Issues
Select Version
နိဿယ
မြန်မာဘာသာ
PTS
English
Itivuttakapāḷi
Itivuttakapāḷi

12. Diṭṭhigatasuttaṃ

Author: နိဿယ @ IAPT

ဒွီဟိ ဘိက္ခဝေ ဒိဋ္ဌိဂတေဟိ (လ) စက္ခုမန္တော ပဿန္တီ’တိ၊ ပဿန္တိ’ဟူသော။ ဧတံ၊ ဤဒိဋ္ဌိဂတသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ အရဟတာ၊ သည်။ ဝုတ္တ’န္တိ၊ အပ်ပြီ’ဟူ၍။ မေ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။

ဘိက္ခဝေ၊ တို့။ ဒွီဟိ၊ နှစ်မျိုးကုန်သော။ ဒိဋ္ဌိဂတေဟိ၊ အယူဝါဒတို့သည် (ဂတအနက်မဲ့)။ ဒိဋ္ဌိဂတေဟိ၊ အယူဝါဒဖြစ်ကာမျှတို့သည် (ဂဟိတာကာရ သုညတာယဝါ ဒိဋ္ဌီနံ ဂတမတ္တာနီတိ ဒိဋ္ဌိဂတာနိ။ ဋ္ဌ။ အယူဝါဒဖြစ်သော မျှသာ၊ ဘာမှအဓိပ္ပါယ်မရှိဟူလို)။ ပရိယုဋ္ဌိတာ၊ နှိပ်စက်နှောင့်ယှက်အပ်ကုန်သည်ဖြစ်၍။ ဧကေ၊ အချို့ကုန်သော။ ဒေဝမနုဿ၊ နတ်လူတို့သည်။ ဩလီယန္တိ၊ ကပ်ငြိတွယ်တာကြကုန်။ (လွန်စွာမြတ်နိုးသော ပစ္စည်းတစ်ခုခုကို ပေးရငှားရမှာ တွန့်တိုသကဲ့သို့ ဘဝ၌မြတ်နိုးသူ တွယ်တာသူတို့သည် ဘဝနှင့်ကင်းကွာမှာ တွန့်တိုတွန့်ဆုတ်ကြသည်။ ထို့ကြောင့် အဝလီယန္တိ အလ္လီယန္တိ သင်္ကောစံ၊ အာပဇ္ဇန္တိ၊ န တတော နိဿရန္တိ-ဟု ဋ္ဌ-ဖွင့်တော်မူသည်။) **ဧကေ**၊ အချို့သောသူတို့သည်။ **အတိဓာဝန္တိ**၊ လွန်သွားကြကုန်၏။

စက္ခုမ‌န္တော၊ ပညာမျက်စိရှိသူတို့သည်။ စ၊ ဆိုခဲ့ပြီးသော ဧကေပုဂ္ဂိုလ်တို့၏အယူဝါဒနှင့် ပြောင်းပြန်အားဖြင့်။ တစ်နည်း၊ စက္ခုန္တော စ၊ ပညာမျက်စိရှိသူတို့သည်ကား။ ပဿန္တိ၊ မြင်ကြကုန်၏။

ဘိက္ခဝေ၊ တို့။ ကထဉ္စ၊ အသို့လျှင်။ ဧကေ၊ တို့သည်။ ဩလီယန္တိ၊ ကပ်ငြိတွယ်တာကုန်သနည်း။

ဘိက္ခဝေ၊ တို့။ ဒေဝမနုဿာ၊ တို့သည်။ ဘဝါရာမာ၊ ကာမ ရူပစသော ဘဝတို့ဖြင့် နှစ်ခြိုက်နေကြကုန်၏။

ဧကေ အတိဓာဝန္တိ။ ။ ပရမတ္ထသဘာဝအားလျော်စွာ ပျက်စီးခြင်း သဘောရှိသော ရုပ်နာမ်ဓမ္မ သင်္ခါရ တရားတို့သည် သဟဇာတမျိုး ဝတ္ထုမျိုး အာရမ္မဏမျိုး အနန္တရမျိုး ပကတူပမျိုး စသော ပဋ္ဌာန်းနည်းအားဖြင့် အချင်းချင်းဆက်သွယ်နေသည်။ အတိတ်အကြောင်း ၅-ပါးကြောင့် ပစ္စုပ္ပန်အကျိုးဆက်သွယ်နေသည်။ အတိတ်အကြောင်း ၅-ပါးကြောင့် ပစ္စုပ္ပန်အကျိုး ပစ္စုပ္ပန်အကြောင်း ငါးပါးကြောင့် အနာဂတ်အကျိုး စသော ပဋိစ္စသမုပ္ပါဒ်နည်းအားဖြင့် အချင်းချင်း ဆက်သွယ်နေသည်-ဟူသော အကြောင်းအကျိုးဝါဒကို လက်မခံဘဲ အခြားယုတ္တိမရှိသော နည်းအမျိုးမျိုးကို လက်ခံကာ ‘ဥစ္ဆိဇ္ဇတိ အတ္တာ စ လောကော စ၊ န ဟောတိ ပရံ မရဏာ’ ဟူသော ဥစ္ဆေဒဝါဒ ဥစ္ဆေဒဒိဋ္ဌိသို့ ပြေးသွားကြသည်။ ထိုကိုရည်၍ ဋ္ဌ-ဆရာသည် ပရမတ္ထတော ဘိန္နသဘာ-ဝါနမ္ပိ သဘာဝဓမ္မာနံ ယွာယံ ဟေတုဖလဘာဝေန သမ္ဗန္ဓော၊ တံ အဂ္ဂဟေတွာ နာနတ္ထယဿာပိ ဂဟေဏေန တတ္ထ တတ္ထေဝ ဓာဝန္တိ။ တသ္မာ ဥစ္ဆိဇ္ဇတိ အတ္တာ စ‌ လောကော စ၊ န ဟောတိ ပရံ မရဏာ’တိ ဥစ္ဆေဒေ ဝါ ဘဝနိရောဓ-ပဋိပတ္တိယာ ပဋိက္ခေပဓမ္မတံ အတိဓာဝန္တိ အတိက္ကမန္တိ-ဟု မိန့်တော်မူသည်။
ဧကေပုဂ္ဂိုလ်နှစ်မျိုးတို့တွင် ပဌမဧကေတို့က သဿတအယူဝါဒ ဒုတိယဧကေတို့က ဥစ္ဆေဒဝါဒယူကြသော်လည်း စက္ခုမန္တပုဂ္ဂိုလ်တို့သည်ကား ပုဂ္ဂိုလ် သတွာ ငါကောင် သူကောင်ဟူ၍မရှိ။ ရုပ်နာမ်သာရှိ၏။ ထိုရုပ်နာမ် တို့သည် အကြောင်းမဲ့လည်းမဖြစ်။ တစ်စုံတစ်ယောက်က ဖန်တီးလို့ ဖြစ်သည်လည်း မဟုတ်။ အကြောင်းတစ်ခုခုကို စွဲ၍ ဖြစ်ပေါ်လာသော အကျိုးတရားမျှသာ။ ထိုကြောင့် သဿတအယူဝါဒ ဥစ္ဆေဒအယူဝါဒမှ လွတ်မြောက်ကာ အမှန်အတိုင်း သိမြင်ကြကုန်၏။ အမြင်မှန် ရကြကုန်၏-ဟူလို။
ဘဝရတာ၊ ကာမ ရူပစသောဘဝတို့၌ မွေ့လျော်ကြကုန်၏။ ဘဝသမ္မုဒိတာ၊ ကာမရူပစသော ဘဝတို့၌ ပျော်ပိုက်ကြကုန်၏။ တေသံ၊ ထိုနတ်လူတို့အား။ ဘဝနိရောဓာယ၊ ဘဝချုပ်ငြိမ်းရေးအတွက်။ ဝါ၊ နောက်ထပ် ဘဝမဖြစ်ပေါ်ရေးအတွက်။ ဓမ္မေ၊ သံသရာမှလွတ်ကြောင်း နိယျာနိကဓမ္မကို။ ဒေသိယမာနေ၊ ဟောအပ်သည်ရှိသော်။ စိတ္တံ၊ ထိုသူတို့၏စိတ်သည်။ န ပက္ခန္ဒတိ၊ နိယျာနိကဓမ္မေ၌ မပြေးသွားမသက်ဝင်။ နပသီဒတိ၊ မကြည်လင်။ ဝါ၊ မယုံကြည်။ န သန္တိဋ္ဌတိ၊ ထိုနိယျာနိကဓမ္မေ၌ မတည်။ နာဓိမုစ္စတိ၊ နိယျာနိကဓမ္မကို နှလုံးမသွင်း။

ဘိက္ခဝေ၊ တို့။ ဧဝံ ခေါ၊ ဤသို့လျှင်။ ဧကေ၊ တို့သည်။ ဩလီယန္တိ၊ ဘဝတို့၌ ကပ်ငြိတွယ်တာသဖြင့် ဘဝတို့နှင့် ကင်းကွာရမှာ တွန့်တိုတွန့်ဆုတ်ကြကုန်၏။
ဘိက္ခဝေ၊ တို့။ ကထဉ္စ၊ အသို့လျှင်။ ဧကေ၊ တို့သည်။ အတိဓာဝန္တိ၊ သမ္မာအယူကို ကျော်လွန်၍ မိစ္ဆာအယူကို ပြေးသွားကြကုန်သနည်း။

ခေါပန၊ စင်စစ်။ ဧကေ၊ တို့သည်။ ဘဝေန၊ အိုနာသေရေး ဒုက္ခဘေးတို့နှင့် ရောထွေးနေသော ထိတ်လန့်ဖွယ်ဘဝဖြင့်။ အဋ္ဋီယမာနော၊ မိမိကိုယ်ကို နှိပ်စက်သကဲ့သို့ ဖြစ်ကုန်၍။ ဟရာယမာနာ၊ ရှက်ကြောက်ကြကုန်၍။ ဇိဂုစ္ဆမာနာ၊ စက်ဆုပ်ရွံမုန်းကြကုန်၍။ ဝိဘဝံ၊ ဘဝပြတ်ခြင်း ဥစ္ဆေဒ အယူကို။ အဘိနန္ဒန္တိ၊ တဏှာဒိဋ္ဌိတို့ဖြင့် ဒုံးဒုံးကျ အဆုံးတိုင် နှစ်သက်ကြကုန်၏။

ဘော၊ အချင်းတို့။ ယတော၊ အကြင်အခါ၌။ အယံ အတ္တာ၊ ကာရက ဝေဒကခန္ဓာ၏။ ဘေဒါ၊ ပျက်သည်မှ။ မရဏာ၊ သေသည်မှ။ ပရံ၊ ‌နောက်၌။ ဥစ္ဆိဇ္ဇတိကိရ၊ လက်စသတ် ပြတ်သတဲ့။ ဝိနဿတိ ကိရ၊ ပျက်စီးသည်ဖြစ်၍ မတွေ့မမြင်ရ မရှိခြင်းသို့ ရောက်သွားသတဲ့။ မရဏာ၊ သေသည်မှ။ ပရံ၊ အထက်ဖြစ်သော နောက်ကာလ၌။ န ဟောတိ ကိရ၊ မဖြစ်တော့ဘူးတဲ့။ တတော၊ ထိုအခါ၌။ ဧတံ၊ ဤလတ်စသတ် ပျောက်ကွယ် မမြင်ရ သေသည်မှနောက်မတွေ့ရတော့ခြင်းသည်။ သန္တံ၊ ငြိမ်းချမ်း၏။ ဧတံ၊ သည်။ ပဏီတံ၊ ငြိမ်းအေးသည့်အတွက် ကောင်းမွန်၏။ ဧတံ၊ သည်။ ယာထာဝံ၊ မှန်ကန်တိကျ သဘာဝကျ၏၊ ဣတိ၊ ဤသို့။ ဝိဘဝံ၊ ကို။ အဘိနန္ဒန္တိ၊ ကုန်၏။ (သန္တံ ပဏိတံ ၂-ပုဒ်ဖြင့် တဏှာစွဲ။ ယထာဝံဖြင့် ဒိဋ္ဌိစွဲ ကွဲ၏။)

ဘိက္ခဝေ၊ တို့။ ဧဝံ ခေါ၊ လျှင်။ ဧကေ၊ တို့သည်။ အတိဓာဝန္တိ၊ သမ္မာအယူကို လွန်ကာ မိစ္ဆာဥစ္ဆေဒအယူသို့ ပြေးသွားကြကုန်၏။
ဘိက္ခဝေ၊ တို့။ ကထဉ္စ၊ လျှင်။ စက္ခုမန္တော၊ ပညာစက္ခုရှိသူတို့သည်။ ပဿန္တိ၊ သိမြင်ကုန်သနည်း။
ဣဓ ဘိက္ခု၊ ဤသာသနာတော်က ရဟန်းတစ်ပါးသည်။ **ဘူတံ**၊ ပရမတ္ထအားဖြင့် ထင်ရှားရှိသော ရုပ်နာမ်ဓမ္မ ခန္ဓာပဉ္စကကို။ **ဘူတတော**၊ ရုပ်နာမ်ဓမ္မ ခန္ဓာပဉ္စကအနေဖြင့်။ **ပဿတိ**၊ မြင်၏။ ဘူတံ၊ ကို။ ဘူတတော၊ အနေဖြင့်။ဘူတံ ဘူတတော ပဿတိ။ ။ အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာသည့်အတွက် ပရမတ္ထအနေဖြင့် အဟုတ်ရှိသော တရားတည်း။ ထို့ကြောင့် ခန္ဓာ ပဉ္စကသည် ‘ဘူတ’မည်၏။
ထို ဘူတဖြစ်သော ခန္ဓာပဉ္စကကို ဖုသန ကက္ခဠ စသော အသီးသီးသော လက္ခဏာ၊ ရုပ်အားလုံး၏ ရုပ္ပန-လက္ခဏာ၊ နာမ်အားလုံး၏ နမနလက္ခဏာ စသော သာမညအားဖြင့် အမှန်အတိုင်းမြင်သည်။ ယင်းသို့ မြင်သည်ကို ‘ဘူတံ ဘူတတော ပဿတိ’ ဟု ‌ဟောတော်မူအပ်၏။
ထိုစကားမှန်ကြောင်း ထပ်၍ ရှင်းပြအံ့။ ခန္ဓာပဉ္စကဟူသည် ပုဂ္ဂိုလ်လည်းမဟုတ်။ သတွာမဟုတ်၊ သူလည်းမဟုတ်၊ ငါလည်းမဟုတ်၊ ရုပ်နှင့်နာမ် သက်သက်သာတည်း။ ထိုခန္ဓာ ပဉ္စကတွင် ပထဝီစသည်တို့သည် ရုပ်၊ ဖဿစသည်တို့သည် နာမ်၊ ဖုသန ကက္ခဠ စသည်တို့သည် ထိုခန္ဓာပဉ္စက ရုပ်နာမ်ဓမ္မတို့၏ အမှတ်အသား လက္ခဏာများတည်း။ အဝိဇ္ဇာ သင်္ခါရ စသည်တို့သည် ထိုရုပ်နာမ်ဓမ္မ ခန္ဓာပဉ္စကတို့၏ အကြောင်းတရား တို့တည်း။ ဤသို့အကြောင်းနှင့်တကွ ရုပ်နာမ်ဓမ္မတို့ကို ရှုမှတ်သည်၏အစွမ်း အားဖြင့်လည်း အမှန်အတိုင်း သိမြင်၏။
ထို့ပြင် ဤရုပ်နာမ်ဓမ္မ အားလုံးသည် ရှေးကမရှိပါဘဲလျက် အကြောင်း အားလျော်စွာ ဖြစ်ပေါ်လာကြသည်။ ဖြစ်ပေါ်လာပြီးနောက် ချုပ်ပျောက်ကြကုန်၏။ ဒါကြောင့် ရုပ်နာမ်ဓမ္မတို့သည် မမြဲကုန်။ မမြဲသည့်အတွက် ဘာမျှ တန်ဖိုးမရှိ၊ အချည်းနှီး ဒုက္ခတို့သာ။ အချည်းနှီးဖြစ်သောကြောင့် ခန္ဓာပဉ္စကသည် ငါကောင် အတ္တကောင်မဟုတ်။ သူကောင် ပရကောင်ဟူသည် အတ္တကောင်ရှိမှ အတ္တကောင်ကိုထောက်၍ သူကောင်းဟု ယူဆကြ ပြောဆိုကြခြင်းဖြစ်သည်။ အတ္တကောင် မရှိလျှင် ပရဆိုတဲ့ သူကောင်ရှိ၊ မရှိ မစဉ်းစားဖွယ်မလို။ ဤသို့ အနိစ္စ ဒုက္ခ အနတ္တအနေအားဖြင့်လည်း ရုပ်နာမ်ဓမ္မခန္ဓာပဉ္စကကို အမှန်တိုင်း ရှုမြင်သည်။ပုဂ္ဂိုလ်သတွာ ငါကောင်သူကောင်ဟူသော အမှားအားဖြင့် မရှုမြင်။ ဆိုလိုရင်းကို ခြုံလိုက်လျှင် ဘူတံ ဘူတတော ပဿာတိ-ဖြင့် နာမရူပပရိစ္ဆေဒဉာန် ပစ္စယပရိဂ္ဂဟဉာန် သမ္မသနဉာန်တည်း-ဟူသော တရုဏ ဝိပဿနာဉာန်ဖြစ်ပြီဟု ဆိုလိုသည်။
နိဗ္ဗိဒါယစသည်။ ။ ဘူတံ ဘူတတော ပဿတိဖြင့် တရုဏဝိပဿနာဉာန်၏ ရှုကွက် ဝိပဿနာဘူမိကိုပြသည်။ နိဗ္ဗိဒါယဖြင့် ဗလဝဝိပဿနာကို ပြသည်။ ဝိရာဂါယ နိရောဓာယဖြင့် မဂ်ကိုပြသည်။
တစ်နည်း။ ။ နိရောဓာယဖြင့် ပဋိပဿဒ္ဓိ နိရောဓနှင့်တကွ အနုပါဒိသေသ နိဗ္ဗာန်ကို ပြသည်။
ဒိသွာ၊ မြင်ခြင်းကြောင့်။ ဘူတဿ၊ ရုပ်နာမ်ဓမ္မ ခန္ဓာပဉ္စကို။ နိဗ္ဗိဒါယ၊ ငြီးငွေ့ခြင်းငှာ။ ဝိရာဂါယ၊ တက်မက်မှုကင်းခြင်းငှာ။ ဝါ၊ တက်မက်ခြင်းပျက်ပြယ်ဖို့ရာ။ နိရောဓာယ၊ (နောက်ထပ် မဖြစ်တော့သောအားဖြင့်) ချုပ်ခြင်းအကျိုးငှာ။ ပဋိပန္နော၊ ကျင့်သည်။ ဟောတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ဧဝံ ခေါ၊ လျှင်။ ဝါ၊ ဤသို့ ကျင့်သည်ရှိသော်။ စက္ခုမန္တော၊ ပညာမျက်စိ အမြင်သန်လာကြကုန်သည်ဖြစ်၍။ ပဿန္တိ၊ သဿတ ဥစ္ဆေဒနှစ်ပါးမှ လွတ်မြောက်ကာ အမှန်တိုင်း သိမြင်ကြကုန်၏။ ဣတိ၊ သို့။
ဧတမတ္တံ၊ ဤဂါထာအနက်အဓိပ္ပါယ်ကို။ ဘဂဝါ၊ သည်။ အဝေါစ၊ ပြီ။
ဧတမတ္ထံ ဘဂဝါ အဝေါစ၊ ပေးမြဲ။ တတ္ထ၊ ထိုဒိဋ္ဌိဂတသုတ်၌။ ယေ ဘူတံ ဘူတတော ဒိသွာ (လ) နာဂစ္ဆတိ ပုနဗ္ဘဝ'န္တိ၊ ပုနဘဝံ'ဟူသော။ ဧတံ၊ ဤဂါထာအနက်အဓိပ္ပါယ်ကို။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ ဆိုအပ်၏။
ယေ၊ အကြင်အရိယာသာဝကတို့သည်။ ဘူတံ၊ ပရမတ္တအားဖြင့် ထင်ရှားရှိသော ရုပ်နာမ်ဓမ္မ ခန္ဓာပဉ္စကကို။ ဘူတတော၊ မှန်ကန်သော သဘာဝအားဖြင့်။ ဒိသွာ စ၊ ဝိပဿနာပညာနှင့်တကွ မဂ်ပညာဖြင့် သိမြင်၍လည်းကောင်း။ **ဘူတဿ**၊ ရုပ်နာမ်ဓမ္မ ခန္ဓာပဉ္စကကို။ **အတိက္ကမံ**၊ လွန်မြောက်စေတတ်သောမဂ်ကို။ ဒ်ိသွာ စ၊ ၍လည်း‌ကောင်း။ တနည်း- ဘူတဿ၊ ၏။ အတိက္ကမံ-အတိက္ကမေန၊ လွန်မြောက်ကြောင်းမဂ်ဖြင့်။ ဘဝတဏှာပရိက္ခယာ၊ ဘဝတဏှာအကြွင်းမဲ့ ကုန်ခမ်းခြင်းကြောင့်။ ယထာဘူတေ၊ မဖောက်မပြန် မှန်ကန်သော သဘာဝတည်းဟူသော နိဗ္ဗာန်၌။ ဝိမုစ္စန္တိ၊ မျက်မှောက်ပြုသော အားဖြင့် ထူးထူးခြားခြားလွတ်မြောက်ကြကုန်၏။
**ဘူတပရိညော**၊ ပိုင်းခြား၍သိအပ်ပြီးသော ခန္ဓာရှိသော။ ဝါ၊ ထင်ရှားရှိသော ရုပ်နာမ်ဓမ္မ ခန္ဓာပဉ္စကကို ပိုင်းခြား၍ သိပြီးသော။ ဘဝါဘဝေ၊ ဘဝကြီး ဘဝငယ်၌။ ဝါ၊ သဿတ ဥစ္ဆေဒအယူဝါဒ၌။ ဝီတတဏှော၊ ကင်းသော တဏှာရှိသော။ **သော** ဘိက္ခု၊ ထိုရဟန်းသည်။ ဘူတဿ၊ ဥပါဒိန္နကခန္ဓာကိုယ်၏။ဘူတဿ စ အတိက္ကမံ ။ ။ အရိယမဂ္ဂါ ဟိ ဘူတံ အတိက္ကမတိ ဧတေ-နာတိ ဘူတဿ အတိက္ကမော'တိ ဝုတ္တောဟု အတိက္ကမပုဒ်ကို ကရဏသာဓ်ဖွင့်၏။ကရဏသာဓန၊ ရတုံက ဟေတုကတ္တုသာဓ်၊ ရမြဲမှတ်ဟူသည်နှင့်အညီ ဟေတု-ကတ္တုသာဓ်လည်း ရတော့သည်သာ။ ထို့ကြောင့် ဘူတဿ၊ ကို။ အတိက္ကမေန၊ လွန်မြောက်စေတတ်သောမဂ်ဖြင့် ဧူ၍လည်း တနည်း ယောဇနာလိုက်သည်။
အတိက္ကမံ၏ ဝိဘတျန္တကို၎င်း အစပ်ကို၎င်း ဤနေရာ၌မဖွင့်ပြ။ ဒု-ဂါထာ ရောက်မှ အတိက္ကမနုပါယေန မဂ္ဂေန ဘဝတဏှာပရီက္ခယာ- ဟုဖွင့်၏။ ထို့ကြောင့် ၎င်းအဖွင့်အတိုင်း ယောဇနာလိုက်သည်။ ဤဂါထာပဌမပါဒဖြင့် ပရိညာဘိသမယ၊ ဒု-ပါဒဖြင့် ဘာဝနာဘိဿမယ၊ တ_ပါဒဖြင့် သစ္ဆိကိရီယာဘိသမယ၊ စတုတ္ထပါဒဖြင့် သမုဒယပ္ပဟာကို ပြသည်။
သ ဝေဘူတပရိညော သော။ ။ သ ဝေ-နိပါတမတ္တ။ ဘူတပရိညောကို ဘူတဿ အတိက္ကမနုပါ‌ယေန မဂ္ဂေန ဘဝတဏှာပရိက္ခယာ ပရိညာတက္ခန္ဓော-ဟုဖွင့်၏။ ထိုရဟန်းသည် လက်ရှိ ခန္ဓာငါးပါးမှ လွတ်မြောက်ကြောင်း မဂ်ဖြင့် ဘဝတဏှာ ကုန်ခမ်းခြင်းကြောင့် ခန္ဓာငါးပါးကို ပိုင်းခြား၍ကောင်းစွာသိသွားပြီ။
ထိုသို့ ဘဝကြီးဘဝငယ်တို့၌ တွယ်တာခြင်း ကင်းခြင်းကြေင့် ဥပါဒိန္နကခန္ဓာဟူသော အတ္တဘော နောက်ထပ်မဖြစ်တော့။ ယင်းသို့ ဘဝသစ်သို့ မရောက်ဘဲ အပညတ္တိကအဖြစ်သို့ ‌ရော်ကသွားလေတော့၏-ဟူလို။
ဝိဘဝါ၊ နောက်ထပ် မဖြစ်ခြင်းကြောင့်။ ပုနဗ္ဘဝံ၊ နောက်ထပ်ဖြစ်ခြင်းသို့။ နာဓိဂစ္ဆတိ၊ ‌မရောက်တော့။ ပုနဗ္ဘဝံ နာဓိဂစ္ဆတိ၊ အပညတ္တိအဖြစ်သို့သာရောက်သွား၏။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
ဒွါဒသမံ။
ဒုတိယော ဝဂ္ဂေါ။
တဿ၊ ထိုဒုကနိပါတ်၏။ ဝုစ္စမာနံ၊ ဆိုအပ်လတ္တံ့သည်ကား။ ဥဒ္ဒါနံ၊ အကျဉ်းတည််း။ ဒွေ၊ နှစ်ခုကုန်သော။ ဣန္ဒြိယာ၊ ဒုက္ခဝိဟာရ သုခဝိဟာရ သုတ်တို့လည်းကောင်း။ ဒွေ၊ နှစ်ခုကုန်သော။ တပနီယာ၊ တပနီယသုတ် အတပနီယသုတ်တို့လည်ကောင်း။ သီလေန၊ သီလဟူသော အမည််ဖြင့်။ အပရေ၊ တစ်ပါးကုန်သော။ ဒုဝေ၊ ပဌမသီလ, ဒုတိယသီလ နှစ်သုတ်တို့လည်ကောင်း။ နောပတ္တာပီ၊ အာ တာပီသုတ်လည်းကောင်း။ ဒွေ၊ နှစ်ခုကုန်သော။ ကုဟာန စ၊ ပဌကုဟနသုတ် ဒုတိယကုနသုတ်တို့လည်းကောင်း။ သံဝေဇနီယေန၊ သောမနဿသုတ်နှင့်။ သဟ၊ တကွ။ တေ၊ ထိုသုတ်တို့သည်။ ဒသ၊ ဆယ်သုတ်တို့တည်း။
ဝိတက္ကာ၊ ဝိတက္ကသုတ်လည်းကောင်း။ ဒေသနာ၊ ဒေသနာသုတ်လည်းကောင်း။ ဝိဇ္ဇာ၊ ဝိဇ္ဇာသုတ်လည်းကောင်း။ ပညာ၊ ပညာပရိဟီနသုတ်လည်းကောင်း။ ပဉ္စမံ၊ ငါးခုမြောက်သော။ ဓမ္မေန၊ သုက္ကဓမ္မသုတ်နှင့်။ သဟ၊ အတူတကွ။ အဇာတံ၊ အဇာသုတ်လည်းကောင်း။ ဓာတုသလ္လာနံ၊ နိဗ္ဗာနဓာတုသုတ်နှင့် ပဋိသလ္လာ သုတ်လည်ကောင်း။ သိက္ခာ၊ သိက္ခာနိသံသ သုတ်လည်ကောင်း။ ဇာဂရိယေန၊ ဇာဂရိယသုတ်နှင့်။ သဟ၊ တကွ။ အပါဘ-ဒိဋ္ဌိယာစေဝ၊ အာပါယိကသုတ် ဒိဋ္ဌိဂတသုတ်လည်းကောင်း။ ဣတိ၊ ဤသို့။ ဒုကနိပါတေ၊ ၌။ ဗာဝီသတိ၊ ၂၂-သုတ်ကို။ ပကာသိတာ၊ ပြအပ်၏။

**ဒုကနိပါတော၊ ဒုကနိပါတ်သည်။**

**နိဋ္ဌိတော၊ ဆုံးခန်းတိုင်ပြီးမြောက်ပြိီ။**