေ၊ အကျွန်ပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီိ။
ဘိက္ခဝေ၊ တို့။ သုစရိတာနိ၊ ကောင်းစွာကျင့်အပ်သောအကျင့်တို့သည်။ ဝါ၊ အကျင့်ကောင်းတို့သည်။ ဣမာနိ တီဏိ၊ ဤသုံးပါးတို့တည်း။
**ကာယသုစရိတာနိ**၊ ကိုယ်ဖြင့် ကောင်းစွာကျင့်အပ်သောအကျင့်လည်းကောင်း။ ဝါ၊ ကိုယ်ကြောင့်ဖြစ်သော အကျင့်ကောင်းလည်းကောင်း။ ဝစီသုစရိတာနိ၊ နှုတ်ဖြင့် ကောင်းစွာ ကျင့်အပ်သော အကျင့်လည်းကောင်း။ ဝါ၊ နှုတ်ကြောင့် ဖြစ်သော အကျင့်ကောင်းလည်းကောင်း။ မနောသုစရိတံ၊ စိတ်ဖြင့် ကောင်းစွာ ကျင့်အပ်သောအကျင့်လည်းကောင်း။ ဝါ၊ စိတ်ကြောင့် ဖြစ်သော အကျင့်လည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။ သုစရိတာနိ၊ တို့သည်။ ဣမာနိခေါ တီဏိ၊ ဤသုံးမျိုးတို့တည်း။
တီဏိမာနိ ဘိက္ခဝေ သောစေယျာနိ (လ) တီဏိ သောစေယျာနီ'တိ၊ သောစေယျာနိဟူသော။ ဧတံ၊ ဤသောစေယျသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ'န္တိ၊ အပ်ပြီ'ဟူ၍။ မေ၊ အကျွန်ုပ် အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။ သောစေယျာနိ၊ စင်ကြယ်သည်၏အဖြစ်။ ဝါ၊ စင်ကြယ်ခြင်းတို့သည်။ ဣမာနိ တီဏိ၊ ဤသုံးမျိုး တို့တည်း။
ကာယသောစေယျံ၊ ကိုယ်အားဖြင့်စင်ကြယ်ခြင်းလည်းကောင်း။ ဝစီသောစေယျံ၊ နှုတ်အားဖြင့် စင်ကြယ်ခြင်းလည်းကောင်း။ မနောသောစေယျံ၊ စိတ်အားဖြင့် စင်ကြယ်ခြင်းလည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။ သောစေယျာနိ၊ တို့သည်။ ဣမာနိ ခေါ တီဏိ၊ ဤသုံးမျိုးတို့ပင်တည်း။
တီဏိမာနိ ဘိက္ခဝေ မောနေယျာနိ (လ) တီဏိ မောနေယျာနီ'တိ၊ မောနေယျာနိ' ဟူသော။ ဧတံ၊ ဤ မောနေယျသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြိီ။ အရဟတာ၊ သည်။ ဝုတ္တ'န္တိ၊ အပ်ပြိီ'ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြိီ။
ဘိက္ခဝေ၊ တို့။ **မောနေယျာနိ**၊ ရဟန္တာဖြစ်ကြောင်းအကျင့်တို့သည်။ ဣမာနိ တီဏိ၊ ဤသုံးမျိုးတို့တည်း။ ကတမာနိ တီဏိ၊ အဘယ်သုံးမျိုးတို့နည်း။
**တစ်နည်း**။ ။ မုနိံ၊ (မုနိဘာဝံ)+ကရောန္တီတိ မောနေယျာနိ။ မောနေယျ ပဋိပဒါဓမ္မကို ကောက်။
**ကာယမောနေယျ**။ ။ ကာယဿ၊ (တိဝိဓကာယဒုစ္စရိတဿ)+ မောနေယျံ= (ပဟာနံ) ကာယမောနေယျံ။ ကာယသုစရိုက်သုံးပါး အရကောက်။
ကာဘေ၊ (ကာယာရမ္မဏေ)+မောနေယျံ= (ဉာနံ)။ ကာယမောနေယျံ။ ကာယေ+မောနေယျံ= (ပရိညာ) ကာယမောနေယျံ။ ကာယပရိညာသင်္ခါတံ+မောနေယျံ ကာယ မောနေယျံ။ ပရိညာနှင့် တကွဖြစ်သော မဂ်ကို အရကောက်။ ကာယေ+မောနေယျံ ကာယမောနေယျံ။ ဆန္ဒရာဂပယ်မှုကို အရကောက်။ ကယဿ၊ (ကာယသင်္ခါတဿ)+နိရောဓာ+မောနေယျံ ကာယမောနေယျံ စတုတ္ထဇ္စျာန်သမာပတ် အရကောက်၊ ဝစီ မနောမောနေယျတို့ကို အလားတူ သိလေ။ မနောမောနေယျံ၊ စိတ်ဖြင့် ရဟန္တာဖြစ်ကြောင်းအကျင့်တို့၎င်းတည်း။ ဘိက္ခဝေ၊ တို့။ မောနေယျာနိ၊ ရဟန္တာဖြစ်ကြောင်းအကျင့်တို့သည်။ ဝါ၊ ရဟန္တာအဖြစ်ကို ပြုတတ်သော အကျင့်တို့သည်။ ဣမာနိ ခေါ တီိဏိ၊ ဤသုံးမျိုးတို့ပင်တည်း။
ယဿ ကဿစိ ဘိက္ခဝေ ရာဂေါ (လ) ပါပိိမတော'တိ၊ ပါပိမတော'ဟူသော။ ဧတံ၊ ဤပထမမရာဂသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ'န္တိ၊ အပ်ပြီ'ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြိီ။
ဘိက္ခဝေ၊ တို့။ ယဿ ကဿစိ၊ အကြင်တစ်စုံတစ်ယောက်သောသူသည်။ ရာဂေါ၊ ကို။ အပ္ပဟီနော၊ မဂ်ဖြင့် မပယ်သတ်အပ်။ ဒေါသော၊ ကို။ အပ္ပဟီနော မဂ်ဖြင့် မပယ်သတ်အပ်။ မေဟော၊ ကို။ အပ္ပဟီနော၊ အပ်။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤပုဂ္ဂိုလ်ကို။ မရဿ၊ ကိလေသာတည်းဟူသောမာရ်သည်။ ဗဒ္ဓေါ၊ နှောင်ဖွဲ့ခံရသူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ အဿ-အနေန၊ ဤကိလေသာ မပယ်ရသေးသူသည်။ မာရပါသော၊ ကိလေသာဟူသောမာရ်ကျော့ကွင်းကို။ ပဋိမုက္ကော၊ မိမိ၏ စိတ်စဉ်၌ စွပ်ထားအပ်၏။ ပါပိမတော၊ ကိလေသာဟူသော မာရ်ယုတ်သည်။ ယထာကာမကရဏိီီယော၊ အလိုရှိတိုင်း ပြုအပ်၏။ တစ်နည်းအားဖြင့်- မာရပါသော၊ ကို။ ပဋိမုက္ကော၊ မိမိ၏ စိတ်အစဉ်၌ အစွပ်အသွင်းခံရသည်။ အဿ၊ ဖြစ်ရာ၏-ဟူ၍လည်း ပေးလေ။
ဘိက္ခဝေ၊ တို့။ ယဿ ကဿစိ၊ အကြင်တစ်စုံတစ်ယောက်သောသူသည်။ ရာဂေါ၊ ကို။ ပဟီနော၊ မဂ်ဖြင့် အကြွင်းမဲ့ ပယ်အပ်ပြီ။ ဒေါသော၊ ကို။ ပဟီိနော၊ ပြီ။ မောဟော၊ ကို။ ပဟီနော၊ ပြီ။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤကိလေသာတို့ကို ပယ်အပ်ပြီးသူကို။ မာရဿ၊ ကိလေသာဟူသော မာရ်သည်။ အဗဒ္ဓေါ၊ မနှောင်ဖွဲ့အပ်သူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ အဿ-အနေန၊ ဤကိလေသာကို ပယ်ပြီးသူသည်။ မာရပါသော၊ ကိလေသာဟူသော မာရ်ကျော့ကွင်းကို။ သြမုက္ကော၊ လွတ်မြောက်စေအပ် စွန့်ပယ်အပ်၏။ ပါပိမတော၊ ကိလေသာမာရ်ယုတ်သည်။ န ယထာကာမ- ကရဏီယော၊ အလိုရှိတိုင်း မပြုအပ်။ မပြုလုပ်နိုင်။
ယဿ ကဿစိ ဘိက္ခဝေ ဘိက္ခုဿ (လ) ထလေ တိဋ္ဌတိ ဗြဟ္မဏော'-တိ၊ ဗြဟ္မဏော'ဟူသော။ ဧတံ၊ ဤဒုတိယရာဂသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ'န္တိ၊ အပ်ပြီ'ဟူ၍။ မေ၊ အကျွန်ုပ် အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တို့။ ယဿ ကဿစိ၊ အကြင်တစ်စုံတစ်ယောက်သော။ ဘိက္ခုဿဝါ၊ ရဟန်းယောကျာ်းသည်သော်လည်းကောင်း။ ဘိက္ခုနိယာဝါ၊ ရဟန်းမိန်းမသည်သော်လည်းကောင်း။ ရာဂေါ၊ ကို။ အပ္ပဟီနော၊ မပယ်အပ် မပယ်ရသေး။ ဒေါသော၊ ကို။ အပ္ပဟီနော၊ မပယ်အပ် မပယ်ရသေး။ မောဟော၊ ကို။ အပ္ပဟီနော၊ မပယ်အပ် မပယ်ရသေး။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤပုဂ္ဂိုလ်ကို။ သဥုမိံ၊ ရာဂတည်းဟူသော လှိုင်းနှင့်တကွဖြစ်သော။ သဝီစိံ၊ ကောဓ ဥပါယာသတည်းဟူသော တံပိုးနှင့်တကွဖြစ်သော။ သာဝဋ္ဋံ၊ ကာမဂုဏ်တည်းဟူသော ဝဲသြဃနှင့် တကွဖြစ်သော။ သဂဟံ၊ အဓိဖမ်းတတ်သော ဝိသဘာဂပုဂ္ဂိုလ်နှင့် တကွဖြစ်သော။ သရက္ခသံ၊ ကြမ်းထမ်းသော ငါးလိပ် မကားရ် သဖွယ်ဖြစ်သော ဝိသဘာဂပုဂ္ဂိုလ်နှင့်တကွဖြစ်သော။ သမုဒ္ဒံ၊ သံသာရသမုဒြာ စက္ခာယတန စသော သမုဒြာကို။ အတဏ္ဏော၊ ကူးမြောက်ပြီိးသူမဟုတ်ဟူ၍။ ဝုစ္စတ်ိ၊ ၏။
ဘိက္ခဝေ၊ တို့။ ယဿ ကဿစိ၊ အကြင်တစ်စုံတစ်ယောက်သော။ ဘိက္ခုဿဝါ၊ ရဟန်းယောက််ျားသည် သော်လည်းကောင်း။ ဘိက္ခုနိယာ ဝါ၊ ရဟန်းမိန်းမသည်သော် လည်းကောင်း။ ရာဂေါ၊ ကို။ ပဟီနော၊ ပယ်ရှားအပ်ပြီ။ ဒေါသော၊ ကို။ ပဟီနော၊ ပြီ။ မောဟော၊ ကို။ ပဟီနော၊ ပြီိ။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤပုဂ္ဂိုလ်ကို။ သဥုမိံ၊ ရာဂတည်းဟူသောလှိုင်းနှင့် တကွဖြစ်သော။ သဝီစိံ၊ ကောဓ ဥပါယာသတည်းဟူသော တံပိုးနှင့် တကွဖြစ်သော။ သာဝဋ္ဋံ၊ ကာမဂုဏ်တည်းဟူသော ဝဲသြဃနှင့်တကွဖြစ်သော။ သဂဟံ၊ အမိဖမ်းတတ်သော လိပ် မကားရ်သဖွယ်ဖြစ်သော ဝိသဘာဂပုဂ္ဂိုလ်နှင့် တကွဖြစ်သော။ သရက္ခသံ၊ ဖမ်းစားတတ်သော ရက္ခိုသ်သဖွယ်ဖြစ်သော ဝိသဘာဂပုဂ္ဂိုလ်နှင့် တကွဖြစ်သော။ သမုဒ္ဒံ၊ သံသာရသမုဒြာ စက္ခာယတန စသော သမုဒြာကို။ အတရိ၊ ကူးမြောက်ပြီးသူဟူ၍။ တိဏ္ဏော၊ ကူးမြောက်ပြီးပြီဖြစ်၍။ ပါရင်္ဂတော၊ သမုဒြာတစ်ဖက်ကမ်း နိဗ္ဗာန်နန်းသို့ ရောက်သော။ ထလေ၊ နိဗ္ဗာန်တည်းဟူသော ကုန်းထက်၌။ တိဋ္ဌိတိ၊ တည်သော။ (ကော မေ ဝန္ဒတိ ပါဒနိ၌ ဝန္ဒတိကဲ့သို့ နာမ်အဖြစ် အတရိ တိဋ္ဌတိတို့ကို အနက်ပေးလိုက်သည်။) ဗြဟ္မဏော၊ မကောင်းမှုကို အပပြုပြီးသူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
(သဂဟံ သရက္ခသန္တိ အတ္တနော ဂေါစရဂတာနံ အနတ္တဇနနတော စဏ္ဍ-မကာရ မစ္ဆ ကစ္ဆပ ရက္ခသသဒိသေဟိ ဝိသဘာဂပုဂ္ဂလေဟိ သဟိတံ-ဟု သဂဟံနှင့်သရက္ခသံကို ပေါင်း၍ ဖွင့်၏။ ထိုကို သင့်လျော်သလို ယထာရဟ ယောဇနာလိုက်သည်။)
သော၊ ထိုရဟန္တာသည်။ သင်္ဂတိဂေါ၊ ရာဂစသား ကပ်ငြိတတ်သော တရားငါးပါးကို လွန်မြောက်သည်။ မစ္စုဇဟော၊ သေမင်းကို စွန့်သည်။ နိရုပဓိ၊ ကိလေသာစသော ဥပဓိမရှိသည်။ ဟုတွာ၊ ၍။ အပုနဗ္ဘဝါယ၊ တစ်ဖန်မဖြစ်ခြင်းငှာ။ ဒုက္ခ၊ ဆင်းရဲမှန်သမျှကို။ ပဟာသိ၊ ပယ်ရှားပြီ။
သော၊ ထိုရဟန္တာသည်။ အတ္ထင်္ဂတော၊ ရာဂစသည်တို့၏ အပိုင်းအခြားမရှိ ချုပ်ခြင်းသို့ ရောက်သည်ဖြစ်၍။ ပမာဏံ၊ သီလမည်မျှ သမာဓိမည်ရွေ့ ပညာဤအထိဟု တိုင်းတာနိုင်သည်၏ အဖြစ်သို့။ န ဧတိ၊ မရောက်တော့။ မစ္စုရာဇံ၊ သေမင်းကို။ မောဟယိ၊ တွေဝေစေပြီ။ ဣတိ၊ သို့။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။
တဿ၊ ထိုတိကနိပါတ် ဒုတိယဝဂ်၏။ ဥဒ္ဒါနံ၊ အကျဉ်း ဥဒ္ဒေသ မာတိကာကား။ ပုညံ၊ ပုညကိရိယာ ဝတ္ထုသုတ်လည်းကောင်း။ စက္ခု၊ စက္ခုသုတ်လည်းကောင်း။ အထ၊ ထိုမှတစ်ပါး။ ဣန္ဒြိယာနိ၊ ဣန္ဒြိယသုတ်တို့လည်းကောင်း။ အဒ္ဓါ စ၊ အဒ္ဓါသုတ်လည်းကောင်း။ ဒုဝေ၊ ကုန်သော။ စရိတံ-စရိတာနိ၊ ဒုစ္စရိတသုတ်-သုစရိတ သုတ်တို့လည်းကောင်း။ သောစိ၊ သောစေယျသုတ်လည်းကောင်း။ မုနော၊ မောနေယျသုတ်လည်းကောင်း။ အထ၊ ထို့အပြင်။ ရာဂဒုဝေ၊ နှစ်ပါးကုန်သော ပထမရာဂသုတ်-ဒုတိယရာဂသုတ်တို့လည်းကောင်းတို့တည်း။ ဣတိ၊ ဤသို့။ ပုန၊ တစ်ဖန်။ ဥတ္တမံ၊ သော။ ဒုတိယံ၊ သော။ ဝဂ္ဂံ၊ ကို။ သင်္ဂီတိကာရကာ၊ တို့သည်။ အာဟု၊ ကုန်ပြီ။
တိက ဒုတိယဝဂ် ပြီးပြီ။