တီဏိမာနိ ဘိက္ခဝေ စက္ခူနိ (လ) တီဏိ စက္ခူနီ'တိ၊ စက္ခူနိ'ဟူသော။ ဧတံ၊ ဤစက္ခုသုတ်ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီီ။ အရဟတာ၊ သည်။ ဝုတ္တ'န္တိ၊ အပ်ပြီ'ဟူ၍။ မေ၊ အကျွန်ုအာနန္ဒာသည်။ သုတံ၊ နာခံမှတ်သားဆောင်ထားအပ်ပါပြီိ။
ဘိက္ခဝေ၊ တို့။ စက္ခူနိ၊ စက္ခုတို့သည်။ ဣမာနိ တီဏိ၊ ဤသုံးပါးတို့တည်း။
ကတမာနိ တီဏိ၊ အဘယ်သုံးပါး တို့နည်း။
**မံသစက္ခု**၊ လည်းကောင်း။
ဒိဗ္ဗစက္ခု၊ လည်းကောင်း။
ပညာစက္ခု၊ ၎င်းတည်း။
ဘိက္ခဝေ၊ တို့။
စက္ခူနိ၊ တို့သည်။မံစက္ခု။ ။ သသမ္ဘာရစက္ခု, ပသာဒစက္ခု-ဟူ၍ မံသစက္ခု-သည် နှစ်မျိုးမျိုးပြား၏။ ထိုတွင် မျက်တွင်း၌လည်းကောင်း၊ အောင်မျက်တွင်းရိုး အထက်မျက်ခုံးရိုး ဘေးနှစ်ဖက်မျက်တောင်စွန်း အတွင်း၌လည်းကောင်း ဆည်သော ဥဏှောက်အပြင်၌ မျက်တောင်မွေးတို့ဖြင့် ပိုင်းခြားအပ်သော အသားဆိုင်တည်း။ ဝါ-အသားဆိုင်သည် မံသစက္ခု-မည်၏။
အကျဉ်းချုပ်အားဖြင့် အဋ္ဌကလာပ်ရှပ်ရှစ်ခု သမ္ဘဝ သဏ္ဌာနနှင့် ပေါင်း ၁၀-ခု၊ ထို့ပြင် ဇီဝိတရုပ် ဘာဝရုပ် ကာယပသာဒ စက်ခုပသာဒ ၄-မျိုး၊ အားလုံး ၁၄-မျိုးကို သသမ္ဘာရစက္ခု-ဟု ခေါ်သည်။ ဤ ၁၄-မျိုးတို့တွင် ရှေ့ ၁၀-မျိုးတို့သည် စတုဇရုပ် ဖြစ်ခြင်းကြောင့် ၁၀-တည် ၄-ဖြင့်မြှောက်သော် ၄၀-ဖြစ်၏။ နောက်လေးမျိုးဧကဇရုပ်ဖြစ်ခြင်းကြောင့် မြှောက်ရန် မလို။ ထို့ကြောင့် ၄၀-နှင့် ၄-ပေါင်းလျှင် ၄၄-ဖြစ်၏။ ထို ၄၄-မျိုးသည် သသမ္ဘာရစက္ခု-မည်၏။
ပသာဒစက္ခု။ ။ အဆိုပါ သသမ္ဘာရစက္ခု-၌ မှီသော မဟာဘုတ် လေးပါးကို အစွဲပြုကာ ဖြစ်သော ပသာရုပ်သည် ပသာဒစက္ခု-မည်၏။ ထို ပသာစက္ခု-သည်ပင် စက္ခုဝိဉာဏ်၏ တည်ရာ ဖြစ်၍ ဝတ္ထု၊ သမ္ပဋိစ္ဆိုင်း စသည်တို့၏ အကြောင်း ဖြစ်၍ ဒွါရမည်ပြန်၏။

မံသစက္ခု၊ လည်ကောင်း။
ဒိဗ္ဗစက္ခု၊ လည်းကောင်း။
အနုတ္တရံ၊ အတုမဲ့သာလွန်သောစက္ခု မရှိသော။
**ပညာစက္ခု၊ လည်းကောင်း။
တီဏိ၊ ကုန်သော။
ဧတာနိ စက္ခူနိ၊ ဤစက္ခုတို့ကို။
ပုရိသုတ္တမော၊ ယောကျာ်းတကာတို့ထက် မြင့်မြတ်သော ဘုရားရှင်သည်။
အက္ခာသိ၊ ဟောကြားတော်မူပြီီ။
မံသစက္ခုဿ၊ ပကတိမျက်စိ၏။
ဥပ္ပေါဒေါ၊ ဖြစ်ပေါ်ခြင်းသည်။
ဒိဗ္ဗဿစက္ခုနော၊ ဒိဗ္ဗစက္ခု၏။
မဂ္ဂေါ၊ အကြောင်းတည်း။
ယတော၊ အကြင်အခါ၌။
ဉာနံ၊ အာသဝက္ခယဉာန်သည်။
ဥဒပါဒိ၊ ဖြစ်ပြီ။
တတော၊ ထိုအခါ၌။
အနုတ္တရံ၊ တို့ထက် သာလွန်သော စက္ခုမရှိသော။
ဝါ၊ အတုမဲ့ဖြစ်သော။
ပညာစက္ခု၊ သည်။
ဥဒပါဒိ၊ ဖြ်ပြီ။
ယဿ စက္ခုဿ၊ ယင်းပညာစက္ခုကို။
ဝါ၊ ၏။
ပဋိလာဘာ၊ ရခြင်းကြောင့်။
ဝါ၊ ဖြစ်ခြင်းကြောင့်။
သဗ္ဗဒုက္ခာ၊ အလုံးစုံသောဝဋ်ဒုက္ခမှ။
ပမုစ္စတိ၊ လွတ်မြောက်၏။
အယမ္ပိ အတ္ထော၊ စသည် ပေးမြဲ။
ဒုတိယံ။ဒိဗ္ဗစက္ခု။ ။ ဒိဗ္ဗစက်ခု-ဟူသည် မုချအားဖြင့် နတ်တို့၏ ပသာဒစက္ခု-ပင်တည်း။ နတ်တို့၏ ဒိဗ္ဗစက္ခု-သည် အဝေး၌ရှိသော မှုံမှုံဝါးဝါးကိုပင် မြင်စွမ်းဘိသကဲ့သို့ ဘာဝနာ-ဗလနိဗ္ဗတ္တ-ဖြစ်သော ဉာနစက္ခု-သည်လည်း သိမြင်မှု မျက်စိအလုပ်ကို လုပ်သောကြောင့် မျက်စိနှင့် တူသည့်အတွက် ဒိဗ္ဗဉ္စ တ့ စက္ခု စာတိ ဒိဗ္ဗစက္ခု-ဟူသော ဝစနတ္တအရ ဒိဗ္ဗစက္ခု-အဘိညာဉ်သည် ဒိဗ္ဗစက္ခု-မည်၏။
ပညာစက္ခု။ ။ အာသဝက္ခယဉာနသင်္ခါတာ ပညာ စတုသစ္စဒဿနဋ္ဌေန ပညာ-စက္ခုတိ အဓိပ္ပေတာ-ဟူ သည်နှင့် အညီ စတ္တာရိ သစ္စာနိ ပဇာနာတိတိ-ပညာ။ ပညာဧဝ+စက္ခု ပညာစက္ခု-ဟူသော ဝစနတ္ထအရ အာသဝက္ခယဉာန်သည် ပညာစက္ခု-မည်၏။
ပကတိကောင်းမွန်သော မံသစက္ခု-ဖြင့် ဥဂ္ဂဟနိမိတ်ထင်သည်အထိ အာလောကကသိုဏ်းကို ပွားများရမည်း။ ယင်းသို့ ပွားများမှ ဒိဗ္ဗစက္ခု-အဘိညာဉ် ရနိုင်သည်။ ထိုအဘိညာဉ်ကို အခြေခံ၍ အာသဝက္ခယဉာန်တည်းဟူသော ပညာစက္ခု ရရှိနိုင်သည်။ ယင်းကို ရမှ သံသရာမှလွတ်မြောက်မည်။ ထို့ကြောင့် စက္ခုသုံးမျိုးကို ဟော၍ ယဿ စက္ခုဿ ပဋိလာဘာ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ-ဟု မိန့်ဆိုလေသည်။