တိဿော ဣမာ ဘိက္ခဝေ (လ) တိဿော ဓာတုယော'တိ၊ ဓာတုယော'ဟူသော။ ဧတံ၊ ဤဓာတုသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ'န္တိ၊ အပ်ပြီဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီ။
ဘိက္ခဝေ၊ တိို့။ **ဓာတုယော**၊ ဓာတ်တို့သည်။ နမာ တိဿော၊ ဤသုံးပါးတို့တည်း။
ကတမာ တိဿော၊ အဘယ် သုံပါးတို့နည်း။
**ရူပဓာတု**၊ ရူပဘဝတည်းဟူသော ရူပဓာတ်လည်းကောင်း။
ဝါ၊ ရူပါဝစရတရားတည်းဟူသော ရူပဓာတ်လည်းကောင်း။
**အရူပဓာတု**၊ အရူပဘဝတည်းဟူသော အရူပဓာတ်လည်းကောင်း။
ဝါ၊ အရူပါဝစရတည်း ဟူသော အရူပဓာတ်လည်းကောင်း။
**နိရောဓဓာတု**၊ နိဗ္ဗာန်တည်းဟူသော နိရောဓဓာတ်လည်းကောင်းတည်း။ဓာတုယော။ ။ သဘာဝံ ဓာတုယော-ဟူသသည်နှင့် အညီ ပရမတ္တ ဓမ္မမှန်သမျှ မိမိတို့၏ ကက္ခဋ္ဌ ဖုသန-စသော သဘာဝတို့ကို ဆောင်တတ်သောကြောင့် ဓာတု-မည်၏။ အတ္တနော ဖလံ ဓာရေတီတိ ဓာတု-အရ ကုသိုလ် အကုသိုလ်တို့သည် မိမိတို့၏သုခဒုက္ခဝိပါက-ကိုလည်း ဆောင်တတ်သောကြောင့် ဖလကရဏဓာတု-လည်းမည်၏။ သဘာဝဓာရဏဓာတု-လည်း မည်၏။ အဗျာကတတရားတို့ကား အဝိပါကလက္ခဏာ-ရှိသည့်အတွက် ဖလဝိပါက-ကို မဆောင်တတ်သောကြောင့် သဘာဝဓာရဏ-သာ မည်၍ ဖလကရဏဓာတ် မမည်။
ရူပဓာတု အရူပဓာတု နိရောဓဓာတု။ ။ ရူပဓာတ်ဟူသည် ရူပဘုံ၌ ဖြစ်သမျှ ရူပါဝစရ-တရားမှန်သမျှတည်း။ အရူပဓာတ်ဟူသည် အရူပဘုံ၌ဖြစ်သမျှ အရူပါဝစရ-တရားတို့တည်း။ နိဗ္ဗာန်သည် နိရောဓဓာတ်တည်း။ တစ်နည်းအားဖြင့် ရုပ်နှင့် စပ်၍ ဖြစ်သမျှ ပဉ္စဝေါကာရ ဧကဝေါကာရ ဘုံတို့သည် ရူဓာတ်။ နာမ်နှင့် စပ်၍ ဖြစ်သမျှ စတုဝေါကာရ-သည် အရူပဓာတ်။ ဤနည်းအလို ကာမ ရူပ အရူပဘုံ ၃-ခုလုံး အစုံအလင် ရ၏။ ပ-နည်းအလို ကာမဘုံ ကျန်သည်။ နိရောဓဓာတု-အရ ပနှင့် ဒုနည်း မထူး။ မဂ်နှင့်ဖိုလ်တို့ကား ဓာတ် ၃မျိုးတွင် မည်သည့်ဓာတ်၌မျှ မပါဝင်။ တိကဝိမုတ်တည်း။ ဘိက္ခဝေ၊ တို့။ ဣမာ တိဿော၊ ဤသုံးပါးတို့သည်။ ဓာတုယော၊ ဓာတ်တို့တည်း။

ဧတမတ္တံ၊ ဤအနက် အဓိပ္ပါယ်ကို။
ဘဂဝါ၊ သည်။
အဝေါစ၊ ပြီ။
တတ္ထ၊ ထိုဓာတုသုတ်၌။
ရူပဓာတုံ ပရိညာယ (လ) အသောကံ ဝိရဇံ ပဒ'န္တိ၊ ပဒံ'ဟူသော။
ဧတံ၊ ဤဂါထာ အနက်အဓိပ္ပါယ်ကို။
ဣတိ၊ သို့။
ဝုစ္စတိ၊ ဆိုအပ်၏။
ယေ ဇနာ၊ အကြင်ခီဏာသဝတို့သည်။
ရူပဓာတုံ၊ ရုပ်နှင့်စပ်၍ဖြစ်သမျှ တရားအားလုံးကို။
ပရိညာယ၊ ညာတစသော ပရိညာသုံးပါးတို့ဖြင့် သိမြင်၍။
အာရုပ္ပေသု၊ အရူပါဝစတရားတို့၌။
အသဏ္ထိတာ၊ ဘဝရာဂ ဘဝဒိဋ္ဌိတို့၏ အစွမ်းအားဖြင့် မကပ်ငြိကြကုန်ဘဲ။
နိရောဓေ၊ နိဗ္ဗာန်တည်းဟူသောအာရုံ၌။
ဝိမုစန္တိ၊ (အရဟတ္တမဂ် အရဟတ္တဖိုလ်တို့၏ သမုစ္ဆေဒပဟာနသတ္တိ' ပဋိပဿဒ္ဓိတို့၏ အစွမ်းအားဖြင့်) အကြွင်းမရှိ ကိလေသာအားလုံးမှ လွတ်မြောက်ကြကုန်၏။
တေ ဇနာ၊ ထိုခီဏာသဝါတို့သည်။
မစ္စုဟာယိနော၊ သေခြင်းကို စွန့်ကြ သေခြင်းကို လွန်မြောက်ကြကုန်၏။
ဝါ၊ သေခြင်းမှ ယုတ်လျော့ကြကုန်၏။
(ပဟီနာ ကို ပါရာဇိကဏ်၌ နှစ်နည်း ဖွင့်သကဲ့သို့ အ၌လည်း ဟာ+စာဂေ+ပရိဟာနိယံ နှစ်နည်းကြံလျှင် ၂-နက် ထွက်၏။)
နိရုပဓိံ၊ ခန္ဓုပဓိစသည်မှ ကင်းသော။
ဥပဓိပဋိနိဿဂ္ဂံ၊ ခန္ဓုပဓိစသည်တို့ကို စွန့်လွှတ်ကြောင်းဖြစ်သော။
အမတံ ဓာတုံ၊ အမြိုက်နိဗ္ဗာန်တည်းဟူသော နိရောဓကို။
နာမကာယေနာ၊ မဂ်ဖိုလ်တည်းဟူသော နာမကာယဖြင့်။
ဖုသယိတွာ၊ ရရောက်၍။
သစ္ဆိကတွာ၊ ဖလသမာတ်ပတ်ဝင်စားသောအားဖြင့် မျက်မှောက်ပြု၍။
အနာသဝေါ၊ အာသဝေါကင်းတော်မူသော။
သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။
အသောကံ၊ စိုရိမ်ရခြင်းမရှိသော။
ဝိရဇံ၊ ကိလေသာမြူအညစ်အကြေးကင်းသော။
ပဒံ၊ နိဗ္ဗာန်ကို။
ဒေသေတိ၊ ဟောတော်မူ၏။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
ဒုတိယံ။